● ငြိမ်းချမ်းခြင်း ငြိမ်သက်ခြင်း Peace ...
နိဒါန်း|-              
ငြိမ်သက် ခြင်း အကြောင်း စဉ်းစား ယင်၊ ရှာလုံ (shalom) ဆိုတဲ့ ဟေဗြဲ ဝေါဟာ ရကို ချန်လှပ် ထားခဲ့ လို့ မရ ပါဘူး။ မြန်မာ ပြည်မှာ တစ်ယောက် နဲ့ တစ် ယောက် တွေ့ယင် “မင်္ဂလာပါ” လို့ နှုတ်ဆက် ကြတာ ဟာ၊ လူတစ် ယောက်က လူတစ် ယောက် အပေါ် ကောင်း မြတ်တဲ့ မင်္ဂလာ တွေ သက်ရောက် ပါစေ ဆိုတဲ့ ဆန္ဒနဲ့ “မင်္ဂလာပါ” လို့ ရည်ရွယ် နှုတ်ဆက် ကြတာ ဖြစ်ပါတယ်။ ဒီလိုဘဲ ၊ အစ္စရေး (ဂျူး) လူမျိုးတွေ အနေနဲ့ လည်း တစ် ယောက် နဲ့တစ် ယောက် စတွေ့တဲ့ အခါဘဲ ဖြစ်ဖြစ်၊ ပြန်ခါနီး နှုတ်ဆက် တဲ့အခါ ဘဲဖြစ်ဖြစ် shalom (ရှာလုံ) ဆိုပြီး နှုတ် ဆက်လေ့ ရှိကြပါ တယ်။ သမ္မာ ကျမ်းစာ ထဲမှာ အသုံး ပြုထားတဲ့ ဟေဗြဲ (Hebrew) ဝေါဟာရ shalom ကို ဂရိ (Greek) ဝေါဟာရ  eirene လို့ ခေါ်ပြီး၊ အင်္ဂလိပ် (English) လို peace လို့ ဘာသာ ပြန်ထား ပါတယ်၊ မြန်မာ လိုကတော့ “ငြိမ်းချမ်းခြင်း” သဘောကို ဆောင်ပါတယ်။ ဒါပေမဲ့ shalom ဆိုတဲ့ ဝေါဟာ ရရဲ့ မူရင်း အဓိပ္ပါယ် ကတော့ ဒါထက် များစွာ လေးနက် ကျယ်ပြန့်တဲ့ အဓိပ္ပါယ် တွေရှိ နေတာ ကို သမ္မာ ကျမ်းစာ ထဲမှာ မြင် တွေ့နိုင် ပါတယ်။ အဲဒါ တွေက တော့ ၊- shalom ဟာ ပြီးပြည့် စုံတယ်၊ ချွင်းချက် မရှိဘူး၊ အနာ အဆာ ကင်းမဲ့တယ် ၊ ကျန်းမာရေး ရှုဒေါင့် ကဆို ခန္ဒာကိုယ် တစ်ခုလုံး ရောဂါ ဘယ ကင်းပြီး၊ ကျန်းမာ ရေးနဲ့ ပြီးပြည့် စုံတယ် လို့လည်း အဓိပ္ပါယ် ရှိပါတယ်။ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး၊ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု၊ လူလူချင်း တစ်ယောက် နဲ့ တစ်ယောက် ကြားမှာ ဆက်ဆံမှု၊ ပေါင်းသင်းမှု မှန်ကန် ညီညွှတ်မှု ရှိတယ်၊ သဟ ဇာတ ဖြစ်တယ်၊ မျှတတယ်၊ ပဋိပက္ခ ကင်းတယ်၊ ခိုက်ရန် ဖြစ်ပွားခြင်း မရှိဘူး၊ ပြိုင်ဆိုင် မှုတွေလည်း မရှိဘူး၊ စတဲ့ အဓိပ္ပါယ် တွေကို လည်း ဆောင် ပါတယ်။ ဓနဥစ္စာ ပိုင်းနဲ့ ဆိုယင် ချမ်းသာ ကြွယ်၀ တယ်၊ အောင်မြင် တယ်၊ ကျေနပ်မှု ရှိတယ်၊ စိတ်ချ လက်ချ ရှိတယ်၊ ပူပန် သောက ကင်းတယ်၊ စိတ်ချမ်း သာမှု ရှိတယ် ဆိုတဲ့ အဓိ ပ္ပါယ် တွေလည်း ဆိုလို ပါတယ်။ အချုပ် ပြောရယင် မူရင်း ဟေဗြဲ ဝေါဟာရ Shalom ဟာ လောကီ (ယခုဘဝ)၊ လောကုတ္တရာ (သေဆုံး ပြီးနောက်) နှစ်ဘ၀ စလုံးနဲ့ အကျုံး ဝင်ပြီး သက်ဆိုင်တဲ့ အဓိပ္ပါယ် တွေရှိ ပါတယ်။
          လောက ကြီးရဲ့ နေရာတိုင်း၊ သတ္တဝါတိုင်း၊ အချိန်တိုင်း မှာသာ ဒီသဘော တရားတွေ ရှိနေမယ် ဆိုယင် ဘာဆို ဘာမှ လိုလေသေး မရှိတဲ့ shalom နဲ့ပြည့်ဝတဲ့ လောကကြီး ဖြစ်မှာ သေချာ ပါတယ်။ ငြိမ်းချမ်း ရေးဟာ အရေး အကြီးဆုံး ကိစ္စဖြစ် တယ်လို့ နားလည် သဘော ပေါက်သူ တွေက ၊ ငြိမ်းချမ်း တဲ့ကမ္ဘာ ကြီးဖြစ် လာဖို့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား၊ တိုင်းပြည် တစ်ခုနဲ့ တစ်ခုကြား၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးကြား၊ ပါတီ တစ်ခုနဲ့ တစ်ခု ကြား၊ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခုကြား၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးကြား၊ ဘာသာ တစ်ခုနဲ့ တစ်ခုကြား၊ လူတစ် ယောက်နဲ့ တစ်ယောက်ကြား၊ ကြားဝင် ဖြန်ဖြေ တာတွေ၊ စေ့စပ် ညှိနှိုင်း ပေးတာ တွေ၊ ကြားဝင် ဖြေရှင်း ပေးတာ တွေကို လုပ်ဆောင် နေကြ ပါတယ်။ ဒါကြောင့်၊ ငြိမ်းချမ်းရေး ဟာလူတိုင်း မျှော်လင့် တောင့်တ တဲ့အရာ ဆိုတာ ကိုတော့ ဘယ်သူမှ ငြင်းပယ် ကြမှာ မဟုတ် ပါဘူး။
ငြိမ်းချမ်းခြင်း(သို့)ငြိမ်သက်ခြင်း(၂)မျိုး|-
(ယောဟန် ၁၄၊ ၂၇)|
