●အသင်းတော်ကြီးထွားခြင်းဆိုင်ရာဥသုံအမြင်သဘောထား အပိုင်း(၂)...

ဆိုခဲ့ပါ အကြောင်း အရာ များဟာ အသင်းတော် နဲ့လည်း ဆက်နွယ်သက် ဆိုင်တယ်ဆို တာမြေကြီးလက် ခတ်မ လွဲပါပဲ။ သက်ရှိဇီဝရုပ်များ လိုပဲအသင်းတော်ဟာ လည်း ကြီးထွား ဖို့မ လုပ်မဖြစ် လုပ်ဆောင်ရပါ တယ်။ ကြီး ထွားစေ မှုကိုရပ်တန့်စေ လိုက်မယ်ဆို ယင်ရှင်သန်မှု ဟာ လည်း ဆိုခဲ့ပါ အကြောင်း အရာများဟာ အ သင်း တော် နဲ့ လည်း ဆက်နွယ်သက် ဆိုင်တယ်ဆို တာ မြေ ကြီးလက် ခတ်မလွဲပါပဲ။ သက်ရှိဇီဝရုပ်များလိုပဲ အသင်း တော် ဟာလည်းကြီးထွားဖို့ မလုပ်မဖြစ် လုပ်ဆောင် ရပါတယ်။ကြီးထွား စောမှုကိုရပ် တန့်စေ လိုက် မယ်ဆိုယင် ရှင်သန်မှုဟာလည်း ရပ်စဲသွားရပါလိမ့်မယ်။ အသင်းတော်ကြီးထွားဖို့ အကြောင်းပြော ကြ မယ် ဆို ရင် အင်မတန်မှ ခက်ခဲရှုပ်ထွေးလှ ပါတယ်။ ခန္ဓာကိုယ်တစ်ခုရှင် သန်ကြီးထွားဖို့ဆို ရင်မြောက်များ စွာသော လုပ်ငန်းစဉ်များနဲ့ အခန်းကဏ္ဍရပ်များ ကိုဆောင် ရွက်ရပါတယ်။  နက်နဲရှုပ်ထွေး လှတဲ့အ သင်း တော် ကြီးထွားခြင်းကိစ္စကို နားလည် သဘောပေါက်နိုင်ဖို့ ဆိုရင် အသင်းတော်ဆောင်ရွက် ရမယ့် ၊တွေ့ ကြုံရ မယ့်အ မျိုးမျိုးသောကြီး ထွားခြင်း သွင်ပြင် များကို ကောင်းမွန် ရှင်းလင်းစွာ သိရှိထားဖို့လို အပ်ပါ တယ်။ ဒီအအတွက် အခရာကျ တဲ့မေးခွန်းကတော့ "အသင်းတော်ဟာ ဘယ်လိုမျိုးကြီးထွားရမှာပါလဲ" ဆိုတာပါပဲ။ လူသတ္တ၀ါဟာ အသက်ရှင်သန်ရုံမျှမက စဉ်းစားတွေးခေါ် တတ်ပါတယ်။ လူဟာ လှုပ်ရှား လုပ်ဆောင် မှုပြုတတ် သလိုလှုံ့ဆော်မှုတွေကိုလည်း တုံ့ပြန်နိုင်စွမ်းရှိပါတယ်။ အသင်းတော်ဆိုတာ အမျိုးသမီး၊ အမျိုးသားနဲ့က လေးသူငယ်များပါဝင်ဖွဲ့စည်းထားတဲ့ လူမှုအသိုင်းအ၀ိုင်း(သို့) လူစုဖြစ်တာနဲ့အညီ လူတစ်ဦးချင်းကဲ့သို့ပဲလှုပ် ရှားလုပ်ဆောင် ၊တုံ့ပြန်တတ်တဲ့သဘာဝရှိပါတယ်။ ဒါကြောင့် အသင်းတော်ကြီး ထွားကျယ်ပြန့်ချင်းဆိုတာမ တော်တဆ(သို့)လူမှုဗေဒဆိုင်ရာ အမှတ်မဲ့တုံ့ပြန်မှုမဟုတ်ပါဘူး။ အသင်းတော် ရဲ့ယုံကြည်ခြင်းက ၄င်းအသင်းတော်ရဲ့ ယုံကြည်ခြင်းက ၄င်းအသင်းတော်ရဲ့သဘာဝနဲ့အသင်းတော်ရဲ့ သာသ နာပြုခြင်းတို့ကိုဌာန်း ပါတယ်။ဒါကြောင့် အသင်းတော်ကြီးထွားခြင်းကိုပြည့်ဝစွာ ဖော်ပြနိုင်ဖို့ဆိုရင် ခရစ်ယာန်ယုံကြည်ခြင်းဟာ ဘယ်လိုသန္တေတည်ခဲ့သလဲဆိုတာ နားလည်သဘောပေါက်ဖို့ ဦးစွာလိုအပ်ပါ တယ်။ 

