● ဝိညာဉ် မီးအိမ် ဖုန်း application အား Download ရယူရန်...
ဝိညာ်ဉ် မီးအိမ်မှ တင်ထားသော ပို့စ်များအား မိမိဖုန်း အတွင်း ထည့်သွင်းပြီး ဖတ်ရှု ခွန်အား ယူလိုသော ဓမ္မမိတ် ဆွေများ အနေဖြင့်  အောက် ပါလင့်အား နှိပ်ပြီး Download ရယူနိုင် ပါသည်။
ဝိည်ာဉ် မီးအိမ်မှ တင်ထားသော ပို့စ်များအား မိမိဖုန်း အတွင်း ထည့်သွင်းပြီး ဖတ်ရှု ခွန်အား ယူလိုသော ဓမ္မမိတ် ဆွေများ အနေဖြင့်  အောက် ပါလင့်အား နှိပ်ပြီး Download ရယူနိုင် ပါသည်။
Download Link
● ဒေသန္တရ အသင်းတော် ဆိုသည်မှာ ...
နိဒါန်း။
နှစ်ခြင်း မင်္ဂလာ ပေးပြီး တာနဲ့ နှစ်ခြင်း ခရစ် ယာန် အသင်း တော်တွေ အကြား တွေ့ ရတဲ့ အရာ တစ်ခုက၊ အသင်းတော် ဘောင်သွင်း ခြင်းဘဲ ဖြစ်ပါ တယ်။ အချို့လည်း နေရာ ဒေသ တစ်နေ ရာက နေ အပြီး အပိုင် ပြောင်းရွှေ့ နေထိုင် လာတဲ့ အတွက် နီးစပ်ရာ အသင်းတော် တပါးမှာ သင်း ပြောင်း စာနဲ့ အသင်း သားအဖြစ် ဝင်ရောက် လာလို့ အသင်း တော် ဘောင်သွင်း တာ မျိုးလည်း ရှိပါတယ်။
အဓိပ္ပါယ် က တော့ အသင်း တော်ရဲ့ အသင်း သား ဖြစ်ခြင်း (membership of Local Church or visible Church) လို့ ဆိုနိုင် သလို၊ မိမိ အသက် ရှင် နေထိုင်တဲ့ နေရာမှာ ရှိတဲ့၊ ဒါမှ မဟုတ် နီးစပ်တဲ့ အသင်း တော် တပါး ပါးထဲ အင်္ဂါ အစိတ် အပိုင်း တစ်ခု အဖြစ် ပါဝင်ခြင်း စတဲ့ အဓိပ္ပါယ် ရှိပါတယ်။
အချို့က အသင်း တော် တစ်ပါး ပါးထဲ သင်းပြောင်း တာကို သာရေး၊ နာရေး အတကွ်ဆိုပြီး လွဲမှားစွာ ခံယူ နေကြ တာလည်း တွေ့ ရ ပါတယ်။ နှစ်ခြင်း မင်္ဂလာ ခံယူ ပြီးသူ တိုင်းဟာ အထက်က ဖေါ်ပြ သလို ဒေသန္တရ အသင်း တော် တပါး ပါးရဲ့ အသင်း သား/သူ ဖြစ်ခငွ့် ရသလို တဖက် မှာလည်း နှစ်ခြင်း မင်္ဂလာ ခံယူ ပြီးတာနဲ့ တစ်ပြိုင်နက်၊ ကမ္ဘာ တစ်ခု လုံးနဲ့ သက်ဆိုင်တဲ့၊ ခရစ် တော်ကို  ကယ်တင် ပိုင်ရှင် အဖြစ် လက်ခံ ယုံကြည်သူ အားလုံး ပါဝင်တဲ့၊ လိပ်စာမရှိ၊ ဧရိယာ အကျယ် အဝန်း တိုင်းတာ ပြလို့ မရနိုင်တဲ့၊ ဟောဒီမှာ.. ဟောဟိုမှာ ဆိုပြီး လက်ညိုး ထိုးပြလို့ မရတဲ့ တစ်ခု တည်းသော ကမ္ဘာ့ အသင်း တော်ကြီးရဲ့ အသင်း သူ/သား (membership of Universal Church or invisible Church) ဖြစ်ခငွ့်ရ ကြောင်း ကိုလည်း သမ္မာ ကျမ်းစာက သနွ်သင် ထားပါတယ်။
(ဧဖက် ၄၊ ၄-၅) သင်တို့ ကို ခေါ်တော် မူခြင်းနှင့် စပ်ဆိုင် သော မြော် လင့်ခြင်း တပါး ထဲသို့ ခေါ်သွင်း တော်မူ သည် နှင့်အညီ ကိုယ် တကိုယ်၊ ဝိညာဉ် တဝိညာဉ် တည်းရှိ၏။ သခင် တပါး၊ ယုံကြည် ခြင်း တပါး၊ ဗတ္တိဇံ တပါး၊ ခပ်သိမ်း သော ငါတို့၏ အဘ ဖြစ်သော ဘုရား သခင် တဆူတည်း ရှိတော် မူ၏။
