● ချိုသာသောဒီဇင်ဘာဖြစ်ပါစေ

SweetDecemberချိုသာသောဒီဇင်ဘာ”ဟုတ်ပါ သည်။မငြိမ်းချမ်းသောလောကကြီး၊နိုင်ထက်စီး
နင်းပြုနေသည့်လောကကြီး၊တစ်ကိုယ်ကောင်း ဆန်တဲ့သူတွေပြည့်ဝနေတဲ့လောကကြီး၊ပူလောင်
မှုတွေပြည့်ဝနေတဲ့လောကကြီးစသည်ဖြင့်ပေါ့။ ရန်တွေချုပ်ငြိမ်းစေဖို့ဘုရားဇာတိကိုစွန့်လူလော
ကကြီးထဲလူသားဇာတိကိုခံ၊စုံစမ်းခြင်းအမျိုးမျိုးကို ကျော်လွှားပြီး၊လူတိုင်းလူတိုင်းရဲ့ယိုယွင်းပျက်စီး

နေသမျှအားလုံး၊ငါ့အပေါ်ကိုရောက်စေ၊ရှိသမျှ အပြစ်တွေအားလုံးအတွက်အသေခံဖို့ရန်ကြွလာ
တဲ့ခရစ်တော်ဖွားမြင်တော်မူသော၊လမြတ်ကို SweetDecemberလို့အမည်ပေးလိုက်ကြတာက
လူတွေလူတွေပါ။မှန်ပါတယ်ဟုတ်ပါတယ်။ ဒါပေမဲ့မမှန်တာကကျွန်ုပ်တို့ပါ။ဘာကြောင့်လဲ
ဆိုတော့ခရစ်တော်ယူဆောင်ပေးလာတဲ့ချိုသာ တဲ့ကောင်းမြတ်ခြင်းတွေကိုအချင်းချင်းမဝေမျှ၊ငါ့

အတွက်၊ငါ့ညီအစ်ကိုအတွက်၊ငါ့မိသားစုအတွက်၊ ငါ့အမျိုးအတွက်ဆိုပြီးစိတ်ထားထားသ၍တော့
အမည်ခံတဲ့SweetDecemberပဲဖြစ်မှာပေါ့။ ဒါကြောင့်ငါဘာလုပ်သင့်သလဲစဉ်းစား???????
ခရစ်တော်ဘာလုပ်ခဲ့သလဲပြန်ကြည့်???????? ငါ့ဘေးမှာဘယ်သူတွေငတ်မွတ်နေလဲ၊ဘယ်
သူတွေဒုက္ခရောက်နေလဲ၊ဘယ်သူတွေအကူ အညီလိုနေလဲ၊ဘယ်သူတွေဝမ်းနဲနေလဲ၊

စသည်ဖြင့်ပေါ့ဒီလိုကွက်လပ်လေးတွေကို ကျွန်ုပ်တို့ဖြည့်စွက်မှသာစစ်မှန်တဲ့Sweet
Decemberဆိုတာဖြစ်လာပါလိမ့်မယ်။

● မြတ်သောသားဦးအရာ

မြန်မာစကားတွင်“အစ်ကိုကြီးတော့အဖရာ” ဆိုသည့်စကားသည်၊သားဦးအရိုက်အရာ၏
အရေးကြီးပုံကိုထောက်ပြနေကြောင်းခံစားမိ ထို့အတူသားဦးဖြစ်သူသည်အခွင့်အရေး၊ရပိုင်
ခွင့်နှင့်ရိုသေသမှုပြုခြင်းအစရှိသဖြင့်အခွင့်ထူး များခံစားရသကဲ့သို့စောင့်ထိန်းရမည့်တာဝန်
များလည်းရှိနေကြောင်းတွေ့မြင်ရပါလိမ့်မည်။ မည်သို့ပင်ဆိုစေသားဦးဖြစ်ရခြင်းသည်အလို

အလျှောက်၊သူ့ဖာသာသူသို့တည်းမဟုတ်လူက လုပ်ယူဖန်တီး၍ရသောအရိုက်အရာတော့မဟုတ်
ကြောင်း၊သေချာပါသည်။ဥပမာ၊-အိမ်ထောင်မိ သားစုတစ်စုတွင်သင်သည်သားဦးဖြစ်လာရန်
သင့်မိဘလည်းလုပ်ယူ၍မရသလို၊သူ့ဖာသာသူ လည်းဖြစ်လာသည်ဟုဆို၍မရနိုင်ပေ။သားဦး
အရိုက်အရာကိုပေးသူမှာ-ဘုရားသခင်တစ်ပါး တည်းသာဖြစ်ပေသည်။ထို့ကြောင့်တန်ဖိုးမဖြတ်

နိုင်သောသားအဦးအရာကိုတနပ်စားဟင်းတစ် ခွက်ဖြင့်လဲလှယ်ခဲ့သော၊အလွန်သုံးမရသည့်၊
အတုမယူအပ်သောအစ်ကိုဖြစ်သူ ဧသော အကြောင်းကိုဆင်ခြင်လေ့လာကြပါစို့။
(ကမ္ဘာဦးကျမ်း၊၂၅း၂၉-၃၄)တွင်တစ်နေကုန်တစ် နေခမ်းအမဲလိုက်ရာမှပင်ပန်းနွမ်းနယ်စွာအိမ်သို့
ပြန်လာသည့်အစ်ကိုဖြစ်သူဧသောသည်မွေးကြိုင် လှသည့်ဟင်းနံ့ကိုခံစားမိရာဝမ်းဗိုက်၏တောင်း

ဆိုမှုကိုချုပ်တည်းနိုင်စွမ်းမဲ့ကာမိမိ၏ဘုရားပေး သားဦးအရာကိုဟင်းတစ်ခွက်နှင့်အလဲအလှယ်ပြု
လုပ်ခဲ့ကြောင်းခရစ်ယာန်တိုင်းသိပါလိမ့်မည်။ ထို့ကြောင့်သမ္မာကျမ်းစာကဧသောအားသားဦး
အရာကိုမထီမဲ့မြင်ပြုသောသူဟုခေါ်ဆိုထားသည် ကိုမြင်တွေနိုင်ပါသည်။
(ရှင်မသဲခရစ်ဝင်ကျမ်း၊၄း၁-၄)တွင်ဘုရားသခင် စေခိုင်းတော်မူချက်များအားဆောင်ရွက်ရန်

လူဇာတိကိုခံယူတော်မူသောယေရှုခရစ်တော် သည်နှစ်ခြင်းမင်္ဂလာကိုခံယူပြီးသည့်နောက်
ရက်ပေါင်း(၄၀)အစာရှောင်နေစဉ်အလွန်ဆာ လောင်မွတ်သိပ်မှုကိုအခွင့်ကောင်းယူကာ
အစားအစာအားဖြင့် စာတန်၏သွေးဆောင် ဖြားယောင်းခြင်းကိုရင်ဆိုင်ခဲ့ရကြောင်းခရစ်
ယာန်တိုင်းသိပါလိမ့်မည်။

ခရစ်တော်ယေရှုဘုရားမည်သို့တုန့်ပြန်ခဲ့ပါ သနည်း။“လူသည်မုန့်အားဖြင့်သာအသက်ကို
မွေးရသည်မဟုတ်၊ဘုရားသခင်မိန့်တော်မူ သမျှအားဖြင့်သာအသက်ကိုမွေးရမည်ကျမ်းစာ
လာသည်”ဟုတုန့်ပြန်ပြီးမိမိ၏သားဦးအရိုက် အရာကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့
ကြောင်းမြင်တွေ့ကြပါလိမ့်မည်။နှိုင်းယှဉ်ကြည့် လျှင်ဧသောအခြေအနေသည်မနက်ပိုင်း

(သို့မဟုတ်)တစ်ရက်လောက်သာဆာလောင် မှုကိုခံစားခဲ့ရသူဖြစ်သော်လည်းမိမိအတွင်း
(စိတ်၏တောင်းဆိုမှု၊ခန္ဒာ၏ဆာလောင်မှု)ဒဏ် တို့ကိုခံနိုင်ရည်မရှိတော့ပဲဖြစ်ချင်ရာဖြစ်ဗိုက်
ပြည့်ဖို့ကအရေးကြီးတယ်၊သားဦးအရာဟာ ဒါတွေလောက်အသုံးမတဲ့ဘူးဟုခံယူကာသားဦး
အရာကိုအဆုံးအရှုံးခံခဲ့သူဖြစ်ပါသည်။ ခရစ်တော်ယေရှုခမျာမှာရက်ပေါင်းများစွာ

အစာရှောင်ခဲ့ရသော်လည်းစာတန်၏သွေး ဆောင်ဖျားယောင်းဖျက်စီးမှုကိုအောင်နိုင်
ခဲ့ကြောင်းမြင်တွေကြပါလိမ့်မည်။

ထို့ကြောင့်ဤအဖြစ်(၂)ခုမှသင်ခန်းစာယူရန် မှာ-ကျွန်ုပ်တို့သည်ခရစ်တော်ဘုရားခွဲခန့်စီမံ
ထားသည့်မြန်မာပြည်အတွက်ခရစ်တော်အား ယုံကြည်သည့်သားဦးများဖြစ်သည့်အတိုင်း 

