● အသင်းတော်နှင့်စပ်ဆိုင်သော ချစ်ချင်းမေတ္တာ ..


အဓိကကျမ်း (၁တိ ၁၊ ၅)|-
“ထိုသို့ ပညတ် ထားခြင်း ၏ အချုပ် အခြာ ဟူမူ ကား၊ စင်ကြယ်သော စိတ်နှ လုံး နှင့်၎င်း၊ ကိုယ်ကို ကိုယ် သိသော စိတ် ကြည် လင်ခြင်း နှင့်၎င်း၊ မှန် သော ယုံကြည် ခြင်းနှင့်၎င်း၊ စပ် ဆိုင်သော ချစ် ခြင်း မေတ္တာ ဖြစ်သတည်း။”

နိဒါန်း။
တိမောသေ သြဝါဒစာ ပထမစောင်ဟာ တမန် တော်ကြီး ရှင်ပေါလု ရော မမြို့ အကျဉ်း ထောင်ထဲ (၂)နှစ် လောက် ထောင် ကျပြီး တဲ့ နောက် ပိုင်း၊ ဧဖက် အသင်းတော်မှာ လွဲမှားတဲ့ အယူဝါဒသစ် တွေကို လူတစ်ချို့က သွန်သင် တာတွေ ရှိလာခဲ့တယ်။ ဒါကြောင့် ဒီမှားယွင်းတဲ့ သွန်သင် မှုတွေကို ရပ်တန့်စေဖို့၊ ဟောပြောခွင့် မပေးဖို့၊ တိမောသေကို တမန်တော် ရှင်ပေါလုက ရေးသား ပေးပို့တဲ့ စာစောင် ဖြစ်ပါတယ်။ ဧဖက် အသင်းတော်ဟာ ဒီစာမရေးမီ (၁၀)နှစ်လောက် ကတည်းက တည်ထောင်ခဲ့တဲ့ အသင်းတော် တပါးလည်း ဖြစ်ပါတယ် (တမန်၊ ၉၊ ၁-၁၀)။

စာတန် မာရ်နတ် ဟာ တိုးတက် ကြီးပွား လာတဲ့ ခရစ်ယာန် တစ်ဦးရဲ့ အသက် တာကိုဘဲ ဖြစ်ဖြစ်၊ အသင်းတော် ကိုဘဲဖြစ်ဖြစ်၊ မလိုလားတဲ့ သူဖြစ် ပါတယ်။ ဒါကြောင့် ကြီးထွား လာတဲ့ ဧဖက် အသင်းတော် (၁၀)နှစ်ကျော် သက်တမ်း ရှိလာတဲ့အခါ ပြဿနာ စတင် ခဲ့ပါတယ်။ ပြဿနာက အသင်းတော် အတွက် ဘာအကျိုးမှ မရှိဘဲ၊ အချင်းချင်း ငြင်းခုန်စရာ ကိုပဲ ဖြစ်စေတဲ့ ဂျူးလူမျိုး တွေရဲ့ ဒဏ္ဍရီတွေ၊ အတော မသတ်နိုင်တဲ့ ဂျူးလူမျိုးရဲ့ ဆွေစဉ် မျိုးဆက် စာရင်းတွေနဲ့ ပတ်သက်ပြီး အသင်း တော်မှာ လူအချို့က ဖြည့်စွက် သွန်သင်မှု တွေပါဘဲ။ ဂျူးလူမျိုးတိုင်း အတွက် ဆွေစဉ် မျိုးဆက် စာရင်းဟာ သိပ်ကို အရေးကြီး တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဂျူးလူမျိုး ဖြစ်ယင် သူတို့ရဲ့အစ အာဗြံဟံ ကနေ စပြီး မဖြစ်မနေ သိကျွမ်းဖို့ လိုပါတယ်။ သူတို့ရဲ့ ဘိုးဘေး၊ ဘုရားကောင်း ချီးပေးတဲ့ အာဗြံဟံဟာ သူတို့နဲ့ သွေးသား တော်စပ် သူဖြစ်တဲ့ အတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို အာဗြံဟံ အားဖြင့် ရတယ်လို့ ယုံကြည်မှု အသစ် ထုတ်ဖေါ် လာခြင်းပဲ ဖြစ်ပါတယ်။ ဒီသွန်သင်ချက် တွေဟာနှုတ် ကပတ်တော်နဲ့ မကိုက်ညီတဲ့ လွဲမှားတဲ့ သြဝါဒ အသစ်တွေ ဖြစ်လို့၊ အဲဒီသွန်သင် ချက်တွေကို ရပ်တန့်အောင် လုပ်ဖို့၊ ဝင်ရောက် ဟောပြောခွင့် မပေးဖို့၊ အသင်းသူ အသင်းသားတွေ အနေနဲ့လည်း နားမထောင်ကြဖို့၊ နားမယောင် ကြဖို့၊ ရှောင်ရှား ကြဖို့ တမန်တော်ကြီး ရှင်ပေါလုက တိမောသေကို အရေးတကြီး ရေးသား လိုက်တဲ့ စာဖြစ်သလို၊ ဒီကနေ့ အသင်းတော် ခေါင်းဆောင် တွေအတွက် လေ့လာ ဆင်ခြင် အောက်မေ့ သင့်တဲ့ စာစောင် လည်း ဖြစ်ပါတယ်။


လူဆိုတာ အသစ် အသစ်ကို စိတ်ဝင် စားပြီး နားထောင် ချင်တဲ့ သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အသစ်တွေဟာ နှုတ်ကပတ်တော် သမ္မာကျမ်းစာနဲ့ ကိုက်ညီမှု ရှိမရှိကို ချိန်ထိုး တတ်ဖို့က ပိုပြီး အရေးကြီး လှပါတယ်။ 

(ရောမ ၁၆၊ ၁၇)|မှာ ညီအစ်ကိုတို့ သင်တို့ ခံရပြီးသော ဆုံးမသြဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်း ခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ ရှောင်ကြလော့။

အဲဒီ ပုဂ္ဂိုလ်တွေရဲ့ သွန်သင် တာတွေကို နားထောင်ဖို့ မပြောနဲ့ တွေ့ယင်တောင် ရှောင်ဖို့ သွန်သင် ထားတာ တွေ့နိုင် ပါတယ်။ ရှောင်ကြ ပါလို့တောင် ဖေါ်ပြထား ပါတယ်။ ဒါတွေကို ပိုင်းခြား နားလည် နိုင်ဖို့က ယုံကြည်သူတိုင်း နှုတ်ကပတ် တော်ကို သိကျွမ်း နားလည် ရမှာဖြစ်ပြီး၊ ယုံကြည်သူတိုင်း နှုတ်က ပတ်တော်ကို သိကျွမ်း နားလည်ဖို့ ကလည်း၊ အသင်းတော်ရဲ့ ဝိညာဉ်ရေးရာ ဦးဆောင် သူများရဲ့ သင်ကြား ပေးရမယ့် တာဝန်ပဲ ဖြစ်ပါတယ်။ ခရစ်တော်က၊- 

(ယောဟန် ၂၁၊ ၁၆- ၁၇)|
“ငါ၏ သိုးတို့ကို ထိန်းလော့၊ ငါ၏ သိုးတို့ကို ကျွေးမွေး လော့” လို့ မိန့်ကြား ထားပါတယ်။ ဒါကြောင့် ဧဖက် အသင်း တော်မှာ ရှိတဲ့ ခရစ်ယာန် တွေကို တမန် တော်ကြီး ရှင်ပေါလုက အောက်ပါ (၃)ချက်နဲ့ သွန်သင် ထားတာကို မှတ်သား နိုင်ပါတယ်။

(၁တိ ၁၊ ၅)မှာ|-
“ထိုသို့ ပညတ် ထားခြင်း၏ အချုပ်အခြာ ဟူမူကား၊ စင်ကြယ် သော စိတ်နှလုံး နှင့်၎င်း၊ ကိုယ်ကို ကိုယ် သိသော စိတ် ကြည် လင်ခြင်း နှင့်၎င်း၊ မှန်သော ယုံကြည်ခြင်း နှင့်၎င်း၊ စပ်ဆိုင်သော ချစ်ခြင်း မေတ္တာ ဖြစ်သ တည်း။”

(၁) စင်ကြယ်သော စိတ်နှလုံး(Pure Heart)
(၂) ကိုယ်ကိုကိုယ် သိသောစိတ် ကြည်လင်ခြင်း(Good Conscience)
(၃) မှန်သော ယုံကြည်ခြင်း(Sincere Faith)

၁။စင်ကြယ်သောစိတ်နှလုံး (Pure Heart)
“စိတ်နှစ်ခွ ရှိသောသူတို့၊ သင်တို့ စိတ်နှလုံးကို သန့်ရှင်း စေကြလော့ (ယာကုပ်၊ ၄၊ ၈)” စင်ကြယ်သော စိတ်နှလုံးကို (Pure Heart)ကို စာရေး ဆရာကြီး Soren Kierkegaard က TO WILL ONE THING “တစ်ခုတည်း ကိုသာ လိုလားရန်”လို့ အဓိပ္ပါယ် ဖွင့်ဆို ထားပါတယ်။
(မဿဲ ၆၊ ၂၄)| မှာ “အဘယ်သူမျှ သခင်နှစ်ဦး အစေကို မခံနိုင်၊ သခင်တဦးကို မုန်း၍ တဦးကို ချစ်မည်။ သခင် တဦးကို မှီခို၍ တဦးကို မခန့်မညား ပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီ စည်းစိမ်၏ အစေကို၎င်း မခံနိုင်ကြ။”

ဒါကြောင့် တမန်တော် ရှင်ပေါလုက ၊ လူသားတွေ အပြစ်ရဲ့ ကျေးကျွန် ဘဝကနေ လွတ်မြောက် ပြီး ၊ ထာဝရ အသက် ရဖို့၊ လက်ဝါး ကါးတိုင် ပေါ်မှာ မိမိရဲ့ အသက်ကိုစွန့်၊ အသွေးကို သွန်းလောင်းပြီး ကယ်တင် ရုံသာမက ၊ သုံးရက် မြောက်တဲ့ နေ့မှာ၊ လူသား မှန်သမျှ မလွန်ဆန် နိုင်တဲ့ သေခြင်းကို အောင်မြင် တော်ကြောင်း ရှင်ပြန် ထမြောက် ခြင်းအားဖြင့် သက်သေ ထူခဲ့တဲ့ ကယ်တင်ရှင် သခင် ယေရှု ခရစ်တော်ကို ယုံကြည် သက်ဝင်တဲ့ သခင့်ရဲ့ တပည့်တော် တွေအဖြစ်၊ သက်ဆုံး တိုင်အောင် သစ္စာရှိရှိ ပန်းတိုင် ရောက်တဲ့ အထိ ဇွဲလုံးလ ဝရိယနဲ့ အသက်ရှင် ကြဖို့ အားပေး သွန်သင် ထားတာ တွေ့နိုင် ပါတယ်။
(ဖိလိပ္ပိ ၃၊ ၁၄)| ယေရှုခရစ် အားဖြင့် ဘုရားသခင် သည် အထက် အရပ်မှ ခေါ်တော် မူခြင်းနှင့် ဆိုင်သော ဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင် သို့ ငါလိုက် ပြေး၏။

(ဟေဗြဲ ၁၂၊ ၁)| ထို့ကြောင့်၊ ဤမျှလောက် များစွာသော သက်သေ အပေါင်းတို့သည် ငါတို့ကို ဝန်းရံလျှက် ရှိကြ သည်ဖြစ်၍ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက် တတ်သော ဒုစရိုက်ကို၎င်း၊ ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံး တိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြ ကုန်အံ့။

