● ကယ်တင်ခြင်း ပေးသော ယုံကြည်ခြင်း ...

အဓိကကျမ်းချက်များ။
ယော ၃း ၁၆၊ လု ၁၃း ၂၃ - ၂၅၊ ရော မ ၁၀း ၉ - ၁၃၊ ရော မ ၃း ၂၁- ၂၈။

နိဒါန်း။
ဘု ရား သ ခင် ရဲ့ နိုင် ငံ တော် ထဲ ကို ၀င် ရောက် ဖို့ အ တွက် ၊ ဒု တိ ယ အ ရေး ပါ တဲ့ အ ခြေ အ နေ က တော့ ကယ် တင် ခြင်း နဲ့ ဆိုင် တဲ့ ယုံ ကြည် ခြင်း ပဲ ဖြစ် ပါ တယ်။ ကယ် တင် ခံ ရ ဖို့ နဲ့ ခရစ် တော် ရဲ့ တ ပည့် တော် အ ဖြစ် ခ ရစ် တော် ရဲ့ နောက် တော် ကို စ ပြီး လိုက် ဖို့ က တော့ ကျွန်ုပ် တို့ ယုံ ကြည် ခြင်း ရှိ ဖို့ ပဲ ဖြစ် ပါ တယ်။ ကျွန်ုပ် တို့ ဟာ အ ပြစ် သား တွေ ဖြစ် တယ် လို့ ယုံ ကြည် ရ မယ်၊ ခ ရစ် တော် ဟာ ကျွန်ုပ် တို့ ရဲ့ အ ပြစ် တွေ အ တွက် သူ့ ရဲ့ အ သွေး ကို သွန်း လောင်း ပြီး၊ အ သေ ခံ တာ ကို ယုံ ကြည် ရ မှာ ဖြစ် ပါ တယ်။ ဒီ အ ပြင် ကျွန်ုပ် တို့ ရဲ့ အ ပြစ် တွေ အ တွက် နောင် တ ရ ခြင်း ရှိ ရ မယ်၊ အဲ ဒီ အ ပြစ် တွေ ကို ခွင့် လွှတ် ပေး ဖို့ လည်း ဘု ရား သ ခင် ထံ တော် ပါး မှာ တောင်း ခံ ရ ပါ မယ်။ ပြီး တော့ ခ ရစ် တော် ထံ ပါး မှာ “ကျွန်ုပ် ဟာ အ ပြစ် သား ပါ” လို့ ဒူး ထောက် ၀န် ခံ အ ညံ့ ခံ ပုံ အပ် ပြီး၊ ကိုယ် တော် ကို မိ မိ တို့ ရဲ့ သ ခင် ၊ ကယ် တင် ရှင် အ ဖြစ် လက် ခံ ရ ပါ မယ်။

ကယ်တင်ခြင်းနှင့်ဆိုင်သောယုံကြည်ခြင်းဆိုတာဘာလဲ။
ကယ် တင် ခြင်း ဆီ သို့ ပို့ ဆောင် ပေး တဲ့ ယုံ ကြည် ခြင်း လို့ ဆို လို တာ ဖြစ် ပါ တယ်။ အောက် ဖေါ် ပြ ပါ အ ခြေ အ နေ တွေ ဖြစ် လာ ပြီ ဆို ယင် ဒီ ယုံ ကြည် ခြင်း ရှိ လာ ပြီ လို ပြော လို့ ရ ပါ တယ်။

-သင့် ဘ ၀ အ သက် တာ ကို ဘု ရား သ ခင် ထံ ဆက် ကပ် အပ် နှံ တတ် လာ ခြင်း (ဆာ ၃၇း ၅)
-ခ ရစ် တော် ကို ယုံ ကြည် လက် ခံ လာ ခြင်း (ယော ၃း ၁၅)
-သင့် နှ လုံး သား နဲ့ နာ ခံ တတ် လာ ခြင်း ( ရော ၆း ၁၇)
-နှုတ် နဲ့ မ က နှ လုံး သား နဲ့ ယုံ ကြည် လာ ခြင်း (ရော ၁၀း ၉- ၁၀)
-သ မ္မာ ကျမ်း စာ ဟာ ဘု ရား ရဲ့ နှုတ် က ပတ် တော် ဖြစ် ကြောင်း ယုံ ကြည် လာခြင်း (၂တိ ၃း ၁၆ -၁၇)
-ဘု ရား သ ခင် အား ယုံ ကြည် ကိုး စား ခြင်း (ဟေဗြဲ ၂း ၁၃)
-သင့် အ သက် ထဲ ခ ရစ် ကို ခေါ် ဖိတ် လာ ခြင်း (ဗျာ ၃း ၂၀)

ဒုတိယတစ်ဖန်မွေးဖွားခြင်းရဲ့အဓိပ္ပါယ်။
“လူ မည် သည် ကား ခ ရစ် တော် ၌ ရှိ လျှင် ၊အ သစ် ပြု ပြင် သော သ တ္တ ၀ါ ဖြစ် ၏။ ဟောင်း သော အ ရာ တို့ သည် ပြောင်း လဲ ၍ ခပ် သိမ်း သော  အ ရာ တို့ သည် အ သစ် ဖြစ် ကြ ပြီ။” (၂ ကော၊ ၅း ၁၇)။
ငြိမ် သက် ခြင်း ၏ အ ရှင် ဘုရား သ ခင် ကိုယ် တော် တိုင် လည်း၊ သင် တို့ ကို အ ကုန် အ စင် သန့် ရှင်း စေ တော် မူ ပါ စေ သော။ ငါ တို့ သ ခင် ယေ ရု ကြွ လာ တော် မူ သော အ ခါ ၊ သင် တို့ ၏ ကိုယ် ခန္ဓာ ၊ စိတ် ၊ ၀ိညာဉ်  အ ပေါင်း ကို အ ပြစ် တင် ခွင့် နှင့် ကင်း လွတ် စေ ခြင်းငှာ စောင့် မ တော် မူ ပါ စေ သော။ (၁ သက်၊ ၅း ၂၃)။
ဒီ ကျမ်း ချက် က ကျွန်ုပ် တို့ ထဲ မှာ ခန္ဓာ ၊ စိတ် ထက် ပို ပြီး ရှိ နေ တယ် ဆို တာ အ ရှင်း ဖေါ် ပြ ထား ပါ တယ်။ ခန္ဓာ ဆို တာ က တော့ ကျွန်ုပ် တို့ ရဲ့ ရုပ် နဲ့ ဆိုင် တဲ့ အ ပိုင်း ပေါ့။ စိတ် (Soul) ဆို တာ က တော့ ကျွန်ုပ် တို့ ရဲ့ အ သိ တ ရား  (Mind) ၊ ကျွန်ုပ် တို့ ရဲ့ ဆန္ဒ နဲ့ စိတ် ခံ စား မှု စိတ် လှုပ် ရှား မှု (Emotion) တွေ ကို ဦး ဆောင် ပေး ပါ တယ်။ ဒါ ကြောင့် Watchman က ကျွန်ုပ် တို့ ရဲ့ စိတ် လှုပ် ရှား မှု တွေ က ကျွန်ုပ် တို့ ဘာ ခံ စား နေ ရ ကြောင်း ကို ဖေါ် ပြ ပါ တယ်။ ကျွန်ုပ် တို့ ဘာ စဉ်း စား နေ ကြောင်း ကို အ သိ တ ရား က ပြော ပြ ပြီး၊ ကျွန်ုပ် တို့ ရဲ့ ဆန္ဒ က တော့ ကျွနု အ လို ရှိ နေ တဲ့ အ ရာ တွေ နဲ့ ဆက် သွယ် ပေး လျှက် ရှိ ပါ တယ် လို့ ဆို ပါ တယ်။
လူ တစ် ဦး ဟာ ၀ိညာဉ် (Spirit) နဲ့ မွေး ဖွား လာ သည့် တိုင်၊ သူ့ ရဲ့ စိတ် က သူ့ ရဲ့ အ သက် တာ တစ် ခု လုံး ကို စိတ် ဆို တဲ့ (Soul) က ပဲ လွှမ်း မိုး ချယ် လှယ် ထား ပါ တယ်။ ဒါ ကြောင့် လူ ဟာ မိ မိ တို့ ရဲ့ ပင် ကိုယ် စိတ် နဲ့ ပဲ အ ခြေ အ နေ အ ရပ် ရပ် ကို အ ကဲ ဖြတ် ၊ တက် လှမ်း ၊ကောက် ချက် ချ လေ့ ရှိ တတ် ကြ ပါ တယ်။ သူ့ ရဲ့ စိတ် ခံ စား မှု အ တွက် ပဲ အ လေး ထား ထည့် သွင်း စဉ်း စား ဆင် ခြင် ကြ သ လို သူ့ အ သက် တာ တစ် ခု လုံး ကို လည်း အဲ ဒီ (Soul) ဆို တဲ့ စိတ် ရဲ့ အုပ် ချုပ် မှု အောက် မှာ ပဲ ထား ကြ ပါ တယ်။ ဒါ ကြောင့် လူ ဟာ ကိုယ့် အ သိ စိတ် (Mind) မှာ ဖြစ် ပေါ် လာ တဲ့ အ ခြေ အ နေ တွေ (သို့ မ ဟုတ် ) မိ မိ စိတ် ခံ စား မှု က လို လား တောင်း တ တဲ့ ရ လဒ် တွေ ၊ တစ် ခါ တစ် ရံ ဒီ ဆေ့ ဆော် မှု နှစ် ခု စ လုံး ပေါင်း ပြီး ရ လာ တဲ့ ရ လဒ် ပေါ် မူ တည် ပြီး ကိုယ် ပိုင် ဆုံး ဖြတ် ချက် တွေ ချ ကြ ပါ တယ် လို့ Colin Urquhart က ဆို ပါ တယ်။
ဒါ ကြောင့် ကျွန်ုပ် တို့ အ နေ နဲ့ ဒု တိ ယ မွေး ဖွား ခြင်း မ တိုင် ခင် အ သက် တာ ဟာ စိတ် ဆို တဲ့ (Soul) နဲ့ ရုပ် ခန္ဓာ (Body) ရဲ့ နယ် န မိတ် ထဲ က အ သိ စိတ် နဲ့ စိတ် ခံ စား မှု အောက် (Inner being ) မှာ ပဲ အ သက် ရှင် လှုပ် ရှား သွား လာ နေ ထိုင် ကြ ရ ပါ တယ်။  တ နည်း ပြော ရ ယင် ကျွန်ုပ် တို့ ရဲ့ မွေး က ထဲ က ပါ လာ တဲ့ ခန္ဓာ ၊ စိတ် ၊ ၀ိညာဉ် (၃) ခု ထဲ မှာ ခန္ဓာ နဲ့ စိတ် ပဲ သက် ၀င် လှုပ် ရှား ပြီး၊ အ ရေး ကြီး တဲ့ ၀ိညာဉ် က တော့ သက် ၀င် လှုပ် ရှား မှု မ ရှိ ပဲ သေ နေ ခဲ့ ပါ တယ် (၀ိညာဉ် နဲ့ ဆိုင် တဲ့ ရည် ရွယ် ချက် နဲ့ လုပ် ဆောင် မှု များ အ သက် မဲ့ နေ ခြင်း)။ ဒါ ကြောင့် ၀ိညာဉ် ပိုင်း ဟာ လှုပ် ရှား မှု မဲ့ ပြီး၊ ကျွန်ုပ် တို့ ရဲ့ လုပ် ဆောင် မှု တွေ ၊ ဆုံး ဖြတ် ချက် တွေ ၊ အ ကြံ အစည် တွေ အ ပေါ် ဘာ အ ကျိုး သက် ရောက် မှု မ ပေး စွမ်း နိုင် ခဲ့ ပါ ဘူး၊ အဲ ဒါ အ ပြစ် ကြောင့် ဖြစ် ပါ တယ်။(ဧဖက် ၂း ၁- ၂)။
ဒါ ကြောင့် ဒု တိ ယ မွေး ဖွား ခြင်း ဆို တာ အ ပြစ် ကြောင့် သေ နေ တဲ့ ကျွန်ုပ် တို့ ရဲ့ အ နက် ရှိုင်း ဆုံး အ တွင်း ထဲ က နယ် ပယ် ဖြစ် တဲ့ ၀ိညာဉ် ပြန် လည် အ သက် ရှင် သန် လာ ခြင်း ကို ဆို လို တာ ဖြစ် ပါ တယ်။ ဘု ရား သ ခင် ရဲ့ ၀ိညာဉ် တော် အား ဖြင့် အ သက် ရှင် ဖို့ ပြု ပြင် ခြင်း ခံ ရ တဲ့ အ ခါ “ကျွန်ုပ် တို့ ဟာ ခန္ဓာ ၊ စိတ် ၊ ၀ိညာဉ် စ တဲ့ (၃) မျိုး စ လုံး နဲ့ အ သက် ရှင် ရပ် တည် တဲ့ သူ တွေ” ဖြစ် လာ ပြီး၊  ခန္ဓာ ၊ စိတ် ၊ ၀ိညာဉ် (၃) မျိုး စ လုံး နဲ့ အ သက် ရှင် ခြင်း ရဲ့ စစ် မှန် တဲ့ အ ဓိ ပ္ပါယ် ကို လည်း နား လည် သ ဘော ပေါက် သွား ပါ လိမ့် မယ် (ကမ္ဘာ ၅း ၁၆ -၂၅၊ ရောမ ၈း ၉- ၁၄၊ ယောဟန် ၃း ၃- ၈)။
ဒါ ကြောင့် ခ ရစ် တော် က ဒု တိ ယ မွေး ဖွား ခြင်း မ ခံ တဲ့ သူ ဟာ ကောင်း ကင် နိုင် ငံ တော် ကို မ မြင် ရ ဘူး လို့ သွန် သင် ထား ပါ တယ်။ ကောင်း ကင် နိုင် ငံ တော် ကို မြင် ဖို့ ဆို တဲ့ အ ဓိ ပ္ပါယ် က ၊ ဘု ရား သခင် အ မှန် တ ကယ် ရှိ ကြောင်း ကိုယ် တိုင် ကြုံ တွေ့ သိ ကျွမ်း ခြင်း ၊ ဘု ရား ရဲ့ မေတ္တာ နဲ့ ခွင့် လွှတ် ခြင်း ကို သိ နား လည် ခြင်း ၊ ကိုယ့် အ သက် တာ ထဲ မှာ ဘု ရား သ ခင် ကိုယ် တော် တိုင် သန့် ရှင်း သော ၀ိညာဉ် တော် အား ဖြင့် ၀င် ရောက် ပြီး ဘု ရား တန် ခိုး အား ဖြင့် အ သက် ရှင် ခြင်း ဖြစ် ပါ တယ်။

ယုံကြည်ခြင်းဟာဘုရားပေးတဲ့လက်ဆောင်မွန်ပါ။
“ယုံ ကြည် သော အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ခြင်း သို့ ရောက် ရ၏။ ကိုယ် အ လို အ လျှောက် ရောက် သည် မ ဟုတ်၊ ဘုရား သခင် သ နား တော် မူ ရာ ဖြစ် သ တည်း။ ကိုယ် ကု သိုလ် ကြောင့် ကယ် တင် ခြင်း သို့ ရောက် သည် မ ဟုတ်၊ သို့ ဖြစ် ၍ အ ဘယ် သူ မျှ ၀ါ ကြွား စရာ အ ခွင့် မ ရှိ” (၂ကော၊ ၂း ၈- ၉)။
ကျွန်ုပ် တို့ ဟာ ဘု ရား ကို ယုံ ကြည် လို့ ရ တဲ့ အ စွမ်း အစ နဲ့ မွေး ဖွား လာ ကြ တဲ့ သူ တွေ မဟုတ် ကြ ပါ ဘူး။ ဒီ ယုံ ကြည် ခြင်း ဟာ သန့် ရှင်း သော ၀ိညာဉ် တော် ဆီ က လာ တဲ့ ယုံ ကြည် ခြင်း ဖြစ် သ လို ဘု ရား သ ခင် ထံ ပြန် လှည့် ဖို့ ကျွန်ုပ် တို့ ရဲ့ အ သက် တာ ထဲ မှာ လာ ပြီး အ လုပ် လုပ် ပေး တဲ့ ပုဂ္ဂိုလ် လည်း ဖြစ် ပါ တယ်။ အဲ ဒီ သန့် ရှင်း သော ၀ိညာဉ် တော် က ကျွန်ုပ် တို့ အ သက် တာ ထဲ လာ ပြီး လုပ် ဆောင် ပေး တာ ကို ကျွန်ုပ် တို့ အ နေ နဲ့ တုန့် ပြန် ပြီး နား ထောင် တဲ့ အ ခါ ၊ ကယ် တင် ခြင်း နဲ့ ဆိုင် တဲ့ ယုံ ကြည် ခြင်း ရ ရှိ ဖို့ ကျွန်ုပ် တို့ ရဲ့ နှ လုံး သား တံ ခါး တွေ ပွင့် သွား တဲ့ အ ပြင် ၊ ဘု ရား သ ခင် ကို ကိုး စား လာ ပြီး၊ ခ ရစ် တော် ကို လည်း ကျွန်ုပ် တို့ ရဲ့ ကယ် တင် ပိုင် ရှင် အ ဖြစ် ယုံ ကြည် လာ ပါ တယ်။

