နိဒါန်း။
မျက် မှောက် ခေတ် ခရစ်ယာန် တွေ အကြား
စိန် ခေါ်မှု တွေ အများ ကြီး ထဲ လွဲမှား သော သွန်သင် ချက်
(လွဲမှား သော အယူဝါဒ) တွေက လည်း တစ်နေ့ ထက် တစ်နေ့ ပေါများ လာနေ ပါတယ်။
လွဲမှားတဲ့ အယူဝါဒ လို့ပြော တာနဲ့အဝေး ကြီးစဉ်းစား ဖို့မလို ပါဘူး။ ဘုရား သခင်ရဲ့
နှုတ်က ပတ်တော် သမ္မာ ကျမ်းစာနဲ့ လွဲတဲ့အယူဝါဒ၊ သွန်သင် ချက်မှန်သမျှ အားလုံး
လွဲမှားတဲ့ ဩဝါဒ၊ လွဲမှားတဲ့အယူဝါဒ၊ လွဲမှား သွန်သင် ချက်တွေ ဖြစ်ပါတယ်။
ဒီလွဲမှားတဲ့ဩ ဝါဒဟာ အခုမှပေါ်လာတဲ့ ကိစ္စမဟုတ်ပါဘူး၊ ကမ္ဘာဦးက တည်းက
ဘုရားသခင် အလိုတော်နဲ့ ဆန့်ကျင်ပြီး လူသား တွေကို အပြစ်သား ဘ၀ရောက်အောင်
လှည့်စားခဲ့တဲ့ စာတန်ရဲ့ အယူလွဲသွန် သင်မှုဆိုတာ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။
လွဲမှားတဲ့ အယူဝါဒကို အပေါ်ယံ အနေနဲ့ကြည့်ယင် ယုံကြည်ချက် (belief)
တွေကို ဆိုလိုတာလို့ ထင်ရပေမယ့်၊ ယုံကြည်ချက် တွေသာမက လက်တွေ့ ကျင့်သုံးမှု
(practice) တွေပါ ပါဝင်နေပါတယ်။ လက်တွေ့ကျင့် သုံးမှုထဲမှာ သဘောထား
(attitude, morale)နဲ့ ကိုယ်ကျင့် တရား(moral)ပိုင်း ဆိုင်ရာတွေပါ
ပါဝင်နေပါ သေးတယ်။ ဥပမာ၊ လူမျိုးရေးခွဲခြားတာ၊ အဆင့်အ တန်းခွဲခြားတာ၊
အုပ်စုတွေ ဖွဲ့တာ အစရှိတဲ့ ကျင့်သုံးမှုတွေ ဟာလည်း လွဲမှားတဲ့
အယူဝါ ဒတွေဖြစ် သလို၊ နှုတ်ပတ် တော်ကို ဟောပြောနေ ပေမယ့် ရည်ရွယ် ချက်က
ဘုရားရဲ့ အလိုတော်နဲ့ ဆန့်ကျင်နေ ယင်လည်း လွဲမှားတဲ့ သွန် သင်ချက်ဘဲ ဖြစ်ပါတယ်။
ဒါကြောင့် လွဲမှားတဲ့အ ယူဝါဒဆိုတာ၊ ယုံကြည် ချက်ရော၊ ဘောစိတ် ဓာတ်ပိုင်း
ဆိုင်ရာရော အားလုံးပါဝင် ပတ်သက် နေပါတယ်။ ဒါကြောင့် ယုံချက်မှန်ပြီး
ကျင့်သုံးမှုနဲ့ သဘော ထား မှားနေ ယင်ဘဲဖြစ်ဖြစ်၊ ကျင့်သုံးမှုနဲ့ သဘောထား
မှန်ပြီး၊ ယုံကြည်ချက် လွဲနေယင် ဘဲဖြစ်ဖြစ်၊ ဒါတွေကို လွဲမှားတဲ့
သွန်သင်ချက်၊ လွဲမှားတဲ့ အယူဝါဒလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
အဲဒီဩဝါ ဒတွေရဲ့ နောက်ဆုံးပန်းတိုင်က ဘုရားသခင်ရဲ့အလိုတော်ကို