ဒီတစ်ခေါက် တော့ ဒေသန္တရ အသင်းတော် (သို့) မိခင် အသင်း တော် (Local Church or visible Church) အ ကြောင်းကို ဦးစားပေး ဝေမျှ ပါရစေ။ မျက်မှောက် ကာလ ခေတ်စား နေတာ တစ်ခုက ခရစ်ယာန် တော်တော် များများ ဟာ အ ကြောင်း ကိစ္စ အမျိုးမျိုး ကြောင့် ကိုယ့်ရဲ့ မိခင် အသင်း တော် (ဒေသန္တရ အသင်း တော်) နဲ့ ဝေးရာကို ရောက်သွား ကြတာတွေ ရှိသလို၊ အချို့ကြ တော့လည်း မိခင် အသင်း တော်ကို အထင် မကြီး၊ အ ကောင်းမမြင်၊ အတင်း အဖျင်းတွေ တုပ်တဲ့ အပြင်၊ နောက်ဆုံး ကိုယ့် မိခင် အသင်း တော်ကို ကျောခိုင်းကာ၊ အသင်းတော် တငွ်းမှာ ရှိတဲ့ အမျိုးတွေ၊ အ ပေါင်း အသင်း တွေ ကိုပါ စည်းရုံး ပြီး၊ အမျိုး မျိုးသော သွန် သင်မှု တွေရဲ့ နောက် ကောက် ကောက် ပါအောင် လိုက်ပါ နေကြ တာကို လည်း ဝမ်းနည်းစွာ တွေ့နေ  ရပါတယ်။
ဒီနေရာမှာ အ ရေး တကြီး ဖေါ်ပြ လိုတာက၊ ရောမ စစ်သား တေကွ ခရစ် တော်ကို ထိုးနှက်ကြ၊ ရိုက်ကြ၊ တံတွေး နဲ့ ထွေး ကြ၊ နောက်ဆုံး ကုန်ကုန် ပြောရယင် ကါးတိုင် ပေါ် တင်သတ် ခဲ့ကြ တယ် ဆိုတာ ခရစ်ယာန် ယုံကြည် သူတိုင်း သိထား ပြီးသားပါ။
အခု ကတော့၊ ဦးခေါင်း ဖြစ်တဲ့ ခရစ် တော်ရဲ့ ခန္ဓာ (သို့) ကိုယ်ကို အပိုင်း ပိုင်းပိုင်း၊ အစိတ် စိတ် အမြွှာ မြွှာ ခွဲပြီး၊ ရောမ စစ်သား တေထွက် တောင် မိုက်ကမ်းတဲ့ အပြု အမူ တွေ သ ဘော ထားတွေ နဲ့၊ ကိုယ်ဘာ ကိုပြုမူ နေမှန်း ကိုတောင် မသိ တော့ဘဲ၊ သန့်ရှင်း သော ဝိညာဉ် တော်ရဲ့ အဆုံး အမကို မခံစားရ၊ သြတ္တပ စိတ်မှာ သံပူ ခတ်တာ ခံရပြီး၊ အသိ တရား ကင်း မဲ့ စွာ၊ လုပ်ဆောင် နေကြ သူတွေ များစွာ ကို အသင်း တော် တော်တော် များများ မှာ မြင်တွေ့ နေရ ပါပြီ။ ဒါ ဘာ ကြောင့် လဲ?
(၁တိ ၄၊ ၂) နောင်ကာ လ၌ သြတ္တပ္ပ စိတ်တွင် သံပူနှင့် ခတ်ခြင်း ကို ခံပြီး လျှင်၊ မုသာ စကားကို ပြောတတ် သောသူ တို့၏ လျှို့ ဝှက်ခြင်း အားဖြင့်၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့် ပယ်၍၊ လှည့်ဖြား တတ်သော စိတ် ဝိညာဉ် တို့၌၎င်း၊ နတ် ဘုရား တို့နှင့် စပ်ဆိုင် သော သြဝါဒ တို့၌၎င်း မှီဝဲ ဆည်းကပ် ကြလိမ့် မည်။
(၂တိ ၄၊ ၃) အကြောင်း မူကား၊ နောင်ကာ လ၌ လူတို့ သည် စင်ကြယ် သောသြ ဝါဒကို နားမခံ နိုင်ဘဲ၊ ယားတတ် သော နားရှိလျှင်၊ မိမိ တပ်မက်ခြင်း အတိုင်း များပြား သော ဆရာတို့ နောက်သို့ လိုက်ကြ လိမ့်မည်။
အသင်း တော်ရဲ့ သင်းအုပ်တွေ၊ ဓမ္မ အမှု တော်ဆောင် တွေ၊ အသင်း တော် ခေါင်း ဆောင် တွေ၊ အသင်း သူ/သား တွေအားလုံး အလေး အနက်ထား၊ အရေး တကြီး သတိ ရှိ စွာ ဆောင်ရွက် ရမယ့် ကိစ္စ တစ်ရပ် ဖြစ်နေ ပါပြီ။
စာတန်ဟာ အလွန် ပါးနပ်ပြီး၊ မျက်မှောက် ခေတ် အသင်းတော် တေကွို ၊ လူတွေ ပေါ့ပေါ့ တန်တန် ထားပြီး သတိ မမူ မိတဲ့၊ မထင် မှတ်တဲ့ ပုံစံ အမျိုး မျိုးနဲ့ ပါးပါးလေး လှိုက်စား ဖျက်ဆီး နေပါတယ်။ အထူး သဖြင့် ခရစ် တော်ရဲ့ ခန္ဓာမှာ ပါဝင် နေတဲ့ အင်္ဂါ အစိတ် အပိုင်း တွေ ထဲမှာ ဝင်ရောက် လုပ်ဆောင် နေတတ် ပါတယ်။ (ဘုရား အလိုလား၊ စာတန် အလိုလား ခွဲခြား သိဖို့၊ ကြားနာ ရတဲ့ သွန်သင် ချက်တွေ၊ သြဝါ ဒ တွေဟာ ခရစ် တော်ရဲ့ ခန္ဓာ (သို့) ကိုယ် ဖြစ်တဲ့ ဒေသန္တရ အသင်း တော် တစ်ပါးရဲ့ တစ်လုံး တဝတည်း ရှိခြင်း၊ ဖြစ်ခြင်းကို ကွဲပြား စေလား၊ ပိုပြီး စည်းလုံး ညီညွတ် စေလား ဆိုတဲ့ ချိန် ခွင် နဲ့ ချိန်တွယ် နိုင် ပါတယ်။)
