● Take shelter in Him!


Psalm 143:8-9 Cause me to hear Your loving kindness in the morning, For in You do I trust; Cause me to know the way in which I should walk, For I lift up my soul to You. Deliver me, O Lord, from my enemies; In You I take shelter.
Last week, when we were in the midst of a war, I stumbled across this amazing story that I wanted to share.
During World War II, a US marine was separated from his unit on a Pacific Island. The fighting had been intense, and in the smoke and the crossfire he had lost touch with his comrades. Alone in the jungle, he could hear enemy soldiers coming in his direction. Scrambling for cover, he found his way up a high ridge to several small caves in the rock. Quickly he crawled inside one of the caves.
Although safe for the moment, he realized that once the enemy soldiers looking for him swept up the ridge, they would quickly search all the caves and he would be killed. As he waited, he prayed, "Lord, if it be your will, please protect me. Whatever your will though, I love you and trust you. Amen."

After praying, he lay quietly listening to the enemy begin to draw close. He thought, "Well, I guess the Lord isn't going to help me out of this one.."

Then he saw a spider begin to build a web over the front of his cave. As he watched, listening to the enemy searching for him all the while, the spider layered strand after strand of web across the opening of the cave. "Ha," he thought. "What I need is a brick wall and what the Lord has sent me is a spider web. God does have a sense of humor."

As the enemy drew closer he watched from the darkness of his hideout and could see them searching one cave after another. As they came to his, he got ready to make his last stand. To his amazement, however, after glancing in the direction of his cave, they moved on.

Suddenly, he realized that with the spider web over the entrance, his cave looked as if no one had entered for quite a while. "Lord, forgive me," prayed the young man. "I had forgotten that in you a spider's web are stronger than a brick wall."

For you, God's resources to protect you are vast. When you pray for protection, believe that He hears you and is able to manage it with great skill, and even perhaps a stroke of humor.


Nant Angie

● Feeling empty?


Ephesians 3:16-19 that He would grant you, according to the riches of His glory, to be strengthened with might through His Spirit in the inner man, that Christ may dwell in your hearts through faith; that you, being rooted and grounded in love, may be able to comprehend with all the saints what is the width and length and depth and height -- to know the love of Christ which passes knowledge; that you may be filled with all the fullness of God.
In one sermon, D.L. Moody held up a glass and asked, "How can I get the air out of this glass?" One man shouted, "Suck it out with a pump!" Moody replied, "That would create a vacuum and shatter the glass." After numerous other suggestions Moody smiled, took out a pitcher of water, and filled the glass. "There," he said, "all the air is now removed."
He used this simple demonstration to explain that living a victorious life is not accomplished by "sucking out a sin here and there," but by being filled with the Holy Spirit.
Later, he said, "I believe firmly that the moment our hearts are emptied of pride and selfishness and ambition and everything that is contrary to God's law, the Holy Spirit will fill every corner of our hearts. But if we are full of pride and conceit and ambition and the world, there is no room for the Spirit of God. We must be emptied before we can be filled."
It's For You, let's begin emptying ourselves today! We need to be filled with God's Spirit so that we can be empowered to do great things! There's no way around it!
Nant Angie

● လူငယ်နှင့်ငွေကြေးစီမံခန့်ခွဲခြင်း


ပိုက်ဆွတွေ ဘယ်ရောက် ကုန်မလဲ မသိဘူး….ပိုက်ဆံက ဘယ်လိုကုန် သွားလဲမသိဘူး   စသည်ဖြင့် လူတွေပြော ကြ၊ ညည်းညူ နေကြခြင်းကို အမြဲကြားရသည်။ မိမိ၏ကိုယ် ပိုင်ငွေကြေးများကို စနစ်တကျစီမံ ခန့်ခွဲသုံးစွဲ နိုင်ပါက ထိုသို့ပြော ရန်မလိုဟု ထင်မိပါသည်။ ကိုယ်ပိုင်ငွေ ကြေးစီမံခန့်ခွဲမှု (Personal Finance) သည် financial management တွင် လေ့လာ အပ်သောဘာ သာရပ်တစ်ခု အနေဖြင့် ပါဝင်နေ ပါသည်။ ထို့ကြောင့် မိမိ၏ ကိုယ်ပိုင်ဝင်ငွေ၊ အသုံးစရိတ်များ ကိုကောင်းမွန်စွာ၊ စနစ်တကျခွဲဝေ သုံးစွဲနိုင်ရန်သည် Personal financial planning process များထဲမှ အချက်တစ်ချို့ ကိုကောက်နုတ် ဖော်ပြ လိုက် ပါသည်။

