● Soul and Spirit ..


Soul, Spirit ဆိုတဲ့ ဝေါဟာရ စကားလုံး တွေကြား ရတဲ့အခါ စိတ်ထဲမှာ ဘာတွေဝင် လာပါသလဲ။ အများစု ကတော့ ဒီဝေါဟာ ရတွေ ကြားရတဲ့ အခါ၊ ဒါတွေက ကျွန်ုပ်တို့ အထဲမှာ ရှိနေတဲ့ မျက်စိနဲ့ မမြင်နိုင် တဲ့၊ ပျောက် ပျက်မသွား နိုင်တဲ့ အရာတွေ လို့ယုံကြည် ကြမှာပါ။ သေခြင်း တရား ရင်ဆိုင် ရတဲ့အခါ လူဟာ ရုပ်ခန္ဓာကို ထားခဲ့ပြီး ဒီမမြင်ရတဲ့ အရာတွေက ဆက်ပြီး ရှိနေ လိမ့်မယ်လို့ ထင်မြင် ကြပါတယ်။ ဒီလို ထင်မြင် ယူဆ ယုံကြည် ချက်တွေက သမ္မာကျမ်း စာနဲ့မလုံ လောက်ဘူး၊ ကျယ်ကျယ် ပြန့်ပြန့် လေ့လာဖို့ လိုအပ် တယ်လို့ လည်း ခံယူ ယုံကြည် ကြပါတယ်။ ဘုရား သခင်ရဲ့ နှုတ်ကပတ် တော်က ဒီ Soul, Spirit နဲ့ ပတ်သက်ပြီး ဘယ်လို ပြောထား ပါသလဲ။

သမ္မာကျမ်း စာထဲ၌ အသုံးပြု ထားသော Soulနဲ့ Spirit|-

Soul အားလေ့လာခြင်း
သမ္မာကျမ်းစာ တစ်ခုလုံး နီးပါးဟာ မူရင်း (Hebrew) ဟေဗြဲဘာသာ ၊ (Greek) ဂရိဘာ သာတွေကနေ ပြန်ဆို ထားတာ ဖြစ်ပါတယ်။ Soul နဲ့ပတ် သက်ပြီး ၊ ကျမ်းရေး သူက ဟေဗြဲ ဘာသာ နဲ့ရေးတဲ့ အခါ ဟေဗြဲ ဝေါဟာရ  ne’phesh နက်ဖတ်ခ်ျ လို့ သုံးပြီး၊ ဂရိ ဘာသာနဲ့ ရေးတဲ့အခါ ဂရိ ဝေါဟာရ psy-kheʹ ဆိုဒ်ခေး လို့ အသုံး ပြုပါတယ်။ နှုတ်ကပတ် တော်ထဲမှာ တော့ဒီ ဝေါဟာရကို အကြိမ် ၈၀၀ကျော် သုံးထား ပါတယ်။ သမ္မာကျမ်း ထဲကဖေါ် ပြထားတာ တွေကို စိစစ်ကြည့် ရာမှာ ၊ Soul, Souls ကို (၁)လူ ၊(၂)သတ္တ၀ါ၊ (၃)သက်ရှိ လူ/ သတ္တ၀ါ တွေကို ရည်ညွှန်း ထားတာ တွေ့ရပါတယ်။ (၁ပေ ၃း၂၀) နောဧ လက်ထက် လွတ်မြောက် ခွင့်ရသော လူရှစ်ယောက် အား (eight souls) ဟု သုံးထားခြင်း။ (ထွက် ၁၆း၁၆) according to the number of the people (soul) ဟုအသုံး ပြုထားခြင်း။ (ကမ္ဘာ ၄၆း၁၈၊ ယေရှု မှတ်စာ ၁၁း၁၁၊ တမန် ၂၇း၃၇၊ ရောမ ၁၃း၁) တို့ တွင်လည်း Soul အား (လူ/ပုဂ္ဂိုလ်) ဟူ၍ သုံးနှုံး ထားကြောင်း မူရင်း ကျမ်းများတွင် တွေ့ရပါ သည်။

သတ္တ၀ါ တွေနဲ့ ပါတ်သက် ပြီးတော့၊ ကမ္ဘာဦး ကျမ်းမှာ ဘုရား သခင် မိန့်တော် မူတာက ၊ Let the waters swarm with living creatures (အောက်ခြေ မှတ်စုမှာ| souls) လို့ ဖေါ်ပြ ထားပါတယ်။ (ကမ္ဘာဦး ၁း၂၀၊ ၂၄) မှာလည်း ငါး၊ သရုပ်ဖေါ် ထားတဲ့ သတ္တ၀ါ တွေ၊  သားရဲ တွေ အားလုံးကို souls လို့ ရည်ညွှန်း ဖေါ်ပြထား တာတွေ့ ရပါ တယ်။ (ကမ္ဘာဦး ၉း၁၀၊ ၀တ်ပြု ၁၁း၄၆၊ တောလည် ၃၁း၂၈) ဖေါ်ပြ ထားတဲ့ ငှက်နဲ့အခြား သတ္တ၀ါရဲ့အောက် ခြေ မှတ်စု တွေ မှာလည်း souls လို့သုံး နှုံး ထားပါ တယ်။