ငြိမ်သက် ခြင်းကို သင်တို့ ၌ငါ ထားခဲ့၏။ ငါ၏  ငြိမ်သက် ခြင်းကို သင်တို့ အားငါ ပေး၏။ လောကီ သားတို့ ပေးသကဲ့ သို့ ငါပေး သည်မဟုတ်။ သင်တို့ စိတ်နှ လုံးပူ ပန်ခြင်း၊ စိုးရိမ် တုန်လှုပ် ခြင်းမရှိ စေနှင့်။
ဒီကျမ်း စာမှာ ခရစ်တော်က ငြိမ်သက် ခြင်း (၂)မျိုးကို ဖေါ်ပြ ထားတာ တွေ့နိုင် ပါတယ်။
(၁) လောကီသားတို့ ပေးသော ငြိမ်သက်ခြင်း။
(၂) ခရစ်တော် ပေးသော ငြိမ်သက်ခြင်း။
          ယောဟန် အခန်းကြီး (၁၄)မှာ၊ ခရစ်တော် ဟာ မကြာခင် သူ့ကို ရောမ စစ်သားတွေ လာဖမ်း ကြတော့ မှာဖြစ်လို့ ကျန်ခဲ့မဲ့ သူ့ရဲ့ တပည့်တော် တွေ ၊ ကစဉ့် ကလျား၊ ဆောက် တည် ရာမရ၊ စိုးရိမ် တုန်လှုပ်ပြီး ယုံကြည်ခြင်း တွေ ယိမ်းယိုင် ပျောက်ပျက် မသွားဖို့ “သင်တို့ စိတ်နှလုံး ပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ် ခြင်း မရှိစေ နှင့်” ဆိုပြီး အလေး အနက် မှာ ကြားနေ တာကို တွေ့နိုင် ပါတယ်။
          ဒီနေ ရာမှာ၊ ယုံကြည် ခြင်းနဲ့ ပတ်သက် ပြီး (ဟေဗြဲ ၁၁၊ ၁)| မှာ ဖေါ်ပြ ထားတဲ့ ကျမ်းစကား ကို ပြန်ပြီး ဆင်ခြင် ရမှာ ဖြစ်ပါတယ်။ “ယုံကြည် ခြင်းသည် မျှော်လင့် သော အရာ တို့ကို မျက် မှောက်ပြု ခြင်းဖြစ်၏။ မမြင် သေး သော အရာ တို့ကို သိမှတ် စွဲလမ်းခြင်း အကြောင်း ဖြစ်၏”။ လက်ရှိ ရင်ဆိုင် နေရတဲ့ အခြေ အနေ ထက် ကိုယ်ယုံ ကြည်တဲ့ အရာကို ပန်းတိုင် ထားပြီး၊ ဒါကိုဘဲ စိတ်စွဲလမ်း စိတ်ရောက်နေ ဖို့ဆိုလို တာဖြစ် ပါတယ်။ ခရစ်ယာန် ဆိုတာ လောကီ မှာ ခရစ်တော် ဘုရား ရဲ့အလို တော်အတိုင်း အသက် ရှင်ပြီး၊ လော ကုတ္တရာ မှာ ဘုရား သခင်နဲ့  မိသဟာ ယဖွဲ့၊ ထာဝရ အသက်နဲ့ အသက် ရှင်ဖို့ ယုံကြည် မျှော်လင့် ခြင်းနဲ့ စိတ်စွဲ လမ်းပြီး မျက်မှောက် ပြုအ သက်ရှင် ကြသူ တွေဖြစ် ကြ ပါတယ်။
(၁)လောကီ သားတို့ ပေးသော ငြိမ်သက်ခြင်း။
လူတွေ ဖန်တီး လုပ်ယူတဲ့၊ ငြိမ်သက် ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ|- ပဋိပက္ခ တွေကင်း ဝေးအောင်၊ စစ်ပွဲတွေ ရပ်တန့်ပြီး ရန်တွေ ငြိမ်းအောင်၊ ရင်ဆိုင် ကြုံတွေ့ နေရတဲ့ ဝမ်းနဲမှုနဲ့ ပူဆွေးမှု၊ ပူပန်သော ကတွေ  ကနေ ကင်းဝေး အောင်၊ တွေ့ကြုံ နေရတဲ့ ဒုက္ခ အခက် အခဲ ပြသနာ တွေက လွှတ်မြောက် အောင် အဆင် ပြေသွား အောင် ကြားဝင် စေ့စပ်၊ အားပေး ကူညီ ဖြည့်ဆည်း ပေးတဲ့ လူလူ ချင်း လုပ်ဆောင် ပေးတဲ့၊ လူတွေ ကြိုးစားပြီး လုပ်ဆောင်တဲ့ ငြိမ်သက်ခြင်း ငြိမ်းချမ်းခြင်း တွေကို ဆိုလို တာဖြစ် ပါတယ်။ လူမှန်ယင် ငြိမ်းချမ်းရေး၊ ငြိမ်သက်ခြင်း ကို မျှော်လင့်တဲ့ လိုလားတဲ့ သူတွေ ချဉ်းပါပဲ။ ဒါကြောင့် လည်း ကြိုးစား လုပ်ဆောင် နေကြ တာဖြစ် ပါတယ်။ တကယ် တမ်းကြတော့ လူတွေ လုပ်ဆောင် နေတဲ့ ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်း တွေဟာ လက်ရှိ လူ့ဘ၀ မှာဘဲ အတိုင်း အတာ သတ်မှတ် ကာလ တစ်ခု လောက် သာ တည် တန့် မှုရှိ တတ် တာ ကို တွေ့နိုင် ပါတယ်။ ဒါဆို လူသား အားလုံး တန်ဘိုး ထားပြီး ကြိုးစား လုပ်ဆောင် ရရှိတဲ့ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း တွေ ဘာကြောင့် ရေရှည် မတည်တံ့ ရတာလဲ၊ နောက်ပြီး ထာဝရ ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်း ဆိုတာ အမှန် တကယ်ကော ရှိရဲ့လား။ ရှိယင် ဘယ်မှာလဲ၊ ဘယ်အချိန် ကတည်းက ပျောက်ကွယ် သွားတာ လဲ၊ မေးခွန်း တွေ မေးစရာ ဖြစ်လာ ပါတယ်။
မငြိမ်းချမ်းသော ကမ္ဘာအစ လူသားတို့ရဲ့ ကျဆုံးခြင်းက
(ကမ္ဘာဦး ၂၊ ၁၅)|
ထိုအခါ ထာဝရ ဘုရား သခင်သည် လူကို ယူ၍ ဧဒင် ဥယျာဉ် ကို ပြုစု စောင့် ရှောက်စေ ခြင်းငှာ ထားတော် မူ၏။
ဘုရား သခင် လူကို ဖန်ဆင်းစ၊ တနည်း ပြောရယင် လူဖက် က ဘုရားရဲ့ ပညတ် ချက်ကို မချိုး ဖေါက်ခင် ကာလ အထိ၊ ဘုရား နဲ့လူ တိုက်ရိုက် ဆက်ဆံမှု (Communicate, Relationship) ရှိနေ တာကို ဖေါ်ပြ ထားတာ တွေ့မြင် ရပါတယ်။
