Showing posts with label သမ္မာကျမ်းစာသင်ခန်းစာ. Show all posts
Showing posts with label သမ္မာကျမ်းစာသင်ခန်းစာ. Show all posts

● ဘုရားသခင် ထံတော်ပါးသို့ တိုးဝင်ယုံကြည်ခြင်း ...



အဓိက ကျမ်းချက်များ|- ဟေဗြဲ ၁၁း ၁-၃၊ ၆။ မသဲ ၁၇း ၂၀။ ရောမ ၁၀း ၁၇။  ရောမ ၁း ၇။- 
နိဒါန်း။
ဘုရားသခင် ထံပါးသို့ တိုးဝင် ယုံကြည်ခြင်း ဆိုသည်မှာ၊ သေခြင်းနှင့် ဆိုင်သော အကျင့်များကို စွန့်လွှတ်ပြီး နောက် နောင်တရ လျှက် ဘုရားသခင် ထံပါးသို့ တိုးဝင် ယုံကြည်သည့် အဆင့် သို့ တက်လှမ်း ခြင်းကို ဆိုလိုပါသည် (လူတစ် ဦးသည် နောင်ရပြီး နောက် အကျင့်ဆိုး များကို စွန့်လွှတ် ရုံနှင့် မပြီးသေးဘဲ၊ နောက်ထပ် အဆင့် ဖြစ်သော ဘုရား သခင်ထံ ပါးသို့ တိုးဝင် ယုံကြည် ခြင်းဖြစ် သည်)။ မိမိကိုယ် ကို ဗဟိုပြု ခဲ့သည့် အခြေ အနေမှ ဘုရား သခင်အား  ဗဟိုပြုခြင်း၊ မိမိစိတ် ဆန္ဒအား ဦးစားပေး ခြင်းမှ ဘုရား သခင့် အလိုတော် အားဦး စားပေးခြင်း လည်းဖြစ် ပါသည်။ သေခြင်း နှင့်ဆိုင် သော အကျင့် စရိုက် များသည် ၊ ဘုရား သခင်ထံ ပါးသို့ တိုး ၀င်ယုံ ကြည်ခြင်း အဆင့် သို့ တက်လှမ်း ရန် အတွက် ဆူးညှောင့် ခလုပ် များဖြစ် သည်။ လူတစ်ဦး ၏ပြောင်း လဲလာ သော အသက် တာသည် သေခြင်း နှင့် ဆိုင်သော အကျင့် များအား နောင်တရ စွန့် လွှတ် ရန်လိုအပ် သကဲ့သို့၊ ယင်းအ ဆင့်မှ ဘုရား သခင် ထံပါး သို့ တိုးဝင် ယုံကြည် သည့်အ ဆင့်သို့လည်း တက်လှမ်း ရန်လို ပါသည်။ (ဟေဗြဲ ၁၁း၆)တွင် ယုံကြည်ခြင်း မရှိလျှင်၊ ဘုရား သခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်း မူကား၊ ဘုရား သခင် အထံ တော်သို့ ချဉ်းကပ်သော သူသည် ဘုရား သခင် ရှိတော် မူသည် ကို၎င်း၊ အကျိုးကို ပေးတော်မူ သည်ကို၎င်း၊ ယုံကြည်ရမည်။ (ရောမ ၁၄း ၂၃) တွင် ယုံမှား သော သူသည် စားလျှင်၊ ယုံသော စိတ်မရှိဘဲ စားသော ကြောင့် အပြစ် စီရင်ခြင်း ကိုခံရ၏။ ယုံသော စိတ်မရှိဘဲ ကျင့်သမျှ သော အကျင့် တို့သည် အပြစ် ရှိကြ၏။

“ယုံကြည်ခြင်း” ဟုဆိုရာ| ယင်း ယုံကြည်ခြင်း ထဲတွင် ကိုးစားမှု (trust) ရှိခြင်း ၊ အာမခံချက် (assurance) ရှိခြင်း (သို့) ဘုရား သခင် (person) နှင့် ဘုရား သခင်၏ နှုတ်ကပတ် တော် (word) အပေါ် အခိုင်အမာ သက်ဝင် ယုံကြည် စိတ်ချခြင်း ဟုအဓိပ္ပါယ် ရှိပါသည်။ တနည်း ဆိုသော်၊ ဘုရား သခင် အားယုံ ကြည်ကိုး စားခြင်းနှင့် ဘုရား သခင်၏ စကား တော်အား လိုက်လျှောက် အသက် ရှင်ခြင်း ဖြစ်သည်။ မိမိ ကိုယ်ကို ယုံကြည် ခြင်းမှ၊ ဘုရား သခင်အား ယုံကြည် ပြောင်းလဲ လာခြင်း လည်းဖြစ် သည်။

ဘုရား သခင် ထံပါး ကိုးစား ယုံကြည် လာတတ် ရန်မည် သို့လုပ် ဆောင်ရ မည်နည်း။

(၁)    မှန်ကန်သော စိတ်ထား ရှိခြင်း။
     ယုံကြည် ခြင်း (Faith) ဆိုသည့် ဝေါဟာရ သည် (Greek) ဝေါဟာရ “pistic” မှ ဆင်းသက် လာပြီး၊ အဓိပ္ပါယ် မှာ တည်ကြည် သော ယုံခြင်း၊ ခိုင်မာ မြဲမြံသော ယုံကြည် ချက်ဖြစ် သည်။ (၂တိ ၁း၁၂) တွင်၊ ထိုအကြောင်း ကြောင့် ဤဆင်း ရဲဒုက္ခ ကို ငါခံ ရ၏။ သို့သော် လည်း ရှက် ကြောက်ခြင်း မရှိ။။ အဘယ် သူကို ငါယုံ ကြည်သည် ဟု ငါသိ၏။ သူ၌ ငါအပ် ထားသော အရာ ကိုလည်း၊ ထိုနေ့ ရက်တိုင် အောင် စောင့်နိုင် တော်မူ သည်ဟု ငါသ ဘောကျ၏။ ဘုရား သခင် မပါသော အရာ အားလုံးကို အချီးအနှီး သက်သက် ဖြစ် ကြောင်း နားလည် ခြင်းလည်း ဖြစ်သည်။ ထိုမျှမက ယုံကြည် ခြင်းတွင် စိတ်နှိမ့် ချခြင်း၊ ဘုရား သခင်၏ အလို တော်အား ဖော်ဆောင် ခြင်းသ ဘောထား များလည်း ပါဝင် နေပါ သေးသည်။ (ဖိလိ ၂း ၅-၈)၌ ယေရှု ခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့ ၌လည်း ရှိစေ ကြလော့။ ထိုသခင် သည် ဘုရား သခင်၏ သဏ္ဌာန် တော်နှင့် ပြည့်စုံ တော်မူ သည်ဖြစ်၍ ၊ ဘုရား သခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှုဟူ၍ မထင်မှတ် လျှက်ပင်၊ မိမိ အသရေ ကိုစွန့်၍ အစေခံ ကျွန်၏ သဏ္ဌာန်ကို ယူဆောင် လျက်၊ လူကဲ့သို့ သောအ ဖြစ်၌ ဘွားမြင် ခြင်းကို ခံတော် မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါ လက္ခဏာ နှင့်ပြည့် စုံလျက်၊ အသေ ခံခြင်း သာ မဟုတ်၊ လက်ဝါး ကပ်တိုင် မှာ အသေခံ ခြင်း တိုင်အောင် အစေကျွန် ခံ၍ ကိုယ်ကို ကိုယ်နှိမ့် ချတော် မူ၏။