          တစ်ခါ တစ်ရံ soul ဟာ လူ ပုဂ္ဂိုလ် တစ်ဦးရဲ့ အသက် (life of a person) လို့ လည်း ဆိုလို ထားပါ တယ်။ (ထွက် ၄း၁၉) မှာ၊ “အဲဂုတ္တု ပြည်သို့ ပြန်သွားလော့။ သင်၏ အသက်  ကိုရှာ သော သူအပေါင်း တို့သည်” အောက်ခြေ မှတ်စု မှာ၊ soul လို့ ဖေါ်ပြထား ပါတယ်။ (ကမ္ဘာဦး ၃၅း၁၈) ၌ “ရာခေလ သည် သေအံ့ဆဲ ဆဲရှိ၍ ၊ နံဝိညာဉ် ထွက်စဉ်ခါ” “her soul was going out,” လို့ အောက်ခြေ မှတ်စု၌ ဖေါ်ပြထား ပါ သည်။ ခရစ်တော် ကလည်း (ယော ၁၀း၁၁) ၌ “the fine shepherd surrenders his lifeကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ အလို့ငှါ မိမိ အသက်ကို စွန့်တတ်၏” အောက်ခြေ မှတ်စုတွင် Soul ဟုဖေါ် ပြထား ပါသည်။ ထို့ကြောင့် သမ္မာ ကျမ်းစာ တွင် soul အား လူတစ်ဦး ရဲ့ အသက်(life) ဟုရည်ညွှန်း ဖေါ်ပြ ထား ကြောင်း တွေ့ရ သဖြင့် soul သည် သေဆုံး တတ်သည့်  အခြေအနေ ရှိကြောင်း၊ (ယေဇကျေ ၁၈း ၄၊ ၂၀) ထို့ကြောင့် သမ္မာ ကျမ်းစာက လူတစ်ဦး သေဆုံးခြင်း ကို soul သေဆုံး ခြင်းဟု ဆိုလို ကြောင်း နားလည် နိုင်ပါ သည်။
.
Spirit အား လေ့လာ စူးစမ်း ခြင်း။
အချို့ သော သူများ ဟာ Soul ကို Spirit လို့ တစ်မျိုး ခေါ် ဆိုတာ ဖြစ်တယ် လို့ ထင်ကြပါ တယ်။ သမ္မာ ကျမ်းစာ ကတော့ Soul နဲ့ Spirit မတူညီ ကြောင်း ကွဲပြား ကြောင်း ရှင်းရှင်း လင်းလင်း ဖေါ်ပြ ပေးထား ပါတယ်။
          သမ္မာ ကျမ်းစာ ရေးသား သူတွေက Spirit ကို ဟေဗြဲ လို ru’ach ၊ ဂရိလို pneu’ma လို့ အသုံး ပြုကြ ပါတယ်။ (ဆာလံ ၁၀၄း ၂၉)မှာ သူတို့ အသက်ကို ရုပ်သိမ်း တော်မူလျှင်၊ သူတို့သည် သေ၍ မိမိတို့ မြေမှုန့် ထဲသို့ ပြန်သွား ကြပါ၏။  “If you take away their spirit [ruʹach], they die and return to the dust.” (ယာကုပ် ၂း၂၆) ၀ိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေဖြစ် သကဲ့သို့၊ “the body without spirit [pneuʹma] is dead.”။ သမ္မာကျမ်း စာထဲ၌ ru’ach ဝေါဟာရ အား spirit ဟုသာမက force (သို့) life- force ဟုလည်း ပြန်ဆို ထားပါသည်။ ဥပမာ၊ နောဧ လက်ထက်တွင် ဘုရား သခင်က “I am going to bring floodwaters upon the earth to destroy from under the heavens all flesh that has the breath [ruʹach] of life” အသက် ရှင်သော သတ္တ၀ါ အပေါင်း တို့ကို၊ ကောင်းကင် အောက်မှ ငါကိုယ်တိုင် ပယ်ရှင်း ခြင်းငှါ၊ မြေကြီးကို ရေလွှမ်း မိုးစေ သဖြင့် ၊ မြေပေါ် မှာရှိသမျှ တို့သည် သေရကြမည်။ ဒါကြောင့် Spirit ကို မျက်မြင် မရတဲ့ စွမ်းအား တစ်ခု (the spark of life) မူလ ရင်းမြစ် လျပ်စစ် စွမ်းအင် ပါတဲ့ ဓါတ်ခဲ မထည့် ထားတဲ့ (သို့) လျပ်စစ် အားစီး ၀င်ဖို့ လမ်းကြောင်း မရှိတဲ့ လက်ကိုင် ရေဒီယို တစ်လုံး လိုပါပဲ။

Soul နဲ့ Spirit တို့ဟာ မတူညီပါ၊ ခြားနား ပါတယ်။ ရေဒီ ယိုတစ်လုံး အလုပ် လုပ်ဖို့ လျှပ်စစ် စွမ်းအင် လိုသလို၊ ရုပ်ခန္ဓာ လှုပ်ရှား လည်ပတ် ဖို့ အတွက် spirit လိုပါတယ်။ လက် ကိုင် ရေဒီယိုထဲ ဓါတ်ခဲ ထည့်လိုက် ယင်၊ ဓါတ် ခဲထဲမှာ သိုလှောင် ထားတဲ့ လျပ်စစ် စွမ်းအင် တွေ ရေဒီယို ထဲစီးဝင် လာမှုကြောင့် ရေဒီယို ဖွင့်လို့ ရပါတယ်။ ဓါတ် ခဲ မထည့် ထားယင် တော့ အဲဒီ ရေဒီယိုဟာ သေနေ သလို ပါပဲ။ ဘာမှ ဖွင့်နား ထောင်လို့ ရမှာ မဟုတ် ပါဘူး။ ဒါမှ မဟုတ် နောက်တစ် နည်းအ နေနဲ့၊ လျပ်စစ် စီးဝင်နေတဲ့ ပလပ်ကြိုးနဲ့ ဆက်သွယ် မထား တဲ့သ ဘောနဲ့ လည်း တူပါ တယ်။ အဲဒီလိုပါပဲ၊ spirit ဟာ ကျွန်ုပ်တို့ ရုပ်ခန္ဓာ အသက် ရှင်ဖို့ အတွက် စွမ်းအား လည်း ဖြစ်ပါတယ်။ spirit ဟာ လျှပ်စစ် စွမ်းအား လိုပဲ ခံစားမှု လည်း မရှိ၊ စဉ်းစား တတ်တဲ့ အရာလည်း မဟုတ်ပါဘူး။ ပုဂ္ဂိုလ် လည်း မဟုတ်တဲ့ စွမ်းအား တစ်ခု ဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီ Spirit (သို့) စွမ်းအား မရှိခဲ့ယင် တော့၊ ကျွန်ုပ် တို့ရဲ့ ရုပ်ခန္ဓာ ဟာ မြေ မှုန့် သို့ ပြန်သွား ရ တယ်  “die and return to the dust” လို့  ဆာလံ ဆရာက ဖေါ် ပြထား ပါတယ်။

