● အသင်းတော် အတွက် အ(၄)လုံး ဆန်းစစ် နည်း

(SWOT Analysis for Local Church)
          အသင်း တော်၏ အား သာ ချက် (Strength)၊ အား နည်း ချက် (Weakness)၊ အခွင့် အ လမ်း (Opportunities) နှင့် အတား အဆီး (Threat) တို့ အား စနစ် တကျ ဆန်း စစ် သော နည်း ကို (SWOT Analysis) ဟု ခေါ်ပါ သည်။ ဤနည်း အားဖြင့် အသင်း တော်၏ ရူပါ ရုံနှင့် ရည် ရွယ် ချက် များ ကို အောင်မြင် တိုးတက် စေသော အဓိ ကအ ကြောင်း တရား များ အား ဖော် ထုတ် နိုင်ပါ သည်။ အသင်း တော်လုပ် ငန်းများ ကို ကျ ဆင်း စေ သော အသင်း တော် အတွင်း ရှိ အား နည်း ချက် များ ကို တွေ့မြင် လာကြ လိမ့် မည်။ ပြင်ပ ဝန်း ကျင် သည် အသင်း တော် အတွက် မည် သ ည့်အ ခွင့်အ လမ်းများ ကို ပေး၍ မည် သည့် အ တား အဆီး များဖြင့် ကာ ဆီး ထား ကြောင်း တွေ့မြင် လာကြ လိမ့်မည်။ ပြဿ နာများ ကို ဖြေရှင်း ရန်လို အပ် သော သ တင်း အချက် အ လက် များကို ရရှိ ပါသည်။

ယေရှုခရစ်နှင့် အ(၄)လုံး 
  (က)  သခင် ယေရှု (၃)နှစ် ခန့် အမှု တော် ဆောင် နေစဉ် အား သာ ချက် ရှိသူ များ ကို ချီး မွမ်း ခဲ့ပါ သည်။ ဗျာဒိတ် ကျမ်း တွင် ခရစ် တော် သည် အသင်း တော်များ ၏ အားသာ ချက်များ (Strengths) များကို ချီးကျူး ခဲ့သည် (ဗျာ ၂း၂-၃၊   ၁၂း ၁၃)။
   (ခ)  လူတို့ ၏ အား နည်း ချက် များကို သခင် ယေရှု ထောက် ပြကြောင်း ခရစ် ဝင်ကျမ်း များ၌ တွေ့ရ ပါသည် (မာကု ၁၀း၂၁)။ ဗျာ ဒိတ် ကျမ်း တွင် အသင်း တော် များ ၏ အား နည်း ချက် များ (Weaknesses) ကို ဝေဖန် ထောက် ပြခဲ့ ပါ သည်။ (ဗျာ၂း၎၊ ၃း၁၆)
   (ဂ)  သခင် ယေ ရှု သည် အလုပ် လုပ် ရန် အခွင့် အလမ်း များ (Opportunities) ကိုမြင် တတ် ပါ သည်(ယော ၉း ၁-၄)။ တ ပည့် တော် များ လည်း အမှု တော် ဆောင် ရန် အခွင့် အလမ်း များကို မြင် တတ်ဖို့ ကိုယ် တော် သွန် သင် ပါသည် (ယော ၄း ၃၅)။
  (ဃ)  သခင် ယေရှု က အသင်း တော် ၏ ပြင်ပ လော က တွင် အန္တ ရာယ် အတား အ ဆီးများ (Threats) ရှိကြောင်း ပြော ခဲ့ပါ သည် (မဿဲ ၁၀း ၁၆)။ ဝန်း ကျင်ရှိ အန္တ ရာယ် များ ကို ဆန်း စစ်၍ ကြို တင်ပြင် ဆင်ရန် သွန် သင် ပါ သည် (လု ကာ ၁၄း ၃၁- ၃၂)။

