● ယဉ် ကျေး မှု နှင့် သာ သ နာ ပြု ခြင်း...

♦ ယဉ်ကျေးမှု။- 
ယဉ်ကျေး မှု (Culture) ဟူသော စကား လုံးသည် လက်တင် ဘာသာ စကား (Colere) ဖြစ်ပြီး ပြုစု ပျိုးထောင် ခြင်း၊ မွေးမြူ ခြင်း ဟု အဓိပ္ပါယ် ရသည်။ ပညာ သင်ကြား ခြင်းဖြင့် စိတ်ဓါတ် ကိုပြုစု ပျိုးထောင် ခြင်း၊ ကိုယ်ကျင့် တရား နှင့်အသိ ဥာဏ်ဖွံ့ ဖြိုးရန် လုပ်ဆောင် ခြင်းတို့ ဖြစ် သည်။ လူသား တို့၏ အပြု အမူဖြစ် သောစဉ်း စားမှု၊ အပြော အဆို၊ လှုပ်ရှား မှုနှင့် တီထွင် မှုပုံစံ အမျိုး မျိုးကို မြှင့်တင် လုပ်ဆောင် ခြင်း လည်း ဖြစ်သည်။ ယဉ်ကျေး မှုသည် ရုပ်ဝတ္ထု မဟုတ် သော ဘ၀ အသက် တာများ ကိုဖွံ့ ဖြိုးရန် တိုးပွား ကြွယ်ဝ လာရန်နှင့် ပိုမို ကောင်း မွန် လာစေ ရန်ဖြစ် သည်။ အသိ ဥာဏ် ပညာအ တွေးအခေါ် ကျင့်ကြံ မှုနှင့် အလှ အပ မြတ် နိုးမှုတို့ စုပေါင်း လျှက် လူမှု ပတ်ဝန်း ကျင်၌ ပြီးပြည့် စုံစွာ ခံစား ရရှိခြင်း ဖြစ်သည်။ ဘာသာ တရား သည် ယဉ်ကျေး မှု၏ အနှစ် သာရ ဖြစ်သကဲ့ သို့ ယဉ်ကျေး မှုသည် ဘာသာ တရား ၏ပုံ သဏ္ဍန် ကိုဖေါ် ဆောင်ပေး သည်။

ယဉ်ကျေး မှုသည် ဧ၀ံ ဂေလိ တရား မဟုတ် သော် လည်း ရှင်သန် နေသော စနစ်ဖြစ် သည်။ လူသား တို့ရရှိ သည့် အသက် ရှင်မှုပုံစံ အား လူသား ဆန်စွာ ဖွဲ့စည်းခြင်း ဖြစ်သည်။ လူသား တို့၏ ယဉ်ကျေး မှုတွင် အချို့သော ယိုယွင်း ပျက်စီး သည့် အရာများ ပါဝင်နေ ခြင်းကြောင့် ဧ၀ံ ဂေလိ တရား၏ ပင်ကိုယ် တန်ဖိုးများ နှင့် အခြေ ခံအား ဖြင့်ဆန့် ကျင်နေ ပါသည်။ ကမ္ဘာ ပေါ်၌ ယဉ်ကျေး မှုများ စွာရှိနေ သော်လည်း မည်သည့် ယဉ် ကျေး မှုက ဖွံ့ဖြိုးတိုး တက်နေ သည်ကို မည်သူ မျှတိတိ ကျကျ မပြော နိုင်ပါ။

♦ ယဉ်ကျေးမှုဆိုသည်ကားအဘယ်နည်း။-
ယဉ် ကျေး မှုဟူ သော ဝေါဟာ ရစကား လုံးသည် အားလုံး ခြုံငုံ အကြုံး ၀င်သော ဝေါဟာရ အသုံး အနှုန်း (The word culture is a very inclusive term) ဖြစ်သည်။ ၄င်း၏ ယူဆောင် (သယ်ဆောင်) လာမည့် အချက် များမှာ ဘာသာ စကား၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး စိတ်နှင့် ဆိုင်သော စိတ်ဓါတ် ရေးရာ၊ အမျိုးသား ရေး၊ ဘာသာ ရေး၊ ဓလေ့ ထုံးတမ်း နှင့် အခြားသော ခြားနား ချက်များ ပင်ဖြစ် သည်။
၁)ယဉ်ကျေး မှုသည် သင်ယူ ၍ရ သည်။( Culture is larned)
၂)ယဉ်ကျေး မှုသည် ပါဝင် စုစည်း ထားသော စနစ် ဖြစ်သည်။( Culture is a shared system)
၃)ယဉ် ကျေး မှုသည် အစဉ် အမြဲ ပြောင်း လဲ လေ့ရှိ သည်။ အသစ် အဆန်း ပေါ် ထွက် လာမှု ကြောင့် လည်း ကောင်း၊ အခြား ယဉ်ကျေး မှုမှ အတုယူခြင်း အားဖြင့် ပြောင်းလဲ လေ့ရှိ သည်။
၎)ယဉ်ကျေး မှုသည် စုပေါင်း ပြီး အဆင် ပြေစေရန် ညှိနှိုင်း ထားသော စနစ် ဖြစ်သည်။

♦ ယဉ်ကျေး မှုထဲသို့ သတင်း ကောင်း ၏ဆက် စပ်မှု။-
ဓမ္မ အတွေး အခေါ်ရှင် တစ်ဦး ဖြစ်သူ (Richard Niebuhr) က ယဉ်ကျေး မှုအပေါ် ခရစ်ယာန် များ၏ သဘော ထားကွဲ ပြားခြား နားသော သဘော ထားများ ကို အောက် ပါအ တိုင်း ဖေါ်ပြခဲ့ ပါသည်။
၁)The Gospel is opposed to culture.
၂)The Gospel and culture are the same.
၃)The Gospel recognizes culture – it Judges and transforms.
ပထမ အချက် အနေဖြင့်- အချို့ သောသူ များက လူသား များ၏ ယဉ်ကျေး မှုအားလုံး ကိုသ တင်းကောင်း က ဆန့်ကျင် တိုက် ခိုက် သည်ဟု ခံယူ ယုံကြည် ကြသည်။ ဤ ခံယူ ယုံကြည် ချက် ထား ရှိသူများ အနေဖြင့် ယဉ် ကျေး မှုအား လုံး သည် စာတန် ၏ အုပ် စိုးလွှမ်း မိုးမှု အောက် တွင် ရှိသည် ဟုခံယူ ယုံကြည် ကြ သဖြင့် ဤယုံ ကြည်ခံ ယူချက် သည် အစွန်း ထွက် (အစွန်း ရောက်) သော ခံယူ ယုံကြည် ချက် သဘော ထားသာ ဖြစ်သည်။ ထို့ကြောင့် ခရစ် ယာန် များ သည် နိုင် ငံရေး သို့မ ဟုတ် လောက အသိုင်း အ၀ိုင်း အကြား မည် သို့ မျှပါဝင် လုပ် လိုခြင်း မရှိ ကြပေ။ သူတို့၏ ယုံကြည် ချက် မှာ အားလုံး သော ယဉ် ကျေးမှု များ၏ လက္ခဏာ ၀ိသေသ များ သည် (အဆိုး) မကောင်း စာတန် နှင့်ဆိုင် သောလုပ် ရပ်များ ဖြစ်၍ သူတို့ သည် လောကကြီး အရာခပ် သိမ်း ထဲမှ ၀ိညာဉ် အသက်တာ ကိုဖယ် ထုတ်ရန် Exclude ကိုပို ၍ နှစ်သက် ကြသည်။ ယင်း အမြင် သည် သမ္မာ ကျမ်းစာ ၏သဘော ထားနှင့် ဆန့်ကျင် သော အမြင် ဖြစ် သည်။ လူနှင့် ယဉ်ကျေး မှုသည် ဘုရား သခင် ပြင် ဆင် ပေးသော အရာဖြစ် ပြီး ယဉ်ကျေး မှုအား လုံး ကိုစာတန် ၏လုပ် ဆောင် မှု ဟုမြင် ခြင်း သည် အစွန်း ရောက် သော အမြင် တစ်ခု သာဖြစ် သည်။