လူသား တစ်ဦးရဲ့ ဆေးဆုံး ခြင်း
          (ဒေသနာ ၁၂း ၇) ထို ကာလ၌ မြေမှုန့်  (ရုပ်ခန္ဓာ) သည် နေရင်းမြေ သို့၎င်း၊ ၀ိညာဉ် သည်အရင် ပေးတော် မူသော ဘုရား သခင့် ထံသို့၎င်း ပြန်သွား ရလိမ့်မည်။ “The dust [of his body] returns to the earth, just as it was, and the spirit returns to the true God who gave it.”

Spirit (သို့) အသက် စွမ်းအား Life-force ဟာ ရုပ်ခန္ဓာ ကနေ ထွက်သွား ပြီဆို တာနဲ့ ရုပ်ခန္ဓာ ဟာ မူလ လာရာ အရပ် ဖြစ်တဲ့ မြေကြီး သို့ ပြန်သွား ရမယ် လို့ ဆိုလို တာဖြစ် ပါတယ်။ နှိုင်းယှဉ် ပြရယင်၊ အသက် စွမ်းအား “spirit” ဟာ မူလလာ ရာ ဘုရား သခင် ထံပြန် သွားရ ခြင်းဖြစ် ပါ တယ်။ (ယောဘ ၃၄း ၁၄ ၊ ၁၅။ ဆာလံ ၃၆း၉) မှာ ၊ ဘုရား သခင်သည် လူကို အလို တော်မရှိ၍၊ လူအသက် ၀ိညာဉ်ကို ရုပ်သိမ်း တော်မူလျှင်၊ ခပ်သိမ်းသော လူသတ္တ၀ါ တို့သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့ တဖန် ရောက်ရ ကြလိမ့် မည်။ ဒီနေရာမှာ အသက်စွမ်း အားဟာ  ကောင်းကင် ဆီအမှန် တကယ် ရောက်သွား ခြင်းလို့ ဆိုလို တာမဟုတ် ပါဘူး။ လူတစ်ဦး တစ်ယောက်
သေဆုံး ပြီဆို တာနဲ့ သူ့မှာ အနာ ဂတ်အတွက် ဘာမျှော် လင့်ချက် မှမရှိ တော့ဘဲ၊ ဘုရား သခင် ထံပါးမှာ အနား ယူခြင်း လို့ ဆိုလို တာဖြစ် ပါတယ်။ အသက် ဟာ ဘုရား လက် တော် ထဲမှာသာ ရှိတဲ့အတွက် ဒီ spirit ကိုဘုရား သခင်ကဘဲ၊ ပြန်လည် ပေးအပ်ယင် အဲဒီလူ ပြန်ပြီး အသက် ရှင်ခွင့် ရလာမှာ ဖြစ်ပါတယ်။

(ယောဘ၊ ၁၄း ၁၀- ၁၂) လူသည် အသက်ချုပ် ပြီးလျှင် အဘယ်မှာ ရှိသနည်း။ အိုင်ရေ ပြတ်သကဲ့ သို့၎င်း၊ မြစ်ရေ ခန်းခြောက် သကဲ့ သို့၎င်း၊ လူသည် အိပ်ပြီးမှ နောက်တဖန် မထရ။ မိုဃ်းကောင်း ကင်မကုန် ဆုံးမှီ တိုင်အောင် မနိုးရ အအိပ် အပျော် မပျက်ရ။

သင်္ချိုင်း ဂူတွေ ထဲမှာ အနား ယူနေတဲ့ သူတွေ အတွက်  ဘယ်လောက် များစိတ် ချမ်းမြေ့ စရာ ကောင်းလှ ပါသလဲ။ သင်္ချိုင်း များမှာ ရှိသော သူအပေါင်း တို့သည် သားတော်၏ စကား သံကို ကြား၍ ၊ ထွက်ရမည့် အချိန် ကာလ ရောက်လတံ့။ ကောင်းသော အကျင့်ကို ကျင့်သော သူတို့သည် အသက် ရှင်ရာ ထမြောက် ခြင်းသို့၎င်း ဆိုးယုတ်သော အကျင့်ကို ကျင့်သော သူတို့သည် အပြစ်စီ ရင်ရာ ထမြောက်ခြင်း သို့၎င်း ထွက်ရ ကြလတံ့ (ယောဟန်၊ ၅း၂၈- ၂၉)

အဲဒီ ထမြောက် ရတဲ့ အချိန်မှာ၊ ဘုရား သခင်က သေခြင်း ၌ အိပ်ပျော် နေသူများ ကို ခန္ဓာ အသစ် ဖွဲ့စည်း ပေးပြီး၊ spirit (သို့) Life-force အသက် စွမ်းအား ကိုလည်း ထည့်သွင်း ပေးပါ လိမ့်မယ်။ ထိုနေ့ ကတော့ ပြောမပြ တတ်လောက် အောင် ပျော်ရွှင် မှုအပေါင်း နဲ့ ပြည့်ဝ တဲ့နေ့ ဖြစ်ပါ လိမ့်မယ်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

● အတွင်းလူ ..