အသင်းတော်တွင်းအခြေအနေ(S-W)
          အသင်း တော်၏ ပက တိအ ခြေအ နေမှန် ကို ရိုး သားစွာ အကဲ ဖြတ် ပါ။ အဖြစ် သဘော မျိုးဆန်း စစ်ခြင်း နှင့်အ လွန်အ ကျူး ဝေ ဖန်ခြင်း ကို ရှောင် ကြဉ်ပါ။ အသင်း တော် အ တွင်း ရှိ အား သာ ချက် အရေ အတွက် နှင့် အား နည်း ချက် အရေ အတွက် တို့ကို မျှတ အောင် ကြိုး စား၍ ဖော် ထုတ် ပါ။ အောက် ပါမေး ခွန်း များ ကို အသုံး ပြုနိုင်ပါသည်။                                                              
   (၁)  မည် သည့် လုပ်ငန်း များ အောင် မြင် နေ သ နည်း။
   (၂)  မည် သည့် လုပ် ငန်းများ အောင် မြင်မှု နည်း ပါးသ နည်း။
   (၃)  အသင်း တော်၏ မည် သည့် အခန်း ကဏ္ဌ များ သည် နိုး ကြား ရှင် သန် နေပါ သ နည်း။
   (၄)  မည် သည့် အခန်း ကဏ္ဌများ သည် အား နည်း သ နည်း။
   (၅)  အပြင် လူ တစ်ဦး သည် အခြား အသင်း တော်များ နှင့် ကျွန်ုပ် တို့အ သင်း တော်ကို နှိုင်းယှဉ် လေ့လာ ပါက ထင်ရှား သော ထူးခြား ချက် များ (အ ကောင်း၊ အဆိုး) တွေ့ နိုင် ပါ သ လား။
   (၆)  မည် သည့် အရင်း အမြစ် များ ကို ကျွန်ုပ် တို့ရ နိုင်သ နည်း။
   (၇)  ကျွန်ုပ် တို့၏ လိုအပ် ချက် များ နှင့် မည် သို့ ဆက စပ်နိုင် သ နည်း။

အသင်းတော်ပြင်ပအခြေအနေ(O-T)
          အသင်း တော်ပြင် ပရှိ လူမှု ရေး၊ စီးပွား ရေး၊ ဘာ သာ ရေး အခြေ အ နေများ တွင် အသင်း တော် အတွက် အခွင့်အ လမ်း များ (Opportunities) နှင့် အတား အဆီး များ (Threats) တို့ တည်ရှိ ပါ သည်။ အခွင့် အလမ်း များသည် အသင်း တော်ကို ကောင်း ကျိုးပြု နိုင်ပြီး အန္တ ရာယ် အတား အဆီး များ သည် အသင်း တော်၌ ဆိုးကျိုး များ ဖြစ် စေရန် အလား အလာ ရှိပါ သည်။ ပြင်ပ အခြေ အနေ ကို ဆန်း စစ်ရန် အောက် ပါမေး ခွန်း များကို အသုံး ပြုနိုင် ပါ သည်။                                                                                     
   (၁)  အသင်း တော်၏ အရင်း အမြစ် များနှင့် အင်အား များကို အသုံးပြု လျက် ပတ်ဝန်း ကျင် လူထ ၏ မည် သည့် လိုအပ် ချက များ ကို ဖြည့်  ဆည်းနိုင် သ နည်း။  
   (၂)  ကျွန်ုပ် တို့၏ ပတ်ဝန်း ကျင် တွင် အသင်း တော်၏ အနာ ဂါတ် ဘဝ ကိုလွှမ်း မိုး ချယ် လှယ် နိုင် သော ပြောင်း လဲမှု များ ပေါ်ပေါက် နေ ပါ သ လား။

အ(၄)လုံး၏အကျိုးကျေးဇူး 
          ဤဆန်း စစ် နည်း ဖြင့် အ သင်း တော်၏ ပက တိအ ခြေအ နေ ကို သာ ဖော်ပြ နိုင် ပါ သည်။ ပြဿ နာ ဖြေရှင်း နည်း များ ကို တစ် ပြိုင် တည်း မဖော် ထုတ် နိုင် ပါ။ တွေ့ရှိ သော အချက် အလက်(၄) မျိုးအ ခြေခံ ၍ ပိုမို တိုး တက် သောအသင်း တော်ဖြစ် စေ ရန် လုပ် ငန်း စီမံ ချက်များ ကို အောက် ပါရည် ရွယ်ချက် များဖြင့် ရေး ဆွဲနိုင် ပါ သည်။                                                                            
   (၁)  အသင်း တော် ၏ အင် အား တိုး ချဲ့ ရန်
          (To build its Strengths)
   (၂)  အ သင်း တော် ၏ အား နည်း ချက် များ ကိုပြု ပြင် ပြောင်း လဲ ရန်
          (To reverse its Weaknesses)
   (၃)  ဝန်း ကျင်ရှိ အခွင့် အလမ်း များ ကို အသုံး ချရန်
          (To maximize the response to its Opportunities)
   (၄)  ဝန်း ကျင် ရှိ အတား အဆီး များ ကို အောင် မြင် စွာ ကျော် လွန်ရန်
          (To overcome its Threats)