● အသင်းတော်သည် ဘုရားသခင်၏ဖန် ဆင်ခြင်းဖြစ်သည်။ (The Church as  God's Creation)
ခရစ် ယာန်ယုံကြည်ခြင်းရဲ့အခြေခံကျပြီး ခိုင်မာလှ တဲ့ယုံကြည်ချက် တစ်ခုကတော့ အသင်းတော်ဟာ ဘုရား သခင် ရဲ့ခေါ်တော်မူခြင်း အားဖြင့် သာ ဖြစ် တည် လာခြင်းဖြစ် တယ် ဆို တဲ့ အ ချက် ပါ ပဲ။ ဒါကြောင့် အ သင်းတော် ဟာဘုရားသခင်ရဲ့ကျေးဇူးဂရုဏာတော်ရလဒ်တစ်ခုဖြစ်ပြီး ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို သိသာထင်ရှားစေတဲ့ မျက်မှောက် ထင်ရှားဖြစ် တည်နေတဲ့အရာ တစ်ခုပါပဲ။ ခရစ်ယာန်ယုံကြည်ခြင်းမှာ ဘုရားကို သုံးပါး အစု အဖွဲ့(သုံးပါးတစ်ဆူ)အဖြစ် မြင်တဲ့အတွက် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ ၀ိညာဉ်တော် ဘုရား တို့ဟာ မခွဲထာဝရအ တူကိန်းဝတ်စံ ပယ်လျှက်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ရှိပါတယ်။ အသင်းတော်ဟာ အဲဒီတြိနတိသ ဘောသဘာဝမှ ဆက်နွယ်ဆင်းသက် လာခြင်းဖြစ်ပါတယ်။ ဤသို့သော အားဖြင့် ဓမ္မသစ်ကျမ်းရေး သားသူများဟာ အသင်းတော်ကို ခန္ဓာ(body)၊ မိတ်သဟာရ(fellowship)၊ လူစု(people) သဏ္ဍန် အားဖြင့် ထင်ရှားစွာရည် ညွန်းရေးသားဖော်ပြခဲ့ကြခြင်းဖြစ်ပါတယ်။
● အသင်းတော်ဟာခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်ပါတယ်။(Church is  Body of Christ)  
အသင်းတော်ဟာ သင်းဝင်သူ များတို့ တစ်ဦးနဲ့တစ်ဦး အပြန်အ လှန်အ ကျိုးပြုခြင်းနဲ့ မတူညီသော စွမ်းဆောင်
ရည်/လုပ်ဆောင်ခြင်းများအာဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ ကိုယ်ခန္ဓာအတွက်ဦးခေါင်းဟာ လှုပ်ရှား မှုတွေကို ထိန်းချုပ်ရာ၊ ကိုယ်ခန္ဓာရဲ့အင်္ဂါအစိတ် အပိုင်းတွေဆီ သတင်းပို့ပြီး အဲဒီခန္ဓာအစိတ်အပိုင်းများထံမှ သတင်းကိုလည်းလက်ခံရာ၊ သင်ကြားခံယူနိုင်ရာ၊ မှတ်ဥာဏ်၊ စဉ်းစားဆင်ခြင်ခြင်းတို့ လုပ်ဆောင်နိုင်ရာဖြစ် သလိုခရစ်တော် သည် လည်း အသင်းတော်အပေါ်မှာ ထိုကဲ့သို့ဖြစ် ပါတယ်။ ဒီလိုပဲ၊ သမိုင်း ကိုပြန်ကြည့် ယင်အသင်းတော် ဟာခရစ်တော် ရဲ့ခြေထောက်များလက် များနဲ့ပါးစပ်များတို့ဖြစ်ကြ ပါတယ်ဆိုတာ ကို တွေ့ မြင်ရပါ လိမ့်မယ်။အသင်းတော်ရဲ့သာသနာပြုခြင်းအားဖြင့် ရှင်ပြန်ထမြောက်တော် မူသောခ ရစ်တော် ဟာ ကမ္ဘာ လောကကြီးထဲမှာ သူ့ရဲ့သာသနာတော်ကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

