"အမြင့်ဆုံးသော
ဘုရားသခင် ၏ကွယ်ကာ ရာဌာ နတော် ၌နေသော သူသည်အနန္တတန်ခိုးရှင် ၏ အရိပ် ကိုခိုရလိမ့်မည်။
ထာဝရဘုရားသည် ငါခို လှုံရာ ငါ၏ရဲတိုက်၊ ငါကိုးစား ရာဘု ရား သ ခင် ဖြစ် တော် မူ၏ ဟုငါပြော
ဆို၏"(ဆာ လံ။၉၁း၁-၂)။"သူ သည်ငါကို ချစ်သောကြောင့် ၊သူ့ကို ငါ ကယ်နုတ်မည်။
ငါ၏နာမကို သိ သော ကြောင့် သူကို ငါချီးမြှောက်မည်၊ သူသည် ငါ့ကိုခေါ်သော အခါသူ့ဖက် မှာနေ၍ချမ်း
သာပေးမည်။ သူ၏ဘုန်း ကိုလည်း ထင်ရှားစေမည်။ ရှည်သောအ သက်နှင့်သူ ကိုရောင့်ရဲစေ၍ငါ၏ ကယ်တင်ခြင်းကျေးဇူး
ကိုသူ့အားငါပြမည်။"(ဆာလံ။၉၁း၁၄၁၆) ဘုရား သခင်ရဲ့ကျေး ဇူးတော်ကြောင့်ပါ၊ ဘုရားသခင်ရဲ့ဂရု
ဏာတော် သက်သက်ေ ကြာင့် ပါလို့ဝန်ခံပါရစေ ။အရမ်းအရမ်း ကိုတုန်လှုပ်ခြောက်ခြားစေ တဲ့အဖြစ်အပျက်ပါ။ဘယ်သူ့ကိုပဲေ
မးေ မးရော ဂါရဲ့နာမည် ကိုကြားလိုက်ရုံနဲ့သွေးပျက်သွားလောက်အောင်ကြောက် စရာကောင်းတဲ့ရောဂါ
ဆိုးတစ်မျိုးပါ။ဒါထက်ပိုး ဆိုးတာကလူတွေရဲ့ အသက်ကိုလွယ် လွယ်လေးနဲ့အ သက်နုတ်ယူနိုင် တဲ့ရောဂါဆိုး
ကြီးပေါ့။ အဲဒီလိုရောဂါ ဆိုးကြီး ကနေလွတ်မြောက်ရခြင်း အခွင့်၊လုံးလုံး လျားလျားသက် သာပျောက်ကင်း
ချမ်းသာခွင့် ကိုပေးခဲ့တဲ့ အံ့သြဖွယ်ကြီးမြတ် တဲ့ ဘုရားရှင်ရဲ့ အနန္တမေ တ္တာတော်နဲ့ တန်ခိုးတော်ကို
ဘယ်လိုနဖူးတွေ့ ဒူးတွေ့ခံစားခဲ့ရသလဲဆိုတာစာဖတ် ပရိသတ်ရှေ့မှာ သက်သေခံချင်တာ ကလည်း
တစ်ကြောင်း၊စာဖတ် ပရိတ်သပ်တွေထဲမှာကျွန်မလိုခံစားနေရတဲ့သူတွေ ရှိယင်လည်း ဘာမှကြောက်
စရာမလိုပါဘူး၊ဘုရားသခင် အနေနဲ့ ကယ်မနိုင် မှုပေးနိုင်ကြောင်းခွန်အားပေးချင်တဲ့ စိတ်ဆန္ဒနဲ့
ကျွန်မရင်ဆိုခဲ့ရတဲ့အဖြစ်အပျက်ကို သက်သေ ခံဝေငှရခြင်းဖြစ် ပါတယ်။အချိန် အားဖြင့်……..၂၀၁၂-ခုနှစ်၊
ဇန်န၀ါရီလ ထဲမှာဖြစ်ပါတယ်။ ကျွန်မ၏သွေး သားလည်ပတ်မှု(ဓမ္မတာ) မူမမှန်ကိုသံသယရှိ လို့OGဆရာဝန်တစ်ယောက်နဲ့စမ်းသပ်ဖို့
ကျွန်မဆုံးဖြတ်ခဲ့ပါသည်။ ပထမတော့ ဓမ္မတာမူမမှန်တာကလွဲလို့လုံးလုံးကျန်းမာနေလို့ဆရာဝန်ထံမပြ
ဘဲနေခဲ့မိပါတယ်။ ဒါပေမဲ့ဘုရား သခင်ကကျွန်မရဲ့စိတ်နှ လုံးသားကိုလာပြီး ထိတွေ့လာတဲ့အတွက်
အယင်တုံးက သမီးငယ်လေးကိုေ မွးဖွားပေးဖူးတဲ့ Dr. Daw Aye Aye Tint (OG) နှင့်ပြခဲ့မိပါ
တယ်။ ဆရာဝန်ရဲ့စမ်းသတ်စစ်ဆေးမှုတွေအပြီး မှာတော့ကျွန်မ၏သားအိမ်ခေါင်းထဲမှာ(1.5 cm)ပမာဏခန့်ရှိတဲ့
အသားပိုလေး ရှိနေတာကို စမ်းသတ်တွေ့ရှိခဲ့ရပါတယ်။ ဆရာဝန်ကဒီအသားပိုလေး ကို ဆေးရုံတက်ပြီးခြစ်
ထုတ်လိုက်ယင် အားလုံး ကောင်းသွားလိမ့်မယ်၊ အခုခံစားနေရတဲ့ဓမ္မတာမှုမမှန်ရတာကလည်း ဒီအသားပိုကြောင့်
