Wednesday, January 30, 2013

ပညာသတိဖြင့်ဘ၀ကိုပြင်ဆင်ခြင်း


မျက်မှောက်ကာလတွင် ပြင်ဆင်ခြင်းနှင့်ပါတ်သက်ပြီးလူတစ်ချို့က ရုပ်ခန္ဓာကိုဦးစားပေးပြင်ဆင်ကြသည်။(Physiscal Preparation)တစ် ချို့ ကလည်းရုပ်ဝတ္တု၊အရာဝတ္ထုအဆောက်အဦးတွေကိုအဓိကထားပြင် ဆင်ကြသည်။ တစ်ချို့ကတော့ ဘ၀ကိုအမှုမဲ့အမှတ်မဲ့ဖြင့်ကုန်ဆုံးစေကြ သည် ။(မဿဲ၊၂၅း၁၁၃)သမ္မာကျမ်းစာတွင်ဖော်ပြထားသော ခရစ်တော်ပြင် ဆင်စေလိုသောလူသားတိုင်းအသက်တာနှင့်အသက်ရှင်
မှုတွင်ပညာ သတိဖြင့်ဘ၀ကိုပြင်ဆင်လျှက်၊၀ိညာဉ်ရေးရာပြင်ဆင်ခြင်း၊ကိုယ်ကျင့်တရားစိတ်ဓါတ်ရေးရာအ တွက်အကောင်းဆုံးပြင်ဆင်တည်ဆောက်ဖို့ရန်ဖော်ပြခဲ့ပါသည်။လူတစ်ဦး၏အသက်တာတွင်အန္တရယ်အကြီး
မား ဆုံးသောအရာမှာအချိန်များစွာရှိသေးသည်နှင့်မနက်ဖန်ဟူသောစကား၊အလုပ်၌ဖြစ်စေ၊ဘာသာရေး၊ ပညာရေး၊စီးပွားရေး၊လူမှုရေးတွင်မနက်ဖန်မှဟူသောစကားကိုမသုံးရန်အရေးကြီးပါသည်။ဖယ်ရှားပစ်၍
မရသောအကြောင်းမှာမနက်ဖန်ဟူသောအချိန်ကာလသည် မိမိအတွက်ရောက်ရှိလာခြင်းရှိ/မရှိကို မည်သူမျှမသိသောကြောင့်ဖြစ်ပါသည်။ထို့ကြောင့်တမန်တော်ကြီးရှင်ယာကုပ်ကသမ္မာကျမ်းစာ၌ ယနေ့မနက်ဖန်ဤမည်သောမြို့သို့သွားကြကုန်အံ့၊ထိုမြို့၌တစ်နှစ်ပါတ်လုံးနေ၍ကုန်သွယ်သဖြင့်အမြတ် ရအောင်ပြုကြကုန်အံ့ဟုဆိုတတ်သောသူတို့နားထောင်ကြလော့၊မနက်ဖန်နေ့၌အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ၊သင်တို့အသက်သည်အဘယ်သို့သောအရာဖြစ်သနည်း၊ခဏထင်ရှားပြီးမှကွယ်ပျောက် တတ်သောအခိုးအငွေ့ဖြစ်၏ဟုဖော်ပြသွန်ခဲ့ပါသည်။ပညာရှိရှောလမုန်ကိုယ်တိုင်ကမနက်ဖန်နေ့ကိုအမှီပြု ၍မ၀ါကြွားနှင့်တစ်ရက်အတွင်းတွင်အဘယ်သို့ဖြစ်မည်ကိုမသိနိုင်ဟု(သုတ္တံ၊၂၇း၁)၌ပညာရှိတို့၏အဆုံးအ မဖြင့်သွန်သင်ထားသည်ကိုတွေ့ရပါသည်။စိန့်လူဝစ်ဗျူဂယ်ဆိုသူကအချိန်သည်ဆီးနှင်းပွင့်နှင့်တူ၏၊ သည်ဆီးနှင့်းပွင့်ကိုဘာလုပ်ရမလဲဟုကျွန်ုပ်တို့ဆုံးဖြတ်ဖို့ကြိုးစားနေခိုက်မှာပင် ဆီးနှင်းပွင့်ကပျောက်ကွယ် သွားလေသည်ဟုဆိုခဲ့ပါသည်။လောကလူသားတိုင်းအတွက်အချိန်သည်တပြေးညီဖြစ်သည်။ တစ်နာရီတွင် မိနစ်ခြောက်ဆယ်၊တစ်ရက်တွင်၂၄နာရီ၊တစ်နှစ်မှာရက်ပေါင်း(၃၆၅)ရက်၊မည်သူမျှမပို၊ မည်သူမျှလျှော့ မပေးခဲ့သောတန်ဖိုးခြင်းတူညီသောလက်ဆောင်ပင်ဖြစ်သည်။သို့သော်ထိုအချိန်ကိုထိထိရောက်ရောက် အသုံးချနိုင်စွမ်းရှိခြင်းမရှိခြင်းသည်ပုဂ္ဂိုလ်တစ်ဦးစီ၏အသုံးချတတ်သော၊ပြင်ဆင်မှုရှိသောအရည်အချင်းပေါ်
တွင်မူတည်နေပါသည်။သခင်ခရစ်တော်ဥပမာပေးခဲ့သော(မဿဲ၊ ၂၅း၁-၁၃)ကျမ်းပိုဒ်၌ကောင်းကင်နိုင် ငံတော်သည်၊ပြင်ဆင်ခြင်းရှိသောသူ၊သမ္မာသတိရှိသောသူ၊အချိန်ကိုတန်ဖိုးရှိစွာသုံးစွဲတတ်သောသူ၊ နာခံခြင်းနှင့်လုပ်ဆောင်သောသူတို့ဝင်ရန်နေဖြစ်ပြီး၊ကြိုတင်ပြင်ဆင်ခြင်းမရှိသူများ၊ အမှတ်တမဲ့အသက် ရှင်သူများ၊ပျင်းရိငိုက်မြည်းတတ်သူများ၊လောကပျော်ပါးခြင်းနှင့်သာအချိန်ကုန်နေသူများအတွက်နိုင်ငံတော် ၏တံခါးသည်ပိတ်ထားလျှက်ရှိကြောင်းဖေါ်ပြထားပါသည်။ဘုရားသခင်၏နိုင်ငံတော်နှင့်ကောင်းချီးမင်္ဂလာ ကိုမျှော်လင့်သော်လည်းပြင်ဆင်ခြင်းမရှိသောသူ၊ပျင်းရိသောသူတို့အတွက်မြင်နိုင်စွမ်း၊၀င်နိုင်စွမ်းမရှိသော ဆုံးရှုံးမှုပင်ဖြစ်ပါသည်။လူများစွာတို့ဆုံးရှုံးနေရခြင်း၏အဓိကအကြောင်းအရင်းမှာစဉ်းစားဥာဏ်ကင်းမဲ့ခြင်း၊ ပျင်းရိခြင်းနှင့် ခြားနားမှုမရှိခြင်းကြောင့်ဖြစ်ပါသည်။သခင်ခရစ်တော်ဟောပြောသောပါလက်စတိုင်းဒေသရှိ မင်္ဂလာဆောင်ခြင်းပုံဥပမာသည်မျက်မှောက်ခောတ်ရှိလူသားတို့၏အသက်ရှင်မှုကိုမီးမောင်းထိုးပြထားခြင်း
ဖြစ်သည်။အချိန်မရွေးအမှတ်တမဲ့ကျရောက်လာနိုင်သောအသက်တာအတွက်ကြိုတင်ပြင်ဆင်မှုထားရှိရ မည့်တာဝန်မှာလူတစ်ဦးစီအတွက်အရေးကြီးသောအချက်ပင်ဖြစ်သည်။ပါလက်စတိုင်းဒေသရှိဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာအရစေ့စပ်ကြောင်းလမ်းခြင်းပြုပြီးမှသာမင်္ဂလာဆောင်ရပါသည်။မင်္ဂလာဆောင်သောအခါ တွင်သတို့သမီးတို့ကထူးခြားသောဝတ်စုံဝတ်ပြီးသတို့သားကိုစောင့်နေရကြသည်။ သတို့သားရောက်လာ မည့်အချိန်မှသာအခန်းအနားကျင်းပရပါသည်။သတို့သားသည်မည်သည့်အချိန်မည်သည့်နေရက်ရောက် လာမည်ကို မသိရပါ။ သို့သော်တစ်ဖက်မှ(သတို့သမီး)အဆင်သင့်ပြင်ဆင်ထားရလေ့ရှိပါသည်။