ဒုတိယ အချက်မှာ- ယဉ်ကျေး မှုနှင့် သတင်း ကောင်းသည် အတူတူ ဖြစ်သည် ဟူသော ခံယူချက် ဖြစ်သည်။ ထိုသို့ ခံယူ သူများ သည် သတင်း ကောင်း သည် ယဉ်ကျေး မှုတိုင်း၏ အစိတ် အပိုင်း ဖြစ်သည် ဟူ၍ လည်းကောင်း ခရစ်တော် သည် ယဉ်ကျေး မှုတိုင်း၊ ဘာသာ တရားတိုင်း ၌လည်းကောင်း၊ လူ့အဖွဲ့ အစည်း အားလုံး နှင့် လူတို့၏ လုပ်ဆောင် မှုအားလုံး တွင်ရှိ သည်ဟု ယုံကြည် လက်ခံ ကြသည်။ ထို့ကြောင့် ယဉ်ကျေး မှုနှင့် သတင်း ကောင်း သည် အတူတူ ဖြစ်သည် ဟုခံယူ ကြသည်။ ဤအမြင် သည် သခင်ခရစ် တော်နှင့် ယဉ်ကျေး မှုပေါင်းစပ် သည့် (Cyncretism) ဖြစ်သည်။ ဤ သို့ ခံယူ သူများသည် ခရစ်တော် ၏ထူးခြား သောဂုဏ် အင်္ဂါ လက္ခ ဏာနှင့် သတင်း ကောင်း၏ အနှစ် သာရ ကို မြင့်တွေ့ ဖေါ် ထုတ် နိုင်မည် မဟုတ်ပါ။ ဤ အမြင် ရှိသူများ သည် ဘာသာ တရား အားလုံး အတူတူ ဖြစ်ကြောင်း ယဉ်ကျေး မှုတိုင်း၏ ၀ိသေ သလက္ခ ဏာ အားလုံး ကို ကောင်း သည်ဟု လက်ခံ သင့်ကြောင်း ခံယူ ကြသည်။ ဤအ မြင် သည် လည်း တစ်ဖက် စွန်းရောက် သော နောက် ထပ် အမြင်မျိုး ပြီးသမ္မာ ကျမ်းစာ ၏သွန် သင်ချက်နှင့် လိုက်လျှော ညီထွေမှု မရှိချေ။ အဘယ့် ကြောင့် ဆိုသော် ဘုရားသခင် ဖန်ဆင်း သောလူ သည် ကျဆင်း သောအပြစ်သား (a fallen sinner) ဖြစ်သော ကြောင့် ပင်။ ထို့ကြောင့် လူသားများ ၏ယဉ် ကျေးမှု သည် အကောင်း ချဉ်းတော့ မဖြစ်နိုင်ချေ။

တတိယ အချက်မှာ- သတင်း ကောင်းသည် ယဉ်ကျေး မှုကို အသိ အမှတ် ပြု၍ စီရင် ဆုံးဖြတ် ခြင်း နှင့် ပြု ပြင် ပြောင်း လဲ စေနိုင် သည်။ ဤ အမြင် ခံယူ ချက်ရှိ သူများက သတင်း ကောင်း သည် ယဉ်ကျေး မှုအား လုံးကို စီရင် ဆုံးဖြတ် ပြုပြင် ပြောင်းလဲ စေနိုင် သည်ဟု ယုံကြည် ကြသည်။ ပြောင်း လဲ ခြင်းဖြင့် အမြစ် တွယ်လာ ပြီး အားလုံး သော ၀ိသေသ လက္ခဏာ များသည် ပြောင်းလဲ ခြင်းနှင့် အသစ် ပြုပြင်ခြင်း လက္ခဏာ များအားဖြင့် ယဉ်ကျေး မှုထဲသို့ သက်ဝင်ရှင် သန်လာ အစပြု လာသည်။ ဤ အမြင် သည် ချိန်ခွင် လျှာညီ မျှမျှတ သောအမြင်၊ သမ္မာကျမ်း စာနှင့် ကိုက်ညီ သော အမြင် လည်းဖြစ် သည်။

ယဉ်ကျေး မှုတိုင်း တွင်အ ကောင်းနှင့် အဆိုး လက္ခ ဏာများ ရှိသည်။ ထို့ကြောင့် လူတို့၏ ယဉ်ကျေး မှုတိုင်း ကိုလုံး လုံးလျှားလျှား ငြင်းပယ် (သို့) လက်ခံ ၍မရပေ။ ထို့ကြောင့် သတင်းကောင်း ကိုသယ် ဆောင် သူ၊ ဟော ပြောသူ တိုင်းသည် ကောင်း မြတ်သော ယဉ်ကျေး မှုလက္ခ ဏာများ မှလွဲ ၍ မကောင်း သော ယဉ်ကျေး မှုလက္ခ ဏာ များကို သတင်းကောင်း အားဖြင့် စီရင် ဆုံးဖြတ် ပြုပြင် ပြောင်းလဲ ရန်လို ပါသည်။ (၀တ်ပြု ၁၈း၃၀။ ယေရမိ ၁၀း ၂-၃)။