(၂)    မှန်သော ယုံကြည် ခြင်းသည် အမှန် တကယ် ရှိခြင်း၊ အမှန် တကယ် ဖြစ်ခြင်း ဖြစ်သည်။
     ယုံကြည်ခြင်း ဆိုသည်မှာ စိတ်ကူး စိတ်သန်း သက်သက်၊ လူ့အတွင်း ထဲတွင် ရှိနေ သော ဆန္ဒ သက်သက် မဟုတ်ပါ။ သန့်ရှင်း သော ၀ိညာဉ် တော်၏ အတွင်းမှ လုပ်ဆောင် ပေးခြင်းဖြင့် အကောင်း နှင့်အဆိုး အား ကွဲပြား စွာနား လည်သိ မြင်လာ ခြင်းဖြစ် သည်။ ယုံကြည် တစ်ခုခု ဘုရား သခင် ကျွန်ုပ် တို့အား ပေးသော အခါ၊ ယင်းအရာ သည် အမှန် တကယ် ရှိနေကြောင်း၊ ထိုအရာ အားဖြင့် ကျွန်ုပ်တို့၏ အသက် တာအား ကောင်း သထက် ကောင်းမွန် စေရန် ဖြစ်ကြောင်း ယုံကြည် ခြင်းဖြစ်သည်။
(ဟေဗြဲ ၁၁း၁)|- ယုံကြည် ခြင်းသည် မြော်လင့် သောအရာ တို့ကို မျက်မှောက် ပြုခြင်း ဖြစ်၏။ မမြင်ရ သေးသော အရာတို့ ကိုသိမှတ် စွဲလမ်းခြင်း အကြောင်း ဖြစ်၏။ (တောလည် ၂၃း ၁၉) ဘုရား သခင်သည် မုသာ စကားကို ပြောအံ့သော ငှါ လူဖြစ်တော် မူသည် မဟုတ်။ နောင်တရ အံ့သောငှါ လူဖြစ်တော် မူသည် မဟုတ်။ မိန့် တော် မူပြီးမှ၊ စကား တော် အတိုင်း မပြုဘဲ နေတော်မူ မည်လော။ ဂတိတော် ထားတော် မူပြီးမှ၊ ဂတိတော်

(၃)    စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားထံပါးမှ လာသော ဆုလက်ဆောင် ဖြစ်သည်။
     ယင်းယုံကြည် ခြင်းကို မိမိအစွမ်း အစဖြင့် ကြိုးစား အားထုပ်၍ မရနိုင် သကဲ့သို့၊ စိတ်ပိုင်း ဆိုင်ရာ ကျင့်စဉ် များဖြင့် အားထုတ်၍ မရနိုင် သောအရာ လည်း ဖြစ်သည်။ သန့်ရှင်းသော ၀ိညာဉ် တော်မှ ကျွန်ုပ်တို့ နှလုံး သားထဲသို့ နေရာယူပြီး ထိုယုံကြည် ခြင်းအား ထည့်သွင်း ပေးခြင်းသာ ဖြစ်သည်။ (ဧဖက် ၂း၈)တွင် ဘုရား သခင်သည် နှလုံး သွင်းတော် မူသော စေတနာ တော်နှင့် လျှော်သော အလိုတော် ၏နက် နဲသော အရာကို ငါတို့အား ပြတော် မူ၏။

(၄)    ဘုရားသ ခင်အား သိကျွမ်း မှုအားဖြင့် ယုံကြည်ခြင်း ကြီးထွား လာသည်။
     မိမိ မသိ မရင်းနှီးသူ တစ်ဦးအား မိမိ အနေဖြင့် ယုံကြည်ရန် မဖြစ် နိုင်ချေ။ ဘုရား သခင်နှင့် ဘုရားသခင်၏ သစ္စာရှိမှု၊ ချစ်ချင်း မေတ္တာတော်၊ လက္ခဏာ၊ လမ်းစဉ်၊ ကြီးမြတ် တော်မူခြင်း အစရှိ သည်တို့အား သိကျွမ်းခြင်း ရှိလေလေ၊ ဘုရားသခင် အပေါ် ယုံကြည်မှု ရှိရှိလေ လေဖြစ် ပါလိမ့်မည်။ ဤအချက် သည် ဘုရားသခင့် ထံပါး တိုးဝင် ယုံကြည်ရန် အတွက် အဓိက အခြေခံ အုပ်မြစ် ပင်ဖြစ်သည်။ (တရားဟော ၇း၉) ၌ “သို့ဖြစ်၍ သင်၏ ဘုရား သခင် ထာဝရ ဘုရားသည် မှန်သော ဘုရား၊ သစ္စာစောင့် သောဘုရား၊ ကိုယ်တော်ကို ချစ်၍ အမျိုး အစဉ် အဆက် အထောင် အသောင်း တိုင်အောင် ပဋိညာဉ် စကား တည်၍ ကရုဏာ ကိုပြသော ဘုရား။” (ဆာလံ ၉း၁၀) တွင်လည်း “နာမတော် ကိုသိသော သူတို့သည် ကိုယ်တော် ကိုယုံကြည် ကြပါ လိမ့်မည်။ အကြောင်း မူကား၊ အိုထာဝ ရဘုရား၊ ကိုယ်တော် ကိုရှာသော သူတို့ကို စွန့်ပစ်တော် မမူတတ်ပါ။” (၁သက် ၅း၂၄) ၌ “သင်တို့ကို ခေါ်တော်မူ သောသူသည် သစ္စာနှင့် ပြည်စုံ သည်ဖြစ်၍ ၊ ထိုသို့ ပြုတော် မူလိမ့်မည်။ စွန့်ပစ် တော်မ မူတတ်ပါ။” သန့်ရှင်းသော ၀ိညာဉ်တော် သည် ဘုရား သခင် ၏ဖွင့် ပြတော် မူချက် များအား ကျွန်ုပ်တို့ သိရှိ စေရန် ၊ နှုတ်က ပတ်တော် (သမ္မာကျမ်းစာ) အားဖြင့် လမ်းကြောင်း မှန်ကန် စွာဖြင့် မစတော် မူလျှက် ရှိပါသည်။ ထို့အတူ ယုံကြည်ခြင်း နှင့်ဆိုင်သော ဘ၀အတွေ့ အကြုံများ အားဖြင့်လည်း ကျွန်ုပ်တို့ ၏ယုံကြည် ခြင်းကို တောင့်တင်း ခိုင်မာစေ ပါသည်။ (ဟေဗြဲ ၁၁း ၆) ၌ “ယုံကြည်ခြင်း မရှိလျှင်၊ ဘုရား သခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်း မူကား၊ ဘုရား သခင့် အထံတော် သို့ ချဉ်းကပ်သော သူသည်၊ ဘုရား သခင် ရှိတော် မူသည်ကို၎င်း၊ ကိုယ်တော် ကိုရှာသော သူအား အကျိုးပေး တော်မူ သည်ကို၎င်း၊ ယုံကြည် ရမည်။” ထို့အပြင် ကျွန်ုပ်တို့ စကား မပြောဘူး သောမည် သူ့ကိုမဆို ကျွန်ုပ်တို့ အနေဖြင့် သိကျွမ်းဖို့ မဖြစ်နိုင်ပါ။ ထို့ကြောင့် ဆုတောင်း ခြင်းသည် ဘုရား သခင်နှင့် စကား ပြောခြင်း ဖြစ်သဖြင့် ၊ဘုရား သခင်အား သိကျွမ်းရန် ဆုတောင်း ရပါမည်။ ဆုတောင်း ခြင်းတွင် အစဉ် တွေ့ရှိ ရသော အချက် (၂)ချက် ရှိပါသည်။

၎င်းတို့မှာ|-
(၁) လုပ်ဆောင် သမျှအ ရာအား လုံးအားကို ဘုရား သခင်၏ အလိုတော် နှင့်အညီ လုပ်ဆောင် တတ်သော နှလုံးသား မျိုးဖြစ် လာခြင်း။
(၂) ဘ၀ အသက်တာ အဆုံး စွန်အား ဘုရားသခင် ထံပါး ပုံအောကာ အဖြစ် ၀န်ခံတတ် လာခြင်း စသည် တို့ပင် ဖြစ်ပါ သည်။