သတို့သားရောက်လာချိန်တွင်လမ်းပေါ်တွင်ကြိုဆိုနေသောသတို့သမီးဖက်မှလူအုပ်ကြီးထဲမှလူများသည် ဆီမီးများထွန်းပြီးစောင့်လေ့ရှိပါသည်။ထိုသို့ဆီမီးမထွန်းသောသူ၊ဆီမီးမရှိသောသူများအနေဖြင့်ဝင်ခွင့် မရကြပေ။ထို့အတူမင်္ဂဆောင်အခန်းအနားသို့ နောက်ကျပြီးမှရောက်လာသူများအနေဖြင့်လည်းဝင်ခွင့် မရကြချေ။ဤနေရာ၌သတို့သမီး(၁၀)ဦးအနက်(၅)ဦးသည်ပညာသတီရှိစွာအသက်ရှင်ပြီး ဆီမီးများထွန်း လျှက်စောင့်နေသော်လည်း၊(၅)ဦးမှာမိုက်မဲစွာဆီလည်းမဖြည့်ထားဘဲ၊ငိုက်မျည်းကာအချိန်ဖြုန်းတီးလျှက်နေ ကြပါသည်။အချိန်တန်၍ သတို့သားကြွလာသောအခါပြင်ဆင်ရန်အချိန်မရှိတော့ပေ။အိမ်အပြင်၌နေခဲ့ရပြီး မင်္ဂလာဆောင်ပွဲသို့ဝင်ရန်အခွင့်အရေးလည်းမရှိတော့ပေ။မိုက်မဲသောသတို့သမီး(၅)ဦးတို့သည်
(၁)သတိမရှိစွာအသက်ရှင်ခြင်း
(၂)ပျင်းရိခြင်း
(၃)ပြင်ဆင်မှုမရှိခြင်းတို့ကြောင့်မိမိတို့ချစ်သောသတို့သားနှင့်လွဲခဲ့ရသလို ဘ၀သက်တာအတွက်ပြင်မ ရသောနောင်တအများကိုတစ်သက်စာသိမ်းပိုက်ထားနေရပေမည်။

(၁)သတိမရှိစွာအသက်ရှင်ခြင်း။
သတိတစ်ချက်လွတ်သွားသည်နှင့်ဘ၀တစ်သက်တာဒုက္ခများနှင့်အသက်ရှင်ခဲ့ရသူများရှိခဲ့ပါသည်။ သတိမမူ၊ဂူမမြင်ဟူသောစကားကိုပေါ့ဆစွာတွေးခဲ့သော်လည်းအသက်ရလာသည်နှင့်အမျှအချိန်ကြာလာ သည်နှင့်တန်ဖိုးကြီးသောအမှားဖြစ်ကြောင်းသိလာရသည်။မျက်မှောက်ခေတ်ကမ္ဘာကြီးထဲတွင်အသက် ရှင်နေရသည်နှင့်အမျှရှုပ်ထွေးခက်ခဲစွာ၊တစ်ခါတစ်ရံသိမ်မွေ့စွာတိုက်နေသောမုန်တိုင်းများကယနေ့ကမ္ဘာ့
စီးပွားရေး၊နိုင်ငံရေး၊ဘာသာရေး၊လူမှုရေး၊ပညာရေးတို့တွင်သတိတစ်ချက်သည် အသက်နှင့်အမျှတန်ဖိုး ရှိသောအခြေအနေသို့ရောက်ရှိနေလေပြီ။စားသတိ၊သွားသတိ၊နေသတိ၊ထိုင်သတိဟူသောစကားအတိုင်း အရာအရာတိုင်းအားဖက်ပေါင်းစုံစဉ်းစားပြီးမှဆုံးဖြတ်ချက်ချရမည့်ကာလလည်းဖြစ်ပါသည်။ သတိသည်လောကီလောကုတ္တရာအားလုံးအတွက်ပြည့်စုံစွာမှန်ကန်သောအကျိုးရရှိရန်အတွက်အခြေခံ