(၁)မိမိ၏သားဦးအရိုက်အရာကိုတန်ဖိုး  ထား၊ထိန်းသိမ်းစောင့်ရှောက်ကြရန်။ 

(၂)စိတ်အတွင်းခံစားချက်ကိုအလိုမလိုက်ပဲ မိမိ၏သားဦးအရိုက်အရာကိုထိန်းသိမ်းရန်။

(၃)ခန္ဓာ၏တောင်းဆိုမှုကိုဦးစားမပေးပဲ၊အစဉ် တစိုက်ခရစ်တော်ဘုရားနှင့်သစ္စာရှိစွာ
အသက်ရှင်ရန်။ 

(၄)ရုပ်ဝတ္ထုကိုတတ်မက်မောခြင်းကိုဖယ်ရှားပြီး သားဦးအရာကိုထိမ်းသိမ်းတတ်ရန်အရေးကြီး
လှကြောင်းသင်ခန်းစာရှိပါသည်။ 

ထို့ကြောင့်၊ဘယ်အချိန်မျိုး၊ဘယ်အခြေအနေ မျိုးကိုပဲရင်ဆိုင်ရရင်ဆိုင်ရဘုရားသခင့်အလို
တော်အတိုင်းအသက်ရှင်ပြီးမြန်မာပြည်ရှိခရစ် ယာန်တိုင်းမိမိတို့၏သားဦးအရာကိုထိန်းသိမ်း
ခြင်းတာဝန်များကိုကျေပြွန်စွာထမ်းဆောင်ခြင်း အားဖြင့်ဘုရားသခင့်ဘုန်းတော်မြတ်ကိုထင်
ရှားကြပါစို့.....

● ဓမ္မသဘင်အလွန်မြန်မာခရစ်ယာန် ဘာသာ၏ပုံရိပ်

အနှစ်(၂၀၀)ပြည့် ယုဘိလဓမ္မသဘင်ကိုစည် ကားသိုက်မြိုက်စွာကျင်းပရန်အဆင်သင့်ဖြစ်
သောမြန်မာပြည်ရှိခရစ်ယာန်ဘာသာဝင်များ သည်ထိုဓမ္မသဘင်အလွန်တွင်မည်ကဲ့သို့
သောခရစ်ယာန်ဘာသာကိုယုံကြည်လျက်လက် တွေ့အကောင်အထည်ဖေါ်ရမည်နည်း။
ဤမေးခွန်းကားအချိန်ပြည့်ဓမ္မအမှုတော်ဆောင် များနှင့်ယုံကြည်သူခရစ်ယာန်တိုင်းလေး
လေးနက်နက်စဉ်စားရမည့်မေးခွန်းပင်ဖြစ် သည်။အကြောင်းမှာအနှစ်(၂၀၀)ကြာမြင့်
ပြီးသောခရစ်ဘာသာသည်ဟောင်းနွမ်းလာ ကာယုံကြည်သူများကခရစ်ယာန်ပီပီ
အသက်ရှင်ရန်နှင့်သက်သေခံ၍သာသနာပြုရန် လုံလောက်စွာတွန်းအားမပေးနိုင်ခဲ့ပါ၊
လှုံ့ဆော်မှုလည်းမပေးနိုင်ခဲ့ပါ။ထို့ကြောင့်လက် ရှိခရစ်ယာန်ဘာသာကိုအလုပ်ရုံသို့ပို့ကာ
စင်းလုံးကျွတ်ပြုပြင်သောခရစ်ယာန်ဘာသာ (Over hauled-Christianity)ကိုဖေါ်ထုတ်ရန်လို
အပ်လာပါသည်။အချိန်ကာလကလည်းတောင်း ဆိုသည်။သာသနာပြုခြင်းကလည်းထိုကဲ့
သို့စင်းလုံးကျွတ်ပြုပြင်သောခရစ်ယာန်ဘာသာ ကိုဆောလျင်စွာဖော်ထုတ်ရန်စိန်ခေါ်လျှက်
ရှိပါသည်။သို့ဖြစ်ရာ“ဓမ္မသဘင်အလွန်မြန်မာ ခရစ်ယာန်ဘာသာ၏ပုံရိပ်”ကိုဤဆောင်း
ပါးတွင်အကျဉ်းချုပ်လျက်တင်ပြသွားပါမည်။

၁။နိုင်ငံတော်နှင့်ယှဉ်သောခရစ်ယာန်ဘာ
သာ (kingdomized Christianity)
ဤနေရာတွင်နိုင်ငံတော်(Kingdom)ဟူသော ဝေါဟာရသည်သမ္မာကျမ်းစာကအသုံးပြု
သောဘုရားသခင်၏နိုင်ငံတော်ကိုရည်ညွှန်း ခြင်းဖြစ်သည်။(မသဲ၆း၉-၁၃)။ဘုရားသခင်
၏နိုင်ငံတော်ဆိုသည်မှာ-ဘုရားသခင်အလို တော်ပြည့်စုံသောနေရာပင်ဖြစ်ရာပထ၀ီ သဘောအားဖြင့်ဒီမှာဟိုမှာဆိုပြီးလက်ညိုးထိုး ၍မရပါ။ဘုရားရှင်၏အလိုတော်ကိုလိုက်
လျှောက်သူတိုင်းသည်ဘုရားသခင်၏နိုင်ငံ တော်သူ၊နိုင်ငံတော်သားများ(citizens of the Kingdom)ဖြစ်ကြလေသည်။ဘုရားသခင်၏ အလိုတော်ကိုအနှစ်သာရအားဖြင့်ဖေါ်ပြပါက
ပေးဆပ် သောချစ်ခြင်းမေတ္တာ(giving Love- agape)၊တရားမျှတခြင်း(justice)၊လူသားချင်း
စာနာမှု(Humanitarian)နှင့်စားဝတ်နေရေးဖူလုံမှု (Economic-development)(မိက္ခာ၊၄း၎)
တို့ဖြစ်လေသည်။တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်သည်လူသားများ
တို့၏နာမ်ဝိညာဉ်၊စိတ်ဝိညာဉ်နှင့်ကိုယ်ကာယ အားလုံးခြုံငုံသောဖွံ့ဖြိုးခြင်းဖြစ်သည့်ဥသုံ
ဖွံ့ဖြိုးခြင်းကိုဦးတည်လျက်အနှစ်(၂၀၀)ဓမ္မသ ဘင်အလွန်ခရစ်ယာန်များသည်အသက်
ရှင်ရပါမည်။သက်သေခံလျှက်ဥဿုံသာသနာ (Integrated Mission)ကိုအသင်းတော်တိုင်းနှင့်
ယုံကြည်သူတိုင်းကပြုလုပ်ဆောင်ရွက်ရပါမည်။ အကြောင်းမှာ-ဥသုံဖွံ့ဖြိုးခြင်းသည်သမ္မာ
ကျမ်းစာကအတိအလင်းဖေါ်ညွှန်းလျက်ယေရှု ခရစ်တော်၏အမှုတော်ဆောင်ခြင်းတွင် တိတိပပထင်ရှားလျှက်ရှိပါသည်။ဓမ္မသဘင် အလွန်ခရစ်ယာန်ဘာသာသည်ဥသုံဖွံ့
ဖြိုးခြင်းကိုထင်ထင်ရှားရှားထုတ်ဖေါ်လျက်ဆောင် ရွက်သောခရစ်ယာန်ဘာသာဖြစ်ရန်လို
အပ်ပါသည်။ပလ္လင်ပေါ်မှဤအကြောင်းကိုတရား ဟောရပါမည်။အသင်းတော်များ၏အမှု
တော်ဆောင်ခြင်း(ministry)တွင်လည်းစီစဉ် ဆောင်ရွက်ရပါမည်။အသင်းတော်အပြင်
ကမ္ဘာလောက၌လည်းဥသုံသာသာနပြုရပါမည်။