တမန် တော်ကြီး ရှင်ပေါ လု အနေနဲ့ အတွင်း လူ ဆိုတဲ့ အ သုံး အနှုံး ကို သူ့ ရဲ့ စာ စောင် (၂ ကော၊ ၄း ၁၆။ ဧဖက် ၃း ၁၆) စ တဲ့ ကျမ်းပိုဒ် တွေ မှာ ဖေါ် ပြ ထား တာ တွေ့ ရ ပါ တယ်။ (ရောမ ၇း ၂၂- ၂၃) “ငါသည် အတွင်း လူ အားဖြင့် ဘု ရားသ ခင်၏ ပညတ် တရား တော် ကို နှစ်သက် ၏။ သို့သော် လည်း ငါ့ကိုယ် အင်္ဂါ များ၌ ရှိသော အပြစ် တရား လက်သို့ ငါ့ကို ဘမ်းသွား အပ်နှံ သည်ကို ငါမြင်၏” လို့ ဖေါ်ပြ ထား ပါတယ်။ အတွင်းလူ ဆိုတာ လူတစ် ယောက်ရဲ့ နံဝိညာဉ်နဲ့ သက်ဆိုင်တဲ့ လက္ခ ဏာသွင် ပြင်ကို ရည်ညွှန်း ဖေါ်ပြတာ ဖြစ်ပြီး၊ အပြင်လူ ဆိုတာ ကတော့ လူတစ် ဦးမှာ မြင်တွေ့ နိုင်တဲ့ အပြင်ပန်း လက္ခဏာ ကို ဆိုလို ခြင်းဖြစ် ပါတယ်။

လူသား ဟာ ခန္ဓာ၊ စိတ်၊ ၀ိညာဉ်နဲ့ ဘုရား သခင်ရဲ့ ဖန်ဆင်း ခြင်းခံ ထားရ တဲ့လူသား ဖြစ်ပါ တယ် (ကမ္ဘာ ၁း ၂၇၊ ၁သက် ၅း၂၃) “ထိုသို့ ဘုရား သခင်သည် မိမိပုံ သဏ္ဌာန် တော်နှင့် အညီ လူယော က်ျား၊ လူမိန်း မကို ဖန်ဆင်း ပြီးလျှင်” လို့၎င်း၊ “ငြိမ်သက် ခြင်း၏ အရှင် ဘုရား သခင် ကိုယ်တော် တိုင်လည်း၊ သင်တို့ကို အကုန် အစင် သန့်ရှင်း စေတော် မူပါ စေသော။ ငါတို့ သခင် ယေရှု ခရစ် ကြွလာ တော်မူ  သောအခါ ၊ သင်တို့ ၏ကိုယ် ခန္ဓာ၊ စိတ် ၊ ၀ိညာဉ် အပေါင်းကို အပြစ်တင်ခွင့် နှင့်ကင်း လွတ်စေ  ခြင်းငှာ စောင်မ တော်မူ ပါ စေသော” လို့ ၄င်း ဖေါ် ပြ ထားပါ တယ်။