ပျက်ပြားအောင် လုပ်ဖို့ဖြစ်ပါတယ်။ ဘုရားရဲ့ အလိုတော်က (၁တိ ၂၊၄)မှာ
ဖေါ်ပြထားတဲ့အတိုင်း လူတွေအားလုံး ကယ်တင်ခြင်း ခံရပြီး၊ သမ္မာတရားကို
သိဖို့ဖြစ်ပါတယ်။ ဒီအတွက်အဓိက အသုံးခံရသူတွေက ခရစ်ယာန် ယုံကြည် သူတွေနဲ့
သူတို့ပါ ဝင်နေတဲ့ မျက်မြင်ရတဲ့ အသင်းတော် (visible Church (or) local
Church) လို့ခေါ်တဲ့ ဒေသန္တရ အသင်းတော်တွေ ဖြစ်တဲ့အတွက်
ခရစ်ယာန် ယုံကြည်သူတွေ အားလုံး၊ အသင်းတော် တွေအားလုံးဟာ
စာတန်ရဲ့ဦးဆုံး ပစ်မှတ်ထား ခံရသူတွေ ဖြစ်ကြပါတယ်။ ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ
အသစ်အသစ် ပေါ်လာတဲ့ လွဲမှားတဲ့သွန် သင်ချက်တွေ အယူဝါဒတွေကို
မျက်ခြေမပြတ် လေ့လာမယ် ဆိုယင်လည်း ပေါများ လွန်းလို့ တသက်လုံး လေ့လာလို့ကို
ကုန်နိုင်မှာ မဟုတ်ပါဘူး။ လေ့လာနိုင် ယင်တော့လဲ အကျိုးရှိတာပေါ့။
အခုတင်ပြ ပေးလိုတဲ့ အကြောင်း အရာက ဘယ်လောက်ဘဲ လွဲမှားတဲ့ ဩဝါဒတွေ
သွန်သင် ချက်တွေ ပေါများ ပါစေ နှောက်ရှက်ပါစေ ကျွန်ုပ်တို့ရဲ့
နေ့စဉ်အသက် တာမှာ ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီအသက် ရှင်နိုင်ဖို့ တန် ဘိုးထား
လက်ကိုင်ပြုရမယ့် အရာက “စင်ကြယ် သောဩဝါဒ” “Sound Doctrine” ဘဲဖြစ်ပါ တယ်။
ဒါကြောင့် “စင်ကြယ် သောဩဝါဒ” “Sound Doctrine” နဲ့ပတ်သက်ပြီး
သိသင့် သိထိုက်တဲ့ အကြောင်း အရာတွေကို ဝေမျှပေးလိုက် ရခြင်း ဖြစ်ပါတယ်။
တမန်တော် ရှင်ပေါလုက တိတုကို “သင်မူကား၊ စင်ကြယ်သော ဩဝါဒနှင့်
ထိုက်တန် သမျှတို့ကို ဟောပြော လော့။” (တိတု ၂:၁)၊
ဒီလိုအမိန့်ပေး နေတယ် ဆိုကထဲက “စင်ကြယ်တဲ့ ဩဝါဒ”ဟာ အရေးကြီး ပါတယ်။ ဘာကြောင့်
အရေးကြီး ရတာလဲ၊ ဒီဩဝါဒက ကျွန်ုပ်တို့ ယုံကြည်ချက်နဲ့ ဘယ်လို ကွာခြားနေလဲ။
ဘုရားသခင်သည်ဧဝံဂေလိသတင်းကောင်း၏မူပိုင်။
ကျွန်ုပ်တို့ရဲ့ ခံယူယုံကြည်မှုဟာ တိကျသေခြာတဲ့ သတင်းစကား အပေါ်မှာ အခြေပြုပြီး ယုံကြည် ရတဲ့ ယုံကြည်မှု (faith)ဖြစ်လို့ “စင်ကြယ် သောဩဝါဒ” ကျွန်ုပ်တို့ အတွက် သိပ်ကို အရေးကြီးတဲ့ ကိစ္စဖြစ် ပါတယ်။ အသင်းတော် ကနေ သင်ကြား ပေးတဲ့ သွန်သင်ချက် တွေများစွာ ရှိပေမယ့်၊ အဓိက သတင်း စကား ကတော့ “နှုတ်က ပတ်တော်အရ၊ ခရစ်တော် ဟာ ကျွန်ုပ်တို့ရဲ့ အပြစ်တွေ အတွက် အသေခံ တော်မူတယ်.... နှုတ်ပတ်တော် အရဘဲ သုံးရက်မြောက် တဲ့နေ့မှာ သေခြင်း ကနေထမြောက် တော်မူခဲ့တယ်” (၁ကော ၁၅၊ ၃-၄)။ ဒါက သိပ်ကို ရှင်းလင်း ပြတ်သားတဲ့ သတင်းကောင်း ဖြစ်ပြီး၊ “နံပါတ်(၁) အရေးအကြီးဆုံး”လည်း ဖြစ်ပါတယ်။ အဲဒီ သတင်းစကား ပြောင်း လဲသွားတာနဲ့ ခရစ်တော် အပေါ်မှာ အခြေခံထားတဲ့ ယုံချက်ဟာ လည်း အခြားတခုခု ဆီရောက် သွားမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ထာ၀ရ အသက်ရ မရဟာ ကျွန်ုပ်တို့ ကြားနာရတဲ့ နှုတ်ကပတ်တော် သမ္မာတရား၊ ကယ်တင်ခြင်းနဲ့ ဆိုင်တဲ့ ဧဝံဂေလိတရား အပေါ်မှာ မူတည် နေပါတယ်။
(ဧဖက် ၁၊ ၁၃) “သင်တို့ သည်လည်း
ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော ဧဝံဂေလိ တရား တည်းဟူသော
သမ္မာတရား ကိုကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော
သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်း ကိုခံရကြပြီ။ (၂သက် ၂၊ ၁၃-၁၄)
သို့သော် လည်း သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည်
စိတ်သန့် ရှင်းခြင်း၊ သမ္မာတရားကို ယုံကြည်ခြင်း အားဖြင့်
ကယ်တင်ခြင်းသို့ ရောက်စိမ့် သောငှာ၊ ဘုရားသခင် သည် ရှေ့ဦးစွာကပင် သင်တို့ကို
ရွေးကောက် တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့်
ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း ရကြမည်။ ထိုသို့အလို့ငှာ
ဧဝံဂေလိ တရားအား ဖြင့် သင်တို့ကို ခေါ်တော်မူပြီ။ အကြောင်း မူကား၊ သင်တို့သည်
ငါတို့သခင် ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည် အကြောင်းတည်း။”
သတင်းကောင်း ဆိုတာ ဘုရားသခင် ကြောင့်သာ ဖြစ်လာတဲ့ မြင့်မြတ် သန့်ရှင်းတဲ့
ယုံကြည်မှု တစ်ခုဖြစ်တာ ကြောင့် စင်ကြယ် တဲ့ဩဝါဒဟာ သိပ်ကို အရေးကြီးပြီး၊
လောကကြီးကို ဘုရားသခင်က ဆက်သွယ်တဲ့ ကိစ္စ၊ ဘုရား သခင်ပိုင် ဆိုင်တဲ့အရာ၊
ဘုရားရဲ့(မူပိုင်) ဖြစ်တာကြောင့် ဟိုပြောင်း ဒီပြောင်း၊