●အသင်းတော်ဟာသန့်ရှင်းသောဝိညာဉ်တော်ရဲ့မိတ်သဟာရဖြစ်သည်။(Fellowship in Holy Spirit) 
ဆိုကဲ့ပြီးသလို အသင်းတော်ဟာ အဘုရားသခင်ရဲ့ခေါ်တော်မူခြင်းခံရပြီးတဲ့နောက်မှာ- အမှုတော်မြတ်ထမ်း
ဆောင်ဖို့ရန် သီးသန့်ထားရှိပြီး၊ သန့်ရှင်းသော ၀ိညာဉ်တော်မီး အားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းခံရပါ တယ်။ ဤသို့အားဖြင့်အသင်းတော်ဟာ အသစ်ပြုပြင်ခြင်းခံရသူများ၊ သန့်စင်ဆေးကြောခြင်းခံရတဲ့ အပြစ် သားများ ရဲ့အဖေါ်အသင်းအဖွဲ့အစည်းဖြစ်လာခဲ့ပါတယ်။ တနည်းအားဖြင့် သန့်ရှင်းသော ၀ိညာဉ်တော်ဟာ ဦးခေါင်း ဖြစ်သော ခရစ်တော်အနေနဲ့ သူ့ရဲ့ခန္ဓာ(အသင်းတော်) အပေါ်ထိရောက်စွာ အုပ်စိုးနိုင်စေဖို့ တည် ရှိ သော အာရုံကြောစနစ်သဖွယ် ဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ သူ့ရဲ့တန်ခိုးတော်အားဖြင့် အသင်းတော် ကိုထိန်းသိမ်းစောင့်ရှောက် တည်တံ့မြဲမြံစေပါတယ်။ အပြန်အလှန်အားဖြင့်အသင်းတော် ဆိုတာ က မ္ဘာလော ကကြီး ထဲ မှာ သန့်ရှင်းသော ၀ိညာ ဉ်တော် တည် ရှိခြင်း ကို သက်သေပြုရာ၊ အထင်ရှား ဆုံးမြင်တွေ့ နိုင်ရာနေ ရာတစ်ခုဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ဟာ ဘုရားသခင်နဲ့ လူသားများ ကြား ညှိနှိုင်းဆောင်ရွက်ပေးသူသဖွယ်ဖြစ်ပါတယ်။