နောက်ထပ် ပြသနာက ဒေသန္တရ အသင်း တော်ရဲ့ အခန်း ကဏ္ဍက ဘယ်လောက် ထိအောင် ကိုယ့် အတွက် အ ရေး ကြီးလဲ၊ အ ရေး ပါလဲ၊ ဘုရား သခင်က ကိုယ့်ကို ဘာကြောင့် ဒေသန္တရ အသင်းတော် တပါးထဲ အသင်း သူ/သား တစ်ယောက် အနနေဲ့ ပါဝင် စေရ တာလဲ၊ အဲဒီ ဒေသန္တရ အသင်း တော် ထဲမှာ ကိုယ့်ကို ဘုရားက ဘာတာဝန် တွေ ပေးထားလဲ၊ ဘယ်အခန်း ကဏ္ဍမှာ ပါဝင် အသက် ရှင်ဖို့ ထားရှိ တာလဲ၊ ကိုယ့်ကို ဘုရား ပေးထားတဲ့ ဆုကျေး ဇူးက ဘာလဲ၊ သိပေ မယ့်လဲ မလုပ်ချင်၊ စတာ တွေ ဘဲ ဖြစ်ပါတယ်။
(ဟေဗြဲ ၁၀၊ ၂၅) လူအချို့ တို့၏ ထုံးစံ ရှိသည် အတိုင်း၊ အချင်းချင်း စည်းဝေးခြင်း အမှုကို မရှောင် မလွဲကြနှင့်။ အချင်းချင်း တို့ကို တိုက်တွန်း နှိုဆော် ကြ လော့။ ကာလအချိန် ရောက်လု နီးသည်ကို ထောက် သဖြင့်၊ သာ၍ ကြိုးစား ကြ လော့။
ဒီပြသ နာတွေ ဖြေရှင်း ရာမှာ အထောက် အကူ ဖြစ်စေဖို့ ရည်ရွယ် ချက်နဲ့ ဒီဆောင်းပါး ကို ရေးသား ဝေမျှ လိုက်ရခြင်း ဖြစ်ပါ တယ်။
အသင်းတော်ဆိုသည်မှာ|-
အသင်း တော် ဆိုတဲ့ စကား လုံးကို “assembly” “လူစု လူဝေးလို့ အဓိပ္ပါယ် ရတဲ့ (ဂရိ) ဝေါဟာရ ekklesia ကနေ အနက် ပြန်ထားတာ ဖြစ်ပြီး၊ မြန်မာလို အစု အဝေးလို့ အဓိပ္ပါယ် ရပါတယ်။ “ekklesia”ဝေါဟာရနဲ့ ဆက်စပ် နှီးနွယ် နေတဲ့ နောက် ဆက်တွဲ အဓိပ္ပါယ် တွေက တော့၊ ကယ်မ တော်မူခြင်း (saving) နဲ့ သန့်ရှင်း စင်ကြယ် စေခြင်း” (purifying) “ရွေး ကောက် ခေါ်ယူခြင်း ခံရသူများ” (Called-out ones)နဲ့ သခင် ပိုင်တော် မူခြင်း” (belonging to the Lord) ဆိုတဲ့ အဓိပ္ပါယ် တေဘွဲ ဖြစ်ပါ တယ်။
အသင်း တော်လို့ ပြောယင် ခရစ်ယာန် အများ စုက အ ဆောက် အဦ၊ ဗိမာန် တော်နဲ့၊ ဘုရား ကျောင်းကို ဘဲ လက်ညိုး ထိုးပြ တတ်ကြ ပါတယ်။ တကယ် တော့ အသင်း တော်ဆို တာ ခရစ် တော်ကို ကယ်တင် ပိုင်ရှင် အဖြစ် ယုံကြည် လက်ခံတဲ့ လူအစု အ ဝေး ကိုသာ ဆိုလိုခြင်း ဖြစ် ပါတယ်။
(၁သက် ၂၊ ၁၄) ယုဒပြည်၌ ယေရှု ခရစ်၏ ဘာသာကို ခံယူသော ဘုရား သခင်၏ သင်းဝင်သူ တို့သည် ယုဒလူတို့ လက်မှ ဆင်းရဲ ခံရ သကဲ့သို့၊ ညီအစ် ကိုတို့ သင်တို့ သည် မိမိတို့ အမျိုး သားချင်း တို့ လက်မှ ထိုနည်းတူ ခံရ သောအားဖြင့်၊ ယုဒ ပြည်၌ ရှိသော တပည့်တော် ကဲ့သို့သော သူဖြစ် ကြ၏။
(၂သက် ၁၊ ၁) ပေါလု၊ သိ လွှာနု၊ တိမောသေ တို့သည်၊ သင်တို့ အဘ တည်းဟူသော ဘုရား သခင်နှင့် သခင် ယေရှု ခရစ်၌ တည်ရှိသော သက်သာ လောနိတ် မြို့သား အသင်း တော်ကို ကြားလိုက် ပါ၏။
မြန်မာ ဘာသာ သမ္မာ ကျမ်းစာ မှာတော့ သင်းဝင်သူ” “အသင်းတော်လို့ ဆရာ ကြီး ယုဒ သန်က ဘာသာ ပြန်ဆို ထား ပါတယ်။
ဒေသန္တရ အသင်း တော် ဆိုတာ ခရစ် တော်ကို ကယ်တင် ပိုင်ရှင် အဖြစ် ယုံကြည် ကြောင်း ထုတ်ဖေါ် ပြောကြားပြီး၊ ခရစ် တော်၌ သစ္စာ ခံတဲ့ သူအား လုံးပါ ဝင်တဲ့ ယုံကြည်သူ လူစု လူဝေးကို ရည်ညွှန်း ထားတာ ဖြစ်ပါ တယ်။ ဓမ္မသစ် ကျမ်းထဲမှာ အသုံး ပြုထားတဲ့ ဂရိ ဝေါဟာရ ekklesia ဟာ ပထဝီဝင်နဲ့ သက်ဆိုင်တဲ့ နေရာ