ဟိုဟာ နုတ်ဒီဟာ ပေါင်းထည့်၊ ပြုပြင် စမ်းသပ်မွန်းမံ လက်ဆော့ လိုရတဲ့
ကိစ္စ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ တာဝန်က ဧဝံဂေလိ သတင်း ကောင်းကို ကိုယ်လို
ချင်သ လိုပြုပြင် ပြောင်းလဲ တည်းဖြတ်ဖို့ မဟုတ် ပါဘူး၊ ဧဝံဂေလိ သတင်းကောင်းကို
ဖြန့်ဖြူးဖို့ ဖြန့်ဝေဖို့ ဘဲဖြစ်ပါ တယ်။ ရှင်ယုဒက ယုံကြည် ခြင်းကို အရေး တကြီး
ထိန်းသိမ်း စောင့်ရှောက်ဖို့ မိန့်မှာထားတာ ရှိပါတယ်။
(ယုဒ ၁၊
၃)မှာ၊- “ချစ်သူတို့၊ အညီအမျှ ဆက်ဆံသော ကယ်တင်ခြင်း အကြောင်းအရာကို
သင်တို့ ထံသို့ ရေး၍ ပေးလိုက် ခြင်းငှာ၊ ငါသည် အလွန်ကြိုးစား သည်တွင်၊
သန့်ရှင်းသူတို့၌ အထက်က အပ်ပေး ခဲ့ပြီးသော ယုံကြည် ခြင်းတရား ဘက်မှာ
သင်တို့သည် ကြိုးစား၍ တိုက်လှန် စေခြင်းငှာ၊ နှိုးဆော် သွေးဆောင်၍
ရေးလိုက် ရသော အကြောင်း ရှိ၏”။ (ဖိလိပ္ပိ ၁၊ ၂၇)မှာလည်း “သင်တို့သည်
ရန်သူများ ကြောင့် အလျှင်း မကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တပါးတည်း သောစိတ်
ဝိညာဉ်၌ တည်၍ ဧဝံဂေလိ တရားနှင့် ဆိုင်သော ယုံကြည်ခြင်း အဘို့အလိုငှာ တညီတညွတ်
တည်း ကြိုးစား အားထုတ် ကြသည် အကြောင်း အရာကို ငါရောက် လျှင်
သင်တို့နှင့် မျက်မှောက် တွေ့သည်ဖြစ်စေ၊ ကွာလျက် နေသည်ဖြစ်စေ၊
ငါကြား သိရပါမည် အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိ တရားနှင့် အထိုက် အလျောက်
ဝတ်ကြီး ဝတ်ငယ်များ ကိုပြု၍ သာနေ ကြလော့။
ဆိုင်ပြိုင် တိုက်လှန်တာကို
ဆက်ပြီး အားကြိုး မန်တက် ဆောင်ရွက်ဖို့၊ ကိုယ်ရထားတဲ့ အရာ (ယုံကြည် ချက်)
အားလုံးကို ပြန်ပြီး ပေးဝေပါလို့ တိုက်တွန်း ထားတာ ဖြစ်ပါတယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်ကို ထပ် ပြီး ဖြည့်စွက်တာ၊ နုတ်တာဖယ်တာ မလုပ်ဖို့
သမ္မာကျမ်းစာက သတိပေး ထားပါတယ် (ဗျာ ၂၂၊ ၁၈-၁၉) “ဤစာစောင်၏ အနာ ဂတ္တိစကား ကို
ကြားသော သူအပေါင်းတို့အား ငါသက်သေခံ သည်ကား၊ အကြင်သူသည် ဤအရာတို့၌ ထပ်၍
အသစ် သွင်း၏။ ဤစာစောင်၌ ရေးထားသော ဘေးဒဏ် တို့ကို ထိုသူ အပေါ်သို့
ဘုရားသခင် သက်ရောက်စေ တော်မူမည်၊ အကြင်သူသည် ဤစောင်၏
