● ခရစ်ယာန်ရှုဒေါင့်မှပညာရေးနှင့်ဈေးကွက်ကိုလေ့လာခြင်း
ဒေါက်တာ အိုင်းစ တိုင်း က ဘာ သာရေး မပါသော် အကန်းနှင့် တူ၏။ သိပံ္ပ ပညာ သည် အကန်းနှင့် တူ၏။ သိပ္ပံ ပညာ မ ပါသော ဘာ သာရေး သည် အကျိုးနှင့် တူ သည် ဟု ဆို ခဲ့ သည်။ မြန်မာ့ ဓလေ့ တွင် ပထမ အရွယ် ၌ ပညာ ရှာခြင်း ၏ ရည် ရွယ် ချက် မှာ ဒုတိ ယအ ရွယ် ၌ ဥစ္စာ ရှာရန် ဖြစ် သည်။ ဤစာ တမ်း ငယ် တွင် ပညာ ရေးနှင့် ဈေး ကွက် ၏ ဆက် စပ်မှု ကို ခရစ် ယာန်ရှု ထောင့်မှ တတ်နိုင် သမျှ တင်ပြ ပါမည်။ မျက် မှောက် ခေတ် ပညာ ရေးကို Formal Education, Non-formal Education နှင့် Informal Education ဟူ ၍(၃) မျိုးခွဲခြား လေ့ရှိ ပါ သည်။
ပညာ ရေး စနစ် သည် အလုပ် အ ကိုင်ဈေး ကွက်နှင့် ကုန် စည်ဈေး ကွက် တို့ အ တွက် Job Creator နှင့် Job Seeker များ ကို မွေး ထုတ် ပေးနိုင် ပါ သည်။
(က) မျက် မှောက် ခေတ် Formal Education ထက် Non-formal Education က အလုပ် အ ကိုင်ရ ရှိရေး ပို ၍ အထောက် အကူပြု သည် ဟု ဝေဖန် သူများ ရှိပါ သည်။ တက္က သိုလ် ပညာရေး သည် လူ့ အဖွဲ့အ စည်း ကို အကျိုး ပြုသော ပညာ အမျိုး မျိုး ရ ရှိနိုင် ကြောင်း သိရ ပါမည်။ ငြိမ်း ချမ်း သာ ယာ သော လူ့ အဖွဲ့ အ စည်း ကို တည် ဆောက် ရန် ခေတ် ပညာ ကို အသုံး ပြုသူ များဖြစ် ရပါ မည်။ (ယာ ကုပ် ၃း ၁၇)
(ခ) ယနေ့ ခရစ် ယာန် လူငယ် များ သည် ပညာရေး အခွင့် အလမ်း များ ကို မှန် ကန် ထိရောက် စွာ ရွေး ချယ် တတ်စေ ရန် အ သင်းတော် များနှင့် ခရစ် ယာန် အဖွဲ့အ စည်း များ က ပညာရေး လမ်း ညွှန် အစီ အစဉ်များ ပြု လုပ်ပေး သင့်ပါ သည်။ အခြေ ခံပညာ အ လယ် တန်း အောင်မြင် ချိန်မှ စ၍ အ သက်မွေး မှု ဘဝ (Career) တည်ဆောက် တတ်စေ ရန် လမ်း ညွှန် သင့်ပါ သည်။ ပညာရေး ထောက် ပံ့မှု များ ရစေ ရန် လည်း လမ်း ညွှန်မှု အစီ အစဉ် များ လို အပ် ပါ သည်။ (သုတ္တံ ၂၂း ၆)
(ဂ) ခရစ် ယာန် ကျောင်း သူ/သား များ သည် မိမိ ၏ ပညာရေး ပန်းတိုင် သို့ အောင်မြင် ထူးချွန် စွာ ရောက် ရှိနိုင် ရန် ခရစ် ယာန် ဓ မ္မပညာ လို အပ် ပါသည်။ ခရစ် ယာန် ယုံကြည် ခြင်းနှင့် အ သက် ရှင်မှု ကို ထိန်း သိမ်း တတ် ရန် လမ်း ညွှန်ပဲ့ပြင် ရပါ မည်။ အ ဆင့်မြင့် ပညာ များ ဆည်း ပူးနေ စဉ် ကိုယ့် ကို ကိုယ် တန် ဘိုး ထား သူ များဖြစ်စေ ရန်၊ ဘုရား သခင်၏ ဘဏ္ဍာ များဖြစ်သော အချိန်၊ ငွေကြေး၊ စွမ်း ရည်နှ င့် သ ဘာ ဝ ဝန်း ကျင်များ ကို စောင့် ရှောက် တတ်သော ဘဏ္ဍာ စိုးကောင်း များဖြစ် စေရန် ရူ ပါရုံနှင့်ကြိုး စား တတ်သော လူငယ်များ ဖြစ် စေရန် ကူ ညီပေး ရပါ မည်။(ကမ္ဘာ ၁း ၂၈၊ ၁ကော ၄း ၂)