လိုအပ်သောအရည်အချည်းပင်ဖြစ်သည်။(လုကာ။ ၁၆း၁၉-၃၁)တွင်ကာမဂုဏ်စည်းစိမ်၌နေ့ တိုင်းပျော်မွေ့နေသောသူငှေးတစ်ဦးနှင့်သူဆင်းရဲလာဇရုအကြောင်းကိုဖေါ်ပြထားပါသည်။သူငှေးသည် စွန့်ကြဲပေးကမ်းသောမေတ္တာမရှိသည်သာမကသမ္မာသတိလည်းမရှိ၊သီလဆောက်တည်ခြင်းလည်းမရှိပဲ မိမိစည်းစိမ်၌သာနေ့တိုင်းပျော်မွေ့ပြီးအချိန်ဖြုန်းတီးခဲ့သည်။ဘုရားသခင်သည်လောကထဲ၌ကျွန်ုပ်တို့အား စည်းစိမ်ပေးထားခြင်း၊ပညာဥာဏ်၊ထူးပေးထားခြင်းသည်လောကအကျိုးပြုဖို့သာဖြစ်သည်။ဘုရားသခင် သည်ကျွန်ုပ်တို့မည်သူမည်ဝါဖြစ်ခြင်းထက် ကျွန်ုပ်တို့မည်သို့တွေးခေါ်နေထိုင်သက်ရှင်ပြုမူဆောင်ရွက်သည် ကိုသာကြည့်ရှုပါသည်။လူတိုင်းသားတိုင်း၏နေ့စဉ်အသက်ရှင်မှုအပေါ်ဘုရားသခင်စောင့်ကြည့်နေပါသည်။ (ယာ၊၃း၁၃)တွင်သင်တို့၌အတတ်အလိမ်မာနှင့်ပြည့်စုံသောပညာရှိတစ်စုံတစ်ယောက်ရှိလျှင်ထိုသူသည် ပညာ၏နူးညံ့သိမ်မွေ့ခြင်းနှင့်တကွကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကိုပြပါစေ။ ရှင်ယာကုပ်က၀ိညာဉ်ရေးရာပညာနှင့်လောကီပညာကိုခွဲခြားပြထားပါသည်။တစ်ချို့မှာမိမိတို့ပန်းတိုင်ရောက် ရန်၊ထိပ်တန်းရောက်ရန်မနာလိုခြင်း၊မရိုးသားခြင်း၊တစ်ကိုယ်ကောင်းဆန်ခြင်းနည်းလမ်းများဖြင့်အသုံးပြုကြ
သူများလည်းရှိပါသည်။ထိုအရာသည်လူလုပ်ယူသည့်ပညာ(man maked wisdom)ဖြစ်ပါသည်။ ၀ိညာဉ်ရေးရာပညာသည် အထက်အရပ်ဘုရားသခင်ထံမှ လာသောပညာ(heavenlywisdom) ဖြစ်ပါ သည်။ထိုအရာသည်အတတ်အလိမ်မာနှင့်ပြည့်စုံပြီးကောင်းမြတ်သောအကျင့်သီလဖြင့် သူတစ်ပါးအကျိုးပြု စုခြင်းပင်ဖြစ်ပါသည်။

(၂)ပျင်းရိခြင်း(သို့)ငိုက်မြည်းအိပ်ပျော်ခြင်း။
မင်္ဂလာဆောင်လုလင်ကြွလာခြင်းအား ကြိုလင့်နေသောသတိုးသမီး(၁၀)ဦးစလုံးမှာငိုက်မြည်းအိပ်ပျော်ခဲ့ကြ ပါသည်။သို့သော်အချိန်မှီဆီများဖြည့်ပြီးပြင်ဆင်ထားသူများအနေဖြင့်သတို့သားကြွလာချိန်တွင်အဆင်သင့် ဆီမီးထွန်းနိုင်ခဲ့ကြပါသည်။ရိုးရိုးငိုက်မြည်းခြင်းသည်သတိမလွတ်စေဘဲပျင်းရိသောသဘောကသူတို့အား လွန်ကျူးစွာအိပ်ပျော်စေခဲ့ပါသည်။(သုတ္တံ၊ ၁၃း၎)တွင်ပျင်းရိသောသူသည်အဘယ်အရာကိုမျှတောင်းတ ၍မရတတ်၊လုံးလ၀ရိယပြုသောသူမူကားမိမိအလိုဆန္ဒပြည့်စုံရ၏ဟုဖေါ်ပြထားပါသည်။(သုတ္တံ၊ ၁၈း၉)၌ အလုပ်လုပ်ရာတွင်ပျင်းရိသောသဘောရှိသောသူသည်မိမိဥစ္စာကိုအချဉ်းအနှီးကုန်စေတတ်သောသူနှင့် ညီအစ်ကိုတော်စပ်သည်ဟုသွန်သင်ထားပါသည်။ပျင်းရိသောသူကမနက်ဖန်အတွက်စဉ်းစားနေချိန်မှာပင် လုံးလ၀ရိယရှိသောသူကအနာဂတ်ကိုတည်ဆောက်ထားနှင့်ပြီးဖြစ်ပါသည်။ ပျင်းရိသောသူအနေဖြင့် အကြောင်းပြချက်၊ဆင်ခြေများဖြင့်ပြည့်ဝနေတတ်၏။ (သုတ္တံ ၊၂၁း၂၅ ။ ၂၂း၁၃)။လုံးလ၀ရိယရှိသော သူမူကားကာလသုံးပါးဖြစ်သောအတိတ်၊ပစ္စုန်ပ္ပန်၊အနာဂတ်၏သမိုင်းကိုဖန်တီးနိုင်ပြီးထိုအသိပညာဖြင့်
ပင်အနာဂတ်သို့သွားရောက်တည်ဆောက်နိုင်သည်။ပျင်းရိသောသူမူကားအတတ်ပညာ၊အသိပညာဆုံးရှုံး သည်သာမကမိမိမှာရှိသောအရည်အသွေးနှင့်စွမ်းရည်ပင်လျှင် အသုံးမချလျှင်ပျက်ဆီးဆုံးရှုံးရပေမည်။

(၃)ပြင်ဆင်မှုမရှိခြင်း။
မိုက်မဲသောသတို့သမီး(၅)ဦးမှာ သူတို့၏မိုက်မဲစွာငိုက်မြည်းအိပ်ပျော်သွားခြင်းကြောင့်သတိုးသား(မင်္ဂ လာဆောင်လုလင်)ကြွလာချိန်တွင်ဆီမီးထွန်းရန်ဆီမရှိခဲ့ပေ။လူမှန်လျှင်နေဖို့အတွက်မဖြစ်မနေပြင်ဆင် ဖို့ရန်လိုသကဲ့သို့အသက်ရှင်ရန်၊ကောင်းစွာဆောင်ရွက်နိုင်ဖို့ရန်ပြင်ဆင်ရပေမည်။ထို့အတူသေဖို့အတွက် လည်းပြင်ဆင်ထားရပါမည်။သီလနှင့်ဒါနမပါလျှင်သေကာမှသိ၊ရေဗူးနှင့်ဖိနပ်မပါလျှင်ခါမှသိ)စကားပုံကဲ့သို့ လူတိုင်းကောင်းသောကိုယ်ကျင့်တရားနှင့်စေတနာသဒ္ဒါတရားကိုဆောင့်ရွက်သင့်ပါသည်။ခရစ်တော် ဘုရားကိုယ်တိုင်ကလူသားတိုင်းချစ်မေတ္တာထားရန်၊ အတ္တထက်ပရကိုဦးစားပေးရန် အစဉ်သွန်သင်ထား ပါသည်။(ကောင်းသောရှင်မာရိစိတ်ထားလုကာ၊၁၀း၂၅-၃၇)၊ဥစ္စာရတတ်သောလူငယ်(လုကာ၊၁၈း၁၈၂၃) တွင်မေတ္တာတရားရှိသူ၌ပေးကမ်းစွန့်ကျဲပြီးသူတစ်ပါးအတွက်စဉ်းစားပေးတတ်သော်လည်း၊မိမိဥစ္စာ ကိုနှမျောတွန့်တိုတတ်သောသူမူကား ဘုရားသခင်၏ နိုင်ငံတော်သို့ဝင်ရန်ခက်ခဲပါသည်။ ထို့အပြင် မိမိအတွက်သာစဉ်းစားလျှက်မိမိစည်းစိမ်၌သာပျော်မွေ့သောသူငှေးဥပမာကိုလည်း(လုကာ၊၁၂း ၁၆-၂၁) တွင်ဖေါ်ပြထားပါသည်။ကိုယ်အတွက်ဘဏ္ဍာကိုဆည်းပူးသောသူသည်ဘုရားရှေ့တော်တွင်ဆင်းရဲသော