ဒေသ တစ်ခုက ခရစ်ယာန် လူစု လူဝေး (Local Church)ကို ရည် ရွယ်တာ ဖြစ်ပါတယ်။ အောက်ပါ ကျမ်းပိုဒ် တွေကို ကြည့်ရန်၊-
(၁သက် ၁၊ ၁) ပေါလု၊ သိလွှာနု၊ တိမောသေ တို့သည် ခမည်း တော် ဘုရားနှင့် သခင် ယေရှု ခရစ် တော်၌ တည် ရှိသော သက်သာ လောနိတ် မြို့သား အသင်း တော်ကို ကြားလိုက် ပါ၏။ သခင် ယေရှု ခရစ်နှင့် ငါတို့ အဘ တည်းဟူ သော ဘုရား သခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေ သော။
(၁ ကော ၄၊ ၁၇) ထိုအ ကြောင်း ကြောင့် သခင် ဘုရား၌ သစ္စာ ရှိသော ငါ၏ ချစ်သား တိမော သေကို သင်တို့ ဆီသို့ ငါလွှတ်၏။ ခပ်သိမ်း သော အရာ တို့၌ ခပ်သိမ်း သော အသင်း တော် တို့ကို ငါသွန်သင် သည်နှင့် အညီ၊ ငါသည် ခရစ် တော်၌ ကျင့်သော အကျင့် ဓလေ့များကို သင်တို့ သည် မှတ်မိ စေခြင်း ငှာ သူသည် ပြသ တိုက် တွန်း လိမ့်မည်။
(၂ ကော ၁၁း၈) သင်တို့ အမှုကို ဆောင်ရွက် မည်အ ကြောင်း၊ အခြား သော အသင်း တော်များ ပေးသော စရိတ်ကို ငါခံ၍၊ သူတို့ကို လုယူ ရာသို့ ရောက်လေ ပြီတ ကား။
(တမန် ၈၊ ၂) ရှောလု သည် အသင်း တော်ကို ဖျက်ဆီး လေ၏။ (တမန် ၉၊ ၃၁) ထိုအခါ ယုဒပြည် ဂါလိလဲ ပြည်၊ ရှမာ ရိပြည် အရပ်ရပ် တို့တွင် အသင်း တော် တို့သည် ငြိမ်သက်၍ တည် ဆောက် ခြင်း ရှိကြ၏။
ဘုရား သခင်ဟာ အရာ တိုင်းကို ရည်ရွယ် ချက်နဲ့ ဖန်ဆင်း ထားတာ ဖြစ်သလို၊ အရာတိုင်း ဟာလည်း အဲဒီ ရည်ရွယ် ချက်ကို အ ကောင် အထည်ဖေါ်ဖို့ တည်ရှိ နေကြ ရခြင်း ဖြစ်ပါတယ်။
(မသဲ ၁၆၊ ၁၃။ ၁၆၊ ၁၆-၁၈) ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ ကြွ တော်မူသော အခါ၊ လူများ တို့သည် လူသား ဖြစ်သော ငါ့ကို အဘယ်သူ ဖြစ်သည် ဆိုကြ သနည်းဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊ လူအချို့က ကိုယ်တော်သည် ဗတ္တိဇံ ဆရာ ယောဟန် ဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့က ယေရမိ မှစ၍ ပရောဖက် တပါးပါး ဖြစ်သည် ဟူ၍၎င်း ဆိုကြ ပါ၏ဟု လျှောက်ကြသော်၊ သင်တို့လည်း ငါ့ကို အဘယ်သူ ဖြစ်သည် ဆိုကြ သနည်းဟု မေးမြန်း တော်မူလျှင်၊ ရှိမုန် ပေတရုက၊ ကိုယ်တော် သည် ခရစ်တော် တည်းဟူသော အသက်ရှင် တော်မူသော ဘုရား သခင်၏ သားတော် ဖြစ်တော် မူသည်ဟု လျှောက်လေ၏။ ယေရှုကလည်း၊ ရှိမုန် ဗာယောန၊ သင်သည် မင်္ဂလာ ရှိ၏။ အ ကြောင်း မူကား၊ အ သွေး အသား သည် ဤအ ကြောင်း အရာကို သင့်အား ဘော်ပြသည် မဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ခမည်း တော်သည် ဘော်ပြ တော် မူသတည်း။ ငါဆို သည်ကား၊ သင်သည် ပေတရု ဖြစ်၏။ ဤ ကျောက် ပေါ်မှာ ငါ့အသင်း ကို ငါတည် ဆောက်မည်။ ထိုအသင်းကို မရဏာ နိုင်ငံ၏ တံခါး တို့သည် မနိုင်ရာ