လော်ဆမ် ပဋိညာဉ် စာချုပ်၏ အဆိုအရ လူသည် ဘုရား သခင် ဖန်ဆင်း သော သတ္တ၀ါ ဖြစ်၍ သူ၏ ယဉ်ကျေး မှုအချို့ တို့သည် ကောင်းမွန် လှပ ခြင်းနှင့် ပြည့်စုံ သည်ဟု ဆိုသည်။ သို့သော် လူသား ကျဆင်း ခြင်းကြောင့် ကောင်း မွန်လှ ပသော အရာတို့ သည် ဆိုးသွမ်း ပျက်စီး လာသည်။
အချို့ သော ယဉ် ကျေးမှုတို့ သည် မကောင်း ဆိုးဝါး (နတ်ဆိုး) နှင့် ဆိုင်သော အရာများ လာသည် ဟု ဖေါ် ပြထားသည်။ ထို့ကြောင့် ယဉ်ကျေး မှုတိုင်း တွင် စာတန် ၏ပုန်ကန် မှုနှင့် ဘုရား သခင် ၏ အကြံ အစည် တော်၏ လက္ခ ဏာများ ရှိနေ (ပိုင် ဆိုင်) ကြောင်း၊ ထို့ကြောင့် ဘုရား သခင်၏ သမ္မာ တရား ဖွင့်ပြ ခြင်းသည် ထိုဖုံး ကွယ် ခြင်း (သို့) ထို အစိတ် အပိုင်း များကို စီရင် ဆုံးဖြတ် ပြုပြင် ပြောင်း လဲ ပေးခြင်း ဖြင့် သက်ဝင် လှုပ်ရှား လာသည် ဟု ဓမ္မ အတွေး အခေါ် ပညာ ရှင် တစ် ဦးဖြစ်သူ ဟက် ဆေးလ် ဂရေးဖ် (Hesselgrave) က အခိုင် အမာ အတည် ပြုပြော ဆိုခဲ့ ပါသည်။

♦ ခြားနား သော ယဉ်ကျေး မှု၌ တပည့် တော်ဖြစ် စေခြင်း အမျိုးမျိုး။-
မသဲ၂၈း၁၉-၂၀ တွင် ယေရှုခရစ် တော်က လူမျိုး တကာ ကို ငါ့ တပည့် ဖြစ်စေ လော့ဟု တပည့် တော်များ အား မိန့်မှာ ခဲ့သည်။ သို့ဖြစ် ၍ ကျွန်ုပ် ကိုယ်တိုင် ကိုယ်တော် ၏တပည့် တော်စစ် ဖြစ်ရမည် ထို့နောက် အခြား သူများ ကိုလည်း ခရစ် တော်၏ တပည့်တော် ဖြစ်စေ ရပါမည်။ မည်သည့် ဘ၀ မည်သည့် အခြေ အနေ တွင်ဖြစ်စေ ဤ တာဝန် ကိုသစ္စာ ရှိစွာ ဆောင်ရွက် ရပါမည်။ ယင်းကို holistic discipleship ဟုခေါ် ပါသည်။

♦ ဆောင်ရွက် ရန်အခွင့် အလမ်း။-
ခရစ် တော် ပေးသော တာဝန် ကိုထမ်း ဆောင်ရန် သီးသန့် အဆောက် အဦး မလိုအပ် ပါ။ အောင်လက် မှတ် ကိုင်ဆောင် သူများသာ လုပ်ဆောင် ရမည် ဟုမကန့် သတ်ထား ပါ။ အဓိ ကလို အပ် ချက်မှာ မိမိရှိ သည့်နေ ရာတွင် တစ်ပါး သူကို တပည့် တော်ဖြစ် စေခြင်း ငှာစိတ် စေတနာ ထားခြင်း၊ အမြဲ အဆင် သင့်ရှိ နေခြင်း ပင်ဖြစ် သည်။

♦ ခြားနားသောယဉ်ကျေးမှု။-
မိမိ၏ ယဉ်ကျေး မှုနှင့် ရည်ရွယ် ထားသော လူစု၏ ယဉ်ကျေး မှုသည် မတူ နိုင် ပါ။ ခြားနား သော ယဉ် ကျေးမှု ကို ကျော် လွန်နိုင် ရန် သန့်ရှင်း သော ၀ိညာဉ် တော်၏ လမ်းပြမှု ဖြင့် ဆောင် ရွက်ရ မည်။

♦ ပြုစုပျိုးထောင်သူ။-
လူမျိုး တကာ ကိုခရစ် တော်၏ တပည့် တော်ဖြစ် စေရန် ပြုစု ပျိုးထောင် သူများ အဖြစ် ကျွန်ုပ်တို့ အစေခံ ရပါမည်။ ပြုစု ပျိုးထောင် သူသည် ရည်ရွယ် ထားသော လူစု၏ ယဉ်ကျေး မှုနှင့် လိုက်လျှော ညီထွေ ရှိရ မည်။ သူတို့ ၏ယဉ် ကျေးမှု ကို သိရှိ ရန် နှိမ့်ချ စွာသင် ယူရမည်။ ဤ နည်းဖြင့် ထိုဝန်း ကျင်တွင် ဧ၀ံဂေလိ တရားကို ဝေမျှ ပြီး တပည့် တော်ဖြစ် စေရန် ပြုစု ရမည်။ (ယောဟန် ၂၀း ၂၁)

သာဓက(၁) ဆရာဝန်/ ကျန်းမာရေး ၀န်ထမ်း တစ်ဦး ယေရှု ခရစ်တော် ကဲ့သို့ မျက်မမြင် များ၊ အနာကြီး ရောဂါ သည်များ ကို အစေခံ နိုင်သည်။ သူတို့ ကိုကောင်း သော ရှင်မာရိ ပုံပြင် ကိုပြောပြ ပြီး ခရစ်တော် နှင့်မိတ် ဆက်နိုင်ပြီး ဓမ္မဟောင်း နှင့်  ဓမ္မသစ် တွင်ပါ ၀င်သော တန်ဖိုး ထားမှုများ ကို သူတို့ ယဉ်ကျေး မှုထဲတွင် လက်ခံ လာစေ ရန်သွန် သင်နိုင် ပါသည်။

သာဓက(၂) လယ် သမား များအား စိုက်ပျိုး ရေးပညာ ဝေမျှ ၍ အစေခံ နိုင် ပါသည်။ သမ္မာကျမ်း ၏ သဘာဝ ၀န်းကျင် ဆိုင်ရာ သွန်သင် ချက်များ ကို လယ်သ မားများ ကိုပြော ပြနိုင်ပြီး သူတို့ နှင့်ရင်းနှီး ကျွမ်းဝင် ပြီးဓမ္မ သစ်ကျမ်း ထဲမှ မျိုးကျဲသော မျိုးစေ့ ဥပမာ များဝေမျှ နိုင်ပါသည်။