၂။လောကဆန်သောခရစ်ယာန်ဘာသာ
(Secularized Christianity)
ဓမ္မသဘင်အလွန်မြန်မာခရစ်ယာန်ဘာသာ  ၏ဒုတိယပုံရိပ်မှာ-လောကဆန်သောခရစ်
ယာန်ဘာသာဖြစ်ပါသည်။ဤနေရာတွင် လောကီဆန်သောခရစ်ယာန်ဘာသာ
(Secularism)ကိုမဆိုလိုပါ။ဤနှစ်ခုသည်မတူ ညီကြပါ။လောကီဆန်သောခရစ်ယာန်ဘာ သာသည်ဝိညာဉ်တော်၏အုပ်စိုးခြင်းကိုမခံပဲ လူသားများ၏စိတ်ဆန္ဒကိုရှေ့တမ်းတင် 
၏လျက်အသက်ရှင်ခြင်းဖြစ်သည်။ထိုကဲ့သို့  အသက်ရှင်ဖို့ရန်သမ္မာကျမ်းစာတော်ကမသွန်
သင်ခဲ့ပါ။(ရောမ၊၁၂း၂)။လောကဆန်သော ခရစ်ယာန်ဘာသာဆိုသည်မှာ-ဘုရားသခင်
ဖန် ဆင်းလျှက်ချစ်တော်မူသောလောက (cosmos)ကိုအာရုံစိုက်ရန်ဆိုလိုခြင်းသာဖြစ်
သည်။ဘုရားသခင်ဖန်ဆင်းသောလောကတွင် လူသားများ၊သစ်ပင်ပန်းမန်များ၊သက်ရှိတိရစ္ဆာန်
များမှစ၍လေထု၊ရေအစရှိသောတောတောင် သဘာဝနှင့်အရာခပ်သိမ်းကိုယုံကြည်သူများက
စာင့်ရှောက်ကာထိန်းသိမ်းရပါမည်။ဘုရားရှင်က လူသားများကိုဖန်ဆင်းရခြင်း၏အန္တိမပန်းတိုင်မှာ
ထိုစောင့်ထိမ်းခြင်းတာဝန်ထမ်းဆောင်ရန်လေ သည်။(ကမ္ဘာ၊၁း၂၈)။ဧဒင်ဥယျာဉ်၌လူသားများ 
ကဘုရားသခင်၏စကားကိုနားမထောင်ပဲအပြစ် ကျူးလွန်သောအခါလူသားများနှင့်ဖန်ဆင်းခြင်းခံ
သောအရာအားလုံးတို့သည်ဘုရားရှင်၏ကျိန်ဆဲ ခြင်းကိုအတူတကွခံကြပါသည်။လူသားများက
ထိုကျိန်ဆဲခြင်းမှကယ်တင်ခြင်းကိုလိုအပ်သကဲ့ သို့ကမ္ဘာလောကရှိဖန်ဆင်းခြင်းခံသောအရာ
အားလုံးကလည်းထိုကယ်တင်ခြင်းကိုအထူးလို အပ်ပါသည်။မျှော်လင့်ကြသည်၊မြည်းတမ်းလျှက်
တောင့်တကြသည်။(ရောမ၊၈း၁၈-၂၅)။သို့ဖြစ် ရာဓမ္မသဘင်အလွန်မြန်မာခရစ်ယာန်ဘာသာ သည်ဘုရားရှင်ဖန်ဆင်းလျှက်အပြစ်တရား ကြောင့်ယိုယွင်းပျက်စီးနေသောကမ္ဘာလောက ကိုကယ်တင်ရန်အထူးလိုအပ်ပါသည်။ဥသုံသာ သနာပြုခြင်းတွင်အသင်းတော်များသည်ပတ် ၀န်းကျင်ထိန်းသိမ်းခြင်း၊ဘုရားရှင်ဖန်ဆင်း သောအရာခပ်သိမ်းကိုစောင့်ထိန်းခြင်းဖြင့်ဂေ ဟ၊ပဓါနစိတ်ထားသောသာသနာပြုခြင်း၊(eco -centric mission)ကိုထိထိမိဆောင်ရွက်ရပါ မည်။အကြောင်းမှာ-ဘုရားသခင်သည်သူ၏ သာသနာတော်(mission dei)ကိုအသင်းတော် ၏အပြင်ဖက်လောက၌ဆောင်ရွက်လျှက်ရှိခြင်း ကြောင့်ပင်၊ထို့ကြောင့်ဓမ္မသဘင်အလွန်မြန်မာ ခရစ်ယာန်ဘာသာသည်လောကကိုအာရုံစိုက် လျှက်သက်ရှင်ကာထိုကမ္ဘာလောကသို့သာသ နာပြုသောခရစ်ယာန်ဘာသာဖြစ်ရပါမည်။
၃။လူမှုရေးဆန်သောခရစ်ယာန်ဘာသာ ( Socialized Christianity)
ဓမ္မသဘင်အလွန်မြန်မာခရစ်ယာန်ဘာသာ၏ တတိယပုံရိပ်မှာလူမှုရေးဆန်သောခရစ်ယာန်
ဘာသာပင်ဖြစ်သည်။လွန်ခဲ့သောအနှစ်(၂၀၀) တွင်ခရစ်ယာန်အသင်းတော်များ၏အဓိကအာ
ရုံစိုက်ခြင်းမှာတစ်ကိုယ်တော်ကယ်တင်ခြင်း (Indi vidual Salvation)ပင်ဖြစ်သည်။ဤအမှုတော်
ဆောင်ခြင်းသည်မှားသည်ဟူ၍မဆိုလိုပါ။ထို့ အပြင်သာသနာဦးကာလမှစ၍သာသနာပြုများ
ကစာပေပရိယတ္တိပြန့်ပွားခြင်း၊ပညာရေး၊ကျန်း မာရေး၊စားဝတ်နေရေးတို့ကိုတပိုင်တနိုင်ကြိုး
စားဆောင်ရွက်ကြကြောင်း၊သာသနာ့သမိုင်း ကသက်သေထူလျှက်ရှိပါသည်။သို့ရာတွင်သာ
သနာပြုများ၏ခေတ်ကာလ၌ကမ္ဘာ့အသင်း တော်များကိုလွှမ်းမိုးလျှက်ရှိသော(Pietism)ခေါ်
တစ်ကိုယ်တော်ကယ်တင်ခြင်းအယူအဆနှင့် ပတ် ၀န်းကျင်ကိုလွှမ်းမိုးနေသောထေရ၀ါဒ
ဗုဒ္ဒဘာသာ၏တစ်ကိုယ်တော်တရားထိုင်ခြင်း (ကမ္မဌါန်းနှင့်ဝိပသနာတရားကျင့်ခြင်း)
ထို့ကြောင့်တစ်ကိုယ်တော်ကယ်တင်ခြင်းသည် ရှင်းရှင်းလင်းလင်းဦးစားပေးခြင်းခံရခဲ့ပါသည်။ 
ဤအယူအဆသည်မှားယွင်းသောအယူအဆ မဟုတ်ပေ။ခရစ်ယာန်ဘာသာ၏အစမူလပင်
ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်ခရစ်ယာန် ဘာသာဆိုသည်မှာသေခြင်းမှရှင်ပြန်ထ
မြောက်တော်မူသောခရစ်ဘုရားနှင့်ကိုယ်တိုင် ကိုယ်ကျမိတ်သဟာရဖွဲ့ခြင်းပင်ဖြစ်ရာတစ်
ကိုယ်တော်ကယ်တင်ခြင်း(Personal and  Individual-Salvation)ဘယ်အချိန်မဆိုခရစ်ယာန်
ဘာသာ၏အစမူလပင်ဖြစ်ရပါလိမ့်မည်။အနှစ် (၂၀၀)ပြည့်ဓမ္မသဘင်အလွန်တွင်ပင်ထိုအ
ခြေခံဖြစ်သောတစ်ကိုယ်တော်ကယ်တင်ခြင်းမှ လူမှုတစ်ရပ်လုံးပြောင်းလဲခြင်း(Social 
Salvation)သို့တဆင့်တိုးတက်ဖို့ရန်လိုအပ်ပါ လိမ့်မည်။အကြောင်းမှာခရစ်တော်ကိုယ်တိုင်ဖေါ်
ထုတ်သောခရစ်ယာန်ဘာသာသည်လူမှုရေး ဆန်သောခရစ်ယာန်ဘာသာဖြစ်သည်။
(လုကာ၊၄း၁၈-၁၉)။ခရစ်ယာန်ယုံကြည်သူများ သည်ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်မှီ
တင်းနေထိုင်သောလူသားများပင်ဖြစ်ရာသူတို့၏ နေထိုင်ရာမြန်မာပြည်တစ်ခုလုံးတွင်ခရစ်
တော်သွန်သင်သည့်အတိုင်းဆင်းရဲနွမ်းပါးခြင်းမှ လွတ်မြောက် စေဖို့ရန်နှင့်မျက်စိကန်းသော
သူများမျက်စိပွင့်လျှက်အမြင်မှန်ကိုရရှိဖို့ရန် ဆောင်ရွက်ရပါမည်။အလားတူပင်တရားမျှတခြင်း
မရှိသောဖိစီးနှိပ်စက်ခြင်းမှန်သမျှကိုမေတ္တရား ကိုအခြေခံလျှက်လွတ်မြောက်စေရန်ကြိုးစား အားထုတ်ရပါမည်။အချုပ်ဆိုသော်ခရစ်ယာန် ဘာသာတရားသည်လူမှုရေးဆန်၍မတရား စနစ်မှန်သမျှကိုပပျောက်စေဖို့ရန်မေတ္တာတရား နှင့်တက်ကြွစွာဆောင်ရွက်ဖို့ရန်ပင်ဖြစ်
သည်။