● အသင်းတော်သည်ဘုရားသခင်၏ပဋိညာဉ်ခံလူစုဖြစ်သည်။(The People of God)
မတူ ကွဲပြား လို အပ်ချက်များရှိလင့်ကစား အသင်းတော် ဟာ ကမ္ဘာလော ကကြီး ထဲ ဘုရား သ ခင်ရဲ့ ချစ်ခြင်းမေတ္တာတော်သက်သေဖြစ်ဖို့ရန် (ကျွန်ုပ်တို့ရဲ့အရှင်ဖြစ်တဲ့ခ ရစ်တော်ဘုရားရဲ့ခမည်းတော်ဖြစ်တော် မူသော) ဘုရားသ ခင်ရဲ့ရွေးကောက်ခေါ်ယူခြင်းကိုခံရပါတယ်။ အသင်းတော် ဟာသမိုင်းကိုကျော်ဖြတ်ပြီး မိမိရဲ့ပြည့်စုံ ခြင်းဖြစ် တဲ့ဘုရား သခင်ရဲ့နိုင်ငံတော်ပြီးပြည့်စုံခြင်း ကာလ သို့မမှိတ်မ သုန်ချီ တက်နေသော လူစုဖြစ်ပါတယ်။ ဒါကြောင့်အ သင်းတော် ဟာ ရွေးကောက်ခံရပြီး သီး သ န့်ဖယ် ထားသည် သာမက ကွဲ လွင့်နေ သော လူမျိုးများ၊ယဉ်ကျေးမှုများ၊ တိုင်းနိုင်ငံများအတွင်းပွား များဖို့ရန် စေလွှတ်ခြင်းခံ ရသော လော ကရဲ့ အ လွှာစုံ၊ အသိုင်းအ ၀ိုင်းစုံပါဝင်သောလူစုဖြစ်ပါတယ်။ အသင်းတော်ဟာ ဘုရားသခင်ရဲ့သဘော သဘာ ၀နဲ့ကိုက်ညီစွာကြီးထွားမှုရှိရပါမယ်။ အသင်းတော်ဟာသန့်ရှင်းသော ၀ိညာဉ်တော်ရဲ့မိတ်သ ဟာ ရဖြစ် တာကြောင့် သန့်ရှင်းခြင်းရှိ လျှက်ခံယူယုံကြည်မှုတူညီမျှစွာ ကြီးထွားမှုမျိုးဖြစ်သင့်ပါတယ်။ ခရစ်တော် ရဲ့ကိုယ်ခန္ဓာဖြစ်တာကြောင့်တမန်တော်များကဲ့သို့ စည်းလုံးညီညွတ်စွာနဲ့ ကြီးထွားမှုဖြစ်သင့်ပါတယ်။ ဘုရားသခင်ရဲ့ပဋိညာဉ်ခံလူစုဖြစ်တာကြောင့် သစ္စာရှိစွာ၊ ရဲရင့်စွာ ကြီးထွားမှုမျိုးဖြစ်သင့်ပါတယ်။ ဓမ္မအတွေး အမြင် သီအော်လော်ဂျီသဘောအရ ပြောရရင် အသင်းတော်ဟာ သမိုင်းကြောင်း အတွင်းမတော် တဆဖြစ် လို့ပေါ်ပေါက် လာခြင်းမဟုတ်ပါ။ လူ့ရဲ့ ဖန်တီးချက်လည်း မဟုတ်ပါ။ ဘုရားသခင်ရဲ့ဖေါ်ပြချက်သာဖြစ်ပြီး ဘုရားသခင်ရဲ့လုပ်ဆောင်တော်မူချက် "အဦးသီ" ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် အသင်းတော်ဟာ ဘုရား သခင် ရဲ့အလိုတော်နဲ့ တန်ခိုးတော် အားဖြင့်သာ တည် ရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်အ သင်း တော်ကြီး ထွားခြင်းကို ပြန်လည်သုံးသပ်လိုရင် သီသြလော်ဂျီသဘောအားဖြင့်သာစံထား သုံးသပ်ရပါ လိမ့်မယ်ဆိုတာဖေါ်ပြချင်ပါတယ်။
တင်ပြသူ-စောချစ်ခိုင်

♦ ♦ ♦ ♦ ♦

● အသင်းတော်ကြီးထွားခြင်းဆိုင်ရာဥသုံအမြင်သဘောထား(၁) ...