ကယ်တင်ခြင်းစိတ်ချမှု။
ကျွန်ုပ် တို့ ရဲ့ အ သက် ရှင် မှု တွေ အား လုံး ဟာ ကိုယ့် ရဲ့ စိတ် ခံ စား မှု တွေ အ ပေါ် မှာ အ ခြေ ခံ မှီ ခို မ နေ တော့ ပဲ ၊ အောက် ဖေါ် ပြ ပါ အ ချက် တွေ အ ပေါ် မှာ သာ အ ခြေ ခံ မှီ ခို အ သက် ရှင် လာ ပါ တယ်။
ဘု ရား သခင် ရဲ့ နှုတ် က ပတ် တော် က ကျွန်ုပ် တို့ ကို ဘာ ပြော ထား လဲ ဆို တော့
“ငါ အ မှန် အ ကန် ဆို သည် ကား ငါ့ စကား ကို နား ထောင် ၍ ငါ့ ကို စေ လွှတ် တော် မူ သော သူ ကို ယုံ ကြည် သော သူ သည် ထာ ၀ ရ အ သက် ကို ရ သည် ဖြစ် ၍ အ ပြစ် စီ ရင် ခြင်း ကို မ ခံ ရ။ သေ ခြင်း မှ အ သက် ရှင် ခြင်း သို့ ကူး မြောက် သော သူ ဖြစ် ၏ (ယောဟန် ၅း ၂၄)။ ဆက် ဖတ် ရန် …
(ဟေဗြဲ ၁၃း ၅၊ ယော ဟန် ၆း ၃၇၊ ရော မ ၈း ၃၈ - ၃၉၊ တိ တု ၁း ၂၊ ယော ဟန် ၁၀း ၂၈- ၂၉)။


ကျွန်ုပ် တို့ အ သက် တာ ထဲ သန့် ရှင်း သော ၀ိညာဉ် တော် ရဲ့ သက် သေ ခံ မှု များ
“ဘု ရား သ ခင် ၏ ၀ိညာဉ် တော် ဆုံး မ ပဲ့ ပြင် တော် မူ သ မျှ သော သူ တို့ သည် ဘု ရား သ ခင် ၏ သား ဖြစ် ကြ ၏။ အ ကြောင်း မူ ကား သင် တို့ သည် တစ် ဖန် ကြောက် ရွံ့ တတ် သော ကျွန် သ ဘော ကို ရ ကြ သည် မ ဟုတ်၊ အ ဗ္ဗ အ ဘ ဟု ခေါ် ရ သော အ ခွင့် နှင့် သား ဖြစ် ခြင်း ၏ သ ဘော ကို ရ ကြ ပြီ။ ငါ တို့ သည် ဘု ရား သခင် ၏ သား ဖြစ် ကြ သည် ဟု ၀ိညာဉ် တော် သည် ငါ တို့ ၏ ၀ိညာဉ် နှင့် အ တူ သက် သေ ခံ တော် မူ ၏ (ရော မ ၈း ၁၄- ၁၆)။ ဆက် ဖတ် ရန် … (၁ ယော ၃း ၂၄)။

အပြစ်သားရဲ့ဆုတောင်းချက်။
သင့် ရဲ့ အ ပြင် တွေ ခွင့် လွှတ် ပေး စေ ချင် ယင်၊ ဘု ရား ရဲ့ သား သ မီး ၊ ခရစ် တော် ရဲ့ တ ပည့် တော် ဖြစ် ချင် တယ် ဆို ယင် ဒီ လို ရိုး ရိုး လေး ဆု တောင်း နိုင် ပါ တယ်။
“ သ ခင် ဘု ရား … ကျွန်ုပ် ဟာ အ ပြစ် သား ပါ … ကျွန်ုပ် ရဲ့ အ ပြစ် တွေ အ တွက် ခ ရစ် တော် အ သေ ခံ ခဲ့ တယ် ဆို တာ ကျွန်ုပ် ယုံ ကြည် ပါ တယ် … ကျွန်ုပ် ခံ ယူ ပေး ဆပ် ရ မဲ့ ပြစ် ဒဏ် တွေ အ တွက် ခ ရစ် တော် ကိုယ် တိုင် လက် ၀ါး ကား တိုင် ပေါ် မှာ ပေး ဆပ် ပြီး ဖြေ ရှင်း ပြီး ပါ ပြီ။ ကျွန်ုပ် နောင် တ ရ ပါ ပြီ … ကျွန်ုပ် ရဲ့ အ ပြစ် တွေ ကို ခွင့် လွှတ် ပေး ဖို့ အ သ နား ခံ ပါ တယ် … ကျွန်ုပ် ရဲ့ အ သက် တာ အား လုံး ကို ကိုယ် တော့ ထံ ပုံ အပ် ပါ တယ် … ခ ရစ် တော် ဟာ ကျွန်ုပ် ဘ ၀ ရဲ့ သ ခင် ၊ ကယ် တင် သော အ ရှင် ဖြစ် ပါ တယ်။ ကိုယ် တော့ ရဲ့ ပညာတ် ချက် တွေ ကို စောင့် ထိန်း သွား ပါ တော့ မယ်။ ကိုယ် တော် အား ရ နှစ် သက် တဲ့ အ သက် တာ နဲ့ အ သက် ရှင် ပါ တော့ မယ်။ ခ ရစ် တော် ရဲ့ အ သွေး တော နဲ့ ဆေး ကြော ပေး လို့ ကျွန်ုပ် ဟာ ဘု ရား ရဲ့ သား သ မီး ဖြစ် ရ ပါ ပြီ၊ ခ ရစ် တော် ရဲ့ တပည့် တော် လည်း ဖြစ် ခွင့် ရ ပါ ပြီ။ ကျေး ဇူး တင် ပါ တယ် … အာ မင်…
သင် ဒီ လို ဆု တောင်း ပြီး … ကယ် တင် ခြင်း နဲ့ ဆိုင် တဲ့ နှုတ် က ပတ် တော် တွေ ကို လည်း ဖတ် ပြီး တစ် ယောက် ယောက် ကို ကျွန်ုပ် ခ ရစ် ယာန် ဖြစ် သွား ပြီ လို့ ပြော ပြီး သက် သေ ခံ ပါ။ သင် ကျူး လွန် ခဲ့ တဲ့ အ ပြစ် တွေ အ တွက် သင့် နှုတ် က နေ ဘု ရား သ ခင် ထံ ၀န် ခံ ဖို့ လို ပါ တယ်။
(ရော ၁၀း ၉ -၁၀)။ “အ ဘယ် သို့ နည်း ဟူ မူ ကား ၊ သင် သည် သ ခင် ယေ ရှု ကို နှုတ် ဖြင့် ၀န် ခံ ၍ ဘု ရား သ ခင် သူ သူ့ ကို သေ ခြင်း မှ ထ မြောက် စေ တော် မူ ပြီ ဟု စိတ် နှ လုံး ထဲ ၌ ယုံ ကြည် လျှင် ကယ် တင် ခြင်း သို့ ရောက် လိမ့် မည်။ ဖြောင့် မတ် ရာ သို့ ရောက် ခြင်း ငှာ စိတ် နှ လုံး ဖြင့် ယုံ ရ ၏။

ဒီ လို ဒု တိ ယ မွေး ဖွား ခြင်း ပြီး တဲ့ အ ခါ ခရစ် တော် ရဲ့ တ ပည့် တော် အ သစ် တစ် ဦး အ နေ နဲ့ ကြီး ထွား ရှင် သန် ဖို့ အ ခြား သူ များ ရဲ့ အ ကူ အ ညီ လည်း လို အပ် ပါ သေး တယ်။ ဘယ် သူ မှ ကိုယ့် တစ် ဦး တည် သီး သန့် ရပ် တည် လို့ မ ရ ပါ ဘူး။ သ တိ ရ ဖို့ က ကယ် တင် ခြင်း ဆို တာ ၀မ်း မြောက် စ ရာ အ ကြောင်း ဖြစ် သ လို သင့် ရဲ့ အ သက် တာ တစ် ခု လုံး ဟာ လည်း ထာ ၀ ရ အသက် ရှင် ခြင်း သို့ လုံး ၀ ပြောင်း လဲ ခြင်း ခံ လိုက် ရ ပါ ပြီ ဆို တာ ပါ ပဲ မိတ် ဆွေ။

မေးခွန်းများနှင့်ဆွေးနွေးရန်အချက်များ။
၁။       သင် ဘယ် လို ခ ရစ် ယာ န် တစ် ယောက် ဖြစ် သွား ရ တာ လဲ လို့ တစ် ဦး ဦး က မေး ယင်၊ သူ တို့ နား လည် အောင် ဘယ် လို ပြော ပြ မ လဲ။
၂။       ခ ရစ် ယာန် လူ သစ် တစ် ဦး အ တွက် သင် ဘယ် လို သူ့ ကို အာ မံ ခံ ချက် တွေ ပေး မှာ လဲ။
၃။       ခ ရစ် တော် ကို သင့် ရဲ့ သ ခင် ၊ ကယ် တင် ရှင် အ ဖြစ် လက် ခံ လိုက် တာ နဲ့ တစ် ပြိုင် နက် ဘာ ဖြစ် ခွင့် ရ ပါ သ လဲ။
၎။       သ မ္မာ ကျမ်း စာ ဟာ ဘု ရား သခင် ရဲ့ နှုတ် က ပတ် တော် ဖြစ် ကြောင်း ယုံ ကြည် ဖို့ ဘာ တွေ က အ ရေး ကြီး ပါ သ လဲ။ (ကယ် တင် ခြင်း နှင့် ဆိုင် သော ယုံ ကြည် ခြင်း အ ကြောင်း အ ရာ နဲ့ ပတ် သက် ပြီး ဆွေး နွေး ရန်)
၅။       လူ တိုင်း ကယ် တင် ခြင်း ရ ဖို့ လို ကြောင်း မ သိ ရ လေ အောင် ဖုံး ကွယ် ထား တဲ့ အ ဓိ က အ ချက် က ဘာ လဲ (၂ ကော ၄း၎)။
၆။       ဘု ရား သ ခင် ရဲ့ လမ်း တော် နဲ့ လူ့ ရဲ့ လမ်း ခြား နား ချက် ကို ဆွေး နွေး ရန်။
၇။       ကယ် တင် ခြင်း ဟာ လမ်း ဆုံး လား ၊ ဒါ မှ မ ဟုတ် အ စ လား ဆွေး နွေး ရန်။


ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

● ခ ရစ် တော် ၏ အ သွေး တော် ...

အ ဓိ က ကျမ်း ချက် များ ။

ယော ၆း ၅၃- ၅၇ ၊ ၁ ယော ၁း ၇ ၊ ဟေ ၉း ၁၁- ၂၈၊ ၀တ် ပြု ၁၇း ၁၁ ၊ ၁ ပေ ၁း ၁၈ -၂၀။


ခ ရစ် တော် ရဲ့ အ သွေး တော် က ကျွန်ုပ် တို့ ကို ဘာ များ လုပ် ပေး ပါ သ လဲ။
(၁)     (၁)ခ ရစ် တော် ရဲ့ အ သွေး တော် အား ဖြင့် ကျွန်ုပ် တို့ ကို လွတ် မြောက် ခြင်း ရ စေ ခဲ့ ပါ တယ်။ ဘယ် က နေ လွတ် မြောက် ရ တာ လဲ။ မာ နတ် ဆိုး ရဲ့ လက် မဲ ကြီး နဲ့ သူ့ ရဲ့ စွမ်း အား တန် ခိုး တွေ က နေ ကျွန်ုပ် တို့ လွတ် မြောက် ခွင့် ရ ခဲ့ ပါ တယ် ( ဧ ဖက် ၁း ၇ ၊ ဟေ ဗြဲ ၈း ၁၂)။
(၂)     ခ ရစ် တော် ရဲ့ အ သွေး တော် အား ဖြင့် ကျွန်ုပ် ၀န် ချ တောင်း ပန် တဲ့ ကျွန်ုပ် တို့ ရဲ့ အ ပြစ် တွေ အား လုံး ခွင့် လွှတ် ခြင်း အ ခွင့် ရ ရှိ စေ ခဲ့ ပါ တယ်။ ခ ရစ် တော် ရဲ့ အ လင်း တ ရား ထဲ မှာ ခ ရစ် တော် နဲ့ အ တူ ကျွန်ုပ် တို့ လျှောက် လှမ်း ခြင်း ဖြင့် ၊ ခ ရစ် တော် ရဲ့ အ သွေး တော် က ကျွန်ုပ် တို့ ရဲ့ အ ပြစ် ရှိ သ မျှ ကို အစဉ် မ ပြတ် ဆေး ကြော ပေး နေ ပါ တယ် ( ၁ ယော ၁း ၇- ၉)။
(၃)     ခ ရစ် တော် ရဲ့ အ သွေး တော် အား ဖြင့် ကျွန်ုပ် တို့ ကို တ ရား မျှ တ တဲ့ သူ ၊ ဖြောင့် မတ် တဲ့ သူ တွေ အ ဖြစ် ပြု လုပ် ပြောင်း လဲ ပေး ပြီး၊ အ ပြစ် နဲ့ ကင်း တယ် လို့ သတ် မှတ် ခြင်း ခံ ရ ပါ တယ်။ ဘာ ကြောင့် လဲ့ ဆို တော့ ခရစ် တော် ရဲ့ ဖြောင့် မတ် ခြင်း ၀တ် လုံ နဲ့ ကျွန်ုပ် တို့ ကို ၀တ် ခြုံ ပေး လိုက် လို့ ပါ ပဲ (ရော ၅း ၉)။ ခ ရစ် တော် ကို အ မှန် တ ကယ် ယုံ ကြည် ကိုး စား တဲ့ သူ တစ် ယောက် ဟာ ခ ရစ် တော် အား ဖြင့် ဘ ၀ အ သက် ရှင် မှု ပုံ စံ ၊ စိတ် နေ သ ဘော ထား ၊ ကျင့် ကြံ ပြု မူ လုပ် ဆောင် မှု ရှိ သ မျှ ပြောင်း လဲ သွား ပြီး၊ မိ မိ သ ဘော ဆန္ဒ အ လျောက် အ သက် မ ရှင် တော့ ပဲ၊ ခ ရစ် တော် အား ဖြင့် သာ ဘ ၀ ကို သက် ဆုံး တိုင် အောင် အ သက် ရှင် ရပ် တည် သွား ပါ တယ် (၂ ကော ၅း ၁၂)။
(၄)     ခ ရစ် တော် ရဲ့ အ သွေး တော် အား ဖြင့် ဘု ရား သ ခင် ရဲ့ ကျေး ဇူး ဂ ရု ဏာ နဲ့ ကူ ညီ မ စ မှု တောင်း ခံ ဖို့ ၊ ဘု ရား သ ခင် ရဲ့ ရှေ့ တော် မှောက် ကို ခ စား ခွင့် ရ ပါ တယ်။ အ ထူး သ ဖြင့် ၊ ဘု ရား သ ခင် ရဲ့ ကျေး ဇူး ဂ ရု ဏာ တော် နဲ့ ကူ ညီ မ စ မှု တွေ ကို အ ချိန် နှင့် တ ပြေး ညီ ရ ဖို့ ပေါ့ (ဟေ ဗြဲ ၁၀း ၁၉ - ၂၀)။
(၅)     ခ ရစ် တော် ရဲ့ အ သွေး တော် အား ဖြင့် ကျွန်ုပ် တို့ ဟာ သန့် ရှင်း သည့် ဘ ၀ ကို ရ ရှိ ခံ စား ရ သ လို၊ ဘု ရား ရဲ့ သန့် ရှင်း တဲ့ အ စိတ် အ ပိုင်း ဖြစ် စေ ပါ တယ် (ဟေ ဗြဲ ၁၃း ၁၂ )။
(၆)     ခ ရစ် တော် ရဲ့ အ သွေး တော် အား ဖြင့် ကျွန်ုပ် တို့ ရဲ့ မိ မိ ကိုယ် ကို သိ တဲ့ “သိ စိတ်” (conscience) ထဲ က ဆိုး ညစ် တာ တွေ အား လုံး ပ ပျောက် ပြီး၊  သန့် ရှင်း သွား တယ် ၊ ခန္ဓာ ၊ စိတ် ၊အ သိ ဥာဏ် နဲ့ ၀ိညာဉ် အား လုံး ဘာ ချည် နှောင် မှု မှ မ ရှိ တော့ ပဲ ခရစ် တော် အ တွက် အ စေ ခံ ဖို့ လုံး လုံး နေ ရာ လွတ် ကြီး ဖြစ် သွား စေ ပါ တယ် (ဟေ ဗြဲ ၉း ၁၄၊ ၂တိ ၁း ၇)။
(၇)     ဒါ ကြောင့် သိုး သူ ငယ် ရဲ့ အ သွေး တော် အား ဖြင့် မာန် နတ် ဆိုး အ ပေါ် အ နိုင် ယူ တဲ့ သူ တွေ ၊ သူ့ ရဲ့ ရန် က နေ ကျော် လွှား အောင် မြင် ခွင့် ရ သူ တွေ၊  သေ ခံ ရ မယ် ဆို ယင် တောင် ကိုယ့် အ သက် ကို မ နှ မျော ပဲ သက် သေ ခံ တဲ့ သူ တွေ ဖြစ် စေ ပါ တယ် (ဗျာ ၁၂း ၁၁)။