ဆာလံဆရာ ကလည်း|-
(ဆာလံ ၂၄၊ ၃-၅)| မှာ“ထာဝရဘုရား၏ တောင်ပေါ်သို့ အဘယ်သူ တက်ရ မည်နည်း။ သန့်ရှင်းရာ ဌာနတော်၌ အဘယ်သူ သည် ရပ်နေရ မည်နည်း။ သန့်ရှင်းသော လက်နှင့် ဖြူစင်သော နှလုံး ရှိသောသူ၊ မုသာကို မမှီဝဲ၊ မဆည်းကပ်၊ မမှန်သော ကျိန် ဆိုခြင်းကို မပြုသော သူသည် ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း၊ ကယ်တင် တော်မူသော ဘုရားသခင်၏ လက်တော်မှ ဖြောင့်မတ် ခြင်းတရား ကို၎င်း ခံရ လိမ့်မည်။”

ဆရာကြီး ယုဒသန်ရဲ့ အသက်တာကို ကြည့်ပါ|-
အဆင့်မတူ၊ ယဉ်ကျေးမှှုမတူ၊ အစားအသောက် မတူ၊ ရာသီဥတုမတူ၊ ဆွေမျိုး အသိုင်းတွေနဲ့ ဝေးကွာပြီး၊ မိသားစု တွေဆုံးရှုံး ရတဲ့အထိ အစရှိတဲ့ အခက်အခဲ ပြသနာ ဒုက္ခဆင်းရဲခြင်း တွေကိုခံယင်း၊ နောက်ဆုံး နေမကောင်း လွန်းလို့ ဆေးကုသဖို့ အပြန်၊ သင်္ဘော ပေါ်မှာ ဘုန်းတော် ဝင်စားလို့ ရေသင်္ချိုင်းမှာပဲ သင်္ဂြိုလ်ခံ ရတဲ့အထိ ဘုရား သခင်ရဲ့ အမှုတော်ကို တစိုက် မတ်မတ်နဲ့ ပန်းတုံးတိုင် ရောက်တဲ့ အထိ ဘုရား သခင်ရဲ့ အစေကို သက်ဆုံးတိုင် သစ္စာ ရှိစွာ အသက်ရှင် ခဲ့ကြောင်း တွေ့မြင် နိုင်ပါတယ်။ ဆရာကြီးရဲ့ ဆောင်ပုဒ် ကလည်း “သုခ၊ ဒုက္ခ၊ ဘယ်သို့တွေ့၊ ရှေ့သို့ ဆောင်ရွက်မည်၊ မြန်မာလွင်ပြင်၊ ငါတို့ကြဲ၍၊ ဇိအုန်ထိပ်၊ ရိတ်ကြမည်”| (In Joy or Sorrow, Health or Pain, Our course be onward still, We sow on Burma’s barren) ဒါကြောင့်၊ ဆရာကြီးလို သခင် တစ်ဦးရဲ့ အစေကို ခံပြီး ပန်းတုံးတိုင်ဆီ အရောက် လှမ်းကြ ပါစို့|-

၂။ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင်ခြင်း (Good Conscience)
ကိုယ်ကိုကိုယ် သိသော စိတ်ဆိုတာ၊- သြတပ္ပ စိတ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ တခုခု မလုပ်ခင်၊ မပြောခင်၊ မဆောင်ရွက်ခင်၊ ကျွန်ုပ်တို့ကို မှန်တယ်၊ မှားတယ် ဆိုပြီး အတွင်းထဲ (inner being) ကနေ စေ့ဆော်နေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ပြီး၊ မှန်တာ လုပ်မိယင် ထောက်ခံကြောင်း စိတ် ပျော်ရွှင် ဝမ်းမြောက် မှုအားဖြင့်၎င်း၊ မှားတာ လုပ်မိယင် အပြစ်ရှိ ကြောင်း စိတ်မချမ်း မသာ ဖြစ်ခြင်း အားဖြင့်၎င်း၊ သက်သေ ပေးတဲ့ အတွင်း ထဲကလာတဲ့ အသံလို့လည်း ပြောနိုင်ပါတယ်။

(ရောမ ၂၊ ၁၅)မှာ၊- “ကိုယ်ကို ကိုယ်သိသော စိတ်နှလုံး သည် သက်သေခံ သဖြင့်၎င်း၊ အချင်း ချင်း ဆွေးနွေး ဆင်ခြင်၍ အပြစ်တင် လျက်၊ လွှတ်လျက် နေသဖြင့်၎င်း၊ မိမိတို့ စိတ်နှလုံး ထဲ၌ မှတ်သားသော တရား၏ အကျိုးကို ထင်ရှားစွာ ပြကြ၏။

ဒီသက်သေ တွေကို သင့်အနေနဲ့ အလေးထားယင်၊ သြတပ္ပ စိတ်ရှင်းမယ် (၁တိ ၁၊ ၅)၊ ဂရုမစိုက် လစ်လျှူရှုမယ် ဆိုယင်တော့ သင့်သြတပ္ပ စိတ်ဟာ တစ်နေ့ထက် တစ်နေ့ ဆိုးညစ် လာပါလိမ့်မယ်။

(ဟေဗြဲ၊ ၁၀၊ ၂၂)မှာ၊- “ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘော ရှိ၍ ဝိစိကိစ္ဆာ (ယုံမှား၊ သံသယ)နှင့် ကင်းသော ယုံကြည်ခြင်း ၌တည်လျက်၊ စိတ်နှလုံးကို သံဝေဂ တရားနှင့် လွတ်အောင် ဖြန်းခြင်း၊ ကိုကာယ ကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ၊ အထံတော်သို့ တိုးဝင် ချဉ်း ကပ်ကြ ကုန် အံ့။”
တစ်နည်း ပြောရယင်၊ သြတပ္ပစိတ် ဆိုတာ သင်တစ်ခုခု မှားနေပြီလို့ သတိ ပြန်လည် လာအောင် အချက်ပေးဖို့ ဘုရားသခင် သင့်အထဲ ထည့်ပေး ထားတဲ့ သတိပေး နှိုးစက် (alarm) တစ်ခုနဲ့ တူပါတယ်။ လူတိုင်းမှာ သြတပ္ပစိတ် ကိုယ်စီ ရှိကြ ပါတယ်၊ ဒါပေမဲ့ သတိပေးတဲ့ ပုံစံနဲ့ သတ်မှတ်ချက် တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် တူကြမှာ မဟုတ်ဘူး။ မှန်တယ် ၊ မှားတယ် ဆိုတဲ့ အချက်ပေး မှုတွေ ကလည်း မိမိ ကိုယ်တိုင် စံနှုန်း သတ်မှတ် ထည့်သွင်း ထားတဲ့ (registering) အပေါ်မှာပဲ မူတည်ပြီး အချက်ပေး ခေါင်းလောင်း သံထွက် ပေါ်လာမှာ ဖြစ်ပါတယ်။ သြတ္တပ စိတ်ဆိုတာ ကိုယ်တိုင် ထည့်သွင်း ပေးထားတဲ့၊ ကိုယ်တိုင် လေ့ကျင့် ပေးထားတဲ့ အချက် အလက် တွေအတိုင်းပဲ သတိပေးတာ ဖြစ်ပါတယ်။ တစ်ခါ တစ်လေ အချက် ပေးသင့်ရဲ့ သားနဲ့ အချက် မပေးတာမျိုး၊ အချက် မပေးသင့်ပဲ အချက်ပေး မိတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကလည်း ကိုယ်ထည့်သွင်း ထားတဲ့ စံနှုန်း သတ်မှတ်ချက်တွေ ပီပီပြင်ပြင် မဖြစ်လို့ပါ။ ဒါကြောင့် စံနှုန်း သတ်မှတ် ချက်တွေ ထည့်သွင်း တဲ့အခါ ပီပြင်ဖို့ ပြတ်ပြတ် သားသား ရှိဖို့ လိုပါ တယ်။

ဒါကြောင့် ကျွန်ုပ်တို့ရဲ့ သြတပ္ပစိတ်ဟာ ကျွန်ုပ်တို့ ဖြစ်သင့်တဲ့ အရာတွေနဲ့ ကျိုးကြောင်း ညီညွတ်မှု မရှိနိုင်ပါဘူး၊ သူ့အထဲမှာ ဒါက မှန်တယ်၊ ဒါက မှားတယ်လို့ သတ်မှတ် ထည့်သွင်း ပေးထားယင် အဲဒီ တိုင်းပဲ မှန်တယ် မှားတယ်လို့ သတိပေးသွားမှာ ဖြစ်ပါတယ်။ ဒါက ကိုယ့်ရဲ့ ထည့်သွင်း တဲ့အပိုင်းပါ။ နောက် တစ်မျိုးက ကျွနု်ပ်တို့ အနေနဲ့ ဒီသတိ ပေးသံအတိုင်း လက်ခံ တုန့်ပြန် နိုင်သလို၊ ဂရုမစိုက်ပဲ ပိတ်ထား လို့လည်း ရပါတယ်။ အချက်ပေးသံကို လက်ခံပြီး သတိပေး ချက်အတိုင်း တုန့်ပြန် မယ်ဆိုယင်တော့၊ သင့်ရဲ့ သြတပ္ပစိတ် တစ်နေ့ ထက်တစ်နေ့ တိုးတက် လာပြီး၊ အချက်ပေးသံကို လက်မခံဘဲ ပိတ်လိုက်မယ် ဆိုယင်တော့၊ နောက်ဆို သြတပ္ပစိတ်က အလုပ်မလုပ် ပေးတော့တဲ့ အထိ ဖြစ်သွား နိုင်ပါတယ်။ ဒါ့အပြင် ဒီလိုလုပ် လိုက်ခြင်း ဟာ၊ ကျွန်ုပ်တို့ အသက်တာထဲ အားပြိုင်မှုတွေ ၊ တင်းမာမှု တွေကိုလည်း ဖြစ်ပေါ် လာစေ ပါတယ်။ ဒီတင်းမာမှုနဲ့ အားပြိုင်မှု တွေကို တစ်ကြိမ် တစ်ခါတော့ ကြိုးစားပြီး ဖြေသိမ့် ဖုံးကွယ်လို့ ရကောင်း ရနိုင်ပေမဲ့၊ ကြိမ်ဖန်များလာ တဲ့အခါ သင့်ရဲ့ အသက်တာမှာ ကြီးမားတဲ့ နာကြင်မှု ခါးသီးမှု တွေကို ပေါ်ပေါက် စေနိုင် ပါတယ်။

ဒီသြတ္တပ စိတ်ရဲ့ သတိပေး ချက်တွေကို ဂရုမစိုက် နားမထောင်တဲ့ အကြိမ်ရေ များလာ တဲ့အခါ၊ သံပူခတ် သလို အလုပ်မလုပ် တော့တဲ့ အခြေအနေ ကိုရောက် သွားပြီး၊ တော်တော် ဆိုးဝါးတဲ့ သဘောထား အကျင့် စရိုက်တွေနဲ့ ခိုင်မာတဲ့ သြတ္တပစိတ် ဖြစ်သွား နိုင်ပါတယ်။


(၁တိ ၄၊ ၂)| မှာ နောင်ကာလ၌ သြတ္တပ္ပ စိတ်တွင် သံပူနှင့် ခတ်ခြင်းကို ခံပြီးလျှင်၊ မုသာ စကားကို ပြောတတ် သော သူတို့၏ လျှို့ဝှက်ခြင်း အားဖြင့်၊ လူအချို့ တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြား တတ်သော စိတ်ဝိညာဉ် တို့၌၎င်း၊ နတ်ဘုရား တို့နှင့် စပ်ဆိုင်သော သြဝါဒတို့၌ ၎င်း မှီဝဲ ဆည်းကပ် ကြလိမ့်မည်။