၎။မြန်မာပြည်၏ခရစ်ယာန်ဘာသာ (Myanmarized Christianity)
ဓမ္မသဘင်အလွန်မြန်မာခရစ်ယာန်ဘာသာ၏ စတုတ္ထပုံရိပ်မှာမြန်မာပြည်၏ခရစ်ယာန်
ဘာသာပင်ဖြစ်သည်။ကုန်လွန်ခဲ့သောအနှစ် (၂၀၀)အတွင်းသာသနာပြုခြင်းကိုထဲထဲဝင်
ဝင်လေ့လာသောအခါဧ၀ံဂေလိတရားတော် သည်မြန်မာပြည်ကိုခရစ်ယာန်ဖြစ်ဖို့ရန် 
ဆောင်ရွက်ခဲ့လေသည်။(the gospelhad  Christianzed Myanmar overthe years)
ဓမ္မသဘင်အလွန်တွင်ပင်အသင်းတော်များ သည်ဧ၀ံဂေလိတရားတော်ကိုမြန်မာမှုနှင့်
တင်ပြလျှက်ထိုဧ၀ံဂေလိတရားတော်အား မြန်မာမှုပြုဖို့ရန်ကြိုးစားရပါမည်။(In the post 
celebrationသည်Churches have to myanmarized  the gospel)ဤကဲ့သို့ဆိုရာတွင်ဧ၀ံဂေလိ
တရားတော်အားမြန်မာမှုနှင့်ဖေါ်ထုတ်ရန် (Burmanized)လုပ်ဖို့ရန်သာမဆိုလိုပါ။မြန်မာ
အသင်းတော်များသည်ဧ၀ံဂေလိတရားတော်ကို မြန်မာမှုနှင့်ဖေါ်ထုတ်ရန်လိုအပ်သကဲ့
သို့အခြားသောလူမျိုးနွယ်စုများကမိမိတို့၏လူမျိုး အလိုက်ဧ၀ံဂေလိတရားတော်ကိုဖေါ်
ထုတ်ရန်ဆိုလိုခြင်းဖြစ်ပါသည်။လူမျိုးတိုင်းလူ မျိုးတိုင်းသည်ဧ၀ံဂေလိတရားတော်ကိုမိမိတို့
၏ရိုးရာယဉ်ကျေးမှုဖြင့်ဖေါ်ထုတ်ရန်လိုအပ်ပါ သည်။ထိုမှသာဧ၀ံဂေလိတရားတော်သည်
မြန်မာဆန်စွာဖေါ်ထုတ်ခြင်းခံရ၍ မြန်မာ့မြေ ပေါ်တွင်အမြစ်တွယ်နိုင်မည်သာဖြစ်သည်။ 
လူမျိုးနွယ်စုပေါင်းများစွာနှင့်ဖွဲ့စည်းကာဘာသာ တရားမျိုးစုံနှင့်နေ့စဉ်လက်တွဲအသက်ရှင်
လျှက်ရှိသောမြန်မာပြည်ခရစ်ယာန်များသည် လွန်ခဲ့သောအနှစ်(၂၀၀)တွင်အခြားဘာသာ
တရားများနှင့်ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်အတူ တကွ လက်တွဲကာပြည်ထောင်စုမြန်မာနိုင်ငံ
တော်တွင်မှီတင်းနေထိုင်ကြပါသည်။အလွန် လှပတင့်တယ်သောအစဉ်အလာပင်(ဆာလံ၊
၁၃၃)။ဓမ္မသဘင်အလွန်တွင်မူခရစ်ယာန်များ၏ ကမကထပြုမှုကြောင့်ဘာသာတရားများ
အချင်းချင်းပိုမိုရင်းနှီးကာမိမိတို့၏ဘာသာတရား များအားဝေမျှဖယ်လှယ်ခြင်း(Dialogue)ကို
အင်တိုက်အားတိုက်ဆောင်ရွက်ရပါမည်။ အကြောင်းမှာသမ္မာတရားဖြစ်တော်မူထသော
ခရစ်တော်ဘုရားသည်ဘာသာတရားတစ်ခု တည်း၏မူပိုင်ခရစ်တော်ဘုရားမဟုတ်ပါ၊
စင်္ကြာဝဠာတစ်ခုလုံး၏ခရစ်တော်ဘုရား (Cosmic-Christ)ဖြစ်သော ကြောင့်ပင်။သို့ဖြစ်ရာ
ဓမ္မသဘင်အလွန်ခရစ်ယာန်များရုပ်လုံးဖေါ် ရမည့်ခရစ်ယာန်ဘာသာသည်ဘာသာပေါင်းစုံ ရင်းရင်းနှီးနှီးဆက်ဆံလျှက်နိုင်ငံတော်၏အကျိုး၊ လူသားများ၏အကျိုးကိုလက်တွဲမဖြုတ်တမ်း
အတူတကွရွှင်ရွှင်လန်းလန်းနှင့်ဆောင်ရွက် သောမြန်မာပြည်၏ခရစ်ယာန်ဘာသာဖြစ်ရပါ
မည်။ဤတွင်ကမ္ဘာ့ဘာသာပေါင်းစုံပါလီမံဦးစီး ဦးဆောင်သောခရစ်ယာန်ဓမ္မအတွေးအခေါ်
ရှင်ဟန်စကုံ(Hanskung)၏အဆိုအမိန့်တစ်ခုနှင့် ဤစာပိုဒ်ကိုအဆုံးသတ်လိုပါသည်။သူမြွက်
ဆိုခဲ့သည်“ဘာသာတရားများအချင်း၊ငြိမ်သက ခြင်းမရှိလေသမျှကာလပတ်လုံးကမ္ဘာ့ငြိမ်း
ချမ်းရေးရရှိနိုင်မည်မဟုတ်ခြေ။ဘာသာတရား များအပြန်အလှန်ဝေမျှဖယ်လှယ်ခြင်းမရှိလေ
သမျှကာလပတ်လုံးဘာသာတရားများငြိမ်းချမ်း ရးရရှိနိုင်မည်မဟုတ်ပေ။Thy will be no 
world pace,without religious peace,There  will be no religious peace,without religious
dialogue.အမိမြန်မာပြည်နှင့်တကမ္ဘာလုံးငြိမ်  သက်ခြင်းရရှိဖို့ရန်ဘာသာတရားများ၏ရင်း
နှီး ချစ်ခင်မှုနှင့်ဝေမျှဖယ်လှယ်ခြင်းသည်။ လွန်စွာမှပင်အရေးကြီးလျှက်အခြေခံကြပါသည်။

၅။ခရစ်တော်၏ခရစ်ယာန်ဘာသာ (Christified Christianity)
ဤခရစ်တော်ဆန်ခြင်း(Christion)ဟူသော ဝေါဟာရကိုအစပြုသူမှာပြင်သစ်နိုင်ငံသားဖြစ်
ပြီးသီအော်လော်ဂျီပညာရှင်နှင့်ဘူမိဗေဒပညာ ရှင်ဖြစ်သူတေလ်ဟဒ်ဒီခါရ်ဒင်(Teihard de 
Chardin-1881-1955)ပင်ဖြစ်ပါသည်။သူသည် ဘုရားသခင်ကလူ့သမိုင်းနှင့်စကြာဝဠာတစ်ခု
လုံးကိုကုန်ဆုံးစေသောနောက်ဆုံး ကာ(The  endtime-eschaton)ကို(Omega-Point)ဟုခေါ်ကာ
ထိုနောက်ဆုံးသောကာလတွင်ယုံကြည်သူများ အားလုံးတို့သည်ခရစ်တော်၏ပုံဆောင်ရမည်
(Christification)ဟူ၍ဤခရစ်တော်၏ပုံဆောင် ခြင်းကိုစတင်အသုံးပြုခဲ့လေသည်။ဤဝေါဟာရ
ကိုယူလျှက်ဓမ္မသဘင်အလွန်ခရစ်ယာန်ဘာသာ သည်ခရစ်တော်ပုံဆောင်သောခရစ်ယာန်ဘာ
သာ(Christified Christinity)ဖြစ်ရန်လိုအပ်ပါသည်။ ခရစ်ယာန်ဘာသာ၏အစမူလသည်ခရစ်တော်
ပင်ဖြစ်သည်။(Iani)ဆိုသည်မှာ-ဖက်တော်သား ဟူသောအဓိပ္ပါယ်ရှိရာChrist+ iani(Christiani)
ဟူ၍ပေါင်းသည့်အခါမှာ-ခရစ်တော်၏ဖက် တော်သားများဟူသောမူလအဓိပ္ပါယ်ရှိပါသည်။
Christianityသည်အင်္ဂလိပ်သဒ္ဒါအရဖြစ်ခြင်း နာမ်(noun)ကိုဖေါ်ပြရာခရစ်တော်၏ဖက်တော်
သားများပိုင်ဆိုင်သောဘာသာတရား (Christianity)ဟုအဓိပ္ပါယ်ရှိပါသည်။သို့ဖြစ်ရာ
ဓမ္မသဘင်အလွန်ခရစ်ယာန်ဘာသာသည် ခရစ်တော်ကိုယ်တိုင်ဦးစီးဦးဆောင်သောဘာ
သာတရားဖြစ်ရပါမည်။ခရစ်တော်၏ခရစ် ယာန်ဘာသာတရားမှာခရစ်တော်၌ရှိသော
ထိုစိတ်သဘော(The mind of Christ)ကိုခရစ် ယာန်ယုံကြည်သူတိုင်းလက်ဝယ်ပိုက်ထားရပါ
မည်။(ဖိလိပ္ပု၊၂း၅-၁၁)။အချုပ်အားဖြင့်ဆိုသော် ခရစ်တော်၌ရှိသောထိုစိတ်သဘောသည်မိမိ
အကျိုးကိုမငဲ့ပဲမိမိအသက်ကိုမြက်တစ်ပင် လောက်မျှပဓါနမထားကာသူတစ်ပါးအတွက်
စွန့်လွှတ်ခြင်းစတေးခြင်းပင်ဖြစ်သည်။ခရစ်ယာန် တိုင်းသည်မိမိ၏အတ္တကိုပဓါနမထားပဲခရစ်
တော်ကိုသာပဓါနထားပါကမြန်မာပြည်ခရစ် ယာန်ဘာသာ၏ပုံရိပ်သည်တမူထူးခြားလာပါ
လိမ့်မည်။ခောတ်ပေါ်သာသနာပြုလှုပ်ရှားမှုတွင်  အထင်ကရသာသနာပြုတစ်ပါးဖြစ်သောမက်
သဒစ်သာသနာပြုဆရာစတင်လေဂျုံး(စ်)Stanley Jones)ကခရစ်ယာန်ဘာသာသည်အတ္တပဓါန
စိတ်ထားမှခရစ်တော်ပဓါနစိတ်ထားသို့ပြောင်း ကူးခြင်းဖြစ်သည်ဟူ၍ဆိုခဲ့ပါသည်။ဓမ္မသဘင်
အလွန်တွင်မြန်မာပြည်ရှိခရစ်ယာန်ဘာသာသည် ခရစ် တော်ကိုပဓါနထားသောခရစ်ယာန်ဘာ 
သာဖြစ်ရပါမည်။ဖြစ်ခဲ့ပါသည်။ဖြစ်နေပါသည်။ ဖြစ်ပါ ဦးမည်။နောက်ဆုံးတွင်ခရစ်တော်၏အုပ်စိုး
ခြင်းသည်မြန်မာပြည်နှင့်တကွတစ်ကမ္ဘာလုံး ကိုလွှမ်းမိုးမည်သာဖြစ်သည်။(ဗျာဒိတ်ကျမ်း၊၁၁း
၁၅)။ အလိုတော်သည်မြန်မာပြည်၌ပြည့်စုံပါစေ သောဟူသည့်ဆောင်ပုဒ်ဖြင့်အနှစ်(၂၀၀)
ပြည့်ဓမ္မသဘင်ကိုဆင်နွဲကျင်းပသည့်အခါမှာ ကျွန်တော်တို့တစ်တွေစီးနင်းနေကြသောခရစ်
ယာန်ဘာသာယဉ်ကြီးကိုအလုပ်ရုံမှူးဖြစ်သော ခရစ်တော်ဘုရားထံပြန်လည်အပ်ထားလျှက်
သူ၏စင်းလုံးကျွတ်ပြုပြင်းခြင်း(Overhauling)ကို ခံယူကာဓမ္မသဘင်အလွန်တွင်အသစ်သော
ခရစ်ယာန်ဘာသာအပြစ်အနှစ်(၃၀၀)ပြည့် ဓမ္မသဘင်ဆီသို့လက်တွဲချီတက်ကြပါစို့။