ဘာ ကြောင့် အ သွေး က ဒီ လို ဖြစ် စေ ရ တာ လဲ။
ဓမ္မ ဟောင်း ကျမ်း စာ ထဲ မှာ၊ အ ကြီး ဆုံး ယဇ် ပု ရော ဟိတ် က တစ် နှစ် တစ် ကြိမ် တိ ရိတ္ဆန် တစ်
ကောင် ရဲ့ အ သွေး ကို ပျက် ဖြန်း ပူ ဇော် ဖို့  ဘု ရား သ ခင် ရဲ့ ရှေ့ တော် မှောက် လို့ သတ် မှတ် ထား တဲ့ ပ ဋိ ညာဉ် သေ တ္တာ ရှိ တဲ့ သန့် ရှင်း ဆုံး အ ခန်း ထဲ ၀င် ရ ပါ တယ်။ ဒါ က တော့ ဘု ရား ရဲ့ ရှေ့ မှောက် မှာ ပ ဋိ ညာဉ် ပြု ဖို့ လူ မျိုး တစ် မျိုး အ တွက် တစ် နှစ် တာ အ တွင်း ပြု လုပ် မိ ခဲ့ တဲ့ အ ပြစ် တွေ ဖြေ လွှတ် ဖို့ ယာ ယီ ပေး ထား တဲ့ အ ဖြစ် ဖြေ တေင်း ပန် တဲ့ နည်း လမ်း တစ် ခု ဖြစ် ပါ တယ်။ ၀တ် ပြု ၁၇း ၁၁ မှာ ၊- သွေး ရဲ့ အ ရေး ပါ ပုံ ကို ရှင်း ပြ ထား ပါ တယ်။ “အ ကြောင်း မူ ကား ၊ ကိုယ် ခန္ဓာ အ သက် သည် အ သွေး ၌ တည် ၏။ သင် တို့ ပြု သော အ ပြစ် ကို ဖြေ စေ ခြင်း ငှာ ထို အ သွေး ကို သင် တို့ အား ယဇ် ပု လ္လင် ပေါ် မှာ ငါ ပေး ပြီ၊ လူ အ ပြစ် ကို ဖြေ သော အ ရာ ကား အ သွေး ဖြစ် သ တည်း” ဒီ နေ ရာ မှာ မှတ် သား ဖို့ အ ချက် နှစ် ချက် ရှိ ပါ တယ်။ ပထ မ အ ချက် က တော့၊- ပူ ဇော် တဲ့ အ သွေး ဟာ ဘု ရား သ ခင် ယာ ယီ ပေး ထား တဲ့ အ ချက် ပါ ပဲ (ဘု ရား က ကူ ညီ ပြင် ဆင် ပံ့ ပိုး ပေး တဲ့ အ ရာ) “ထို အ သွေး ကို သင် တို့ အား ယဇ် ပု လ္လင် ပေါ် မှာ ငါ ပေး ပြီ”။ ဒု တိ ယ အ ချက် က တော့ “ အ ဖိုး အ ခ ပြန် ပေး ဆပ် ခြင်း” (အ မှား အ တွက်၊ ကျူး လွန် ခဲ့ တဲ့ အ ပြစ် ကြွေး အ တွက် စိတ် ကျေ နပ် ဖို့၊ ပြန် လည် သင့် မြတ် ဖို့ လုပ် ဆောင် ရ ခြင်း ဖြစ် ပါ တယ်)။ အ ပြစ် ဆို တာ က တော့ ပြ ဿ နာ ပါ၊ အ သွေး ဆို တာ က တော့ အ ပြစ် ရဲ့ အ ကျိုး ဆက် ဖြစ် တဲ့ သေ ခြင်း က နေ ပြန် ပြီး ရွေး ယူ ခြင်း ဖြစ် ပါ တယ်။ အ သွေး နဲ့ အ ဖိုး အ ခ ပေး ဆပ် ခြင်း ဆို တာ ကျူး လွန် ခဲ့ တဲ့ အ ပြစ် တွေ ကို ချေ ဖျက် ဖျက် သိမ်း ပေး ခြင်း ဖြစ် ပါ တယ်။ ဒါ ကြောင့် အ ပြစ် အ တွက် ပေး ဆောင် ရ မယ့် အ ဖိုး အ ခ က တော့ အ သက် ပဲ ဖြစ် ပါ တယ်။
ခ ရစ် တော် ယေ ရှု ဟာ အ ပြစ် ကင်း စင် တဲ့ ယဇ် ကောင် အ ဖြစ် ဒီ လော က ကို ဆင်း လာ ပြီး၊ သူ့ ရဲ့ အ သွေး ကို လော က သား အား လုံး ရဲ့ အပြစ် တွေ အတွက် သွန်း ခဲ့ သ လို ၊ အ သက် ကို လည်း စွန့် ခဲ့ ပါ တယ်။ ဒါ ကြောင့် ၊ သူ့ ကို ယုံ ကြည် တဲ့ လူ သား အား လုံး၊ မိ မိ တို့ ပြု မိ ခဲ့ တဲ့ အ ဖြစ် တွေ အ တွက် အ သေ ခံ ဖို့ မ လို တော့ ပါ။ ခ ရစ် တော် က သူ တို့ အ ပြစ် တွေ ကို လုံး ၀ သုတ် သင် ဖယ် ရှား ပေး လိုက် လို့ ပါ ပဲ။ ကိုယ် တော် ဟာ ကျွန်ုပ် တို့ အပြစ် အ တွက် အ ဖိုး အ ခ (လျှော် ကြေး) ကို ဆပ် ပေး ခဲ့ သ လို လက် ၀ါး ကပ် တိုင် မှာ သူ ကိုယ် တိုင် အသေ ခံ အား ဖြင့် ကျွန်ုပ် တို့ ကို ထာ ၀ ရ အ သက် ရ ရှိ စေ ခဲ့ ပါ တယ် (ကော လော၊ ၁း ၁၃- ၁၄)။ ကျွန်ုပ် တို့ အ တွက် ခ ရစ် တော် တစ် ကြိမ် တည်း အ သေ ခံ ဖို့ လို ပါ တယ်၊ အ ကြိမ် ကြိမ် အ သေ ခံ ဖို့ မ လို ပါ ဘူး ၊ အ ကြောင်း က တော့ ၊ လူ သား အား လုံး ရဲ့ အ ပြစ် အ တွက် လျှော် ကြေး ကို ခရစ် တော် ရဲ့ အ သွေး နဲ့ ချ မှတ် ပေး ခဲ့ လို့ ပါ ပဲ။ ဘု ရား သ ခင် ရှေ့ မှောက် မှာ ကျွန်ုပ် တို့ အ ပြစ် မဲ့ တဲ့ သူ တွေ ဖြစ် ဖို့ ဒါ က မ ရှိ မ ဖြစ် တဲ့ အ ဖိုး အ ခ ပါ ပဲ (ဟေ ဗြဲ ၉း ၂၂)။ ဘု ရား က အ ပြစ် အ တွက် အ သက် ပေး ဆပ် ခြင်း မျိုး  နဲ့ တ ရား စီ ရင် သူ ဖြစ် ပေ မဲ့၊ ဒီ အ ပြစ် ဒဏ် ကို ရင် ဆိုင် ရ မဲ့ လူ သား အား လုံး အတွက် သူ့ ရဲ့ တစ် ပါး တည်း သော သား တော် ကို ဒီ လော က ထဲ စေ လွှတ် ပြီး အ သွေး သွန်း ခြင်း၊ အ သက် အ သေ ခံ ခြင်း စ တဲ့ လျှော် ကြေး နဲ့ ပေး ဆောင် စေ ခဲ့ တဲ့ ဘု ရား လည်း ဖြစ် ပါ တယ်။ ဒါ ကြောင့် ဒီ လို လျှော် ကြေး ပေး ဆပ် ခဲ့ တဲ့ ခ ရစ် တော် ယေ ရှု ကို ကိုယ့် ရဲ့ ကယ် တင် ရှင် ၊ အ သက် သ ခင် အ ဖြစ် လက် ခံ ယုံ ကြည် ယင်၊ ခရစ် တော် ပေး တဲ့ လျှော် ကြေး ဟာ ကျွန်ုပ် တို့ အ သက် တာ အ ပေါ် မှာ သက် ရောက် ပြီး ၊ အ မှောင် လော က ထဲ က နေ လွတ် မြောက် ခွင့် ရ သ လို ၊ ဘု ရား သခင် ရဲ့ နိုင် ငံ တော် ထဲ ပါ ၀င် ဆက် ခံ ခွင့် ရ တဲ့ သူ ဖြစ် သွား စေ ပါ တယ်။

ခရစ် တော် ရဲ့ အသွေး တော် က ကျွန်ုပ် တို့ ရဲ့ နေ့ စဉ် အ သက် တာ ကို ဘယ် လို အ ကျိုး သက် ရောက် စေ ပါ သ လဲ။
(၁)     ပုန် ကန် မှု များ အား အောင် မြင် ကျော် လွှား ခြင်း။
          ဂေ သ ရှေ မန် ဥ ယျဉ် အ တွင်း ခ ရစ် တော် ၏ ဆု တောင်း ခြင်း။
          “အ ကျွန်ုပ် အ လို အ တိုင်း မ ဖြစ် ပါ စေ နှင့်၊ ကိုယ် တော် အ လို ရှိ သည် အ တိုင်း ဖြစ် ပါ စေ”
စာ တန် မာ နတ် ရဲ့ ကြီး မား လွန်း လှ တဲ့ ဖိ အား ကြောင့် ကိုယ် တော့ ရဲ့ မျက် နှာ ပေါ် က သွေး ကြော တွေ ဟာ ပေါက် ခဲ့ ရ ပြီး ၊ ချွေး တွေ နဲ့ သွေး တွေ ရော ပြီး မြေ ကြီး ပေါ် တောင် ကျ တဲ့ အ ထိ ခံ စား ခဲ့ ရ ပါ တယ်။ ဒီ အ ဖြစ် အ ပျက် က ဘု ရား သ ခင် ရဲ့ အ လို တော် ကို နေ ငြင်း ပယ် ဖို့ ဆွဲ အား က နေ အ လွတ် ရုန်း နေ ရ ခြင်း ကို ဖေါ် ပြ နေ တာ ဖြစ် ပါ တယ်။ ကျွန်ုပ် တို့ ရဲ့ စိတ် ထဲ မှာ ပေါ် ပေါက် နေ တဲ့ အ လို ဆန္ဒ တွေ ဟာ ဘု ရား သ ခင် ရဲ့ အ လို တော် ကို အ မြဲ ဆန့် ကျင် တတ် ပါ တယ်။ ထိပ် လန့် စိုး ရိမ် မှု တွေ က ကျွန်ုပ် တို့ အ တွင်း ထဲ မှာ အ  လုပ် လုပ် နေ ပါ တယ်။ လူ သား အ စ အာ ဒံ က ထဲ က ကိုယ့် အလို ကို အ ပူ အ ပြင်း လုပ် ဆောင် ခဲ့ ပြီး၊ ဘု ရား ရဲ့ အ လို တော် ကို အ ထင် သေး ခဲ့ ပါ တယ်။ လူ ဆို တာ ကို ယ့် အလို ကို ဖြည့် ဆည်း ဖို့ အ ကောင် အ ထည် ဖေါ် ဖို့၊  ကိုယ့် အ စွမ်း အစ ပါ ၀ါ၊ ဥ ပ ဒေ တွေ နဲ့ ထိမ်း သိမ်း ဖို့ ကြိုး စား တတ် ကြ ပါ တယ်။ တ ကယ် တော့ သူ တို့ မှာ ဘာ ပါ ၀ါ ဘာ အ စွမ်း မှ မ ရှိ ကြ ပါ ဘူး။ ယဇ် ပု ရော ဟိတ် မင်း အ ဖြစ် ခ ရစ် တော် က “အ ကျွန်ုပ် အ လို အ တိုင်း မ ဖြစ် ပါ စေ နှင့်၊ ကိုယ် တော် အ လို ရှိ သည် အ တိုင်း ဖြစ် ပါ စေ” လို့ ဆု တောင်း လိုက် ခြင်း ဟာ ၊ ကျွန်ုပ် တို့ ကိုယ် စား ဘု ရား သခင် ရှေ့ တော် မှောက် မှာ ဆု တောင်း ပေး တာ လည်း ဖြစ် ပါ တယ်။ ဒါ ကြောင့် ဆု တောင်း နေ စဉ် ကျ တဲ့ သွေး နဲ့ ချွေး တွေ ဟာ ကျွန်ုပ် တို့ ရဲ့ ကိုယ် ပိုင် ဆန္ဒ တွေ က နေ ကျွန်ုပ် တို့ ကို လွတ် မြောက် ဖို့ ဆု တောင်း ပေး တာ ဖြစ် လို့၊ ကျွန်ုပ် တို့ အ နေ နဲ့ လည်း “အ ကျွန်ုပ် အ လို အ တိုင်း မ ဖြစ် ပါ စေ နှင့်၊ ကိုယ် တော် အ လို ရှိ သည် အ တိုင်း ဖြစ် ပါ စေ” လို့ ဆု တောင်း ပြီး မိမိ ရဲ့ အ လို ဆန္ဒ တွေ ကို ကျော် လွှား အောင် မြင် စေ ရ မှာ ဖြစ် ပါ တယ်။

(၂)     ဆူး သ ရ ဖူ မှ သွန်း သော ခရစ် တော် ၏ အ သွေး တော်။
          ဆူး ရစ် သ ရ ဖူ ဆို တာ အ ပြစ် အ တွက် ဘု ရား ရဲ့ ကျိန် စာ ဖြစ် ပါ တယ် (ကမ္ဘာ ၃း ၁၈) ။ ဒီ ကျိန် စာ ကို ခ ရစ် တော် အ ပေါ် သက် ရောက် စေ ခဲ့ ပါ တယ်။ ကျွန်ုပ် တို့ အ ပေါ် ကျ ရောက် မဲ့ ဒီ ကျိန် စာ တွေ ကျွန်ုပ် တို့ မ ခံ ရ ဖို့ ၊ ခရစ် တော် ခ မျာ လက် ၀ါး ကပ် တိုင် ပေါ် မှာ ဝေ ဒ နာ ခံ စား ပေး ဆပ် ခဲ့ ခြင်း ဖြစ် ပါ တယ် (မ သဲ ၂၇း ၂၉)။ ဒါ ဟာ ကျိန် စာ အား လုံး သူ့ အ ပေါ် သက် ရောက် စေ ခြင်း ဆို တဲ့ အ ဓိ ပ္ပါယ် ဖြစ် ပါ တယ်။ ဒါ ကြောင့် ဆူး ရစ် သ ရ ဖူ အား ဖြင့် သွန်း သော ခရစ် တော် ရဲ့ အသွေး တော် ဟာ အ ပြစ် ကျိန် စာ မှ လွတ် မြောက် ကြောင်း ဖေါ် ပြ နေ ပါ တယ်။

(၃)     ကြာ ပွတ် ဒဏ် ရာ ဒဏ် ချက် မှ သွန်း သော ခ ရစ် တော် ၏ အသွေး တော်။
           ဒီ အ သွေး သွန်း ခြင်း က တော့ ၊ ခရစ် တော် ရဲ့ ကျော ပေါ် က နေ သွန်း တဲ့ အ သွေး သွန်း ခြင်း ဖြစ် ပါတယ်။ (ဟေ ရှာ ၅၃း ၅) မှာ “သူ ခံ ရ သော ဒဏ်ချက် အား ဖြင့် ငါ တို့ သည် အ နာ ပျောက် လျှက် ရှိ ကြ ၏။ ဒီ ဒဏ် ချက် တွေက ကျွန်ုပ် တို့ ကု သ ပေး လိုက် ပါ တယ်။ ကျွန်ုပ် တို့ ရဲ့ ၀ိညာဉ် ၊ ခန္ဓာ ၊ စိတ် ၊ အသိ စိတ် သာ မ က ကျွန်ုပ် တို့ ရဲ့ သဘော ထား နဲ့ ပေါင်း သင်း ဆက် ဆံ မှု တွေ ကို ကုသ ပေး ခြင်း ဖြစ် ပါ တယ်။ နာ ကျင် ခြင်း နဲ့ သောက တွေ ဟာ အ ပြစ် ရဲ့ ရ လဒ် တွေ ပဲ ဖြစ် ပါ တယ်။ ဒါ ပေ မဲ့ ခ ရစ် တော် က သူ့ အ သွေး အား ဖြင့် ဒီ နာ ကျင် မှု နဲ့ သော က ဆို တဲ့ ကျိန် စာ တွေ က နေ ကျွန်ုပ် တို့ ကို ရွေး နှုတ် ကယ် တင် ပေး ခဲ့ ပါ ပြီ။
(၄)     ကရာ နီ ကုန်း ပေါ် မှ သွန်း တော် မူ သော ခရစ် တော် ၏ အ သွေး တော်။
          ကျွန်ုပ် တို့ အ ပြစ် အ တွက် အ ဖိုး အ ခ ပေး တဲ့ ခ ရစ် တော် ကို ကား တိုင် ပေါ် မှာ ရှိ နေ စေ ဖို့ လက် ၀ါး တော် နဲ့ ခြေ တော် မှာ သံ တွေ ရိုက် ထား ခြင်း ခံ ပြီး အ သွေး သွန်း ခဲ့ ပါ တယ်။ ဒါ ဟာ ဘု ရား သ ခင် စီ ရင် မဲ့ အ ပြစ် ဒဏ် က လွတ် မြောက် ဖို့ လုံ လောက် တဲ့၊ အစွမ်း တန် ခိုးနဲ့ ပြည့် ၀ တဲ့ အ သွေး သွန်း ခြင်း ပါ ပဲ ( ရော မ ၈း ၁-၂၊ ဧဖက် ၂း၈၊ ၉-၁၃)။

ဆွေး နွေး ရန် မေး ခွန်း များ။
(၁)     အ ပြစ် အ တွက် ပြစ် ဒဏ် ပေး ဆပ် ဖို့ အ သွေး ကို ဘာ ကြောင့် ဘု ရား က ရွေး ခဲ့ တာ လဲ။
(၂)     ခရစ် တော် ဟာ သူ့ ရဲ့ အ သက် ကို နောက် ဆုံး မ စွန့် ခင် ၂၄ နာ ရီ ကျော် ကျော် အ ချိန် ယူ ဆု တောင်း ခဲ့ ရ တာ လဲ (ဆွေး နွေး ရန်)။
(၃)     ခ ရစ် တော် ဂေ သ ရှေ မန် ဥ ယျဉ် ကို သွား တာ သင် ဘယ် လို ထင် ပါ သလဲ ၊ ဘာ ကြောင့်လဲ။ (လု ၂၂း၃၉- ၄၆)။
(၄)     ဘာ ကြောင့် ခ ရစ် တော် ရဲ့ အ သွေး တော် က ကျွန်ုပ် တို့ ကို ဘု ရား သခင် ဆီ ရောက် ဖို့ လမ်း ဖြစ် စေ တာ လဲ။
(၅)     ဘာ ကြောင့် ခရစ် တော် ရဲ့ အ သွေး တော် က ကျွန်ုပ် တို့ ကို သန့် ရှင်း စေ တာ လဲ (ဟေ ၁၃း ၁၂)။
(၆)     ဧ ဒင် ဥ ယျဉ် ထဲ မှာ ပ ထ မ ဦး ဆုံး လူ သား ရဲ့ အပြစ် အတွက် ဘု ရား က ဘယ် လို ပြင် ဆင် (Atone) လုပ် ပေး ခဲ့ သ လဲ (က မ္ဘာ ၃း ၂၁)။
(၇)     ခ ရစ် တော် က သူ့ ရဲ့ နောက် ဆုံး ည စာ စား ပွဲ မှာ သူ့ ရဲ့ အသွေး တော် ကို ပုံ ဆောင် ပြီး သောက် ဖို့ စ လုပ် ခဲ့ ရ တာ လဲ (ယော ၆း ၅၃ - ၅၇၊ မ သဲ ၂၆း ၂၇- ၂၉)။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

● မှောင် မိုက် (သို့) အ ပြစ် တ ရား နှင့် အ လင်း တည်း ဟူ သော ကယ် တင် ခြင်း တ ရား ...