(ကမ္ဘာဦး ၂၊ ၁၆-၁၇)|
အဲဒီ တုန်းက ဘုရား သခင်ဟာ လူကို စကားပြော နေတာလည်း တွေ့နိုင် ပါတယ်။
ထာဝရ အရှင် ဘုရား သခင်က လည်း၊ ကောင်းမ ကောင်း ကို သိကျွမ်းရာ အပင်မှ တပါး ထိုဥယျာဉ် ၌ရှိသ မျှသော အပင်တို့၏ အသီးကို သင်သည် စားရသော အခွင့် ရှိ၏။ ထိုအပင်၏ အသီးကို ကားမစားရ၊ စားသော နေ့တွင် ဧကန် အမှန် သေရမည်ဟု လူကို ပညတ် ထားတော် မူ၏။
တနည်း အားဖြင့် ပြောရယင် လူဟာ ပညတ်မချိုး ဖေါက်ခင် ဘုရား သခင်နဲ့ ဆက်သွယ်ခွင့် ၊မိဿ ဟာယ ဖွဲ့နိုင် တဲ့အခွင့် အရေး ရရှိ ခဲ့တာ တွေ့နိုင် ပါတယ်။ ဒါပေမဲ့ ဘုရား ရဲ့ ပညတ် ထားချက် ကို ချိုးဖေါက် တဲ့အချိန် ကစပြီး၊ လူဟာ ဒုက္ခ အခက် အခဲ ပြသနာ ပင်ပန်း ခြင်းနဲ့ သေခြင်း တရားကို ရင်ဆိုင် ကြရ ပါတော့ တယ်။
(ကမ္ဘာဦး ၃၊ ၁၄-၁၉)| ကိုဖတ်ကြည့်ယင်၊-
(က) မြွေကို ဘုရား သခင်က ဦးဆုံး အပြစ် ပေးတာ တွေ့ရ ပါလိမ့်မယ်။ မြွေဆိုတာ တိရိစ္ဆာန် တွေထဲမှာ အလိမ် မာဆုံး ဖြစ်ပါတယ်။ တနည်း အားဖြင့် မြွေဟာ တိရစ္ဆာန် အားလုံး ကို ကိုယ်စားပြု ထားခြင်း ဖြစ်နိုင် ပါတယ်။
(ခ) မိန်းမ ကို သားဖွား ခြင်းေ၀ ဒနာနဲ့၊ ယောက်ျားရဲ့ အုပ်စိုး ခြင်းကို လည်း ခံစေ ပါတယ် (ဖန်ဆင်း စက လူယော က်ျား နဲ့ လူမိန်းမ ဟာ ၊ တစ်သား တစ်ကိုယ် တည်း အဆင့် ခွဲသတ် မှတ်တာ မရှိ ခဲ့ပါဘူး)။ ဧ၀ ဆိုတာ လူက ပေးတဲ့ “လူမိန်းမ” အမျိုး သမီး အားလုံးကို ကိုယ်စား ပြုတဲ့ နာမည် ဖြစ်ပါတယ်။
(ဂ) ယောက်ျား ဥယျာဉ် ထဲက ဘုရား သခင် အသင့် ပြင် ဆင်ပေး ထားတဲ့ အသီး တွေကို စားခွင့် မရှိ တော့ဘဲ၊ မြေကနေ ထွက်တဲ့ အသီးကိုဘဲ စားခွင့် ရပါတော့ တယ်။ ဒါ့အပြင် ဒီလို စားရဖို့ ဆူးပင်တွေ ကြားမှာ ခက်ခက် ခဲခဲနဲ့ စိုက်ပျိုး ပြီးစား ရမယ်၊ နောက်ဆုံး မြေမှုန့် ကဖန် ဆင်းတဲ့ လူဖြစ်လို့ မြေမှုန့် ဆီပြန်သွား ရမယ် လို့ဘုရား သခင် မိန့်တော် မူခဲ့ ပါတယ်။
(ကမ္ဘာဦး ၂၊ ၉)|
ထိုမြေ ထဲ က အ ဆင်း လှ၍ စား ဖွယ် ကောင်း သော အပင် အမျိုး မျိုး ကို ထာဝရ အရှင် ဘု ရား သခင် ပေါက် စေ တော် မူ၏။ ထိုဥယျာဉ် အလယ်၌ အသက်ပင် လည်းရှိ၏။ ကောင်း မကောင်း ကို သိကျွမ်းရာ အပင် လည်း ရှိ၏။
          လူဟာ ဘုရား သခင် ပညတ်ထားတဲ့ ပညတ် ချက် ကို မချိုး ဖေါက်ခင်၊ ဘုရား သခင် ရဲ့ ဥယျာဉ် တော်ထဲ မှာ ငြိမ်း ချမ်းစွာ၊ ငြိမ်သက် ခြင်း အပြည့်နဲ့  အချိန် တန်ယင် အသက်ပင် ရဲ့ အသီးကို စားမယ်၊ လောဘ၊ ဒေါသ၊ မောဟ တွေလည်း ကင်းတယ်၊ ထာဝရ ကာလ ဘုရား သခင်နဲ့ မိသဟာ ယဖွဲ့ နေထိုင်ဖို့ အခွင့် ရှိခဲ့တဲ့ သ ဘော ကိုတွေ့ နိုင်ပါတယ်။
          ဒါပေမဲ့ ပညတ်ချက် ချိုးဖေါက် လိုက်တဲ့ အတွက်၊ ချိုးဖေါက် တဲ့နေ့ ကနေ စပြီး ၊ ဘုရားနဲ့ လူ ဝေးကွာ သွားရ သလို၊ လူနဲ့ တိရစ္ဆာန် ကြား၊ လူနဲ့ ပတ်ဝန်းကျင် ကြား၊ လူနဲ့လူ ချင်းကြား မှာ ငြိမ် သက်ခြင်း၊ ငြိမ်းချမ်း ခြင်းတွေ ပျောက် ကွယ် သွား ခဲ့ရတာ ဒီကနေ့ အထိ ပါဘဲ။ ဒါ့အပြင် လူဟာ ထာဝရ အသက်ရှင် ဖို့ အသက် ပင်ရဲ့ အသီး ကိုလည်း စားခွင့် မရှိတော့ သလို၊ ဘုရား သခင်ရဲ့ ဥယျာဉ် ထဲက နေဖယ် ရှားခံ ခဲ့ရပါတယ်။
(ကမ္ဘာဦး ၃၊ ၂၂)|
ထာဝရ အရှင် ဘုရား သခင်က လည်း၊ လူသည် ငါတို့တွင် တစ်ပါး ပါးကဲ့သို့ ဖြစ်၍ ကောင်းမ ကောင်းသိ တတ်၏။ ယခုမှာ သူသည် ထာဝရ အသက်ကို ရခြင်းငှာ လက်ကို ဆန့်လျှက် အသက်ပင် ၏အသီး ကို ယူ၍ မစားသင့် ဟုမိန့် တော်မူ၏။
ပျက်စီး သွားတဲ့ ဧဒင် ဥယျာဉ် ထဲက ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်း ကို ထာဝရ ငြိမ်သက် ခြင်းလို့ ပြောလို့ ရနိုင် ပါ့မလား လို့မေး ခဲ့ယင်၊- ဧဒင် ဥယျာဉ် ထဲက ငြိမ်းချမ်း ခြင်း၊ ငြိမ်သက် ခြင်းဟာ ထာဝရ တည်မြဲ လျှက်ရှိ ပါတယ်။ လူတွေ မငြိမ်း ချမ်းရ တာ၊ ငြိမ်သက် ခြင်း မရှိ ရတာ က၊ ဘုရား သခင်ရဲ့ ပညတ် ထားချက် ကိုချိုး ဖေါက်လို့ ထာဝရ ငြိမ်းချမ်းခြင်း ရှိနေတဲ့ ဧဒင် ဥယျဉ်ရဲ့ အပြင်ကို နှင်ထုပ် ခံရလို့ ပါပဲ။