အဓိ ပ္ပါယ် က ကျွန်ုပ် တို့ တစ် တွေ ဟာ စိတ် နဲ့ ဖွဲ့ စည်း ထား တဲ့ ရုပ် ခန္ဓာ မဟုတ်ပဲ၊ ရုပ်ခန္ဓာ ပါတဲ့ စိတ် တွေနဲ့ ဖွဲ့စည်း ထား ခြင်း ဖြစ်ပါ တယ်။ ရုပ်ခန္ဓာ ဆို တဲ့ အပြင် လူဟာ လောက ကြီးနဲ့ ထိတွေ့ ဆက်ဆံ ရတဲ့ ကျွန်ုပ် တို့ရဲ့ ရုပ်ပိုင်း နဲ့ဆိုင် တဲ့အိမ် ကြီးပါပဲ။ စားဖို့ ၊ သောက်ဖို့နဲ့ အိပ်ဖို့ လိုအပ် ကြောင်း ပင်ကိုယ် အတွင်း က နှိုး ဆော်လာ တဲ့အ ခါ ၊ အာရုံ (၅)ပါး (အမြင်၊ အကြား၊ အနံ့၊ အရသာ၊ ထိတွေ့) ရဲ့ ဆေ့ ဆော် မှု အ တိုင်း ကျွန်ုပ်တို့ ရဲ့ရုပ် ခန္ဓာ ကြီးက လုပ်ဆောင် ရတာ ဖြစ်ပါ တယ်။ ကျွန်ုပ်တို့ ရဲ့ရုပ် ခန္ဓာ များဟာ မကောင်း တဲ့ ခန္ဓာ မဟုတ် ပါဘူး၊ ဘုရား ပေးထား တဲ့လက် ဆောင်တွေ ပါ။ ဘုရား ရဲ့အ လိုတော်က ကျွန်ုပ်တို့ ရဲ့ဒီ ရုပ်ခန္ဓာ ကို ဘုရား သခင် ထံပါး သက်ရှိ ယဇ် အဖြစ် ဆက်ကပ် အပ်နှံ ဖို့ပဲ ဖြစ် ပါ တယ် (ရောမ ၁၂း ၁- ၂)။ ညီအစ် ကိုတို့၊ အသက် ရှင်ခြင်း လက္ခ ဏာ၊ သန့်ရှင်း ခြင်းလ က္ခဏာ၊ ဘုရား သခင် နှစ်သက် တော်မူ ဘွယ်သော လက္ခ ဏာနှင့် ပြည့်စုံ သော ယဇ်ကို သင်တို့ သည်ပူ ဇော်၍ ၊ မိမိ ကိုယ်ခန္ဓာ ကို ဘုရား သခင် အား ဆက်ကပ် ခြင်းတည်း ဟူသော သင်တို့ ပြုအပ် သော ၀တ်ကို ပြုမည် အကြောင်း၊ ဘုရား သခင်၏ ကရုဏာ တော်ကို ထောက် ထား၍ ၊ သင်တို့ ကိုငါ တိုက်တွန်း နှိုးဆော် ပေ၏။ သင်တို့ သည် လောကီ ပုံ သဏ္ဌာန် ကို မဆောင် ကြနှင့်။ ကောင်း မြတ် သောအ ရာ၊ နှစ်သက် ဘွယ်သော အ ရာ၊ စုံလင် သောအ ရာတည်း ဟူသော ဘုရား သခင် အလိုတော် ရှိသော အရာသည် အဘယ် အရာ ဖြစ်သည်ကို သင်နိုင် မည်အကြောင်း၊ စိတ်နှလုံးကို အသစ် ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲ ခြင်းသို့ ရောက် ကြလော့။ ခရစ် တော်အား ဖြင့်ရ ရှိသော ဘုရား သခင် ပေးတော် မူသော ကယ်တင် ခြင်းဆု ကျေးဇူး ကို ကျွန်ုပ်တို့ လက်ခံ တဲ့ အခါ၊ ကျွန်ုပ် တို့ရဲ့ ရုပ် ခန္ဓာ တွေဟာ သန့်ရှင်း သော ၀ိညာဉ် တော်ကိန်း ၀တ်တဲ့ ဗိမာန် တော် တွေဖြစ် လာပါ တယ် (၁ကော ၆း ၁၉- ၂၀၊ ၃း ၁၆) “သင်တို့ ကိုယ် ခန္ဓာ သည် ဘုရား သခင် ပေးသ နားတော် မူ သော ၀ိညာဉ် တော်တည်း ဟူသော၊ သင်တို့ အထဲ ၌ကျိန်း ၀ပ်၍ သန့်ရှင်း သော ၀ိညာဉ် တော်၏ ဗိမာန် ဖြစ်ကြောင်း ကို၎င်း၊ မိမိ တို့ကို မိမိတို့ မပိုင် ကြောင်းကို ၄င်း၊ မသိ ကြ သလော” “သင်တို့ သည် အဘိုးနှင့် ၀ယ်တော် မူသော သူဖြစ် သောကြောင့်၊ ဘုရား သခင် ပိုင်တော် မူသော သင်တို့၏ ကိုယ် ခန္ဓာနှင့် စိတ် ၀ိညာဉ် အားဖြင့် ဘုရား သခင်၏ ဂုဏ်တော် ကိုထင် ရှားစေ ကြလော့။ သင်တို့ သည် ဘုရား သခင်၏ ဗိမာန် တော်ဖြစ် ကြ သည်ကို ၄င်း၊ ဘုရား သခင်၏ ၀ိညာဉ် တော် သည် သင်တို့ အထဲ၌ ကျိန်းဝပ် တော်မူ သည်ကို ၄င်း မသိ ကြ သလော။” တစ်နည်း ပြောရယင် ကျွန်ုပ် တို့ရဲ့ စိတ် ၀ိညာဉ် (Soul) ဟာ ကျွန်ုပ် တို့ရဲ့ အသိ(mind)၊ ကျွန်ုပ် တို့ရဲ့ ဆန္ဒ (will) နဲ့ ကျွန်ုပ် တို့ရဲ့ စိတ်လှုပ် ရှားမှု (emotion) တွေဆီ က ဖြစ်ခြင်း တွေကို ကိုယ် စားပြု ဖေါ်ပြ တဲ့ ဗဟို ချက်မ ဖြစ် ပါတယ်။
ကျွန်ုပ် တို့ရဲ့ စိတ်ဝိညာဉ် (Soul) ဟာ အ သွေး အ သား နဲ့ ဆိုင် တဲ့ ရမ္မက် တွေရဲ့ လှုံ့ဆော် မူတွေ ကိုရော၊ သန့် ရှင်း သော ၀ိညာဉ် တော်ရဲ့ အကြံ အစည် တော် နဲ့လမ်း ပြမှု တွေကို ရောနား ထောင် နာခံ လိုက် လျှောက် လုပ် ဆောင် ရပါ တယ်။ (ဂ လာ တိ ၅း ၁၆- ၁၇) “ငါ ပညတ် သည်ကား၊ ၀ိညာဉ် ပကတိ အတိုင်း ကျင့်ကြလော့။ ထိုသို့ ကျင့်လျှင် ဇာတိ ပက တိ၏ အလို သို့မ လိုက်ဘဲ နေကြ လိမ့်မည်။ အကြောင်း မူကား၊ ဇာတိ ပကတိ နှင့် ၀ိညာဉ် ပကတိ သည် တပါးနှင့် တပါး ဆန့်ကျင် သော အ လို ရှိ ကြ၏။ တပါး နှင့်တပါး ဆန့်ကျင် ဘက်ဖြစ် ၍၊ သင်တို့ သည် ကျင့် ချင် သော အ ကျင့်ကို မ ကျင့်နိုင် ကြ။” (မာကု ၁၄း ၃၈) “စုံစမ်း နှောက် ရှက်ခြင်း နှင့်ကင်း လွတ်မည် အကြောင်း ဆုတောင်း လျက်စောင့် နေကြ လော့။ စိတ် ၀ိညာဉ် ကစေ တနာ ရှိ ငြားသော် လည်း ကိုယ် မူ ကား အား နည်း သည် ဟု ပေတရု အား မိန့်တော် မှု ပြီး မှ၊-” စိတ် ၀ိညာဉ် (Soul) ဟာ ဘ၀ ရဲ့ အဆုံး အဖြတ် တွေကို လုပ်ပေးတဲ့ တရား ရုံးတစ်ရုံး လိုပါပဲ။ သန့်ရှင်း သော ၀ိညာဉ် တော်ရဲ့ လမ်းပြ ခြင်းမ ခံရသေး တဲ့ စိတ် ၀ိညာဉ် (Soul) ဟာ ကိုယ့် ကိုယ်ကို ယုံကြည်မှု ၊  ကိုယ့် ကိုယ် ကို ငဲ့ညှာ မှု၊ ကိုယ့်ဖာ သာကိုယ် စူးစမ်းမှု၊ ကိုယ့်ဖက် ကိုယ်ယက် ပြောဆို ဖန်တီးမှု တွေက နေစီး ထွက် လာတဲ့ ရေပန်း တစ်ခုလို ၊ ကိုယ့်ဘ ၀ကို ကိုယ့်ဖာ သာ ကိုယ် တရား စီရင် ဆုံးဖြတ်တဲ့ ခုံပေါ်ထိုင်ပြီး ကိုယ့်ဖာ သာကိုယ် ဆုံးဖြတ်ချက် တွေချမှတ် လုပ်ဆောင် နေတဲ့နေရာ လည်း ဖြစ်ပါ တယ်။
          