ဘုရား သခင်ဟာ ၊ကျွနု်ပ်တို့ကို သူ့ရဲ့ အလိုတော်နဲ့ အညီ အသက်ရှင်နိုင်ဖို့ ၊ ဒီသြတပ္ပစိတ်ကို အကူအညီ တစ်ခုအနေနဲ့ လူသားတိုင်းရဲ့ အတွင်း စိတ်ထဲမှာ ပေးထားခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဖက်က ဘုရားရဲ့ အလိုတော်နဲ့ ဆိုင်တဲ့ စံနှုံး သတ်မှတ်ချက် တွေကို ကိုယ့်ရဲ့ သြတပ္ပစိတ်ထဲ ထည့်သွင်း (Programming) ထားဖို့ လိုပါတယ်။ လုပ်ထားမယ် ဆိုယင်တော့၊ ကျွန်ုပ်တို့ နေ့စဉ် အလုပ်၊ သဘော ထားမှု၊ ပြောဆိုမှု၊ ကြံစည်မှု အသက်ရှင်မှု တွေကို သြတ္တပ စိတ်က ဘုရား အလိုတော်နဲ့ ကိုက်ညီမှု ရှိမရှိ မှန်မမှန်ု သတိပေး အချက်ပေး သွားမှာ ဖြစ်ပါတယ်။ သာမန် လူသား (ဘုရားရဲ့ အလိုတော် စံနှုန်း သတ်မှတ် ချက်တွေကို မိမိရဲ့ သြတပ္ပ စိတ်ထဲ Programming မထည့်သွင်း ရသေးတဲ့ လူသား) ရဲ့သြတပ္ပ စိတ်ကတော့၊ ဘုရားရဲ့ အလိုတော်နဲ့ စံနှုန်း သတ်မှတ်ချက် အတိုင်း ကွက်တိ ပြည့်ပြည့်စုံစုံ “မှန်ဆိုမှန် မှားဆို မှားလို့ ဖေါ်ပြပေး နိုင်မှာ မဟုတ်သေးပါဘူး။

လူသား တွေမှာ ငယ်စဉ် ကလေး ဘဝကနေ မိမိ သက်ဝင် လှုပ်ရှား ဖြတ်သန်း သင်ယူ လာခဲ့ရတဲ့ အတွေ့ အကြုံ ၊ အသက် ရှင်မှုပုံစံ အမျိုးမျိုး ၊အကြောင်း တရား အမျိုးမျိုး ရှိကြပါတယ်။ ဒါကြောင့် လူတွေရဲ့ သြတပ္ပ စိတ်ထဲမှာ Programming ထည့်သွင်း ခံထားရတဲ့ စံနှုန်း သတ်မှတ်ချက် တွေဟာ ဘုရားရဲ့ အလိုတော်နဲ့ ကိုက်ညီ တာတွေ ရှိသလို၊ မကိုက်ညီ တာတွေလည်း အများကြီး ရှိနိုင်ပါတယ်။

ဘုရားသခင်က ကျွနု်ပ်တို့ရဲ့ သြတပ္ပ စိတ်ကို ပြန်ပြီး အလိုတော်နဲ့ ကိုက်ညီတဲ့ စံနှုန်း သတ်မှတ် ချက်တွေ programming ထည့်သွင်းဖို့ အလိုတော် ရှိပါတယ်။ ဒီလို ဘုရားရဲ့ အလိုတော် စံနှုန်း သတ်မှတ် ချက်တွေကို ထည့်သွင်း တဲ့နည်းက၊ ဘုရားရဲ့ နှုတ်ကပတ် တော်ကို နာခံ လိုက်လျှောက် လေ့ကျင့်ခြင်းနဲ့ ထည့်သွင်း ကြရမှာပဲ ဖြစ်ပါတယ်။ Programing ထည့်သွင်း ခြင်းဟာ ကိုယ့်ရဲ့ အသက်တာ တစ်လျှောက်လုံး နေ့တိုင်း လုပ်ဆောင် သွားရယ့် အလုပ် ဖြစ်သလို၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဦးဆောင် လမ်းပြမှုနဲ့ လုပ်ဆောင်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို မိမိရဲ့ အတွင်းထဲ ဝင်ရောက် ကိန်းဝပ်ဖို့ ခေါ်ဖိတ်ရမယ်၊ နေရာပေး ရပါလိမ့်မယ်။

ဘယ်လို ဖိတ်ခေါ် ရမလဲ၊ ဘယ်လို နေရာပေး ရမလဲ။ (၁) မိမိဟာ အပြစ် သားဖြစ်ကြောင်း၊ အပြစ် ရှိကြောင်း ဘုရား သခင်ထံ နှုတ်နဲ့ရော စိတ်နှလုံး သားထဲကပါ ဝန်ခံပါ၊ (၂) မိမိအပြစ် တွေအတွက် နှုတ်နဲ့ရော စိတ်နှလုံး သားထဲ ကပါ နောင်တ ရပါ၊ ဒီအပြစ် တွေအတွက် အမှန်တကယ် ယူကျုံးမရ ဝမ်းနည်း မှုရှိပါ၊ (၃) မကောင်းတဲ့ သဘောထား၊ စိတ်ဓါတ်၊ အကြံအစည်၊ အပြုအမူ တွေကို လုံးလုံးလျှားလျှား စွန့်ပစ်ပါ၊ (၄) သင့်အပြစ် တွေကို ဆေးကြော သန့်စင်ပေးပြီး လူသစ် ဖြစ်စေတဲ့ ခရစ်တော် ဘုရားထံမှာ မိမိ အပြစ်တွေကို ခွင့်လွှတ် ပေးဖို့ အသနားခံ ဆုတောင်းပါ၊ (၅) ခရစ်တော် ဘုရား အား သင့်ကို အသက်တာ သစ်ပေးပိုင်တဲ့၊ သင့်ရဲ့ အပြစ်ရှိရှိ သမျှကို ဆေးကြော သန့်စင် ပေးပိုင်တဲ့ သင့်ရဲ့ အသက် သခင် ကယ်တင်ရှင် အဖြစ် လက်ခံ ယုံကြည်ပြီး လူရှေ့ ဘုရားရှေ့မှာ သစ္စာဆိုပါ၊ ဒုတိယမွေး ခြင်းခံယူပါ။ (၆) သန့်ရှင်း သောဝိညာဉ် တော်ကို သင့်စိတ် နှလုံးသားထဲ အစဉ်လမ်းပြ ပေးဖို့ ဖိတ်ခေါ်ပါ၊ လက်ခံပါ။

လက်ခံရ ရှိပြီဆိုတာနဲ့ အဲဒီအချိန် ကနေစပြီး၊ သင့်ကို သန့်ရှင်း သောဝိညာဉ် တော်က လမ်းပြ သွန်သင် သွားပါ လိမ့်မယ်။ အဲဒီသွန် သင်ချက် အတိုင်း နာခံ လိုက်လျောက် ယင်းနဲ့၊ သင့်ရဲ့ သြတ္တပ စိတ်ထဲ ဘုရားသခင် အလိုတော်ရှိတဲ့ စံနှုန်း သတ်မှတ် ချက်တွေ တဖြေးဖြေး ထည့်သွင်း စေပြီး၊ သင့်ရဲ့ သဘောထား၊ လုပ်ဆောင်မှု၊ အကြံအစည် အားလုံး ဟာလည်း တဖြေးဖြေး ဘုရား သခင်ရဲ့ အလို တော်ရှိတဲ့ အသက်ရှင် ခြင်းဖက်သို့ ပြောင်းလဲ သွားပါ လိမ့်မယ်။ နောက်ဆုံး သင့်အသက်တာ ဟာ ဘုရား သခင် အလိုတော် ရှိတဲ့ ဝိညာဉ်ရေးရာ ရင့်ကျက်တဲ့ သူတစ်ယောက် ရဲ့ အသက်တာ ပုံစံ ဖြစ်ပါ လိမ့်မယ်။ ဒီလိုနည်းနဲ့ ဘုရားရဲ့ အလိုတော်နဲ့ အညီအချက်ပြ သမျှကို လိုက်နာ ဆောင်ရွက် နိုင်သူ ဖြစ်လာပြီး၊ အလိုတော်နဲ့ ဆန့်ကျင် ဖက်ဖြစ်တဲ့ အရာမှန် သမျှကို မလုပ်မိဖို့ သတိပေး ခေါင်းလောင်း သံက အကူ အညီတွေ ပေးသွား ပါလိမ့်မယ်။

၃။မှန်ကန်သောယုံကြည်ခြင်းနှင့် ယုံကြည်ခြင်းအမွေ(Sincere Faith)
တိမောသေ ဆိုတာက ရှင်ပေါလု အင်မတန် ယုံကြည် စိတ်ချရတဲ့ တပည့် တစ်ယောက်ပါ။ (၁တိ ၁၊ ၂)မှာ| “ယုံကြည်ခြင်း အားဖြင့် ငါ့သားစစ် ဖြစ်သော တိမောသေ” လို့တောင် ပြောထားပါတယ်။ ယုံကြည်ခြင်းနဲ့ ပတ်သက် လာယင်၊ သူ့ရဲ့ သားအစစ် လိုပါဘဲလို့ ဆိုလိုတာ ဖြစ်ပါတယ်။ တိမောသေဟာ တမန်တော် ရှင်ပေါလု ကိုယ်တိုင် ခန့်ထားတဲ့ ဧဖက် အသင်းတော်ရဲ့ ခေါင်းဆောင် တွေထဲက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်(၁တိ ၁၊ ၄)။ တစ်ဖက်မှာ၊ တိမောသေဟာ အဖွား လောဣနဲ့ အမိ ဥနိတ်တို့ရဲ့ ယုံကြည်ခြင်း အမွေကို ဆက်ခံ ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် တမန်တော် ရှင်ပေါလုက၊

(၂တိ ၁၊ ၅)မှာ “သင်၏အဘွား လောဣ၊ အမိဥနိတ် ၌ အရင်တည်သော ယုံကြည်ခြင်း တည်းဟူ သော၊ ငါသဘော ကျသည် အတိုင်း၊ သင်၌လည်း တည်သော ယုံကြည်ခြင်း စစ်ကို မှတ်မိ သဖြင့်၎င်း”

မှန်ကန်သော ယုံကြည်ခြင်း (Sincere Faith) ဆိုတာ၊ ဟန်ဆောင်မှု မပါ၊ ခိုင်မြဲပြီး သစ္စာရှိတဲ့ ယုံကြည်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်း အားဖြင့် ပြောရယင် တိမောသေရဲ့ အဖွား လောဣနဲ့ အမိ ဥနိတ်တို့ရဲ့ ယုံကြည်ခြင်း နဲ့ပတ်သက်ပြီး၊ နှုတ်ကပတ် တော်ထဲမှာ အသေးစိတ် ပြောမထား ပေမဲ့၊ တိမောသေ ရဲ့ဖခင်ဟာ ဟေလသ (Greek) လူမျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် တိမောသေ ဟာ ထမ်းပိုး မညီတဲ့ အိမ်ထောင် ကနေ ပေါက်ပွား လာတဲ့ သူတစ်ဦး ဖြစ်ပေမဲ့၊ အဘွားနဲ့ အမိတို့ရဲ့ သွန်သင်မှုနဲ့ အသက်ရှင် တဲ့ပုံသက်သေ တွေဟာ တိမောသေ ကိုယုံကြည် ခြင်းအမွေ ရစေတဲ့ အထိ ဖြစ်တာကို ဘယ်လိုမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ပြောင်းပြန် ပြောရယင် တိမောသေရဲ့ အဘွားနဲ့ အမိတို့သာ သာမန် ခရစ်ယာန် ယုံကြည်သူ အဆင့်ပဲ ဆိုယင်၊ ထမ်းပိုး မညီတဲ့ အိမ်ထောင်က နေပေါက်ပွား လာတဲ့ တိမောသေ လည်း ဘယ်လိုမှ ဒီအဆင့် အထိ ရောက်လာ နိုင်စရာ မရှိ နိုင် ပါဘူး။ ဒါကြောင့် တိမောသေရဲ့ အဘွားနဲ့ အမိ တို့ရဲ့ ယုံကြည်ခြင်းဟာ သာမန် အဆင့် မဟုတ်ဘူးဆိုတာကို နားလည် နိုင်သလို။ ဟန်ဆောင်မှု ကင်းတဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်း နဲ့ယုံကြည်တဲ့ သူတွေလည်း ဖြစ်ကြပါတယ်။ တိမေသေ အနေနဲ့လည်း သခင် တစ်ဦးတည်းကို သစ္စာရှိစွာ ဖြောင့်မတ်စွာ ယုံကြည်တာမျိုး ဖြစ်ပြီး ဝန်းကျင်မှာ တောင် အသရေ ရှိတဲ့သူလို့ တောင် သတ်မှတ် ခြင်းခံရတဲ့ သူလို့တောင် ဖေါ်ပြ ထားပါသေးတယ်။ ဒါကြောင့်