နိဒါန်း။
(၂၈)ကြိမ်မြောက် တိုင်းရင်း သား ဓမ္မအ မှု တော် ဆောင် များ အားသစ်လောင်း သင်တန်း (နေပြည်တော် ၊ပျဉ်းမနား)သို့ တက်ရောက် ပြီးနောက်၊ ဤဆောင်းပါး ကိုရေးဘို့ဆုံးဖြတ် ခဲ့ပါ သည်။ ရူပဗေဒသဘော အရအလင်း၏ သဘော တရား၊အလင်း၏ သဘောသဘာ ၀ကို ရေးသား လိုသော်လည်း အသင်းတော်များ က ခေတ် ပညာဆိုင်ရာသဘော တရား များထက် ၀ိညာဉ် သဘော ပါသော သမ္မာကျမ်းစာတော်မြတ် ၏ဖွင့်ဟချက် များကိုပို၍နှစ်သက်ကြသည့် အတွက် သမ္မာကျမ်းစာတော်နှင့်အညီရေးသားလိုက်ရပါသည်။

၁။သမ္မာကျမ်းပါအလင်း။
(Bible Concordance) များတွင် ကမ္ဘာဦးကျမ်း မှဗျာဒိတ်ကျမ်း အထိ အလင်း ဟူသော စကား လုံးပေါင်း (၆၇) လုံး ပါရှိသည် ကိုတွေ့ရ ပါ သည်။

၂။အလင်းကိုပထမနေ့၌ဖန်ဆင်းခြင်း။
ကမ္ဘာဦးကျမ်း၊၁း၁တွင် “အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်း တော်မူ ၏”ဟုဆို ထားပြီး၊အငယ်(၂)တွင်မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ လတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကိုမှောင် မိုက်ဖုံးလွှမ်းသည်ဟုပါရှိပါသည်။ အငယ်(၃)တွင် ဘုရားသခင် ကလည်း အလင်းဖြစ်စေဟုမိန့် တော်ရှိ၍အ လင်းဖြစ်လေ၏ ဟုပါရှိပါသည်။ အငယ်(၅)အထိဖတ်ကြည့်ပါက အလင်းကိုပထမနေ့မှာဖန်ဆင်တာကိုတွေ့ ရပါသည်။

၃။နေနှင့်လကိုစတုတ္ထနေ့တွင်ဖန်ဆင်ခြင်း။
ကမ္ဘာဦးကျမ်း၊၁း၁၄-၁၉ကိုဖတ်ကြည့်ပါက လူများသိထားသည့် အလင်း၏အခြေခံဖြစ်သည့် နေနှင့်၎င်း၏ ဂြိုလ်ငယ်ဖြစ်သည့် လတို့ကို စတုတ္ထနေ့တွင် ဖန်ဆင်းသည်ကိုတွေ့ရပါသည်။

၎။ပထမနေ့မှာဖန်ဆင်းသည့်အလင်းသည်မည်သည့်အလင်းဖြစ်သနည်း။
နေကိုမဖန်ဆင်းမှီ အမှောင်ဖုံးလွှမ်းနေသည့် ကမ္ဘာမြေကြီးအတွက်ဖြစ် စေခဲ့သည့်အလင်း သည် မည် သည်နည်း၊မည်သည့် သဘောကိုဆောင်ပါသနည်း။ကမ္ဘာဦးကျမ်း၊၁း၁-၃အထိ သမ္မာ ကျမ်း စာတော်မြတ်စလျှင်စခြင်း အပြစ်မှောင်မိုက်သို့ ကျရောက်သွားမည့်သင်္ခါရလောကကြီးနှင့် ထာဝရအသက်ရှင်ခြင်းသို့ပို့ ဆောင်မည့်ခရစ်တော်၏ ကယ်တင်ခြင်းတရားတို့ကိုယှဉ်တွဲ ဖော်ပြထားခြင်း သာဖြစ်ပါသည်။ ဥပမာ အဖြစ်မှောင်မိုက်သင်္ခါရတရား၊ ကယ်တင်ခြင်းအလင်း တရား အာဒံနှင့်ဧ၀တို့ အစပြုခဲ့သည့် လူ့လောကဇာတ်ခုံမစမှီ အခုခောတ်စကားနှင့်ပြောရလျှင် ဘုရားသခင်ကမိမိရဲ့ကယ်တင်ခြင်းတရားကို ဦးအောင်ကြော်ငြာ ၀င်သွားခြင်းဖြစ်သည်။ အလင်း တည်းဟူသောကယ်တင် ခြင်းတရားသည် ခရစ်တော်သာလျှင်ဖြစ်ပါသည်။

၅။ကမ္ဘာဦးကျမ်း၊၁း၁-၃ပါအလင်းနှင့်ပတ်သက်၍ရှင်ယောဟန်ဖွင့်ပြချက်။
(ယော၊၁း၃-၅)တွင် “ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်းလွတ်သောအရာ တစ်စုံတစ်ခုမျှမရှိ။ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း အလင်းဖြစ်၏။ ထိုအသက်သည် လည်းလူတို့၏အလင်းဖြစ်၏။ ထိုအ လင်းသည်မှောင်မိုက်၌လင်း၍မှောင် မိုက်သည်မခံမယူ”။

၆။ခရစ်ယာန်များ၌ကိုယ်ပိုင်အလင်းမရှိ။
ကျွန်တော်တို့၌ ကိုယ်ပိုင်အလင်းမရှိ၊ ဇာတိအားဖြင့် အမှောင်သက်သက်သာဖြစ်ကြောင်း တမန်တော်ကြီးပေတရုကသင်တို့မူကား မှောင်မိုက်ထဲမှာ အံ့ဘွယ်သောအ လင်းတော်သို့ ခေါ်သွင်းခံရသူများဖြစ်ကြောင်း ကို(၁ပေ၊၂း၉)မှာသတိပေးထားပါသည်။

၇။အလင်းသည်ဘုရားရှင်ဖြစ်ကြောင်း။
အလင်းသည်ဘုရားရှင်သလျှင်ဖြစ်ကြောင်း ကျမ်ချက်အတော်များများတွင် ဖော်ပြထာပါသည်။ ဥပမာ-(ဆာလံ၊၂၇း၁။ ၃၆း၉။ ဟေရှာယ၊၂း၅)စည့်ကျမ်းချက်များဖြစ်ပါသည်။

၈။ဘုရားသခင်ကိုယုံကြည်သူများ။
ကျွန်တော်တို့သည် ကိုယ်ပိုင်အလင်းမရှိသော်လည်း ကိုယ်တော့်ထံပါးမှရသည့် အလင်းကို သူတစ်ပါးအ တွက်လင်းစေလိုပါသည်။ ဂျူးလူမျိုးတို့အား လူအမျိုးမျိုးလင်းစေဘို့ရန် ခန့်ထားကြောင်း ဟောရှာယ၊၄၂း၆တွင်တွေ့ရသော် လည်း ပညတ်တော်(၁၀)ပါး အပါအ၀င် ကျင့်စဉ် (၆၁၃)ပါးနှင့် အလုပ်ရှုပ်နေသောဂျူးဘာ သာရေးခေါင်းဆောင်များသည် ၄င်းတို့ရှေ့မှောက်သို့ရောက်နေသည့် အလင်းဖြစ်တော်မူသောသခင်ယေရှုကိုပင်ကားတိုင်ပေါ် အရောက်ပို့ခဲ့သည်ကိုမြင်တွေ့ရပါသည်။

၉။လောကထဲသို့ဝင်ခဲ့သောအလင်း။
ကမ္ဘာဦး၊၁း၁-၃ပါလောကထဲသို့ဝင်ခဲ့သောအလင်းသည် လူ့ဇာတိခံယူပြီး လူတို့အတွက်ကယ် တင်ခြင်းဆုကျေးဇူးကိုပေးခဲ့သော်လည်း လူများက အလင်းထက် မှောင်မိုက်ကိုသာ၍ နှစ်သက်ကြောင်း သခင်ယေရှုကသတိပေးထားပါသည်။ “အဖြစ်စီရင်ခြင်း” (Condemnation) ကိုခံရကြောင်းကား အလင်းသည် ဤလောကသို့ဝင်၍လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့် အလင်းထက်မှောက်မိုင်ကိုသာ၍နှစ် သက်ကြ၏ဟု (ယော၊၃း၁၉)တွင် တွေ့ရှိနိုင်ပါသည်။

နိဂုံး။
သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသူများသည် “အပြစ်စီရင်ခံ” (COndemnation) နှင့်ကင်းသူဖြစ်ပါ သည်။ ထို့ကြောင့် ကိုယ်တော်သည် “သင်တို့သည်ဤလောက၏ အလင်းဖြစ် သည်၊သူတစ်ပါးရှေ့၌သင်တို့အလင်းကိုလင်းစေကြလော့” ဟုမိန့်ထားပါသည်။ ကျွန်တော်တို့ ဘယ်လို လင်းမလဲ။လောကသို့ဝင်ခဲ့သည့် အလင်း(ကမ္ဘာ၊၁း၃)ဖြစ်သည့် ခရစ်တော်၏ သဘောထားတော်မြတ်အားကြည့်ပြီး လင်းဖို့ရန်ဖြစ်ပါသည်။ ခရစ်တော်သည် “ငါသည်နူးညံ့ သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။”(မဿဲ၊၁၁း၂၉)။ ကိုယ်တော်၏စိတ်သဘောတော်အတိုင်း နေထိုင်ကျင့်ကြံ့မည်ဆိုပါက ကျွန်ုပ်တို့သည်လည်း မှောင်မိုက်ဖုံလွှမ်းသော လောကကြီးအတွက် အလင်းဖြစ်ကြပြီဟုသိမှတ်ယူလျှက်  အလင်းလင်းရန်ဖေါ်ပြလိုက်ပါသည်။

Rev. ဦးသိန်းအောင်(မြင်းခြံ)

● သေ ခြင်း ၏ အ ယူ ၀ါ ဒ (The Doctrine of Death) ...

ဖတ်ရန်၊-၁ကော၁၅။
“ညီအစ်ကိုတို့ မျှော်လင့်ခြင်းခရှိသော အခြားသူ တို့ သည် ၀မ်းနဲသကဲ့သို့ သင်တို့သည် ၀မ်းမနဲ မည့် ကြောင်း အိပ်ပျော်သော သူတို့၏အမှုအရာကို မသိစေ ခြင်းငှာ ငါတို့အလိုမရှိ”...
(၁သက်၊ ၄း ၁၃)

ခရစ် ယာန်အ သက်တာတွင် “အမြစ်မရှိဘဲ၊ အသီးမ ရှိ နိင်”ဟု Dr.Elton Trueblood ကပြော ပါ သည်။ ခရစ် ယာန် တို့၏မွှေးကြိုင်သော ပန်းရနံ့သ တင်း သည် လည်း၊ သမ္မာတရား အမြစ်များမရှိ ပဲ နှစ်သိမ့်မှု ကိုပေးနိုင် မည်မဟုတ်။ သမ္မာကျမ်းစာထဲတွင် သမ္မာတရားနှင့်ပြည့်ဝသော မှန်ကန်သည့် အယူဝါဒ အမြစ်များစွာရှိပါသည်။ ဆိုလိုသည်မှာ-ဘုရားသခင် ၏ အယူဝါဒ(doctrine)များမှာ၊ ကယ်တင်ခြင်း အယူ ၀ါဒ၊ ယုံကြည်ခြင်းအယူဝါဒ၊နှစ်ခြင်းမင်္ဂလာအ ယူဝါဒ၊ အလုပ်အကိုင်နှင့် ပတ်သက်သော အယူဝါဒနှင့် တခြားအယူ ၀ါဒများ လည်းရှိပါသည်။


“သေခြင်း၏အယူဝါဒ”လည်းတွေ့မြင်ရမည်ဖြစ်သည်။ ဤအယူဝါဒကိုတွေ့ရှိပြီး၊လက်ခံပါက ဘ၀မုန် တိုင်းကြား ထဲတွင်မိမိအသက်တာသည် မယိမ်းယိုင်ပဲ ခိုင်မြဲနေမည့်အပြင်အသီးသီးသော အသက်တာဖြစ် လာမည်။ သမ္မာကျမ်းစာထဲတွင်-သေခြင်း၏ အယူဝါဒများကိုတွေ့မြင်ရသလို (၁ကော၊၁၅)တွင် ထိုအယူ ၀ါဒကိုအထူးသဖြင့်တွေ့ရှိရမည်ဖြစ်သည်။

၁။သေခြင်းကိုရှောင်ကွင်း၍မရနိုင်ပါ(Death is inevitable)
“ယုမျက်မှောက်ပုပ်တတ်သောအရာသည်မပုပ်နိုင်သောအဖြစ်သို့ဝင်စားရမည်။ယခုမျက်မှောက်
သေတတ်သောအရာသည်မသေနိုင်သောအဖြစ်သို့ဝင်စားရမည်”(၁ကော၊၁၅း၅၃)။ လူတိုင်းတစ်နေ့တွင်
သောရမည်ဆိုသည်ကို ယုံကြည်ကြသော်လည်း နောက်တစ်ခါကျွန်ုပ်အလှည့်ပဲဆိုသည်ကို မည်သူမျှ
မယုံကြည်ကြပါ။လူ၏မွေးဖွားလာနှုန်းနှင့်သေဆုံးရနှုန်းအတူတူဟုပြောကြပါသည်။ (ဟေဗြဲ၊၉း၂၇)အရ
“လူသည်တစ်ခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့”ဟုဖေါ်ပြထားသော်လည်း
ဤအယူဝါဒကို ဆန့်ကျင်နိုင်သူတစ်ဦးတစ်ယောက်မျှမတွေ့ရပါ။

၂။သေခြင်းကိုရှင်းပြနိုင်စွမ်းမရှိပါ(Death is inexplicable)
“နက်နဲသောအရာတစ်ခုကိုငါပြဦးမည်” (၁ကော၊၁၅း၅၁) “နက်နဲသောအရာ”(Mystery)ဟုဆိုရာတွင်
သေဖူးသောသူများသာရှင်းပြနိုင်မည်ဖြစ်ပါသည်။ မသေဖူးသေးသောသူများအတွက်(လျှို့ဝှက်ထားသော
နားလည်ရန်ခက်ခဲ့သည့်အရာ)ဖြစ်ပါသည်။ ခရစ်တော်အထဲသို့ မိမိအသက်ဝိညာဉ်ကိုမြုပ်နှံထားသော
သူများအတွက် ထိုသေခြင်းသဘောကို သိမြင်ရန်အသစ်သောအသိတရားတစ်ခုဝင်လာမည်။ ရေးခဲ့သော
စာများ၊ သီဆိုခဲ့သောသီချင်းများနှင့် ဟောခဲ့သောတရာေးသနာများ၊များစွာရှိခဲ့ငြားသော်လည်း၊ သေခြင်း
သည်Mystery တစ်ခုဖြစ်ဆဲပင်။ထိုသေခြင်းကိုနားလည်ရန်နှင့်ရှင်းပြနိုင်ရန်မတတ်စွမ်းနိုင်ကြပါ။သေခြင်း
သဘောကိုလက်ခံခြင်းသည်စိတ်၏သက်သာခြင်းကိုရရှိရန်လမ်းတစ်လမ်းဖြစ်ပါသည်။

၃။သေခြင်းသည်ကြားကာလသာဖြစ်သည်(Death is intermediate)
“ငါတို့ရှိသမျှသည်အိပ်ပျော်ရကြမည်မဟုတ်၊ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်”
(၁ကော၊၁၅း၅၁-၅၂)။သမ္မာကျမ်းစာက ယခုလက်ရှိဘ၀ထက်နောင်ဘ၀တွင်များစွာသောအရာများရှိမည်။
သေခြင်းသည်အဆုံးမဟုတ်ပါ။ထာဝရကာလသို့ဝင်စားရန်တံခါးပေါက်(entrance)သာဖြစ်သည်။
ခရီးအဆုံးမဟုတ်ပါ။တံခါးပေါက်တစ်ပေါက်သာဖြစ်သည်။ ယောဘက၊“လူသည်သေလျှင်အသက်ရှင်ပြန်
ပါလိမ့်မည့်လော။အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ပင်ပန်းစွာအမှုထမ်းရသောနေ့ရက်ကာလပတ်လုံး
သည်းခံလျက်နေပါမည်”(ယောဘ၊၁၄း၁၄)။