သာဓက(၃) နေ့စဉ် အသက် တာအခြေ အနေ အမျိုးမျိုး တွင်သမ္မာ တရားကို သွန်သင် ပြသ နိုင်သည်။ နိကောဒင် ကိုသင် ကြား ခြင်း၊ ရှမာရိ အမျိုးသမီး ကို သင်ကြား ခြင်းတို့ ကိုနမူ နာယူနိုင် ပါသည်။ ဖိလိပ္ပိ အဲသ ယောပိ အမတ် ကိုလမ်း ခရီး တွင် သွန်သင် ခဲ့သည်။

သာဓက(၄) စီးပွား ရေးလုပ် ငန်းရှင် များလည်း တပည့် တော်ဖြစ် စေရန် လုပ်ဆောင် နိုင်ပါသည်။ ယေရှု ခရစ် ၏ဥပ မာများ တွင် ကုန်သည် များ အကြောင်း လည်း ပါဝင် ပါသည်။

♦ ဆွေးနွေးရန်မေးခွန်းများ။-
(၁)ရည်ရွယ် ထားသော လူစုနှင့် ဆက်သွယ် ရန်သင် ၌ ကောင်းသော အခြေ ခံရှိ ပါသလား။
(၂)သူတို့ တွင် တပည့် တော်ဖြစ် လာနိုင် စေမည့် သင့်လျှော် သော သူရှိ ပါသလား။
(၃)သင့် အသက် တာ၏ မည်သည့် ကဏ္ဍ မှသူ တို့ကို ချဉ်းကပ် မည်နည်း။
(၄)ထိုသို့ သူတို့ တပည့် တော်ဖြစ် လာစေ ရန် ပြင်ဆင် ထားသော အဆင့် များရှိ ပါသလား။
(၅)သင်၏ ရည်ရွယ် ချက်ကို ဟန့်တား သော အတားအဆီး များရှိ ပါသလား။
(၆)နောက် ကြောင်း ပြန်လှည့် မည့်အန္ဒရယ် ကို မည်သို့ ကာကွယ် မည်နည်း။
(၇)သခင် ယေရှုနှင့် တမန် တော်များ ထံမှ ခြားနား သောယဉ် ကျေးမှု၌ အမှုတော် ဆောင် ပုံ သင်ယူ နိုင်ပါ သလား။

♦ ♦ ♦ ♦ ♦

● Easter Egg အကြောင်းသိကောင်းစရာ ...


ပြုတ် ပြီးသား ဥတွေ ပေါ် ဆေး ရေး ခြယ် ကြ တဲ့ Easter Eggs လို့ ခေါ် တဲ့ အလေ့ အထ တစ် ခုကို ခရစ် တော် မပေါ် မီ ရှေး နှစ် ပေါင်း ထောင် ကျော် လောက် ကထဲ က နွေ ဦး ရာ သီ တိုင်း မှာ ကျင်း ပလေ့ ရှိတယ် လို့ သိရ ပါတယ်။ ကမ္ဘာ ပေါ် မှာ ရှိတဲ့ လူ သား တွေ ရဲ့ ရိုးရာ၊ ဓလေ့၊ အစဉ် အလာ နဲ့ ယုံ ကြည် မှု များ ထဲ မှာ “ဥ” ဆို တဲ့ အဓိ ပ္ပါယ် ဟာ ကြီးထွား ခြင်း၊ ဖွံ့ဖြိုး ခြင်း၊ အသစ် မွေး ဖွားခြင်း စတဲ့ အမှတ် လက္ခ ဏာ တွေ အဖြစ် ခံယူ ခဲ့ ကြ ပါ တယ်။
လွန်ခဲ့ တဲ့ နှစ် ထောင် ပေါင်း များ စွာ က Iranians တွေ ဟာ နွေ ဦး အခါ သမ ရမှာ ကျ ရောက် မဲ့ နှစ် သစ် ကာ လ တွေ မှာ ပြု လုပ် တတ် ကြတယ် လို့ ဆို ပါတယ်။ အချို့ က တော့ ဒီ Easter Eggs ဟာ Pagan နတ် ကိုး ကွယ် တဲ့ အယူ ၀ါ ဒ ကနေ Eostur, Eastar, Ostara and the pagan goddess Eostr, အစ ရှိသ ဖြင့် တဖြေး ဖြေး ဆင်း သက် လာ တာ လို့ အခိုင် အမာ ပြော ဆို ကြတာ တွေလည်း ရှိ ပါတယ်။ ဒီ Easter ဟာ နေကြီး တောက် ပ ထွန်း လင်း ခြင်း၊ အသစ် မွေး ဖွားခြင်း ဆို တဲ့ နွေ ကာ လမှာ ပါဝင် တဲ့ ရှေးဂ ရိ နတ် ဘုရား တွေ ဖြစ်ကြ ပါတယ်။ ခရစ် ယာန် များ အတွက် ကတော့ Easter Eggs ကို ခရစ် တော် ရဲ့ ရှင်ပြန် ထ မြောက် ခြင်း ကို ပုံ ဆောင် ပြီး ကျင်း ပ ပြုလုပ် ကြ ခြင်း ဖြစ်တယ်။ (ဒီ အတွေး အခေါ် ဓလေ့ ဟာ သမ္မာ ကျမ်း စာ ထဲမှာ တော့ မဖေါ် ပြထား ပါဘူး။ ဒါဟာ AD- 131 နောက် ပိုင်း ခရစ် ယာန် ဘာ သာ အသာ စီးရ တဲ့ ကာ လမှာ အခွင့် အရေး လိုချင် လို့ ခရစ် ယာန် ထဲဝင် ရောက် လာတဲ့ ဂရိ လူ မျိုးတွေ ရဲ့ နတ် ကိုးကွယ် မှု ၀ါဒ ရဲ့  အစွဲ အလန်း တစ် ခု သာဖြစ် ပါတယ်။ ဒီနေ့ ခရစ် ယာန် များ လုပ် သင့် မလုပ် သင့် စဉ်း စား ဖို့ လိုပါ လိမ့်မယ်)။
Easter Eggs  အပေါ် မှာ ဆေး ခြယ် ခြင်း တွေ က တော့ အော့ သဒေါ့ အသင်း တော် တွေ နဲ့ အရှေ့ ဖက်ခြမ်း ရှိ ကာ သို လိပ် အသင်း တော် တွေ မှာ ပိုပြီး ပြုလုပ် ကြ တယ် လို့ လည်း ဆို ကြ ပါတယ်။ အများ အား ဖြင့် က တော့  လက်ဝါး ကဒ်တိုင် ပေါ် မှာ လူ သား အား လုံး အပြစ် အတွက် အသေ ခံ ခဲ့ တဲ့ ခရစ် တော် ရဲ့ အ သွေး တော် အဖြစ် ဥရဲ့ အခွံ အပေါ် နီနီ ရဲရဲ ဆေးခြယ် တတ် ကြ ပါတယ်။ အထူး သဖြင့် ကာသို လိပ် ဘုန်း တော် ကြီး တွေ၊ ယဇ် ပု ရော ဟိတ် (Priests) တွေ က ဒီဥ တွေ ကို ကောင်း ချီး ပေး ပြီး ၀တ် ပြု ခြင်း ကို လာ တဲ့ ပရိသတ် တွေ ကို ဝေ ငှ ပေးလေ့ ရှိ ပါတယ်။ ဥရဲ့ အပေါ် ဆုံး အခွံ ကတော့ ခရစ် တော် ရဲ့ ဂူ သင်္ချိုင်း ကို  ပုံ ဆောင် ပြီး၊ ဒီ အခွံ ကို ခွဲ ချေ လိုက် ခြင်းဟာ လည်း ခရစ် တော် ရှင်ပြန် ထ မြောက် တော် မူ ခြင်း ကို ပုံ ဆောင် တယ် လို့ ဆို ပါတယ်။ သမိုင်း အစဉ် အလာ တစ် လျောက် ခရစ် ယာန် များ တို့ ဟာ ၀ါ တွင်း ကာလ ရက် ပေါင်း (၄၀) အတွင်း ဥ နဲ့ အသား မစား ပဲ အစာ ရှောင် လေ့ ရှိ ကြ ပါတယ်။
ဒီ လို ဘာ မှ မသုံး ဆောင် ပဲ ရက် ပေါင်းများ စွာ အစာ ရှောင် နေရာ က ပထမ ဦးဆုံး အနေနဲ့ Easter အပြီး Easter Egg ကို ပထ မ ဦးဆုံး သုံးဆောင် ခွင့် ရရှိ ကြပါ တယ်။ Orthodox Christians များ ဟာ သူ တို့ ရဲ့ ၀ါ တွင်း ကာလ အီ စတာ မရောက် ခင် ရက် ပေါင်း (၄၀) Lent ဆို တဲ့ ဥပုသ် ကာလ အတွင် ဥတွေ ကို မစာ မ သောက် ပဲ ရှောင် ကျဉ် လေ့ ရှိ ကြပါ တယ်။
Easter Eggs မှာ Easter Eggs hunt (အီ စ တာ ဥ ကို ဖွက် ခြင်း) နဲ့ Easter Eggs rolling (အီ စ တာ ဥ ကို လိမ့် ခြင်း) စတဲ့ ဒီ လုပ် ဆောင် မှု နှစ် မျိုးစ လုံးဟာ  Easter Eggs ပြု လုပ် တဲ့ အစဉ် အလာ တွေ ထဲမှာ တော် တော် လေး ကို ထင် ထင် ရှား ရှား ရှိ လှပါ တယ်။ Easter Eggs Hunt (အီ စတာ ဥကို ဖွက် ခြင်း) ဟာ ဒီစတာ နံနက် မှာ- ဥ တွေ ကို ဖွက်ထား ပြီး တော့ ကလေး တွေ ကို ရှာ ဖွေ ခိုင်း တဲ့ အလေ့ အထ တစ်ခု ဖြစ်ပါ တယ်၊ ဘာ ကို ပုံ ဆောင် သလဲ ဆို တာ တော့ မသိ ပါဘူး။ 