သတိပြု ရန်မှာ|-
     ဘုရားသခင် ၏ သစ္စာတော် သည်အလွန် ကြီးမြတ် တော်မူပြီး၊ ဖေါက်ပြန် ပျက်စီးခြင်း လုံးဝမရှိခြင်း ပင်ဖြစ် သည်။ (ဆာလံ ၈၉း ၃၄)|၌  “ငါ၏ ပဋိညာဉ် တရား ကိုလည်း မရှုတ်ချ။ ငါမိန့်   မြွက်သော စကား လည်း ဖေါက် ပြန်ခြင်း မရှိရ။” (ဆာလံ ၁၁၉း ၉၀)| “သစ္စာ တော်သည် လူမျိုး အဆက်ဆက် မြဲမြံ ပါ၏”။ ဘုရားသခင် သည် သစ္စာ အစဉ်အမြဲ တည်သော ဘုရား ဖြစ်ကြောင်းကို အကြွင်းမဲ့ ယုံကြည်လျှက် ၀န်ခံလျှက်၊ မိမိ အသက်တာ အား ဘုရား သခင်ထံ ဆက်ကပ် အပ်နှံရန် လိုပါသည်။ (ဇဝေ ဇ၀ါ မဖြစ်ရပါ၊ ကိုယ်တော် နှစ်သက်သော အလိုတော် ရှိသော အသက်တာဖြင့် နေ့စဉ် ကြုံတွေရ သောအခြေ အနေတိုင်း၌ သစ္စာရှိစွာ အသက် ရှင်ကြ ရပါမည်)။ (၁ပေ ၄း၁၉)| တွင် “ထို့ကြောင့်၊ ဘုရား သခင်၏ အလိုတော် အတိုင်း၊ ဆင်းရဲ ခံရသော သူတို့သည်၊ ဘုရား သခင်ကို သစ္စာရှိသော အသက် သခင်ကဲ့သို့ မှတ်လျှက်၊ ကောင်းသော အကျင့်ကို ကျင့်နေ၍ ၊ ကိုယ်တော်၌ မိမိတို့ အသက် ၀ိညာဉ်ကို အပ်နှံကြစေ” (ဟေဗြဲ ၁၀း၂၃)| ၌လည်း “မြော်လင့် ခြင်း အကြောင်း ကို ၀န်ခံ၍ ၊ မတိမ်းယိမ်း မရွေ့လျော့ဘဲ၊ တည်ကြည် ကြကုန်အံ့၊ အကြောင်း မူကား၊ ဂတိထား တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံ တော်မူ၏။”  ထာဝရ ဘုရား၏ သစ္စာရှိမှု အပေါ် ကျွန်ုပ်တို့ ချီးမွမ်းရ ပါမည်။ (ဆာလံ ၉၂း ၁-၂)|- တွင်  “ထာဝရ ဘုရား၏ ကျေးဇူး တော်ကို ချီးမွမ်း၍ ၊ အမြင့်ဆုံး သောဘုရား ၏နာမ တော်ကို ထောမနာ သီချင်း ဆိုခြင်း ငှါ၎င်း။” (ဆာလံ ၈၉း ၁)|- “အကျွန်ုပ်သည် ထာဝရ ဘုရား၏ ကရုဏာ တော်ကို အစဉ်အမြဲ သီချင်း ဆိုပါမည်။ ကိုယ်တော်၏ သစ္စာကို လူမျိုး အဆက် ဆက်တို့အား ဟောပြော မြွက်ဆို ပါမည်။”

(၅)    ယုံကြည်ခြင်းသည် ကြားရသမျှ အပေါ် ပြန်လည် တုံ့ပြန် ခြင်း ဖြစ်သည်။
     ဘုရား သခင်သည် မိမိအကြံ အစည် တော်များကို နှုတ်ကပတ် တော် တည်းဟူ သော သမ္မာကျမ်း စာဖြင့် လူသား များအား အဆက် အသွယ် ပြုလုပ် နေတော် မူသော ဘုရား ဖြစ်ပါသည်။ ဘုရား သခင်သည် ၀ိညာဉ် တော် အားဖြင့် မိမိ စကားတော် ကို လူသား များကြားသိရန် ဖေါ်ပြ တော်မူသော အခါ၊ ဘုရား သခင်၏ စကားသည် မှန်ကန်ကြောင်း၊ မိမိတို့အတွက် ပြောကြားနေခြင်း ဖြစ်ကြောင်း ၊ လူသားတို့၏ အတွင်း၌ ယုံကြည်သော တုံ့ပြန်မှု၊ သွေးဆောင်မှုများ ဖြစ်ပေါ်လာရန် ပြုပြင်ဖန်တီး ပေးပါသည်။ (ရောမ ၁၀း၁၇)| ၌ “သို့ဖြစ်၍ ၊ ယုံကြည် ခြင်းသည် ကြားနာ ခြင်းအား ဖြင့်ဖြစ်၏။ ကြားနာ ခြင်းသည် လည်း ၊ ဘုရား သခင်၏ စကားတော် အားဖြင့် ဖြစ်၏။ ” ဘုရားသခင်သည် မိမိ၏ အကြံအစည် တော်နှင့် အလိုတော်ကို နှုတ်က ပတ်တော်အားဖြင့် လူသားတို့၏ အတွင်းစိတ်၌ ဖေါ်ပြတော်မူသော၊ ပြုပြင်ပေး တော်မူသော  ဘုရားဖြစ် ပါသည်။ ထိုသို့ နှုတ်ကပတ် တော်ဖြင့် ပြုပြင်ပေး ခြင်းကြောင့် ရရှိသော ယုံကြည်ခြင်းကို ၀န်ခံလျက်၊ ထိုယုံ ကြည်ခြင်း အပေါ် ကျွန်ုပ်တို့၏ အသက်တာကို ရပ်တည် အသက်ရှင် လာကြခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် အတွင်းစိတ်အား ပြုပြင်ပေး သောဘုရား သခင်၏ တန်ခိုးတော် အား မျက်ဝါးထင်ထင် မြင်တွေ့ လာရမည် ဖြစ်ပြီး၊ ဂတိထား တော်မူသော အရာ များအားလည်း နှုတ်ကပတ် တော်မှ သယ်ဆောင်ပြီး၊ ကျွန်ုပ်တို့ အသက်တာ ထဲသို့ စီးဝင်လာ ပါလိမ့်မည်။ (သို့သော်လည်း ထိုပြုပြင် ပေးတော် မူခြင်းကို ၀န်ခံခြင်း၊ လက်ခံခြင်း၊ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ ဖက်မှ ဆုံးဖြတ် ရမည့် အပိုင်း ဖြစ်ပါသည်။) ထို့ကြောင့် ခရစ်တော်က ယုံကြည်ခြင်း ရှိပါလျှင် မဖြစ်နိုင်သော အရာတစုံ တခုမျှမရှိ ဟုမိန့်တော် မူခဲ့ခြင်း ဖြစ်ပါသည်။
(မသဲ ၁၇း၂၀)| တွင်၊ “သင်တို့သည် ယုံကြည်ခြင်း မရှိသော ကြောင့် မနှင်ထုတ် နိုင်ကြ။ ငါအမှန် ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ ခန့်မျှလောက် သောယုံကြည်ခြင်း ရှိလျှင် ၊ ထိုတောင်ကို နေရာမှ ရွေ့လောဟု ဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်း ရှိလျှင် သင်တို့ မတတ်နိုင် သော အမှု မရှိ။”
     ထိုမျှမက ယုံကြည်ခြင်း သည်ဘုရား သခင်အား သိကျွမ်းခြင်း ဆိုသည့် ပညာ၏ အချုပ်အခြာ (source of Knowledge) အပေါ် ယုံကြည် အားထားခြင်း နှင့်လည်း ပတ်သက် ဆက်နွယ် လျှက်ရှိ ပါသည်။ လူတိုင်းတွင် အာရုံ အသိ (senses of knowledge) ရှိရန် လိုပါသည်။ ထိုအာရုံ ခံအသိ မှာ အာရုံ(၅)ပါး (အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့) မှလာသော အသိတရား များဖြစ်ပြီး၊ အကန့်အသတ် ရှိသော အသိတရား ဖြစ်ပါသည်။ (ဥပမာ၊- မိမိ ဘ၀ကိုပင် မိမိ မပိုင်သော ၊ မနက်ဖြန် ဘာဖြစ်မည် ကိုပင် တင်ကြို မသိနိုင်သော လူ သား)။ (၁ကော ၂း ၄-၆)|တွင် “သင်တို့၏ ယုံကြည် ခြင်းသည် လူပညာ အားဖြင့် မတည်၊ ဘုရား သခင်၏ တန်ခိုးတော် အားဖြင့် တည်စေ ခြင်းငှါ၊ ငါ့စကား ၊ ငါ့ဒေသနာ သည် လူပညာ နှင့်ယှဉ် သော ဖြားယောင်း သောစကား နှင့်တကွ ရှိသည် မဟုတ်။ ၀ိညာဉ် တော်၏ နိမိတ် လက္ခဏာ တန်ခိုး တော်နှင့် တကွ ရှိ၏။ သို့သော်လည်း၊ စုံလင်သော သူတို့အား ငါတို့ သည်ပညာ စကားကို ဟောပြော ၏။ ထိုသို့ ဆိုသော် ၊ လောကီ ပညာကို မဆိုလို၊ ပြယ်ပျောက် တတ်သော လောကီ မင်းတို့၏ ပညာကို မဆိုလို”
     ဘုရား သခင် အား သိကျွမ်း ခြင်း ပညာ (Revelation of knowledge) ဆိုသည်မှာ၊ အထက် တွင်ဖေါ်ပြ ခဲ့သော အာရုံ(၅)ပါး နှင့် သဘာဝ အကြောင်း တရားများ ပေါ်တွင် အခြေမပြု သော သိကျွမ်း ခြင်း ပညာဖြစ်ပြီး၊
အမြင့် ဆုံးသော ဘုရား သခင်၏ နှုတ်ကပတ် တော်သမ္မာ တရား၌ သာ အခြေပြု သည့် သိကျွမ်း ခြင်းပညာ ဖြစ်သည်။ သန့်ရှင်းသော ၀ိညာဉ်တော် သည် လူသား၏ ၀ိညာဉ်သို့ ဖွင့်ပြတော်မူ ခြင်းကို ဆိုလို ခြင်းဖြစ်သည်။
(၁ကော ၂း ၇-၁၆) သင်တို့၏ ယုံကြည် ခြင်းသည် လူပညာ အားဖြင့် မတည်၊ ဘုရား သခင်၏ တန်ခိုးတော် အားဖြင့် တည်စေ ခြင်းငှါ၊ ငါ့စကား ၊ ငါ့ဒေသနာ သည် လူပညာ နှင့်ယှဉ် သော ဖြားယောင်း သောစကား နှင့်တကွ ရှိသည် မဟုတ်။ ၀ိညာဉ် တော်၏ နိမိတ် လက္ခဏာ တန်ခိုး တော်နှင့် တကွ ရှိ၏။ သို့သော်လည်း၊ စုံလင်သော သူတို့အား ငါတို့ သည်ပညာ စကားကို ဟောပြော ၏။ ထိုသို့ ဆိုသော် ၊ လောကီ ပညာကို မဆိုလို၊ ပြယ်ပျောက် တတ်သော လောကီ မင်းတို့၏ ပညာကို မဆိုလို၊ ဤကမ္ဘာ မတည် မရှိမှီ၊ ငါတို့၏ ဘုန်းအသ ရေဖြစ် စေခြင်းငှာ၊ ဘုရားသခင် စီရင်တော် မူသောပညာ၊ နက်နဲသော အရာ၌ ပညာကို ငါတို့သည် ပြသကြ၏။