မေတ္တာတမန်မဂ္ဂဇင်း၊အတွဲ(၅၁)၊အမှတ်(၄)နို ၀င်ဘာလ၊၂၀၁၃။”ဓမ္မသဘင်အလွန်မြန်မာ
ခရစ်ယာန်ဘာသာ၏ပုံရိပ်။ "Image of  Myanma CHristianity Beyond 
Celebration"(စာမျက်နှာ၊၁၇-၂၁)

 

● The Meaning of Ordination ...

Baptist look to Christian beginnings for the meaning of ordination.  Early Church Christians gave us the New Testament, established orthodox doctrines, and regularized ecclesiastical practices, including ordination.  Baptist views of ordination are linked to this ancient Christianity, which looked to the New Testament as its standard. 

The New Testament witnesses to a variety of gifts bestowed by the Holy Spirit upon individuals. Certain gifts are given to equip believers for “the work of ministry, for building up the body of Christ” (Eph. 3:12).  Over time, the Christian church developed the ordination service to acknowledge the continuation of God’s mission in Christ to the church and the world through Spirit-called and Spirit-gifted ministers.  Baptists hold these views about ordination in common with the rest of the Christian tradition. 
Baptist ordination, however, is not an exact reproduction of any New Testament or Early Church practice.  The New Testament gives no comprehensive instructions for ordination.  The doctrine and practice of ordination has continued to evolve over the centuries, resulting in a variety of forms with a multiplicity of meanings. 
From the New Testament to the end of the Middle Ages, the meaning of ordination moved toward an ever more exclusive and hierarchical rite designed to establish the primacy of the clergy over the laity.  By the sixteenth century, the Roman Catholic tradition viewed ordination as an indelible mark granted by God and conferred by ordained clergy upon those whom the clergy approved for entry into elite ministerial society. 
In this system, ordination served as certification for the clergy, the sole representatives of the body of Christ able to mediate divine grace to the laity.  The belief that ordination bestows some special and sacred status beyond that of the ordinary Christian still has currency among many Christians today.
The Protestant Reformation refuted this claim, emphasizing the doctrine of the priesthood of believers over against the hierarchical medieval view of ordination.  Martin Luther called all Christians priests, some of whom are ordained to publicly minister and teach.  Comparing ordained ministers to Christian cobblers, blacksmiths and farmers, Luther wrote in 1520 that priests, bishops or popes “are neither different from other Christians nor superior to them, except that they are charged with the administration of the Word of God and the sacraments.”  Most Baptists believe ordination recognizes a particular calling to ministerial service without indicating a higher spiritual status than that of other Christians.   
The original Baptists in the first decade of the seventeenth century defended the equality of each member of the body of Christ against the historic claims of clergy privilege made by the bishop led Anglican Church.  These earliest Baptists formed congregations of baptized believers who covenanted to share equal authority and responsibility in the body of Christ.
These Baptist churches, governed by congregational polity as dictated by the equal status of each baptized member, chose and authorized congregational leaders not as lords over them, but as servant ministers.  Divine authority in Baptist beginnings did not trickle down from ordained clergy to the common Christian, but flowed upward through the members of the congregation to its chosen leaders.  The very term ordination was avoided for several decades in the two original Baptist groups, Generals and Particulars, in favor of terms such as ‘set apart,’ ‘called,’ and ‘appointed.’ 
Eventually, with considerable influence from Calvinist sources, the majority of Baptist churches standardized and promoted ordination practices.  The institutionalization of Baptist life intensified the regularization of ordination.  The Philadelphia Baptist Association’s 1742 Confession, for example, harking back to the ordination article of Congregationalist’s 1658 Savoy Declaration, describes Baptist ordination in a form familiar to us Baptists two and a half centuries later:  Christ-called, Spirit-gifted pastors and deacons chosen by church vote and set apart by prayer and the laying on of hands. 
The similarities within Baptist ordination views should not be allowed to obscure the great variations played upon the theme.  Indeed, some Baptists have refused to play along at all, referring to ordination as a ritual rendered null and void by the priesthood of believers.  Charles Spurgeon, the most celebrated Baptist pastor of the nineteenth century, is popularly believed to have said that ordination consisted of “laying idle hands on empty heads.” 
The diversity of Baptist views on ordination is hinted at by the many questions answered either yes or no depending upon which group of Baptists is asked.  Who may properly be ordained:  Women?  Divorced persons? Twice married widowed candidates?  What is the place of the ordination council; is it only a formality?  What is symbolized by the laying on of hands, and should only previously ordained members be invited to do it?  What academic credentials are necessary, if any?  What ministers other than pastors and deacons are eligible?  This list can and does go on and on within the Baptist tradition. 
In spite of this diversity, where a Baptist ordination takes place one can be fairly confident of the following meanings:  Ordination is an act of worship by which the congregation, representative of the people of God, acclaims the one being ordained as chosen and empowered by the Holy Spirit to exercise gifts for ministry within the church.  Ordination is not to a holier ministry than those given to other baptized believers.  The laying on of hands with prayer invokes God’s blessing upon the one ordained and signifies that he or she is set apart as a servant to the servants of God.  Ordination is a gift to the church as well as recognition by the church of the minister’s inward call.  In the ordination service, the church receives the ministry of Christ in its midst through the grace of the Holy Spirit in the calling of the ordinand.  Ordination for Baptists is a service of thanksgiving for God’s love revealed in the minister’s calling, a service of petition for God’s continued blessing upon the one called, and a service of submission to God’s authority revealed in the gifted one set aside for ministry. 
by Wm. Loyd Allen

(Wm. Loyd Allen is professor of church history and spiritual formation at McAfee School of Theology of Mercer University in Atlanta, Georgia.)
Refrence;
C. Penrose St. Amant, “Sources of Baptist Views on Ordination,” Baptist History and Heritage, vol. 23, no. 3 (July 1988), 12.
Link;
http://www.baptisthistory.org/contissues/allen.htm 
♦ ♦ ♦ ♦ ♦ 

● သေခြင်း၏အယူဝါဒ(The Doctrine of Death) ...