အနာဂတ္တိ စကားအချို့ကို နှုတ်ပယ်၏၊ ဤစာစောင်၌ ရေးထားသော အသက်ပင် နှင့်၎င်း၊
သန့်ရှင်းသော မြို့တော်နှင့် ၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို
ဘုရားသခင် နှုတ်ပယ် တော်မူမည်။
တမန်တော် များရဲ့ ဩဝါဒနဲ့ သွန်သင်ချက်တွေ၊
ယုံကြည်ချက် တွေကို ပြောင်းလဲမယ့် အစား ကျွန်ုပ်တို့ကို လက် ဆင့်
ကမ်းပေးအပ် ထားတဲ့ အရာတွေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ကြရမှာ
ဖြစ်ပါ တယ်။ (၂တိ ၁၊ ၁၃) “ငါ့ထံ၌ ကြားရ ပြီးသော၊ စင်ကြယ်သော တရားစကား
အချုပ် အခြာကို၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် တကွစွဲလမ်း လော့။”
စင်ကြယ်သောဩဝါဒနှင့်လူ့၏အမူအကျင့်။
ကျွန်ုပ်တို့ရဲ့ လုပ်နေတဲ့အလုပ်၊ သဘော ထားတွေနဲ့ စဉ်းစား တွေးခေါ် အသက်ရှင်မှု ပုံစံတွေဟာ ကျွန်ုပ်တို့ရဲ ယုံကြည်ချက် တွေကနေ သက်ရောက် လာတဲ့အရာ တွေဖြစ်လို့ စင်ကြယ်သော ဩဝါဒ (စင်ကြယ်သော ယုံကြည်ချက်) ဟာ ကျွန်ုပ်တို့ အ တွက် တော်တော် အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အမူအကျင့် ဆိုတာကလည်း ဘုရားနဲ့ ပတ်သက်ပြီး ကိုယ်ဆင်ခြင်တဲ့ ဓမ္မအတွေး အခေါ် (Theology) ကနေ ပေါ်ထွက်လာတဲ့ အရာတွေ ဖြစ်သလို၊ ကျွန်ုပ် တို့ရဲ့ ထင်မြင်မှုနဲ့ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ပုံ တွေဟာလည်း တိုက်ရိုက် ဆက်စပ်မှု ရှိသည်။
ဥပမာအနေနဲ့ တံတားတစ်စင်းရဲ့ ထိပ်ပေါ်မှာ
လူနှစ်ယောက် ရပ်နေတယ် ဆိုပါစို့၊ နှစ်ယောက် ထဲက တစ်
ယောက်က ပျံနိုင်တယ် လို့ယုံပြီး၊ နောက်တစ် ယောက်ကတော့ မပျံနိုင်ဘူးလို့ ယုံတယ်။
ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ နောက်ထပ် လုပ်မယ့် လုပ်ဆောင်မှု တွေဟာ
သူတို့ရဲ့ ယုံကြည်ချက်ကြောင့် တူနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုဘဲ အမှား
အမှန်ကို အလေးအနက် မထားတတ်တဲ့ လူတစ် ယောက်နဲ့ အလေး အနက်ထားပြီး အသက်ရှင် တတ်တဲ့
လူတစ် ယောက်ရဲ့ ကျင့်ကြံမှု စံနှုန်း သတ်မှတ်ချက် တွေဟာ ခြားနားပါတယ်။