 နှုတ်က ပတ် တော်က ပြောနေ တဲ့ အတွင်းလူ ဆို တာ ကျွန်ုပ် တို့ရဲ့ နံ ၀ိညာဉ် (Spirit) ပဲဖြစ် ပါ တယ်။ ဘုရား သခင် နဲ့ ကျွန်ုပ်တို့ အပြန် အလှန် ဆက်သွယ် တာတွေ လုပ်ပေး တာက ဒီနံ ၀ိညာဉ် ပါပဲ။ ဒါကြောင့် ခရစ် တော် က (ယောဟန် ၄း ၂၄) မှာ၊- “ဘုရား သခင် သည် နံဝိညာဉ် ဖြစ်တော် မူ၏။ ဘုရား သခင် ကိုကိုး ကွယ်သော သူတို့ သည်၊ နံဝိညာဉ် နှင့်၎င်း ၊ သစ္စာ နှင့်၎င်း ကိုးကွယ် ရမည် ဟုမိန့် တော်မူ ၏။” ဒုတိယ မွေးဖွား ခြင်းခံယူ တဲ့နေ ရာဟာ ကျွန်ုပ် တို့ရဲ့ နံဝိညာဉ် ထဲ မှာဖြစ် ပါတယ်။ (ယောဟန် ၃း၃- ၆) ယေရှုက ၊ ဒုတိယ မွေးဖွား ခြင်းကို မခံ သောသူ မည်သည် ကား၊ ဘုရား သခင်၏ နိုင်ငံ တော်ကို မမြင်ရဟု ငါအမှန် အကန် ဆိုသည်ဟု၊ ပြန်၍ မိန့်တော် မူ၏။ နိကော ဒင်က လည်း၊ အသက် ကြီးသော သူသည် မွေးဖွား ခြင်းကို အဘယ် သို့ ခံနိုင် ပါ မည်နည်း။ အမိ ၀မ်းထဲသို့ တဖန် ၀င်၍ မွေးခြင်း ကိုခံ နိုင်ပါ မည်လော ဟုလျှောက် ၏။ ယေရှု ကလည်း၊ ရေနှင့် ၀ိညာဉ်တော် မမွေး သောသူ မည်သည် ကား၊ ဘုရား သခင်၏ နိုင်ငံ တော်သို့ မ၀င်ရ ဟုငါ အမှန် အကန် ဆို၏။ ဇာတိ ပက တိမွေး သောအ ရာ သည် ဇာတိပ ကတိ ဖြစ်၏။ ၀ိညာဉ် တော် မွေးသော အရာ သည် ၀ိညာဉ် ဖြစ်၏”

ဒုတိယ မွေးဖွားခြင်း ခံယူ ပြီးသူ တိုင်းမှာ၊ သန့်ရှင်း သော ၀ိညာဉ် တော်က ဖေါ် ပြပေးတဲ့ အကေင်း နဲ့အဆိုး ဆိုတဲ့ အဆုံး အဖြတ် ခွဲခြား ပေးမှု အပေါ် အတွင်းလူ (inner man) ကနေ တဆင့်၊ သိစိတ် (conscience) ကိုထိန်းညှိ ပေးပါတယ်။ (ယောဟန် ၁၆း၈) ဥပဇယ် ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက် အပြစ်ကို ၄င်း၊ အပြစ် ကင်းခြင်း ကို၎င်း၊ အပြစ် စီရင် ခြင်းကို ၄င်း၊ လောကီ သားတို့ အား ထင်ရှား စွာဘော် ပြမည်။  (တမန် ၂၄း ၁၆) ထို့ကြောင့် ၊ ဘုရား သခင် ကိုပြစ် မှားပြီ၊ လူတို့ကို ပြစ်မှား ပြီဟု ကိုယ်စိတ် နှလုံး သည် ကိုယ်၌ အပြစ် တင်ခွင့် နှင့်အစဉ် ကင်းလွတ် မည်အ ကြောင်း အကျွန်ုပ် သည် ကြိုးစား အားထုတ် ပါ၏။

ကျွန်ုပ် တို့ရဲ့ နံဝိညာဉ် (Spirit) ဟာ ဘုရား သခင် မှုတ်သွင်း ပေးထားတဲ့ မွေးရာပါ အမှန် နဲ့ အမှားကို ခွဲခြား တတ် တဲ့ အ ရာလည်း ဖြစ်ပါ တယ်။ (ရောမ ၂း၁၄ -၁၅) သာသ နာပ လူတို့ သည် ပညတ် တရား တော်ကို မသိဘဲ၊ ကိုယ်အ လိုအ လျှောက် တရား ကိုကျင့် သော အခါ၊ သူတို့သည် ပညတ်တ ရားတော် ကို မသိဘဲ၊ ကိုယ်ကျင့် တရား ကို အမှီပြု သဖြင့်၎င်း၊ ကိုယ်ကို ကိုယ် သိ သော စိတ်နှ လုံးသည် သက်ေ သခံသဖြင့် ၄င်း၊ အ ချင်း ချင်း ဆွေး နွေး ဆင် ခြင်၍ အပြစ် တင်လျှက်၊ လွှတ်လျက် နေ သဖြင့် ၄င်း၊ မိမိတို့ စိတ်နှ လုံး ထဲ၌ မှတ်သား သော တရား ၏ အကျိုး ကို ထင်ရှား စွာပြ ကြ၏။ (၁ကော ၂း ၁၁) လူ၏ နက်နဲ သောအ ရာကို လူ၌ရှိ သော မိမိ စိတ်ဝိညာဉ် မှတပါး အဘယ် သူသိ သနည်း။ ထိုနည်း တူ ဘုရား သခင် ၏နက် နဲသော အရာကို ဘုရား သခင်၏ ၀ိညာဉ် တော်မှ တပါး အဘယ်သူ မျှမသိ။