သူဖြစ်သည်ဟုဆိုထားပါသည်။ဤလောကအလည်ကျွန်ုပ်တို့အားအသက်ရှင်စေသောဘုရားသခင်၏ ရည်ရွယ်ချက်မှာ-လောကကောင်းကျိုးအတွက်သာမကလူအချင်းချင်းတို့၏ဒုက္ခကိုမျှဝေခံစားဖို့ရန်နှင့် အသက်တာတွင်အချိန်နှင့်စည်းစိမ်ကိုကောင်းစွာအသုံးချတတ်ဖို့ရန်ဖြစ်ပါသည်။ဆီမရှိသောသတိုးသမီး(၅) ဦးကဲ့သို့အချို့သောသူများသည်မိမိတို့၏ဘ၀အသက်တာကို ဆီမရှိသောဘ၀ဖြင့်အသက်ရှင်နေကြပါသည်။ ထိုသို့သောသူများသည် အချိန်ကိုတန်ဖိုးရှိစွာအသုံးမပြုခြင်း၊ ပညာကိုအပတ်တကုတ်မကြိုးစားခြင်း၊ အလုပ်ကိုလုံးလ၀ရိယရှိစွာမလုပ်ခြင်း၊ ဘ၀ကိုပြင်ဆင်မှုမထားဘဲအသက်ရှင်ခြင်းစသည့်ပုံစံများဖြင့် အသက်ရှင်လျှက်ရှိနေကြပါသည်။ဤခေတ်ကာလသည်ပို၍ပင်ဝိညာဉ်ရေးရာနှင့်ဆိုင်သောဆီကိုအပြည့် ထည့်ထားရန်လိုအပ်လှပေသည်။Longfellowကအချိန်ဆိုတာ၊၀ိညာဉ်ရဲ့ဘ၀နာမ်အသက်ဟုဆိုထားပါ သည်။ အီတာလျံမီလိုဆိုဖာ-ဒဿနဆရာတစ်ယောက်ကအချိန်ဟာငါရဲ့ထွန်ယက်ရာလယ်မြေဖြစ်ပါတယ်၊ ဒီလယ်မြေကိုထွန်ယက်စိုက်ပျိုးတာမရှိယင်ဘာအပင်မှာမသီးမပွင့်နိုင်ဘူး၊ အဲဒီမြေနေရာကိုအလဟသ မဖြစ်အောင်၊အဆိပ်ပင်တွေမပေါက်အောင်၊အသုံးကျတဲ့တန်ဖိုးရှိတဲ့အကျိုးကိုဖြစ်စေတဲ့အပင်တွေကိုပဲ စိုက်ထားရမယ်။သည့်အပြင်အပေါ်ယံရှိုးထုတ်တဲ့ကျီးအာသီးအပင်တွေမျိုးလည်းမစိုက်မိဖို့လိုပါတယ်။ စက်ရုံတွေတည်ထောင်ယင်စက်ရုံတွေရဲ့လုပ်အားပြန်ရောက်မယ်။ကျွန်ုပ်ရဲ့မြေတွေဟာအဘိုး တန်မြေတွေဖြစ်သလိုပဲ၊ကျွန်ုပ်ရဲ့အချိန်တွေဟာလည်းအဖိုးတန်တဲ့အချိန်တွေဖြစ်ပါတယ်ဟုဆိုပါသည်။ နပိုလီယန်အိုနာပတ်ကလည်းကျောင်းသူကျောင်းသားများအားမင်းတို့ရဲ့အခွင့်အလမ်းတွေကိုတိုးတက်
အောင်လုပ်ပါ။အခုအလဟသကုန်ဆုံးသွားတဲ့အချိန်တိုင်းဟာအနာဂတ်ကြမ္မာအတွက်အခွင့်အရေးတွေ
ဖြစ်နေမယ်ဟုဆိုခဲ့ပါသည်။ကျွန်ုပ်တို့၌ကိုယ်စွမ်း၊ဥာဏ်စွမ်း၊ဘာအစွမ်းမှဖြည့်မထားပါက ကျွန်ုပ်တို့ဖြုန်း တည်းခဲ့သောအချိန်များကိုနောင်တနှင့်သာဖက်ရမ်းအသက်ရှင်နေရလိမ့်မည်။ လူသားမျိုးဆက်အတွက် ဘာမှမကျန်ရစ်အောင်အသက်ရှင်ခဲ့သောတရားခံတစ်ဦးအဖြစ်သာအမည်တွင်ရစ်ပါလိမ့်မည်။ထို့ကြောင့် သခင်ယေရှုသတိပေးခဲ့သောသတို့သမီး(၁၀)ဦးထဲမှ မိုက်မဲသောပြင်ဆင်မှုမရှိသည့် သတို့သမီး(၅)ဦးမှာ မျက်မှောက်ခေတ်ကာလ တစ်လောကလုံးနှင့်စပ်ဆိုင်သောသတိပေးချက်တစ်ချက်လည်းဖြစ်ပါသည်။ ယင်းသတိပေးချက်(၂)ချက်မှာ-