ဒါ ပေ မဲ့ နောက် ထပ် အလေ အထ တစ် ခု ဖြစ်တဲ့ Easter Eggs rolling (အီ စ တာ ဥ ကို လိမ့် ခြင်း) က တော့ ခရစ် တော် ရဲ့ ဂူသင်္ချိုင်း တံ ခါး ကကျောက် တုံးကို လိမ့် ပြီး ရွေ့ခြင်း ဆို တဲ့ ဘုရား သခင် ရဲ့ ဥ ပဒေ ပြန်လည် တည် စေ ခြင်း အဓိ ပ္ပါယ် ကို ပုံ ဆောင် တယ် လို့ ဆိုပါ တယ်။ Unite State မှာ တော့ အိမ် ဖြူ တော် ရှေ့ မှာ နှစ် စဉ် နှစ် တိုင်း အီ စတာ နေ့ အ ပြီး တန င်္လာ နေ့ တိုင်း နှစ် တိုင်း ပြု လုပ် လျှက် ရှိ ပါ တယ် ဆို တာ မိတ် ဆွေ တို့ ဗဟု သုတ ရပါ စေ ဆို တဲ့ ရည် ရွယ် ချက် Easter နဲ့ ပတ် သက် တဲ့ သိ ကောင်း စရာ အကျဉ်း ကို ဖေါ် ပြ ပေး လိုက် ပါတယ်။

● သန့်ရှင်းသော ၀ိညာဉ်တော်၏ ဘုရားဖြစ်ခြင်း


သုံး ပါး တစ် ဆူ ဘုရား ဟု ခရစ် ယာန် များ ယုံ ကြည် ကိုး ကွယ် ကြ ရာ တွင် ခ မည်း တော် ဘု ရား၊ သား တော် ဘု ရား ကို နား လည် ရန် လွယ် ကူ လှ ပြီး ဖေါ်ပြ သွန် သင် မှု လည်း များ စွာ ရှိ ပါ သည်။ သန့် ရှင်း သော ၀ိညာဉ် တော် နှင့် ပတ် သက် ၍ မူ သွန် သင် ပြော ဆို မှု နည်း ပါး လှ ပါ သည်။ ယင်း ကြောင့် လည်း သန့် ရှင်း သော ၀ိညာဉ် တော် နှင့် ၀ိညာဉ် ကျေး ဇူး များ အ ပေါ် နား လည် မှု လွဲ မှား သည် များ လည်း ရှိ လာ ကြ သည်။ အ သင်း တော် သ မိုင်း တစ် လျှောက် မှ စ ၍ ယနေ့ တိုင် အ ယူ ၀ါ ဒ အ မျိုး မျိုး၊ သွန် သင် မှု အ မျိုး မျိုး ရှိ နေ သဖြင့် မှန် ကန် စွာ နား လည်း ရန် လို အပ် ပါ သည်။ အ သင်း တော် သ မိုင်း ၌ ကြုံ တွေ့ ခဲ့ ရ သော အခြေ အနေ တစ်ရပ် မှာသန့် ရှင်းသော ၀ိညာဉ် တော်၏ ဘုရား ဖြစ်ခြင်း ကို အကာ အကွယ် ပေးခဲ့ ရခြင်း ဖြစ်သည်။ ထိုအချိန် က သန့်ရှင်း သောဝိ ညာဉ် တော် အား ဘုရား တစ်ပါး၊ ပုဂ္ဂိုလ် တစ်ပါး မဟုတ်ပဲ စွမ်းအင် (Energy)၊ တန်ခိုး စွမ်းအား (Power) တစ်ခု အဖြစ် ရှုမြင် သွန်သင် ခြင်းများ ရှိခဲ့ရာ အေဒီ ၃၂၅၊ နိုင်ဆီယာ ဓမ္မညီ လာခံတွင် ထိုသွန် သင်မှု များကို ရှုတ်ချ လျှက်၊ သန့် ရှင်းသော ၀ိညာဉ် တော်၏ ဘုရား ဖြစ်ခြင်း ကို ယုံကြည် ကြောင်း ၀န်ခံ ချက်တွင် ထည့်သွင်း ခဲ့ကြသည်။ ယနေ့ တိုင် အချို့ အသင်း အဖွဲ့ များက ဤ အယူ အဆ ကို စွဲကိုင် ထားကြ သေးသည်။ သန့်ရှင်း သော ၀ိညာဉ် တော် သည် အမှန် ပင် ဘုရား ဖြစ်တော် မူကြောင်း အောက် ပါ အချက်များ အရ သိနိုင် ပါသည်။

