Showing posts with label အကဲဖြတ်သင်ခန်းစာ. Show all posts
Showing posts with label အကဲဖြတ်သင်ခန်းစာ. Show all posts

● အသင်းတော် အတွက် အ(၄)လုံး ဆန်းစစ် နည်း

(SWOT Analysis for Local Church)
          အသင်း တော်၏ အား သာ ချက် (Strength)၊ အား နည်း ချက် (Weakness)၊ အခွင့် အ လမ်း (Opportunities) နှင့် အတား အဆီး (Threat) တို့ အား စနစ် တကျ ဆန်း စစ် သော နည်း ကို (SWOT Analysis) ဟု ခေါ်ပါ သည်။ ဤနည်း အားဖြင့် အသင်း တော်၏ ရူပါ ရုံနှင့် ရည် ရွယ် ချက် များ ကို အောင်မြင် တိုးတက် စေသော အဓိ ကအ ကြောင်း တရား များ အား ဖော် ထုတ် နိုင်ပါ သည်။ အသင်း တော်လုပ် ငန်းများ ကို ကျ ဆင်း စေ သော အသင်း တော် အတွင်း ရှိ အား နည်း ချက် များ ကို တွေ့မြင် လာကြ လိမ့် မည်။ ပြင်ပ ဝန်း ကျင် သည် အသင်း တော် အတွက် မည် သ ည့်အ ခွင့်အ လမ်းများ ကို ပေး၍ မည် သည့် အ တား အဆီး များဖြင့် ကာ ဆီး ထား ကြောင်း တွေ့မြင် လာကြ လိမ့်မည်။ ပြဿ နာများ ကို ဖြေရှင်း ရန်လို အပ် သော သ တင်း အချက် အ လက် များကို ရရှိ ပါသည်။

ယေရှုခရစ်နှင့် အ(၄)လုံး 
  (က)  သခင် ယေရှု (၃)နှစ် ခန့် အမှု တော် ဆောင် နေစဉ် အား သာ ချက် ရှိသူ များ ကို ချီး မွမ်း ခဲ့ပါ သည်။ ဗျာဒိတ် ကျမ်း တွင် ခရစ် တော် သည် အသင်း တော်များ ၏ အားသာ ချက်များ (Strengths) များကို ချီးကျူး ခဲ့သည် (ဗျာ ၂း၂-၃၊   ၁၂း ၁၃)။
   (ခ)  လူတို့ ၏ အား နည်း ချက် များကို သခင် ယေရှု ထောက် ပြကြောင်း ခရစ် ဝင်ကျမ်း များ၌ တွေ့ရ ပါသည် (မာကု ၁၀း၂၁)။ ဗျာ ဒိတ် ကျမ်း တွင် အသင်း တော် များ ၏ အား နည်း ချက် များ (Weaknesses) ကို ဝေဖန် ထောက် ပြခဲ့ ပါ သည်။ (ဗျာ၂း၎၊ ၃း၁၆)
   (ဂ)  သခင် ယေ ရှု သည် အလုပ် လုပ် ရန် အခွင့် အလမ်း များ (Opportunities) ကိုမြင် တတ် ပါ သည်(ယော ၉း ၁-၄)။ တ ပည့် တော် များ လည်း အမှု တော် ဆောင် ရန် အခွင့် အလမ်း များကို မြင် တတ်ဖို့ ကိုယ် တော် သွန် သင် ပါသည် (ယော ၄း ၃၅)။
  (ဃ)  သခင် ယေရှု က အသင်း တော် ၏ ပြင်ပ လော က တွင် အန္တ ရာယ် အတား အ ဆီးများ (Threats) ရှိကြောင်း ပြော ခဲ့ပါ သည် (မဿဲ ၁၀း ၁၆)။ ဝန်း ကျင်ရှိ အန္တ ရာယ် များ ကို ဆန်း စစ်၍ ကြို တင်ပြင် ဆင်ရန် သွန် သင် ပါ သည် (လု ကာ ၁၄း ၃၁- ၃၂)။