၎။သေခြင်းသည်ကြေကွဲ၊ပူဆွေးဝမ်းနည်းဖွယ်ဖြစ်နိုင်သည်။
“ငါတို့သည်ခရစ်တော်ကိုအမှီပြု၍ယခုဘ၀၌သာမြော်လင့်စရာရှိလျှင်၊အခြားသောသူအပေါင်းတို့ထက်
သာ၍ဆင်းရဲသောသူဖြစ်ကြ၏”(၁ကော၊၁၅း၁၉)။ကျွန်ုပ်တို့ အသက်ရှင်နေရသောကမ္ဘာသည်နေ့စဉ်
ကြေကွဲဝမ်းနည်းဖွယ်ရာအဖြစ်အပျက်များနှင့်ပြည့်နေပါသည်။သတင်းမီဒီယာများအားဖြင့်ဖေါ်ပြနေပါသည်။
သို့သော်အကြီးမားဆုံးပူဆွေးဝမ်းနည်းစရာအကြာင်းမှာ ဘုရားသခင်မပါဘဲထာဝရကာလသို့သွားခြင်းပင်
ဖြစ်သည်။အသေဆိုးဖြင့်သေဆုံရခြင်းသည်ကြေကွဲဝမ်းနည်းခြင်း၏လက္ခဏာတစ်ခုမဟုတ်ဘဲ၊အသေကောင်း
ဖြင့်သေရသော်လည်းမိမိဝိညာဉ်ရေးရာဘက်တွင်ပြင်ဆင်မှုမရှိခြင်းကကြေကွဲပူဆွေဝမ်းနည်းခြင်း၏
အထွဋ်အထိပ်ဖြစ်ပါသည်။

၅။သေခြင်းကိုအောင်ပွဲခံနိုင်ပါသည်(Death can be triumphant)

“ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်မြင်အခွင့်ကိုပေးတော်မူသော၊ဘုရားသခင်၏ကျေးဇူးတော်
သည်ကြီးလှစွာတကား”(၁ကော၊၁၅း၅၇)။ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအလင်းရောင်အလုံးစုံသည်
ကျွန်ုပ်တို့အတွက်ဖြစ်ပေပြီ။သူသည်သေခြင်းကိုအောင်မြင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည်လည်းသေခြင်းကို
အောင်ပွဲခံနိုင်ခွင့်ရရှိပါပြီ။နေထွက်လာခါစပုံစံနှင့်နေ၀င်သွားခါစပုံစံတို့ကိုခွဲခြားရန်အလွန်ခက်ခဲမည်ဖြစ်သည်။
မယုံကြည်သူများအတွက်သေခြင်းသည်နေ၀င်ခြင်းဖြစ်ပြီး၊ယုံကြည်သူအတွက်မှာမူနေထွက်ခြင်းဖြစ်ပါသည်။

နိဂုံး။
သေခြင်းအပေါ်ကျွန်ုပ်တို့၏အောင်မြင်ခြင်းသည်ကြောက်လန့်ဖွယ်ရာများ၊စိုးရိမ်ကြောင့်ကြဖွယ်ရာများနှင့်
စိတ်ကြေကွဲဖွယ်ရာများရှိမည်ဖြစ်သော်လည်း၊ထိုအရာအားလုံးသည်ယေရှုခရစ်တော်အထဲ၌သာဖြစ်ပါသည်။

သိက္ခတော်ရဒေါက်တာအော်နယ်ညို

မြန်မာ့တမန်မဂ္ဂဇင်း၊ အတွဲ(၅၁)၊ အမှတ်(၄)၊ နိုဝင်ဘာလ၊ ၂၀၁၃။ “သေခြင်း၏အယူဝါဒ (The Doctrine of Death)း

● မြတ် သော သား ဦး အ ရာ ...

မြန်မာစကားတွင် “အစ်ကိုကြီးတော့ အဖရာ ”ဆို သည့် စကားသည်၊ သားဦးအရိုက်အရာ၏ အရေး ကြီး ပုံကိုထောက်ပြနေကြောင်း ခံစားမိပါသည်။ ထို့ နည်းတူအခြား အခြားသောလူမျိုးများ တို့၏ရိုးရာ၊ ယဉ်ကျေး မှုများတွင်လည်းတွေ့ နိုင်ပါလိမ့်မည်။ ထို့အတူသားဦးဖြစ်သူသည် အခွင့်အရေး၊ ရပိုင် ခွင့်နှင့် ရိုသေသမှုပြုခြင်း အစရှိသဖြင့် အခွင့်ထူးများ ခံစားရသ ကဲ့သို့ စောင့်ထိန်းရ မည့်တာဝန်များ လည်း ရှိနေကြောင်းတွေ့မြင်ရပါလိမ့်မည်။ မည် သို့ပင် ဆိုစေ သားဦးဖြစ် ရခြင်း သည် အလို အလျှောက်၊ သူ့ဖာ သာသူ သို့တည်းမဟုတ် လူကလုပ်ယူဖန်တီး၍ရသော အရိုက်အရာတော့မဟုတ်ကြောင်း၊ သေချာပါသည်။ဥပမာ၊-အိမ်ထောင် မိသား စု တစ်စုတွင် သင်သည်သားဦးဖြစ်လာရန် သင့်မိဘလည်း လုပ်ယူ၍မရသလို၊ သူ့ဖာသာသူလည်းဖြစ် လာ သည်ဟုဆို၍မရနိုင်ပေ။ သားဦးအရိုက်အရာကို ပေးသူမှာ-ဘုရားသခင်တစ်ပါးတည်း သာဖြစ်ပေသည်။ ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သောသားအဦးအရာကို တနပ်စားဟင်းတစ်ခွက်ဖြင့်လဲလှယ်ခဲ့သော၊ အလွန်သုံး
မရသည့်၊ အတုမယူအပ်သောအစ်ကိုဖြစ်သူ ဧသောအကြောင်းကို ဆင်ခြင်လေ့လာကြပါစို့။ (ကမ္ဘာဦးကျမ်း၊၂၅း၂၉-၃၄)တွင် တစ်နေကုန်တစ်နေခမ်း အမဲလိုက်ရာမှပင်ပန်းနွမ်းနယ်စွာအိမ်သို့ပြန်လာ သည့်အစ်ကိုဖြစ်သူဧသောသည် မွေးကြိုင်လှသည့်ဟင်းနံ့ကို ခံစားမိရာဝမ်းဗိုက်၏တောင်းဆိုမှုကိုချုပ်တည်း
နိုင်စွမ်းမဲ့ကာ မိမိ၏ဘုရားပေးသားဦးအရာကို ဟင်းတစ်ခွက်နှင့်အလဲအလှယ်ပြုလုပ်ခဲ့ကြောင်း ခရစ်ယာန် တိုင်းသိပါလိမ့်မည်။ထို့ကြောင့် သမ္မာကျမ်းစာက ဧသောအား သားဦးအရာကို မထီမဲ့မြင်ပြုသောသူဟုခေါ်ဆို ထားသည်ကိုမြင်တွေနိုင်ပါသည်။

(ရှင်မဿဲခရစ်ဝင်ကျမ်း၊၄း၁-၄)တွင် ဘုရားသခင်စေခိုင်းတော်မူချက်များအား ဆောင်ရွက်ရန်လူဇာတိကို ခံယူတော်မူသောယေရှုခရစ်တော်သည် နှစ်ခြင်းမင်္ဂလာကိုခံယူပြီးသည့်နောက် ရက်ပေါင်း(၄၀)အစာရှောင်
နေစဉ် အလွန်ဆာလောင်မွတ်သိပ်မှုကို အခွင့်ကောင်းယူကာ အစားအစာအားဖြင့် စာတန်၏သွေးဆောင်
ဖြားယောင်းခြင်းကိုရင်ဆိုင်ခဲ့ရကြောင်းခရစ်ယာန်တိုင်းသိပါလိမ့်မည်။

ခရစ်တော်ယေရှုဘုရားမည်သို့တုန့်ပြန်ခဲ့ပါသနည်း။“လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရသည်မဟုတ်၊
ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်သာအသက်ကိုမွေးရမည်ကျမ်းစာလာသည်”ဟုတုန့်ပြန်ပြီးမိမိ၏သား ဦးအရိုက်အရာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြောင်း မြင်တွေ့ကြပါလိမ့်မည်။

နှိုင်းယှဉ်ကြည့်လျှင် ဧသောအခြေအနေသည် မနက်ပိုင်း(သို့မဟုတ်)တစ်ရက်လောက်သာ ဆာလောင်မှုကို ခံစားခဲ့ရသူဖြစ် သော်လည်း မိမိအတွင်း(စိတ်၏တောင်းဆိုမှု၊ ခန္ဒာ၏ဆာလောင်မှု)ဒဏ်တို့ကိုခံနိုင်ရည် မရှိတော့ပဲ ဖြစ်ချင်ရာဖြစ် ဗိုက်ပြည့်ဖို့ကအရေးကြီးတယ်၊ သားဦးအရာဟာဒါတွေလောက် အသုံးမတဲ့ဘူးဟု ခံယူကာ သားဦးအရာကို အဆုံးအရှုံးခံခဲ့သူဖြစ်ပါသည်။ ခရစ်တော်ယေရှုခမျာမှာ-ရက်ပေါင်းများစွာအစာ
ရှောင်ခဲ့ ရသော်လည်းစာတန်၏ သွေးဆောင်ဖျားယောင်းဖျက်စီးမှု ကိုအောင်နိုင်ခဲ့ကြောင်းမြင်တွေကြ ပါလိမ့်မည်။

ထို့ကြောင့်ဤအဖြစ်(၂)ခုမှသင်ခန်းစာယူရန်မှာ- ကျွန်ုပ်တို့သည်  ခရစ်တော်ဘုရားခွဲခန့်စီမံထားသည့် မြန်မာပြည်အတွက် ခရစ်တော်အားယုံကြည်သည့်သား ဦးများဖြစ်သည့်အတိုင်း
  • မိမိ၏သားဦးအရိုက်အရာကိုတန်ဖိုးထား၊ထိန်းသိမ်းစောင့်ရှောက်ကြရန်။
  • စိတ်အတွင်းခံစားချက်ကိုအလိုမလိုက်ပဲ မိမိ၏သားဦးအရိုက်အရာကိုထိန်းသိမ်းရန်။
  • ခန္ဓာ၏တောင်းဆိုမှုကိုဦးစားမပေးပဲ၊ အစဉ်တစိုက်ခရစ်တော်ဘုရားနှင့်သစ္စာရှိစွာအသက်ရှင်ရန်။
  • ရုပ်ဝတ္ထုကိုတတ်မက်မောခြင်းကိုဖယ်ရှားပြီး သားဦးအရာကိုထိမ်းသိမ်းတတ်ရန်အရေးကြီးလှကြောင်း သင်ခန်းစာရှိပါသည်။
ထို့ကြောင့်၊ ဘယ်အချိန်မျိုး၊ ဘယ်အခြေအနေမျိုးကိုပဲရင်ဆိုင်ရရင်ဆိုင်ရ ဘုရားသခင့်အလိုတော်အတိုင်း
အသက်ရှင်ပြီး  မြန်မာပြည်ရှိခရစ်ယာန်တိုင်းမိမိတို့၏သားဦးအရာကိုထိန်းသိမ်းခြင်း၊တာဝန်များကို
ကျေပြွန်စွာထမ်းဆောင်ခြင်းအားဖြင့်ဘုရားသခင့်ဘုန်းတော်မြတ်ကိုထင်ရှားကြပါစို့.............
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

● ခ ရစ် ယာန် အိမ် ထောင် ဟူ သည် မှာ ...

ခရစ်ယာန်အိမ်ထောင်သည်၊ သမ္မာကျမ်း စာမှဖေါ်ပြ ထားသော ဥပဒေသများ အပေါ်တည်ဆောက် ထားသော အိမ်ထောင်ဖြစ်ရုံ သာမကပဲ၊ အိမ်ထောင် တွင်ရှိသော မိသားစုတစ်ဦးစီ တိုင်းသည် လည်း မိမိ တို့အ သီးသီး ထမ်း ဆောင် ရမည့်အခန်း ကဏ္ဍ အသီးသီးကိုလည်း နားလည်သဘောပေါက်ရုံသာမက၊ ပြီးပြည့်စုံအောင် လိုက်လျှောက် အသက်ရှင်ကြ ရပါသည်။
ခရစ်ယာန် အိမ်ထောင်သည် လူ့သဘော၊ လူ့အကြံ အစည်ဖြင့်design ဆွဲပြီးတည်ဆောက်ထားသော အဖွဲ့အစည်း၊ အိမ်ထောင်မဟုတ်ပါ။ ဘုရားသခင် အားဖြင့်ဖြစ်ပေါ်လာသောအဖွဲ့အစည်း၊သို့တည်းမဟုတ် အိမ်ထောင်သာဖြစ်ပြီး၊ ဘုရားသခင်၏ နည်းဥပဒေသ တို့နှင့်အညီ တာဝန်ယူရ၊ အစေခံကြရမည်ဖြစ်သည်။ 
သမ္မာကျမ်းစာအရ- အိမ်ထောင်၏ဖွဲ့စည်းပုံမှာ- အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးစီတို့၏အသီးသီးပါဝင်မှု များစုစည်းထားခြင်းဖြစ်ရုံမျှမကပဲ၊ လက်ထပ်ထိမ်းမြှားခြင်း(သို့) သွေးသားတော်စပ်ခြင်းများအထိပါဝင်ပါ သည်(ဥပ မာ-အဘေး၊ အဘိုး၊ မိဘ၊ သားသမီးမှအစ မြေး၊ မြစ၊် တ၊ီ တွတ်အထိပါဝင်ပါသည်။
(ထို့ကြောင့် ခရစ်ယာန်အိမ် ထောင်သည်၊ အိမ်ထောင်ရှိသောသူများပါဝင်သလို၊ အိမ်ထောင်မပြုရသေး
သောလူပျိုကြီး၊အပျိုကြီးများအားလုံးလည်းပါဝင်သည်ဟုခံယူစေလိုပါသည်။) ခရစ်ယာန်အိမ်ထောင်၏ အခြေခံကျသော ဥပဒေတစ်ခုမှာယင်းအိမ်ထောင်တွင် ပါဝင်လျှက်ရှိသောလူတစ်ဦးစီတိုင်း၏ အသက်တာလှုပ်ရှားမှုတိုင်းသည် ဘုရားသခင်ပေးအပ်ထားသော ဥပဒေသများကို သစ္စာရှိစွာဝန်ခံလိုက် 
လျှေက်အသက်ရှင်ခြင်းပင်ဖြစ်ပါသည်။
အထူးသဖြင့် ခင်းပွန်း နှင့်ဇနီးသည် ထိုဥပဒေသများကိုအတူ လက်တွဲ လုပ်ဆောင်ရမည်ဖြစ်သည်။ ယခုအချိန်တွင်အနောက်တိုင်းနိုင်ငံ များတွင် လင်မယားချင်းကွာရှင်းများခြင်းသည် အလွန်လွယ်ကူပြီး ယဉ်ကျေးမှုတစ်ခုကဲ့သို့ကျင့်သုံးလာနေပြီ ဖြစ်ကြောင်းမြင် ကြားသိကြပေမည်။ 
ယင်းသို့ကွာရှင်းခြင်းကို ဘုရားသခင်မုန်းတော်မူကြောင်း သမ္မာကျမ်းစာမှ ဖေါ်ပြထားပါသည် (မာလခိ၊၂း၁၆)“မယားကိုစွန့်ပစ်ခြင်းအမှု၊ မိမိခင်ပွန်း၌ပြစ်မှားသောအပြစ်ကို ဖုန်းအုပ်ခြင်းအမှုကိုငါမုန်း သည်ဟု၊ သရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ထို့ ကြောင့်၊ ကိုယ်စိတ်သဘောကို ချူပ်တည်းကြလော့။ သစ္စာကိုမဖျက်ကြနှင့်”။
(ဧဖက်၊၅း၂၂-၂၆)သည် ခရစ်ယာန်အိမ်ထောင်မှ ခင်ပွန်းများ၊ ဇနီးများတို့အတွက် မည်သို့အသက်ရှင်လျှောက် လှမ်းရမည်ကို လမ်းညွှန်ထားပါသည်။ “အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ၀န်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည်အသင်းတော်၏အပေါ်မှာခေါင်း ဖြစ်တော်မူသကဲ့သို့၊ ယောကျာ်းသည် မိမိခင်ပွန်း၏ အပေါ်မှာခေါင်းဖြစ်၏။ ခရစ်တော်သည်လည်းမိမိကိုယ်ကို ကယ်တင်သောသူဖြစ်တော်မူ၏။ အသင်း 
တော်သည်ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ၀န်ခံသကဲ့သို့၊ မိန်းမတို့ လည်းကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်း ကိုအရာရာ၌၀န်ခံကြမည်။ အချင်းယောကျာ်းတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့၊ သင်တို့လည်းကိုယ့်ခင်ပွန်းကိုချစ်ကြလော့။” 
ဤကျမ်းစကားတွင်- ယောကျာ်းတို့အနေဖြင့် ခရစ်တော်သည်မိမိအသွေးဖြင့်ဝယ်ယူပြီးတည်ဆောက် ထား သောအသင်းတော်အား ချစ်သကဲ့သို့ မိမိတို့၏ဇနီးသည်များအားချစ်မြတ်နိုးရန်၊(ဦးခေါင်းသည် ဘယ်သောအခါမျှမိမိ၏ကိုယ်ခန္ဓာဒုက္ခ ရောက်စေရန်စဉ်းစားမည်မဟုတ်ပါ) ဇနီးများအနေဖြင့်လည်း မိမိတို့ယောကျာ်းများ အိမ်ထောင်အတွက်ဦး ဆောင်ပေးနေမှုများကို လိုလားစွာဝန်ခံရန်၊ ရိုသေရန် (ဟန်ဆောင်သောဝန်ခံခြင်း၊ ဟန်ဆောင်သော ရိုသေခြင်း မျိုးကိုမဆိုလိုပါ။ အမှန်တကယ်ပင် မိမိခင်ပွန်း အားချစ်သော၊ လေးစားစိတ်သဘောကို ဆိုလိုပါသည်) နှင့် ယောကျာ်းများကလည်း အိမ်ထောင်ကို ဦးဆောင်ရာတွင် သမ္မာကျမ်းစာနှင့်အညီ လိုက်လျှောက်ခံယူဦး ဆောင်ရန်ဖြစ်သည်။