(ကမ္ဘာဦး ၃၊ ၂၃-၂၄)|
လူသည် မိမိ ထွက်သော မြေ၌ လုပ်ရမည့် အကြောင်း၊ ထာဝရ အရှင် ဘုရား သခင်သည် ဧဒင် ဥယျာဉ် ထဲက လွှတ်လိုက် တော်မူ၏။ ထိုသို့ လူကို နှင်ထုပ် ပြီးလျှင်၊ အသက်ပင် လမ်းကို စောင့်ရှောက် စေခြင်းငှာ မီးစက် လက်နက် နှင့်တကွ ခေရု ဗိမ် တို့ကို ဥယျာဉ် အရှေ့ ဖက်၌ ထားတော် မူ၏။
ဒါဆို လူ့အနေနဲ့ အယင် အခြေ အနေကို ဘယ်တော့မှ ပြန်မရ နိုင်တော့ ဘူးလား။ မျှော်လင့် ချက်ကော မရှိတော့ ဘူးလား။
(၂)ခရစ်တော် ပေးသော ငြိမ်သက်ခြင်း။
(လုကာ ၂၊ ၁၃-၁၄)|
ကောင်းကင် ဘဝဂ်ဝယ် ဘုရား သခင်သည် ဘုန်းကြီး တော်မူ စေသတည်း။ မြေကြီး ပေါ်၌လည်း ငြိမ်သက် ခြင်း ရှိစေ သတည်း။ လူတို့ အား မေတ္တာ ကရုဏာ ရှိစေ သတည်းဟု ဘုရား သခင်ကို ချီးမွမ်း၍ မြွက်ဆို ကြ၏။
ဘုရား သခင်ဟာ မိမိဖန် ဆင်းထားတဲ့ လူသား အားလုံးကို ချစ်တဲ့၊ ဂရုစိုက်တဲ့ ဘုရား  ဖြစ်ပါ တယ်။ ဒါ့အပြင် လူကို ဖန်ဆင်း ကတည်းက၊ (ကမ္ဘာဦး ၁၊ ၂၆- မှာ တဖန် ဘုရား သခင်က၊ ငါတို့ ပုံသဏ္ဌာန် နှင့် တညီ တသဏ္ဌာန် တည်း လူကို ဖန်ဆင်း ကြစို့) မိမိရဲ့ ပုံသဏ္ဌာန် နှင့် တညီ တသ ဏ္ဌာန် တည်း ဖန်ဆင်း ထားတာ ဖြစ်လို့ လူသား ကို ဘုရားနဲ့ မိသဟာယ ဖွဲ့ဖို့ ဖန်ဆင်း ခဲ့တယ် ဆိုတာ ထင်ရှား ပါတယ်။ ဒါကြောင့် အပြစ် ကျူးလွန် တဲ့လူသား၊ ငြိမ်းချမ်း ခြင်း၊ ငြိမ်သက် ခြင်း နဲ့ ပြည့်၀ လှတဲ့ ဧဒင် ဥယျာဉ် ကနေ မထွက် သွားခင် မှာပဲ၊ ဘုရား သခင် က လူသား ကို ပြန်ကယ်ဖို့ ချက်ချင်း အစီအစဉ် ချမှတ် တာကို နမိတ် လက္ခ ဏာ အားဖြင့် တွေ့ရ ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့၊ သားရေ ဝတ်လုံကို လုပ်ပြီး လူသားကို ဝတ်ခြုံ စေတာ ပဲဖြစ် ပါ တယ်။
(ကမ္ဘာဦး ၃၊ ၇)|
ထိုသူ နှစ်ယောက် တို့သည် မျက်စိ ပွင့်လင်း၍ မိမိ တို့၌ အဝတ် အချည်း အစည်း ရှိသည်ကို သိမြင် လျှင် မိမိ တို့ ဝတ်ရန် ဖို့ သင်္ဘော သဖန်းပင် အရွက် တို့ကို ချုပ်စပ် ၍ ခါး စည်းကို လုပ်ကြ ၏။
အသီးကို စားတဲ့ သူတို့ နှစ်ယောက် အဝတ် အချည်း ဖြစ်မှန်း သိလိုက် တာနဲ့ ၊ ကိုယ့် အရှက် ကို ဖုံးဖို့၊ မလုံ မလဲနဲ့၊ ခိုင်ခန့် မှုမရှိ တဲ့ သင်္ဘော သဖန်းပင် အရွက် တွေကို သီချုပ်ပြီး၊ ဖုံးကွယ် ဖို့ကြိုး စားခဲ့ ပါတယ်။
(ကမ္ဘာဦး ၃၊ ၂၁)| အဲဒီ အချိန် မှာပဲ ဘုရား သခင် က လူလင် မယား နှစ်ယောက် ကို၊-
ထာဝရ အရှင် ဘုရား သခင် သည်လည်း၊ လူလင် မယားဘို့ သားရေဖြင့် ဝတ်လုံကို လုပ်၍ ဝတ်ခြုံ စေတော် မူ၏။
သားရေ ဝတ်လုံ ဆိုတာ သားကောင် ကို အသေ သတ်ပြီးမှ ရရှိတဲ့ ဝတ်လုံ ဖြစ်ပါတယ်။ ဒါဟာ ကျဆုံး သွားတဲ့ လူသား တွေကို ပြန်ပြီး ကယ်တင်ဖို့ ဘုရား သခင် ကိုယ်တိုင် ၊ သားတော် ယေရှု ခရစ်တော် အဖြစ်၊ လူ့လော ကကြီးထဲ လူဇာတိ ကိုခံပြီး၊ လူတွေ အားလုံး အပြစ်က နေလွှတ် မြောက်ဖို့ ကယ်တင် မယ်ဆိုတဲ့ အတိတ် နမိတ် ကိုဖေါ် ပြခြင်းပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ဘုရား သခင်ရဲ့ ချစ်ချင်း မေတ္တာဟာ လူသား တွေအ ပေါ်ဘယ် လောက်ထိ ကြီးမား ကြောင်းကို နားလည် ခံစား နိုင်ပါတယ်။
ဘုရား သခင်ရဲ့ ဧဒင် ဥယျာဉ် ကနေ လူသား နှစ်ယောက် ထွက်ခွာ သွားခဲ့ ရတဲ့ နေ့က စပြီး၊ ထာဝရ ကာလ ခိုင်မြဲတဲ့ ငြိမ်းချမ်း ခြင်း၊ ငြိမ်သက် ခြင်း ဆိုတာ သူတို့၊ သူတို့ ကနေ ပေါက်ပွား လာမဲ့ လူသား မျိုးနွယ် အားလုံး မရ နိုင်တော့ အရာပါ။  ဒီလို ဘဝမျိုး ရောက်သွား တာကို ဘုရား သခင် အနေ နဲ့လည်း လုံး၀ အလို တော်မ ရှိပါဘူး။ ဒါကြောင့် ကမ္ဘာဦး ကတည်းက “သားရေ ဝတ်လုံ” အတိတ် နမိတ် ပေးထား ခဲ့တဲ့ အတိုင်း ယေရှု ခရစ်တော် အဖြစ် ဘုရား သခင် ဟာ လူ့ဇာတိ ကိုခံယူပြီး၊ လောက သားတွေ ရဲ့အပြစ် အတွက် လက်ဝါး ကပ်တိုင် ပေါ်မှာ အသေ ခံခဲ့ခြင်း ဖြစ်ပါတယ်။