(ရောမ ၁၂း ၁- ၂)။ ညီအစ် ကိုတို့၊ အသက် ရှင်ခြင်း လက္ခ ဏာ၊ သန့်ရှင်း ခြင်းလ က္ခဏာ၊ ဘုရား သခင် နှစ်သက် တော်မူ ဘွယ်သော လက္ခ ဏာနှင့် ပြည့်စုံ သော ယဇ်ကို သင်တို့ သည်ပူ ဇော်၍ ၊ မိမိ ကိုယ်ခန္ဓာ ကို ဘုရား သခင် အား ဆက်ကပ် ခြင်းတည်း ဟူသော သင်တို့ ပြုအပ် သော ၀တ်ကို ပြုမည် အကြောင်း၊ ဘုရား သခင်၏ ကရုဏာ တော်ကို ထောက် ထား၍ ၊ သင်တို့ ကိုငါ တိုက်တွန်း နှိုးဆော် ပေ၏။ သင်တို့ သည် လောကီ ပုံ သဏ္ဌာန် ကို မဆောင် ကြနှင့်။ ကောင်း မြတ် သောအ ရာ၊ နှစ်သက် ဘွယ်သော အ ရာ၊ စုံလင် သောအ ရာတည်း ဟူသော ဘုရား သခင် အလိုတော် ရှိသော အရာသည် အဘယ် အရာ ဖြစ်သည်ကို သင်နိုင် မည်အကြောင်း၊ စိတ်နှလုံးကို အသစ် ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲ ခြင်းသို့ ရောက် ကြလော့။

ရောမ ၁၂း၁-၂ က ကျွန်ုပ်တို့ ကို လောကီ တွေးခေါ်ပုံ တွေး ခေါ်နည်းနဲ့ အသက် မရှင်မိ ကြဖို့ တိုက်တွန်း နေခြင်း ဖြစ်ပါ တယ်။ တကယ် တော့၊ ကျွန်ုပ်တို့ရဲ့ အတွင်းလူ (Spirit) ပြောင်းလဲ ဖို့ ကျွန်ုပ် တို့ရဲ့ စိတ်သ ဘောကို အသစ် ပြင်ဆင်ပြီး ပြုပြင် ပြောင်းလဲ ဖို့ပဲ ဖြစ်ပါ တယ်။ ဒီလို အသစ် ပြုပြင် ပြောင်းလဲ ရာမှာ၊ ကျွန်ုပ်တို့ရဲ့ အတွင်းလူ ထဲကို သန့်ရှင်း သောဝိ ညာဉ် ၀င်ရောက်ပြီး လွတ်လွတ် လပ်လပ် အုပ်ချုပ် ထိန်းကျောင်း ပဲ့ပြင် ပေးဖို့ အတွက် ၊ လက်ခံ ခွင့်ပြု ပေးရပါ လိမ့်မယ်။    

ဒါမှသာ သန့်ရှင်း သောဝိ ညာဉ် တော်က ကျွန်ုပ်တို့ ရဲ့ ပြုမူ ကျင့်ကြံ မှုတွေ ၊ အကြံ အစည် တွေ သဘော ထားတွေ ကို ဘုရား သခင် အလို တော်နဲ့ ကိုက်ညီ လာဖို့အရေး စပြီး လုပ်ဆောင် ပေးသွားမှာ  ဖြစ်ပါ တယ်။ (ရောမ ၈း ၁၃- ၁၄) သင်တို့သည် ဇာတိပက တိအတိုင်း အသက်ရှင် လျှင် သေရ ကြမည်။ ၀ိညာဉ် တော် အားဖြင့် ကိုယ်ကာ ယ၏ အကျင့် တို့ကို သေစေလျှင် အသက် ရှင်ကြ လိမ့်မည်။ ဘုရား သခင်၏ ၀ိညာဉ် တော် ဆုံးမ ပဲ့ပြင် တော်မူ သမျှ သောသူ တို့သည် ဘုရား သခင်၏ သား ဖြစ် ကြ၏။
           
ရောမ သြ၀ါ ဒစာ အခန်းကြီး (၇)မှာ ကျွန်ုပ် တို့ရဲ့ ဇာတိ နဲ့ဝိညာဉ် နှစ်ခု အကြား တိုက်လှန် ခြင်းများ ကြောင့် မကြာ ခဏ နာကျင်မှု တွေရှိကြောင်း အသေး စိတ်ဖေါ် ပြထား ပါသည်။ ကျွန်ုပ် တို့ရဲ့ နံဝိညာဉ် (Spirit) ဟာ ဘုရား သခင် ရဲ့တန်ခိုး တော်နဲ့ ပြန်လည် မွေးဖွား ခြင်းခံ ယူပြီး တဲ့နောက် ပိုင်းမှာ၊ အသက်တာ တစ်လျှောက် ခရစ်တော် ရဲ့ အဆုံး အမ တွေကိုနာခံ လိုက်လျှောက်ပြီး ခရစ်တော်ရဲ့ နောက်သို့ တစ်သွေ မတိမ်း လိုက်လျှောက် ကြရမှာ ဖြစ် ပါတယ်။ ဇာတိ စိတ်ဟာ လွယ်လွယ် လေးနဲ့ သေသွား နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ ရောမ သြ၀ါဒ စာမှာ ၊ အဲဒီ ဇာတိကို ဘယ်လို အနိုင်ယူ ရမယ် ဆိုတာ ရှင်းပြ ထားပါတယ်။ အခန်းငယ် (၆) နဲ့ (၇)မှာ၊ ငါတို့၏ လူဟောင်း သည် ထိုသခင် နှင့်အတူ လက်ဝါး ကပ်တိုင် မှာ အသေ သတ်ခြင်း ခံပြီဟု ငါတို့ သိကြ၏။ အကြောင်း မူကား၊ ငါတို့သည် နောက်မှ အပြစ် တရား၏ အစေကို မခံစေ ခြင်းငှါ၊ အပြစ်တ ရား၏ ကိုယ်ကို ဖျက်ဆီး မည် အကြောင်း တည်း။ သေ သောသူ သည် အပြစ် တရား၏ လက်မှ လွတ်လျှက် ရှိ၏။