ကမ္ဘာ ပေါ်မှာ ဒေသန္တရ အသင်းတော် တပါးတည်း မရှိပါဘူး။ မြို့တစ်မြို့ ထဲမှာ တောင် ဒေသန္တရ အသင်း တော်ပေါင်း များစွာ ရှိနိုင် ပါတယ်။ ဒေသန္တရ အသင်း တော် တိုင်းကို ပထဝီဝင် မတူ ကွဲ ပြားတဲ့ နေရာ ဒေသ အနှံ့ ဘုရား သခင် တည်ဆောက် ထားပေး ခြင်း ကလည်း၊ မိမိတို့ ရှိရာ ရပ်မှာ ဘုရား သခင်ရဲ့ ဘုန်း တော်ကို ထွန်း လင်း ကြဖို့ ဖြစ်ပါတယ်။
လူအစု အဝေး ဆိုတဲ့ အသင်း တော်ရဲ့ သဘော သဘာ ၀ အနှစ် သာရကို တမန်တော် ရှင်ပေါလုရဲ့ ဧဖက် အသင်း တော်ထံ ပေးပို့တဲ့ စာထဲမှာ ရှင်းရှင်း လင်းလင်း သရုပ်ပြ ပုံဖေါ် ရေးသား ထားပါတယ်။ တမန်တော် ရှင်ပေါလု အ နေနဲ့ ခရစ် တော်နဲ့ အသင်း တော်ရဲ့ ဆက်ဆံ ပေါင်းသင်း မှုကို ခင်ပွန်း သည်နဲ့ ဇနီးသည် တို့ရဲ့ အကြား ဆက်ဆံ ပေါင်းသင်းမှု ပုံစံနဲ့ တင်စား သရုပ်ဖေါ် ရေးသား ထားတာ တွေ့ ရပါလိမ့်မယ်။
(ဧဖက် ၅၊ ၂၂-၂၃) အချင်း မိန်းမတို့၊ သခင် ဘုရား၏ အုပ်စိုးတော် မူခြင်းကို ဝန်ခံ သကဲ့သို့၊ ကိုယ်ခင် ပွန်း ၏ အုပ်စိုး ခြင်းကို ဝန်ခံ ကြ လော့။ အ ကြောင်း မူကား၊ ခရစ်တော် သည် အသင်း တော်၏ အ ပေါ်မှာ ခေါင်းဖြစ် တော်မူ သကဲ့သို့၊ ယောက်ျား သည် မိမိခင်ပွန်း ၏ အ ပေါ်မှာ ခေါင်းဖြစ်၏။ ခရစ် တော် သည်လည်း မိမိ ကိုယ်ကို ကယ်တင် သော သူ ဖြစ်တော် မူ၏။ အသင်း တော် သည် ခရစ် တော်၏ အုပ်စိုး တော် မူခြင်းကို ဝန်ခံ သကဲ့သို့၊ မိန်းမ တို့လည်း ကိုယ် ခင်ပွန်း ၏ အုပ်စိုး ခြင်းကို အရာ ရာ၌ ဝန်ခံရ ကြမည်။ အချင်း ယောက်ျား တို့၊ ခရစ်တော် သည် အသင်း တော်ကို ချစ်တော်မူ သကဲ့သို့၊ သင်တို့ လည်း ကိုယ် ခင်ပွန်းကို ချစ်ကြ လော့။ ထိုနည်းတူ၊ ယောက်ျား တို့သည် မိမိကိုယ်ကို ချစ် သကဲ့သို့ မိမိ ခင်ပွန်း တို့ကို ချစ်ရ ကြမည်။ ခင် ပွန်း ကို ချစ်သော သူသည် ကိုယ်ကို ချစ်သောသူ ဖြစ်၏။ ကိုယ် အသားကို မုန်းသောသူ တ ယောက်မျှ မရှိ။ ခရစ်တော် သည် အသင်း တော်ကို ကျွေးမွေး ပြုစုတော် မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့ အသားကို ကျွေးမွေး ပြုစု တတ်ကြ ၏။ အကယ် စင်စစ် ငါတို့သည် သခင် ဘုရား၏ သားတော်၊ အရိုးတော်တို့ အဝင်ဖြစ်၍၊ ကိုယ်တော် မြတ်၏ အင်္ဂါ ဖြစ်ကြ၏။ ထိုအ ကြောင်း ကြောင့် ယောက်ျား သည် ကိုယ် မိဘကို စန့်၍ ကိုယ် ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူ နှစ်ယောက် တို့သည် တသား တကိုယ်တည်း ဖြစ်ရ လိမ့်မည်။ ဤအရာ သည် အလန် နက်နဲသော အရာ ဖြစ်ပေ၏။ ထိုသို့ ငါဆိုသော်၊ ခရစ်တော် နှင့် အသင်း တော်ကို ရည်မှတ်၍ ဆိုသ တည်း။
ဒီအပိုင်း မှာတော့ ဒေသန္တရ အသင်း တော်ရဲ့ အခန်း ကဏ္ဍက ဘယ်လောက် အ ရေး ပါပြီး၊ ယုံကြည် သူတွေ ယုံကြည်ခြင်း ကြီးထွားဖို့၊ သမ္မာ တရားကို နားလည်ဖို့ ဒေသန္တရ အသင်း တော် (Local Church) မှာ တာဝန် အပြည့် ရှိကြောင်း တင်ပြ လိုပါတယ်။
သမ္မာတရား တည်ရာ ကျောရိုး (The Pillar of Truth)