(တမန် ၁၆၊ ၁-၂)| “ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေ အမည်ရှိသော တပည့်တော် တယောက်ရှိ၏။ သူ၏အမိကား ယုံကြည်သော ယုဒမိန်းမ ဖြစ်၏။ အဘကား ဟေလသ လူဖြစ်၏။ ထိုသူသည် လုတ္တရမြို့၊ ဣကောနိမြို့၌ ရှိသော ညီအစ်ကို တို့တွင် အသရေ ရှိသော သူဖြစ်၏။”

(၂တိ ၁၊ ၅)မှာ တိမောသေရဲ့ ယုံကြည်ခြင်းကို ဖေါ်ပြထားပါတယ်။ “သင်၏အဘွားလောဣ၊ အမိဥနိတ် ၌ အရင်တည်သော ယုံကြည်ခြင်း တည်းဟူသော၊ ငါသဘောကျ သည်အတိုင်း၊ သင်၌လည်း တည်သော ယုံကြည်ခြင်း စစ်ကို မှတ်မိ သဖြင့်၎င်း၊” စစ်မှန်သော သြဝါဒဆိုတာ ချစ်ခြင်း မေတ္တာကိုသာ ပိုမို ပွားများ စေပါတယ်။ ခရစ်ယာန် အသက်တာရဲ့ ပန်းတိုင်ဟာ မုန်းတီး တာတွေ၊ ငြင်းခုံတာတွေ ဖြစ်ဖို့ မဟုတ် ပါဘူး။

ထပ်ပြီးတမန်တော် ရှင်ပေါလုက တိမောသေကို၊-
(၁တိ ၆၊ ၁၁-၁၂)| အိုဘုရား သခင်၏လူ၊ သင်သည် ထိုအပြစ် များကို ကြဉ်ရှောင် လော့။ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ် မွေ့ခြင်း တို့ကို မှီအောင် လိုက်လော့။ ယုံကြည်ခြင်း နှင့်ဆိုင်၍ ကောင်းစွာ သော တိုက်လှန်ခြင်း ကိုပြုလော့။ ထာဝရ အသက်ကို ကိုင်ယူလော့။ ထိုအ သက်ကို ရမည် အကြောင်း၊ သင်သည်ခေါ်တော်မူခြင်း ကိုခံရ၍၊ သက်သေ အများတို့ ရှေ့၌ ကောင်း မွန်စွာ ဝန်ခံပြီ။ လို့ တိုက်တွန်း ထားပါ သေးတယ်။
အထက် ဖေါ်ပြပါ စင်ကြယ်သော စိတ်နှလုံး (Pure Heart)၊ ကိုယ်ကိုကိုယ် သိသော စိတ်ကြည် လင်ခြင်း (Good Conscience)နဲ့ မှန်ကန်သော ယုံကြည်ခြင်း (Sincere Faith) တွေ ရှိပြီ ဆိုယင်၊ အသင်း တော်တွင်း မှာ၊ ချစ်ခြင်း မေတ္တာ ပြည့်စုံလာပြီ၊ ဘုရား သခင် အလိုတော် ရှိတဲ့ အသင်း အဖြစ် လောက အလယ် အလင်း ပေးတဲ့ အသင်းတော် ဖြစ်လာ မှာ အသေ အချာ ဖြစ်ပါတယ်။ ဒါတင်မကဲ အဲဒီ အသင်းတော် ကို စာတန် မာရ်နတ် အနေနဲ့ ဝင်ရောက် နှောက်ရှက် ဖို့တောင် အခက် ကြုံတွေ့ နိုင်စေ ပါလိမ့်မယ်။

နိဂုံး။
ခရစ်ယာန် အသက်တာ ဟာ ၊ စစ်မြေ တလင်းထဲ ရောက်နေတဲ့ စစ်သား တွေလိုပါပဲ။ ကိုယ်က ရန်သူကို တိုက်ခိုက် ရသလို၊ ရန်သူရဲ့ တိုက်ခိုက်မှု ကို လည်း မျက်ခြေ မပြတ် သတိ ကြီးစွာထား ရတဲ့ သူ တွေဖြစ် ပါတယ်။ အချိန်တိုင်း သတိရှိ ဖို့လိုပါ တယ်။ ခရစ်တော် ကို စစ်မှန်စွာ ယုံကြည်တဲ့ သူတိုင်းဟာ နေ့၊ ညမပြတ် အချိန် တိုင်း ခရစ်တော်ကို ကိုးစားသူ၊ နာခံ သူတွေဖြစ် ကြပါတယ်။ ရင်ဆိုင် လာရမယ့် စာတန်ရဲ့ တိုက်ခိုက်မှု၊ သွေးဆောင်မှု၊ လှည့်ဖြားမှု အစရှိ တာတွေကို တစ်ခုမှ အခွင့် မပေးပဲ၊ တွန်းလှန် ဖယ်ရှား တုံ့ပြန် ရမယ့်သူ တွေဖြစ် ကြပါတယ်။
(၁ပေ ၅၊ ၈)|- “သမ္မာသတိ ရှိလျှက် မအိပ်ဘဲ စောင့်နေ ကြလော့။ သင်တို့၏ ရန်သူတည်း ဟူသော မာရ်နတ် သည်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်း ဟူ၍ လှည့်လည် ရှာဖွေလျက် ရှိ၏။” ။
ဒါကြောင့် တမန်တော်ရှင် ပေါလုကလည်း တိမောသေကို ယုံကြည်ခြင်း နှင့်ဆိုင်၍ ကောင်းစွာ သော တိုက်လှန် ခြင်းကို ပြုလော့။ (၁တိ ၆၊ ၁၂)မှာ သတိပေး ထားတာတွေ့ ရပါတယ်။

နောက်ဆုံးအချက်ကတော့ ၊
ယုံကြည်ခြင်း အမွေပဲ ဖြစ်ပါတယ်။ လူအများဟာ ကိုယ့်ရဲ့ သားသမီး မြေးဖြစ် တွေအတွက်၊ ပညာအမွေ၊ ဥစ္စာအမွေ တွေကို အဓိကထား ဦးစားပေးပြီး အမွေ ပေးတာကို တွေ့ကြ ရမှာပါ။ တကယ် တမ်းကြတော့ အဲဒီ ဥစ္စာအမွေ၊ ပညာအမွေ တွေက ကိုယ့် သားသမီး မြေးမြစ် တွေရဲ့ အနာဂတ် ဘဝကို အပြည့် အ၀ ထိန်းကျောင်း ပဲ့ပြင် ပေးနိုင်မယ့် အရာတွေ တော့မဟုတ် ပါဘူး။ သူတို့ကို မှန်ကန်စွာ အသက်ရှင် တတ်ဖို့ အပြည့် အ၀ ထိန်းကျောင်း ပေးနိုင် တာကတော့၊ ယုံကြည်ခြင်း အမွေ တစ်ခုဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့၊ အမွေဆိုတာ ကိုယ့်မှာ ရှိမှပဲ ပေးလို့ ရတဲ့ အရာဖြစ်လို့၊ ကိုယ်တိုင် အမွေ ပေးနိုင်တဲ့ အခြေ အနေတော့ ရှိဖို့ လိုပါတယ်။ အဲဒီ ယုံကြည်ခြင်း အမွေဟာ သူတို့ရဲ့ ယခုဘ၀ တင်မကဘူး၊ နောင် တမလွန်ဘ၀ အထိ လှပစေမယ့် အမွေ လည်းဖြစ် ပါတယ်။ တိမောသေရဲ့ အဘွားနဲ့ အမိတို့ရဲ့ ယုံကြည်ခြင်း အမွေ ပေးခြင်းကို အတုယူ ကြပါစို့၊ အသင်းတော်တွင်း မှန်ကန်သော ယုံကြည်ခြင်း၊ ချစ်ချင်းမေတ္တာများနဲ့ အသက်ရှင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလျှက် | အာမင်…

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

 
(Zawgyi)
 

အဓိကက်မ္း (၁တိ၊၁း၅)|-
“ထိုသို႔ ပညတ္ ထားျခင္း ၏ အခ်ဳပ္ အျခာ ဟူမူ ကား၊ စင္ၾကယ္ေသာ စိတ္ႏွ လံုး ႏွင့္၄င္း၊ ကိုယ္ကို ကိုယ္ သိေသာ စိတ္ ၾကည္ လင္ျခင္း ႏွင့္၄င္း၊ မွန္ ေသာ ယံုၾကည္ ျခင္းႏွင့္၄င္း၊ စပ္ ဆိုင္ေသာ ခ်စ္ ျခင္း ေမတၱာ ျဖစ္သတည္း။”

နိဒါန္း
တိေမာေသ ၾသ၀ါဒစာ ပထမေစာင္ဟာ တမန္ ေတာ္ႀကီး ရွင္ေပါလု ေရာ မၿမိဳ႕ အက်ဥ္း ေထာင္ထဲ (၂)ႏွစ္ ေလာက္ ေထာင္ က်ၿပီး တဲ့ ေနာက္ ပိုင္း၊ ဧဖက္ အသင္းေတာ္မွာ လြဲမွားတဲ့ အယူ၀ါဒသစ္ ေတြကို လူတစ္ခ်ဳိ႕က သြန္သင္ တာေတြ ရွိလာခဲ့တယ္။ ဒါေၾကာင့္ ဒီမွားယြင္းတဲ့ သြန္သင္ မႈေတြကို ရပ္တန္႔ေစဖို႔၊ ေဟာေျပာခြင့္ မေပးဖို႔၊ တိေမာေသကို တမန္ေတာ္ ရွင္ေပါလုက ေရးသား ေပးပို႔တဲ့ စာေစာင္ ျဖစ္ပါတယ္။ ဧဖက္ အသင္းေတာ္ဟာ ဒီစာမေရးမီ (၁၀)ႏွစ္ေလာက္ ကတည္းက တည္ေထာင္ခဲ့တဲ့ အသင္းေတာ္ တပါးလည္း ျဖစ္ပါတယ္ (တမန္၊ ၉း၁-၁၀)။
စာတန္ မာရ္နတ္ ဟာ တိုးတက္ ႀကီးပြား လာတဲ့ ခရစ္ယာန္ တစ္ဦးရဲ႕ အသက္ တာကိုဘဲ ျဖစ္ျဖစ္၊ အသင္းေတာ္ ကိုဘဲျဖစ္ျဖစ္၊ မလိုလားတဲ့ သူျဖစ္ ပါတယ္။ ဒါေၾကာင့္ ႀကီးထြား လာတဲ့ ဧဖက္ အသင္းေတာ္ (၁၀)ႏွစ္ေက်ာ္ သက္တမ္း ရွိလာတဲ့အခါ ျပႆနာ စတင္ ခဲ့ပါတယ္။ ျပႆနာက အသင္းေတာ္ အတြက္ ဘာအက်ဳိးမွ မရွိဘဲ၊ အခ်င္းခ်င္း ျငင္းခုန္စရာ ကိုပဲ ျဖစ္ေစတဲ့ ဂ်ဴးလူမ်ဳိး ေတြရဲ႕ ဒ႑ရီေတြ၊ အေတာ မသတ္ႏိုင္တဲ့ ဂ်ဴးလူမ်ဳိးရဲ႕ ေဆြစဥ္ မ်ဳိးဆက္ စာရင္းေတြနဲ႔ ပတ္သက္ၿပီး အသင္း ေတာ္မွာ လူအခ်ဳိ႕က ျဖည့္စြက္ သြန္သင္မႈ ေတြပါဘဲ။ ဂ်ဴးလူမ်ဳိးတိုင္း အတြက္ ေဆြစဥ္ မ်ဳိးဆက္ စာရင္းဟာ သိပ္ကို အေရးႀကီး တဲ့ အရာတစ္ခု ျဖစ္ပါတယ္။ ဂ်ဴးလူမ်ဳိး ျဖစ္ယင္ သူတို႔ရဲ႕အစ အာၿဗံဟံ ကေန စၿပီး မျဖစ္မေန သိကြ်မ္းဖို႔ လိုပါတယ္။ သူတို႔ရဲ႕ ဘိုးေဘး၊ ဘုရားေကာင္း ခ်ီးေပးတဲ့ အာၿဗံဟံဟာ သူတို႔နဲ႔ ေသြးသား ေတာ္စပ္ သူျဖစ္တဲ့ အတြက္ ဘုရားသခင္ရဲ႕ ကယ္တင္ျခင္းကို အာၿဗံဟံ အားျဖင့္ ရတယ္လို႔ ယံုၾကည္မႈ အသစ္ ထုတ္ေဖၚ လာျခင္းပဲ ျဖစ္ပါတယ္။ ဒီသြန္သင္ခ်က္ ေတြဟာႏႈတ္ ကပတ္ေတာ္နဲ႔ မကိုက္ညီတဲ့ လြဲမွားတဲ့ ၾသ၀ါဒ အသစ္ေတြ ျဖစ္လို႔၊ အဲဒီသြန္သင္ ခ်က္ေတြကို ရပ္တန္႔ေအာင္ လုပ္ဖို႔၊ ၀င္ေရာက္ ေဟာေျပာခြင့္ မေပးဖို႔၊ အသင္းသူ အသင္းသားေတြ အေနနဲ႔လည္း နားမေထာင္ၾကဖို႔၊ နားမေယာင္ ၾကဖို႔၊ ေရွာင္ရွား ၾကဖို႔ တမန္ေတာ္ႀကီး ရွင္ေပါလုက တိေမာေသကို အေရးတႀကီး ေရးသား လိုက္တဲ့ စာျဖစ္သလို၊ ဒီကေန႔ အသင္းေတာ္ ေခါင္းေဆာင္ ေတြအတြက္ ေလ့လာ ဆင္ျခင္ ေအာက္ေမ့ သင့္တဲ့ စာေစာင္ လည္း ျဖစ္ပါတယ္။