အ သင်း  တော်ကြီး ထွားခြင်း၊ တိုး ပွား ခြင်း ကိစ္စ ကို ဒီ က နေ့ ခေတ် ဒေ သန္တရ အသင်း တော်များ နဲ့ခရစ် ယာန် ဂိုဏ်း ဂဃ များအ တွင်း မှာ သာ မန် ထက် လွန် ကဲသော စိတ် ၀င်စား မှုရှိကြ တယ် ဆိုတာ ကို ကျွန် တော် တို့ အား လုံး မျက် မြင် ဒိဌ ခံစား သိရှိ ကြ ပါ တယ်။ အ သင်း တော် /ဂိုဏ်း ဂဃ ကြီး ငယ် မဟူ အစဉ် အ လာရှေး ရိုး စွဲအ သင်း တော် ဖြစ် စေ အလယ် အလတ်၊ ဒါမှ မဟုတ် လစ် ဘ ရယ် အ သင်း တော် ဖြစ် စေ၊ က သ လစ်၊ ပင် မ ပရို တက် စ တင့်၊ ဧ ၀ံဂေ လိ၊ ပင်တေ ကုတ္တေ လက် သစ် အသင်း တော် ဖြစ်စေ၊ အား လုံး သော ခရစ် ယာန် အ သင်း တော် များ ဟာ "အ သင်း တော် ကြီး ထွား ခြင်း" (သို့ မ ဟုတ်) "အား နည်း ကျ ဆင် ခြင်း" ဆို တဲ့မေး ခွန်း နဲ့ ပတ် သက် လို့ကတော့ တညီ တညွတ် တည်း ပြင်း ပြင်း ပြပြ စိတ် ၀င် တ စား ရှိကြ တယ် လို့ ဆို နို င် ပါ တယ်။ ဘာာ ကြောင့် ဒီ လို ပြောနိုင် ရတာ လည်း ဆို ယင် သု တေ သ နပြု ချက်၊ ကိန်း ဂ ဏန်း များ အ ရ (၁၉၇၀) ပြည့် လွန် နှစ် များ က စ လို့ ဥရော ပနဲ့ မြောက် အမေ ရိက ရှိ အ သင်း တော် များရဲ့ အ သင်း သား ဦး ရေနဲ့  ၊အ သင်း တော် မှာ မိတ် သ ဟာ ရဖွဲ့ ပါဝင် မှု တို့ ဟာ ဆယ် စုနှစ် များ နဲ့ချီပြီး ဆက် တိုက် ကျ ဆင်း လာ ခဲ့တဲ့ အ တွက် ကြောင့် ဖြစ် ပါ တယ်။
ဒီအ ချက် ကို စဉ်း စား တဲ့ အခါ ခ ရစ် ယာန် အသင်း တော် ဂိုဏ်း ဂဃ များ အုပ် စု ကွဲ/ အဖွဲ့ ကွဲမှု၊ ဧ၀ံ ဂေ လိနဲ့ ပင်တေ ကုတ္တေ အ သင်း တော် များ အား ကောင်း လာ မှု စ တဲ့ အ ချက် တွေ ပါ ၀င်နို င် ပါ တယ်။ သို့ တိုင် အောင် ဒီ အ ခြေ အ နေ ဟာ အား ပျော့ ကျ ဆင်း မှု ကို ကြုံ တွေ့နေ ရတဲ့ အ သင်း တော် များ ရဲ့ခေါင်း ဆောင် များ အ တွက် က တော့ တပ် လှန့်နှိုး ဆော် ချက်ဖြစ် စေ ပါ တယ်။ ဒီ "အသင်း တော် ကျ ဆင်းခြင်" ဆို တဲ့ ဘေး ကျပ် နံ ကျပ် ဖြစ် မှု အ ကျပ် အ တည်း ဟာ ယ ခင် က ခရစ် ယာန် ကမ္ဘာ လို့ ခေါ် တဲ့ ဥ ရော မနဲ့ မြောက် အ မေရိ က အ ပေါ် သက် ရောက် မှု (၄) မျိုးဖြစ် စေ ခဲ့ ပါ တယ်။

● ပထမ တစ်ခု က ကျွမ်း ကျင်သူ ပညာ ရှင် များ နဲ့ အ သင်းတော် အဖွဲ့ အစည်း များ အနေ နဲ့"အ သင်း တော် ကြီး ထွား ခြင်း ဆိုင် ရာ လေ့ လာ ဆန်း စစ် မှု" တဖြုံ ကြီး ကို ပြု လုပ် ခဲ့ကြ ရခြင်း ဖြစ် ပါ တယ်။