ဒါဟာ ပျောက်ဆုံး သွားတဲ့ ငြိမ်းချမ်း ခြင်း၊ ငြိမ်သက် ခြင်းကို  လူတွေ ပြန်လည် ရရှိဖို့ ဘုရား သခင် ရဲ့ အစီ အစဉ်၊ ဘုရား သခင်ရဲ့ လူသား အားလုံး အပေါ် ထားတဲ့ တစ်ဖက် သတ် ချစ်ခြင်း မေတ္တာ ဘဲ ဖြစ်ပါ တယ်။ ဒါဟာ ခရစ် တော်ရဲ့ လက်ဝါး ကပ်တိုင် တော် တရား ဖြစ်ပြီး၊ ဧဝံ ဂေလိ တရား  လို့လည်း ခေါ်ပါ တယ် (ဧဖက် ၆၊ ၁၅)| ငြိမ်သက် ခြင်းနှင့် ယှဉ်သော ဧဝံ ဂေလိ တရား။ 
ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း (သို့) လက်ဝါး ကားတိုင် တရားတော်၊-
       လူဟာ အပြစ် ကြောင့်၊ ဘုရားနဲ့ အလှမ်း ဝေးကွာ သွားခဲ့ ရ ပါတယ်၊ တနည်း ပြောရယင် လူဟာ ဘုရား ဖန်းဆင်း ပေးစ ကလို ဘုရား နဲ့ အဆက် အသွယ် လုပ်ဖို့ လုံး၀ မဖြစ်နိုင် တော့တဲ့ အခြေ အနေ ကို ရောက် သွားတာ ဖြစ်ပြီး၊ ငြိမ်း ချမ်းခြင်း၊ ငြိမ်သက် ခြင်း တွေနဲ့ ပြီးပြည့် စုံတဲ့  ဧရိ ယာရဲ့  ပြင်ပ ကို ရောက် သွားတာ လည်း ဖြစ်ပါ တယ်။ အဲဒီ အချိန် ကစ လူဟာ Peace နဲ့ ဆန့်ကျင် ဖက် ဖြစ်တဲ့ မငြိမ်း ချမ်းခြင်း၊ မငြိမ် သက်ခြင်း တွေ ကို စတင် ရင်ဆိုင် ရတာ ဖြစ်ပါ တယ်။ တနည်း အားဖြင့် ဘုရား နဲ့လူကြား ရော၊ လူလူ ချင်းကြား ရော မိတ်သ ဟာယ ဖွဲ့မှု ပျက်စီး သွား တယ် လို့ဆို နိုင်ပါ တယ်။
ခရစ် တော်ရဲ့ လက်ဝါး ကားတိုင် တရား ဟာ၊ အင်မ တန် အံ့သြ စရာ ကောင်းပြီး၊ လူ့ဉာဏ် နဲ့ နားမ လည် နိုင်တဲ့ ဘုရား ရဲ့ ကျေး ဇူး ကရု ဏာ တော် ဖြစ်ပါ တယ်။ လက်ဝါး ကားတိုင် မှာ၊- (၁) အလျား လိုက် အ တန်း တစ်ခု ပါ သလို၊ (၂) အထက် အောက် အထက် အောက် အတန်း ရှည် တစ်ခု လည်းပါ ဝင်ပါ တယ်။
(၁) လက်ဝါး ကား တိုင်မှာ ပါတဲ့ အထက် အောက် အတန်း ဆိုတာ (အထက်) ဘုရား နဲ့ (အောက်) လူသား ကို သစ် တိုင်မှာ အသေ ခံတဲ့ ခရစ် တော် အား ဖြင့် ရဲ့ ပြန်လည် မိတ် သဟာ ယဖွဲ့ ရစေ ခြင်း၊ (၂) အလျား လိုက် အတန်း အစွန်း နှစ်ခု မှာရှိတဲ့ လူတွေရဲ့ ကွဲပြား မှုတွေ ကို အဲဒီ သစ် တိုင် ပေါ် မှာ အ သေ ခံ တဲ့ ခရစ် တော်
ကြောင့်၊ မတူ ညီတဲ့ ၊ ကွဲပြား နေတဲ့  ခြားနား နေတဲ့ လူတွေ ကို တစ်မျိုး ထဲဖြစ် စေခြင်း ဆိုတဲ့၊ ငြိမ်း ချမ်းခြင်း၊ ငြိမ်သက် ခြင်း တရား ဘဲဖြစ် ပါတယ်။
(ဧဖက် ၂၊ ၁၁-၁၈)|-
“ထိုကြောင့်၊ လက်ဖြင့် ကိုယ် ကာယ၌ ပြုသော ဝေါဟာရ အရေဖျား လှီးခြင်း ကိုခံရ သော သူတို့ ခေါ်ဝေါ် သော အားဖြင့်၊ အရေ ဖျားလှီး ခြင်းကို မခံသော လူဟူ၍ ခေါ်ဝေါ် ကြသော သာသ နာပလူတို့ အထဲ၌ သင်တို့ သည် အထက် က ပကတိ အတိုင်း ဖြစ်ကြ သည်ကို ၎င်း၊ ထိုအခါ သင်တို့ သည် ခရစ်တော် ကိုမသိ၊ ဣသရေ လအ ပေါင်း အသင်း၌ မဝင်၊ ဂတိ တော် ပါသော ပဋိညာဉ် တရား တို့နှင့် မဆိုင်၊ မြော်လင့် ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြ သည်ကို ၎င်း၊ အောက် မေ့ကြ လော့။ သင်တို့ သည် အထက်က ဝေးလျက် ရှိသော် လည်း၊ ယခုမှာ ယေရှု ခရစ်၌ ဖြစ်၍ အသွေး တော်အားဖြင့် အနီးသို့ ရောက် ကြပြီ။ ကိုယ်တော်၌ ထိုလူစု နှစ်စုတို့ကို လူသစ် တဦး တကိုယ် တည်းဖြစ် စေခြင်း ငှါပြင် ဆင်၍၊ တလုံး တဝတည်း ဖြစ်ပြီး သော ထိုလူ နှစ်စု တို့ကို လက်ဝါး ကပ်တိုင် တော်အား ဖြင့်ရန်ကို သတ်ဖြတ် လျက်၊ ဘုရား သခင်နှင့် မိဿ ဟာယ ဖွဲ့စေမည် အကြောင်း တည်း။ ထိုခရစ် တော်သည် လည်းကြွ လာ၍၊ ဝေးလျက် ရှိသော သင်တို့အား ၎င်း၊ နီးလျက်ရှိ သောငါတို့ အား၎င်း၊ ရန်ငြိမ်း ခြင်းတရား တည်း ဟူသော ဧဝံဂေလိ တရားကို ဟောတော် မူ၏။”