လူဆိုတာ အသစ္ အသစ္ကို စိတ္၀င္ စားၿပီး နားေထာင္ ခ်င္တဲ့ သူေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီ အသစ္ေတြဟာ ႏႈတ္ကပတ္ေတာ္ သမၼာက်မ္းစာနဲ႔ ကိုက္ညီမႈ ရွိမရွိကို ခ်ိန္ထိုး တတ္ဖို႔က ပိုၿပီး အေရးႀကီး လွပါတယ္။ 

(ေရာမ၊ ၁၆း၁၇)|မွာ ညီအစ္ကိုတို႔ သင္တို႔ ခံရၿပီးေသာ ဆံုးမၾသ၀ါဒႏွင့္ ဆန္႔က်င္ဘက္ ျဖစ္ေသာ သင္းခြဲျခင္း၊ မွားယြင္း ျခင္း အေၾကာင္းကို ျပဳတတ္ေသာ သူတို႔ကို မွတ္၍ ေရွာင္ၾကေလာ့။ 

အဲဒီ ပုဂၢိဳလ္ေတြရဲ႕ သြန္သင္ တာေတြကို နားေထာင္ဖို႔ မေျပာနဲ႔ ေတြ႕ယင္ေတာင္ ေရွာင္ဖို႔ သြန္သင္ ထားတာ ေတြ႕ႏိုင္ ပါတယ္။ ေရွာင္ၾက ပါလို႔ေတာင္ ေဖၚျပထား ပါတယ္။ ဒါေတြကို ပိုင္းျခား နားလည္ ႏိုင္ဖို႔က ယံုၾကည္သူတိုင္း ႏႈတ္ကပတ္ ေတာ္ကို သိကြ်မ္း နားလည္ ရမွာျဖစ္ၿပီး၊ ယံုၾကည္သူတိုင္း ႏႈတ္က ပတ္ေတာ္ကို သိကြ်မ္း နားလည္ဖို႔ ကလည္း၊ အသင္းေတာ္ရဲ႕ ၀ိညာဥ္ေရးရာ ဦးေဆာင္ သူမ်ားရဲ႕ သင္ၾကား ေပးရမယ့္ တာ၀န္ပဲ ျဖစ္ပါတယ္။ ခရစ္ေတာ္က၊- 

(ေယာဟန္ ၂၁း၁၆၊ ၁၇)| 
“ငါ၏ သိုးတို႔ကို ထိန္းေလာ့၊ ငါ၏ သိုးတို႔ကို ေကြ်းေမြးေလာ့” လို႔ မိန္႔ၾကားထားပါတယ္။

ဒါေၾကာင့္ ဧဖက္ အသင္းေတာ္မွာ ရွိတဲ့ ခရစ္ယာန္ ေတြကို တမန္ေတာ္ႀကီး ရွင္ေပါလုက ေအာက္ပါ (၃)ခ်က္နဲ႔ သြန္သင္ ထားတာကို မွတ္သား ႏိုင္ပါတယ္။

(၁တိ၊၁း၅)မွာ|-
“ထိုသို႔ ပညတ္ ထားျခင္း၏ အခ်ဳပ္အျခာ ဟူမူကား၊ စင္ၾကယ္ေသာ စိတ္ႏွလံုး ႏွင့္၄င္း၊ ကိုယ္ကိုကိုယ္ သိေသာစိတ္ ၾကည္လင္ျခင္း ႏွင့္၄င္း၊ မွန္ေသာ ယံုၾကည္ျခင္းႏွင့္၄င္း၊ စပ္ဆိုင္ေသာ ခ်စ္ျခင္း ေမတၱာ ျဖစ္သတည္း။”

(၁) စင္ၾကယ္ေသာ စိတ္ႏွလံုး(Pure Heart)
(၂) ကိုယ္ကိုကိုယ္ သိေသာစိတ္ ၾကည္လင္ျခင္း(Good Conscience)
(၃) မွန္ေသာ ယံုၾကည္ျခင္း(Sincere Faith)

၁။စင္ၾကယ္ေသာစိတ္ႏွလံုး (Pure Heart)
“စိတ္ႏွစ္ခြ ရွိေသာသူတို႔၊ သင္တို႔ စိတ္ႏွလံုးကို သန္႔ရွင္း ေစၾကေလာ့ (ယာကုပ္၊ ၄း၈)” စင္ၾကယ္ေသာ စိတ္ႏွလံုးကို (Pure Heart)ကို စာေရး ဆရာႀကီး Soren Kierkegaard က TO WILL ONE THING “တစ္ခုတည္း ကိုသာ လိုလားရန္”လို႔ အဓိပၸါယ္ ဖြင့္ဆို ထားပါတယ္။
(မႆဲ၊၆း၂၄)| မွာ “အဘယ္သူမွ် သခင္ႏွစ္ဦး အေစကို မခံႏိုင္၊ သခင္တဦးကို မုန္း၍ တဦးကို ခ်စ္မည္။ သခင္ တဦးကို မွီခို၍ တဦးကို မခန္႔မညား ျပဳမည္။ သင္တို႔သည္ ဘုရားသခင္၏ အေစကို၄င္း၊ ေလာကီ စည္းစိမ္၏ အေစကို၄င္း မခံႏိုင္ၾက။”

ဒါေၾကာင့္ တမန္ေတာ္ ရွင္ေပါလုက ၊ လူသားေတြ အျပစ္ရဲ႕ ေက်းကြ်န္ ဘ၀ကေန လြတ္ေျမာက္ ၿပီး ၊ ထာ၀ရ အသက္ ရဖို႔၊ လက္၀ါး ကါးတိုင္ ေပၚမွာ မိမိရဲ႕ အသက္ကိုစြန္႔၊ အေသြးကို သြန္းေလာင္းၿပီး ကယ္တင္ ရံုသာမက ၊ သံုးရက္ ေျမာက္တဲ့ ေန႔မွာ၊ လူသား မွန္သမွ် မလြန္ဆန္ ႏိုင္တဲ့ ေသျခင္းကို ေအာင္ျမင္ ေတာ္ေၾကာင္း ရွင္ျပန္ ထေျမာက္ ျခင္းအားျဖင့္ သက္ေသ ထူခဲ့တဲ့ ကယ္တင္ရွင္ သခင္ ေယ႐ႈ ခရစ္ေတာ္ကို ယံုၾကည္ သက္၀င္တဲ့ သခင့္ရဲ႕ တပည့္ေတာ္ ေတြအျဖစ္၊ သက္ဆံုး တိုင္ေအာင္ သစၥာရွိရွိ ပန္းတိုင္ ေရာက္တဲ့ အထိ ဇြဲလံုးလ ၀ရိယနဲ႔ အသက္ရွင္ ၾကဖို႔ အားေပး သြန္သင္ ထားတာ ေတြ႔ႏိုင္ ပါတယ္။

(ဖိလိပၸိ၊၃း၁၄)| ေယ႐ႈခရစ္ အားျဖင့္ ဘုရားသခင္ သည္ အထက္ အရပ္မွ ေခၚေတာ္ မူျခင္းႏွင့္ ဆိုင္ေသာ ဆုကို ရျခင္းငွါ၊ ပန္းတံုးတိုင္ သို႔ ငါလိုက္ ေျပး၏။

(ေဟၿဗဲ၊၁၂း၁)| ထို႔ေၾကာင့္၊ ဤမွ်ေလာက္ မ်ားစြာေသာ သက္ေသ အေပါင္းတို႔သည္ ငါတို႔ကို ၀န္းရံလွ်က္ ရွိၾက သည္ျဖစ္၍ ငါတို႔သည္ ခပ္သိမ္းေသာ ၀န္တို႔ကို၄င္း၊ ေႏွာင့္ရွက္ တတ္ေသာ ဒုစရိုက္ကို၄င္း၊ ပယ္ရွား၍၊ ငါတို႔ မ်က္ေမွာက္၌ ထားေသာ ပန္းတံုး တိုင္သို႔ ေရာက္ျခင္းငွါ၊ အားမေလ်ာ့ဘဲ ေျပးၾက ကုန္အံ့။
ဆာလံဆရာ ကလည္း|-
(ဆာလံ ၂၄း၃-၅)| မွာ“ထာ၀ရဘုရား၏ ေတာင္ေပၚသို႔ အဘယ္သူ တက္ရ မည္နည္း။ သန္႔ရွင္းရာ ဌာနေတာ္၌ အဘယ္သူ သည္ ရပ္ေနရ မည္နည္း။ သန္႔ရွင္းေသာ လက္ႏွင့္ ျဖဴစင္ေသာ ႏွလံုး ရွိေသာသူ၊ မုသာကို မမီွ၀ဲ၊ မဆည္းကပ္၊ မမွန္ေသာ က်ိန္ ဆိုျခင္းကို မျပဳေသာ သူသည္ ထာ၀ရဘုရား၏ လက္ေတာ္မွ ေကာင္းႀကီး မဂၤလာကို၄င္း၊ ကယ္တင္ ေတာ္မူေသာ ဘုရားသခင္၏ လက္ေတာ္မွ ေျဖာင့္မတ္ ျခင္းတရား ကို၄င္း ခံရ လိမ့္မည္။”