ပဲလို့ပြောပါတယ်။ ဒါနဲ့ပဲ ဆရာ ၀န်ကြီးရဲ့ညွန်ကြားချက်နဲ့ဗဟိုအမျိုးသမီးဆေးရုံမှာအဲဒီအ
သားပိုလေးကိုခြစ်ယင်းသားအိမ်ကိုပါတစ်ခါတည်းခြစ်ထုတ်ခဲ့ပါသည်။ဆေးရုံခွဲခန်းကတာဝန်ယူလုပ်ပေးခဲ့တဲ့
ဆရာဝန်တွေတောင်
သံသယမရှိ ကြဘူး။ ဘာလို့လဲဆိုတော့ သားအိမ်အ နေအထားကမ ထင် ရ လောက် အောင်ကိုကောင်းမွန်နေလို့ပါ။ုပြီးတော့
အယင်းတုံးက ကျွန်မထည့်ထားခဲ့တဲ့ IUD သန္ဒေတားပစ္စည်း ကိုထုတ်လိုက်တယ်။ သားအိမ်လည်းခြစ်တယ်။
သားအိမ်ချစ်ပြီးတာနဲ့ IUDအသစ်တစ်ခုပြန်ထည့်ပေး လိုက်ပါသေးတယ်။ ဒါနဲ့ခြစ်ထုတ်လိုက်တဲ့အ
သားစတွေကိုစစ်ဆေးဖို့ ဓါတ်ခွဲခန်းပို့ခဲ့တာပေါ့။ တပတ်ေ လာက်အကြာမှာတော့ အဖြေထွက်လာခဲ့ပါတယ်။
ကျွန်မလုံးဝ မမျှော်လင့်ထား တဲ့၊ဆရာဝန် ဆရာမတွေအားလုံးက လည်းဖြစ်နိုင်စရာ အကြောင်းလုံးဝမရှိ
ပါဘူး။မဖြစ်နိုင် ပါဘူးဆိုတဲ့ကျွန်မ အရမ်းကြောက် တဲ့ကင်ဆာဆဲလ်တွေ ကျွန်မခန္ဓာထဲမှာရှိနေပြီ
ဆိုတဲ့အဖြေပါ။ကျွန်မ လုံးဝမကြားချင်တဲ့ သားအိမ်ခေါင်းကင်ဆာဆို တဲ့ရောဂါဆိုးကြီးကိုအခုကျွန်မကိုယ်
တိုင်နဖူးတွေ့ဒူးတွေ့စ တင်ရင်ဆိုင်လိုက် ရပါတော့ တယ်။ ဒါနဲ့ဆရာဝန်တွေ အားကိုးတကြီး ကျွန်မမေးမိခဲ့
ပါတယ်။ ကျွန်မအခြေအနေက ခွဲစိတ်လိုက်ယင်ကောင်းနိုင် မလားလို့ ဆိုပြီးတော့ပေါ့။ ဆရာဝန်တွေ
ကတော့ဒါ မျိုးကခွဲပြီးမှပဲသိရ မယ်လို့ပြန်ပြောတော့ ကျွန်မရဲ့စိုးရိမ်ပူ ပန်သော ကစိတ်တွေဟာ
ဟိုးအထွဋ်အထိပ် ကိုရောက်သွားပြီး ခိုကိုးရာမဲ့ ခြုံးပွဲချငိုချခဲ့ရပါတယ် ။အော်ကျွန်မဟာခရစ်တော်ယေရှု
ကိုယုံကြည်တဲ့ခရစ် ယာန် ယုံကြည်သူုတစ်ယောက်ဖြစ်ပေမဲ့ငါ့ ရဲ့ယုံကြည်မှုဟာအရမ်းကို အားနည်းခဲ့လို့အခုလိုမျိုးငါဆီ
မှာဒီ ကင်ဆာရောဂါရှိရတာ ဆိုပြီးခံစားခဲ့မိပါတယ်။ တုန်လှုပ် ခြောက်ခြားတဲ့ စိတ်တွေရော၊ဘာဖြစ်လို့
ငါ့ကိုမှလာဖြစ်ရတာ လဲဆိုတဲ့မေးခွန်တွေနဲ့အတူယူကျုံး မရ၀မ်းနည်းရပြီး ဆောက်တည်ရာမရဖြစ်
ခဲ့ရပါတယ်-တကယ်ပါရှင်။သိပ်မ ကြာပါဘူး။ ကျွန်မစိတ်ထဲမှာ -ငါယုံကြည်ကိုးကွယ်တဲ့ ဘုရားရှင်
ဟာ သေခြင်းကိုအောင်မြင်တဲ့ အသက်ရှင်တဲ့ဘုရား ၊ခေါ်ရင်ထူးပြီး၊အရာခပ် သိမ်းကိုလည်းတတ် နိုင်တဲ့ဘုရား
ဆိုတဲ့အသိစိတ်တွေအံ့သြစ ရာကောင်းလောက်အောင်ဝင်လာခဲ့ပါတယ်။ ဒါဘုရားရှင်ကကျွန်မ ကိုစကား
စပြောတာပဲလေ။ အဲဒီခဏအတွင်းမှာပဲကျွန်မနှလုံးသားထဲကို အသိစိတ်တွေဝင်လာပြီး တကယ့်ကို
ဘယ်သူမပေးနိုင် တဲ့စိတ်နှ လုံးငြိမ်သက်မှုကိုခံစားရရှိခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့ကျွန်မရဲ့ဆေးကု
သရမဲ့အစီအစဉ်တွေ အားလုံးကိုမျှော်လင့်တဲ့ စိတ်၊အားကိုးခိုလှုံတဲ့ စိတ် တွေနဲ့ ဘုရားရှင်ဆီမှာ