အသင်းတော်တွင်းအခြေအနေ(S-W)
          အသင်း တော်၏ ပက တိအ ခြေအ နေမှန် ကို ရိုး သားစွာ အကဲ ဖြတ် ပါ။ အဖြစ် သဘော မျိုးဆန်း စစ်ခြင်း နှင့်အ လွန်အ ကျူး ဝေ ဖန်ခြင်း ကို ရှောင် ကြဉ်ပါ။ အသင်း တော် အ တွင်း ရှိ အား သာ ချက် အရေ အတွက် နှင့် အား နည်း ချက် အရေ အတွက် တို့ကို မျှတ အောင် ကြိုး စား၍ ဖော် ထုတ် ပါ။ အောက် ပါမေး ခွန်း များ ကို အသုံး ပြုနိုင်ပါသည်။                                                              
   (၁)  မည် သည့် လုပ်ငန်း များ အောင် မြင် နေ သ နည်း။
   (၂)  မည် သည့် လုပ် ငန်းများ အောင် မြင်မှု နည်း ပါးသ နည်း။
   (၃)  အသင်း တော်၏ မည် သည့် အခန်း ကဏ္ဌ များ သည် နိုး ကြား ရှင် သန် နေပါ သ နည်း။
   (၄)  မည် သည့် အခန်း ကဏ္ဌများ သည် အား နည်း သ နည်း။
   (၅)  အပြင် လူ တစ်ဦး သည် အခြား အသင်း တော်များ နှင့် ကျွန်ုပ် တို့အ သင်း တော်ကို နှိုင်းယှဉ် လေ့လာ ပါက ထင်ရှား သော ထူးခြား ချက် များ (အ ကောင်း၊ အဆိုး) တွေ့ နိုင် ပါ သ လား။
   (၆)  မည် သည့် အရင်း အမြစ် များ ကို ကျွန်ုပ် တို့ရ နိုင်သ နည်း။
   (၇)  ကျွန်ုပ် တို့၏ လိုအပ် ချက် များ နှင့် မည် သို့ ဆက စပ်နိုင် သ နည်း။

အသင်းတော်ပြင်ပအခြေအနေ(O-T)
          အသင်း တော်ပြင် ပရှိ လူမှု ရေး၊ စီးပွား ရေး၊ ဘာ သာ ရေး အခြေ အ နေများ တွင် အသင်း တော် အတွက် အခွင့်အ လမ်း များ (Opportunities) နှင့် အတား အဆီး များ (Threats) တို့ တည်ရှိ ပါ သည်။ အခွင့် အလမ်း များသည် အသင်း တော်ကို ကောင်း ကျိုးပြု နိုင်ပြီး အန္တ ရာယ် အတား အဆီး များ သည် အသင်း တော်၌ ဆိုးကျိုး များ ဖြစ် စေရန် အလား အလာ ရှိပါ သည်။ ပြင်ပ အခြေ အနေ ကို ဆန်း စစ်ရန် အောက် ပါမေး ခွန်း များကို အသုံး ပြုနိုင် ပါ သည်။                                                                                     
   (၁)  အသင်း တော်၏ အရင်း အမြစ် များနှင့် အင်အား များကို အသုံးပြု လျက် ပတ်ဝန်း ကျင် လူထ ၏ မည် သည့် လိုအပ် ချက များ ကို ဖြည့်  ဆည်းနိုင် သ နည်း။  
   (၂)  ကျွန်ုပ် တို့၏ ပတ်ဝန်း ကျင် တွင် အသင်း တော်၏ အနာ ဂါတ် ဘဝ ကိုလွှမ်း မိုး ချယ် လှယ် နိုင် သော ပြောင်း လဲမှု များ ပေါ်ပေါက် နေ ပါ သ လား။

အ(၄)လုံး၏အကျိုးကျေးဇူး 
          ဤဆန်း စစ် နည်း ဖြင့် အ သင်း တော်၏ ပက တိအ ခြေအ နေ ကို သာ ဖော်ပြ နိုင် ပါ သည်။ ပြဿ နာ ဖြေရှင်း နည်း များ ကို တစ် ပြိုင် တည်း မဖော် ထုတ် နိုင် ပါ။ တွေ့ရှိ သော အချက် အလက်(၄) မျိုးအ ခြေခံ ၍ ပိုမို တိုး တက် သောအသင်း တော်ဖြစ် စေ ရန် လုပ် ငန်း စီမံ ချက်များ ကို အောက် ပါရည် ရွယ်ချက် များဖြင့် ရေး ဆွဲနိုင် ပါ သည်။                                                                            
   (၁)  အသင်း တော် ၏ အင် အား တိုး ချဲ့ ရန်
          (To build its Strengths)
   (၂)  အ သင်း တော် ၏ အား နည်း ချက် များ ကိုပြု ပြင် ပြောင်း လဲ ရန်
          (To reverse its Weaknesses)
   (၃)  ဝန်း ကျင်ရှိ အခွင့် အလမ်း များ ကို အသုံး ချရန်
          (To maximize the response to its Opportunities)
   (၄)  ဝန်း ကျင် ရှိ အတား အဆီး များ ကို အောင် မြင် စွာ ကျော် လွန်ရန်
          (To overcome its Threats)

ဒေါက်တာစောစေးခူ

Related Posts Plugin for WordPress, Blogger...