ဖတ်ရန်။၁ကော၊၁၅
“ညီ အစ် ကို တို့၊ မြော် လင့် ခြင်း မ ရှိ သော အ ခြား သူ တို့ သည်၊ ၀မ်း နည်း သ ကဲ့ သို့၊ သင် တို့ သည် ၀မ်း မ နည်း မည့် အ ကြောင်း အိပ် ပျော် သော သူ တို့ ၏ အ မှု အ ရာ ကို မ သိ ဘဲ နေ စေ ခြင်း ငှာ ငါ တို့ အ လို မ ရှိ” (၁ သက် ၊ ၄း ၁၃)
ခရစ်ယာန်အသက်တာတွင် “အမြစ်မရှိဘဲ၊ အသီး မရှိ နိုင်”ဟု Dr.Elton Trueblood ကပြောပါသည်။ ခရစ် ယာန် တို့ ၏ မွှေး ကြိုင် သော ပန်း ရ နံ့ သတင်း
သည်လည်း၊ သမ္မာတရားအမြစ်များ မရှိပဲ နှစ် သိမ့်မှု ကိုပေးနိုင်မည် မဟုတ်။ သမ္မာကျမ်းစာထဲတွင် သမ္မာတရားနှင့်ပြည့် ၀သော မှန်ကန်သည့် အယူဝါဒ အမြစ်များစွာ ရှိပါသည်။ ဆိုလိုသည်မှာ- ဘုရားသခင်၏ အယူဝါဒ (doctrine) များမှာ၊ ကယ်တင်ခြင်း အယူဝါဒ၊ ယုံကြည်ခြင်း အယူဝါဒ၊ နှစ်ခြင်းမင်္ဂလာအယူဝါဒ၊ အလုပ်အကိုင်နှင့် ပတ်သက်ေ အယူဝါဒနှင့် တခြားအယူ ၀ါဒ များလည်းရှိပါသည်။

“သေခြင်း၏ အယူဝါဒ”လည်းတွေ့မြင်ရမည်ဖြစ်သည်။ ဤအယူဝါဒကိုတွေ့ရှိပြီး၊လက်ခံပါက ဘ၀မုန် တိုင်းကြားထဲတွင် မိမိအသက်တာသည် မယိမ်းယိုင်ပဲ ခိုင်မြဲနေမည့် အပြင် အသီးသီးသော အသက် တာဖြစ် လာမည်။ သမ္မာကျမ်းစာထဲတွင်-သေခြင်း၏ အယူဝါဒများကိုတွေ့မြင်ရသလို (၁ကော၊၁၅)တွင် ထိုအယူ ၀ါဒကိုအထူးသဖြင့်တွေ့ရှိရမည်ဖြစ်သည်။

၁။သေခြင်းကိုရှောင်ကွင်း၍မရနိုင်ပါ(Death is inevitable)
“ယုမျက်မှောက်ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ၀င်စားရမည်။ ယခုမျက်မှောက်သေ တတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ဝင်စားရမည်”(၁ကော၊၁၅း၅၃)။ လူတိုင်းတစ်နေ့တွင်သေ ရမည်ဆိုသည်ကို ယုံကြည်ကြသော်လည်း နောက်တစ်ခါ ကျွန်ုပ်အလှည့်ပဲဆိုသည်ကို မည်သူမျှမယုံကြည် ကြပါ။လူ၏မွေးဖွား လာနှုန်းနှင့်သေဆုံးရနှုန်း အတူတူဟုပြောကြပါသည်။ (ဟေဗြဲ၊၉း၂၇)အရ “လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့”ဟုဖေါ်ပြထားသော်လည်း ဤအ ယူဝါဒကို ဆန့်ကျင်နိုင်သူတစ်ဦးတစ်ယောက်မျှမတွေ့ရပါ။

၂။သေခြင်းကိုရှင်းပြနိုင်စွမ်းမရှိပါ(Death is inexplicable)
“နက်နဲသောအရာတစ်ခုကိုငါပြဦးမည်” (၁ကော၊၁၅း၅၁) “နက်နဲသောအရာ”(Mystery)ဟုဆိုရာ တွင်သေ ဖူးသော သူများသာရှင်းပြနိုင် မည်ဖြစ်ပါသည်။ မသေဖူးသေးသော သူများအတွက်(လျှို့ဝှက်ထားသော နားလည်ရန်ခက်ခဲ့သည့်အရာ)ဖြစ်ပါသည်။ ခရစ်တော်အထဲသို့ မိမိအသက်ဝိညာဉ်ကိုမြုပ်နှံထားသော သူများအတွက် ထိုသေခြင်းသဘောကို သိမြင်ရန်အသစ်သော အသိတရားတစ်ခုဝင်လာမည်။ ရေးခဲ့သော စာများ၊ သီဆိုခဲ့သော သီချင်းများနှင့် ဟောခဲ့သောတရား သေနာများ များစွာရှိခဲ့ငြားသော်လည်း၊ သေခြင်း သည်Mystery တစ်ခုဖြစ်ဆဲပင်။ ထိုသေခြင်းကိုနားလည် ရန်နှင့်ရှင်းပြနိုင်ရန် မတတ်စွမ်းနိုင်ကြပါ။သေခြင်း သဘောကိုလက်ခံခြင်းသည် စိတ်၏သက်သာခြင်းကို ရရှိရန်လမ်းတစ်လမ်းဖြစ်ပါသည်။

၃။သေခြင်းသည်ကြားကာလသာဖြစ်သည်(Death is intermediate)
“ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည် (၁ကော၊ ၁၅း၅၁-၅၂)။ သမ္မာကျမ်းစာက ယခုလက်ရှိ ဘ၀ထက်နောင်ဘ၀တွင် များစွာသောအရာ များရှိ မည်။ သေခြင်း သည် အဆုံးမဟုတ်ပါ။ ထာဝရကာလသို့ဝင်စားရန် တံခါးပေါက်(entrance)သာဖြစ်သည်။ ခရီး အဆုံးမဟုတ်ပါ။ တံခါးပေါက် တစ်ပေါက်သာဖြစ်သည်။ ယောဘက၊ “လူသည်သေလျှင်အသက်ရှင်ပြန် ပါလိမ့်မည့်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာအမှုထမ်း ရသောနေ့ရက်ကာလပတ်လုံး သည်း ခံလျက်နေပါမည်” (ယောဘ၊၁၄း၁၄)။

၎။သေခြင်းသည်ကြေကွဲ၊ပူဆွေးဝမ်းနည်းဖွယ်ဖြစ်နိုင်သည်။
“ငါတို့သည်ခရစ်တော်ကိုအမှီပြု၍ယခုဘ၀၌ သာမြော်လင့်စရာရှိလျှင်၊ အခြားသောသူအပေါင်းတို့ထက် သာ၍ဆင်းရဲသော သူဖြစ်ကြ၏”(၁ကော၊၁၅း၁၉)။ကျွန်ုပ်တို့ အသက်ရှင်နေရသောကမ္ဘာသည်နေ့စဉ်ကြေ ကွဲဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်များနှင့်ပြည့်နေပါသည်။ သတင်းမီဒီယာများ အားဖြင့်ဖေါ်ပြနေပါသည်။ သို့သော်အကြီးမားဆုံး ပူဆွေးဝမ်းနည်းစရာအကြာင်းမှာ ဘုရားသခင်မပါဘဲ ထာဝရကာလသို့ သွားခြင်း ပင် ဖြစ်သည်။ အသေဆိုးဖြင့်သေဆုံရခြင်း သည်ကြေကွဲဝမ်းနည်းခြင်း၏ လက္ခဏာတစ်ခုမဟုတ်ဘဲ၊ အသေကောင်းဖြင့်သေရသော်လည်း မိမိဝိညာဉ်ရေးရာဘက်တွင်ပြင် ဆင်မှုမရှိခြင်းကကြေကွဲ ပူဆွေဝမ်း နည်းခြင်း၏ အထွဋ်အထိပ်ဖြစ်ပါသည်။

၅။သေခြင်းကိုအောင်ပွဲခံနိုင်ပါသည်(Death can be triumphant)
“ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အားအောင်မြင်အခွင့် ကိုပေးတော်မူသော၊ ဘုရားသခင်၏ ကျေး ဇူး တော်သည်ကြီးလှစွာတကား (၁ကော၊၁၅း၅၇)။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အလင်းရောင် အလုံးစုံသည်ကျွန်ုပ်တို့အတွက်ဖြစ်ပေပြီ။ သူသည်သေခြင်းကိုအောင်မြင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့ သည် လည်းသေခြင်းကို အောင်ပွဲခံနိုင်ခွင့်ရရှိပါပြီ ။နေထွက်လာခါစပုံစံနှင့်နေ၀င်သွားခါစ ပုံစံတို့ကိုခွဲခြားရန် အလွန်ခက်ခဲမည်ဖြစ်သည်။ မယုံကြည်သူများအတွက်သေခြင်း သည်နေ၀င်ခြင်းဖြစ်ပြီး၊ယုံကြည်သူ အတွက်မှာမူနေထွက်ခြင်းဖြစ်ပါသည်။

နိဂုံး။
သေခြင်းအပေါ် ကျွန်ုပ်တို့၏အောင်မြင်ခြင်း သည်ကြောက်လန့်ဖွယ်ရာများ၊ စိုးရိမ်ကြောင့်ကြဖွယ်ရာများနှင့် စိတ်ကြေကွဲဖွယ်ရာများရှိမည်ဖြစ်သော်လည်း၊ထိုအရာအားလုံးသည်ယေရှုခရစ်တော်အထဲ၌သာဖြစ်ပါသည်။
Rev.Dr.အော်နယ်ညို
မြန်မာ့တမန်မဂ္ဂဇင်း၊ အတွဲ(၅၁)၊ အမှတ်(၄)၊ နိုဝင်ဘာလ၊ ၂၀၁၃။ “သေခြင်း၏အယူဝါဒ (The Doctrine of Death)း
♦ ♦ ♦ ♦ ♦ 

● အသင်းတော်နှင့်အစေခံဝန်ထမ်းခြင်း(The Church and Social Service) ...