ပုံအပ်ခဲ့ပါတော့တယ်၊ အမြဲလိုလိုဘုရားရှင်ဆီမှာ ဆုတောင်းခွန်အားယူ ယင်းအဲဒီသား အိမ်ခေါင်း
ကင်ဆာရောဂါနဲ့တိုက်ပွဲဆင်နွဲ လိုက် ပါတော့ တယ်။ပထမဦးဆုံးအနေနဲ့ သားအိမ်ထုတ်ဖို့ခွဲစိတ်မှုကို
(GreenCross)ပုဂလ္ဂိကဆေးရုံ မှာ ပြုလုပ်ခဲ့ရပါတယ်။(Major Operation)ဖြစ်တာတောင် ကျွန်မ
မကြောက်တော့ ပါဘူး။ အံ့သြစရာပါပဲ၊ ဒီလိုစိတ်မျိုးကိုဘုရားသခင်ကပေးလိုက်တာပေါ့။ ညီမလေးတွေ၊မိ
သားစုတွေ၊ မိတ်ဆွေတွေအပေါင်း အသင်း၊သူငယ်ချင်း၊ဓမ္မဆရာအသင်း အဖွဲ့ များအားလုံးရဲ့ဝိုင်းပြီး
ဆုတောင်းပေးခဲ့ကြပါတယ်။ကျွန်မကိုယ် တိုင်ကလည်းဘုရားရှင်အပေါ်ယုံကြည်တဲ့စိတ်၊ အားကိုးတဲ့
စိတ်၊ မျှော်လင့်တဲ့စိတ် အပြည့်နဲ့ခွဲစိတ်မှုကို ရင်ဆိုင်ခဲ့ပါတယ်။ အယင်တုံးကတော့ ခွဲစိတ်ခန်းထဲငါဝင်ယင်
ငါ့စိတ်ကိုဘယ်လိုအားတင်းထားရမလဲဆိုတဲ့ စိုးရိမ်ထိပ်လန့်စိတ်တွေနဲ့ကြိုပြီးတွေးပူမိပေမဲ့
အံ့သြစရာပါ ဘုရားရှင်ရဲ့အားပေးမှု၊ကွယ်ကာစောင့်မ မှုတွေကြောင့် ခွဲစိတ်ခန်းထဲမှာလည်းစိတ်တည်တည်ငြိမ်ငြိမ်နဲ့
ဝမ်းမြောက်မှုကိုခံစားခဲ့ရပါတယ်။ ဘုရားရှင်ရဲ့ကျေးဇူးသက်သက်ကြောင့် ခွဲစိတ်ချိန်(၃)နာရီနီး
ပါးလောက်ကြာခဲ့ပေမယ့်စိတ်ထဲမှာ ခဏလေးလိုပဲခံစားခဲ့ရပါတယ်။ အဲဒါအပြင် ခွဲစိတ်ခ်ျိန်
တစ် လျှောက်လုံးလည်း စိတ်အာရုံကြည်ကြည်လင် လင်ရှိပြီးဘုရားသခင်နဲ့ စကားပြောရင်း၊ ဆုတောင်းရင်း၊
သီချင်းဆိုရင်းကျော် လွှားနိုင်ခဲ့ပါတယ်။ အယင်တုံးက ဆို ယုံကြည်ခြင်းအားနည်းခဲ့တဲ့ကျွန်မ
ဗဟိုအမျိုး သမီးဆေး ရုံမှာ သားအိမ်ခြစ်ဖို့ခွဲစိတ် ခန်းဝင်ခဲ့တုန်းကဆို အကြောက်လွန်
စိတ်တွေကြောင့် အာရုံတွေ ရှုပ်ထွေး လာပြီးကိုယ်နဲ့စိတ်မကပ်တော့ သလိုစိတ် လွတ်သွားသလိုမျိုး ရင်ဆိုင်ဘူးပါတယ်။
အဲဒီ တုန်း ကမိနစ်(၄၀)လောက်ပဲကြာတဲ့( Minor Operation)ဖြစ်ပေမယ့်ခွဲ ခန်းထဲကထွက်ပြီ
ဆိုတာနဲ့တင်(ICU) ထဲမှာနာရီအတော်ကြာနေ မကောင်းဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်ဒီတစ်ခါတော့ဘုရားရှင်အလုံးစုံကို
တတ်နိုင်တယ် ဆိုတာကို အကြွင်းမဲ့ယုံကြည်လိုက်ချိန်မှာတော့ Major ခွဲစိတ်တာ(၃)နာရီကြာခဲ့ပေ
မယ့်စိတ်ပေါပေါ့ပါးပါးနဲ့ ခဏလေးပဲလို့ခံစားရလောက်အောင် ဘုရားရှင်ရဲ့မေတ္တာကို ကျွန်မခံစားသိရှိခဲ့
ရပါတယ်။ ဒါအပြင် နောက်ထပ်ဘုရား သခင်ကျွန်မအပေါ် အံ့သြဖွယ်ရာအမှုတစ်ခုပြခဲ့ပါသေးတယ်။ ခွဲစိတ်ခန်းထဲမ၀င်ခင်ညကပေါ့
မနက်ဖြန် ခွဲစိတ်ခန်းဝင်ရ တော့မယ်ဆိုတော့ ဒီည(၁၀း၀၀)နာရီလောက် ထဲက စပြီးဘာမှမစားမသောက်ဖို့
ဆရာဝန်တွေကမှာထားပါတယ်။ ခွဲစိတ် ခံဖူးတဲ့သူတိုင်းသိမှာပါ။ ကျွန်မကိုလည်း မနက်ဖန်ဆိုခွဲစိတ်ခံရမဲ့လူနာဖြစ်နေတော့