(၁)အခါလွန်မှမရနိုင်တော့သည့်အရာအားရယူရန်ကြိုးစားခြင်းမျိုးမလုပ်သင့်ပါ၊ထိုနည်းတူမိမိကိုယ် ကိုယ်ပြင်ဆင်ခြင်းမရှိ၊မကောင်းသောကိုယ်ကျင့်တရားများအားစွန့်ပစ်ရန်ခက်ခဲနေခြင်း နောက်ကျခြင်း
တစ်မျိုးဖြစ်ပါသည်။ဆီမီးခွက်ရှိသော်လည်းမီးခွက်ထဲ၌ဆီမထည့်ထားလျှင်အလင်းကိုမရနိုင်သကဲသို့ အသိဥာဏ်ထဲ၌ဆီနှင့်တူသောဝိညာဉ်ရေးရာအသိတရား၊ဥာဏ်ပညာ၊ သမ္မာသတိများအမြဲမပြတ် ထည့်ထားရန်အရေးကြီးပါသည်။သို့မှသာလောကထဲအမှောင်ကမ္ဘာထဲ၌အလင်းတရားဖြင့်အသက်ရှင်
ရပ်တည်နိုင်မည်ဖြစ်ပါသည်။

(၂)မိုက်မဲသော၊ပညာမဲ့သောသတိုးသမီး(၅)ဦးမှာပညာသတိရှိသောသတို့သမီး(၅)ဦးထံမှဆီချေးငှားခဲ့ ရာချေးယူ၍မရခဲ့သည့်ပုံပမာသည် လူတစ်ဦး၏ဘုရားသခင်နှင့်ဆက်သွယ်မှု(Relationship)သည်ချေး ယူ၍ရနိုင်သောအရာမဟုတ်ပါ။ကိုယ်ပိုင်တည်ဆောက်ရယူရသောအရာပင်ဖြစ်သည်။အနီးကပ်လုပ်ယူ၍ မရနိုင်ပါ။မိုက်မဲသောသတို့သမီး(၅)ဦးအဖို့နောက်ကျသွားပြီ၊လွန်သွားပြီဟူသောနောင်တတရားနှင့်လေး လံ လွန်းလှသောပျက်စီးဆုံးရှုံးမှုကိုသာပွေ့ပိုက်ရပါတော့သည်။မိမိတို့အနေဖြင့်ဆီထည့်ရန်အချိန်အလုံ အလောက်ရထားပါလျှက်နှင့်ပြင်ဆင်မှုမရှိခဲ့ခြင်း၊ကြိုးစားမှုမရှိခဲ့ခြင်း၊ အကျိုးရှိရှိအသုံးမပြုတတ်ခြင်းများ သည်နောင်တရခြင်းနှင့်ဘ၀ပျက်ခြင်းရလဒ်များကိုသာခံစားရရှိစေပါသည်။

ဘုရားသခင်ဖန်ဆင်းထားတော်မူသောကမ္ဘာလောကကြီးထဲ၌အလင်းအိမ်ဟူသောနေလုံးကြီးစတင်ထွက်ရှိ လာသည့်နံနက်မိုးသောက်ချိန်သည်အလင်းအတောက်ပဆုံးအချိန်အခါဖြစ်သလိုညနေနေ၀င်ဆည်းဆာ အချိန်သည်လည်းအလှပဆုံးအချိန်ဖြစ်ပါသည်။လူ့လောကကြီးထဲလူသားအဖြစ်မွေးဖွားရောက်ရှိလာ ကြသောလူသားတိုင်းအတွက်မွေးဖွားချိန်သည်မင်္ဂလာအပေါင်းနှင့်ပြည့်ဝသကဲ့သို့လူ့လောကမှထွက်ခွာပြီး ဘုရားသခင်ထံပြန်သွားရသော နေ၀င်ချိန်သည်လည်း