၁။မိမိကိုယ်ကိုမိမိပြန်လည်သုံးသပ်ပါ။
မိမိသည် မိသားစုတွင်အဓိက၀င်ငွေရှာသူဟုတ်မဟုတ်။

မိမိတစ်လတာ အသုံးစရိတ်များ ကိုသုံးစွဲရာတွင် အစားအ သောက်မှာ လား၊ အ၀တ်အစား မှာလား၊ အခြားမှာ လားစသည်ဖြင့် မည်သည့်အရာများ ကိုဦးစားပေးပြီး သုံးမိနေသလဲ။ မိမိတွင် တစ်လစာ ၀င်ငွေမည်မျှရှိသည်၊ မိမိ၏၀င်ငွေရ လမ်းများမှာမည် သည်ကဖြစ်သည် (ဥပမာ-လစာ၊မုန့်ဖိုး) စသည် တို့ကို ပြန်လည် သုံးသပ်ပါ။ ထိုအခါမိမိတစ်လ တာရသောဝင် ငွေနှင့် မိမိပြန် လည်သုံးစွဲမှု သည် ညီညွတ်မှု ရှိရဲ့လား။ မည်သည့် အရာများကို မလိုအပ်ပဲ သုံးမိနေသလဲ ဆိုတာကိုချင့် ချိန်နိုင် မည်ဖြစ်သည်။ ထို့နောက် နောက်လများတွင် မိမိ(သို့) မိသားစု၏ ၀င်ငွေနှင့် အသုံးစရိတ် များကိုခန့်မှန်းပါ။ ထပ်မံကုန် ကျလာနိုင် သည့် အရာများ ကို ဥပမာ- မိမိထပ်မံ တက်ရောက်လိုသည့် သင်တန်း စရိတ်များ… အိမ်ထောင် ရှင်ဖြစ် ပါက မိမိ၏သား သမီးများပညာ ရေးအတွက် အသုံးစရိတ်များ --စသည်ဖြင့် ထည့်သွင်း စဉ်းစားပါ။

၂။Financial Goal နှင့် Financial Plan ချမှတ်ပါ။
အနာဂတ်အတွက် ကုန်ကျနိုင်မည့်စ ရိတ်များကို စဉ်းစားပြီး မည်သည့် အတွက်သုံး စွဲမည်ကို ပန်းတိုင် ထားခြင်းသည် Financial Goal ချမှတ်ထား ခြင်းဖြစ်သည်။ လူတစ်ဦး နှင့် တစ်ဦးထား ရှိသော ပန်းတိုင်မှာ မတူညီနိုင်ပါ။ ဥပမာ-ပညာ ရေးကို တန်ဖိုးထားသော သူ၏ပန်း တိုင်မှာ သင်တန်း(သို့) ကျောင်းဆက် တက်ရန်ပိုက်ဆံစုခြင်းဖြစ် မည်။ ထိုသို့ Goal  ချမှတ်ပြီး နောက် မည်သို့သုံး စွဲမည်ကို စဉ်းစားထား ခြင်းသည် Plan ချမှတ် ထားခြင်း ဖြစ်သည်။ Plan ချမှတ်ရာ တွင် မိမိ၏အနာ ဂတ်ဝင်ငွေမှာ မိမိကုန် ကျမည့် အသုံးစရိတ် ထက်နည်း ပါက ပိုက်ဆံစုခြင်း(သို့) ငွေရင်းနှိး မြုတ်နှံခြင်း စသည်ဖြင့်ကုန် ကျစရိတ် ကာမိ ရန်ကြိုတင်ပြင် ဆင်ထားရမည်။ မိမိပိုက်ဆံကို ရင်းနှီးမြုတ်နှံ ရာတွင်လည်း နည်းလမ်း အမျိုးမျိုးကို အသုံးပြုနိုင်သည်။ ဘဏ်တွင် အတိုးရ ရန်ပိုက်ဆံ စုခြင်းမှ ရွှေဝယ်စု ထားခြင်း၊ အိမ်၊ မြေ၀ယ် ထားခြင်းစ သည်ဖြင့် နည်းလမ်း များကို မြန်မာ နိုင်ငံ တွင် အများဆုံး အသုံးပြုကြသည်။ မိမိစုရမည့် ငွေပမာဏ ပေါ်မူတည်ပြီး ငွေကြေးဖေါင်း ပွမှုကြောင့်ဖြစ် ပေါ်မည့် ငွေကြေးတန်ဖိုး တို့ကိုပါ ထည့်သွင်း စဉ်းစာ၊ငွေရင်း နှီးမြုတ်နှံခြင်း၊ ငွေစုခြင်းနည်း လမ်းများကို ရွေးခြယ် သင်သည်။ ထို့အပြင် အကြံပြု လိုသည်မှာ မိမိပုံမှန် ၀င်ငွေမှ အသုံးစ ရိတ်များ ကိုပြန်လည် သုံးစွဲရာတွင် စနစ်တကျသုံးစွဲတတ် ရန်အရေး ကြီးပါသည်။ ဥပမာ-တစ် လစာဝင် ငွေ သည် ကျပ်(၁၅၀၀၀၀) ၀င်ငွေရှိပါက  တစ်နေ့ ကိုကျပ် (၅၀၀၀) ထက် ပိုမသုံး စွဲခြင်း စသည်ဖြင့် သတ်မှတ် ထားနိုင်ပါက အကောင်း ဆုံးဖြစ်သည်။