● ဘုရားသခင်နှင့်သန့်ရှင်းသောဝိညာဉ်တော်ဝေါဟာရအားအလဲအလှယ်ပြုသုံးစွဲခြင်း။
သန့်ရှင်း သော ၀ိညာဉ် တော် အား ဘုရား အဖြစ် ဖော်ပြ သော ကျမ်း ညွန်းများ စွာရှိ ပါသည်။ ထိုကျမ်း ချက် များ၌ သန့် ရှင်းသော ၀ိညာဉ် တော်နှင့် ဘုရား သခင် ဟူသော စကား လုံးကို အလဲ အလှယ် ပြု သုံး စွဲထား ကြောင်း သတိ ပြုနိုင် ပါသည်။ ဥပမာ တစ်ခု မှာ- တမန် တော် ၀တ္ထု ၅း ၃-၄ ပင်ဖြစ် သည်။ အာနနိ နှင့် ရှဖိရေ လင်မယား နှစ်ဦး သည် ၄င်းတို့ ဥစ္စာ တစ်စုံ တစ်ခုကို ရောင်း ပြီးနောက် ရသော အဘိုး ၏ တစ်ဘို့ကို ထိမ်ဝှက် လျှက် တမန် တော် တို့ ခြေရင်း ၌ ထား လေ၏။ အငယ် ၃ တွင် တမန် တော်ကြီး ပေတရု က အာနနိ အား “သင်သည် သန့်ရှင်း သော ၀ိညာဉ် တော်ကို လှည့်စား ၍မြေ ကိုရောင်း သော အဖိုး ၏တစ် ဘို့ကို ထိမ်ဝှက် မည့်အ ကြောင်း စာတန် သည် သင်၏ စိတ်နှ လုံးကို အဘယ် ကြောင့် ပြည့်စေ ရသနည်း” ဟုပြောပြီး၊ အငယ် (၄) တွင် “လူကို မုသာ ပြော ပြီမဟုတ်၊ ဘုရား သခင် ကိုလည်း မုသာ ပြောပြီ” ဟု ဆိုထား ရာ ဘုရာား သခင် အား လိမ် ညာ ခြင်းနှင့် သန့် ရှင်း သော ၀ိညာဉ် တော် အား လှည့် ဖြားခြင်း မှာ အတူ တူ ပင်ဖြစ် ကြောင်း ပေါ်လွင် ထင် ရှား နေပါ သည်။
တစ်ဖန်၊ ၁ကော ၃း ၁၆- ၁၇ တွင် ရှင်ပေါ လုက ယုံကြည် သူများ အား ၄င်း တို့သည် ဘုရား သခင် ၏ ဗိမာန် တော် ဖြစ်ကြောင်း သတိပေး ထားပြီး ဘုရား သခင်၏ ၀ိညာဉ် တော် သည် ၄င်းတို့ အထဲ ၌ ကျိန်း ၀ပ် ကြောင်း ဖေါ် ပြ ထားပါ သည်။ ၆း ၁၉- ၂၀ တွင် လည်း “သင်တို့ ကိုယ် ခန္ဓာ သည် ဘုရား သခင် ပေးသ နားသော ၀ိညာဉ် တော် တည်းဟူ သော သင်တို့ အထဲ ၌ ကျိန်း ၀ပ်၍ သန့် ရှင်း သော ၀ိညာဉ် တော်၏ ဗိမာန် တော်ဖြစ် ကြောင်း ကို၎င်း၊ မိမိ တို့ကို မိမိတို့ မပိုင် ကြောင်း ကို ၄င်း မသိ ကြသ လော” ဟု ပြော ထား ပြန်ရာ “ဘုရားသခင်” နှင့် “သန့် ရှင်း သော ၀ိညာဉ် တော်” ကို အလဲ အလှယ် ပြု သုံးစွဲ ခြင်းဖြင့်  ထပ်တူပင် ပင်ဖြစ် ကြောင်း နားလည် နိုင်ပါ သည်။ ထိုသို့ တူညီ စွာ အသုံးပြု ထားခြင်း ကို မသဲ ၂၈း ၁၉ တွင် “သင်တို့ သွား၍ လူမျိုး တကာ တို့ကို ငါ့တ ပည့် ဖြစ်စေ လျှက် ခမည်း တော်၊ သား တော်၊ သန့် ရှင်းသော ၀ိညာဉ် တော် ၏ နာမ၌ ဗတ္တိ ဇံ ကို ပေးကြ လော့” တွင် လည်း တွေ့ရ ပေ သည်။ ၂ကော ၁၃း၁၄ တွင် ရှင်ပေါ လု ကောင်း ချီးပေး ရာ၌ အသုံးပြု ခြင်းတွင် လည်း ကောင်း၊ ၁ပေ ၁း၂ ရှိ ရှင် ပေတ ရုမှ မိမိ စာဖတ် သူများ အား ညွန်းဆိုရာ တွင် လည်း ဤ ကဲ့သို့ ထပ်တူ အသုံးပြု ထားခြင်း မျိုးကို တွေ့နိုင် ပေသည်။ ယင်း အချက်များ က သန့်ရှင်း သော ၀ိညာဉ် တော် သည် ဘုရားပင် ဖြစ်ကြောင်း ထင်ရှား စွာဖေါ် ပြနေ သည်။