ဘုရားသခင် ချ ပေးဘုရားသခင် ချပေးထားသော အလွန်လှပသည့် အမိ မြန်မာ ပြည်တွင် ပေါက်ဖွား လာကြသော ခရစ်ယာန်များသည် အမိ မြန်မာပြည် ခိုင်ခံ့တည်မြဲရေး၊ သာယာဝပြောရေးနှင့် ဘက်စုံ တိုးတက်ကြီးပွားရေး အတွက် တိုင်းပြည်နှင့် နိုင်ငံတော်၏ အစေကို ခံလျက် ၀န်ထမ်းခြင်း ကို ပြုလုပ်ရပါမည်။ ဤကိစ္စနှင့် စပ်လျဉ်းပြီး စဉ်း စားသော အခါ ထိုသဘော တရား၏ အနှစ်သာရကို ကျစ်ကျစ်လစ်လစ် ဖော် ထုတ်သော ''နိုင်ငံတော် သီချင်း'' (National Anthem)ကို သတိရမိပါသည်။ ကျွန်တော်တို့၏ နိုင်ငံတော်သီချင်းသည် အလွန်ကောင်း မွန် သော သီချင်းဖြစ်ပါသည်။ ကျွန်တော်သည် ဘာသာရေး အစည်းအဝေး များ တက်ရောက်ရန် ကမ္ဘာ့နိုင်ငံများစွာသို့ ရောက်ရှိပြီး၊ ထိုရောက်ရာ နိုင်ငံများ၏ နိုင်ငံတော်သီချင်းများကို ကြားဖူးခဲ့ပါသည်။ ထိုကဲ့သို့ ကြားဖူးရာတွင် မိမိနိုင်ငံ၏ နိုင်ငံတော်သီချင်းသည် အလွန်ကောင်း မွန်ကြောင်း ဂုဏ်ယူဝင့် ကြွား မိခဲ့သည်။ သံစဉ် (tune) အလွန်ကောင်း၏။ ကာရံကိုက်လျက် ကဗျာလည်း ဆန်လှပါသည်။ ထိုမျှမက ဤသီချင်းက ဖော်ထုတ် သော အကြောင်းအရာများသည် နက်နဲလျက် အနှစ်သာရ ရှိလှပါသည်။ ကျွန်တော့်အနေနှင့် ဤနိုင်ငံတော်သီချင်းအား အကြောင်းတစ်ခုခုကြောင့် ပြောင်း လဲမည်ကို အလွန်ပင် နှမြောမိပါသည်။ ဤနိုင်ငံတော်သီချင်းကို အပိုင်းလိုက်ခွဲလျက် အနှစ်သာရ ကို ဖော်ပြလို ပါသည်။

၁။ကမ္ဘာမကြေ မြန်မာပြည်......ဒို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။
မှန်လှပါသည်။ မြန်မာပြည်သည် မှီတင်းနေထိုင်သော သူများ၏ စစ်မှန်သော ဘိုးဘွားအမွေပင် ဖြစ်သည်။ မွန်ခမာ (Mon-Khmer)၊ ထိုင်းရှမ်း(Thai-Shan)၊ တိဗက်မြန်မာ (Tebeto-Burman)ဟူ၍ အသုတ် လိုက် မြန် မာပြည်သို့ ရောက်ကြကာ ရေကြည်ရာမြက်နုရာကိုရှာ လျက် တောင်ပေါ်မြေပြန့်များတွင် အသက်မွေး ၀မ်းကြောင်း ရှာဖွေပြီး ဘေးစဉ်ဘောင်ဆက် ဆင်းသက်လာကြသူများ ဖြစ်ကြသည်။
သူတစ်ပါးတိုင်းပြည်ကို စစ်တိုက်လုယူ၍ အပိုင်သိမ်းပိုက်ရာမှ ဖွဲ့စည်းတည်ထောင်လာသော တိုင်းပြည် နှင့်နိုင်ငံတော်မဟုတ်ချေ။ ထို့ ကြောင့် ဤအမိမြန်မာပြည်၏ နယ်နမိတ်အတွင်းတွင် မှီတင်းနေထိုင်ကြ သော လူမျိုးတိုင်းသည် စိတ်ချမ်းသာဖို့လိုအပ်ပါသည်။ ဘိုးဘွားပိုင်မြေတွင် အသက်ရှင် လှုပ်ရှားနေကြသော သူများ ဖြစ်ကြသည်။ ကျီးလန့်စာ စားသကဲ့သို့ ကြောက်ရွံ့ထိတ်လန့်စရာ မလိုပါ။ ကမ္ဘာမကြေသ၍ တည်တံ့ ခိုင်မြဲမည်ဖြစ်သော ဤအမိမြန်မာပြည်တွင် မှီတင်းနေထိုင်ကြသည့်မြန်မာ ပြည်သူ၊ ပြည်သား အားလုံးတို့ သည် ငါတို့၏ ဘိုးဘွားအမွေ ဖြစ်သော တိုင်းပြည်တွင် သွားလာလှုပ်ရှားကာ အသက်ရှင်နေကြပါသဖြင့် စိတ်ချမ်း သာစွာ နေထိုင်ဖို့ရန် လိုပါသည်။ ထိုဘိုးဘွားအမွေဖြစ်သော တိုင်းပြည်တွင် နေထိုင် ကြသောကြောင့်လည်း တိုင်းပြည်နှင့် နိုင်ငံတော်၏ ကျေးဇူးကို သိရှိလျက် တိုင်းပြည်၏အစေကိုခံကာ နိုင်ငံတော်၏ ၀န်ကိုထမ်းခြင်းအား ဖြင့် ဤတိုင်းပြည်၊ ဤနိုင်ငံတော်အား အကျိုးပြုဖို့လိုအပ်ပါမည်။