● ဒု တို ယ တစ် ချက် က အ သင်း တော် အ သိုင်း အ ၀ိုင်း နဲ့ ယဉ် ကျေး မှု တစ် ရပ် လုံး အ တွင်း " ခရစ် ယာန် ဖြစ် ခြင်း ပေါ် ပြန် လည် စစ် ကြော ဝေဖန် မှုပြု လုပ် ခြင်း" နဲ့ " ပြန် လည် သစ် လွှင် စေ ခြင်း" တို့ ကို ဆောင် ရွက် ခဲ့ ကြ ရ ပါ တယ်။

● တ တိ ယ အ ချက် က တော့ (အ ထူး သဖြင့် ပင်မ အသင်း တော် ဂိုဏ်း ဂ ဃ ကြီး များ အ တွင်း) အ သင်း တော် ပြန် လည် ရှင် သန် တက်ကြွ သက် ၀င် လှုပ် ရှား လာ စေ ဖို့ တွန်း အား သစ် ဖြစ် စေ ခဲ့ ခြင်း နဲ့

● စတု တ္ထ အချက် က တော့ သီ သြ လော် ဂျီ ပိုင်း ဆိုင် မ တူ ကွဲပြား စွာ ခံ ယူ ကျင့် သုံး နေ ကြ မှု အ ပေါ် အ သစ် သော တုန့် ပြန် မှု တစ် စုံ တစ် ရာ ကို ဖြစ် ပေါ် စေ ခဲ့ခြင်း များ တို့ ပဲဖြစ် ပါ တယ်။ ဒီ လို စိန် ခေါ် ချက် များ ကို တုန့်ပြန် နိုင် ဖို့ အ တွက် "အ သင်း တော် ကြီး ထွား ခြင်း ဆိုင် ရာ ဥ သုံ သ ဘော ထား" တစ် ရပ် လို အပ် လာ ပြီ ဖြစ် ပါ တယ်။ ကြီးထွားမှု၊ တိုးပွားမှု(growth) ဆိုတဲ့စကား လုံးကို ရွေ့လျားနိုင်မှုနဲ့ပြောင်း လဲမှုဆိုပြီးနားလည်နိုင်ပါတယ်။"ရွေ့လျားအားဆိုင်ရာအဖြစ်အခြေမှန်" ဆိုပြီးယူဆလို့ရနိုင်ပါတယ်။ "growth" ရှိတဲ့နေရာမှာတိုးပွားခြင်း၊

ကျယ်ပြန့်ခြင်း၊ ဖွံ့ဖြိုးခြင်းနဲ့အ ဆတိုးခြင်း (သို့)မျိုးပွားခြင်း တို့ရှိပါတယ်။ အဲဒီအပြင် "growth" ရှိယင် သန္တေပြောင်းခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ အသစ်ပြုပြင်ဆောက်လုပ်ခြင်းနဲ့ ဖန် တည်းနိုင် စွမ်းတို့ရှိပါတယ်။ အဲဒီလို ဆို ထား တာကြောင့် "ပြောင်း လဲမှု" မရှိယင် (growth) မရှိနိုင် ပါဘူး။ (growth) မရှိဘူး ဆိုယင်တော့် တိုးတက်မှုဆိပ်သုံးခြင်း လေးလံထိုင်းမှိုင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ စွမ်းရည်/စွမ်းပကားယိုယွင်းပျက်စီးခြင်းတို့
ကိုဖြစ်စေလိမ့်မှာဖြစ်ပါတယ်။

"growth" အမျိုးမျိုးရှိပါတယ်။ အဲဒီအထဲကမှ အထင်ရှားဆုံးတစ်ချို့ကတော့ »»
  1. ဇီဝဗေဒဆိုင်ရာ(Biological)-သက်ရှိဇီဝနဲ့မျိုးစေ့များနဲ့မျိုးပွားခြင်း။
  2.  စိတ်ဓါတ်ရေးရာ(Psychological)-ဘ၀မှာစိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးခြင်း။
  3. အသိဥာဏ်ပိုင်းဆိုင်ရာ( Intellectual)-ပညာဗဟုသုတစုဆောင်းမိခြင်း(သို့)လက်တွေ့ပကတိ အခြေ အနေကို ကျယ်ပြန့်စွာနားလည်သိရှိလာစေခြင်း။
  4. ယဉ်ကျေးမှုဆိုင်(Cultural)-လူတစ်ဦးတစ်ယောက်ရဲ့ဘ၀ကိုတစတစပြောင်းလဲတိုးတက်စေခြင်း။
  5. စီးပွားရေးရာ(Economic)-ဘ၀ရဲ့ရင်းမြစ်များကိုတိုးပွားစေခြင်းနဲ့၊
  6. အသင်းအပင်း၊ အဖွဲ့အစည်းဆိုင်ရာ(Institutional)...ဆိုပြီး "growth"အမျိုးမျိုးရှိပါတယ်။