ဒီည(၁၀း၀၀)နာရီကထဲ ကစပြီးဘာမှ မစားမသောက်ဖို့ လာမှာသွားပါတယ်။ ဒါတင်မကဘူး ဆရာမတွေကပိုပြီးစိတ်ချရအောင်
ကျွန်မကိုည(၆း၀၀) နာရီလောက်မှာ ၀မ်းချူပါသေးတယ် ။ဝမ်းချူလိုက်တော့ ဗိုက်တအားဟာပြီးလူ ကလည်းနှုံးခွေ၊ဘာမှ
လည်းထပ် မစားဖြစ် တော့ဘူးပေါ့။ ဒီလိုနဲ့(၁၀း၀၀) နာရီကျော်လောက်ကျတော့ ကျွန်မလည်းဘာမှ
မစားတော့ပဲ ဆုတောင်းပြီးအိပ်လိုက်ပါတယ်။ ဒါပေမယ့်(၁၁း၃၀) လောက်ကျတော့ ဗိုက်အရမ်းကိုဆာလာပြီး
ရင်တွေတုန် ချွေးသီးချွေးပေါက်တွေကျလာ ပြီးနေလို့ကိုမရအောင်ဖြစ် လာတာပေါ့။ အဲဒီတော့ကျွန်မစဉ်းစား
မိတယ်။ ဒီတိုင်းဆိုရင် ဒီညတော့ပြဿနာပဲအိပ်လို့ လည်းပျော် မှာမဟုတ် တော့ဘူး။ လူလည်းတော်တော်အနေရ
ခက်နေပြီ၊ နောက်နေ့မနက် ဆိုယင်လည်း ခွဲရတော့မယ်။ ကျွန်မဆုံးဖြတ်ချက်ခိုင်ခိုင် မာမာပဲချလိုက်ပါတယ်။
လူမတတ်နိုင်တာအားလုံး ဘုရားတတ် နိုင်တယ်။ ဆရာဝန်တွေကကျွန်မ ကိုအန္ဒရယ်ဖြစ်မှာစိုးလို့
မစား မသောက်ဖို့မှာ ထားပေမယ့်လည်း။ ဘယ်လိုမှမရတော့တဲ့အဆုံး ဘုရားရှင် သမီးတော့ကိုယ်တော့
ကိုအားကိုးပြီး ကျွန်မပူတင်းပေါင်မုန့်၁လုံး၊ ကိတ်မုန့်၁ချပ်၊ ရေတစ်ခွက်အ၀သောက် လိုက်မိပြီသမီး
ကိုစောင့်ရှောက်တော်မူပါ ဆိုပြီးဆုတောင်းအကူ အညီတောင်းခဲ့မိပါတယ်။ လူလည်းအစာဝင် သွားတော့မှပဲငြိမ်သွားပြီးနေ
လို့ထိုင်လို့ကောင်းသွား တယ်။နောက်တစ်ရက် ခွဲစိတ်တဲ့အခါကျေးဇုးတော် သက်သက်ကြောင့်ပါပဲ။ စားထားတဲ့အစား
အစားတွေကြောင် ဘာပြဿနာမှာမဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်ကစပြီး ဘုရားရှင်ကျွန်မကိုချစ်ပါလား၊
စောင့်ရှောက် ပါးလား ဆိုတဲ့ကြည်နူးမှု၊၀မ်းမြောက်မှုတွေကို ပိုပြီးတော့ခံ စားခဲ့ရပါတယ်။
ခွဲစိတ်မှု လည်အောင်မြင်စွာပြီးခဲ့ပါတယ်။ ကျွန်မခွဲစိတ်ခန်းထဲမနက်၉း၀၀နာရီ ၀န်း ကျင်လောက်က ထဲက၀င်ခဲ့ ရတာ၁၂း၀၀နာရီလောက်
ကျမှပြန်ထွက်ခဲ့ရပါတယ်။ ဒီအချိန်တလျှောက်လုံး ကျွန်မရဲ့ ညီမလေး (၂)ယောက်၊ ကျွန်မရဲ့အလွန်ချစ်ခင်ရတဲ့ကျွန်မရဲ့MD.ဒေါ်သီတာ
မိုး နဲ့ ကျွန်မရဲ့အမျိုး သားတွေ က ခွဲခန်းအပြင်မှာ ဆုတောင်းရင်းစောင့် နေခဲ့ကြပါတယ်။
ခွဲစိတ်မှုအောင်မြင်တယ်၊ အားလုံးကောင်း တယ်ဆို တဲ့ အဖြေကို လည်းရခဲ့ပါတယ်။ ခွဲခန်းထဲက
ထွက်ပြီးခဏမှာပဲကျွန်မတခါမှ မခံစားဖူးတဲ့ အရမ်းကို နာကျင်တဲ့ဝေဒနာကို ခွဲစိတ်ဒဏ်ရာကနေ
နာရီအတော်ကြာအောင်ခံစားခဲ့ရ ပါတယ်။ အနာသက် သာအောင်ဆေး ထိုးဆေးထည့်လုပ်ပေးပေမယ့်နာ တာနဲနဲမှလျော့မသွားပါဘူး။ အဲဒီမှာကျွန်မရဲ့ချစ်
ခင် ရတဲ့လုပ်ဖော်ကိုင်ဖက် ဆရာမတွေဖြစ်တဲ့Teacher Joesaphine နဲ့ Teacher Kinsana တို့ကအနား