ခရစ်ယာန် အိမ်ထောင် တိုင်း၌ရှိသော မိသားစုတစ်ဦးစီတိုင်းအတွက် ပထမဦးဆုံးသောလိုအပ်ချက်မှာ- မိသားစု ၀င်အားလုံးတစ်ယောက်မကျန်ခရစ်ယာန်ဖြစ်ရန်ဖြစ်ပါသည်။ သို့မှသာ- မိသားစုအတွင်းဆက် ဆံရေးတွင် ခရစ်တော်ကိုဗဟိုပြုနိုင်ပြီး၊ မိမိတို့၏အရှင်သခင်၏ ဥပဒေသအတိုင်း ဟန်ချက်ညီညီခရီး ဆက်နိုင်ပါလိမ့်မည်။ ဖခင် သည်မိမိ၏သားသမီးများကို နှုတ်ကပတ်တော်နှင့်အညီ သင်ကြားခြင်း၊ လမ်းညွှန်ခြင်းများကိုပြုလုပ်ရပါမည်။

(ဧဖက်၊၆း၎)“အဖတို့ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာမပြုကြနှင့်၊ သခင်ဘုရား၏အလိုတော်နှင့် ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျှက်၊ ကျွေးမွေးကြလော့။ မိသားစုတစ်စု၏ဖခင်တစ်ဦးအနေဖြင့် မိမိမိသားစုကို ပံ့ပိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းကိုပြုလုပ်ရပါမည်။

မိမိမိသားစုအား လစ်လျူရှုသောဖခင်သည် ယုံကြည်ခြင်းလွှဲမှား သူ ဖြစ်ရုံမျှမက၊ခရစ်တော်အား မယုံကြည်သောသူထက်ပင် ယုတ်မာသောသူ ဖြစ် သည်ဟု”(၁တိမောသေ၊၅း၈) တွင်“မိမိလူတို့ကိုမပြုစု၊ ထိုမျှမကမိမိ အိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရား ကိုငြင်းပယ်၏။ မယုံကြည်ဘူးသောသူ ထက်သာ၍ယုတ်မာ၏” ထို့ကြောင့် မိမိမိသားစုအား ရှာဖွေပြုစုနိုင်သည့် စွမ်းအားမရှိသောဖခင်(ခင်ပွန်း)အနေဖြင့် မိမိကိုယ်ကို “ငါဟာခရစ်ယာန်တစ်ဦးဖြစ်တယ်”ဟု ခေါ်ဆို၍ မရနိုင်ပါ။

(ဤဆိုလိုချက်သည် အမျိုးသမီးများအနေဖြင့် မိမိအိမ်ထောင်အား တာဝန်မယူနိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ၊ ခင်ပွန်းသည်ဆုံးပါးသွားခြင်းကြောင့် မိမိအိမ်ထောင်ကိုမိမိကိုယ်တိုင် တာဝန်ကျေပြွန်စွာပြုစုပျိုးထောင် 
နေသော မိခင်များ(ဇနီးသည်များ) ခရစ်ယာန်အသိုင်းအ၀န်းတွင်သာမက လူ့အဖွဲ့အစည်းထဲတွင်ထုနဲ့ဒေး ပင်ဖြစ်ပါသည်)။
(သုတ္တံကျမ်း၊၃၁)တွင် မိမိခင်ပွန်းဦးဆောင်မှုကိုအလိုမရှိပဲ ခင်ပွန်းအားကိုဂရုမစိုက်၊ မိမိထင်ပေါ် 
ကြော်ကြား အောင်အစွမ်းပြလိုသော၊ မိမိခင်းပွန်းဂုဏ် သိမ်ငယ်စေရန် အသရေပျက်စေရန်ရည်ရွယ် ချက်ဖြင့် ခင်ပွန်းအရာကို လုယူလိုသောမိန်းမ(ဇနီး)များအား ယုတ်သောမိန်းမဟုဖေါ်ပြထားပါသည်။ 
ဆိုလိုရင်းမှာ- မိသားစုအားအဓိက တာဝန်ယူရမည့်သူသည်-ခင်ပွန်းသည်သာဖြစ်ပြီး၊ ဒုတိယတာဝန်ရှိသူမှာ ဇနီးသည်(မိခင်)သာပင်ဖြစ်ပါသည်။ မိန်းမ(ဇနီးသည်)သည် ခင်ပွန်းသည်၏လိုအပ်ချက်အတွက်အထောက် အမပြုရန် ဘုရားသခင်ဖန်ဆင်းပေးခြင်း ဖြစ်ပါသည်(ကမ္ဘာဦးကျမ်း၊၂း၁၈-၂၀)။ 
(အထောက်အမဟုဆိုရာတွင်- စက်ရုပ်တစ်ရုပ်ကဲ့သို့၊ ကူဖေါ်လောင်ဖက် သက်သက်ဟုမဆိုလိုပါ) အိမ်ထောင်အားဦးဆောင်ရှာဖွေ၊ ကျွေးမွေး၊ ပြုစု၊ ကာကွယ်ပြီးတာဝန်ယူနေရသော ခင်ပွန်းသည်နှင့်အတူ ဟန်ချက်ညီညီလက်တွဲပြီး အိမ်ထောင်ကိုဘုရားသခင်၏အလိုတော်နှင့်အညီဦးဆောင်မှုပေးနိုင်ရန်ဖေးမ ကူညီပံ့ပိုး ခြင်းကိုဆိုလိုပါသည်။) 
ခင်ပွန်းနှင့်ဇနီးသည် တစ်ဦးနှင့်တစ်ဦး သက်ဆုံးတိုင်သစ္စာရှိရ ပါမည်။ယခုခေတ်တွင်ကွာရှင်းခြင်း၊ 
ဖေါက်ပြန်ခြင်း၊ လက်မထပ်ပဲ အတူပေါင်းသင်းနေထိုင်ခြင်း၊ လိင်တူလက် ထပ်ပေါင်းသင်းနေထိုင်ခြင်းတို့ သည်ဘုရားသခင်ရှေ့တော်မှောက်၌ လက်ခံနိုင်သောအရာများဖြစ်သည်ဟူသော ယဉ်ကျေးမှုခံယူချက် များကိုလုံးဝလုံးဝလက်ခံစဉ်းစားရန်မလိုအပ်ပါ။
သမ္မာကျမ်းစာမှ လိင် ပိုင်းဆိုင်ရာ ဖေါ်ပြချက်မှာ- အပြန်အလှန်ချစ်မြတ်နိုးမှု၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် သစ္စာရှိမှုပင်ဖြစ်ပါသည်။ ဘုရားသခင် ရှေ့တော်မှောက်၌ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ တန်ဖိုးခြင်းတူညီ စွာ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်းဆင်းထားသောသူများဖြစ်ရုံသာမက၊ ဘုရားသခင်ကိုယ် တိုင်လိုလား၊ နှစ်သက်စွာဖန်ခြင်းထားသောသူများ လည်းဖြစ်ကြပါသည်။
ထို့ကြောင့် ဘုရားသခင်ရှေ့မှောက်တွင် ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေတန်ဘိုးထားခြင်းအတူတူပင်ဖြစ်ပါ သည်။ သို့ရာတွင် ယောကျာ်းနှင့် မိန်းမတို့သည် မိမိတို့လိင်ခြားနားချက်အပေါ် ဆောင်ရွက်ရသည့်အခန်း ကဏ္ဍများမတူညီကြပေ။
မိန်းမတို့အနေဖြင့် ပျိုးထောင်ခြင်း၊ သားသမီးများအားပြုစုစောင့်ရှောက် ခြင်းများတွင် ကျွမ်းကျင်သကဲ့ သို့ ယောကျာ်းသားများအနေဖြင့် အိမ်ထောင်ကို ရှာဖွေကျွေးမွေးခြင်း၊ ကာကွယ် စောင့်ရှောက်ခြင်းများ၌ ကျွမ်းကျင်ကြပါသည်။
ထို့ကြောင့် မိန်းမနှင့်ယောကျာ်းတို့သည်အဆင့်အတန်းအရ (Status) အတူတူပင်ဖြစ်ကြပါသည်။ သို့ရာတွင် အိမ်ထောင်အတွက် တာဝန်ယူရသောအခန်းကဏ္ဍမတူညီကြ ပေ။ သားသမီးများသည်လည်း အိမ်ထောင် တစ်ခုအတွက် တာဝန်ယူရသည့် အခြခံကြသောသူများဖြစ်ကြပါ သည်။ မိမိတို့ မိဘများအပေါ် ရိုသေလေး စားသူများ၊ နာခံလိုက်လျောက်သူများဖြစ်ကြရပါမည်။
(ဧဖက်၊၆း၁-၃) တွင်-“သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကိုနား ထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည်ပြည် တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သောပဌမပညတ်ဖြစ်၏။”
အထက်ဖေါ်ပြခဲ့သည့်အတိုင်း ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ၊ သားသမီးဖြစ်စေ အိမ်ထောင်တွင်း၌ပါဝင်လျှက် ရှိသောသူများအားလုံး မိမိတို့အားဘုရားသခင်ပေးအပ်ထားတော်မူသော ဥပဒေသများနှင့်အညီ၊ အသက်ရှင်ကြပါကကောင်းမြတ်သောခရစ်ယာန်အိမ်ထောင်ဖြစ်ရုံမှမက ဟန်ချက်ညီသောအိမ်ထောင်၊ ငြိမ်းချမ်းမှုအပေါင်းနှင့် ပြည့်ဝသောအိမ်ထောင်၊ ခရစ်တော်၏ဘုန်းတော်မြတ်ကိုထင်ဟတ်စေသော အိမ်ထောင်အဖြစ် လောကအလည် တင့်တယ်စွာရပ်တည်နိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် ခရစ်တော်အား အိမ်ထောင်၏အရှင်သခင်အဖြစ်လက်မခံ ခြင်း၊ ခရစ်တော်ပေးသော ဥပဒေသနှင့် ချစ်ချင်းမေတ္တာကို အခြေမခံပါက ရှုံးနှိမ့်သောအိမ်ထောင်အဖြစ်သာသင် ရရှိပါလိမ့်မည်၊ ထို့အတူ ခရစ်ယာန်အိမ်ထောင် အဖြစ်လည်းရပ်တည်နိုင်လိမ့်မည်မဟုတ်ပါ။
“ခရစ်ယာန်အိမ်ထောင်အဖြစ်ရပ်တည်နိုင်ကြပါစေ”
JESUS is the LORD of the house
Husband is the HEAD of the house
Wife is the HEART of the house
Sons and Daughters are FRUITS of the house
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

● ကျွန် မ ကို ချစ် တယ် ...

"အမြင့်ဆုံးသော ဘုရားသခင် ၏ကွယ်ကာ ရာဌာ နတော် ၌နေသော သူသည်အနန္တတန်ခိုးရှင် ၏ အရိပ် ကိုခိုရလိမ့်မည်။ ထာဝရဘုရားသည် ငါခို လှုံရာ ငါ၏ရဲတိုက်၊ ငါကိုးစား ရာဘု ရား သ ခင် ဖြစ် တော် မူ၏ ဟုငါပြော ဆို၏"(ဆာ လံ။၉၁း၁-၂)။"သူ သည်ငါကို ချစ်သောကြောင့် ၊သူ့ကို ငါ ကယ်နုတ်မည်။ ငါ၏နာမကို သိ သော ကြောင့် သူကို ငါချီးမြှောက်မည်၊ သူသည် ငါ့ကိုခေါ်သော အခါသူ့ဖက် မှာနေ၍ချမ်း သာပေးမည်။ သူ၏ဘုန်း ကိုလည်း ထင်ရှားစေမည်။ ရှည်သောအ သက်နှင့်သူ ကိုရောင့်ရဲစေ၍ငါ၏ ကယ်တင်ခြင်းကျေးဇူး ကိုသူ့အားငါပြမည်။"(ဆာလံ။၉၁း၁၄၁၆) ဘုရား သခင်ရဲ့ကျေး ဇူးတော်ကြောင့်ပါ၊ ဘုရားသခင်ရဲ့ဂရု ဏာတော် သက်သက်ေ ကြာင့် ပါလို့ဝန်ခံပါရစေ ။အရမ်းအရမ်း ကိုတုန်လှုပ်ခြောက်ခြားစေ တဲ့အဖြစ်အပျက်ပါ။ဘယ်သူ့ကိုပဲေ မးေ မးရော ဂါရဲ့နာမည် ကိုကြားလိုက်ရုံနဲ့သွေးပျက်သွားလောက်အောင်ကြောက် စရာကောင်းတဲ့ရောဂါ ဆိုးတစ်မျိုးပါ။ဒါထက်ပိုး ဆိုးတာကလူတွေရဲ့ အသက်ကိုလွယ် လွယ်လေးနဲ့အ သက်နုတ်ယူနိုင် တဲ့ရောဂါဆိုး ကြီးပေါ့။ အဲဒီလိုရောဂါ ဆိုးကြီး ကနေလွတ်မြောက်ရခြင်း အခွင့်၊လုံးလုံး လျားလျားသက် သာပျောက်ကင်း ချမ်းသာခွင့် ကိုပေးခဲ့တဲ့ အံ့သြဖွယ်ကြီးမြတ် တဲ့ ဘုရားရှင်ရဲ့ အနန္တမေ တ္တာတော်နဲ့ တန်ခိုးတော်ကို ဘယ်လိုနဖူးတွေ့ ဒူးတွေ့ခံစားခဲ့ရသလဲဆိုတာစာဖတ် ပရိသတ်ရှေ့မှာ သက်သေခံချင်တာ ကလည်း တစ်ကြောင်း၊စာဖတ် ပရိတ်သပ်တွေထဲမှာကျွန်မလိုခံစားနေရတဲ့သူတွေ ရှိယင်လည်း ဘာမှကြောက် စရာမလိုပါဘူး၊ဘုရားသခင် အနေနဲ့ ကယ်မနိုင် မှုပေးနိုင်ကြောင်းခွန်အားပေးချင်တဲ့ စိတ်ဆန္ဒနဲ့ ကျွန်မရင်ဆိုခဲ့ရတဲ့အဖြစ်အပျက်ကို သက်သေ ခံဝေငှရခြင်းဖြစ် ပါတယ်။အချိန် အားဖြင့်……..၂၀၁၂-ခုနှစ်၊ ဇန်န၀ါရီလ ထဲမှာဖြစ်ပါတယ်။ ကျွန်မ၏သွေး သားလည်ပတ်မှု(ဓမ္မတာ) မူမမှန်ကိုသံသယရှိ လို့OGဆရာဝန်တစ်ယောက်နဲ့စမ်းသပ်ဖို့ ကျွန်မဆုံးဖြတ်ခဲ့ပါသည်။ ပထမတော့ ဓမ္မတာမူမမှန်တာကလွဲလို့လုံးလုံးကျန်းမာနေလို့ဆရာဝန်ထံမပြ ဘဲနေခဲ့မိပါတယ်။ ဒါပေမဲ့ဘုရား သခင်ကကျွန်မရဲ့စိတ်နှ လုံးသားကိုလာပြီး ထိတွေ့လာတဲ့အတွက် အယင်တုံးက သမီးငယ်လေးကိုေ မွးဖွားပေးဖူးတဲ့ Dr. Daw Aye Aye Tint (OG) နှင့်ပြခဲ့မိပါ တယ်။ ဆရာဝန်ရဲ့စမ်းသတ်စစ်ဆေးမှုတွေအပြီး မှာတော့ကျွန်မ၏သားအိမ်ခေါင်းထဲမှာ(1.5 cm)ပမာဏခန့်ရှိတဲ့ အသားပိုလေး ရှိနေတာကို စမ်းသတ်တွေ့ရှိခဲ့ရပါတယ်။ ဆရာဝန်ကဒီအသားပိုလေး ကို ဆေးရုံတက်ပြီးခြစ် ထုတ်လိုက်ယင် အားလုံး ကောင်းသွားလိမ့်မယ်၊ အခုခံစားနေရတဲ့ဓမ္မတာမှုမမှန်ရတာကလည်း ဒီအသားပိုကြောင့် ပဲလို့ပြောပါတယ်။ ဒါနဲ့ပဲ ဆရာ ၀န်ကြီးရဲ့ညွန်ကြားချက်နဲ့ဗဟိုအမျိုးသမီးဆေးရုံမှာအဲဒီအ သားပိုလေးကိုခြစ်ယင်းသားအိမ်ကိုပါတစ်ခါတည်းခြစ်ထုတ်ခဲ့ပါသည်။ဆေးရုံခွဲခန်းကတာဝန်ယူလုပ်ပေးခဲ့တဲ့