ဆရာႀကီး ယုဒသန္ရဲ႕ အသက္တာကို ၾကည့္ပါ|-
အဆင့္မတူ၊ ယဥ္ေက်းမွႈမတူ၊ အစားအေသာက္ မတူ၊ ရာသီဥတုမတူ၊ ေဆြမ်ဳိး အသိုင္းေတြနဲ႔ ေ၀းကြာၿပီး၊ မိသားစု ေတြဆံုး႐ႈံး ရတဲ့အထိ အစရွိတဲ့ အခက္အခဲ ျပသနာ ဒုကၡဆင္းရဲျခင္း ေတြကိုခံယင္း၊ ေနာက္ဆံုး ေနမေကာင္း လြန္းလို႔ ေဆးကုသဖို႔ အျပန္၊ သေဘၤာ ေပၚမွာ ဘုန္းေတာ္ ၀င္စားလို႔ ေရသခၤ်ဳိင္းမွာပဲ သၿဂၤဳိလ္ခံ ရတဲ့အထိ ဘုရား သခင္ရဲ႕ အမႈေတာ္ကို တစိုက္ မတ္မတ္နဲ႔ ပန္းတံုးတိုင္ ေရာက္တဲ့ အထိ ဘုရား သခင္ရဲ႕ အေစကို သက္ဆံုးတိုင္ သစၥာ ရွိစြာ အသက္ရွင္ ခဲ့ေၾကာင္း ေတြ႕ျမင္ ႏိုင္ပါတယ္။ ဆရာႀကီးရဲ႕ ေဆာင္ပုဒ္ ကလည္း “သုခ၊ ဒုကၡ၊ ဘယ္သို႔ေတြ႕၊ ေရွ႕သို႔ ေဆာင္႐ြက္မည္၊ ျမန္မာလြင္ျပင္၊ ငါတို႔ႀကဲ၍၊ ဇိအုန္ထိပ္၊ ရိတ္ၾကမည္”| (In Joy or Sorrow, Health or Pain, Our course be onward still, We sow on Burma’s barren) ဒါေၾကာင့္၊ ဆရာႀကီးလို သခင္ တစ္ဦးရဲ႕ အေစကို ခံၿပီး ပန္းတံုးတိုင္ဆီ အေရာက္ လွမ္းၾက ပါစို႔|-

၂။ကိုယ္ကိုကိုယ္ သိေသာ စိတ္ၾကည္လင္ျခင္း (Good Conscience)
ကိုယ္ကိုကိုယ္ သိေသာ စိတ္ဆိုတာ၊- ၾသတပၸ စိတ္ကို ဆိုလိုတာ ျဖစ္ပါတယ္။ တခုခု မလုပ္ခင္၊ မေျပာခင္၊ မေဆာင္႐ြက္ခင္၊ ကၽြႏ္ုပ္တို႔ကို မွန္တယ္၊ မွားတယ္ ဆိုၿပီး အတြင္းထဲ (inner being) ကေန ေစ့ေဆာ္ေနတဲ့ အရာတစ္ခုလည္း ျဖစ္ပါတယ္။ ေနာက္ၿပီး၊ မွန္တာ လုပ္မိယင္ ေထာက္ခံေၾကာင္း စိတ္ ေပ်ာ္႐ႊင္ ၀မ္းေျမာက္ မႈအားျဖင့္၄င္း၊ မွားတာ လုပ္မိယင္ အျပစ္ရွိ ေၾကာင္း စိတ္မခ်မ္း မသာ ျဖစ္ျခင္း အားျဖင့္၄င္း၊ သက္ေသ ေပးတဲ့ အတြင္း ထဲကလာတဲ့ အသံလို႔လည္း ေျပာႏိုင္ပါတယ္။

(ေရာမ၊ ၂း ၁၅)မွာ၊- “ကိုယ္ကို ကိုယ္သိေသာ စိတ္ႏွလံုး သည္ သက္ေသခံ သျဖင့္၄င္း၊ အခ်င္း ခ်င္း ေဆြးေႏြး ဆင္ျခင္၍ အျပစ္တင္ လ်က္၊ လႊတ္လ်က္ ေနသျဖင့္၄င္း၊ မိမိတို႔ စိတ္ႏွလံုး ထဲ၌ မွတ္သားေသာ တရား၏ အက်ဳိးကို ထင္ရွားစြာ ျပၾက၏။

ဒီသက္ေသ ေတြကို သင့္အေနနဲ႔ အေလးထားယင္၊ ၾသတပၸ စိတ္ရွင္းမယ္ (၁တိ၊၁း၅)၊ ဂရုမစိုက္ လစ္လွ်ဴရႈမယ္ ဆိုယင္ေတာ့ သင့္ၾသတပၸ စိတ္ဟာ တစ္ေန႔ထက္ တစ္ေန႔ ဆိုးညစ္ လာပါလိမ့္မယ္။

(ေဟၿဗဲ၊ ၁၀း၂၂)မွာ၊- “ငါတို႔သည္ သစၥာႏွင့္ ျပည့္စံုေသာ သေဘာ ရွိ၍ ၀ိစိကိစာၦ (ယံုမွား၊ သံသယ)ႏွင့္ ကင္းေသာ ယံုၾကည္ျခင္း ၌တည္လ်က္၊ စိတ္ႏွလံုးကို သံေ၀ဂ တရားႏွင့္ လြတ္ေအာင္ ျဖန္းျခင္း၊ ကိုကာယ ကိုလည္း ၾကည္သာေရျဖင့္ ေဆးေၾကာျခင္း ရွိၿပီးမွ၊ အထံေတာ္သို႔ တိုး၀င္ ခ်ဥ္း ကပ္ၾက ကုန္ အံ့။”

တစ္နည္း ေျပာရယင္၊ ၾသတပၸစိတ္ ဆိုတာ သင္တစ္ခုခု မွားေနၿပီလို႔ သတိ ျပန္လည္ လာေအာင္ အခ်က္ေပးဖို႔ ဘုရားသခင္ သင့္အထဲ ထည့္ေပး ထားတဲ့ သတိေပး ႏိႈးစက္ (alarm) တစ္ခုနဲ႔ တူပါတယ္။ လူတိုင္းမွာ ၾသတပၸစိတ္ ကိုယ္စီ ရွိၾက ပါတယ္၊ ဒါေပမဲ့ သတိေပးတဲ့ ပံုစံနဲ႔ သတ္မွတ္ခ်က္ ေတြကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ တူၾကမွာ မဟုတ္ဘူး။ မွန္တယ္ ၊ မွားတယ္ ဆိုတဲ့ အခ်က္ေပး မႈေတြ ကလည္း မိမိ ကိုယ္တိုင္ စံႏႈန္း သတ္မွတ္ ထည့္သြင္း ထားတဲ့ (registering) အေပၚမွာပဲ မူတည္ၿပီး အခ်က္ေပး ေခါင္းေလာင္း သံထြက္ ေပၚလာမွာ ျဖစ္ပါတယ္။ ၾသတၱပ စိတ္ဆိုတာ ကိုယ္တိုင္ ထည့္သြင္း ေပးထားတဲ့၊ ကိုယ္တိုင္ ေလ့က်င့္ ေပးထားတဲ့ အခ်က္ အလက္ ေတြအတိုင္းပဲ သတိေပးတာ ျဖစ္ပါတယ္။ တစ္ခါ တစ္ေလ အခ်က္ ေပးသင့္ရဲ႕ သားနဲ႔ အခ်က္ မေပးတာမ်ဳိး၊ အခ်က္ မေပးသင့္ပဲ အခ်က္ေပး မိတာမ်ဳိးလည္း ရွိတတ္ပါတယ္။ ဒါကလည္း ကိုယ္ထည့္သြင္း ထားတဲ့ စံႏႈန္း သတ္မွတ္ခ်က္ေတြ ပီပီျပင္ျပင္ မျဖစ္လို႔ပါ။ ဒါေၾကာင့္ စံႏႈန္း သတ္မွတ္ ခ်က္ေတြ ထည့္သြင္း တဲ့အခါ ပီျပင္ဖို႔ ျပတ္ျပတ္ သားသား ရွိဖို႔ လိုပါ တယ္။

ဒါေၾကာင့္ ကၽြႏ္ုပ္တို႔ရဲ႕ ၾသတပၸစိတ္ဟာ ကြ်ႏ္ုပ္တို႔ ျဖစ္သင့္တဲ့ အရာေတြနဲ႔ က်ဳိးေၾကာင္း ညီၫြတ္မႈ မရွိႏိုင္ပါဘူး၊ သူ႔အထဲမွာ ဒါက မွန္တယ္၊ ဒါက မွားတယ္လို႔ သတ္မွတ္ ထည့္သြင္း ေပးထားယင္ အဲဒီ တိုင္းပဲ မွန္တယ္ မွားတယ္လို႔ သတိေပးသြားမွာ ျဖစ္ပါတယ္။ ဒါက ကိုယ့္ရဲ႕ ထည့္သြင္း တဲ့အပိုင္းပါ။ ေနာက္ တစ္မ်ဳိးက ကၽြႏု္ပ္တို႔ အေနနဲ႔ ဒီသတိ ေပးသံအတိုင္း လက္ခံ တုန္႔ျပန္ ႏိုင္သလို၊ ဂရုမစိုက္ပဲ ပိတ္ထား လို႔လည္း ရပါတယ္။ အခ်က္ေပးသံကို လက္ခံၿပီး သတိေပး ခ်က္အတိုင္း တုန္႔ျပန္ မယ္ဆိုယင္ေတာ့၊ သင့္ရဲ႕ ၾသတပၸစိတ္ တစ္ေန႔ ထက္တစ္ေန႔ တိုးတက္ လာၿပီး၊ အခ်က္ေပးသံကို လက္မခံဘဲ ပိတ္လိုက္မယ္ ဆိုယင္ေတာ့၊ ေနာက္ဆို ၾသတပၸစိတ္က အလုပ္မလုပ္ ေပးေတာ့တဲ့ အထိ ျဖစ္သြား ႏိုင္ပါတယ္။ ဒါ့အျပင္ ဒီလိုလုပ္ လိုက္ျခင္း ဟာ၊ ကၽြႏ္ုပ္တို႔ အသက္တာထဲ အားၿပိဳင္မႈေတြ ၊ တင္းမာမႈ ေတြကိုလည္း ျဖစ္ေပၚ လာေစ ပါတယ္။ ဒီတင္းမာမႈနဲ႔ အားၿပိဳင္မႈ ေတြကို တစ္ႀကိမ္ တစ္ခါေတာ့ ႀကိဳးစားၿပီး ေျဖသိမ့္ ဖံုးကြယ္လို႔ ရေကာင္း ရႏိုင္ေပမဲ့၊ ႀကိမ္ဖန္မ်ားလာ တဲ့အခါ သင့္ရဲ႕ အသက္တာမွာ ႀကီးမားတဲ့ နာၾကင္မႈ ခါးသီးမႈ ေတြကို ေပၚေပါက္ ေစႏိုင္ ပါတယ္။

ဒီၾသတၱပ စိတ္ရဲ႕ သတိေပး ခ်က္ေတြကို ဂရုမစိုက္ နားမေထာင္တဲ့ အႀကိမ္ေရ မ်ားလာ တဲ့အခါ၊ သံပူခတ္ သလို အလုပ္မလုပ္ ေတာ့တဲ့ အေျခအေန ကိုေရာက္ သြားၿပီး၊ ေတာ္ေတာ္ ဆိုး၀ါးတဲ့ သေဘာထား အက်င့္ စရိုက္ေတြနဲ႔ ခိုင္မာတဲ့ ၾသတၱပစိတ္ ျဖစ္သြား ႏိုင္ပါတယ္။

(၁တိ ၄း၂)| မွာ ေနာင္ကာလ၌ ၾသတၱပၸ စိတ္တြင္ သံပူႏွင့္ ခတ္ျခင္းကို ခံၿပီးလွ်င္၊ မုသာ စကားကို ေျပာတတ္ ေသာ သူတို႔၏ လွ်ိဳ႔ဝွက္ျခင္း အားျဖင့္၊ လူအခ်ိဳ႕ တို႔သည္ ယံုၾကည္ျခင္းကုိ စြန္႔ပယ္၍၊ လွည့္ျဖား တတ္ေသာ စိတ္ဝိညာဥ္ တို႔၌၄င္း၊ နတ္ဘုရား တို႔ႏွင့္ စပ္ဆိုင္ေသာ ၾသဝါဒတို႔၌ ၎ မွီဝဲ ဆည္းကပ္ ၾကလိမ့္မည္။