(၁ကော ၂း ၇-၁၆)| တွင် “ထိုပညာကို လောကီ မင်း တစုံတယောက် မျှမသိ။ သိလျှင်၊ ဘုန်းကြီး တော်မူ သော သခင်ကို လက်ဝါး ကပ်တိုင်မှာ မကွပ် မျက်ကြပြီ။ ကျမ်းစာ လာသည် နှင့်အညီ ၊ ဘုရား သခင် ကိုချစ်သော သူတို့ အဖို့ အလိုငှါ၊ ဘုရား သခင် ပြင်ဆင်တော် မူသော အရာတို့ ကိုလူ့မျက်စိ ဖြင့်မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံး ဖြင့် မကြံစည်သေး။ ထိုအရာ တို့ကို ဘုရားသခင် သည် မိမိ ၀ိညာဉ် တော်အား ဖြင့် ငါတို့အား ဖေါ်ပြ တော်မူ၏။ ၀ိညာဉ် တော်သည် ဘုရား သခင်၏ နက်နဲ သောအရာ တိုင်အောင် ခပ်သိမ်းသော အရာတို့ ကို စစ်တော် မူ၏။ လူ၏ နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ် ၀ိညာဉ် မှတပါး အဘယ်သူ သိသနည်း။ ထိုနည်းတူ ဘုရား သခင်၏ နက်နဲသော အရာကို ဘုရား သခင်၏ ၀ိညာဉ် တော်မှ တပါး အဘယ် သူမျှမသိ။
ငါတို့သည် လောကီ ၀ိညာဉ် ကိုမခံ ရကြ။ ဘုရား သခင် ပေးတော် မူသော အရာတို့ ကို သိခြင်း အလိုငှါ ဘုရား သခင့် ထံမှ ကြွလာသော ၀ိညာဉ်ကို ခံရကြပြီ။ ဘုရား သခင် ပေးတော် မူသော အရာတို့ကို ငါတို့သည် လူပညာ ကို အမှီပြု ၍ နားလည် သောစ ကားနှင့် မဟော။ သန့်ရှင်း သော ၀ိညာဉ် တော်သည် ၀ိညာဉ်နှင့် စပ်ဆိုင် သော အရာကို ၀ိညာဉ် စကား အားဖြင့် ဖွင့်ပြ၍ ပဲ့ပြင် တော်မူ သောစ ကားနှင့် ငါတို့ သည် ဟောကြ၏။ ဇာတိ ပကတိ လူသည် ဘုရား သခင်၏ ၀ညာဉ် တော်ရာ တို့ကို မခံ မယူ။ ထိုအရာ တို့သည် မိုက်မဲ သော အရာ ဖြစ်သည် ဟု ထင်တတ် ၏။ ထိုအရာ တို့ကို ၀ိညာဉ် အားဖြင့် သာ ပိုင်းခြား၍ နားလည် နိုင်သော ကြောင့်၊ ဇာတိ ပကတိ လူသည် နားမ လည်နိုင်။ ၀ိညာဉ် လူမူကား ထိုအရာ အလုံးစုံ တို့ကို ပိုင်းခြား၍ နားလည် တတ်၏။ သို့သော် လည်း ထိုလူကို အဘယ်သူ မျှပိုင်း ခြား၍ မသိနိုင်။ ထိလူကို သွန်သင် နိုင်မည် အကြောင်း အဘယ် သူသည် ထာဝရ ဘုရား၏ စိတ်တော်ကို သိသနည်း။ ငါတို့မူကား ခရစ် တော်၏ စိတ်ကို ခံရ ကြ၏။”

(၆)    ယုံကြည် ခြင်းသည် ဘုရားသခင် နှင့်၎င်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း နှင့်၎င်း ကြုံတွေ့ရ ခြင်းမှလာ သည်။
          ဘုရား သခင် ထံပါး တိုးဝင် ယုံကြည် လေလေ၊ ဘုရား သခင်၏ ဖြောင့်မတ် ခြင်းအား ကြုံတွေ့ရ လေလေ၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း လည်းကြီး ထွားလေ လေဖြစ်သည်။ ထိုမျှမက ၀ိညာဉ် ဆုကျေးဇူး (ကုသခြင်း ၊ နမိတ် လက္ခဏာ အစရှိ သဖြင့် …) များလည်း ပေးပါသည်။ ထိုသို့ ၀ိညာဉ် ဆုကျေး ဇူးများ ရရှိခြင်း သည် ဘုရား သခင် ၏ ဘုန်းတော် ကိုသာ ထင်ရှား စေရန် ဖြစ် သကဲ့သို့၊ ကျွန်ုပ် တို့၏ ယုံကြည်ခြင်း တိုးတက် လာသည့် အခြေ အနေလည်း ဖြစ်သည်။ (ယော ၂း၁၁)|  “ထိုသို့ ယေရှုသည် ရှေ့ဦးစွာ သော ဤနမိတ် လက္ခဏာကို ဂါလိလဲပြည်၊ ကနာမြို၌ ပြ၍ မိမိဘုန်းတော် ကိုထင် ရှားစေ တော်မူ၏။ တပည့် တော် တို့သည် လည်း ယုံကြည် ကြ၏။” (ယော ၁၁း၁၅)| “ထိုအရပ်၌ ငါမရှိ သည်ကို ထောက်၍ သင်တို့အတွက် ငါဝမ်း မြောက် ခြင်း ရှိ၏။ သူ့ဆီသို့ ယခု သွားကြ ကုန်အံ့ဟု အတည့် အလင်း မိန့်တော် မူ၏။”

(၇)    ယုံကြည်ခြင်းသည် လွန်လေပြီး သော ဘိုးဘေးတို့ ၏သစ္စာရှိမှု များအား သတိရ အောက်မေ့ ခြင်းဖြင့် ကြီးထွား တိုးတက်ပါသည်။