ဒေါက်တာစောစေးခူ

● ခေါင်းဆောင်ကောင်းဗာနဗ


ခေါင်းဆောင် များကို မွေးထုတ်ပေး နိုင်သော ခေါင်းဆောင် သည် ခေါင်းဆောင် ကောင်းဖြစ် သည်။ (Good Leader is Leader of Leaders.) ဗာနဗသည် ယေရုရှလင် အသင်းတော် အစောပိုင်းတွင် လှုပ်ရှားခဲ့ သောခေါင်း ဆောင်ကောင်း တစ်ဦး ဖြစ်သည်။ ဗာနဗ၏ အဓိပ္ပါယ်မှာ သက်သာ စေခြင်း ၏သား ဖြစ်သည်။ (တမန် ၄း၃၆)

(၁)ဗာနဗသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် လည်းကောင်း၊ ယုံကြည်ခြင်း နှင့်လည်း ကောင်း ပြည့်စုံသောခေါင်း ဆောင်ဖြစ် သည်။ (တမန်တော်၁၁း၂၄)

(၂)ဗာနဗ သည် ကိုယ်ကျိုး ရှာသော သူမဟုတ် ဥစ္စာဝေမျှသော ခေါင်း ဆောင်ဖြစ် သည်။ (တမန်တော် ၄း၃၇)

(၃)ဗာနဗ သည် ယုံကြည် သူလူသစ် များကို အသင်း တော်သို့ ၀င်ရောက် နိုင်ရန် ကူညီသည်။ (တမန်တော်၉း၂၇)

(၄)ခေါင်းဆောင် ကောင်းသည် ၀ိညာဉ်ဆု ကျေးဇူးနှင့် စွမ်းရည်ရှိ သောသူ များကို လက်တွဲခေါ် ယူတတ်သည်။           သက်ဆိုင်ရာ ဆုကျေး ဇူးနှင့် ဆီလျော် သော တာဝန်ကို ပေး၍ မြေတောင် မြှောက်ပေး တတ်သည်။ သွန်သင် ပို့ချမှု စွမ်း ရည် ရှိသော ပေါလု ကို ဗာနဗ သည် သွား ရောက်ခေါ် ယူ၍ နေရာ ပေး ပါသည် (တမန် တော် ၁၁း ၂၅-၂၆)။ အန္တိ အုတ် အသင်း တော်သည် သာသနာပြု ဆရာများကို ရွေးချယ် သောအခါ ဗာနဗနှင့် ပေါလုတို့ ကို သန့်ရှင်း သော ၀ိညာဉ် တော က ဖော်ပြ ၍ စေ လွှတ်ခဲ့ သည် (တမန် တော် ၁၃း၁-၄)။

(၅)ခေါင်းဆောင် ကောင်းသည် အားနည်း သောသူများကို စိတ်ရှည် သည်းခံ၍ သူတို့နှင့် ဆီလျော် သော အလုပ် များက ညွှန်ပြ တတ်သည်။ မာကု သည် သာသနာ ပြုခရီးကို အဆုံးထိ မလိုက်ဘဲ လှည့်ပြန် ခဲ့သည် (တမန် ၁၃း၁၃)။ နောက် ခရီးတွင် မာကုကို ခေါ်ရန် ပြောသော အခါ ဗာနဗနှင့် ပေါလုတို့ သဘော ကွဲလွဲသည် (တမန် ၁၅း ၃၆-၄၀)။ ဗာနဗ သည် မာကုကို ဆက်လက် လက်တွဲသည်။ နောက်ပိုင်း တွင် မာကု သည် ပထမဆုံး ခရစ်ဝင် ကျမ်းကို ရေးသား သူဖြစ်လာ သည်။ ရှင်မဿဲနှင့် ရှင်လုကာ တို့သည် သူ၏ ကျမ်းကို ကိုးကား ခဲ့ရသည်။

(၆)ခေါင်းဆောင် ကောင်း သ ည် သဘော ကွဲလွဲသော သူများနှင့် မိဿဟာ ရဖွဲ့နိုင်ပါ သည်။ ဗာနဗသည် နောက် ပိုင်း တွင် ပေါလု နှင့်ပြန် လည် မိဿ ဟာရဖွဲ့ခဲ့ သည် (၁ကော ၉း၆)။

အချုပ် အားဖြင့် အသင်းတော်နှင့် သာသနာတွင် ၀ိညာဉ် သဘောပြည့် ၀သော ခေါင်းဆောင် များလိုအပ်ပါ သည်။ ခေါင်းဆောင် သစ်များကို မွေးထုတ် ပေးသော သူသာလျှင် ခေါင်းဆောင် ကောင်းဖြစ် သောကြောင့် ပြုစုခြင်း နှင့် ပူးပေါင်း ဆောင် ရွက်ခြင်း တို့ကို လုပ် ဆောင်ကြပါစို့။


ဒေါက်တာစောစေးခူ

● ဧည့်သည်လား..အိမ်ရှင်လား...