အရေးကြီး ဆုံးအချက်မှာ ခရစ်ယာန် များဖြစ်နေ သောကြောင့် မိမိဝင် ငွေမှာ ဘုရားသ ခင်၏သာ သနာ့လုပ်ငန်း အတွက် ဆယ်ဖို့တစ် ဖို့ပြန်လည် ပေးလှူရန် ကိုတော့ဖြင့် မမေ့သင်ပါ။

လူငယ် တစ်ဦးစီ တိုင်းသည် မိမိကိုယ် တိုင်ဖြစ်စေ ၊မိသားစု အတွက်ဖြစ်စေ၊ အသင်း တော်အ တွက်ဖြစ်စေ ဘဏ္ဍာစိုး ကောင်း များဖြစ် စေရန် ဆန္ဓပြု လျက် တင်ပြအပ် ပါသည်။

Mandy Maw

● မြန်မာတွေမညံ့ပါ


စာသင်ဖို့ သင်ခန်းစာပြင်နေတုန်း. စာရေးချင်စိတ်ပေါက်လာတာနဲ့ ဘလော့ပေါ်ရောက်လာတာ.. unemployment အကြောင်းသင်ဖို့ပြင်နေရင်းနဲ့ ..အလုပ်ကိုင်အခွင့်အလမ်းရဖို့..ဘယ်လိုဖန်တီးမလဲ ဆိုတာ စဥ်းစားတော့ ဟိုတစ်လောက မလေးရှားက မြန်မာအိမ်ဖော်တွေ အလိုရှိတဲ့အကြောင်း သတင်း တစ်ခု ထဲမှာ ဖတ်လိုက်ရတာ သွားသတိရတယ်.. . ငါတို့နိုင်ငံကို အထင်သေးတာလားဆိုပြီး.. အဲဒီတုန်းကတော့ စိတ်ဆိုးလိုက်တာ။ ပြီးတော့ အလုပ်အကိုင်အခွင့်အရေးရဖို့ တစ်ခါလာလည်း

အထည်ချုပ်နဲ့.. တစ်ခါလာလည်း စက်ရုံအလုပ်ရုံနဲ့ ၊  ဟိုးတစ်နေ့က စာရေးဆရာမကြီးတစ်ယောက်နဲ့ စကားပြောဖြစ်တာ  သွားသတိရတယ်.. အဲဒီဆရာမကြီးက ပြောတာ ထားဝယ်မှာ ဆိပ်ကမ်းလုပ်မယ်.. စက်ရုံလာတည်မယ်ဆိုပြီးပြောကြတော့ ရည်ရွယ်ချက်က အလုပ်ကိုင် အခွင့်အရေးရဖို့တဲ့.. ပညာရေးကို မမြှင့်ပေးဘဲနဲ့ ရမယ့် အလုပ်အကိုင်က သူများတွေရဲ့ ခိုင်းဖတ်ပဲ ဖြစ်နေမှာပေါ့တဲ့။ အဲဒီစကားကို ချွင်းချက်မရှိထောက်ခံတယ်။ အဲဒီမှာ ပညာရေး ဆိုတာက အဓိက အရေးကြီးတာဖြစ်သွားပြီ။ အဲဒီတော့ ပညာရေးဆိုတာနဲ့ပတ်သက်ပြီး ဆက်စဉ်းစားမိတယ်။