မှာစောင့်ရှောက် ဆုတောင်းပေးကြပါတယ်၊ အားလည်းပေးကြပါတယ်။ ပျော်စရာတွေပြောကြတယ်၊ ဘုရားရှင်ရဲ့ဂရုဏာတော်အကြောင်းတွေဝေငှရင်း
ကျွန်မကိုနှစ်သိမ့် မှုတွေပေးခဲ့ကြပါ တယ်။ ကျေး ဇူးတော်ပါပဲ၊ ညနေစောင်းရောက်တော့စောစောက
ခံစားရတဲ့နာကျင်မှုတွေ တဖြည်းဖြည်း သက်သာ လာပြီး ညလောက်မှာ လုံးဝပျောက်ကင်း သက်သာသွားခဲ့
ပါတယ်။ပုံမှန်အားဖြင့်(၇) ရက်လောက် ဆေးရုံမှာနေ ရမယ့်အနေအထားမှာ(၄)ရက်နဲ့ဆင်းခွင့်ရခဲ့ပါ
တယ်။ ပြီးတာနဲ့OGမှ သူ့လုပ်ဆောင်ချက်များပြီးတာနဲ့ ကင်ဆာဆရာဝန်ကြီးဆီလွှဲပေးပါတယ်။ ထက်ရောင်ခြည်အထူးကု
ဆရာဝန်ကြီးနဲ့တွေ့ပြီး ချိန်မှာတော့ ကင်ဆာအဆင့်က(၁)မှာပဲရှိတဲ့ earlystageပါပဲ။ ကောင်းကောင်းမွန်မွန်သေချာကုသယင်
ပျောက်ပါ တယ်ဆိုတဲ့အဖြေကလည်းကျွန်မကိုအားအ များကြီးတက်စေခဲ့ပါတယ်။ ဆေး တစ်လတကြိမ် နဲ့
ခြောက် ကြိမ်သွင်းရမယ်။ ဓါတ်ကင်ရမယ်၊စသဖြင့်ညွှန်ကြားချက်တွေကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
သားအိမ်ခွဲစိတ် မှုအပြီး တစ်ပတ်အကြာမှာဘဲ chemo frist circle ကိုစတင်သွင်းခဲ့ပါတယ်။ ပထမဦးဆုံး အတွေ့
အကြုံနဲ့ခွဲစိတ်မှုပြီးတာမကြာသေးတာကြောင့် တစ်ကြောင်း ဆေးဒဏ်မခံနိုင် တာကြောင့် တစ်ကြောင်း
ဆေး (၅)ရက်သွင်းပြီး (၆)ရက်မြောက်နေ့မှာ လေမလည်၊ ၀မ်းမသွား၊ ဗိုက်အောင့်၊ ဗိုက်နာပြီး၊
ဗိုက်ကြီးပူလာတာပဲ အစာလည်းမ၀င်တော့ဘူး။ မခံနိုင်တဲ့အဆုံး(၇)ရက်မြောက်နေ့ရဲ့နေခင်းမှာ-Rose
Hill ဆေးခန်းပြေးရတော့ တာပါပဲ။ ဆေးရုံးရောက်ပြီး နာရီဝက် လောက်မှာပဲ shork ရတော့တာပါပဲ။
ဆေးရုံ(၃)ရက်ထပ် တက်ခဲ့ရ ပါတယ်။ ပြန်ကောင်းဖို့သွင်းပေး တဲ့ဆေးထဲမှာ အလွန်အမင်းကို မခံနိုင်အောင်နာကြင်
တဲ့ဒဏ် ကိုခံစားရတဲ့ဆေး လည်းပါတယ်တဲ့။ ဒီဆေးကိုအကြောထဲထည့်တာနဲ့ နာလွန်း လို့တက်တာပါလို့ပြောတယ်။
အားတင်းတောင့်ခံရင်း First Circle ဆေးသွင်းခြင်း ကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်
။ဆေးကတစ်လကိုတစ်ကြိမ်၊ တစ်ကြိမ်ကို(၅)ရက်၊ တစ်ရက်ကို (၆)နာရီဝန်းကျင် ဆေးသွင်း ရပါ
တယ်။ ဆေးသွင်း ရန်စတဲ့နေ့ကစပြီး ဆေးသွင်းပြီးသုံးလေးရက်အကြာမှာ အားလုံးရှစ်ရက် နဲ့ ဆယ်
ရက်ကြားမှာေ ဆးဒဏ်ကိုဆိုးဝါးစွာ ခံစားရပါ တယ်။ အန်ချင်တယ်၊ နှုံးခွေတယ်၊ဘာမှမစားနိုင်ဘူး။
အားပြတ်သလို ခံစားရတယ်။ ရင်ပူတယ် (၁၀)ရက်ဝန်းကျင်လွန်သွား ယင်ပြန်နေကောင်းလာ မယ်။ အဲဒီအခါ
အားပြန်မွေးပြီးနောက် တစ်ကြိမ်ဆေးသွင်းဖို့ ထပ်ပြင်ဆင်ရ ပါတယ်။ကျေးဇူးတော် သက်သက်ကြောင့်နဲ့
ဘုရားသခင်ရဲ့ခွန် အားပေးမ စမှုကြောင့်စောက်ရှောက်ကယ်မ သနား မှုကြောင့်ဆေး သွင်းခဲ့တဲ့အခေါက်