(၁တိ ၁၊ ၇-၁၀) အဘယ်သို့သော တရား ဘက်၌ မိမိတို့ ခိုင်မာစွာ နေသည်ကို
မသိဘဲ လျက်၊ နိဿ ရည်းဆရာ လုပ်ချင်ကြ သည်တကား၊ ပညတ် တရားကို တရားသဖြင့်
ကျင့်သောသူ အဘို့မထား၊ မတရားသဖြင့် ကျင့်သောသူ၊ နားမထောင် သောသူ၊
ဘုရားကို မကိုးကွယ် သောသူ၊ အပြစ်ထင် ရှားသောသူ၊ မသန့်ရှင်း သောသူ၊
ဘုရား တရားကို မရိုမသေ ပြုသောသူ၊ မိဘကို ညှင်းဆဲ သောသူ၊ လူအသက် ကို သတ်သောသူ၊
မတရားသော မေထုန်၌မှီဝဲ သောသူ၊ ယောက်ျား ချင်းမေထုန် ကို ပြုသောသူ၊
လူကို ခိုးသွား သောသူ၊ မုသာစကားကို သုံးသောသူ၊ မဟုတ် မမှန်ဘဲ
ကျိန်ဆိုသော သူမှစ၍၊ စင်ကြယ်သော ဩဝါဒနှင့် ဆန့်ကျင် ဘက်ဖြစ် သမျှတို့အဘို့၊
ပညတ် တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကို တရားသဖြင့် သုံးသောသူ၌ ပညတ်တရား သည်
အကျိုးကို ပေးတတ် သည်ဟု ငါတို့ သိကြ၏။ တနည်း ပြောရယင်၊ စစ်မှန်တဲ့ သွန်သင်ခြင်း
(စင်ကြယ်သော ဩဝါဒ)က ဖြောင့်မတ်ခြင်း တွေတိုးပွား စေသလို၊
စစ်မှန်တဲ့ သွန်သင်ခြင်း (စင်ကြယ်သော ဩဝါဒ) ကို ဆန့်ကျင်တဲ့ နေရာတွေမှာ တော့
အပြစ်ဟာ ကြီးထွား နေပါတယ်။
စင်ကြယ်သောဩဝါဒအားသိကျွမ်းရန်လို။
မုသာနဲ့ ပြည့်၀နေတဲ့ လောကကြီး ထဲမှာ သမ္မာ တရားကို သေသေချာချာ လေ့လာ စိစစ်ပြီး ရှာဖွေ ရသလို၊ ကြားတိုင်း မယုံ၊ ခေါ်တိုင်း မလိုက် သတိဝီရိယ ရှိရှိနဲ့ စင်ကြယ်သော ဩဝါဒလား ဆိုတာ ခွဲခြား တတ်ဖို့ သိပ်အရေးကြီး ပါတယ်။ (၁ယော ၄၊ ၁) “မိစ္ဆာပရောဖက် အများတို့သည် ဤလောကသို့ သွားကြပြီ”။ (မ ၁၃၊ ၂၅) “လူတို့ သည် အိပ်ပျော်သော အခါ သူ၏ ရန်သူသည် လာ၍ ကောင်းသော စပါးနှင့် လက္ခဏာ တူသော တောမျိုး စေ့ကို စပါးထဲ၌ ကြဲ၍သွား လေ၏။” (တ ၂၀၊ ၂၉-၃၀) “အကြောင်း မူကား၊ ငါမရှိ သည်နောက်၊ ကြမ်းတမ်းသော တောခွေး တို့သည် သိုးများကို မသနားဘဲ သင်တို့အ ထဲသို့ဝင် မည်ကို၎င်း၊ တပည့်တော် များကို သွေးဆောင် ခြင်းငှာ၊ မှားသော စကားကို ပြောတတ်သော လူတို့သည် သင်တို့ အထဲ၌ ပေါ်လာမည် ကို၎င်း ငါသိ၏။” အမှန်တရားကို မုသာနဲ့ ခွဲခြားတတ်ဖို့ အကောင်းဆုံး နည်းလမ်း ကတော့ အမှန်တရားကိုသိကျွမ်းထားဖို့ဘဲဖြစ်ပါတယ်။