ဒေသန္တရ အသင်းတော် (Local Church) ဟာ သမ္မာ တရား အတွက် မားမား မတ်မတ် ရပ်တည် ရမယ့် အမာ ခံ (ကျောရိုး) အဖြစ် ဘုရား သခင် အလိုတော် ရှိပါတယ်။ တမန် တော် ရှင်ပေါ လုက တိမော သေထံ စာရေးတဲ့ အခါ၊ အသင်း တော်ရဲ့ အနက် အဓိပ္ပါယ် ကို အောက်ပါ အတိုင်း ဖေါ်ပြ ထား ပါတယ်။
(၁တိ ၃၊ ၁၄-၁၅) မှာ၊ သင်တို့ ရှိရာသို့ ငါမြန်မြန် လာမည်ဟု မြော်လင့် ခြင်းရှိ သော်လည်း တာရှည် စွာ နေလျှင်၊ သင်သည် ဘုရား သခင်၏ အိမ်တော်၌ အဘယ်သို့ ကျင့်ကြံ ပြုမူ ရမည်ကို သိစေခြင်းငှါ ဤသို့ ငါရေး၍ ပေးလိုက်၏။ ထိုအိမ် တော်ကား အသက် ရှင်တော် မူသော ဘုရား သခင်၏ အသင်း တော် ဖြစ်၏။ ထိုအသင်း တော်ကား၊ သမ္မာ တရား၏ အမှီ တကဲ ဖြစ်၏။ သမ္မာ တရား တည်ရာ လည်းဖြစ်၏။
တမန် တော်ကြီး ရှင်ပေါလုက အသင်း တော်ကို သမ္မာ တရား၏ အမှီ တကဲ၊ သမ္မာ တရား၏ တည်ရာလို့ ဖေါ်ပြ ထားခြင်း ဟာ၊ အသင်းတော် အနေနဲ့ ဘုရား သခင်ရဲ့ နှုတ်က ပတ်တော် ကို ထိန်း သိမ်းဖို့၊ ကာကယွ် ဖို့၊ စောင့် ရှောက်ဖို့နဲ့ ဖြန့်ဝေဖို့ တာဝန် ရှိကြောင်း၊ အသင်း တော်မှာ ပါဝင် နေတဲ့ အသင်း သူ/သား ယုံကြည်သူ အားလုံး ဟာလည်း၊တစ်နေ့ထက် တစ်နေ့ နှုတ်က ပတ်တော်ကို သိ ကျွမ်းဖို့၊ ဝိညာဉ် ရေးရာ စဉ်ဆက် မပြတ် ကြီးထွား နေဖို့နဲ့၊ ဒေသန္တရ အသင်းတော် ဘက်က လည်း နှုတ်က ပတ်တော် အတိုင်း နာခံ လိုက် လျှောက်ပြီး၊ နှုတ်ကပတ် တော်ကို အဆက် မပြတ် သင်ကြား ပေးတဲ့ ဘုရားသခင် အလိုတော်ရှိတဲ့ သမ္မာတရား တည်ရာ အသင်း တော်တွေ ဖြစ်ဖို့၊
ဒီလို ဆောင်ရကွ် မှုတွေ က နေ အကျိုး ရလဒ် များစွာ ထွက်ပေါ် လာဖို့ အတွက်၊ နေ့စဉ်နဲ့ အမျှ စဉ်းစား ကြံစည် အားထုတ် လုပ်ဆောင် နေရ မယ်လို့ နှိုးဆော် သတိ ပေးထား ခြင်းဘဲ ဖြစ်ပါ တယ်။
(ယော ဟန် ၇၊ ၃၈) ငါ့ကို ယုံကြည် သော သူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေ ထွက် ရာ စမ်းရေ တွင်း ဖြစ်လိမ့် မည်ဟု မိန့်တော် မူ၏။
ခရစ်တော်၏ ကိုယ်ခန္ဓာ (Body of Christ)
ဒေသန္တရ အသင်း တော်သည် ဦးခေါင်း ဖြစ်တဲ့ ခရစ် တော်ရဲ့ ခန္ဓာ (ကိုယ်) ဖြစ် ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တမန်တော် ရှင်ပေါလုက သွန် သင် ထားတာ တေ့ွရ ပါတယ်။
(ဧဖက် ၁၊ ၂၂-၂၃) မှာ ခြေဘဝါး တော် အောက်သို့ အလုံးစုံ တို့ကို ချထား သဖြင့်၊ အသင်း တော် အဖို့ အလိုငှါ၊ သူ့ကို အလုံးစုံ တို့၏ အချုပ် အခြာ ဦးခေါင်း ဖြစ်စေ တော်မူ၏။ ထိုအသင်း တော်ကား အလုံးစုံ တို့ကို အလုံးစုံ တို့နှင့် ပြည့်စုံ စေတော် မူသော သူ၏ ပြည့်စုံခြင်း တည်း ဟူသော ခရစ် တော်၏ ကိုယ် ဖြစ်သ တည်း။
ဒီအချက်က ခရစ် ယာန် ယုံကြည် သူတိုင်းနဲ့ အသင်း တော်တိုင်း ခရစ်တော် ကိုဘဲ ဗဟိုပြု ရမယ်လို့ အလေး အနက်ထား သွန် သင်  ထားခြင်း ဖြစ်ပါတယ်။ အသင်း တော်မှာ ပါဝင် နေတဲ့ အင်္ဂါ အစိတ် အပိုင်း တိုင်းဟာ လည်း၊ သက်ဝင် လှုပ်ရှား ရှင်သန် နေရုံ သာ မက၊ အဲဒီ အင်္ဂါ အစိတ် အပိုင်း အားလုံးရဲ့ အချင်းချင်း ဆက်ဆံမှု၊ ဦးခေါင်း ဖြစ်တဲ့ ခရစ်တော်နဲ့ အသင်း တော် ဖြစ်တဲ့ ခန္ဓာ တို့ရဲ့ အပြန် အလှန် ဆက်ဆံမှု အားလုံး၊ မှန်ကန် ညီညွှတ် မျှတမှု နေရုံ သာမက၊ ခရစ်တော် တပါးတည်းရဲ့ စီမံကပွ် ကဲ လမ်းပြမှု အောက်မှာ အင်္ဂါ အစိတ် အပိုင်း အားလုံး ခရစ် တော်ရဲ့ စကား တော် အတိုင်း နာခံ လိုက်လျှောက် အသက် ရှင် နေထိုင်ဖို့၊ တနည်း အားဖြင့် ခရစ် တော်ကို ဗဟိုပြု တဲ့ အသက် တာနဲ့ အသက် ရှင်ကြ ဖို့ သွန် သင် ထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် အသင်းတော် တစ်ရပ်လုံး အ နေနဲ့၊ တစ်နေ့ ထက် တစ်နေ့ ခရစ် တော်နဲ့ ပိုမို ရင်းနှီး ကျွမ်းဝင်ဖို့ ဆန္ဒ ပြင်းပြ နေရမယ့် အပြင်၊ ခရစ် တော်ကို ဗဟို ပြုခြင်း အားဖြင့် ရရှိလာတဲ့ ရလဒ် (အသီး အပငွ့် မှန်သမျှ ကိုလည်း၊ ဦးခေါင်း ဖြစ်တဲ့ ခရစ်တော်နဲ့ ဆက်နေတဲ့ ဒေသန္တရ အသင်း တော်နဲ့ ချိတ်ဆက် ကာ၊ တိုးပွား သ ထက် တိုး ပွား အောင် အားထုပ် လုပ်ဆောင် နေရမှာ ဖြစ်ပါ တယ်။ ဒါကို အသင်းတော် အ ခြေပြု သာသနာ ပြုခြင်း (Church based Mission) လို့ ခေါ်ပါတယ်။ သာသနာ ပြုခြင်း လုပ်ငန်း မှန်သမျှဟာ ဒေသန္တရ အသင်း တော် တပါး ပါးကို မဖြစ် မ နေ အ ခြေခံ လုပ်ဆောင် ရမှာ ဖြစ်ပါ တယ်။ ဆိုလို တာက ဒေသန္တရ အသင်းတော် တစ်ပါးမှာ ပါဝင် နေတဲ့ အသင်း သူ/သား တေဟွာ တ ယောက် နဲ့ တ ယောက် ဆုကျေး ဇူးချင်း မတူကြ ပေမယ့်၊ အားလုံးက အသင်း တော်ကို အလုပ် အ ကြွေး ပြုဖို့၊ တနည်း အားဖြင့် မိမိတို့ ပါဝင် နေတဲ့ ခရစ် တော်ရဲ့ ခန္ဓာ အစိတ် အပိုင်းထဲ အသင်းသား အသင်းသူ သစ်တေကွို ထပ်ပြီး ခေါ်ဆောင် လာဖို့၊ ဒါ့အပြင် သူတို့ကို ခရစ်တော်၌ ကြီးထွား  ရင့်ကျက် သူတွေ (ခရစ်တော်ရဲ့ တပည့်တော်) ဖြစ်စေဖို့၊ ရလဒ် ကောင်း အသီး တွေနဲ့ အစဉ် အမြဲ ဝေဆာ နေတဲ့ ဒေသန္တရ အသင်း တော်နဲ့ အင်္ဂါ အစိတ် အပိုင်းတွေ ဖြစ်ဖို့ ဆိုလို တာဖြစ် ပါတယ်။
(ဧဖက် ၄၊ ၁၁-၁၃) ခရစ် တော်၏ ကိုယ် တော်ကို တည် ဆောက်၍၊ ဓမ္မ ဆရာ၏ အမှုကို ပြုတတ် မည် အ ကြောင်း၊ သန့်ရှင်း သူတို့ကို ပြင်ဆင်ခြင်း အလိုငှါ၊ ထိုသခင် သည် လူအချို့ တို့ကို တမန် တော် အရာ၌၎င်း၊ အချို့ တို့ကို ပရော ဖက် အရာ၌ ၎င်း၊ အချို့ တို့ကို သာသ နာပြု အရာ၌ ၎င်း၊ အချို့ တို့ကို သင်းအုပ် အရာ၊ ဆရာ အရာ ၌၎င်း၊ ခန့်ထား တော်မူ၏။ ငါတို့ ရှိသမျှ သည် ယုံကြည် ခြင်း သို့၎င်း၊ ဘုရား သခင်၏ သားတော်ကို သိကျွမ်း ခြင်း သို့၎င်း၊ တညီတ ညွတ် တည်း ရောက်၍ ခရစ် တော်၏ ပြည့်စုံခြင်း ပမာဏ အရပ် တည်း ဟူသော ကြီးရင့် သော လူ၏ အဖြစ်သို့ ရောက်ကြ သည် တိုင်အောင် ဖြစ်သတည်း။
