Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

● ၀ိညာဉ်မီးအိမ်...

" ၀ိညာဉ် မီး အိမ် "

သန်း ခေါင် ထက် ညဥ့် မ နက် တော့ ပါ
ရှုပ် ယှက် ခတ် လွန်း တဲ့ လော က မှာ
ကမ်း ကို မ မြင် 
လမ်း ကို လည်း မ မြင် 
ဘယ် ဟာ က အ ဖြူ
ဘယ် ဟာ က အ မဲ
ဘာ တွေ က တော့ အ ကောင်း
ဘာ တွေ က တော့ အ ဆိုး
ဝေ ခွဲ မ  ရ နိုင် တော့ တဲ့ အ ဆုံး
ထင် ရာ ကို စိုင်း ပြီး
ဘ ၀ ကို အ ရှုံး နဲ့
နိ ဂုံး မ လှ တဲ့ အ ဖြစ် မျိုး တွေ
မိတ် ဆွေ ..
သင် မ ကြုံ ရ လေ အောင်
မေတ္တာ အ လင်း လေး နဲ့
ကူ ညီ ပါ ရ စေ။
အ ရှင် ပြန် အ လာ ကို
ဆီ အ ပြည့် မီး ခွက် နဲ့
ဝမ်း ပန်း တ သာ နဲ့ ခ ရီး ဦး ကြို
သာ ဓု သစ္စာ ရှိ လှ သော
သာ ဓု သစ္စာ ရှိ လှ သော
သာ ဓု သစ္စာ ရှိ လှ သော
သ တို့ သ မီး များ ဖြစ် ကြ စေ ...

(၀ိညာဉ်မီးအိမ်-ခရစ်ယာန်စာပေစုစည်းမှု)




● သတိရလို့ပါ.....


"သတိရတယ် အမေ"

 အချိန်တိုင်းပါဘဲ...
နေအရမ်း မကောင်းဖြစ်နေတဲ့ကြားက
သမီး ဖုန်းဆက်ရင် ဘာမှမဖြစ်သလို
အားတင်း ပြီး ပြောနေတာကို .
သမီး အိမ်ရောက်မှ သိရတော့
သမီးရင်တွေ ကွဲမတတ်ပါဘဲ..
အမေ .ဘယ်လောက်တောင်
နာကျင်ခဲ့ရလဲ နော် ...

ဆေးထိုးအပ်ရာတွေများလွန်းလို့..
အမေ့လက်ဖမိုးတွေ
အမေ့တင်ပါးမှာကော..
အကြိတ်တွေ ဖြစ်နေလို့..
သမီး ရေခဲကပ်ပေးရင်း
သနားလိုက်တာ အမေ့ကို.
အမေကို ပြုစုလိုက်ရတဲ့ အချိန်..
တော်တော်ကို နည်းခဲ့တယ်နော်.
အရင်က အမေနမ်းလို့
ထွက်ထွက်ပြေးနေတဲ့ သမီး .
ပြန်ရောက်လို့ .
အမေကို အကြိမ်ကြိမ် နမ်းခဲ့ပေမဲ့...
အမေ သမီးကို ပြန်မနမ်းနှိင်တော့ဘူးနော်....
သမီးရဲ့ တီးတိုးဖော်...
အမေ .ပါ...

အမေ့ရဲ့ အားပေးစကားပြောတာတွေ
ကြားချင်လိုက်တာ...
အဖြစ်အပျက်တိုင်း သတိရလွန်းလို့...
မျက်ရည်တွေနဲ့ဘဲ
တစ်ရက်ပြီးတစ်ရက် ကျော်နေရတယ်  ...
အခွင့်ရနှိင်မယ်ဆိုရင် ..
အချိန်တွေ နောက်ပြန်လှည့်ပြီး..
အမေနဲ့ အတူတူ နေချင်လိုက်တာ....

Nan Ei Ei May
Related Posts Plugin for WordPress, Blogger...