နိဂုံး။
     ယုံကြည်ခြင်း သည် ပြသနာ သို့ဦး တည် သော စိတ်ပိုင်း ဆိုင်ရာ သဘော ထား မဟုတ်ပါ။ ဘုရား သခင်၏ ပင်ကိုယ် သဘာဝ ပင်ဖြစ်သည်။ လူတစ်ဦးသည် သန့်ရှင်းသော ၀ိညာဉ် တော်အား ဖြင့် ဒုတိယ မွေးဖွားခြင်း ခံယူ ပြီးသည်နှင့် နောက် ဆက်တွဲ ဖြစ်ပေါ် လာရမည့် အရာမှာ မိမိ အသက် တာ၌ ဘုရား သခင်၏ စိတ်တော် အား ရရှိပြီး အသက် ရှင်ရန်ပင် ဖြစ်သည်။ လူတိုင်း လူတိုင်း အသက် တာမပြောင်း လဲမီ၊ လူဟောင်း ဘ၀တွင်၊ ကြောက်ရွံ့ခြင်း၊ သံသယ ရှိခြင်း၊ ရှုပ်ထွေးခြင်း၊ မှားယွင်းခြင်း အစရှိသော အရာများ၏ ဖိနှိပ် ချုပ်နှောင် ခြယ်လှယ် မှုအောက် တွင် ရှိခဲ့ပြီး၊ နောင်တရခြင်း၊ အပြစ်ဝန်ခံခြင်း၊ သန့်ရှင်းသော ၀ိညာဉ်တော် အားဖြင့် ဒုတိယ မွေးဖွားခြင်း ခံယူပြီးနောက်၊ နောက်ဆက် တွဲဖြစ်ပေါ် လာရမည့်၊ အရာမှာ သန့်ရှင်းသော ၀ိညာဉ်တော် ၏ပြုပြင် ပေးမှုကြောင့် ဘုရား သခင် ထံပါး တိုးဝင် ယုံကြည် လာသူ ဖြစ်လာ ရန်နှင့်၊ ကျွန်ုပ်တို့ အသက် တာ ၌လည်း ဘုရား သခင်နှင့် ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ ရင်းနှီး ကျွမ်းဝင်မှု တနေ့ထက် တနေ့ ကြီးထွား လာရန်၊ အားကောင်း လာရန်၊ ယုံကြည်ခြင်း တွင်လည်း တဆင့်ပြီး တဆင့် တိုးတက် ကြီးထွား လာရ မည်ဖြစ်သည်။ ဤသို့ အားဖြင့် လူဟောင်း အသက် တာမှ ရှုပ်ထွေးခြင်း၊ သံသယရှိခြင်း၊ ဇဝေဇ၀ါ ဖြစ်ခြင်း အစရှိသော အရာများ နေရာတွင် သန့်ရှင်း သော ၀ိညာဉ် တော်အား လက်ခံ နေရာ ပေးခြင်းဖြင့်၊ ၄င်း၏ ပြုပြင်တော်မူ ခြင်းကြောင့် ဘုရား သခင်၏ စိတ်တော်နှင့် ညီသော အရာများ အစားထိုး ၀င်ရောက် နေရာယူကာ လူသစ်ဘ၀ အသက်တာ သစ်ကို ရရှိမည် ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့ အား ယုံကြည်ခြင်း အဆင့် တစ်ခုတွင် ရပ်တန့်ပြီး အသက် ရှင်ရန် အလို မရှိပါ။ တနေ့ထက် တနေ့ ရင့်ကျင့် ကြီးထွား သော ခရစ်ယာန် ၊ တဆင့် ပြီးတဆင့် ယုံကြည်ခြင်း ကြီးထွားသော တပည့် တော်များ ဖြစ်ရန် အလိုတော် ရှိပါသည်| အာမင်…

ဝိညာဉ်မီးအိမ် (ခရစ်ယာန်စာပေစုစည်းမှု)….

● အတွင်းလူ ..


တမန် တော်ကြီး ရှင်ပေါ လု အနေနဲ့ အတွင်း လူ ဆိုတဲ့ အ သုံး အနှုံး ကို သူ့ ရဲ့ စာ စောင် (၂ ကော၊ ၄း ၁၆။ ဧဖက် ၃း ၁၆) စ တဲ့ ကျမ်းပိုဒ် တွေ မှာ ဖေါ် ပြ ထား တာ တွေ့ ရ ပါ တယ်။ (ရောမ ၇း ၂၂- ၂၃) “ငါသည် အတွင်း လူ အားဖြင့် ဘု ရားသ ခင်၏ ပညတ် တရား တော် ကို နှစ်သက် ၏။ သို့သော် လည်း ငါ့ကိုယ် အင်္ဂါ များ၌ ရှိသော အပြစ် တရား လက်သို့ ငါ့ကို ဘမ်းသွား အပ်နှံ သည်ကို ငါမြင်၏” လို့ ဖေါ်ပြ ထား ပါတယ်။ အတွင်းလူ ဆိုတာ လူတစ် ယောက်ရဲ့ နံဝိညာဉ်နဲ့ သက်ဆိုင်တဲ့ လက္ခ ဏာသွင် ပြင်ကို ရည်ညွှန်း ဖေါ်ပြတာ ဖြစ်ပြီး၊ အပြင်လူ ဆိုတာ ကတော့ လူတစ် ဦးမှာ မြင်တွေ့ နိုင်တဲ့ အပြင်ပန်း လက္ခဏာ ကို ဆိုလို ခြင်းဖြစ် ပါတယ်။

လူသား ဟာ ခန္ဓာ၊ စိတ်၊ ၀ိညာဉ်နဲ့ ဘုရား သခင်ရဲ့ ဖန်ဆင်း ခြင်းခံ ထားရ တဲ့လူသား ဖြစ်ပါ တယ် (ကမ္ဘာ ၁း ၂၇၊ ၁သက် ၅း၂၃) “ထိုသို့ ဘုရား သခင်သည် မိမိပုံ သဏ္ဌာန် တော်နှင့် အညီ လူယော က်ျား၊ လူမိန်း မကို ဖန်ဆင်း ပြီးလျှင်” လို့၎င်း၊ “ငြိမ်သက် ခြင်း၏ အရှင် ဘုရား သခင် ကိုယ်တော် တိုင်လည်း၊ သင်တို့ကို အကုန် အစင် သန့်ရှင်း စေတော် မူပါ စေသော။ ငါတို့ သခင် ယေရှု ခရစ် ကြွလာ တော်မူ  သောအခါ ၊ သင်တို့ ၏ကိုယ် ခန္ဓာ၊ စိတ် ၊ ၀ိညာဉ် အပေါင်းကို အပြစ်တင်ခွင့် နှင့်ကင်း လွတ်စေ  ခြင်းငှာ စောင်မ တော်မူ ပါ စေသော” လို့ ၄င်း ဖေါ် ပြ ထားပါ တယ်။