အလှပဆုံးအချိန်ဖြစ်ပါသည်။ ထို့ကြောင့်ရှောလမုန် မင်းကြီးကိုယ်တိုင်ကမွေးဖွားချိန်နှင့်သေဆုံးချိန်ကာလကို ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ကြံစည်သမျှအသီးသီးပြုရသောအချိန်ရှိသည်………ဟု(ဒေသနာ၊ ၃း၁-၁၂) တွင်ဖေါ်ပြထားပါသည်။ထိုအချိန်ဆိုသည့်ကွက်လပ်မှာကျွန်ုပ်တို့လူသားများအတွက်ပြင်ဆင်ခြင်း၊ ရိုးသားခြင်း၊ကြိုးစားခြင်း၊စာနာခြင်း၊ဖေးမခြင်း၊တရားမျှတခြင်း၊ဖြောင့်မတ်ခြင်းများဖြင့်လည်းကောင်း၊ အသိဥာဏ်ရှိခြင်း၊သတ္တိတရားရှိခြင်း၊အိနြေ္ဒစောင့်စည်းခြင်း၊ကိုယ်ကျင့်သီလဆောက်တည်ခြင်း၊ ၀ိညာဉ်ရေးရာအားဖြည့်ခြင်း၊လောကကောင်းကျိုးဆောင်ရွက်ခြင်း၊သူတစ်ပါးအတွက်အစေခံခြင်းစသည် တို့ဖြင့်ပါရမီဖြည့်ရန်အချိန်ဖြစ်ပါသည်။နုပျိုသည်မှစပြီးအိုမင်းသည်အထိအချိန်မှာနေရာယူထားဆဲဖြစ်သည်။ အချို့ကအိုမင်းရင့်ရော်မှုကိုအမျိုးမျိုးညည်းထွားတတ်သည်။မအိုမင်းအောင်တားဆီးခြင်ကြသည်။ သို့သော်အချိန်ကိုတော့ဖြင့်တားဆီး၍သော်လည်းကောင်း၊ဆွဲဆန့်ဖို့ရန်သော်လည်းကောင်း၊ပြုပြင်ဖို့ရန်သော်
လည်းကောင်းမရနိုင်ပါ။လူသည်အိုလာပြီးအလှပျက်လာခြင်းသည်အမြဲမမှန်ပါ။မအိုပဲအလှပျက်ခြင်း၊ ဘ၀ပျက်ခြင်း၊စိတ်ဓါတ်ပျက်ခြင်း၊စာရိတ္တပျက်ခြင်းများထက်စာလျှင်မိမိ၌ရှိသောပညာသတိ၊သီလသမာဓိ၊ ချစ်ခြင်းမေတ္တာ၊စေတနာတရား၊သန့်စင်သောစိတ်၊ညူစူမှုကင်းသောစိတ်တို့ဖြင့်ပျော်ဝင်နေသောဘ၀ဖြင့် လှပစွာအိုမင်းတတ်ဖို့၊အချိန်ကိုတန်ဖိုးရှိရှိအသက်ရှင်တတ်ဖို့ရန်လိုပါသည်။မိမိ၌ရှိသောအချိန်နှင့်စွမ်း ရည်ကိုတန်ဖိုးရှိစွာသုံးစွဲတတ်သူ၊တန်ဖိုးရှိစွာကုန်လွန်စေတတ်သောသူတို့အဖို့လှပသောအချိန်များနှင့် ဆုံတွေ့ရန်အလို့ငှာဆုံတွေ့နေရသောအချိန်များအားအလှပဆုံးပြင်ဆင်လျှက်လောကအကျိုး၊သာသနာ အကျိုး၊နိုင်ငံအကျိုး၊လူသားအကျိုးများအားမိမိ၌ရှိသောပညာသတိဖြင့်ထိရောက်စွာဆောင်ရွက်သွားနိုင် မည်မှာဧကန်အမှန်ပင်ဖြစ်ပါသည်။

                                                        မိုးဦးဇွန်(ကမာရွတ်)


HTML Comment Box is loading comments...