   မြန်မာနိုင်ငံရဲ့ပညာရေးအကြောင်း။ မြန်မာနိုင်ငံရဲ့ ပညာရေးလို့ ပြောလိုက်ရင် ဘယ်သူမဆို မတိုးတက်ဘူး တို့.စနစ်မကောင်းဘူးတို့ပဲ မြင်ကြမှာပဲ။ ပညာရေးစနစ်မကောင်းဘူးဆိုပြီး ဘာမှမလုပ်ဘဲ နေတဲ့ လူငယ်တွေ လည်းတွေ့ဖူးပါရဲ့။ ပညာရေးစနစ်မကောင်းဘူးဆိုတာ လက်ခံတယ်။  ဒါပေမယ့် ပညာတတ်မရှိဘူးတို့.. ပညာတတ်လူတန်းစားဆိုရင် အပြင်ပဲ ထွက်ကြတယ်တို့ ပြောနေတာ တွေတော့ လက်မခံချင်ဘူး။
      ငယ်ငယ်ကတည်းက ကျောင်းတွေမှာ ဒါဖြေ၊ ဒါကျက် ဆိုတာပဲ.. ရှိတယ်။ ကလေးတွေကို ဆက်စဉ်းစားဖို့ အခွင့်အရေးမပေးဘူး။ ကျွန်မငယ်ငယ်ကဆိုရင် မြန်မာစာတို့ ၊ အင်္ဂလိပ်စာတို့ ၊ သင်္ချာတို့ သင်ရတာကို နားလည်ပေမယ့် ဘာလို့ ရူပဗေဒတို့ ဓာတုဗေဒတို့ သင်ရလည်း စဉ်းစားမရခဲ့ဘူး။ သမိုင်းသင်ရတာ က ကိုယ့်သမိုင်းကြောင်းကို နားလည်အောင်၊ ပထ၀ီက ကိုယ့်ကမ္ဘာမြေကြီးအကြောင်း သိအောင် စသည်ဖြင့် စဉ်းစားလို့ရပေမယ့် ရူပဗေဒတို့၊ ဓာတုဗေဒတို့က ငါတို့ ဘာအတွက် သင်နေရတာလဲ။ ဒါတွေကို သိတော့ ဘာအကျိုးရှိမှာလဲ ဆိုတာကို အဲဒီအချိန်က အသိဥာဏ်နဲ့ စဥ်းစားမရခဲ့ဘူး။ သိချင်ပေမယ့် ဆရာမတွေကိုလည်း မမေးရဲခဲ့ဘူး။ အဲဒီလို ပြန်လှန်မမေးရဲတာတွေ က ယေဘုယျအားဖြင့် ပညာရေးစနစ်မကောင်းလို့ လို့ပြောလို့ရတယ်။
   ဒါပေမယ့် စီးပွားရေးတက္ကသိုလ်ရောက်လာတဲ့အခါ ကျတော့ ကျွန်မတို့ သင်ရတဲ့ ဘာသာရပ်တွေက ဘယ်လို ပြန်အသုံးချရမယ် ဆိုတာ ကို သင်ပေးတယ်။ ဘယ်လောက်ပဲ သင်ရိုးညွှန်းတမ်းမှာ Economic development of Myanmar ကို 1988 နောက်ပိုင်းအကောင်းတွေပဲ ရေးထားရေးထား သင်ကြားပေးတဲ့ဆရာမက ပေါ်လစီနဲ့ အပြင်လက်တွေ့မှာ ဖြစ်တာတွေကို အမှန်မြင် တတ်အောင်ပြောပြ သွားတာ.. အခြားဆရာမ အများစုဆိုလည်း ဒီလိုပဲ.. သင်ရတဲ့ သီအိုရီတွေနဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုကြုံနိုင်တယ် ဆိုတာတွေကို ပါ သေချာသင်ပေးကြတယ်။ (တစ်ချို့ သီအိုရီတွေကို ပျင်းစရာကောင်းအောင်သင်ပေးတဲ့ ဆရာ၊ဆရာမတွေလည်းကြုံဖူးပါတယ်)။ CPA မှာလည်း ဒီလိုပဲ ..International Accounting Standard တို့ ဘာတို့ကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ကြတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ကျောင်းသားတွေ အများကြီးပဲ။ ပြီးတော့ လုပ်ငန်းခွင်ထဲရောက်လာတော့လည်း ကိုယ်နဲ့သက်ဆိုင်ရာ ဘာသာရပ်တွေ မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူတွေအများကြီးတွေ့ရတာပဲ။