တိုင်ကျွန်မသွေးမသွင်း ခဲ့ရပါဘူး။ ဆေးဒဏ်ကို ခံနိုင်လောက် တဲ့ သွေးအဖြေများ အခေါက်တိုင်းမှာရရှိခဲ့ပါတယ်။
Presure လည်းအမြဲမှန်နေပါတယ်။ ဆရာဝန်ကပြော ထားပါတယ်။ ဆေးသွင်းယင်း လိုအပ်ရင် သွေးဖြူတွေတအားဆင်းယင်
သွေး သွင်းရတတ် တယ်။ ဆေး ဒဏ်ကြောင့် အသက်အန္ဒရယ်ပါရှိတယ်ဆိုတာ ကြိုပြောထားပါတယ်။ ဆေးသွင်းတဲ့အခေါက်တိုင်း
ခွဲစိတ်မှုခံ ယူတုံးကအတိုင်းပဲ အန္ဒရယ်ရှိတယ်ဆို တာသိပါတယ်။ ဆေးသွင်းဖို့သဘောတူပါတယ်ဆိုတဲ့
လူနာနဲ့လူ နာရှင်ရဲ့ လက်မှတ်အမြဲထိုးရပါတယ်။ ဘယ်လောက်ပဲအန္ဒရယ်ရှိပါစေ ဘုရားရှင်အခွင့်မရှိယင်
စာငှက် တစ်ကောင်တောင် မြေပေါ် ကျတဲ့အခွင့်မရှိခဲ့ပါဘူး။ ကျွန်မတစ်ကြိမ်ပြီးတစ်ကြိ မ်ကျော်လွှားနိုင်
ခဲ့ပါတယ်။ (၃)ကြိမ်ဆေးသွင်းပြီးတာနဲ့ ကျွန်မတောင်ကြီး မြို့ကိုဓါတ်ရောင်ခြည်နဲ့ကုသဖို့သွားခဲ့ရပါတယ်။
ဘုရားရှင် ရဲ့ကျေးဇူးတော်ကြောင့်ပါ တစ်ခါမှမရောက်ဖူးတဲ့ဒေသဖြစ်ပေမဲ့ လည်း အားလုံးအဆင်ပြေပြီး
အရမ်းကောင်း တဲ့နေရာမှာ တည်းခိုဆေးကုသခွင့် ကိုရခဲ့ပါတယ်။ တောင်ကြီးကရင်နှစ်ခြင်း အသင်းတော် သို့
ဘုရားရှင်ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီမှာတည်းခိုခွင့်ရဖို့ကျွန်မရဲ့ခင်မင်ရင်းနှီးရတဲ့
MBCU မှ ဆရာစော ထူး အယ်ရဲ့မိတ်ဆွေ တောင်ကြီးကရင်နှစ်ခြင်း အသင်းတော်ရဲ့ လက်ထောက်သင်းအုပ် ဆရာဖြစ်တဲ့
ဆရာဂျဲနေ ရိုနဲ့မိတ် ဆက် ပေးခဲ့ပါတယ်။ ဘုရားရှင်ပြင်ဆင် လမ်းဖွင့်ပေးခဲ့တာကြောင့် ဆရာဂျဲနေရိုနှင့် ဆရာကတော်
ဆရာမစနိုးတို့မိသားစုနဲ့အတူ ဓါတ်ရောင်ခြည်ငှာန (စပ်စံထွန်းဆေးရုံကြီး)မှာ ပင်စင်ယူ တဲ့အထိ
အကြာကြီးအလုပ်လုပ်ခဲ့တဲ့ Sister အဖီးဒီးနာတို့က ကျွန်မကို ဆေးကုသမှုခံယူတဲ့ ကာလတစ်လျှောက်လုံး
လိုလေသေးမရှိကူ ညီစောင့်ရှောက်ခဲ့ကြပါတယ်။ ကျွန်မအတွက် အမြဲသတိယ ဆုတောင်းပေး ခဲ့ကြတဲ့
တောင် ကြီး ကရင်နှစ်ခြင်းအသင်းတော်ရဲ့အဖသင်းအုပ်ဆရာကြီး ဆရာခါရီထူး နဲ့အသင်းတော် လူကြီးများအားလုံးကိုလည်း
ကျွန်မအရမ်းပဲကျေးဇူးတင်ပါတယ်။ ကျွန်မတည်းခိုတဲ့နေရာနဲ့ ဓါတ်ကင် ရတဲ့စပ်စံထွန်း ဆေးရုံကြီးနဲ့ကိုဆိုက်ကယ်နဲ့သွားယင်(၁၀)မိနစ်ပဲကြာသလို
ဆေးသွင်းဖို့ဆေး ခန်းပြရတဲ့စိန်(၂) အထူးကုဆေးခန်းကိုလည်း (၅)မိနစ်ပဲကြပါတယ်။ ဒါတွေဟာ
အံ့သြဖွယ်ရာဘုရား ရှင်ပြင်ဆင်ပေးမှုတွေပါပဲ။ ဓါတ်ကင်တဲ့ကာလ (၅)ပတ်ကြာခဲ့ပါတယ်။ (၃)ပတ်မြောက်မှစပြီး
ခံတွင်းပျက် တာရင်ပူတာတွေ စတင်ခံစားလာရပါတယ်။ ကျွန်မနဲ့အတူတောင်ကြီးကိုလိုက်ပါခဲ့ပြီး
အနီးကပ်အားပေးပြု စုပေးခဲ့တဲ့ ကျွန်မရဲ့ မိ ခင်နဲ့ ခင်ပွန်းကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်။
