● မျိုးဆက် သစ်များ အတွက် နှုတ်က ပတ်တော် သမ္မာ ကျမ်းစာ ...
၁။နှုတ်ကပတ်တော်ဆိုသည်မှာ၊-
နှုတ်က ပတ်တော် ဟာ Greek ဝေါဟာရ Logos လို့ခေါ် ပါတယ်။ အဓိပ္ပါ ယ်က (၁)“Word” ဘုရား သခင် ဘက်က လူတွေကို မိန့်ကြား တဲ့၊ သွန်သင် တဲ့၊ ဖေါ်ပြတဲ့ စကား (၂) Plan လူသားတွေ ဘုရားနဲ့ ပြန်လည် မိတ် သဟာ ယဖွဲ့နိုင်ဖို့ ဘုရား ဘက်က ပြုလုပ်ပေး ထားတဲ့ စီမံကိန်းနဲ့ အစီအစဉ် (၃)လူ သားတွေ ဖက်က ဆောင်ရွယ် ရမယ့် နည်းဥ ပဒေသေ တွကို ဆိုလို တာဖြစ် ပါတယ်။
Logos လို့ပြော လိုက်တာနဲ့ မဖြစ် မနေ နားလည် ထားရမယ့် အချက်(၃) ချက်ရှိ ပါတယ်။ ဒါကို မသိထား ယင်တော့ နှုတ်က ပတ်တော် (သမ္မာ ကျမ်းစာ) ထဲက ဘုရား သခင် ဖွင့်ပြတဲ့ အရာတွေ ကို နားလည်ဖို့ ခက်ခဲပါ လိမ့်မယ်။
ဘုရား သခင်က လူသားတွေ ကို နှုတ်က ပတ်တော် (သမ္မာ ကျမ်းစာ) ပေးထားခြင်း ဟာ
(၁)ဘုရား သခင်ရဲ့ ချစ်ခြင်း မေတ္တာကို လူသား တွေသိဖို့ သက်သေ အဖြစ်ထားခြင်း၊-
(၂)ဘုရား သခင်ဖြစ်တော် မူကြောင်း၊ လူသားဘက်မှ ဘုရား သခင်အား မည်သို့သော နည်းလမ်းဖြင့် မှန်ကန်စွာ မိတ်သ ဟာယဖွဲ့နိုင်ကြောင်း ဖေါ်ပြခြင်း၊-
(၃)ဘုရား သခင်၏ အလိုတော်ကို လူသား အားလုံး သိရှိရန် ဖေါ်ပြခြင်း၊-
အချုပ်ဖေါ်ပြ ရ လျင် လူသားတွေ ဘုရားသ ခင်နဲ့ ပြန်လည် ပေါင်း စည်းနိုင်ဖို့ နှုတ်က ပတ်တော် အားဖြင့် ချိတ်ဆက်ပေးတာဖြစ်ပါတယ်။
နှုတ်က ပတ်တော် ဟာ ဘယ်လောက် တန်ဘိုး ရှိကြောင်း ဒါဝိဒ်က(ဆာလံ ၁၁၉၊ ၉၇) ထဲမှာ..