တစ်ခါကဆရာမတစ်ယောက်က ကျွန်မတို့ကို ဆုံးမဖူးတယ်။ ဆရာမပြောတဲ့ စကားလေးကို ကြိုက်လို့ပါ။ အရမ်းတန်ဖိုးရှိတဲ့စကားလေးမို့ သူငယ်ချင်းတွေကို ပြန်ပြီးဝေမျှချင်တာပါ။

“ကိုယ့်ဘာသာကိုယ် ပြန်ဆန်း စစ်ကြည့်ပါတဲ့.. ကိုယ့်အိမ်မှာ ကိုယ်က အိမ်ရှင်ဖြစ်နေပြီလား.. ဧည့် သည်ဖြစ်နေ တုန်းပဲလား.. အိမ်မှာ အိမ်ရှင် တစ်ယောက် လို မိသားစုရဲ့ အမှုကိစ္စအရာရာတွေကို တိုင်ပင် ခံရပြီး ကိုယ့်ဆုံးဖြတ် ချက်ကိုပါ အလေးထား ခံနေရပြီလား ဒါမှ မဟုတ်..  ဧည့်သည် တစ်ယောက် လိုပဲ အိမ်မှာနေကြ ရတုန်း ပဲလား” တဲ့။

ဆရာမက အဲလို မေးတာခံလိုက်ရတဲ့အချိန်မှာ

ကိုယ့်ဘာသာ ကိုယ်လည်း ပြန်ပြီးသုံးသပ်မိ တယ်။ အိမ်မှာ တင်မကဘူး.. ကျောင်းမှာ .. အလုပ်မှာ .. ဘုရား ကျောင်းမှာ ..ကိုယ် ရပ်တည် နေရတဲ့ နေရာတွေ မှာရော.. ကိုယ်က ဧည့်သည် တစ်ယောက်လိုနေ နေရတာလား.. အိမ်ရှင် တစ်ယောက်ဖြစ် နေပြီ လားလို့လေ။

ငယ်ငယ်တုန်းကတော့ ကျောင်းသွားပြီး အိမ်ပြန်ရင် စာကျက်လိုက်၊ ကစားလိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့ အိမ်ဆိုတာ မိဘ၊ မောင်နှမတွေနဲ့ တူတူနေရတဲ့ လုံခြုံမှုပေးနိုင်တဲ့ ပျော်စရာကောင်းတဲ့ နေရာဆိုတာကလွဲရင် အခြား အိမ်မှာ ကြုံရတဲ့ အခက်အခဲတွေ၊ လူမှုရေး၊ စီးပွားရေးအစရှိတဲ့ ပြဿနာ တွေကို မသိခဲ့ရဘူး။ ဖေဖေနဲ့မေမေကလည်း ကလေးဖြစ်တဲ့ ကျွန်မတို့တွေကို ပေးမသိခဲ့ဘူးလေ။ 

အဲဒီတော့ ကိုယ်က အိမ်မှာ ဧည့်သည်အနေနဲ့ပဲ နေခဲ့ရတာပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ လူငယ်ဘ၀ရောက်လာတော့ လူကြီးတွေက အိမ်မှာ တချို့ကိစ္စတွေဆိုရင် ကိုယ့်ကိုတိုင်ပင်တာတို့.. ကိုယ့်ဆုံးဖြတ်ချက်တွေကို အလေးထားတာတို့နဲ့ ကြုံလာရတဲ့အခါ ကိုယ်က အိမ်ရှင်တစ်ယောက် ဖြစ်လာပါလားလို့ စဉ်းစားမိလာတယ်။ ဒါပေမယ့်လည်း တစ်ချို့ ကလေးငယ်တွေမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သူတို့အိမ်အတွက် အိမ်ရှင်ဖြစ်လို့ မိသားစုစားဝတ်နေရေးကို ရုန်းကန်နေရတဲ့၊ မိသားစုအတွက် စိုးရိမ်ပူပန်နေရတဲ့ ကလေးငယ်တွေ အတွက် ၀မ်းနည်းမိသလို ဂုဏ်လည်းယူမိတယ်။