အောင်မြင်စွာပဲ တောင်ကြီး ဓါတ်ရောင်ခြည်နဲ့ ကုသမှုကိုခံခဲ့ရပါတယ်။ ရန်ကုန်ပြန်ရောက်ပြီးဆေး တစ်ကြိမ်ထပ်သွင်းပါတယ်။
(၅) ကြိမ်မြောက်ဖြစ် ပါတယ်။ ပြီးတာနဲ့ဓါတ်အပ်စိုက်ကုသခြင်း Brakyနဲ့ထပ်လောင်းကုသခံယင်
ပိုကောင်း တယ်ဆိုတဲ့ ဆရာဝန်ရဲ့ညွန်ကြားချက်ကြောင့်ဓါတ် အပ်စိုက်ဖို့ရက်ချိန်းယူတော့ရက်ချိန်းက၂၀၁၃(၁)
လပိုင်းမှ ရတော့ မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ကျေး ဇူးတော်ကြောင့် ကျွန်မရဲ့မွေးနေ့ကျေ
ရာက်တဲ့ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့မှာပဲ ဘုရားရှင်ကကျွန်မကို မွေးနေ့ လက်ဆောင်အဖြစ်ရက်ချိန်း
ထပ်ရခဲ့ပါတယ်။ ဓါတ်အပ်စိုက်ကုသခြင်းမှာလည်း အတွေ့အကြုံမရှိလို့ တုန်လှုပ်ခဲ့ရပါသေး တယ်။
သူကလည်း မေ့ဆေးနဲ့ခွဲခန်းဝင်ရပါတယ်။ အသက်အန္ဒရယ်ရှိတယ်ဆိုတာ သိရတော့ဘုရားရှင်ဆက် လက်ကယ်မပါ၊ စောင့်ရှောက်ပါ၊ဓါတ်အပ်စိုက် မှုအောင်မြင်အောင်မစပါဆိုပြီးဆုတောင်းခဲ့ ပါတယ်။ တကယ့်ကို ဘုရားရှင်က
ကျွန်မရဲ့ရင် တွင်းကနေလိုလိုလား လားတောင်းခံတဲ့ ဆုတောင်းသံကို နားညောင်း ပါတယ်။ (၄၈)နာရီတိုက်ပိတ်ဓါတ်ရောင်ခြည်အခန်းထဲ
မှာ-အဖေါ်ဆိုလို့မီးချောင်း တစ်ချောင်း ရယ် Aircom တစ်လုံးရယ်၊ ကိုယ်အိပ်တဲ့ကုတင်တစ်လုံးရယ်၊စားပွဲတစ်လုံးဒါပဲရှိပါ
တယ်။ နေ့လားညလား ဆိုတာလည်းမသိရပါဘူး။ ဘုရားရှင်ကျွန်မနဲ့အ တူရှိတယ်ဆို တာ သိရှိခံ စားရတဲ့အတွက်
မကြောက် မရွံ့ပဲကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဓါတ်အားစိုက်ကုသမှုကို လည်းကျေး ဇူး တော်ကြောင့်အောင်မြင်စွာ လွန်မြောက်နိုင်ခဲ့ပါတယ်။
နှစ်ပတ်ကြာပြီး chemo last circleကိုသွင်းခဲ့ပါ တယ်။ Treament ကိုအားလုံးပြီး စီးအောင် ကုသဖို့
အခွင့်ပေးခဲ့တဲ့ဘုရားရှင် ပါ။ ကျေးဇူးတော်ကြီး လှပါတယ်။ တ ကယ်တော့ ကျွန်မမှာ ဘုရားပေးတဲ့အသက်ပဲ ရှိပါတယ်။ဆေးကုသမှု
တစ်လျှောက် ကျွန်မကိုဖုံးနဲ့သော်လည်းကောင်း၊ ကိုယ်တိုင် လာရောက် အားပေးကြတဲ့ ကျွန်မကိုချစ်တဲ့
ကျွန်မရဲ့ မိတ်ဆွေအပေါင်းအသင်း ဆရာသမားများနဲ့အတူ ကျွန်မကိုအမြဲသတိရပြီး ဖုန်းဆက်၍သော်
လည်းကောင်း၊ကိုယ် တိုင်ကိုယ်ကျလာရောက်အားပေးနှစ် သိမ့်ဆုတောင်းပေးခဲ့တဲ့ကျွန်မရဲ့M.Dဆရာ
မကြီးဒေါ်သီတာမိုးကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။ နောက်ထပ်ဘုရားရှင်ဆီက ခံစားရ တဲ့ကောင်းချီးတွေက
ကင်ဆာဆေးကုသမှုခံယူတဲ့သူ ၉၀% ဆံပင်ကျွတ်ကျတဲ့အထဲမှာ ကျွန်မမပါခဲ့ပါဘူး၊ ပိန်လှီသွားခြင်းမရှိပဲ