တိမောသေ ကို ရှင်ပေါ လုကလည်း နှုတ်က ပတ်တော်ရဲ့ ကျေးဇူးတွေ ကို(၂တိ၊ ၃၊ ၁၆-၁၇) ထဲမှာ
ဖေါ်ပြ ထားပါ တယ်။
တကယ်တော့ နှုတ်က ပတ်တော် သမ္မာကျမ်း စာဆိုတာ ဘုရား သခင်ရဲ့ မိန့်တော်မူ ချက်တွေ ကို ဘုရားရွေး ကောက်ခြင်း ခံရတဲ့ လူသားတွေ က မှတ်တမ်း တင်ထား တာ ဖြစ်ပါ တယ်။ ဒါကြောင့် စာအုပ် ထက် စာအုပ်ထဲက ဘုရားသခင်ရဲ့ မိန့်တော်မူ ချက်တွေ ကသာ အဓိက ဖြစ်ပါ တယ်။
နှုတ်ကပတ်တော်ဟာ ဘုရား သခင်က လူသားတွေကို မိန့်တော် မူတဲ့ အကြောင်း အရာ ဖြစ်ကြောင်း ကို ဥပ
မာ အနေနဲ့ … “တဖန် ထာဝရ ဘုရား၏ နှုတ်က ပတ် တော်သည် ငါ့ဆီသို့ ရောက် လာ သည် ကား…”ထာ
ဝရဘု ရား သည် ငါ့အား ဗျာဒိတ် ပေးတော် မူသည် ကား၊ဆိုပြီး ဓမ္မဟောင်း ကျမ်း တွေ ထဲမှာ မကြာ ခ ဏ တွေ့ ရပါ တယ်။
နှုတ်က ပတ်တော် ဟာ ဘယ်လောက် ကြီးမြတ်တော် မူကြောင်း၊ နှုတ်က ပတ်တော်ဟာ ကျွန်ုပ်တို့ကို ဖန်ဆင်းရုံ သာမက၊ နှုတ်က ပတ်တော် ဟာ ကျွနု်ပ်တို့ အတွင်းမှာ ရှိကြောင်း၊ ဒါအပြင် နှုတ်က ပတ်တော် ဟာ ခရစ်တော် ယေရှုကိုယ် တိုင်ပင်ဖြစ်ကြောင်း၊ ရှင်ယော ဟန်က အခုလိုဖေါ်ပြ ထားပါ တယ်။
(ယောဟန် ၁၊ ၁-၄) မှာဖေါ်ပြ ထားပါတယ်
သမ္မာကျမ်း စာဟာ ဘုရား သခင်ရဲ့ နှုတ်ကပတ်တော် အစစ် အမှန်ဖြစ်ကြောင်း၊-
(၁)သမ္မာကျမ်းစာရဲ့ ရှေ့နောက်ညီတဲ့ စည်းလုံးညီညွတ်မူ။
(၂)လူသားတွေရဲ့အနာဂတ်၊ မြို့တွေနဲ့ ခရစ်တော်ရဲ့လူဇာတိခံခြင်း စတဲ့ဟော ကိန်းတွေပြည့် စုံခြင်း။
(၃)လူသားတွေရဲ့ အသက် တာကို ပြုပြင်ပြောင်း လဲပေးနိုင်တဲ့ အခွင့်အဏာတန်ခိုး။
(၄)သမိုင်းအကြောင်း အရာများ တိကျ မှန်ကန် မှုရှိခြင်း။
(၅)ဖျက်ဆီးမှုများ စွာတို့နဲ့ ရင်ဆိုင်ရေ ပမယ့် ယနေ့ ကမ္ဘာပေါ်တွင် အများဆုံး ထုတ်ဝေေ နသော စာအုပ်။
ထိုအကြောင်း အရာများ အားဖြင့် သမ္မာကျမ်း စာသည် ဘုရား သခင်၏ နှုတ်က ပတ်တော် အစစ်အ မှန်ဖြစ်ကြောင်း နားလည်နိုင် ပါတယ်။
၂။ခရစ်တော်၌ကြီးရင့်သောအသက်တာ၊-
ကျွန်ုပ်ဟာ အပြစ်သားပါ၊ ဝန်ခံပါတယ်၊ ယုံကြည်ပါ တယ်ဆိုပေ မယ့်၊ နှုတ်က ပတ်တော်ရဲ့ သွန်သင် ချက်အ တိုင်း တိတိ ကျကျ မလိုက်နာ ဘူးဆိုယင် ဘယ်လို လုပ်ပြီး ခရစ်ယာန် တစ်ယောက် ပီသစွာ အသက် ရှင်နိုင် မှာလဲ။