အလားတူပဲ growth လို့ဆိုရာမှာ ကျန်အင် လက္ခဏာ အရည်အေ သွး (Qualities) ပိုင်ဆိုင် ရာမှာလည်း အပြု သဘောဆောင်သော(သို့) အပျက် သဘောဆောင်သော၊ ကြွယ် ၀ချမ်းသာစေသော(သို့) ထိခိုက် နစ်နာစေသော၊ ကျန်းမာသော(သို့) နာမကျန်းသော စသည်ဖြင့် ကွဲပြားခြား နားမှုတွေ ရှိပါတယ်။ သက်ရှိ ဇီဝရုပ်များဟာ၎င်းတိုရှင်သန် စဉ်ဘ၀ သက်တမ်းမှာ-မိမိတို့လုပ်ဆောင်ရမဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကို မဆောင်ရွက်ခဲ့ဘူးဆို ယင်၎င်းတို့သေဆုံးသွားခြင်းဟာ မိမိကိုယ်ကိုယ်မိမိပျက်စီးစေခြင်းဖြစ်သည်သာမက မိမိရဲ့သဘာ ၀ပတ်ဝန်း ကျင်ကို လည်းပျက် စီးစေခြင်း(သို့) ဖျက်ဆီးခြင်းဖြစ်ပါတယ်။ ဒါကြောင့် "အသက် ရှင်သန်မှု" အတွက်သာမက (ပုံမှန်ဘ၀ဖြစ်စဉ်) ဖြစ်စေဖို့အတွက် growth ဟာမရှိမဖြစ်လိုအပ်ပါတယ်။ "ကြီး ထွား မှု တိုင်း ဟာစစ် မှန် စွာ(သို့) အ ဆင်ပြေ စွာဖြစ်နေ တာမ ဟုတ် ပါဘူး၊ ပုံပန်း မ ကျ စွာကြီး ထွား မယ်ဆို ယင်တော့ အဲဒီသက်ရှိဇီ ၀ရုပ်အ တွက် ပျက်စီးသေ ဆုံးခြင်း ဆီကို ဦး တည် သွားစေမှာဖြစ် ပါတယ်။ ဥပမာပေး ရယင်-" ကင် ဆာရောဂါ" ပေါ့။ ကင်ဆာ ဆိုတာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ စနစ်တစ် ကျမရှိပဲပရမ်း ပတာကြီးထွား လာခြင်းကြောင့်ဖြစ် ပါတယ်။ မူမမှန်တဲ့ ဆဲလ်တွေ ၄င်းတို့ဖာသာ ဆတိုးပွားပြီး ခန္ဓာ ကိုယ်ရဲ့အခြားသော အင်္ဂါအစိတ် အပိုင်းတွေ ကို ထိပါး ကျူးကျော်ခြင်း အားဖြင့် ကင် ဆာရောဂါဖြစ်စေပါတယ်။ မူမမှန်တဲ့ ဆဲလ်တွေဟာ ခန္ဓာ ကိုယ်ရဲ့ပုံမှန် လုပ်ဆောင် ချက်တွေကို ကျူးကျော်ဖျက်ဆီးပစ်ခြင်းအားဖြင့်နောက်ဆုံးမှာသေဆုံးခြင်းကိုဖြစ်စေပါတော့တယ်။
တင်ပြသူ-စောချစ်ခိုင်

♦ ♦ ♦ ♦ ♦
Related Posts Plugin for WordPress, Blogger...