စင်ကြယ်သောဩဝါဒသည်အသက်ဖြစ်သည်။
စင်ကြယ်သော ဩဝါဒရဲ့ နောက်ဆုံး ပန်းတိုင်ဟာ အသက်နဲ့ ပြည့်စုံတဲ့ အတွက် စင်ကြယ်သော ဩဝါဒဟာ ကျွန်ုပ်တို့ အတွက် သိပ်အရေးကြီး ပါတယ်။ (၁တိ ၄၊ ၁၆) “ကိုယ်ကို၎င်း၊ ကိုယ်ဆုံးမ ဩဝါဒကို၎င်း သတိပြု၍ အမြဲ တည်နေ လော့။ ထိုသို့ ပြုလျှင်၊ ကိုယ်ကို၎င်း၊ နားထောင်သော သူတို့ကို၎င်း ကယ်တင် လိမ့်မည်။” ပြောင်းပြန် ပြောရယင်၊ မစင်ကြယ်တဲ့ ဩဝါဒ (လွဲမှားသော အယူဝါဒ)ရဲ့ နောက်ဆုံး ပန်းတိုင်ဟာ ဖျက်ဆီးခြင်း ဖြစ်ပါ တယ်။ (ယုဒ ၁၊ ၄) “အဘယ်ကြောင့် နည်းဟူ မူကား၊ ငါတို့ ဘုရားသခင်၏ ကျေးဇူး တော်ကို ကိလေသာ၏ ညစ်ညူးခြင်း အလိုငှာ မှောက် လှန် လျက်၊ တပါးတည်း အစိုးရတော် မူသော အရှင်၊ ငါတို့ သခင်ယေရှု ခရစ်ကို ငြင်းပယ် လျက်၊ အပြစ်ခံ စေခြင်းငှာ ရှေးက စီရင်မှတ်သား နှင့်သော အဓမ္မ လူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ ဝင်ကြပြီ။
ဘုရား သခင်ရဲ့
ကျေးဇူးတော် သတင်း စကားကို ပြောင်းလဲ ခြင်းဟာ“ ဘုရားမဲ့တဲ့ လုပ်ရပ် “godless”
ဖြစ်ပြီး ထိုသို့သော လုပ်ရပ်အတွက် ခံယူရမယ့် အပြစ်ဒဏ်ဟာ ပြင်းထန် လှပါတယ်။
(ဂလာတိ ၁၊ ၆-၉) “ခရစ် တော် ၏ ကျေးဇူးတော် အားဖြင့်
သင်တို့ကို ခေါ်တော်မူသော သူနှင့် ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည် အခြားသော
ဧဝံဂေလိ တရားကို ခံယူကြသော ကြောင့် ငါသည် အံ့ဩခြင်းရှိ၏၊ ထိုဧဝံဂေလိ တရားသည်
ဧဝံဂေလိ တရားမဟုတ်။ သင်တို့ကို နှောက်ရှက်၍ ခရစ်တော်၏ ဧဝံဂေလိ တရားကို
မှောက်လှန် ချင်သော သူအချို့ ရှိကြ၏။ သို့သော်လည်း၊ သင်တို့အား
ငါတို့ဟော ပြောသော ဧဝံဂေလိ တရားမှတပါး အခြားသော ဧဝံဂေလိ တရားကို
ငါတို့သည် ဟောပြော သော်၎င်း၊
ကောင်းကင် ဘုံမှလာသော ကောင်းကင် တမန်ဟောပြော သော်၎င်း၊ ဟောပြော သောသူသည်
ကျိန်တော် မူခြင်းကို ခံစေ။ တဖန်တုံ၊ သင်တို့ ခံယူပြီးသော ဧဝံဂေလိ တရားမှတပါး
အခြားသော ဧဝံဂေလိ တရားကို တစုံတ ယောက်သော သူဟော ပြောလျှင်၊
ထိုသူသည် ကျိန်တော် မူခြင်းကို ခံစေဟု ငါတို့ ဆိုခဲ့ပြီးသည် အတိုင်း ယခုငါထပ်၍