(ရောမ ၂၊ ၁၃) တရားနာသော သူသည် ဘုရား သခင်ရှေ့၌ ဖြောင့်မတ် သည်မဟုတ်။ တရားကို ကျင့်သော သူသာ လျှင် ဖြောင့်မတ် ရာသို့ ရောက် လိမ့်မည်။
(ဂလာ ၁၊ ၂၂) ကိုယ်ကို ကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ် တရားကို နာရုံမျှသာ ပြုသော သူမဟုတ်၊ တရားကို ကျင့်သော သူဖြစ်ကြလော့။
ကလေး တစ်ယောက်ဟာ ဖွားမြင်ပြီး တာနဲ့ ချက်ခြင်း ဆိုသလို လူကြီး တစ်ယောက် မဖြစ်နိုင် သလို၊ ခရစ်တော် ကို ယုံကြည်တဲ့ သူတစ်ယောက် ဟာလည်း ခရစ်တော် ကို မိမိရဲ့ ကယ်တင်ပိုင် ရှင်အဖြစ် လက်ခံ ယုံကြည်ပြီး တာနဲ့ တစ်ပြိုက်နက် ချက်ခြင်းကြီး ဝိညာဉ်ရေး ရာ ကြီးထွားရင့် ကျက်တဲ့ ခရစ် ယာန် တစ်ယောက် ဖြစ်ဖို့ ဆိုတာ မလွယ် ပါဘူး။
(ဧဖက် ၁၊ ၁၃-၁၄) အရသန့် ရှင်းသော ဝိညာဉ်တော်ရဲ့ တံဆိပ် ခတ်ခြင်းနဲ့ လမ်းပြသွန် သင်မှုကို နာခံ လိုက်လျှောက် ယင်း တစထက် တစက် ကြီးထွားရင့် ကျက်လာ ရပါတယ်။ (ရင့်ကျက် ကြီးထွားခြင်း ဟာ ကိုယ့် အနေနဲ့ ဘုရားသခင်ရဲ့ နှုတ်က ပတ်တော် အပေါ် ဘယ်အတိုင်း အတာအထိ တိတိ ကျကျ လက်တွေ့ နာခံ လိုက်လျှောက် လဲ ဆိုတဲ့ အပေါ်မှာ တော်တော်လေး မူတည် ပါတယ်။)
(ဧဖက် ၄၊ ၁၃) ငါတို့ ရှိသမျှ သည် ယုံကြည်ခြင်း သို့၎င်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်း သို့၎င်း၊ တညီတညွတ် တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပ် တည်းဟူသော ကြီးရင့်သော လူ၏အဖြစ်သို့ ရောက်ကြသည် တိုင်အောင် ဖြစ်သ တည်း။ (ကြီးရင့်သော လူဆိုတာ ခရစ်တော်နဲ့ တူလာခြင်းဖြစ် ပါတယ်။)
ကြီးမြတ်တော် မူသော ဘုရားသခင့် ၏ နှုတ်က ပတ်တော်အား နာခံ လိုက်လျှောက် ခြင်းဖြင့် ခရစ်တော် အား ယုံကြည်ခြင်း အရာ၌ ကြီးထွားရင့် ကျက်သူများဖြစ် လာပါလိမ့်မည်။
၃။နှုတ်ကပတ်တော်အား အမွေပေးခြင်း၊-
အမွေဆိုတာ ကိုယ့်မှာရှိမှ ပေးလို့ရတဲ့ အရာဖြစ် ပါတယ်။ ပေးစရာ မရှိဘဲ ပြောနေယင် အပြော သက် သက်ဘဲဖြစ် ပါတယ်။ ခရစ်ယာန် အသက်တာ ဟာ ကြီးထွားရင့် ကျက်တဲ့ အသက် တာဖြစ်ဖို့ လိုအပ် သလို တစ်ချိန် တည်းမှာ လည်း လက်ဆင့် ကမ်းဖို့ တာဝန်ရှိ ပါတယ်။