အထက် မှာဖေါ် ပြထားတဲ့ ကျမ်းစာ မှာ၊ လောက မှာရှိ တဲ့လူ သား တွေ အားလုံး ကိုဘု ရားနဲ့ ပြန်ပြီး မိတ် သဟာ ယဖွဲ့ဖို့  ဣသ ရေလ လို့ခေါ်တဲ့ (အစ္စရေး လူမျိုး) ကို ဘုရား ကရွေး ကောက် ခဲ့ပါ တယ်။ ဒါကြောင့် အဲဒီ  တုန်းက ကမ္ဘာ ပေါ်မှာ၊ ဘုရား ရွေးကောက် တဲ့ လူမျိုး နဲ့ ရွေးကောက် မခံရတဲ့ လူမျိုး ဆိုပြီး၊ လူမျိုး နှစ်မျိုး ကွဲပြား နေဟန် ရှိ ခဲ့ပါတယ်။ ဒါက လည်း အစ္စရေး လူမျိုး တွေရဲ့ ခံယူ ချက်ပဲ ဖြစ် ပါတယ်။ လောကီ သဘော နဲ့ဆိုင်တဲ့ သဘော ထားလည်း ဖြစ်ပါတယ်။ တကယ် တော့ အစ္စရေး လူမျိုးကို ဘုရား သခင် ရွေး ကောက်ရ တာဟာ သူတို့ အားဖြင့် ကမ္ဘာ ပေါ်မှာ ရှိတဲ့၊ ရှိရှိ သမျှသော လူသား အားလုံး ကို ကယ်တင် ဖို့ အစ္စရေး လူမျိုး ထဲက နေ၊ ကယ်တင် ရှင်သခင် ယေရှု လူဇာတိ ခံပြီး၊ ဘွားမြင် ဖို့ရွေး ကောက် ခဲ့တာ ဖြစ်ပါ တယ်။ အဲဒီ တုန်းက အစ္စရေး လူမျိုး ရဲ့ဖခင် ကြီးဖြစ်တဲ့ အာဗြံဟံ ကနေ ဆင်းသက် လာ တဲ့ လူတွေနဲ့ အခြား လူမျိုး (တပါး အမျိုးသား - ကျမ်းစာ ဖေါ်ပြ ချက်) တွေရဲ့ ကွာခြား ချက်က ၊ အရေ ပြားလှီး မင်္ဂလာ ပြုလုပ် တာဖြစ် ပါတယ်။ အခြား လူမျိုး (တပါး အမျိုးသား) တွေ မှာ ဒါမျိုး မရှိ ပါဘူး။ တကယ် တော့၊ ဘုရား သခင် ရဲ့ကယ် တင်ခြင်း က လူသား တိုင်း အတွက် ဖြစ်ပါ တယ်။
(၁တိ ၂၊ ၄)| မှာ၊-
လူအပေါင်း တို့သည် ကယ်တင် ခြင်းသို့ ရောက်၍ သမ္မာ တရား ကိုသိ စေခြင်း ငှါ၊ ဘုရား သခင် အလို တော် ရှိ၏။ လို့ ရှင်းလင်း တဲ့ ဘုရား သခင် ရဲ့ အလို တော် ကို ဖေါ် ပြထား တာတွေ့ နိုင်ပါ တယ်။ ဒါကြောင့် ကျမ်း စာမှာ၊ လောက နဲ့ဆိုင်တဲ့ သတ်မှတ် ချက်တွေ အရ (ဇာတိ အရ) ကွဲပြား နေတဲ့ လူနှစ် မျိုးကို ခရစ် တော်၏ အသေ ခံခြင်း ကျေးဇူး ကိုယုံ ကြည်လက် ခံတဲ့ လူသစ် (ဝိညာဉ် နဲ့ဆိုင် တဲ့လူမျိုး) တစ်မျိုး ထဲဖြစ် စေတယ် လို့ ဆိုလို တာဖြစ် ပါတယ်။
မှတ်ချက်|-
       ဒီငြိမ်း ချမ်းခြင်း၊ ငြိမ်သက် ခြင်း ဆိုတဲ့ PEACE ကိုရ ရှိခံစား ဖို့က ၊ ဘုရား နဲ့ရော ၊ ကွဲပြား နေတဲ့ လူသား ချင်းတွေ ကိုရော၊ ပြန်လည် ပေါင်းစည်း မိတ် သဟာ ယဖွဲ့ စေတဲ့ လက်ဝါး ကားတိုင် ပေါ်မှာ ကိုယ်စား အသေ ခံပေး တော်မူ တဲ့ ယေရှု ခရစ် တော်ကို ၎င်း၊ အပြစ် ကျေးကျွန် ဘ၀ ရောက် နေတဲ့ လူသား တွေကို စာတန် ရဲ့အပြစ် ပြုထား တဲ့ကျေး ကျွန် ဘ၀ ကနေ ကယ်တင် တော်မူ တဲ့ လက်ဝါး ကား တိုင် တရား တော် ကို၎င်း၊ ယုံကြည် လက်ခံ ဖို့ လိုပါတယ်။ တနည်း အားဖြင့် “ခရစ် တော်ကို အသက် တာမှာ၊ ကိုယ့်ကို ကယ်တင် တဲ့ ကယ်တင် ပိုင်ရှင် အဖြစ် လက်ခံ ဖို့” ပဲဖြစ် ပါတယ်။ စာတန် မာရ်နတ် ဟာ ကမ္ဘာ ဦးက ဘုရား နဲ့ လူ ရဲ့ မိတ် သဟာ ယဖွဲ့ ခြင်းကို အဓိက ပျက်စီး ခဲ့သူ ဖြစ်သ လို၊ ခရစ် တော် အားဖြင့် ပြန်လည် မိတ် သဟာယ ဖွဲ့ခြင်း ကို ပါ၊ လူတွေ မရဖို့ လိုက်လံ တားဆီး နေသူ လည်း ဖြစ်ပါ တယ်။ စာတန် မာရ်နတ် အလို အရှိ ဆုံးက၊-  ဘုရား နဲ့လူ ပြန်ပြီး မိဿ ဟာယ မဖွဲ့ဖို့၊ ခရစ် တော် အားဖြင့် လူ လူ ချင်း ပြန်လည် မိတ် သဟာ ယ မဖွဲ့ နိုင်ဖို့ ပါပဲ။ ဒါကြောင့် (၁ပေ ၅၊ ၈) မှာ၊-  သမ္မာ သတိ ရှိလျက် မအိပ် ဘဲစောင့် နေကြ လော့။ သင် တို့၏ ရန်သူ တည်း ဟူသော မာရ် နတ်သည်၊ ဟောက် သော ခြင်္သေ့ ကဲ့သို့ အဘယ် သူကို မျိုရ မည် နည်းဟူ ၍ လှည့်လည် ရှာဖွေ လျက် ရှိ၏။ စာတန် ဟာ ဒီမိတ် သ ဟာယ တွေကို ဖျက် ဆီး ဖို့ အမြဲ ချောင်း မြောင်း နေ တယ် လို့ ဖေါ်ပြ ထား ပါတယ်။ (ဟိန်း ဟောက် လိုက် တာနဲ့ Peace မရှိတဲ့ သူတွေ ဟာ ဆောက် တည်ရာ မရဖြစ်ပြီး၊ စာတန် ရဲ့ အသုံး ချခြင်း၊ ဝါးမြိုခြင်းကို ခံရ တတ် ပါတယ်။)