● သန့် ရှင်းသောဝိညာဉ်တော်ရှိဘုရားဆိုင်ရာအရည်အသွေးများ။
သန့်ရှင် သော ၀ိညာဉ် တော်၌ ဘုရား သခင် ၏အ ရည် အသွေး များရှိ ကြောင်း သိနိုင် ပါသည်။ ယင်းတို့ အထဲ မှ တစ်ခုမှာ အရာ ရာကို သိရှိခြင်း ပင်ဖြစ် သည်။ ၁ကော ၂း ၁၀-၁၁ တွင် “၀ိညာဉ် တော် သည် ဘုရား သခင် ၏ နက်နဲ သော အရာ တိုင် အောင် ခပ်သိမ်း သော အရာတို့ ကို စစ်တော် မူ၏။ လူ၏နက် နဲသော အရာ ကို လူ၌ရှိ သော မိမိ စိတ် ၀ိညာဉ်မှ တစ်ပါး အဘယ် သူ သိနိုင် သနည်း။ ထိုနည်း တူဘုရား သခင်၏ နက်နဲ သောအရာ ကို ဘုရား သခင်၏ ၀ိညာဉ် တော်မှ အဘယ် သူမျှ မသိ” ဟု ဆိုထား ရာ အရာခပ် သိမ်းကို ၀ိညာဉ် တော်က သိရှိ နားလည် နိုင်စွမ်း ရှိသည်ဟာ နားလည် ရပေ သည်။
တန်ခိုး တော်နှင့် ပြည့်စုံ ခြင်းမှာ လည်း အရည် အသွေး တစ်ရပ် ပင်ဖြစ် သည်။ ဓမ္မသစ် ကျမ်းတွင် ယင်းကို ထင်ရှား စွာဖေါ် ပြထား သည်။ လုကာ ၁း၃၅တွင် အပျိုစင် မှ ဖွားမြင် ခြင်း အကြောင်း ကို ဖေါ်ပြ ရာ၌ “သန့် ရှုင်း သော ၀ိညာဉ် တော် သည် သင်၏ အပေါ် မှာ သက်ရောက် တော်မူ ၍ အမြင့် ဆုံးသော ဘုရား ၏ တန် ခိုး တော် သည် သင့် ကို လွှမ်း မိုးလိမ့် မည်” ဟု ဆိုထား ရာ “သန့် ရှင်းသော ၀ိညာဉ် တော်” နှင့် “ဘုရား ၏ တန်ခိုး အာနု ဘော် တော်” ကို တူညီ စွာအ သုံးပြု ထားကြောင်း တွေ့ရ သည်။ ရှင်ပေါ လုသည် မိမိ၏ အ မှု တော် လုပ် ငန်း ၌ ပြီး မြောက် အောင် မြင် စွာ ဆောင် ရွက် နိုင် ခြင်းမှာ ၀ိညာဉ် တော် ၏ တန် ခိုး ကြောင့် ဖြစ်ကြောင်း ၀န် ခံ ခဲ့ သည် (ရောမ၊ ၁၅း ၁၉)။ နောက် ထပ် အရည် အသွေး တစ်ခုမှာ ထာ ၀ ရ ဖြစ်ခြင်း ပင်ဖြစ် သည်။ ဟေဗြဲ ၉း ၁၄တွင် “ထာ ၀ရ ၀ိညာဉ် တော်” ဟု သုံးနှုန်း ထားခြင်း ကို တွေ့ ရမည် ဖြစ်သည်။ ဘုရား သခင် တစ်ပါး တည်းသာ ထာဝ ရ ဖြစ်ပြီး ကျန်ဖန် ဆင်းခံ အရာ အားလုံး မှာ ယာယီ နှင့် သာဆိုင် သဖြင့် သန့်ရှင်း သော ၀ိညာဉ် တော် သည် ဘုရား အမှန် ပင်ဖြစ် ပါသည်။ အခြား အရည် အသွေး တစ်ခု မှာ သန့်ရှင်း ခြင်းဖြစ် သည်။ ဘုရား ဖြစ်ခြင်း ၌ အရေး အကြီး ဆုံး သော အချက် ဖြစ်ရာ ယင်းကို သန့် ရှင်းသော ၀ိညာဉ် တော်က ပိုင် ဆိုင် ထားပေ သည်။