(ဃ) ၂၁ ရာစု တွင် ကမ္ဘာ အနှံ့ ပြန့်ပွားနေသော ယဉ်ကျေး မှုမှာ Greed-based-Culture ဖြစ် သည်။ အမြတ် ကို ပဓာ န ထားခြင်း၊ သယံ ဇာ တများ ကို စည်း ကမ်းမဲ့စွာ အသုံးပြုနေခြင်း တို့သ ည် သမ္မာ ကျမ်း စာနှင့် ဆန့် ကျင်နေပြီး လူ့ အဖွဲ့ အ စည်း အတွင်း ၌ အချင်း ချင်း စာ နာထောက် ထားရေး၊ ပူးပေါင်း ဆောင် ရွက်ရေး တို့ ကို အ ဟန့် အ တား ဖြစ်စေ သည်။ ပညာ တတ် ဘွဲ့ရ ခရစ် ယာန်များ သည် Job Creator များ ဖြစ်လာေ သာ အခါ ဘု ရား သခင်နှစ် သက်သော အရာ ရှိများ၊ လုပ် ငန်းရှင် များဖြစ်စေ ရန် ပြင်ဆင် တည်ဆောက် ရပါ မည်။ (လုကာ ၁၂း ၁၅)
(င) ဘွဲ့ရ ခရစ် ယာန်များ သည် Job seeker များ လည်း ဖြစ် လာ မည်။ အလုပ် အ ကိုင်ဈေး ကွက် ထဲ သို့ ဝင်ရောက် သော အခါ ခရစ် ယာန် ကျင့် ဝတ် အတိုင်း အသက် ရှင်ခွင့် ရရှိ မည့် အ လုပ်အ ကိုင် များ ကို ဦး စားပေး၍ ရှာေ ဖွပါ မည်။ ဆက် လက် ပညာ ဆည်းပူး ခွင့် ရှာဖွေ လျှက် ပညာခေတ် Knowledge Age ၌ ရင် ဘောင် တန်းနိုင်သော ဝန် ထမ်း များဖြစ်အောင် ကြိုး စားရ ပါ မည်။
နိဂုံးချုပ် အားဖြင့် ပညာ တတ် ခရစ် ယာန်များ သည် နိုင်ငံ တကာဈေး ကွက်၏ အဖြည့် ခံများ မဖြစ် သင့်ပါ။ ဈေး ကွက်အ သိုင်း အဝိုင်း Market Place တွင် ဘုရား သခင်၏ အလိုတော် ကို အကောင် အထည် ဖော်သော သူများ ဖြစ် ကြရ ပါမည်။
တင်ပြသူ-ဒေါက်တာစောစေးခူ
မှီငြမ်းကိုးကားစာရင်း
(၁) ဒေါက်တာလေးစန္ဒာ(ကထိက၊သတ္တဗေဒဌာန) “ယနေ့မျက်မှောက်တွင် တက္ကသိုလ်ဆရာ/မများသည် တက္ကသိုလ်အပြင် ဓမ္မပညာရပ်ကိုပါ တတ်ကျွမ်းရန်လိုပြီဖြစ်ကြောင်း”
“ပညာရေးဆိုင်ရာဆွေးနွေးပွဲ၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များအဖွဲ့ချုပ်”
၂၀၀၅ခုနှစ်သြဂုတ်လ(၁၇-၈)ရက်
(၂) ဆရာဦးလင်းစိန် “သိမှုပညာ”
(၃) Statement on just finance and the economy of life, the Central Committee of World Council of Churches, 26 August -2September 2009, Geneva, Switzerland.