         ဒါကြောင့် ခရစ်တော်ရဲ့ လက်ဝါး ကပ်တိုင် တရား တော်ဟာ လူလူချင်း အကြား၊ ဘုရားနဲ့ လူအကြားမှာ ရှိတဲ့ ရန်ငြိုးဖွဲ့ခြင်း အားလုံး ကို ချုပ်ငြိမ်း စေတဲ့ တရား တော်ဖြစ် သလို၊ ယေရှု ခရစ်တော် ကိုယ်တိုင် ကလည်း ထိုငြိမ်း ချမ်းခြင်း၊ ငြိမ် သက်ခြင်း Peace ပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် ခရစ်တော် ထံပါးက ရမယ့် ငြိမ်သက် ခြင်း၊ ငြိမ်းချမ်း ခြင်း Peace ဟာ ထာဝရ တည်မြဲတဲ့ Peace ဖြစ် ပါတယ်။
ဘုရား သခင့် နိုင်ငံတော် နှင့် လောက ရှိ အကြို နိုင်ငံ သား/ သူများ။
       နိုင်ငံ သားတစ် ယောက် ဆိုတာ၊ ကိုယ့်နိုင် ငံရဲ့ ပြဌါန်း ထားတဲ့ စည်းမျဉ်း ဥပဒေ တွေနဲ့ အညီ အသက် ရှင်ရ သလို၊ နိုင်ငံ တော်က ပေးတဲ့ အခွင့် အရေး တွေကို လည်း သာတူ ညီမျှ ခံစား ခွင့်ရ သူတွေ ဖြစ် ပါတယ်။ ခရစ် တော်ကို ကယ်တင် ပိုင်ရှင် အဖြစ် လက်ခံ ယုံကြည် သူတိုင်း ဟာ ၊ ဘုရား သခင် ရဲ့နိုင် ငံတော် သား/သူ တွေ ဖြစ်တဲ့ အတွက် ကြောင့်၊ ဘုရား သခင် ပေးတဲ့ အခွင့် အရေး ကို တန်းတူ ညီတူ ခံစား ရမယ့် သူတွေ ဖြစ်သ လို၊ ဘုရား သခင် သွန်သင် မှုအတိုင်း နာခံ လိုက်လျောက် ရတဲ့ သူတွေ လည်း ဖြစ်ပါ တယ်။ ဘုရား သခင် ရဲ့နိုင် ငံတော် ဟာ ငြိမ်းချမ်း၊ ငြိမ်သက်၊ သာယာပြီး၊ စိုးရိမ် မှုကင်းတဲ့၊ ရန်ငြိမ်းတဲ့ ၊ အရာ ခပ်သိမ်း ပြီးပြည့် စုံတဲ့ နိုင်ငံ တော်ဖြစ် ပါတယ်။
       ဥပမာ၊ ဖွံဖြိုး တိုးတက် တဲ့နိုင် ငံ တစ်ခုမှာ သွားရောက် နေထိုင် ခွင့်ရ ရှိတဲ့ သူတစ်ဦး အနေနဲ့ ၊ အဲဒီ နိုင်ငံ ရဲ့ ကောင်းခြင်း တွေကို လက်တွေ့ မြည်းစမ်း ခွင့်အပြည့် အ၀ မခံစား ရသေး ပေမဲ့၊ အဲဒီ နိုင်ငံ အကြောင်း ရေးသား ဖေါ်ပြ ထားတဲ့ စာတွေ ဖတ်ပြီး၊ ဗီဒီယို တွေကြည့် ပြီး၊ ဓါတ်ပုံ တွေကြည့် ပြီးစိတ် ကူးနဲ့ ခံစား နိုင်သလို၊ ဘုရား သခင်ရဲ့ နိုင်ငံကို ဝင်စား မယ့်သူ တွေအ နေနဲ့လည်း ၊ (ဟေဗြဲ ၁၁၊ ၁) မှာ ဖေါ်ပြ ထား တဲ့အတိုင်း၊ ယုံ ကြည် ခြင်းနဲ့၊ နိုင်ငံ တော်ရဲ့ ငြိမ်းချမ်းခြင်း၊ ငြိမ်သက် ခြင်း၊ ချစ်ခြင်း၊ မေတ္တာ အစ ရှိတာ တွေကို မျှော်လင့် မျက်မှောက် ပြုပြီး၊ နိုင်ငံတော် နဲ့ဆိုင်တဲ့ ပြဌါန်း ချက်တွေ ကို တင်ကြို လေ့ကျင့် အသက် ရှင်ဖို့ လို ပါတယ်။ ဒီနေရာ မှာ၊ ခြွင်းချက် လို့ပြော ရမလား၊ လူက တော့ လက်ရှိ လောကီ နိုင်ငံမှာ ရှိလေတော့ ၊ ဘုရား သခင်ရဲ့ နိုင်ငံတော် နဲ့ဆိုင် တဲ့ အကျင့် တွေကို၊ လက်တွေ့ ကျကျ ကျင့်ဆောင် အသက် ရှင်ဖို့၊ အဟန့် အတား တွေ၊ အခက် အခဲတွေ နဲ့ စိမ်ခေါ် မှုတွေနဲ့ ကြုံတွေ့ ရမှာ ကတော့ သေချာ သလောက် ရှိပါ တယ်။ ဒီအရာ တွေကို ကျွန်ုပ် တို့ရဲ့ အင်အား နဲ့ ကြော်လွှား ဖို့က တော့၊ မဖြစ် နိုင်တဲ့ အရာပါ။ ဒါမျိုး ကြုံတွေ့ ရမယ် ဆိုတာ ဘုရား သခင် ကလည်း သိ နှင့်ပြီး သား ဖြစ်ပါ တယ်။ ဒါကြောင့်၊ ရင်ဆိုင် တွေ့ကြုံ ရမယ့် အခက် အခဲ တွေကို ကြံ့ကြံ့ ခံပြီး၊ တင်ကြို လေ့ကျင့် အသက် ရှင်နိုင် ဖို့ ဘုရား အံ့သြ ဖွယ်ရာ ပြင်ဆင် ပေးထား တာတစ် ခုရှိ ပါတယ်။
       အဲဒါ ကတော့၊ နေ့စဉ် ကျွန်ုပ် တို့ရဲ့ အသက် တာမှာ၊ ကျွန်ုပ်တို့ နဲ့မိတ် သဟာ ယဖွဲ့ပြီး ရှိနေမယ့်၊ ကျွနု်ပ် တို့ကို နောက်ဆုံး အချိန် အထိ ခွန်အား ပေးနေ မယ့်၊ လမ်းပြ ပေးနေ မယ့်၊ သွန်သင် ပေးနေ မယ့်၊ ပဲ့ပြင် ပေးနေ မယ့် “သန့် ရှင်းသော ဝိညာဉ် တော်” (Holy Spirit) ပဲဖြစ် ပါတယ်။
(ဧဖက် ၁၊ ၁၃-၁၄)|
သင်တို့ သည်လည်း ကယ်တင် တော်မူခြင်း အကြောင်း နှင့်ယှဉ် သော ဧဝံ ဂေလိ တရား တည်း ဟူသော သ မ္မာ တ ရား ကိုကြား နာ ရ ၍၊ ထို ခရစ် တော်ကို ယုံကြည် ပြီး မှ၊ ဂတိ တော် နှင့် ယှဉ် သော သန့် ရှင်း သော ဝိညာဉ် တော် ၏ တံဆိပ် ခတ်ခြင်း ကို ခံရ ကြပြီ။ ပိုင်ထိုက် တော်မူ သောသူ တို့ သည်ဘုန်း