ဘုရား သခင္ဟာ ၊ကၽြႏု္ပ္တို႔ကို သူ႔ရဲ႕ အလိုေတာ္နဲ႔ အညီ အသက္ရွင္ႏိုင္ဖို႔ ၊ ဒီၾသတပၸစိတ္ကို အကူအညီ တစ္ခုအေနနဲ႔ လူသားတိုင္းရဲ႕ အတြင္း စိတ္ထဲမွာ ေပးထားျခင္း ျဖစ္ပါတယ္။ ကြ်ႏ္ုပ္တို႔ ဖက္က ဘုရားရဲ႕ အလိုေတာ္နဲ႔ ဆိုင္တဲ့ စံႏံႈး သတ္မွတ္ခ်က္ ေတြကို ကိုယ့္ရဲ႕ ၾသတပၸစိတ္ထဲ ထည့္သြင္း (Programming) ထားဖို႔ လိုပါတယ္။ လုပ္ထားမယ္ ဆိုယင္ေတာ့၊ ကၽြႏ္ုပ္တို႔ ေန႔စဥ္ အလုပ္၊ သေဘာ ထားမႈ၊ ေျပာဆိုမႈ၊ ႀကံစည္မႈ အသက္ရွင္မႈ ေတြကို ၾသတၱပ စိတ္က ဘုရား အလိုေတာ္နဲ႔ ကိုက္ညီမႈ ရွိမရွိ မွန္မမွန္ု သတိေပး အခ်က္ေပး သြားမွာ ျဖစ္ပါတယ္။ သာမန္ လူသား (ဘုရားရဲ႕ အလိုေတာ္ စံႏႈန္း သတ္မွတ္ ခ်က္ေတြကို မိမိရဲ႕ ၾသတပၸ စိတ္ထဲ Programming မထည့္သြင္း ရေသးတဲ့ လူသား) ရဲ႕ၾသတပၸ စိတ္ကေတာ့၊ ဘုရားရဲ႕ အလိုေတာ္နဲ႔ စံႏႈန္း သတ္မွတ္ခ်က္ အတိုင္း ကြက္တိ ျပည့္ျပည့္စံုစံု “မွန္ဆိုမွန္ မွားဆို မွားလို႔ ေဖၚျပေပး ႏိုင္မွာ မဟုတ္ေသးပါဘူး။ 

လူသား ေတြမွာ ငယ္စဥ္ ကေလး ဘ၀ကေန မိမိ သက္၀င္ လႈပ္ရွား ျဖတ္သန္း သင္ယူ လာခဲ့ရတဲ့ အေတြ႕ အႀကံဳ ၊ အသက္ ရွင္မႈပံုစံ အမ်ဳိးမ်ဳိး ၊အေၾကာင္း တရား အမ်ဳိးမ်ဳိး ရွိၾကပါတယ္။ ဒါေၾကာင့္ လူေတြရဲ႕ ၾသတပၸ စိတ္ထဲမွာ Programming ထည့္သြင္း ခံထားရတဲ့ စံႏႈန္း သတ္မွတ္ခ်က္ ေတြဟာ ဘုရားရဲ႕ အလိုေတာ္နဲ႔ ကိုက္ညီ တာေတြ ရွိသလို၊ မကိုက္ညီ တာေတြလည္း အမ်ားႀကီး ရွိႏိုင္ပါတယ္။ 

ဘုရားသခင္က ကၽြႏု္ပ္တို႔ရဲ႕ ၾသတပၸ စိတ္ကို ျပန္ၿပီး အလိုေတာ္နဲ႔ ကိုက္ညီတဲ့ စံႏႈန္း သတ္မွတ္ ခ်က္ေတြ programming ထည့္သြင္းဖို႔ အလိုေတာ္ ရွိပါတယ္။ ဒီလို ဘုရားရဲ႕ အလိုေတာ္ စံႏႈန္း သတ္မွတ္ ခ်က္ေတြကို ထည့္သြင္း တဲ့နည္းက၊ ဘုရားရဲ႕ ႏႈတ္ကပတ္ ေတာ္ကို နာခံ လိုက္ေလွ်ာက္ ေလ့က်င့္ျခင္းနဲ႔ ထည့္သြင္း ၾကရမွာပဲ ျဖစ္ပါတယ္။ Programing ထည့္သြင္း ျခင္းဟာ ကိုယ့္ရဲ႕ အသက္တာ တစ္ေလွ်ာက္လံုး ေန႔တိုင္း လုပ္ေဆာင္ သြားရယ့္ အလုပ္ ျဖစ္သလို၊ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ရဲ႕ ဦးေဆာင္ လမ္းျပမႈနဲ႔ လုပ္ေဆာင္ရမယ့္ ကိစၥလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ကို မိမိရဲ႕ အတြင္းထဲ ၀င္ေရာက္ ကိန္း၀ပ္ဖို႔ ေခၚဖိတ္ရမယ္၊ ေနရာေပး ရပါလိမ့္မယ္။

ဘယ္လို ဖိတ္ေခၚ ရမလဲ၊ ဘယ္လို ေနရာေပး ရမလဲ။ (၁) မိမိဟာ အျပစ္ သားျဖစ္ေၾကာင္း၊ အျပစ္ ရွိေၾကာင္း ဘုရား သခင္ထံ ႏႈတ္နဲ႔ေရာ စိတ္ႏွလံုး သားထဲကပါ ၀န္ခံပါ၊ (၂) မိမိအျပစ္ ေတြအတြက္ ႏႈတ္နဲ႔ေရာ စိတ္ႏွလံုး သားထဲ ကပါ ေနာင္တ ရပါ၊ ဒီအျပစ္ ေတြအတြက္ အမွန္တကယ္ ယူက်ဳံးမရ ၀မ္းနည္း မႈရွိပါ၊ (၃) မေကာင္းတဲ့ သေဘာထား၊ စိတ္ဓါတ္၊ အႀကံအစည္၊ အျပဳအမူ ေတြကို လံုးလံုးလွ်ားလွ်ား စြန္႔ပစ္ပါ၊ (၄) သင့္အျပစ္ ေတြကို ေဆးေၾကာ သန္႔စင္ေပးၿပီး လူသစ္ ျဖစ္ေစတဲ့ ခရစ္ေတာ္ ဘုရားထံမွာ မိမိ အျပစ္ေတြကို ခြင့္လႊတ္ ေပးဖို႔ အသနားခံ ဆုေတာင္းပါ၊ (၅) ခရစ္ေတာ္ ဘုရား အား သင့္ကို အသက္တာ သစ္ေပးပိုင္တဲ့၊ သင့္ရဲ႕ အျပစ္ရွိရွိ သမွ်ကို ေဆးေၾကာ သန္႔စင္ ေပးပိုင္တဲ့ သင့္ရဲ႕ အသက္ သခင္ ကယ္တင္ရွင္ အျဖစ္ လက္ခံ ယံုၾကည္ၿပီး လူေရွ႕ ဘုရားေရွ႕မွာ သစၥာဆိုပါ၊ ဒုတိယေမြး ျခင္းခံယူပါ။ (၆) သန္႔ရွင္း ေသာ၀ိညာဥ္ ေတာ္ကို သင့္စိတ္ ႏွလံုးသားထဲ အစဥ္လမ္းျပ ေပးဖို႔ ဖိတ္ေခၚပါ၊ လက္ခံပါ။

လက္ခံရ ရွိၿပီဆိုတာနဲ႔ အဲဒီအခ်ိန္ ကေနစၿပီး၊ သင့္ကို သန္႔ရွင္း ေသာ၀ိညာဥ္ ေတာ္က လမ္းျပ သြန္သင္ သြားပါ လိမ့္မယ္။ အဲဒီသြန္ သင္ခ်က္ အတိုင္း နာခံ လိုက္ေလ်ာက္ ယင္းနဲ႔၊ သင့္ရဲ႕ ၾသတၱပ စိတ္ထဲ ဘုရားသခင္ အလိုေတာ္ရွိတဲ့ စံႏႈန္း သတ္မွတ္ ခ်က္ေတြ တေျဖးေျဖး ထည့္သြင္း ေစၿပီး၊ သင့္ရဲ႕ သေဘာထား၊ လုပ္ေဆာင္မႈ၊ အႀကံအစည္ အားလံုး ဟာလည္း တေျဖးေျဖး ဘုရား သခင္ရဲ႕ အလို ေတာ္ရွိတဲ့ အသက္ရွင္ ျခင္းဖက္သို႔ ေျပာင္းလဲ သြားပါ လိမ့္မယ္။ ေနာက္ဆံုး သင့္အသက္တာ ဟာ ဘုရား သခင္ အလိုေတာ္ ရွိတဲ့ ၀ိညာဥ္ေရးရာ ရင့္က်က္တဲ့ သူတစ္ေယာက္ ရဲ႕ အသက္တာ ပံုစံ ျဖစ္ပါ လိမ့္မယ္။ ဒီလုိနည္းနဲ႔ ဘုရားရဲ႕ အလိုေတာ္နဲ႔ အညီအခ်က္ျပ သမွ်ကို လိုက္နာ ေဆာင္႐ြက္ ႏိုင္သူ ျဖစ္လာၿပီး၊ အလိုေတာ္နဲ႔ ဆန္႔က်င္ ဖက္ျဖစ္တဲ့ အရာမွန္ သမွ်ကို မလုပ္မိဖို႔ သတိေပး ေခါင္းေလာင္း သံက အကူ အညီေတြ ေပးသြား ပါလိမ့္မယ္။

၃။မွန္ကန္ေသာယံုၾကည္ျခင္းႏွင့္ ယံုၾကည္ျခင္းအေမြ(Sincere Faith)
တိေမာေသ ဆိုတာက ရွင္ေပါလု အင္မတန္ ယံုၾကည္ စိတ္ခ်ရတဲ့ တပည့္ တစ္ေယာက္ပါ။ (၁တိ၊၁း၂)မွာ| “ယံုၾကည္ျခင္း အားျဖင့္ ငါ့သားစစ္ ျဖစ္ေသာ တိေမာေသ” လို႔ေတာင္ ေျပာထားပါတယ္။ ယံုၾကည္ျခင္းနဲ႔ ပတ္သက္ လာယင္၊ သူ႔ရဲ႕ သားအစစ္ လိုပါဘဲလို႔ ဆိုလိုတာ ျဖစ္ပါတယ္။ တိေမာေသဟာ တမန္ေတာ္ ရွင္ေပါလု ကိုယ္တိုင္ ခန္႔ထားတဲ့ ဧဖက္ အသင္းေတာ္ရဲ႕ ေခါင္းေဆာင္ ေတြထဲက တစ္ေယာက္ အပါအ၀င္ ျဖစ္ပါတယ္(၁တိ၊၁း၄)။ တစ္ဖက္မွာ၊ တိေမာေသဟာ အဖြား ေလာဣနဲ႔ အမိ ဥနိတ္တို႔ရဲ႕ ယံုၾကည္ျခင္း အေမြကို ဆက္ခံ ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ တမန္ေတာ္ ရွင္ေပါလုက၊ 

(၂တိ၊၁း၅)မွာ “သင္၏အဘြား ေလာဣ၊ အမိဥနိတ္ ၌ အရင္တည္ေသာ ယံုၾကည္ျခင္း တည္းဟူ ေသာ၊ ငါသေဘာ က်သည္ အတိုင္း၊ သင္၌လည္း တည္ေသာ ယံုၾကည္ျခင္း စစ္ကို မွတ္မိ သျဖင့္၄င္း” 