ဆိုသေး၏။” ဧဝံဂေလိ တရားတွင် လုံးမပါတဲ့ အခြား ဧဝံဂေလိ တရားကို ဟောပြော သူဟာ
“anathema” လို့ခေါ်တဲ့ ထာ၀ရကျိန်ခြင်း အမင်္ဂလာ ခံရသူတစ်ဦး (an anathema :
let him be eternally condemned) ဖြစ်စေလို့ ပြောထား ပါတယ်။
ယုံကြည်သူများအားခွန်အားပေးသောစင်ကြယ်တဲ့ဩဝါဒ။
စင်ကြယ်တဲ့ ဩဝါဒဟာ ယုံကြည် သူတွေကို ခွန်အား ဖြစ်စေတဲ့ အတွက် သိပ်ကို အရေးကြီး ပါတယ်။ ဘုရား သခင်ရဲ့ နှုတ်ကပတ် တော်ကို ချစ်မြတ် နိုးတာဟာ“ ကြီးစွာသော ငြိမ်ဝပ်ခြင်း”“great peace”ကို ဖြစ်စေ ပါတယ်။ “တရားတော်ကို နှစ်သက်သော သူတို့၌ ကြီးစွာသော ငြိမ်ဝပ်ခြင်း ရှိပါ၏” (ဆာလံ ၁၁၉၊ ၁၆၅)။ “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြော သောသူ၊ ကယ်တင်ခြင်း ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက် စရာ သိတင်းကို ကြားပြော သောသူ၊ သင်၏ ဘုရားသခင် စိုးစံတော် မူ၏ဟု ဇိအုန်မြို့အား ပြောသော သူ၏ ခြေတို့သည် တောင်ပေါ် မှာ အလွန်တင့်တယ် လှစွတကား”(ဟေရှာယ ၅၂၊ ၇) ။
နိဂုံး။
အမှုတော် ဆောင်တွေဟာ အသင်းသူ အသင်း သားတွေကို စင်ကြယ်တဲ့ ဩဝါဒနဲ့ အညီ
သွန်သင် ဆုံးမ အားပေး နိုင်ဖို့၊ ငြင်းခုံ တတ်တဲ့၊
နှုတ်ကပတ်တော်ကို ဆန့်ကျင်ပြီး မှောက် လှန်လိုတဲ့ သူတွေကို ချေပနိုင်ဖို့
စင်ကြယ်သော ဩဝါဒကို အသက် ထက်ဆုံး အမြတ် တနိုးထား စွဲလမ်းပြီး အသက်ရှင် ကြရမယ်
“စင်ကြယ် သော ဩဝါဒ အားဖြင့် တိုက်တွန်း သွေးဆောင်ခြင်း ငှာ၎င်း၊
ငြင်းခုံသော သူတို့၏ စကားကို ချေခြင်းငှာ၎င်း တတ်နိုင်မည် အကြောင်း၊
ကိုယ်တိုင် သင်ပြီးသော သစ္စာစကား တော်ကို အမြဲ စွဲလမ်း သော သူဖြစ် ရမည်”(တိတု ၁၊
၉)။
ပညာရှိ စကား “ဘိုးဘေး စိုက်ဘူးသော မြေမှတ်တိုင် တို့ကို မရွေ့နှင့်” (သုတ္တံ၂၂၊၂၈)။
စင်ကြယ်တဲ့ ဩဝါဒ အတိုင်း လက်တွေ့ အသက်ရှင် ပါစို့၊ စင်ကြယ်သော ဩဝါဒကို
ဘုရားရဲ့ လက်ရာ တော် အတိုင်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး
အသက်ရှင် ကြပါစို့... အာမင်...
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)
(Zawgyi)
နိဒါန်း။
နိဂုံး။