အဓိ ပ္ပါယ် က ကျွန်ုပ် တို့ တစ် တွေ ဟာ စိတ် နဲ့ ဖွဲ့ စည်း ထား တဲ့ ရုပ် ခန္ဓာ မဟုတ်ပဲ၊ ရုပ်ခန္ဓာ ပါတဲ့ စိတ် တွေနဲ့ ဖွဲ့စည်း ထား ခြင်း ဖြစ်ပါ တယ်။ ရုပ်ခန္ဓာ ဆို တဲ့ အပြင် လူဟာ လောက ကြီးနဲ့ ထိတွေ့ ဆက်ဆံ ရတဲ့ ကျွန်ုပ် တို့ရဲ့ ရုပ်ပိုင်း နဲ့ဆိုင် တဲ့အိမ် ကြီးပါပဲ။ စားဖို့ ၊ သောက်ဖို့နဲ့ အိပ်ဖို့ လိုအပ် ကြောင်း ပင်ကိုယ် အတွင်း က နှိုး ဆော်လာ တဲ့အ ခါ ၊ အာရုံ (၅)ပါး (အမြင်၊ အကြား၊ အနံ့၊ အရသာ၊ ထိတွေ့) ရဲ့ ဆေ့ ဆော် မှု အ တိုင်း ကျွန်ုပ်တို့ ရဲ့ရုပ် ခန္ဓာ ကြီးက လုပ်ဆောင် ရတာ ဖြစ်ပါ တယ်။ ကျွန်ုပ်တို့ ရဲ့ရုပ် ခန္ဓာ များဟာ မကောင်း တဲ့ ခန္ဓာ မဟုတ် ပါဘူး၊ ဘုရား ပေးထား တဲ့လက် ဆောင်တွေ ပါ။ ဘုရား ရဲ့အ လိုတော်က ကျွန်ုပ်တို့ ရဲ့ဒီ ရုပ်ခန္ဓာ ကို ဘုရား သခင် ထံပါး သက်ရှိ ယဇ် အဖြစ် ဆက်ကပ် အပ်နှံ ဖို့ပဲ ဖြစ် ပါ တယ် (ရောမ ၁၂း ၁- ၂)။ ညီအစ် ကိုတို့၊ အသက် ရှင်ခြင်း လက္ခ ဏာ၊ သန့်ရှင်း ခြင်းလ က္ခဏာ၊ ဘုရား သခင် နှစ်သက် တော်မူ ဘွယ်သော လက္ခ ဏာနှင့် ပြည့်စုံ သော ယဇ်ကို သင်တို့ သည်ပူ ဇော်၍ ၊ မိမိ ကိုယ်ခန္ဓာ ကို ဘုရား သခင် အား ဆက်ကပ် ခြင်းတည်း ဟူသော သင်တို့ ပြုအပ် သော ၀တ်ကို ပြုမည် အကြောင်း၊ ဘုရား သခင်၏ ကရုဏာ တော်ကို ထောက် ထား၍ ၊ သင်တို့ ကိုငါ တိုက်တွန်း နှိုးဆော် ပေ၏။ သင်တို့ သည် လောကီ ပုံ သဏ္ဌာန် ကို မဆောင် ကြနှင့်။ ကောင်း မြတ် သောအ ရာ၊ နှစ်သက် ဘွယ်သော အ ရာ၊ စုံလင် သောအ ရာတည်း ဟူသော ဘုရား သခင် အလိုတော် ရှိသော အရာသည် အဘယ် အရာ ဖြစ်သည်ကို သင်နိုင် မည်အကြောင်း၊ စိတ်နှလုံးကို အသစ် ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲ ခြင်းသို့ ရောက် ကြလော့။ ခရစ် တော်အား ဖြင့်ရ ရှိသော ဘုရား သခင် ပေးတော် မူသော ကယ်တင် ခြင်းဆု ကျေးဇူး ကို ကျွန်ုပ်တို့ လက်ခံ တဲ့ အခါ၊ ကျွန်ုပ် တို့ရဲ့ ရုပ် ခန္ဓာ တွေဟာ သန့်ရှင်း သော ၀ိညာဉ် တော်ကိန်း ၀တ်တဲ့ ဗိမာန် တော် တွေဖြစ် လာပါ တယ် (၁ကော ၆း ၁၉- ၂၀၊ ၃း ၁၆) “သင်တို့ ကိုယ် ခန္ဓာ သည် ဘုရား သခင် ပေးသ နားတော် မူ သော ၀ိညာဉ် တော်တည်း ဟူသော၊ သင်တို့ အထဲ ၌ကျိန်း ၀ပ်၍ သန့်ရှင်း သော ၀ိညာဉ် တော်၏ ဗိမာန် ဖြစ်ကြောင်း ကို၎င်း၊ မိမိ တို့ကို မိမိတို့ မပိုင် ကြောင်းကို ၄င်း၊ မသိ ကြ သလော” “သင်တို့ သည် အဘိုးနှင့် ၀ယ်တော် မူသော သူဖြစ် သောကြောင့်၊ ဘုရား သခင် ပိုင်တော် မူသော သင်တို့၏ ကိုယ် ခန္ဓာနှင့် စိတ် ၀ိညာဉ် အားဖြင့် ဘုရား သခင်၏ ဂုဏ်တော် ကိုထင် ရှားစေ ကြလော့။ သင်တို့ သည် ဘုရား သခင်၏ ဗိမာန် တော်ဖြစ် ကြ သည်ကို ၄င်း၊ ဘုရား သခင်၏ ၀ိညာဉ် တော် သည် သင်တို့ အထဲ၌ ကျိန်းဝပ် တော်မူ သည်ကို ၄င်း မသိ ကြ သလော။” တစ်နည်း ပြောရယင် ကျွန်ုပ် တို့ရဲ့ စိတ် ၀ိညာဉ် (Soul) ဟာ ကျွန်ုပ် တို့ရဲ့ အသိ(mind)၊ ကျွန်ုပ် တို့ရဲ့ ဆန္ဒ (will) နဲ့ ကျွန်ုပ် တို့ရဲ့ စိတ်လှုပ် ရှားမှု (emotion) တွေဆီ က ဖြစ်ခြင်း တွေကို ကိုယ် စားပြု ဖေါ်ပြ တဲ့ ဗဟို ချက်မ ဖြစ် ပါတယ်။
ကျွန်ုပ် တို့ရဲ့ စိတ်ဝိညာဉ် (Soul) ဟာ အ သွေး အ သား နဲ့ ဆိုင် တဲ့ ရမ္မက် တွေရဲ့ လှုံ့ဆော် မူတွေ ကိုရော၊ သန့် ရှင်း သော ၀ိညာဉ် တော်ရဲ့ အကြံ အစည် တော် နဲ့လမ်း ပြမှု တွေကို ရောနား ထောင် နာခံ လိုက် လျှောက် လုပ် ဆောင် ရပါ တယ်။ (ဂ လာ တိ ၅း ၁၆- ၁၇) “ငါ ပညတ် သည်ကား၊ ၀ိညာဉ် ပကတိ အတိုင်း ကျင့်ကြလော့။ ထိုသို့ ကျင့်လျှင် ဇာတိ ပက တိ၏ အလို သို့မ လိုက်ဘဲ နေကြ လိမ့်မည်။ အကြောင်း မူကား၊ ဇာတိ ပကတိ နှင့် ၀ိညာဉ် ပကတိ သည် တပါးနှင့် တပါး ဆန့်ကျင် သော အ လို ရှိ ကြ၏။ တပါး နှင့်တပါး ဆန့်ကျင် ဘက်ဖြစ် ၍၊ သင်တို့ သည် ကျင့် ချင် သော အ ကျင့်ကို မ ကျင့်နိုင် ကြ။” (မာကု ၁၄း ၃၈) “စုံစမ်း နှောက် ရှက်ခြင်း နှင့်ကင်း လွတ်မည် အကြောင်း ဆုတောင်း လျက်စောင့် နေကြ လော့။ စိတ် ၀ိညာဉ် ကစေ တနာ ရှိ ငြားသော် လည်း ကိုယ် မူ ကား အား နည်း သည် ဟု ပေတရု အား မိန့်တော် မှု ပြီး မှ၊-” စိတ် ၀ိညာဉ် (Soul) ဟာ ဘ၀ ရဲ့ အဆုံး အဖြတ် တွေကို လုပ်ပေးတဲ့ တရား ရုံးတစ်ရုံး လိုပါပဲ။ သန့်ရှင်း သော ၀ိညာဉ် တော်ရဲ့ လမ်းပြ ခြင်းမ ခံရသေး တဲ့ စိတ် ၀ိညာဉ် (Soul) ဟာ ကိုယ့် ကိုယ်ကို ယုံကြည်မှု ၊  ကိုယ့် ကိုယ် ကို ငဲ့ညှာ မှု၊ ကိုယ့်ဖာ သာကိုယ် စူးစမ်းမှု၊ ကိုယ့်ဖက် ကိုယ်ယက် ပြောဆို ဖန်တီးမှု တွေက နေစီး ထွက် လာတဲ့ ရေပန်း တစ်ခုလို ၊ ကိုယ့်ဘ ၀ကို ကိုယ့်ဖာ သာ ကိုယ် တရား စီရင် ဆုံးဖြတ်တဲ့ ခုံပေါ်ထိုင်ပြီး ကိုယ့်ဖာ သာကိုယ် ဆုံးဖြတ်ချက် တွေချမှတ် လုပ်ဆောင် နေတဲ့နေရာ လည်း ဖြစ်ပါ တယ်။
          