တော်ကို ချီးမွမ်း ခြင်း အကြောင်း နှင့် ရွေးနှုတ် တော်မူ ခြင်းသို့ မရောက် မှီကာလ ပတ်လုံး ထိုဝိညာဉ် တော်သည် ငါတို့ အမွေ၏ စားရန် ဖြစ်တော် မူ၏။
(ယောဟန် ၁၄၊ ၁၆၊၁၇၊၂၆)|
ခမည်း တော်က သမ္မာ တရား ကိုပြသော ဝိညာဉ် တော်တည်း ဟူသော တပါး သော ဥပဇ္ဈယ် ဆရာကို သင် တို့နှင့် အတူ အစဉ် မပြတ် တည်နေ စေခြင်း ငှါ သင်တို့ အား ပေးတော် မူမည်။ ထိုဝိညာဉ် တော်ကို လောကီ သားတို့  သည် မသိ မမြင် သောကြောင့် မခံ ယူနိုင်ကြ။ ထိုဝိညာဉ် တော်သည် သင်တို့ နှင့် အတူ တည်နေ ၍၊ သင်တို့ ၌ ရှိတော် မူသော ကြောင့် သင်တို့ သိရ ကြ၏။ ခမည်း တော်သည် ငါ့ အတွက် ကြောင့် စေလွှတ် တော်မူ သော ဥပဇ္ဈယ် ဆရာ တည်းဟူ သော သန့်ရှင်း သော ဝိညာဉ် တော်သည် သင်တို့ အား ခပ် သိမ်း သော အရာ တို့ကို ပြသ သွန်သင် တော် မူ၍၊ ငါပြော ခဲ့သမျှ သော စကား တို့ကို မှတ် မိ သော ဉာဏ်ကို သင်တို့ အား ပေးတော် မူမည်။
       ဒါတွေ ကိုသိ ရတော့၊ ဘုရား သခင် ဟာ လူသား တွေအ ပေါ် ဘယ် လောက် တောင် ကောင်း မြတ် တဲ့ ဘုရား ဖြစ်ကြောင်း၊ လူတွေ ကို ဘယ်လောက် အထိ ချစ်မေတ္တာ ထားတဲ့ ဘုရား ဖြစ်ကြောင်း သိသာ နေလွန်း ပါတယ်။ ဘုရား သခင်ဟာ ဘယ်လူ သား တစ်ဦး တစ်ယောက် ကိုမှ လမ်းလွဲပြီး ပျက်စီး ဆုံးရှုံး သွားဖို့ လုံး၀ အလိုတော် မရှိတဲ့ ဘုရားလည်း ဖြစ်ပါတယ်။
       ချစ်သော ဓမ္မမိတ် ဆွေအ ပေါင်းတို့ ၊ ဒီခေတ် ဒီအခါ မှာ လူသားတိုင်း ပိုပြီး မျှော်လင့် တောင့်တ လာတာ က ငြိမ်းချမ်း မှုတွေနဲ့ ပြည့်ဝတဲ့ ကမ္ဘာကြီး ဖြစ်ဖို့၊ ရေရှည် တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်း မှုတွေ ရရှိဖို့ ဖြစ်ပါတယ်။ တကယ် တမ်း ကြတော့၊ လောက ကြီးမှာ၊ တစ်နေ့ထက် တစ်နေ့၊ မငြိမ်း ချမ်းမှုတွေ၊ တုန်လှုပ် ခြောက်ခြား စရာတွေ၊ စိုးရိမ် ကြောက်ရွံ့ စရာတွေဘဲ ပိုပြီး များလာ တာ တွေ့ရ ပါတယ်။ ဒါကြောင့် လည်း လူသား တွေ ဖက်က လည်း၊  ငြိမ်းချမ်း ရေးကို ပိုတန်ဖိုး ထားပြီး၊ ငြိမ်းချမ်း ရေးတွေ ပိုပြီး ရရှိလာ ဖို့၊   အရင် ကထက် လုပ် ဆောင် လာ ကြ တာ တွေ့ ရပါတယ်။  အများ စုရတဲ့ ငြိမ်းချမ်း ခြင်း၊ ငြိမ်သက် ခြင်း ကလည်း မခိုင်မြဲ ပါဘူး။ သဘော ထား မတိုက် ဆိုင်တာ တွေရှိ လာတာ နဲ့ အမျှ ပြန်ပြီး၊ ပျက်ပြယ် သွားနိုင် ပါတယ်။
      ဒါကြောင့် ထာဝရ ခိုင်မြဲတဲ့ ငြိမ်းချမ်း ခြင်းကို မျှော်လင့် နေသူ များအနေ နဲ့ ထာဝရ ခိုင်မြဲ တည်တံ့တဲ့ Eternal Peace ဖြစ်တော် မူတဲ့ ယေရှု ခရစ်တော် ကို အသက် တာမှာ ရရှိ ပိုင်ဆိုင် သူများ ဖြစ်ကြ ပါစေ ဟု ဆုတောင်း မေတ္တာ ပို့သလျှက်|-
(ဟေရှယ ၉၊ ၆)|
အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကို ဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။
ဝိညာဉ်မီးအိမ် (ခရစ်ယာန်စာပေစုစည်းမှု) …
  (Zawgyi)
နိဒါန်း|-               
(ယောဟန် ၁၄း၂၇)|
(ကမ္ဘာဦး ၂း၁၅)|
(ကမ္ဘာဦး ၂း၁၆-၁၇)|
(ကမ္ဘာဦး ၃း၁၄-၁၉)| ကိုဖတ်ကြည့်ယင်၊-
(ကမ္ဘာဦး ၂း၉)|
အပင် လည်းရှိ၏။
(ကမ္ဘာဦး ၃း၂၂)|
(ကမ္ဘာဦး ၃း၂၃-၂၄)|
(လုကာ ၂း၁၃-၁၄)|
(ကမ္ဘာဦး ၃း၇)|
(ကမ္ဘာဦး ၃း၂၁)| အဲဒီ အချိန် မှာပဲ ဘုရား သခင် က လူလင် မယား နှစ်ယောက် ကို၊-
(ဧဖက် ၂း၁၁-၁၈)|-
(၁တိ ၂း၎)| မှာ၊-
မှတ်ချက်|-
       အဲဒါ ကတော့၊ နေ့စဉ် ကျွန်ုပ် တို့ရဲ့ အသက် တာမှာ၊ ကျွန်ုပ်တို့ နဲ့မိတ် သဟာ ယဖွဲ့ပြီး ရှိနေမယ့်၊ ကျွန်ုပ် တို့ကို နောက်ဆုံး အချိန် အထိ ခွန်အား ပေးနေ မယ့်၊ လမ်းပြ ပေးနေ မယ့်၊ သွန်သင် ပေးနေ မယ့်၊ ပဲ့ပြင် ပေးနေ မယ့် “သန့် ရှင်းသော ၀ိညာဉ် တော်” (Holy Spirit) ပဲဖြစ် ပါတယ်။
(ဧဖက် ၁း၁၃-၁၄)|
(ယောဟန် ၁၄း ၁၆၊၁၇၊၂၆)|
(ဟေရှယ ၉း၆)|
Related Posts Plugin for WordPress, Blogger...