● သန့်ရှင်းသောဝိညာဉ်တော်ရှိဘုရားဆိုင်ရာလုပ်ဆောင်ချက်များ။
ဘုရား သခင် သာ လုပ်ဆောင် သည် ဟူသော အမှု များကို သန့်ရှင်း သော ၀ိညာဉ် တော်က လုပ် ဆောင် လျက် ရှိကြောင်း မြင်ရခြင်း ကပင် ၀ိညာဉ် တော်၏ ဘုရား ဖြစ်ခြင်း ကို သက်သေ ပြနေ ပါသည်။ သန့်ရှင်း သော ၀ိညာဉ် တော်သည် ဖန်ဆင်း ခြင်းဖြစ် စဉ်၌ ပါဝင် လျှက် ရှိပေသည်။ မူလ အစ ဖန် ဆင်း ခြင်း ၌ ပါဝင် ခဲ့သလို ကမ္ဘာ ၁း၂ဆက် လက် ၍ ပံ့ကိုး ကူညီ လမ်းပြ ပေးလျက် ရှိသည် (ဆာလံ ၁၀၄း ၃၀)။ အ သစ် ပြုပြင် ခြင်း မှာ လည်း ၀ိ ညာဉ် တော် ၏ လုပ် ဆောင် မှုတစ် ခုဖြစ် သည်။ လူသား များအား အ သစ် ပြုပြင် ပြောင်း လဲ ရန် ၀ိညာဉ် တော် က စောင် မ ပေး ပါ သည်။ (ယော ၅း၂၁။ တိတု ၃း၅)။ သခင် ယေ ရှု ကိုယ် တော် တိုင် က ၀ိညာဉ် တော် သည် လူ တို့ အား နားလည် မှုပေး လျက် နှ လုံး သားနှင့် အ ရည် အသွေး များ ကို ပြောင်း လဲ တိုး တက် စေ ကြောင်း ဖေါ်ပြ ခဲ့ ပါ သည်။ (ယော ၁၆း ၈-၁၁)။ ယော ၃း ၅-၈ တွင် ၀ိညာဉ် တော် က အ သစ် တစ် ဖန် မွေး ဖွား စေနိုင် ကြောင်း ဖော် ပြထား သည် ကို တွေ့ ရပါ သည်။ ရှင်ပေါ လု က ယင်း ကို တိတု ၃း၅ တွင် “ဒုတိ ယမွေး ခြင်းနှင့် ဆိုင်သော ဆေးကြော ခြင်း အား ဖြင့် ၄င်း၊ သန့် ရှင်း သော ၀ိညာဉ် တော်၏ အ သစ် ပြုပြင် ခြင်း အားဖြင့် ၄င်း၊ ငါတို့ ကို ကယ် တင်တော် မူ၏” ဟု ဖော် ပြ ထား ပါ သည်။ ထိုသို့ အ သစ် ပြုပြင် ခြင်း မှာ၊ သွန် သင် ဘွန်ပြ ခြင်းနှင့် ဆက် နွယ်နေ ရာ၊ သန့် ရှင်း သော ၀ိညာဉ် တော်၏ သွန်သင် ညွန်ပြခြင်း လုပ်ဆောင် ချက်ကို တွေ့ ရ ပါ သည်။သွန် သင်ညွန် ပြခြင်း အားဖြင့် အပြစ်တရား ကို သိမြင် စေပြီး နှလုံး သားကို  ပြောင်းလဲ စေခြင်း ဖြစ်သည်။ ထို့ကြောင့် ၀ိညာဉ် တော် ကို “သမ္မာ တရားကို ပြ သော ၀ိညာဉ် တော်”ဟု ယော ၁၄း ၁၇ တွင် ဖေါ်ပြ ထားသည်။ ခရစ် တော် သည် သမ္မာ တရား ဖြစ်သ ကဲ့သို့  ၀ိညာဉ် တော်သည် လည်း လူသား များအား သမ္မာ ကျမ်း အားဖြင့် လမ်းပြ သွန်သင် မည့် သမ္မာ တရား ဖြစ်ပါ သည်။ ထို့ကြောင့် နှုတ်က ပတ်တော် အား ပေးသ နားခြင်း သည် သန့်ရှင်း သော ၀ိညာဉ် တော်၏ ဘုရား ဆိုင်ရာ လုပ်ဆောင် မှုတစ် ခု ဖြစ်သည်။ ၂တိ ၃း၁၆ တွင် ရှင်ပေါ လုက “ထိုကျမ်း စာရှိ သမျှ သည် ဘုရား သခင် မှုတ် သွင်း တော် မူသော အားဖြင့် ဖြစ်၍ ဘုရား သခင်၏ လူသည် စုံလင် သော သူ၊ ကောင်း သော အမျိုး မျိုး တို့ကို ပြုစု ခြင်းအလို့ ငှာ ပြင် ဆင် သော သူ ဖြစ် မည် အကြောင်း သြ၀ါ ဒ ပေးခြင်း၊ အပြစ် ကို ဘော်ပြ ခြင်း၊ ဖြောင့် မတ် စွာ ပြုပြင် ခြင်း၊ တ ရား ကို သွန် သင်ခြင်း ကျေး ဇူး များကို ပြုတတ် ၏”။ ရှင် ပေတရု ကလည်း “... အနာ ဂတ္တိ စကား သည် လူအ လို အားဖြင့် ဖြစ် ဘူး သည် မဟုတ်၊ ဘု ရား သခင်၏ သန့် ရှင်းသော သူတို့ သည် သန့်ရှင်း သော ၀ိညာဉ် တော် ၏ တိုက် တွန်း တော် မူ ခြင်း ကို ခံ ရ ၍ ဟော ပြော ကြ ၏” ဟု ၂ပေ၊ ၁း၂တွင် ဖော်ပြ ထား သည်။ ကယ် တင် ခြင်းဖြစ် စဉ်တွင် ခမည်း တော်၊ သားတော် နှင့် သန့်ရှင်း သောဝိညာဉ် တော်တို့၏ ကဏ္ဍ အသီး သီးကို ၁ပေ၊ ၁း၂ တွင် “နားထောင် ခြင်း ကျေး ဇူး၊ ယေရှု ခရစ် ၏ အ သွေးတော် နှင့် ဖြန်းခြင်း ကျေးဇူး ကို ခံ ရ မည်အ ကြောင်း ၀ိညာဉ် တော် အားဖြင့် သန့်ရှင်း ခြင်းသို့ ရောက်၍ ခမည်း တော် ဘုရား သခင်၏ အနာ ဂတံသ ဥာဏ်တော်အတိုင်း ရွေးကောက် တော်မူ သော သူတည်း ဟူသော ” ဟူ၍ ဖေါ်ပြ ထားသည်။ ကယ် တင်ခြင်း အမှုကို ပြုသော ၀ိညာဉ် တော် သည် သခင် ယေရှု ကို သေခြင်း မှ ထမြောက် စေ သကဲ့သို့ ဘုရား သခင် သည် ၀ိညာဉ် တော်အား ဖြင့် ကျွန်ုပ် တို့ကို ထမြောက် စေသည်။ (ရောမ ၈း၁၁) “ထိုမျှ မက ယေရှု ကို သေခြင်း မှ ထမြောက် စေတော် မူသော ဘုရား ၏ ၀ိညာဉ် တော် သည် သင်တို့ အထဲ၌ ကျိန်းဝပ် တော်မူ လျှင် ခရစ် တော်ကို သေခြင်း မှထမြောက် စေတော် မူသော ဘုရား သည်သင် တို့အထဲ ၌ ကျိန်းဝပ် သော မိမိ ၀ိညာဉ် တော် အားဖြင့် သေ တတ် သော သင်တို့ ၏ ကိုယ် ကာ ယကို ပင် ရှင်စေ တော် မူ မည်”။ ဤ အ ချက် များအား လုံးက သန့်ရှင်း သော ၀ိညာဉ် တော်၏ ဘုရားဖြစ် ခြင်းကို မီးမောင်း ထိုးပြလျှက် ရှိပါသည်။ သန့်ရှင်း သော ၀ိညာဉ် တော် ဘုရား သည် လူသားတို့ အထဲ ၌ ကျိန်းဝပ် လျက် နေ့စဉ် အသက် ရှင်ခြင်း ၌ သမ္မာ တရာ နှင့် အညီ အသက်ရှင် နေနိုင် ရန် လမ်းပြ ပို့ဆောင် လျှက် ရှိပေသည်။
(ဤ သင် ခန်း စာ သည်၊-မြန်မာနိုင် ငံနှစ်ခြင်း ခရစ် ယာန် အသင်းတော် များအဖွဲ့ ၊ဧ/သ ဌာ န မှ ထုပ် ဝေ ရောင်း ချသော “သန့်ရှင်း သော ၀ိညာဉ် တော် နှင့်ခ ရစ်ယာန် အသက် တာ်” တပည့် တော်ပြု စုရေး လက်စွဲစာ အုပ်မှ ကူးယူ ဖေါ်ပြ ခြင်းဖြစ် ပါသည်။ ဤစာ အုပ်တွင် ၀ိညာဉ် တော်နှင့် ဆိုင်သော သမ္မာကျမ်း စာ၊ သင်ခန်း စာ(၅) ခန်းပါ ၀င်ပါ သည်။ မိတ်ဆွေ များအ နေဖြင့် ၀ယ်ယူ လိုပါ က မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်း တော် များ အဖွဲ့ချုပ်၊ ဧ/သဌာန သို့ ၀ယ် ယူအား ပေးနိုင် ပါသည်။ တစ် အုပ် လျှင် ၅၀၀ ကျပ် ဖြစ်ပါ သည်။)
မှတ်ချက်။
ဖုန်း၊-၀၁-၂၁၁၂၇၈ သို့မှ ဆက်သွယ် စုံ စမ်းနိုင် ပါသည်။
Related Posts Plugin for WordPress, Blogger...