 နှုတ်က ပတ် တော်က ပြောနေ တဲ့ အတွင်းလူ ဆို တာ ကျွန်ုပ် တို့ရဲ့ နံ ၀ိညာဉ် (Spirit) ပဲဖြစ် ပါ တယ်။ ဘုရား သခင် နဲ့ ကျွန်ုပ်တို့ အပြန် အလှန် ဆက်သွယ် တာတွေ လုပ်ပေး တာက ဒီနံ ၀ိညာဉ် ပါပဲ။ ဒါကြောင့် ခရစ် တော် က (ယောဟန် ၄း ၂၄) မှာ၊- “ဘုရား သခင် သည် နံဝိညာဉ် ဖြစ်တော် မူ၏။ ဘုရား သခင် ကိုကိုး ကွယ်သော သူတို့ သည်၊ နံဝိညာဉ် နှင့်၎င်း ၊ သစ္စာ နှင့်၎င်း ကိုးကွယ် ရမည် ဟုမိန့် တော်မူ ၏။” ဒုတိယ မွေးဖွား ခြင်းခံယူ တဲ့နေ ရာဟာ ကျွန်ုပ် တို့ရဲ့ နံဝိညာဉ် ထဲ မှာဖြစ် ပါတယ်။ (ယောဟန် ၃း၃- ၆) ယေရှုက ၊ ဒုတိယ မွေးဖွား ခြင်းကို မခံ သောသူ မည်သည် ကား၊ ဘုရား သခင်၏ နိုင်ငံ တော်ကို မမြင်ရဟု ငါအမှန် အကန် ဆိုသည်ဟု၊ ပြန်၍ မိန့်တော် မူ၏။ နိကော ဒင်က လည်း၊ အသက် ကြီးသော သူသည် မွေးဖွား ခြင်းကို အဘယ် သို့ ခံနိုင် ပါ မည်နည်း။ အမိ ၀မ်းထဲသို့ တဖန် ၀င်၍ မွေးခြင်း ကိုခံ နိုင်ပါ မည်လော ဟုလျှောက် ၏။ ယေရှု ကလည်း၊ ရေနှင့် ၀ိညာဉ်တော် မမွေး သောသူ မည်သည် ကား၊ ဘုရား သခင်၏ နိုင်ငံ တော်သို့ မ၀င်ရ ဟုငါ အမှန် အကန် ဆို၏။ ဇာတိ ပက တိမွေး သောအ ရာ သည် ဇာတိပ ကတိ ဖြစ်၏။ ၀ိညာဉ် တော် မွေးသော အရာ သည် ၀ိညာဉ် ဖြစ်၏” ။

ဒုတိယ မွေးဖွားခြင်း ခံယူ ပြီးသူ တိုင်းမှာ၊ သန့်ရှင်း သော ၀ိညာဉ် တော်က ဖေါ် ပြပေးတဲ့ အကေင်း နဲ့အဆိုး ဆိုတဲ့ အဆုံး အဖြတ် ခွဲခြား ပေးမှု အပေါ် အတွင်းလူ (inner man) ကနေ တဆင့်၊ သိစိတ် (conscience) ကိုထိန်းညှိ ပေးပါတယ်။ (ယောဟန် ၁၆း၈) ဥပဇ္ဈယ် ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက် အပြစ်ကို ၄င်း၊ အပြစ် ကင်းခြင်း ကို၎င်း၊ အပြစ် စီရင် ခြင်းကို ၄င်း၊ လောကီ သားတို့ အား ထင်ရှား စွာဘော် ပြမည်။  (တမန် ၂၄း ၁၆) ထို့ကြောင့် ၊ ဘုရား သခင် ကိုပြစ် မှားပြီ၊ လူတို့ကို ပြစ်မှား ပြီဟု ကိုယ်စိတ် နှလုံး သည် ကိုယ်၌ အပြစ် တင်ခွင့် နှင့်အစဉ် ကင်းလွတ် မည်အ ကြောင်း အကျွန်ုပ် သည် ကြိုးစား အားထုတ် ပါ၏။

ကျွန်ုပ် တို့ရဲ့ နံဝိညာဉ် (Spirit) ဟာ ဘုရား သခင် မှုတ်သွင်း ပေးထားတဲ့ မွေးရာပါ အမှန် နဲ့ အမှားကို ခွဲခြား တတ် တဲ့ အ ရာလည်း ဖြစ်ပါ တယ်။ (ရောမ ၂း၁၄ -၁၅) သာသ နာပ လူတို့ သည် ပညတ် တရား တော်ကို မသိဘဲ၊ ကိုယ်အ လိုအ လျှောက် တရား ကိုကျင့် သော အခါ၊ သူတို့သည် ပညတ်တ ရားတော် ကို မသိဘဲ၊ ကိုယ်ကျင့် တရား ကို အမှီပြု သဖြင့်၎င်း၊ ကိုယ်ကို ကိုယ် သိ သော စိတ်နှ လုံးသည် သက်ေ သခံသဖြင့် ၄င်း၊ အ ချင်း ချင်း ဆွေး နွေး ဆင် ခြင်၍ အပြစ် တင်လျှက်၊ လွှတ်လျက် နေ သဖြင့် ၄င်း၊ မိမိတို့ စိတ်နှ လုံး ထဲ၌ မှတ်သား သော တရား ၏ အကျိုး ကို ထင်ရှား စွာပြ ကြ၏။ (၁ကော ၂း ၁၁) လူ၏ နက်နဲ သောအ ရာကို လူ၌ရှိ သော မိမိ စိတ်ဝိညာဉ် မှတပါး အဘယ် သူသိ သနည်း။ ထိုနည်း တူ ဘုရား သခင် ၏နက် နဲသော အရာကို ဘုရား သခင်၏ ၀ိညာဉ် တော်မှ တပါး အဘယ်သူ မျှမသိ။

(ရောမ ၁၂း ၁- ၂)။ ညီအစ် ကိုတို့၊ အသက် ရှင်ခြင်း လက္ခ ဏာ၊ သန့်ရှင်း ခြင်းလ က္ခဏာ၊ ဘုရား သခင် နှစ်သက် တော်မူ ဘွယ်သော လက္ခ ဏာနှင့် ပြည့်စုံ သော ယဇ်ကို သင်တို့ သည်ပူ ဇော်၍ ၊ မိမိ ကိုယ်ခန္ဓာ ကို ဘုရား သခင် အား ဆက်ကပ် ခြင်းတည်း ဟူသော သင်တို့ ပြုအပ် သော ၀တ်ကို ပြုမည် အကြောင်း၊ ဘုရား သခင်၏ ကရုဏာ တော်ကို ထောက် ထား၍ ၊ သင်တို့ ကိုငါ တိုက်တွန်း နှိုးဆော် ပေ၏။ သင်တို့ သည် လောကီ ပုံ သဏ္ဌာန် ကို မဆောင် ကြနှင့်။ ကောင်း မြတ် သောအ ရာ၊ နှစ်သက် ဘွယ်သော အ ရာ၊ စုံလင် သောအ ရာတည်း ဟူသော ဘုရား သခင် အလိုတော် ရှိသော အရာသည် အဘယ် အရာ ဖြစ်သည်ကို သင်နိုင် မည်အကြောင်း၊ စိတ်နှလုံးကို အသစ် ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲ ခြင်းသို့ ရောက် ကြလော့။

ရောမ ၁၂း၁-၂ က ကျွန်ုပ်တို့ ကို လောကီ တွေးခေါ်ပုံ တွေး ခေါ်နည်းနဲ့ အသက် မရှင်မိ ကြဖို့ တိုက်တွန်း နေခြင်း ဖြစ်ပါ တယ်။ တကယ် တော့၊ ကျွန်ုပ်တို့ရဲ့ အတွင်းလူ (Spirit) ပြောင်းလဲ ဖို့ ကျွန်ုပ် တို့ရဲ့ စိတ်သ ဘောကို အသစ် ပြင်ဆင်ပြီး ပြုပြင် ပြောင်းလဲ ဖို့ပဲ ဖြစ်ပါ တယ်။ ဒီလို အသစ် ပြုပြင် ပြောင်းလဲ ရာမှာ၊ ကျွန်ုပ်တို့ရဲ့ အတွင်းလူ ထဲကို သန့်ရှင်း သောဝိ ညာဉ် ၀င်ရောက်ပြီး လွတ်လွတ် လပ်လပ် အုပ်ချုပ် ထိန်းကျောင်း ပဲ့ပြင် ပေးဖို့ အတွက် ၊ လက်ခံ ခွင့်ပြု ပေးရပါ လိမ့်မယ်။    