  ကျွန်မပြောချင်တာက စနစ်မကောင်းဘူး.. curriculum တွေ နိမ့်နေတယ်ဆိုတာတွေကို လက်ခံပေမယ့်.. စနစ်မကောင်းလို့ ပညာတတ်လူတန်းစားမရှိဘူးဆိုပြီး ထိုင်အော်နေလို့ မရဘူး။ အဆိုးထဲက အကောင်းကို ရှာတတ်ဖို့လိုတယ်။ ဘာတွေဘယ်လို မကောင်းပေမယ့် တကယ် ပညာတတ်တဲ့ ဆရာတွေရှိတယ်.. သူတို့ သင်ပေးတဲ့ ပညာတွေကို သေချာခံယူမယ်.. ကိုယ်အထူးပြုယူထားတဲ့ ဘာသာရပ်တွေ ကို သေချာ လေ့လာမယ် ဆိုရင် .. ပညာတတ်မဖြစ်နိုင်စရာမရှိဘူး။ (ပညာတတ်တွေကို နေရာမပေးဘူး ဆိုတဲ့ အကြောင်းအရာတွေကို ခဏမေ့ထားရအောင်) ..တက္ကသိုလ်တွေမှာတောင် ကျူရှင်ယူရတယ်ဆိုတဲ့ အကြောင်းတွေပြောနေပေမယ့်.. ကျူရှင်မယူဘဲလည်း စာတွေကို တတ်အောင်လုပ်လို့ရတာပဲ.. ကျွန်မဆိုရင် တက္ကသိုလ်တစ်လျှောက် ကျူရှင်ယူဖို့ဆိုတာ စိတ်ကို မကူးခဲ့ဘူး. ဒါပေမယ့်လည်း အောင်တာပဲ.. credit ထွက်တာပဲ..အဓိကက စိတ်ဓာတ်ပဲ။
    အဲဒီတော့ ကျောင်းသားကျောင်းသူတွေ.. ပညာရပ်တွေကိုလေ့လာနေတဲ့သူတွေဖြစ်ရင် သေချာ စိတ်ကို နှစ်ပြီးလေးလေးနက်နက်ခံယူမယ်ဆိုရင်.. ဆရာ၊ ဆရာမတွေဖြစ်ခဲ့ရင်လည်း ကိုယ်သင်ရမယ့် ဘာသာရပ်ကို နှံ့နှံ့စပ်စပ်စဉ်ဆက်မပြတ်လေ့လာစိတ်ဝင်စားအောင် သင်ပေးမယ်ဆိုရင်.. သက်ဆိုင်ရာ ဘာသာရပ်တွေမှာ ကျွမ်းကျင်တဲ့သူတွေအနေနဲ့လည်း ကိုယ်တတ်ကျွမ်းတဲ့ပညာကို တစ်ပါးသူအတွက် အသုံးချမယ်ဆိုရင်.. မတိုးတက်စရာအကြောင်းမရှိပါဘူး။ (သင်ရိုးညွှန်းတမ်းတို့.. ပညာရေးစနစ် တို့ကိုတော့ အစိုးရနဲ့ ကျွမ်းကျင်သူတွေ လုပ်ကြပါစေပေါ့)။ ကိုယ့်အရည်အချင်းကို ကိုယ့်ဘာသာမြှင့်တင်နေမယ်ဆိုရင် အခြားသူတွေက ကိုယ့်အရည်အချင်းကို အသိအမှတ်ပြု လာကြမှာပဲ။ ဘယ်လိုအခက်အခဲပဲရှိရှိ ရုန်းထွက်နိုင်ဖို့ နည်းလမ်းတွေတော့ရှိမှာပဲလေ။ မြန်မာတွေမညံ့ပါဘူး။



May Zar Maw
Related Posts Plugin for WordPress, Blogger...