(၄) John Whittet, “Modern Higher Education: The Pros and Cons of an increasingly Career-Focused Education” http://baseq.newsivine.com/-news/ Mon Aug7, 2006
● မျက်မှောက်ခေတ်ခရစ်ယာန်သာသနာပြုရေးလမ်းစဉ်
၂၀ရာစု ဆန်းပိုင်း တွင်ခရစ် ယာန်သာ သနာပြု အဖွဲ့အစည်း များတွေ့ ဆုံ စည်းဝေးကြပြီး သာသ နာပြု လမ်း စဉ်များ ကို သုံး သပ်ကြ သည်။ Protestant အဖွဲ့များ ၏ နှီးနှော ဖလှယ် ပွဲများမှ သာသ နာပြုပုံ စံ သစ်များ ကိုဖော် ထုတ်ကြ သည်။ ရောမ ကက် သလစ်အ သင်းတော် တွင်လည်း ၁၉၆၂- ၁၉၆၅ အတွင်း ပြုပြင် ပြောင်း လဲမှုများ ဖြစ်ပေါ် ခဲ့ပါ သည်။ ၂၀ ရာစု အတွင်း ခရစ် ယာန် သာ သနာပြုရေး ဓမ္မအတွေး အခေါ် (Mission Theology) များ ရှုထောင့် အမျိုးမျိုး မှ ပေါ် ထွက်ခဲ့ ပါသည်။
ယနေ့ ၂၁ ရာ စု တွင် ခရစ် ယာန် သာ သနာပြုခြင်း ၌ အောက်ဖော်ပြ ပါအကြောင်း အရာ များ ပါဝင် ပါ သည်။
(က) Stewarding Creation- ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာ မြေကြီး ကိုထိန်း သိမ်းစောင့် ရှောက်ခြင်း သည် ဘုရား ပေးသော Mission ဖြစ်သည်။ (ကမ္ဘာ ၁း ၂၆- ၃၀) ပတ်ဝန်း ကျင်ညစ် ညမ်းမှု ကိုတား ဆီးခြင်း၊ သဘာဝ ဘက်မျှ မှုကို ထိန်း သိမ်းခြင်း တို့ပါ ဝင်ပါ သည်။
(ခ) Social Service- အကူ အညီလို အပ်နေသော လူသား များကို အစေ ခံဝန် ထမ်း ရန် ခရစ် တော် အလိုရှိ ပါ သည်။ (မာကု ၁း ၂၆- ၃၀) ဆင်း ရဲသူ များ၊ သဘာ ဝဘေး ဒဏ်ခံ ရသူများ၊ မကျန်း မာသူ များ၊ သက်ကြီး ရွယ်အို များ ကို ကူ ညီရပါ မည်။ သတိပြု ရန်ရှိ သည်မှာ လူမှု ဝန် ထမ်းခြင်း ကိုသာ ဆောင် ရွက်ပြီး ခရစ် တော်ပေး သော တခြား တာ ဝန်များ ကို ပစ် ပယ်သည့် အစွန်း ရောက် အတွေး အခေါ် များ လည်း ပေါ်ထွက် နေပါ သည်။
(ဂ) Evangelism- ယေရှု ခရစ် တော် ၏ ကယ် တင်ခြင်း တရား ကို အပြော အဆို အပြု အမူ (words and deeds) များ အားဖြင့် သက် သေ ခံကြ သည်။(မဿဲ ၂၈း ၁၉ -၂၀)၂၀ ရာစု တွင် Cross Cultural Theology ကိုဖော် ထုတ် ခဲ့ပြီး ရေခံမြေ ခံနှင့် လျော် ညီ စွာ ဧ ဝံဂေ လိ တရား ကို သက် သေခံကြ ပါသည်။ ဒေသ ခံယဉ် ကျေး မှု ကို အလေး မထား သောကြောင့် အတိတ် တွင်ဖြစ် ခဲ့သော အမှား များ ကို ပြင် ဆင် လာကြ ပါ သည်။
အချုပ် အားဖြင့် ဆိုရ လျှင် သမ္မာ ကျမ်း စာတွင် ဖော်ပြ ထားသော ဘုရား သခင်ပေး အပ် သည့် တာ ဝန်များ ကို ခရစ် ယာန် တစ် ဦးခြင်း အနေဖြင့် လည်း ကောင်း၊ အသင်း တော်များ အနေဖြင့် လည်း ကောင်း ဆောင် ရွက်ကြ ရပါ မည်။ ခေတ်နှင့် လျော်ညီ သော သာ သနာ ပြုနည်း စနစ် များ ကို လည်း ဖော် ထုတ် ကြရ ပါ မည်။
ဒေါက်တာစောစေးခူ
Related Posts Plugin for WordPress, Blogger...