၂။ပြည်ထောင်စုကို အသက်ပေးလို့.....ဒို့ကာကွယ်မယ်လေ....ဒါတို့ပြည် ဒါတို့မြေ ဒို့ပိုင်နက်မြေ
အထက်ပါ စာသားများသည် အထူးအနှစ်သာရရှိသော စာသားများဖြစ်ပါသည်။ ပထမဦးစွာ ပြည်ထောင်စု  ဟူသော စကားလုံးကို လေ့လာသုံးသပ်ပါမည်။ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မှီတင်းနေ ထိုင် သော ပြည်သူပြည်သားများသည် အေးအတူ၊ ပူအမျှ နေထိုင်နိုင်ရေး အတွက် (၁၁)ရာစုအစတွင် အနော်ရထာမင်း (၁၀၄၄-၁၀၇၇)က မြန်မာ ပြည်ဟူ၍ စတင်တည်ထောင်ခဲ့ပါသည်။ တစ်ဖန် ပြည်ထောင်စု ကြီး ပေါ်ပေါက်လာရန် ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ ၌ မြန်မာပြည်အတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ လွတ်လပ်ရေး ဆုံးဖြတ်ချက်အရ သဘောတူ လက်မှတ် ရေးထိုးကြရာ မှ“ပြည်ထောင်စု  မြန်မာနိုင်ငံတော်'' ဖြစ်ပေါ်လေ သည်။  အမိမြန်မာပြည်တွင် နှစ်စဉ် ဖေဖော်ဝါရီလ(၁၂)ရက် နေ့တွင် ကျင်းပလေ့ရှိသော ပြည်ထောင် စုနေ့နေ့ထူး နေ့မြတ်ကြီး သည် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရန်အတွက် တိုင်းရင်း သားများ သဘောတူ လက်မှတ်ရေးထိုးသော ပင်လုံညီလာခံ သဘောတူ စာချုပ်ကို ဆက်လက်အတည်ပြု ထားသော နေ့ထူးနေ့မြတ် ပင်ဖြစ် သည်။ပြည်ထောင်စုကြီးသည် တိုင်းရင်းသား လူမျိုးများ (Ethnic Groups)အားလုံးက ပိုင်သော ပြည်ထောင်စု၊ ချစ်မြတ်နိုးသော ပြည် ထောင်စု ကြီး ဖြစ်လေသည်။ ထိုပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲလျက် လူမျိုးစုများ ဥမကွဲသိုက်မပျက် နေထိုင်နိုင်ဖို့ရန် တိုင်းသူ ပြည်သားတိုင်းက အသက်ပေးကာကွယ်ရပါမည်။ ကာကွယ်ခဲ့ပြီ လည်း ဖြစ်ပါ သည်။ပြည်ထောင် စုကြီးပေါ်လာပြီး ''ပြည်ထောင်စုမြန်မာနိုင်ငံ''ဟု ကမ္ဘာ့အလယ်တွင် ထည်ထည် ၀ါဝါနှင့် ပေါ်လာပြီးသောအခါ ထိုပြည်ထောင်စုကြီးကို ဖြိုခွဲဖျက်ဆီးရန် ပြည်တွင်းပြည်ပ အဖျက်သမားရန်များကို အသက်ပေး လျက် ကာကွယ်ရာတွင် အခြားသော ဘာသာဝင်များနှင့်အတူ ခရစ် ယာန် ဘာသာဝင် ယုံကြည်သူများသည် ကာကွယ်ရေးဌာနမှနေ၍ အသက်ပေါင်း များစွာ ပေးလှူခဲ့ကြပါ သည်။ တိုင်းပြုပြည်ပြုလုပ်ငန်းများ တွင်ဖြစ်စေ၊ ပြည်ထောင်စုကြီးကို ကာကွယ်ရာတွင်ဖြစ်စေ ခရစ်ယာန်အ သင်း ၀င် ယုံကြည်သူများသည် တစ်ဦးချင်းအနေဖြင့် ပါဝင်ကာ တိုင်းပြည်ပေါ်၌ သစ္စာရှိစွာဖြင့် အသက် ပေး ခဲ့ပြီး ဖြစ်လေသည်။ ဂုဏ်ယူစရာကောင်းသော အချက်တစ်ခုမှာ ခရစ်ယာန်ဘာသာဝင် အသင်းတော်များ သည် အသင်းတော်အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို သစ္စာဖောက်ခြင်း၊ တော်လှန်ပုန်ကန်ခြင်းကို တစ်ခါမျှ မပြုလုပ်ခဲ့ပါ။ ထိုအချက်ကို နိုင်ငံတော်သမိုင်းက သက်သေထူ ပါသည်။ နောင်တွင်လည်း ထိုကဲ့ သို့ ပြုလုပ်မည်မဟုတ်ပါ။အကြောင်းမှာ ဤပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဘုရားသခင် ကပေးသော နိုင်ငံတော်၊ တက်လာသော အစိုးရနှင့် အာဏာပိုင်အဖွဲ့ အစည်းတိုင်းသည် ဘုရား သခင်ပေးသောခေါင်း ဆောင်များဖြစ် ကြောင်း ခရစ်ယာန်ဘာသာဝင်များက ယုံကြည် လက်ခံသော ကြောင့် ဖြစ် သည်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရန် ခရစ်ယာန်ဘာသာဝင်များ တို့သည် ကာကွယ်ရေးဌာန၌ ဖြစ်စေ၊ အခြားသောဌာနများ၌ဖြစ်စေ နိုင်ငံသားတစ်ဦးအနေဖြင့်သော်လည်းကောင်း၊ ယုံကြည်သူ ခရစ်ယာန်တစ်ဦးအနေဖြင့် သော်လည်းကောင်း၊ တာဝန်သိသိ၊ သစ္စာရှိရှိနှင့် တိုင်း ပြည်၏၀န်ကို ထမ်းခဲ့ကြပါသည်။ တိုင်းပြည်ပေါ်၌ ထားရှိသော သစ္စာ တရား၊ အစေခံဝန်ထမ်းခြင်းတရားတည်းဟူသော မွန်မြတ်သည့် အစဉ် အလာကောင်းကို ခရစ်ယာန်ဘာသာဝင်များက ရာသက်ပန် ထိန်းသိမ်းဖို့ လိုအပ်ပါသည်။ထိုနည်းတူစွာ တိုင်းပြည်၏ခေါင်းဆောင်များ၊ နိုင်ငံတော် အကြီး အကဲများကလည်း ခရစ်ယာန်တို့၏ တိုင်းပြည်အပေါ် သစ္စာရှိမှုကို အသိအမှတ်ပြုကာ ခရစ်ယာန်အသင်းတော်များအပေါ် သံသယကင်းဖို့ လိုအပ်ပါလိမ့်မည်။ လူနည်းစုဖြစ်သော ခရစ်ယာန်များအပါအ၀င် အခြားဘာသာဝင်များ၏ စစ်မှန်သောခံစားမှုနှင့် လိုအပ်မှုကို အတတ်နိုင် ဆုံး နားထောင်လျက် ကူညီမစကာ ဖြည့်ဆည်းပေးဖို့ရန် လိုအပ်ပါလိမ့် မည်။ ခရစ်ယာန် အသင်းတော်များ၏လိုအပ်မှုကို ထောက်ပံ့ကူညီပေးရန် နိုင်ငံတော်အစိုးရ မှလွဲ၍ အခြားသောအဖွဲ့အစည်း မရှိကြောင်းကို သတိမမေ့သင့်ပေ။

၃။ဒို့ပြည် ဒို့မြေ အကျိုးကို..ညီညာစွာ ဒို့တစ်တွေ....ထမ်းဆောင်ပါစို့လေ..ဒို့တာဝန်ပေ၊ အဖိုးတန်မြေ။
မှန်ပါသည်။ ခရစ်ယာန်များသည် လူသားများပင်ဖြစ်ပြီး နိုင်ငံသားများလည်းဖြစ်ပါသည်။ အသင်း တော်ပြုပြင်ရေး ၏ ဖခင်ဖြစ်သူ မာတင်လူသာ(၁၄၈၃-၁၅၄၆)က ခရစ်ယာန်များ သည် ကောင်း ကင်နှင့် မြေကြီးနှစ်ခု စလုံး၏ နိုင်ငံသားများ ဖြစ်ကြသည်။ (Christian are citizens of two kingdoms)ဟု မိန့်ဆိုခဲ့ဖူးပါသည်။ ထို့ကြောင့် အသင်း တော်များသည် တိုင်းပြည်၏အကျိုးကို ကျရာ ထောင့်မှနေ၍ သစ္စာရှိရှိနှင့် ထမ်းဆောင်ရမည် ဖြစ်ပါသည်။
အထက်ပါ စာသားများတွင် 'ညီညာစွာ တို့တတွေ' ဟူသော စာသားသည် အလွန် အရေးပါလှပါသည်။ ဒို့ပြည်ဒို့မြေ၏ အကျိုးကို ထမ်းဆောင်ရာတွင် ညီညီညာညာ ထမ်းဆောင်ရမည်ဟူသော သဘော ကို ဖော်ထုတ်ပါသည်။ ဆိုလိုသည်မှာ တိုင်းပြည်၏အကျိုး၊ နိုင်ငံတော်၏အကျိုး ကို သယ်ပိုးထမ်းဆောင်ရာ၌ လူမျိုးတစ်မျိုးတည်းက ထမ်းဆောင်ရန် လည်း မဟုတ်ပါ။ ပြည်ထောင်စု အတွင်းရှိ လူမျိုးအသီးသီး၊ ဘာသာ တရားအသီးသီးတို့မှ မိမိတို့၏ကျွမ်းကျင်ရာနယ်ပယ်၊ မိမိတို့တတ်ကျွမ်းရာ ကဏ္ဍမှနေ၍ လူမျိုးဘာသာမရွေး တက်ညီလက်ညီ အတူတကွ တိုင်းပြည် ၏ အကျိုးကို ဆောင်ရွက်ရန် ဖြစ်လေသည်။ အချုပ်အားဖြင့်ဆိုရသော် ခွန်အားယူ၍ နိုင်ငံသားတိုင်းသည် သစ္စာရှိစွာဖြင့် နိုင်ငံတော်၏ အစေကိုခံဖို့ လိုပါသည်။
ယုံကြည်သူ ခရစ်ယာန်တိုင်းအား အစေခံဝန်ထမ်းခြင်း (Service)ပြုလုပ်ရန် ဘုရားသခင်က အလိုတော် ရှိပါသည်။ ဘုရားသခင် ၏ အစေကိုခံခြင်း၊ အသင်းတော်၏အစေကိုခံခြင်း၊ လူသားများ၏ အစေကို ခံခြင်း၊ တောတောင်သဘာဝတို့၏ အစေကိုခံခြင်းနှင့် နိုင်ငံတော် ၏အစေကိုခံခြင်းတို့သည် ဘုရားသခင် အလိုတော်ရှိသော ၀န်ထမ်းခြင်း (Services)များဖြစ်ပါသည်။ မိမိကိုယ်ကျိုးကို စွန့်လျက်၊ ခရစ်ယာန်များက ၀န်ထမ်းရပါမည်။ ပျော်စရာမဟုတ်လျှင် စေရာမလုပ်လိုသော တစ်ကိုယ် ကောင်းစိတ်ကိုစွန့်၍ ခရစ်တော်၌ ရှိသော သဘောတော်ကို လက်ဝယ်ပိုက် ထားမှသာ ဘုရားသခင်၏အလိုတော်အတိုင်း အစေခံဝန် ထမ်းနိုင်ပါလိမ့် မည်။ (ဖိ၊ ၂း၅-၁၁)။
  
တဆင့်ကူးယူဖေါ်ပြခြင်း
https://www.facebook.com/notes/thang-no/အသင်းတော်နှင့်-အစေခံဝန်ထမ်းခြင်း-the-church-and-social-service/10150885434381899
 Dr. ဆိုင်မွန်ပေါင်ခန့်အင်း (မေတ္တာတမန်မဂ္ဂဇင်းတွင် ပါရှိသော အသင်းတော်နှင့် အစေခံဝန်ထမ်းခြင်း (THE CHURCH AND SOCIAL SERVICE) မှ ကောက်နှုတ်ချက်)

♦ ♦ ♦ ♦ ♦
Related Posts Plugin for WordPress, Blogger...