မောရှည် အနေနဲ့ ဘုရား သခင် သူ့ကို မိန့်ကြားတဲ့ ဘုရား ရဲ့နှုတ်က ပတ်တော်  ဣသရေလ လူမျိုး လိုက်လျှောက် ဖို့ ထပ်ဆင့် အမွေေ ပးတာ … (တရားဟော ၆၊ ၃-၈) ကိုကြည့်ပါ
လူတိုင်း၊ မိဘတိုင်း သားသမီးတွေရဲ့ အနာဂတ် အတွက် အလေး အနက်ထားပြီး ကိုယ်မှာ ရှိတဲ့ ပမာဏ အတိုင်း အမွေပေး တတ်ကြ ပါတယ်။ ဥပမာ၊- စည်းစိမ်၊ ပညာ အစရှိ သဖြင့်ပေါ့.. စဉ်းစားစရာ ရှိတာက ဘယ်မိခင် ဖခင်ကမှ ကိုယ်မ ရှိတော့တဲ့ နောက်ပိုင်း သားသမီးတွေ ဆုံးရှုံးတာ၊ ပျက်စီးတာ၊ ဒုက္ခရောက် တာကို လိုချင်မှာ မဟုတ် ပါဘူး။
ဒါပေမယ့် ဒီအရာတွေ က သူတို့ရဲ့ ဘဝအသက် တာကို လုံး၀ တာဝန်ယူ ထိန်းကျောင်းနိုင် တယ်လို့ အာမခံချက် မပေးပါဘူး။ ဒါတောင် လောကီနဲ့ ဆိုင်တဲ့ အသက် တာဘဲ ရှိပါသေး တယ်။
ကိုယ့်သား သမီး၊ ကိုယ့်ရဲ့ အနာဂတ် မျိုးဆက် သစ်တွေ အတွက် ကိုယ် မရှိတော့ တဲ့နောက် လောကီရော၊  လော ကုတ္တရာ အတွက်ရော အကြွင်း မယ့် တာဝန်ယူ ထိန်းကျောင်း ပေးနိုင်တဲ့ သူက နှုတ်က ပတ်တော် (Logos) ဘဲဖြစ် ပါတယ်။
နိဂုံးချုပ်၊-
(၁)နှုတ်က ပတ်တော်ဟာ ကြီးမြတ် လှတဲ့ လူတွေ ကိုပေးတဲ့ ဘုရားရဲ့ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။
(၂)နှုတ်က ပတ်တော် ဟာ ကျွန်ုပ်တို့နာခံ လိုက်လျှောက် ရမယ့် ဘုရားရဲ့ မိန့်တော် မူချက်ဖြစ် ပါတယ်။
(၃)နှုတ်က ပတ်တော်ဟာ အနာဂတ် မျိုး ဆက်တွေ ရဲ့ ယခုဘ၀ /နောင် ဘ၀ ကို ထိန်းကျောင်း ပြုပြင် ပေးမယ့် တစ်ခု တည်း သော အမွေဖြစ် ပါတယ်။
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု) ...
(Zawgyi) 
ဖေါ်ပြ ထားပါ တယ်။
နှုတ်က ပတ်တော် ဟာ ဘယ်လောက် ကြီးမြတ်တော် မူကြောင်း၊ နှုတ်က ပတ်တော်ဟာ ကျွန်ုပ်တို့ကို ဖန်ဆင်းရုံ သာမက၊ နှုတ်က ပတ်တော် ဟာ ကျွန်ုပ်တို့ အတွင်းမှာ ရှိကြောင်း၊ ဒါအပြင် နှုတ်က ပတ်တော် ဟာ ခရစ်တော် ယေရှုကိုယ် တိုင်ပင်ဖြစ်ကြောင်း၊ ရှင်ယော ဟန်က အခုလိုဖေါ်ပြ ထားပါ တယ်။
နိဂုံးချုပ်၊-
Related Posts Plugin for WordPress, Blogger...