ကျောင်းတက်တဲ့အခါမှာလည်း အိမ်ရှင်ဖြစ်နေတဲ့ ကျောင်းသား/သူတွေတွေ၊ ဧည့်သည်အဖြစ် ကျောင်းတက်နေတဲ့ ကျောင်းသား/သူတွေ တွေ့ရပြန်ရော။ ကျောင်းကိုလာ၊ စာသင်၊ သူငယ်ချင်း တွေနဲ့စကားပြော၊ အိမ်ပြန် စသည်ဖြင့် ဧည့်သည်အနေနဲ့ပဲ ကျောင်းလာတက်တဲ့ ကျောင်းသား/သူ တွေရှိသလို ကျောင်းရဲ့လှုပ်ရှားမှုတွေ၊ ကိုယ့်ကျောင်းတော်ကြီးတိုးတက်ဖို့ သာယာလှပဖို့အရေးမှာ ဦးဆောင်၊ ပူးပေါင်းပါဝင်တဲ့ အိမ်ရှင်ကျောင်းသား/သူ တွေနဲ့ ကြုံတွေ့ရတယ်။

အဲဒီလိုပဲ လုပ်ငန်းခွင်ထဲရောက် တဲ့အခါမှာလည်း ကိုယ်လုပ် စရာရှိတာ ကိုပဲလုပ်တတ်တဲ့၊ အထက်က ညွှန်ကြား တာကိုပဲ လုပ်တဲ့ ဧည့်သည်ဝန် ထမ်းတွေရှိသလို ကိုယ့် လုပ်နေတဲ့ အလုပ်ကို ကိုယ့်ကိုယ်ပိုင် အလုပ်လို့ သဘောထားပြီး ကိုယ့်အကြံဥာဏ်တွေကိုပါ အခြားလုပ်ဖော် ကိုင်ဖက်တွေ အလေးထား နားထောင်ရတဲ့ အိမ်ရှင်ဝန် ထမ်းတွေနဲ့ ကြုံဆုံရပြန်တယ်။

ဒီလိုပါပဲ။ နိုင်ငံသား တစ်ယောက် အနေနဲ့ ဆိုရင်လည်း ကိုယ်က ကိုယ့်နိုင်ငံ ဘာပဲဖြစ်နေနေ ကိုယ်နဲ့ မဆိုင်သလို.. ကိုယ့်စားဝတ်နေရေးပြေလည်ရင် တော်ပါပြီဆိုတဲ့ ဧည့်သည် နိုင်ငံသားတွေနဲ့ ကိုယ့်နိုင်ငံတိုး တက်ဖို့အရေးမှာ ပူးပေါင်းပါဝင်လုပ်ဆောင်တဲ့ အိမ်ရှင်နိုင်ငံသားတွေ ရှိနေပါလားလို့  သုံးသပ်မိပြန်တယ်။

မိမိတို့ဘယ်နေရာမှာပဲနေနေ၊ ဘယ်နေရာပဲရောက်ရောက် ကိုယ်ကျရာကဏ္ဍတွေမှာ စိတ်ရော ကိုယ်ပါ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင်တော့ အိမ်ရှင်ကောင်းတွေဖြစ်လာမှာမလွဲဘူး။ ဒါပေမယ့် ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားပြီး ကိုယ်နေတဲ့ ၀န်းကျင်က ကိုယ်နဲ့မဆိုင်သလို ဧည်သည့်လိုပဲ နေမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကိုယ်နဲ့မဆိုင်တဲ့ အရာပဲဖြစ်နေမှာပဲ။

ကိုယ့်ရဲ့မိသားစုမှာ၊ ကိုယ်တက်နေ တဲ့ကျောင်းမှာ၊ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ၊ ကိုယ်ယုံကြည် ကိုးကွယ်တဲ့ ဘာသာမှာ၊ ကိုယ့်နိုင်ငံမှာ၊ ပြီးတော့ ကိုယ်နေတဲ့ ကမ္ဘာကြီးမှာရော ကိုယ်က ဘယ်လိုနေနေ မှာလဲ။ ဧည့်သည် လိုလား ? အိမ်ရှင်လိုလား? သူငယ် ချင်းတို့.. စဉ်းစားဆင်ခြင် ကြည့်နိုင် ဖို့ ဝေမျှလိုက် ပါတယ်။

Mandy Maw
Related Posts Plugin for WordPress, Blogger...