မွန္ကန္ေသာ ယံုၾကည္ျခင္း (Sincere Faith) ဆိုတာ၊ ဟန္ေဆာင္မႈ မပါ၊ ခိုင္ၿမဲၿပီး သစၥာရွိတဲ့ ယံုၾကည္ျခင္းကို ဆိုလုိတာ ျဖစ္ပါတယ္။ တနည္း အားျဖင့္ ေျပာရယင္ တိေမာေသရဲ႕ အဖြား ေလာဣနဲ႔ အမိ ဥနိတ္တို႔ရဲ႕ ယံုၾကည္ျခင္း နဲ႔ပတ္သက္ၿပီး၊ ႏႈတ္ကပတ္ ေတာ္ထဲမွာ အေသးစိတ္ ေျပာမထား ေပမဲ့၊ တိေမာေသ ရဲ႕ဖခင္ဟာ ေဟလသ (Greek) လူမ်ဳိး ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ တိေမာေသ ဟာ ထမ္းပိုး မညီတဲ့ အိမ္ေထာင္ ကေန ေပါက္ပြား လာတဲ့ သူတစ္ဦး ျဖစ္ေပမဲ့၊ အဘြားနဲ႔ အမိတို႔ရဲ႕ သြန္သင္မႈနဲ႔ အသက္ရွင္ တဲ့ပံုသက္ေသ ေတြဟာ တိေမာေသ ကိုယံုၾကည္ ျခင္းအေမြ ရေစတဲ့ အထိ ျဖစ္တာကို ဘယ္လိုမွ ျငင္းႏိုင္မွာ မဟုတ္ပါဘူး။ ေျပာင္းျပန္ ေျပာရယင္ တိေမာေသရဲ႕ အဘြားနဲ႔ အမိတို႔သာ သာမန္ ခရစ္ယာန္ ယံုၾကည္သူ အဆင့္ပဲ ဆိုယင္၊ ထမ္းပိုး မညီတဲ့ အိမ္ေထာင္က ေနေပါက္ပြား လာတဲ့ တိေမာေသ လည္း ဘယ္လိုမွ ဒီအဆင့္ အထိ ေရာက္လာ ႏိုင္စရာ မရွိ ႏိုင္ ပါဘူး။ ဒါေၾကာင့္ တိေမာေသရဲ႕ အဘြားနဲ႔ အမိ တို႔ရဲ႕ ယံုၾကည္ျခင္းဟာ သာမန္ အဆင့္ မဟုတ္ဘူးဆိုတာကို နားလည္ ႏိုင္သလို။ ဟန္ေဆာင္မႈ ကင္းတဲ့ စစ္မွန္တဲ့ ယံုၾကည္ျခင္း နဲ႔ယံုၾကည္တဲ့ သူေတြလည္း ျဖစ္ၾကပါတယ္။ တိေမေသ အေနနဲ႔လည္း သခင္ တစ္ဦးတည္းကို သစၥာရွိစြာ ေျဖာင့္မတ္စြာ ယံုၾကည္တာမ်ဳိး ျဖစ္ၿပီး ၀န္းက်င္မွာ ေတာင္ အသေရ ရွိတဲ့သူလို႔ ေတာင္ သတ္မွတ္ ျခင္းခံရတဲ့ သူလို႔ေတာင္ ေဖၚျပ ထားပါေသးတယ္။ ဒါေၾကာင့္ 

(တမန္ ၁၆း၁-၂)| “ထိုေနာက္မွ ေပါလုသည္ ေဒရေဗၿမိဳ႕ႏွင့္ လုတၱရၿမိဳ႕သို႔ ေရာက္ေလ၏။ လုတၱရၿမိဳ႕၌ တိေမာေသ အမည္ရွိေသာ တပည့္ေတာ္ တေယာက္ရွိ၏။ သူ၏အမိကား ယံုၾကည္ေသာ ယုဒမိန္းမ ျဖစ္၏။ အဘကား ေဟလသ လူျဖစ္၏။ ထိုသူသည္ လုတၱရၿမိဳ႕၊ ဣေကာနိၿမိဳ႕၌ ရွိေသာ ညီအစ္ကို တို႔တြင္ အသေရ ရွိေသာ သူျဖစ္၏။” 

(၂တိ၊၁း၅)မွာ တိေမာေသရဲ႕ ယံုၾကည္ျခင္းကို ေဖၚျပထားပါတယ္။ “သင္၏အဘြားေလာဣ၊ အမိဥနိတ္ ၌ အရင္တည္ေသာ ယံုၾကည္ျခင္း တည္းဟူေသာ၊ ငါသေဘာက် သည္အတိုင္း၊ သင္၌လည္း တည္ေသာ ယံုၾကည္ျခင္း စစ္ကို မွတ္မိ သျဖင့္၄င္း၊” စစ္မွန္ေသာ ၾသ၀ါဒဆိုတာ ခ်စ္ျခင္း ေမတၱာကိုသာ ပိုမို ပြားမ်ား ေစပါတယ္။ ခရစ္ယာန္ အသက္တာရဲ႕ ပန္းတိုင္ဟာ မုန္းတီး တာေတြ၊ ျငင္းခုံတာေတြ ျဖစ္ဖို႔ မဟုတ္ ပါဘူး။
ထပ္ၿပီးတမန္ေတာ္ ရွင္ေပါလုက တိေမာေသကို၊- 

(၁တိ ၆း ၁၁-၁၂)| အုိဘုရား သခင္၏လူ၊ သင္သည္ ထိုအျပစ္ မ်ားကို ၾကဥ္ေရွာင္ ေလာ့။ ေျဖာင့္မတ္စြာ က်င့္ျခင္း၊ ဘုရားဝတ္၌ ေမြ႔ေလ်ာ္ျခင္း၊ ယံုၾကည္ျခင္း၊ ခ်စ္ျခင္း၊ သည္းခံျခင္း၊ ႏူးညံ့သိမ္ ေမြ႔ျခင္း တို႔ကို မွီေအာင္ လိုက္ေလာ့။ ယံုၾကည္ျခင္း ႏွင့္ဆိုင္၍ ေကာင္းစြာ ေသာ တိုက္လွန္ျခင္း ကိုျပဳေလာ့။ ထာဝရ အသက္ကို ကိုင္ယူေလာ့။ ထိုအ သက္ကို ရမည္ အေၾကာင္း၊ သင္သည္ေခၚေတာ္မူျခင္း ကိုခံရ၍၊ သက္ေသ အမ်ားတို႔ ေရွ႔၌ ေကာင္း မြန္စြာ ဝန္ခံၿပီ။ လို႔ တိုက္တြန္း ထားပါ ေသးတယ္။

အထက္ ေဖၚျပပါ စင္ၾကယ္ေသာ စိတ္ႏွလံုး (Pure Heart)၊ ကိုယ္ကိုကိုယ္ သိေသာ စိတ္ၾကည္ လင္ျခင္း (Good Conscience)နဲ႔ မွန္ကန္ေသာ ယံုၾကည္ျခင္း (Sincere Faith) ေတြ ရွိၿပီ ဆိုယင္၊ အသင္း ေတာ္တြင္း မွာ၊ ခ်စ္ျခင္း ေမတၱာ ျပည့္စံုလာၿပီ၊ ဘုရား သခင္ အလိုေတာ္ ရွိတဲ့ အသင္း အျဖစ္ ေလာက အလယ္ အလင္း ေပးတဲ့ အသင္းေတာ္ ျဖစ္လာ မွာ အေသ အခ်ာ ျဖစ္ပါတယ္။ ဒါတင္မကဲ အဲဒီ အသင္းေတာ္ ကို စာတန္ မာရ္နတ္ အေနနဲ႔ ၀င္ေရာက္ ေႏွာက္ရွက္ ဖို႔ေတာင္ အခက္ ႀကံဳေတြ႕ ႏိုင္ေစ ပါလိမ့္မယ္။

နိဂံုး
ခရစ္ယာန္ အသက္တာ ဟာ ၊ စစ္ေျမ တလင္းထဲ ေရာက္ေနတဲ့ စစ္သား ေတြလိုပါပဲ။ ကိုယ္က ရန္သူကို တိုက္ခိုက္ ရသလို၊ ရန္သူရဲ႕ တိုက္ခိုက္မႈ ကို လည္း မ်က္ေျခ မျပတ္ သတိ ႀကီးစြာထား ရတဲ့ သူ ေတြျဖစ္ ပါတယ္။ အခ်ိန္တိုင္း သတိရွိ ဖို႔လိုပါ တယ္။ ခရစ္ေတာ္ ကို စစ္မွန္စြာ ယံုၾကည္တဲ့ သူတိုင္းဟာ ေန႔၊ ညမျပတ္ အခ်ိန္ တိုင္း ခရစ္ေတာ္ကို ကိုးစားသူ၊ နာခံ သူေတြျဖစ္ ၾကပါတယ္။ ရင္ဆိုင္ လာရမယ့့္ စာတန္ရဲ႕ တိုက္ခိုက္မႈ၊ ေသြးေဆာင္မႈ၊ လွည့္ျဖားမႈ အစရွိ တာေတြကို တစ္ခုမွ အခြင့္ မေပးပဲ၊ တြန္းလွန္ ဖယ္ရွား တုံ႔ျပန္ ရမယ့္သူ ေတြျဖစ္ ၾကပါတယ္။

(၁ေပ ၅း၈)|- “သမၼာသတိ ရွိလွ်က္ မအိပ္ဘဲ ေစာင့္ေန ၾကေလာ့။ သင္တို႔၏ ရန္သူတည္း ဟူေသာ မာရ္နတ္ သည္၊ ေဟာက္ေသာ ျခေသၤ့ကဲ့သို႔ အဘယ္သူကို မ်ဳိရမည္နည္း ဟူ၍ လွည့္လည္ ရွာေဖြလ်က္ ရွိ၏။” ။

ဒါေၾကာင့္ တမန္ေတာ္ရွင္ ေပါလုကလည္း တိေမာေသကို ယံုၾကည္ျခင္း ႏွင့္ဆိုင္၍ ေကာင္းစြာ ေသာ တိုက္လွန္ ျခင္းကို ျပဳေလာ့။ (၁တိ ၆း၁၂)မွာ သတိေပး ထားတာေတြ႕ ရပါတယ္။

ေနာက္ဆံုးအခ်က္ကေတာ့ ၊ 
ယံုၾကည္ျခင္း အေမြပဲ ျဖစ္ပါတယ္။ လူအမ်ားဟာ ကိုယ့္ရဲ႕ သားသမီး ေျမးျဖစ္ ေတြအတြက္၊ ပညာအေမြ၊ ဥစၥာအေမြ ေတြကို အဓိကထား ဦးစားေပးၿပီး အေမြ ေပးတာကို ေတြ႕ၾက ရမွာပါ။ တကယ္ တမ္းၾကေတာ့ အဲဒီ ဥစၥာအေမြ၊ ပညာအေမြ ေတြက ကိုယ့္ သားသမီး ေျမးျမစ္ ေတြရဲ႕ အနာဂတ္ ဘ၀ကို အျပည့္ အ၀ ထိန္းေက်ာင္း ပဲ့ျပင္ ေပးႏိုင္မယ့္ အရာေတြ ေတာ့မဟုတ္ ပါဘူး။ သူတို႔ကို မွန္ကန္စြာ အသက္ရွင္ တတ္ဖို႔ အျပည့္ အ၀ ထိန္းေက်ာင္း ေပးႏိုင္ တာကေတာ့၊ ယံုၾကည္ျခင္း အေမြ တစ္ခုဘဲ ျဖစ္ပါတယ္။ ဒါေပမဲ့၊ အေမြဆိုတာ ကိုယ့္မွာ ရွိမွပဲ ေပးလို႔ ရတဲ့ အရာျဖစ္လို႔၊ ကိုယ္တိုင္ အေမြ ေပးႏိုင္တဲ့ အေျခ အေနေတာ့ ရွိဖို႔ လိုပါတယ္။ အဲဒီ ယံုၾကည္ျခင္း အေမြဟာ သူတို႔ရဲ႕ ယခုဘ၀ တင္မကဘူး၊ ေနာင္ တမလြန္ဘ၀ အထိ လွပေစမယ့္ အေမြ လည္းျဖစ္ ပါတယ္။ တိေမာေသရဲ႕ အဘြားနဲ႔ အမိတို႔ရဲ႕ ယံုၾကည္ျခင္း အေမြ ေပးျခင္းကို အတုယူ ၾကပါစို႔၊ အသင္းေတာ္တြင္း မွန္ကန္ေသာ ယံုၾကည္ျခင္း၊ ခ်စ္ခ်င္းေမတၱာမ်ားနဲ႔ အသက္ရွင္ႏိုင္သူမ်ား ျဖစ္ၾကပါေစလို႔ ဆႏၵျပဳလၽ်ွက္| အာမင္…

၀ိညာဥ္မီးအိမ္(ခရစ္ယာန္စာေပစုစည္းမႈ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...