ပေါင် ၁၁၀ နဲ့ဆေးစကုတဲ့ကျွန်မဟာ အခုပေါင် ၁၃၀ရှိနေပါတယ်။ ဆေးကုသမှု တစ်လျှောက်လူမမာလို့မထင်ရဘူးနှော်ဆိုတဲ့အသံကို
ကြားရ တာလဲ ကျွန်မအတွက် အားတစ်ခု ပါပဲ။ဆေးကုသစရိတ် အစမှအဆုံးအထိငွေကုန်ကြေးကျ အများကြီး ရှိခဲ့ပေမဲ့
ဘုရားရှင်ပြင်ဆင် လမ်းဖွင့်ပေး ခဲ့တဲ့အတွက် ကိုယ်ရှိတဲ့အထဲက ယုတ်လျှော့သွားခြင်းမရှိဘဲ
ကြွေးမတင်ပဲ ကုသခွင့်ရရှိခဲ့ပါတယ်။ ကျွန်မအပေါ်ထားတဲ့ ဘုရားရှင်ရဲ့ ဂရုဏာမေတ္တာဟာကျွန်မရဲ့ သားအိမ်ကို
ထုပ်ဖို့ဖြစ်လာတာတောင်မှ သားနဲ့ သမီးနှစ်ဦးပြည့်စုံစွာ မွေးဖွားရရှိခွင့်ပေးပြီးမှ
ထုတ်ခဲ့ရတာပါ။ဖြစ်နေတဲ့ရော ဂါကိုစော လျှင်စွာသိခွင့်ရအောင်လုပ်ပေးခဲ့တဲ့ဘုရား ရှင်၊
ကုသမှု တစ်လျှောက်လုံးမှာ အတူရှိ ပြီးအစဉ် တစ်လျှောက် ကွယ်ကာခဲ့တဲ့ဘု ရားရှင်ကို အရမ်းပဲကျေးဇူးတော် ချီးမွမ်း
ပါတယ်။ပေတရုရေပေါ်မှာ လမ်းလျှောက်စဉ် ဘေး ဘီကြည့်ပြီးစိုးရိမ်စိတ်နဲ့ ယုံကြည်ခြင်းအား နဲခဲ့ပေမဲ့
ရေထဲနစ်ခါနီးမှာ ဘုရားရှင်လက်ကမ်း ကယ်နှု တ်ခဲ့ တဲ့အဖြစ်အပျက်ကလေးကလည်း ကျွန်မ ကိုနေ့ တိုင်း ခွန်အားရစေခဲ့ပါတယ်။
တကယ်တမ်း ကျတော့ ဘုရားသခင်ဟာ ကျွန်မတို့ထင်သလို ဒဏ်ခတ်တဲ့ဘုရားမဟုတ်ပါ ဘူး။ဘေးဒဏ်သင့်
ခံရတဲ့အကြောင်း ရင်းဟာကျွန်မတို့ရဲ့ လုပ်ဆောင်မှုကြောင့်ပဲဖြစ်ပါတယ်။ဘုရားရှင်ဟာအမြဲပဲမကုန်ဆုံးနိုင်
တဲ့မေတ္တာ နဲ့ ကျွန်မ တို့ ကိုချစ်တော် မူတဲ့ ဘုရားဖြစ်တော်မူကြောင်းကို ကျွန်မသိခွင့်ရသလိုပဲ၊
စာဖတ်ပရိတ် သပ်အား လုံးကိုလည်းသိစေ ချင်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ အနာဂတ်အသက်တာမှာ
အလိုတော်ကိုဝန်ခံပြီး ဘုရားရှင်ပြင်ဆင် ခွင့်ပေးတဲ့ လမ်းကိုပဲလျှောက်ပြီးအသက်တာ ကိုဘုရားရှင်လက်ထဲအပ်နှံယင်း
ဘုရားရှင် ဘုန်းတော်ထင် ရှားစေမဲ့အသက်တာမျိုးနဲ့ပဲ အသက်ရှင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အတိတ်ကာလမှာမှားမိခဲ့သမျှ
အပြစ်အားလုံး အတွက်ကျွန်မကိုဘုရားရှင်ကပြတာပဲလို့ ကျွန်မခံယူခဲ့မိပါတယ်။ ဒါပေမဲ့ ဘုရားရှင်က
အမြဲပဲခွင့် လွှတ်နေပါတယ်။ ဒါကြောင့်ကျွန်မကို အသက်ရှင်လွတ်မြောက်ရခြင်း အခွင့်ကို လည်း
ပြင် ဆင်ပေးခဲ့ ပါတယ်။ ကျွန်မတို့ယုံကြည်ကိုး ကွယ်တဲ့ဘုရားရှင်ဟာ အနန္တတန်ခိုးရှင်၊ ချစ်ခြင်းမေတ္တာ
ရှင်လောက ကိုအောင်နိုင်တဲ့အရှင် ဖြစ်ပါတယ်။ အသက်ရှင်တဲ့ဘုရားကို အကြွင်းမဲ့ယုံကြည်
ပြီးတောင်းလျှောက် တဲ့ဆုတောင်းသံတိုင်းကိုလည်း အမှန်တကယ် နားညောင်းတော်မူပြီး အဖြေပေးပါ
တယ်ဆိုတာကို လက်တွေ့ခံစားခဲ့ရတဲ့ ကျွန်မကနေပြီးတော့ စာဖတ်ပရိသတ်ကြီး ခွန်အားရဖို့ သက်သေ
ခံဝေငှလိုက် ရပါတယ်။
နော်စီစီစိုး
No comments:
Post a Comment