ဆရာဝန်တွေတောင် သံသယမရှိ ကြဘူး။ ဘာလို့လဲဆိုတော့ သားအိမ်အ နေအထားကမ ထင် ရ လောက် အောင်ကိုကောင်းမွန်နေလို့ပါ။ုပြီးတော့ အယင်းတုံးက ကျွန်မထည့်ထားခဲ့တဲ့ IUD သန္ဒေတားပစ္စည်း ကိုထုတ်လိုက်တယ်။ သားအိမ်လည်းခြစ်တယ်။ သားအိမ်ချစ်ပြီးတာနဲ့ IUDအသစ်တစ်ခုပြန်ထည့်ပေး လိုက်ပါသေးတယ်။ ဒါနဲ့ခြစ်ထုတ်လိုက်တဲ့အ သားစတွေကိုစစ်ဆေးဖို့ ဓါတ်ခွဲခန်းပို့ခဲ့တာပေါ့။ တပတ်ေ လာက်အကြာမှာတော့ အဖြေထွက်လာခဲ့ပါတယ်။ ကျွန်မလုံးဝ မမျှော်လင့်ထား တဲ့၊ဆရာဝန် ဆရာမတွေအားလုံးက လည်းဖြစ်နိုင်စရာ အကြောင်းလုံးဝမရှိ ပါဘူး။မဖြစ်နိုင် ပါဘူးဆိုတဲ့ကျွန်မ အရမ်းကြောက် တဲ့ကင်ဆာဆဲလ်တွေ ကျွန်မခန္ဓာထဲမှာရှိနေပြီ ဆိုတဲ့အဖြေပါ။ကျွန်မ လုံးဝမကြားချင်တဲ့ သားအိမ်ခေါင်းကင်ဆာဆို တဲ့ရောဂါဆိုးကြီးကိုအခုကျွန်မကိုယ် တိုင်နဖူးတွေ့ဒူးတွေ့စ တင်ရင်ဆိုင်လိုက် ရပါတော့ တယ်။ ဒါနဲ့ဆရာဝန်တွေ အားကိုးတကြီး ကျွန်မမေးမိခဲ့ ပါတယ်။ ကျွန်မအခြေအနေက ခွဲစိတ်လိုက်ယင်ကောင်းနိုင် မလားလို့ ဆိုပြီးတော့ပေါ့။ ဆရာဝန်တွေ ကတော့ဒါ မျိုးကခွဲပြီးမှပဲသိရ မယ်လို့ပြန်ပြောတော့ ကျွန်မရဲ့စိုးရိမ်ပူ ပန်သော ကစိတ်တွေဟာ ဟိုးအထွဋ်အထိပ် ကိုရောက်သွားပြီး ခိုကိုးရာမဲ့ ခြုံးပွဲချငိုချခဲ့ရပါတယ် ။အော်ကျွန်မဟာခရစ်တော်ယေရှု ကိုယုံကြည်တဲ့ခရစ် ယာန် ယုံကြည်သူုတစ်ယောက်ဖြစ်ပေမဲ့ငါ့ ရဲ့ယုံကြည်မှုဟာအရမ်းကို အားနည်းခဲ့လို့အခုလိုမျိုးငါဆီ မှာဒီ ကင်ဆာရောဂါရှိရတာ ဆိုပြီးခံစားခဲ့မိပါတယ်။ တုန်လှုပ် ခြောက်ခြားတဲ့ စိတ်တွေရော၊ဘာဖြစ်လို့ ငါ့ကိုမှလာဖြစ်ရတာ လဲဆိုတဲ့မေးခွန်တွေနဲ့အတူယူကျုံး မရ၀မ်းနည်းရပြီး ဆောက်တည်ရာမရဖြစ် ခဲ့ရပါတယ်-တကယ်ပါရှင်။သိပ်မ ကြာပါဘူး။ ကျွန်မစိတ်ထဲမှာ -ငါယုံကြည်ကိုးကွယ်တဲ့ ဘုရားရှင် ဟာ သေခြင်းကိုအောင်မြင်တဲ့ အသက်ရှင်တဲ့ဘုရား ၊ခေါ်ရင်ထူးပြီး၊အရာခပ် သိမ်းကိုလည်းတတ် နိုင်တဲ့ဘုရား ဆိုတဲ့အသိစိတ်တွေအံ့သြစ ရာကောင်းလောက်အောင်ဝင်လာခဲ့ပါတယ်။ ဒါဘုရားရှင်ကကျွန်မ ကိုစကား စပြောတာပဲလေ။ အဲဒီခဏအတွင်းမှာပဲကျွန်မနှလုံးသားထဲကို အသိစိတ်တွေဝင်လာပြီး တကယ့်ကို ဘယ်သူမပေးနိုင် တဲ့စိတ်နှ လုံးငြိမ်သက်မှုကိုခံစားရရှိခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့ကျွန်မရဲ့ဆေးကု သရမဲ့အစီအစဉ်တွေ အားလုံးကိုမျှော်လင့်တဲ့ စိတ်၊အားကိုးခိုလှုံတဲ့ စိတ် တွေနဲ့ ဘုရားရှင်ဆီမှာ ပုံအပ်ခဲ့ပါတော့တယ်၊ အမြဲလိုလိုဘုရားရှင်ဆီမှာ ဆုတောင်းခွန်အားယူ ယင်းအဲဒီသား အိမ်ခေါင်း ကင်ဆာရောဂါနဲ့တိုက်ပွဲဆင်နွဲ လိုက် ပါတော့ တယ်။ပထမဦးဆုံးအနေနဲ့ သားအိမ်ထုတ်ဖို့ခွဲစိတ်မှုကို (GreenCross)ပုဂလ္ဂိကဆေးရုံ မှာ ပြုလုပ်ခဲ့ရပါတယ်။(Major Operation)ဖြစ်တာတောင် ကျွန်မ မကြောက်တော့ ပါဘူး။ အံ့သြစရာပါပဲ၊ ဒီလိုစိတ်မျိုးကိုဘုရားသခင်ကပေးလိုက်တာပေါ့။ ညီမလေးတွေ၊မိ သားစုတွေ၊ မိတ်ဆွေတွေအပေါင်း အသင်း၊သူငယ်ချင်း၊ဓမ္မဆရာအသင်း အဖွဲ့ များအားလုံးရဲ့ဝိုင်းပြီး ဆုတောင်းပေးခဲ့ကြပါတယ်။ကျွန်မကိုယ် တိုင်ကလည်းဘုရားရှင်အပေါ်ယုံကြည်တဲ့စိတ်၊ အားကိုးတဲ့ စိတ်၊ မျှော်လင့်တဲ့စိတ် အပြည့်နဲ့ခွဲစိတ်မှုကို ရင်ဆိုင်ခဲ့ပါတယ်။ အယင်တုံးကတော့ ခွဲစိတ်ခန်းထဲငါဝင်ယင် ငါ့စိတ်ကိုဘယ်လိုအားတင်းထားရမလဲဆိုတဲ့ စိုးရိမ်ထိပ်လန့်စိတ်တွေနဲ့ကြိုပြီးတွေးပူမိပေမဲ့ အံ့သြစရာပါ ဘုရားရှင်ရဲ့အားပေးမှု၊ကွယ်ကာစောင့်မ မှုတွေကြောင့် ခွဲစိတ်ခန်းထဲမှာလည်းစိတ်တည်တည်ငြိမ်ငြိမ်နဲ့ ၀မ်းမြောက်မှုကိုခံစားခဲ့ရပါတယ်။ ဘုရားရှင်ရဲ့ကျေးဇူးသက်သက်ကြောင့် ခွဲစိတ်ချိန်(၃)နာရီနီး ပါးလောက်ကြာခဲ့ပေမယ့်စိတ်ထဲမှာ ခဏလေးလိုပဲခံစားခဲ့ရပါတယ်။ အဲဒါအပြင် ခွဲစိတ်ခ်ျိန် တစ် လျှောက်လုံးလည်း စိတ်အာရုံကြည်ကြည်လင် လင်ရှိပြီးဘုရားသခင်နဲ့ စကားပြောရင်း၊ ဆုတောင်းရင်း၊ သီချင်းဆိုရင်းကျော် လွှားနိုင်ခဲ့ပါတယ်။ အယင်တုံးက ဆို ယုံကြည်ခြင်းအားနည်းခဲ့တဲ့ကျွန်မ ဗဟိုအမျိုး သမီးဆေး ရုံမှာ သားအိမ်ခြစ်ဖို့ခွဲစိတ် ခန်းဝင်ခဲ့တုန်းကဆို အကြောက်လွန် စိတ်တွေကြောင့် အာရုံတွေ ရှုပ်ထွေး လာပြီးကိုယ်နဲ့စိတ်မကပ်တော့ သလိုစိတ် လွတ်သွားသလိုမျိုး ရင်ဆိုင်ဘူးပါတယ်။ အဲဒီ တုန်း ကမိနစ်(၄၀)လောက်ပဲကြာတဲ့( Minor Operation)ဖြစ်ပေမယ့်ခွဲ ခန်းထဲကထွက်ပြီ ဆိုတာနဲ့တင်(ICU) ထဲမှာနာရီအတော်ကြာနေ မကောင်းဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်ဒီတစ်ခါတော့ဘုရားရှင်အလုံးစုံကို တတ်နိုင်တယ် ဆိုတာကို အကြွင်းမဲ့ယုံကြည်လိုက်ချိန်မှာတော့ Major ခွဲစိတ်တာ(၃)နာရီကြာခဲ့ပေ မယ့်စိတ်ပေါပေါ့ပါးပါးနဲ့ ခဏလေးပဲလို့ခံစားရလောက်အောင် ဘုရားရှင်ရဲ့မေတ္တာကို ကျွန်မခံစားသိရှိခဲ့ ရပါတယ်။ ဒါအပြင် နောက်ထပ်ဘုရား သခင်ကျွန်မအပေါ် အံ့သြဖွယ်ရာအမှုတစ်ခုပြခဲ့ပါသေးတယ်။ ခွဲစိတ်ခန်းထဲမ၀င်ခင်ညကပေါ့ မနက်ဖြန် ခွဲစိတ်ခန်းဝင်ရ တော့မယ်ဆိုတော့ ဒီည(၁၀း၀၀)နာရီလောက် ထဲက စပြီးဘာမှမစားမသောက်ဖို့ ဆရာဝန်တွေကမှာထားပါတယ်။ ခွဲစိတ် ခံဖူးတဲ့သူတိုင်းသိမှာပါ။ ကျွန်မကိုလည်း မနက်ဖန်ဆိုခွဲစိတ်ခံရမဲ့လူနာဖြစ်နေတော့ ဒီည(၁၀း၀၀)နာရီကထဲ ကစပြီးဘာမှ မစားမသောက်ဖို့ လာမှာသွားပါတယ်။ ဒါတင်မကဘူး ဆရာမတွေကပိုပြီးစိတ်ချရအောင် ကျွန်မကိုည(၆း၀၀) နာရီလောက်မှာ ၀မ်းချူပါသေးတယ် ။ဝမ်းချူလိုက်တော့ ဗိုက်တအားဟာပြီးလူ ကလည်းနှုံးခွေ၊ဘာမှ လည်းထပ် မစားဖြစ် တော့ဘူးပေါ့။ ဒီလိုနဲ့(၁၀း၀၀) နာရီကျော်လောက်ကျတော့ ကျွန်မလည်းဘာမှ မစားတော့ပဲ ဆုတောင်းပြီးအိပ်လိုက်ပါတယ်။ ဒါပေမယ့်(၁၁း၃၀) လောက်ကျတော့ ဗိုက်အရမ်းကိုဆာလာပြီး ရင်တွေတုန် ချွေးသီးချွေးပေါက်တွေကျလာ ပြီးနေလို့ကိုမရအောင်ဖြစ် လာတာပေါ့။ အဲဒီတော့ကျွန်မစဉ်းစား မိတယ်။ ဒီတိုင်းဆိုရင် ဒီညတော့ပြဿနာပဲအိပ်လို့ လည်းပျော် မှာမဟုတ် တော့ဘူး။ လူလည်းတော်တော်အနေရ ခက်နေပြီ၊ နောက်နေ့မနက် ဆိုယင်လည်း ခွဲရတော့မယ်။ ကျွန်မဆုံးဖြတ်ချက်ခိုင်ခိုင် မာမာပဲချလိုက်ပါတယ်။ လူမတတ်နိုင်တာအားလုံး ဘုရားတတ် နိုင်တယ်။ ဆရာဝန်တွေကကျွန်မ ကိုအန္ဒရယ်ဖြစ်မှာစိုးလို့ မစား မသောက်ဖို့မှာ ထားပေမယ့်လည်း။ ဘယ်လိုမှမရတော့တဲ့အဆုံး ဘုရားရှင် သမီးတော့ကိုယ်တော့ ကိုအားကိုးပြီး ကျွန်မပူတင်းပေါင်မုန့်၁လုံး၊ ကိတ်မုန့်၁ချပ်၊ ရေတစ်ခွက်အ၀သောက် လိုက်မိပြီသမီး ကိုစောင့်ရှောက်တော်မူပါ ဆိုပြီးဆုတောင်းအကူ အညီတောင်းခဲ့မိပါတယ်။ လူလည်းအစာဝင် သွားတော့မှပဲငြိမ်သွားပြီးနေ လို့ထိုင်လို့ကောင်းသွား တယ်။နောက်တစ်ရက် ခွဲစိတ်တဲ့အခါကျေးဇုးတော် သက်သက်ကြောင့်ပါပဲ။ စားထားတဲ့အစား အစားတွေကြောင် ဘာပြဿနာမှာမဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်ကစပြီး ဘုရားရှင်ကျွန်မကိုချစ်ပါလား၊ စောင့်ရှောက် ပါးလား ဆိုတဲ့ကြည်နူးမှု၊၀မ်းမြောက်မှုတွေကို ပိုပြီးတော့ခံ စားခဲ့ရပါတယ်။ ခွဲစိတ်မှု လည်အောင်မြင်စွာပြီးခဲ့ပါတယ်။ ကျွန်မခွဲစိတ်ခန်းထဲမနက်၉း၀၀နာရီ ၀န်း ကျင်လောက်က ထဲက၀င်ခဲ့ ရတာ၁၂း၀၀နာရီလောက် ကျမှပြန်ထွက်ခဲ့ရပါတယ်။ ဒီအချိန်တလျှောက်လုံး ကျွန်မရဲ့ ညီမလေး (၂)ယောက်၊ ကျွန်မရဲ့အလွန်ချစ်ခင်ရတဲ့ကျွန်မရဲ့MD.ဒေါ်သီတာ မိုး နဲ့ ကျွန်မရဲ့အမျိုး သားတွေ က ခွဲခန်းအပြင်မှာ ဆုတောင်းရင်းစောင့် နေခဲ့ကြပါတယ်။ ခွဲစိတ်မှုအောင်မြင်တယ်၊ အားလုံးကောင်း တယ်ဆို တဲ့ အဖြေကို လည်းရခဲ့ပါတယ်။ ခွဲခန်းထဲက ထွက်ပြီးခဏမှာပဲကျွန်မတခါမှ မခံစားဖူးတဲ့ အရမ်းကို နာကျင်တဲ့ဝေဒနာကို ခွဲစိတ်ဒဏ်ရာကနေ နာရီအတော်ကြာအောင်ခံစားခဲ့ရ ပါတယ်။ အနာသက် သာအောင်ဆေး ထိုးဆေးထည့်လုပ်ပေးပေမယ့်နာ တာနဲနဲမှလျော့မသွားပါဘူး။ အဲဒီမှာကျွန်မရဲ့ချစ် ခင် ရတဲ့လုပ်ဖော်ကိုင်ဖက် ဆရာမတွေဖြစ်တဲ့Teacher Joesaphine နဲ့ Teacher Kinsana တို့ကအနား မှာစောင့်ရှောက် ဆုတောင်းပေးကြပါတယ်၊ အားလည်းပေးကြပါတယ်။ ပျော်စရာတွေပြောကြတယ်၊ ဘုရားရှင်ရဲ့ဂရုဏာတော်အကြောင်းတွေဝေငှရင်း ကျွန်မကိုနှစ်သိမ့် မှုတွေပေးခဲ့ကြပါ တယ်။ ကျေး ဇူးတော်ပါပဲ၊ ညနေစောင်းရောက်တော့စောစောက ခံစားရတဲ့နာကျင်မှုတွေ တဖြည်းဖြည်း သက်သာ လာပြီး ညလောက်မှာ လုံးဝပျောက်ကင်း သက်သာသွားခဲ့ ပါတယ်။ပုံမှန်အားဖြင့်(၇) ရက်လောက် ဆေးရုံမှာနေ ရမယ့်အနေအထားမှာ(၄)ရက်နဲ့ဆင်းခွင့်ရခဲ့ပါ တယ်။ ပြီးတာနဲ့OGမှ သူ့လုပ်ဆောင်ချက်များပြီးတာနဲ့ ကင်ဆာဆရာဝန်ကြီးဆီလွှဲပေးပါတယ်။ ထက်ရောင်ခြည်အထူးကု ဆရာဝန်ကြီးနဲ့တွေ့ပြီး ချိန်မှာတော့ ကင်ဆာအဆင့်က(၁)မှာပဲရှိတဲ့ earlystageပါပဲ။ ကောင်းကောင်းမွန်မွန်သေချာကုသယင် ပျောက်ပါ တယ်ဆိုတဲ့အဖြေကလည်းကျွန်မကိုအားအ များကြီးတက်စေခဲ့ပါတယ်။ ဆေး တစ်လတကြိမ် နဲ့ ခြောက် ကြိမ်သွင်းရမယ်။ ဓါတ်ကင်ရမယ်၊စသဖြင့်ညွှန်ကြားချက်တွေကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ သားအိမ်ခွဲစိတ် မှုအပြီး တစ်ပတ်အကြာမှာဘဲ chemo frist circle ကိုစတင်သွင်းခဲ့ပါတယ်။ ပထမဦးဆုံး အတွေ့ အကြုံနဲ့ခွဲစိတ်မှုပြီးတာမကြာသေးတာကြောင့် တစ်ကြောင်း ဆေးဒဏ်မခံနိုင် တာကြောင့် တစ်ကြောင်း ဆေး (၅)ရက်သွင်းပြီး (၆)ရက်မြောက်နေ့မှာ လေမလည်၊ ၀မ်းမသွား၊ ဗိုက်အောင့်၊ ဗိုက်နာပြီး၊ ဗိုက်ကြီးပူလာတာပဲ အစာလည်းမ၀င်တော့ဘူး။ မခံနိုင်တဲ့အဆုံး(၇)ရက်မြောက်နေ့ရဲ့နေခင်းမှာ-Rose Hill ဆေးခန်းပြေးရတော့ တာပါပဲ။ ဆေးရုံးရောက်ပြီး နာရီဝက် လောက်မှာပဲ shork ရတော့တာပါပဲ။ ဆေးရုံ(၃)ရက်ထပ် တက်ခဲ့ရ ပါတယ်။ ပြန်ကောင်းဖို့သွင်းပေး တဲ့ဆေးထဲမှာ အလွန်အမင်းကို မခံနိုင်အောင်နာကြင် တဲ့ဒဏ် ကိုခံစားရတဲ့ဆေး လည်းပါတယ်တဲ့။ ဒီဆေးကိုအကြောထဲထည့်တာနဲ့ နာလွန်း လို့တက်တာပါလို့ပြောတယ်။ အားတင်းတောင့်ခံရင်း First Circle ဆေးသွင်းခြင်း ကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။ဆေးကတစ်လကိုတစ်ကြိမ်၊ တစ်ကြိမ်ကို(၅)ရက်၊ တစ်ရက်ကို (၆)နာရီဝန်းကျင် ဆေးသွင်း ရပါ တယ်။ ဆေးသွင်း ရန်စတဲ့နေ့ကစပြီး ဆေးသွင်းပြီးသုံးလေးရက်အကြာမှာ အားလုံးရှစ်ရက် နဲ့ ဆယ် ရက်ကြားမှာေ ဆးဒဏ်ကိုဆိုးဝါးစွာ ခံစားရပါ တယ်။ အန်ချင်တယ်၊ နှုံးခွေတယ်၊ဘာမှမစားနိုင်ဘူး။ အားပြတ်သလို ခံစားရတယ်။ ရင်ပူတယ် (၁၀)ရက်ဝန်းကျင်လွန်သွား ယင်ပြန်နေကောင်းလာ မယ်။ အဲဒီအခါ အားပြန်မွေးပြီးနောက် တစ်ကြိမ်ဆေးသွင်းဖို့ ထပ်ပြင်ဆင်ရ ပါတယ်။ကျေးဇူးတော် သက်သက်ကြောင့်နဲ့ ဘုရားသခင်ရဲ့ခွန် အားပေးမ စမှုကြောင့်စောက်ရှောက်ကယ်မ သနား မှုကြောင့်ဆေး သွင်းခဲ့တဲ့အခေါက် တိုင်ကျွန်မသွေးမသွင်း ခဲ့ရပါဘူး။ ဆေးဒဏ်ကို ခံနိုင်လောက် တဲ့ သွေးအဖြေများ အခေါက်တိုင်းမှာရရှိခဲ့ပါတယ်။ Presure လည်းအမြဲမှန်နေပါတယ်။ ဆရာဝန်ကပြော ထားပါတယ်။ ဆေးသွင်းယင်း လိုအပ်ရင် သွေးဖြူတွေတအားဆင်းယင် သွေး သွင်းရတတ် တယ်။ ဆေး ဒဏ်ကြောင့် အသက်အန္ဒရယ်ပါရှိတယ်ဆိုတာ ကြိုပြောထားပါတယ်။ ဆေးသွင်းတဲ့အခေါက်တိုင်း ခွဲစိတ်မှုခံ ယူတုံးကအတိုင်းပဲ အန္ဒရယ်ရှိတယ်ဆို တာသိပါတယ်။ ဆေးသွင်းဖို့သဘောတူပါတယ်ဆိုတဲ့ လူနာနဲ့လူ နာရှင်ရဲ့ လက်မှတ်အမြဲထိုးရပါတယ်။ ဘယ်လောက်ပဲအန္ဒရယ်ရှိပါစေ ဘုရားရှင်အခွင့်မရှိယင် စာငှက် တစ်ကောင်တောင် မြေပေါ် ကျတဲ့အခွင့်မရှိခဲ့ပါဘူး။ ကျွန်မတစ်ကြိမ်ပြီးတစ်ကြိ မ်ကျော်လွှားနိုင် ခဲ့ပါတယ်။ (၃)ကြိမ်ဆေးသွင်းပြီးတာနဲ့ ကျွန်မတောင်ကြီး မြို့ကိုဓါတ်ရောင်ခြည်နဲ့ကုသဖို့သွားခဲ့ရပါတယ်။ ဘုရားရှင် ရဲ့ကျေးဇူးတော်ကြောင့်ပါ တစ်ခါမှမရောက်ဖူးတဲ့ဒေသဖြစ်ပေမဲ့ လည်း အားလုံးအဆင်ပြေပြီး အရမ်းကောင်း တဲ့နေရာမှာ တည်းခိုဆေးကုသခွင့် ကိုရခဲ့ပါတယ်။ တောင်ကြီးကရင်နှစ်ခြင်း အသင်းတော် သို့ ဘုရားရှင်ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီမှာတည်းခိုခွင့်ရဖို့ကျွန်မရဲ့ခင်မင်ရင်းနှီးရတဲ့ MBCU မှ ဆရာစော ထူး အယ်ရဲ့မိတ်ဆွေ တောင်ကြီးကရင်နှစ်ခြင်း အသင်းတော်ရဲ့ လက်ထောက်သင်းအုပ် ဆရာဖြစ်တဲ့ ဆရာဂျဲနေ ရိုနဲ့မိတ် ဆက် ပေးခဲ့ပါတယ်။ ဘုရားရှင်ပြင်ဆင် လမ်းဖွင့်ပေးခဲ့တာကြောင့် ဆရာဂျဲနေရိုနှင့် ဆရာကတော် ဆရာမစနိုးတို့မိသားစုနဲ့အတူ ဓါတ်ရောင်ခြည်ငှာန (စပ်စံထွန်းဆေးရုံကြီး)မှာ ပင်စင်ယူ တဲ့အထိ အကြာကြီးအလုပ်လုပ်ခဲ့တဲ့ Sister အဖီးဒီးနာတို့က ကျွန်မကို ဆေးကုသမှုခံယူတဲ့ ကာလတစ်လျှောက်လုံး လိုလေသေးမရှိကူ ညီစောင့်ရှောက်ခဲ့ကြပါတယ်။ ကျွန်မအတွက် အမြဲသတိယ ဆုတောင်းပေး ခဲ့ကြတဲ့ တောင် ကြီး ကရင်နှစ်ခြင်းအသင်းတော်ရဲ့အဖသင်းအုပ်ဆရာကြီး ဆရာခါရီထူး နဲ့အသင်းတော် လူကြီးများအားလုံးကိုလည်း ကျွန်မအရမ်းပဲကျေးဇူးတင်ပါတယ်။ ကျွန်မတည်းခိုတဲ့နေရာနဲ့ ဓါတ်ကင် ရတဲ့စပ်စံထွန်း ဆေးရုံကြီးနဲ့ကိုဆိုက်ကယ်နဲ့သွားယင်(၁၀)မိနစ်ပဲကြာသလို ဆေးသွင်းဖို့ဆေး ခန်းပြရတဲ့စိန်(၂) အထူးကုဆေးခန်းကိုလည်း (၅)မိနစ်ပဲကြပါတယ်။ ဒါတွေဟာ အံ့သြဖွယ်ရာဘုရား ရှင်ပြင်ဆင်ပေးမှုတွေပါပဲ။ ဓါတ်ကင်တဲ့ကာလ (၅)ပတ်ကြာခဲ့ပါတယ်။ (၃)ပတ်မြောက်မှစပြီး ခံတွင်းပျက် တာရင်ပူတာတွေ စတင်ခံစားလာရပါတယ်။ ကျွန်မနဲ့အတူတောင်ကြီးကိုလိုက်ပါခဲ့ပြီး အနီးကပ်အားပေးပြု စုပေးခဲ့တဲ့ ကျွန်မရဲ့ မိ ခင်နဲ့ ခင်ပွန်းကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်။ အောင်မြင်စွာပဲ တောင်ကြီး ဓါတ်ရောင်ခြည်နဲ့ ကုသမှုကိုခံခဲ့ရပါတယ်။ ရန်ကုန်ပြန်ရောက်ပြီးဆေး တစ်ကြိမ်ထပ်သွင်းပါတယ်။ (၅) ကြိမ်မြောက်ဖြစ် ပါတယ်။ ပြီးတာနဲ့ဓါတ်အပ်စိုက်ကုသခြင်း Brakyနဲ့ထပ်လောင်းကုသခံယင် ပိုကောင်း တယ်ဆိုတဲ့ ဆရာဝန်ရဲ့ညွန်ကြားချက်ကြောင့်ဓါတ် အပ်စိုက်ဖို့ရက်ချိန်းယူတော့ရက်ချိန်းက၂၀၁၃(၁) လပိုင်းမှ ရတော့ မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ကျေး ဇူးတော်ကြောင့် ကျွန်မရဲ့မွေးနေ့ကျေ ရာက်တဲ့ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့မှာပဲ ဘုရားရှင်ကကျွန်မကို မွေးနေ့ လက်ဆောင်အဖြစ်ရက်ချိန်း ထပ်ရခဲ့ပါတယ်။ ဓါတ်အပ်စိုက်ကုသခြင်းမှာလည်း အတွေ့အကြုံမရှိလို့ တုန်လှုပ်ခဲ့ရပါသေး တယ်။ သူကလည်း မေ့ဆေးနဲ့ခွဲခန်းဝင်ရပါတယ်။ အသက်အန္ဒရယ်ရှိတယ်ဆိုတာ သိရတော့ဘုရားရှင်ဆက် လက်ကယ်မပါ၊ စောင့်ရှောက်ပါ၊ဓါတ်အပ်စိုက် မှုအောင်မြင်အောင်မစပါဆိုပြီးဆုတောင်းခဲ့ ပါတယ်။ တကယ့်ကို ဘုရားရှင်က ကျွန်မရဲ့ရင် တွင်းကနေလိုလိုလား လားတောင်းခံတဲ့ ဆုတောင်းသံကို နားညောင်း ပါတယ်။ (၄၈)နာရီတိုက်ပိတ်ဓါတ်ရောင်ခြည်အခန်းထဲ မှာ-အဖေါ်ဆိုလို့မီးချောင်း တစ်ချောင်း ရယ် Aircom တစ်လုံးရယ်၊ ကိုယ်အိပ်တဲ့ကုတင်တစ်လုံးရယ်၊စားပွဲတစ်လုံးဒါပဲရှိပါ တယ်။ နေ့လားညလား ဆိုတာလည်းမသိရပါဘူး။ ဘုရားရှင်ကျွန်မနဲ့အ တူရှိတယ်ဆို တာ သိရှိခံ စားရတဲ့အတွက် မကြောက် မရွံ့ပဲကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဓါတ်အားစိုက်ကုသမှုကို လည်းကျေး ဇူး တော်ကြောင့်အောင်မြင်စွာ လွန်မြောက်နိုင်ခဲ့ပါတယ်။ နှစ်ပတ်ကြာပြီး chemo last circleကိုသွင်းခဲ့ပါ တယ်။ Treament ကိုအားလုံးပြီး စီးအောင် ကုသဖို့ အခွင့်ပေးခဲ့တဲ့ဘုရားရှင် ပါ။ ကျေးဇူးတော်ကြီး လှပါတယ်။ တ ကယ်တော့ ကျွန်မမှာ ဘုရားပေးတဲ့အသက်ပဲ ရှိပါတယ်။ဆေးကုသမှု တစ်လျှောက် ကျွန်မကိုဖုံးနဲ့သော်လည်းကောင်း၊ ကိုယ်တိုင် လာရောက် အားပေးကြတဲ့ ကျွန်မကိုချစ်တဲ့ ကျွန်မရဲ့ မိတ်ဆွေအပေါင်းအသင်း ဆရာသမားများနဲ့အတူ ကျွန်မကိုအမြဲသတိရပြီး ဖုန်းဆက်၍သော် လည်းကောင်း၊ကိုယ် တိုင်ကိုယ်ကျလာရောက်အားပေးနှစ် သိမ့်ဆုတောင်းပေးခဲ့တဲ့ကျွန်မရဲ့M.Dဆရာ မကြီးဒေါ်သီတာမိုးကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။ နောက်ထပ်ဘုရားရှင်ဆီက ခံစားရ တဲ့ကောင်းချီးတွေက ကင်ဆာဆေးကုသမှုခံယူတဲ့သူ ၉၀% ဆံပင်ကျွတ်ကျတဲ့အထဲမှာ ကျွန်မမပါခဲ့ပါဘူး၊ ပိန်လှီသွားခြင်းမရှိပဲ ပေါင် ၁၁၀ နဲ့ဆေးစကုတဲ့ကျွန်မဟာ အခုပေါင် ၁၃၀ရှိနေပါတယ်။ ဆေးကုသမှု တစ်လျှောက်လူမမာလို့မထင်ရဘူးနှော်ဆိုတဲ့အသံကို ကြားရ တာလဲ ကျွန်မအတွက် အားတစ်ခု ပါပဲ။ဆေးကုသစရိတ် အစမှအဆုံးအထိငွေကုန်ကြေးကျ အများကြီး ရှိခဲ့ပေမဲ့ ဘုရားရှင်ပြင်ဆင် လမ်းဖွင့်ပေး ခဲ့တဲ့အတွက် ကိုယ်ရှိတဲ့အထဲက ယုတ်လျှော့သွားခြင်းမရှိဘဲ ကြွေးမတင်ပဲ ကုသခွင့်ရရှိခဲ့ပါတယ်။ ကျွန်မအပေါ်ထားတဲ့ ဘုရားရှင်ရဲ့ ဂရုဏာမေတ္တာဟာကျွန်မရဲ့ သားအိမ်ကို ထုပ်ဖို့ဖြစ်လာတာတောင်မှ သားနဲ့ သမီးနှစ်ဦးပြည့်စုံစွာ မွေးဖွားရရှိခွင့်ပေးပြီးမှ ထုတ်ခဲ့ရတာပါ။ဖြစ်နေတဲ့ရော ဂါကိုစော လျှင်စွာသိခွင့်ရအောင်လုပ်ပေးခဲ့တဲ့ဘုရား ရှင်၊ ကုသမှု တစ်လျှောက်လုံးမှာ အတူရှိ ပြီးအစဉ် တစ်လျှောက် ကွယ်ကာခဲ့တဲ့ဘု ရားရှင်ကို အရမ်းပဲကျေးဇူးတော် ချီးမွမ်း ပါတယ်။ပေတရုရေပေါ်မှာ လမ်းလျှောက်စဉ် ဘေး ဘီကြည့်ပြီးစိုးရိမ်စိတ်နဲ့ ယုံကြည်ခြင်းအား နဲခဲ့ပေမဲ့ ရေထဲနစ်ခါနီးမှာ ဘုရားရှင်လက်ကမ်း ကယ်နှု တ်ခဲ့ တဲ့အဖြစ်အပျက်ကလေးကလည်း ကျွန်မ ကိုနေ့ တိုင်း ခွန်အားရစေခဲ့ပါတယ်။ တကယ်တမ်း ကျတော့ ဘုရားသခင်ဟာ ကျွန်မတို့ထင်သလို ဒဏ်ခတ်တဲ့ဘုရားမဟုတ်ပါ ဘူး။ဘေးဒဏ်သင့် ခံရတဲ့အကြောင်း ရင်းဟာကျွန်မတို့ရဲ့ လုပ်ဆောင်မှုကြောင့်ပဲဖြစ်ပါတယ်။ဘုရားရှင်ဟာအမြဲပဲမကုန်ဆုံးနိုင် တဲ့မေတ္တာ နဲ့ ကျွန်မ တို့ ကိုချစ်တော် မူတဲ့ ဘုရားဖြစ်တော်မူကြောင်းကို ကျွန်မသိခွင့်ရသလိုပဲ၊ စာဖတ်ပရိတ် သပ်အား လုံးကိုလည်းသိစေ ချင်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ အနာဂတ်အသက်တာမှာ အလိုတော်ကိုဝန်ခံပြီး ဘုရားရှင်ပြင်ဆင် ခွင့်ပေးတဲ့ လမ်းကိုပဲလျှောက်ပြီးအသက်တာ ကိုဘုရားရှင်လက်ထဲအပ်နှံယင်း ဘုရားရှင် ဘုန်းတော်ထင် ရှားစေမဲ့အသက်တာမျိုးနဲ့ပဲ အသက်ရှင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အတိတ်ကာလမှာမှားမိခဲ့သမျှ အပြစ်အားလုံး အတွက်ကျွန်မကိုဘုရားရှင်ကပြတာပဲလို့ ကျွန်မခံယူခဲ့မိပါတယ်။ ဒါပေမဲ့ ဘုရားရှင်က အမြဲပဲခွင့် လွှတ်နေပါတယ်။ ဒါကြောင့်ကျွန်မကို အသက်ရှင်လွတ်မြောက်ရခြင်း အခွင့်ကို လည်း ပြင် ဆင်ပေးခဲ့ ပါတယ်။ ကျွန်မတို့ယုံကြည်ကိုး ကွယ်တဲ့ဘုရားရှင်ဟာ အနန္တတန်ခိုးရှင်၊ ချစ်ခြင်းမေတ္တာ ရှင်လောက ကိုအောင်နိုင်တဲ့အရှင် ဖြစ်ပါတယ်။ အသက်ရှင်တဲ့ဘုရားကို အကြွင်းမဲ့ယုံကြည် ပြီးတောင်းလျှောက် တဲ့ဆုတောင်းသံတိုင်းကိုလည်း အမှန်တကယ် နားညောင်းတော်မူပြီး အဖြေပေးပါ တယ်ဆိုတာကို လက်တွေ့ခံစားခဲ့ရတဲ့ ကျွန်မကနေပြီးတော့ စာဖတ်ပရိသတ်ကြီး ခွန်အားရဖို့ သက်သေ ခံဝေငှလိုက် ရပါတယ်။

နော်စီစီစိုး


Related Posts Plugin for WordPress, Blogger...