ဒါမှသာ သန့်ရှင်း သောဝိ ညာဉ် တော်က ကျွန်ုပ်တို့ ရဲ့ ပြုမူ ကျင့်ကြံ မှုတွေ ၊ အကြံ အစည် တွေ သဘော ထားတွေ ကို ဘုရား သခင် အလို တော်နဲ့ ကိုက်ညီ လာဖို့အရေး စပြီး လုပ်ဆောင် ပေးသွားမှာ  ဖြစ်ပါ တယ်။ (ရောမ ၈း ၁၃- ၁၄) သင်တို့သည် ဇာတိပက တိအတိုင်း အသက်ရှင် လျှင် သေရ ကြမည်။ ၀ိညာဉ် တော် အားဖြင့် ကိုယ်ကာ ယ၏ အကျင့် တို့ကို သေစေလျှင် အသက် ရှင်ကြ လိမ့်မည်။ ဘုရား သခင်၏ ၀ိညာဉ် တော် ဆုံးမ ပဲ့ပြင် တော်မူ သမျှ သောသူ တို့သည် ဘုရား သခင်၏ သား ဖြစ် ကြ၏။
           
ရောမ သြ၀ါ ဒစာ အခန်းကြီး (၇)မှာ ကျွန်ုပ် တို့ရဲ့ ဇာတိ နဲ့ဝိညာဉ် နှစ်ခု အကြား တိုက်လှန် ခြင်းများ ကြောင့် မကြာ ခဏ နာကျင်မှု တွေရှိကြောင်း အသေး စိတ်ဖေါ် ပြထား ပါသည်။ ကျွန်ုပ် တို့ရဲ့ နံဝိညာဉ် (Spirit) ဟာ ဘုရား သခင် ရဲ့တန်ခိုး တော်နဲ့ ပြန်လည် မွေးဖွား ခြင်းခံ ယူပြီး တဲ့နောက် ပိုင်းမှာ၊ အသက်တာ တစ်လျှောက် ခရစ်တော် ရဲ့ အဆုံး အမ တွေကိုနာခံ လိုက်လျှောက်ပြီး ခရစ်တော်ရဲ့ နောက်သို့ တစ်သွေ မတိမ်း လိုက်လျှောက် ကြရမှာ ဖြစ် ပါတယ်။ ဇာတိ စိတ်ဟာ လွယ်လွယ် လေးနဲ့ သေသွား နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ ရောမ သြ၀ါဒ စာမှာ ၊ အဲဒီ ဇာတိကို ဘယ်လို အနိုင်ယူ ရမယ် ဆိုတာ ရှင်းပြ ထားပါတယ်။ အခန်းငယ် (၆) နဲ့ (၇)မှာ၊ ငါတို့၏ လူဟောင်း သည် ထိုသခင် နှင့်အတူ လက်ဝါး ကပ်တိုင် မှာ အသေ သတ်ခြင်း ခံပြီဟု ငါတို့ သိကြ၏။ အကြောင်း မူကား၊ ငါတို့သည် နောက်မှ အပြစ် တရား၏ အစေကို မခံစေ ခြင်းငှါ၊ အပြစ်တ ရား၏ ကိုယ်ကို ဖျက်ဆီး မည် အကြောင်း တည်း။ သေ သောသူ သည် အပြစ် တရား၏ လက်မှ လွတ်လျှက် ရှိ၏။

ကျွန်ုပ် တို့ အမြဲ ဆင်ခြင်ရ မှာက (ဂလာတိ ၂း၂၀) ငါသည် ခရစ် တော်နှင့် အတူ လက်ဝါး ကပ်တိုင် မှာအ သေခံပြီ။ ဆိုတဲ့ အချက် ပါပဲ။ ဘုရား သခင် အလိုတော် ရှိတဲ့ ကြီးမြတ် တဲ့လူ ဖြစ်ဖို့ ၊ လူအ ထဲက စိတ်ဝိညာဉ် (Soul)၊ ခန္ဓာ (Body) တို့ပေါင်းပြီး နံဝိညာဉ် (Spirit) နဲ့တိုက် ပွဲဆင် နွဲရခြင်း လို့နား လည် မှတ်ယူ နိုင်ပါတယ်။ ကျွန်ုပ် တို့အနေနဲ့ သေဆုံး တဲ့အထိ ဒီတိုက်ပွဲ တွေကို ဆင်နွဲပြီး အသက် ရှင်သွား ရမှာ ဖြစ်လို့၊ ကျွန်ုပ်တို့ရဲ့ အတွင်းလူ ကိုရော၊ အပြင် လူကိုရော အခြေ အနေ အရပ်ရပ် တိုင်းမှာ အပြည့် အ၀ ပြုပြင် ထိန်းကျောင်း လမ်းပြ ပေးမယ့်၊ သန့်ရှင်း သော ၀ိညာဉ် တော်ရဲ့ အုပ်ထိန်း ပဲ့ပြင် လမ်းပြမှု ကို အသက် ထက်ဆုံး လက်ခံ ခွင့်ပြု နာခံပြီး အသက် ရှင်သွား ရမှာ ဖြစ်ပါမယ်။

ဘုရား သခင် အလို တော်နဲ့ အကြံ အစည် တော်ဟာ၊ လူသား အားလုံးကို ဘုရားရဲ့ ၀ိညာဉ် တော် လမ်းပြ မှုအောက် မှာရှိ စေလိုပြီး၊ ဒုတိယ မွေးခြင်း ဆိုတဲ့ အသစ် ပြုပြင် ပြောင်းလဲ တဲ့ အသက် တာနဲ့ အသက် ရှင်နေ ထိုင်သူတွေ ဖြစ်ဖို့ ပါပဲ။
ကျွန်ုပ် တို့ရဲ့ သဘောက အုပ်ချုပ်ဖို့ အလို ရှိပေမယ့် ၊ ၀ိညာဉ် ရေးရာ တိုက်ပွဲက သိပ်ကို ပြင်းထန် လှပါတယ်။ (ရောမ ၇း၂၄) မှာ ၊ ခရစ်တော် ရဲ့နောက် တော် လိုက် သူ တိုင်း စိတ်မ သက် မသာ မေးတတ်တဲ့ မေးခွန်း ကို ဖေါ်ပြ ထားပါ တယ်။ ငါသည် ငြိုငြင်သော သူဖြစ်ပါ သည်တကား။ ဤအသေ ကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း။ ဒီအမေး ကို အခန်း ငယ် (၂၅)မှာ ပြန်ဖြေ ထားတာ က၊ ငါ တို့ သခင် ယေရှု ခရစ် အားဖြင့် ကယ်လွှတ် တော်မူသော ဘုရား သခင်၏ ကျေးဇူး တော် ကြီးလှ ပေ၏။

ကျွန်ုပ်တို့ ရဲ့ အတွင်း လူကို သွန်သင် လမ်းပြဖို့ ၊ သန့်ရှင်း သောဝိညာဉ် တော်ကို လက်ခံပြီး၊ ကိုယ့်ရဲ့  အင်အား နဲ့ တင်းခံ တောင့်ခံ ထား သမျှ ကိုစွန့် လွှတ် ဖြေလျော့ပြီး၊ ဘုရားသခင် ထံတော် ပါးတိုးဝင် ချဉ်းကပ် အပ်နှံ ပုံအော လိုက်ခြင်းဟာ၊ ကျွန်ုပ်တို့ရဲ့ စရိုက်ဆိုး ဖြစ်တဲ့ ဇာတိ ပကတိ အပေါ် အဆက် မပြတ် အနိုင်ယူ စေတဲ့ အသက် ရှင်မှု ပဲဖြစ် ပါတယ်။

လူသားတိုင်း မိမိတို့ရဲ့ အတွင်း လူကို လမ်းပြ ပဲ့ပြင် ပေးမယ့် သန့်ရှင်း သော ၀ိညာဉ်တော် အား အုပ်စိုး ခွင့်ပေး နိုင်သူ များဖြစ် ကြပါစေ။ ထိုသို့ အားဖြင့် လောကက အောင်မြင် သောသူ များဖြစ် ကြပါ စေ.. အာမင်…

ဝိညာဉ်မီးအိမ် (ခရစ်ယာန်စာပေစုစည်းမှု) …
Related Posts Plugin for WordPress, Blogger...