ကျွန်ုပ် တို့ အမြဲ ဆင်ခြင်ရ မှာက (ဂလာတိ ၂း၂၀) ငါသည် ခရစ် တော်နှင့် အတူ လက်ဝါး ကပ်တိုင် မှာအ သေခံပြီ။ ဆိုတဲ့ အချက် ပါပဲ။ ဘုရား သခင် အလိုတော် ရှိတဲ့ ကြီးမြတ် တဲ့လူ ဖြစ်ဖို့ ၊ လူအ ထဲက စိတ်ဝိညာဉ် (Soul)၊ ခန္ဓာ (Body) တို့ပေါင်းပြီး နံဝိညာဉ် (Spirit) နဲ့တိုက် ပွဲဆင် နွဲရခြင်း လို့နား လည် မှတ်ယူ နိုင်ပါတယ်။ ကျွန်ုပ် တို့အနေနဲ့ သေဆုံး တဲ့အထိ ဒီတိုက်ပွဲ တွေကို ဆင်နွဲပြီး အသက် ရှင်သွား ရမှာ ဖြစ်လို့၊ ကျွန်ုပ်တို့ရဲ့ အတွင်းလူ ကိုရော၊ အပြင် လူကိုရော အခြေ အနေ အရပ်ရပ် တိုင်းမှာ အပြည့် အ၀ ပြုပြင် ထိန်းကျောင်း လမ်းပြ ပေးမယ့်၊ သန့်ရှင်း သော ၀ိညာဉ် တော်ရဲ့ အုပ်ထိန်း ပဲ့ပြင် လမ်းပြမှု ကို အသက် ထက်ဆုံး လက်ခံ ခွင့်ပြု နာခံပြီး အသက် ရှင်သွား ရမှာ ဖြစ်ပါမယ်။

ဘုရား သခင် အလို တော်နဲ့ အကြံ အစည် တော်ဟာ၊ လူသား အားလုံးကို ဘုရားရဲ့ ၀ိညာဉ် တော် လမ်းပြ မှုအောက် မှာရှိ စေလိုပြီး၊ ဒုတိယ မွေးခြင်း ဆိုတဲ့ အသစ် ပြုပြင် ပြောင်းလဲ တဲ့ အသက် တာနဲ့ အသက် ရှင်နေ ထိုင်သူတွေ ဖြစ်ဖို့ ပါပဲ။
ကျွန်ုပ် တို့ရဲ့ သဘောက အုပ်ချုပ်ဖို့ အလို ရှိပေမယ့် ၊ ၀ိညာဉ် ရေးရာ တိုက်ပွဲက သိပ်ကို ပြင်းထန် လှပါတယ်။ (ရောမ ၇း၂၄) မှာ ၊ ခရစ်တော် ရဲ့နောက် တော် လိုက် သူ တိုင်း စိတ်မ သက် မသာ မေးတတ်တဲ့ မေးခွန်း ကို ဖေါ်ပြ ထားပါ တယ်။ ငါသည် ငြိုငြင်သော သူဖြစ်ပါ သည်တကား။ ဤအသေ ကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း။ ဒီအမေး ကို အခန်း ငယ် (၂၅)မှာ ပြန်ဖြေ ထားတာ က၊ ငါ တို့ သခင် ယေရှု ခရစ် အားဖြင့် ကယ်လွှတ် တော်မူသော ဘုရား သခင်၏ ကျေးဇူး တော် ကြီးလှ ပေ၏။

ကျွန်ုပ်တို့ ရဲ့ အတွင်း လူကို သွန်သင် လမ်းပြဖို့ ၊ သန့်ရှင်း သောဝိညာဉ် တော်ကို လက်ခံပြီး၊ ကိုယ့်ရဲ့  အင်အား နဲ့ တင်းခံ တောင့်ခံ ထား သမျှ ကိုစွန့် လွှတ် ဖြေလျော့ပြီး၊ ဘုရားသခင် ထံတော် ပါးတိုးဝင် ချဉ်းကပ် အပ်နှံ ပုံအော လိုက်ခြင်းဟာ၊ ကျွန်ုပ်တို့ရဲ့ စရိုက်ဆိုး ဖြစ်တဲ့ ဇာတိ ပကတိ အပေါ် အဆက် မပြတ် အနိုင်ယူ စေတဲ့ အသက် ရှင်မှု ပဲဖြစ် ပါတယ်။

လူသားတိုင်း မိမိတို့ရဲ့ အတွင်း လူကို လမ်းပြ ပဲ့ပြင် ပေးမယ့် သန့်ရှင်း သော ၀ိညာဉ်တော် အား အုပ်စိုး ခွင့်ပေး နိုင်သူ များဖြစ် ကြပါစေ။ ထိုသို့ အားဖြင့် လောကက အောင်မြင် သောသူ များဖြစ် ကြပါ စေ.. အာမင်…

ဝိညာဉ်မီးအိမ် (ခရစ်ယာန်စာပေစုစည်းမှု) …
Related Posts Plugin for WordPress, Blogger...