ဒါကြောင့် ဒေသန္တရ အသင်း တော်တွေ မှာ ပါဝင် နေတဲ့ အသင်း သူ/သား တိုင်းဟာ၊ ခရစ် တော်၌ ကြီးထွား ရင့်ကျက် သူတွေ ဖြစ်ဖို့၊ ဘုရား သခင်ရဲ့ အမှုတော် မြတ်မှာ အသီး များစွာ သီးစေဖို့၊ မိမိ ကျရာ အခန်း ကဏ္ဍမှာ စဉ်ဆက် မပြတ် သစ္စာ ရှိစွာ တာဝန်ယူ ဆက်ကပ် အစေခံ နေရမယ့် သူတွေ ဖြစ်ဖို့ လိုပါတယ်။ ဒါမှဘဲ အသင်း တော်ဟာ သမ္မာ တရား တည်ရာ၊ သမ္မာ တရား၏ အမှီ တကဲ ဖြစ်လာပြီး၊ ဘုရား သခင် ရွေး ကောက် ခေါ်ယူတဲ့ သူရှိ သမျှ (သင်းအုပ်၊ သင်ကြားသူ၊ ဧဝံဂေလိ အမှုတော် ဆောင်) မှအစ ယုံကြည် သူတိုင်း ဟာလည်း၊ ဒေသန္တရ အသင်း တော်ရဲ့ သက်ဝင် လှုပ်ရှား ရှင်သန် နေတဲ့ အင်္ဂါ အစိတ် အပိုင်းတွေ ဖြစ်လာပါ လိမ့်မယ်။ အသင်း သူ/သား တွေ အားဖြင့် နောက်ထပ် အသင်း တော်သစ် တည် ထောင်ဖို့ လုပ်ငန်း တွေ ဆောင်ရွက် နိုင်သလို၊ အသင်း တော် အ နေနဲ့လည်း ကိုယ့်အ သင်းသူ/သား တွေရဲ့ လိုအပ်ချက် တွေကို မျက်ခြေ မပြတ် ဖြည့်တင်း တတ်ဆင် ပေးနေ ရမှာ ဖြစ်ပါတယ်။
ဒီလို နည်းနဲ့ အသင်း သူ/သား အားဖြင့် လုပ်ဆောင် နေတဲ့ အသင်းတော် အ ခြေပြု အမှုတော် လုပ်ငန်း ကိုလည်း ကြီး ထွား လာစေ မှာဖြစ်ပြီး၊ အသီး များ စွာ လည်း သီးနိုင်မှာ ဖြစ်ပါတယ်။ (ဒီနေ ရာမှာ အရေး တကြီး သတိ ပေးလို တာက၊ ကိုယ့် သဘော ကိုယ့် ဆန္ဒကို ရှေ့တန်း မတင် မိဖို့နဲ့ အားလုံး ခရစ်တော် ကိုဘဲ ဗဟို ပြုလုပ် ဆောင် ရမယ် ဆိုတာ သတိ ကြီးစွာ ထားပြီး လုပ်ဆောင် ရ မှာ ဖြစ်ပါ တယ်။ စာတန်က ဝင်ရောက် ဖျက်ဆီးဖို့ အမြဲ တ စေ ချောင်းမြောင်း နေတာကို သတိယ စေလို ပါတယ်)။
(၁ ပေ ၅၊ ၈) သမ္မာ သတိ ရှိလျက် မအိပ်ဘဲ စောင့်နေ ကြ လော့။ သင်တို့၏ ရန်သူ တည်းဟူ သော မာရ်နတ် သည်၊ ဟောက်သော ခြ င်္သေ့ ကဲ့သို့ အဘယ် သူကို မျိုရ မည်နည်း ဟူ၍ လှည့်လည် ရှာဖွေ လျက် ရှိ၏။
လူသား တိုင်းတွက် အမှုတော်မြတ်|-
ဒေသန္တရ အသင်း တော် ဆိုတာ ဘုရား သခင်၌ ကြီး ထွား ရင့်ကျက်ဖို့ ရှာဖွေ နေတဲ့ သူ
တွေနဲ့ ခရစ်ယာန် ယုံကြည် ခြင်းကို ပိုမို သင်ကြား ခံယူ လိုတဲ့ မည်သူ မဆို အတွက် တန်ဘိုး မဖြတ် နိုင်တဲ့ အသင်း တော် ဖြစ်ပါတယ်။
ဘုရား သခင်ဟာ မိမိရဲ့ အမှုတော် လုပ်ငန်းကို
(၁) တပည့် တော် ပြုစုပျိုး ထောင် ခြင်း
(၂)ဒေ သန္တရ အသင်း တော် တည်ထောင်ခြင်း စတဲ့ နည်း လမ်းများနဲ့ လုပ်ဆောင် နေတဲ့ ဘုရား ဖြစ် ပါတယ်။
ဒါကြောင့် အသင်းသူ အသင်းသား တိုင်းဟာ မိမိအား ဘုရား သခင် ခွဲခန့် မှတ်သား ခန့်အပ် ထားတဲ့ လောကရှိ ဒေသန္တရ အသင်းတော်ရဲ့ ချိန်းချက်တဲ့ အချိန် တိုင်း၊ မပျက် မကွက် တက် ရောက် ပါဝင် သင့်ပါ တယ်။
ဒေသန္တရ အသင်း တော် ဆိုတာ မရှိမဖြစ် လိုအပ် ချက် ဖြစ်သလို၊ ယုံကြည် သူတိုင်း ဟာ လည်း မဖြစ် မ နေ အသက် တာ၌ ကြီးထွား ရင့်ကျက် နေဖို့နဲ့ ဘုရား အတကွ်အသီး များစွာ သီးတဲ့ ယုံကြည် သူတွေ ဖြစ်ဖို့ လိုပါတယ်၊ ကြီးထွား ရင့်ကျက်ဖို့၊ ဘုရား သခင် အတွက် အသီး သီးဖို့ မလိုတဲ့ ခရစ် ယာန် ယုံကြည်သူ ဆိုတာ လုံး၀ မရှိပါဘူး။
အချို့ ခရစ်ယာန် တွေက ဒေသန္တရ အသင်းတော် တပါးပါး မှာ ပါဝင် ဖို့မလို ပါဘူး၊ ကိုယ့်ဖာသာ ကိုယ် လတွ်လတွ် လပ်လပ် နေလို့လည်း ရပါတယ် ဆိုပြီး လွဲမှားစွာ အသက် ရှင်နေ တတ်ကြ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နှုတ်က ပတ်တော်က..
(ဟေဗြဲ ၁၀၊ ၂၄-၂၅) ထိုမှတပါး၊ မေတ္တာ စိတ်ရှိ စေခြင်း ငှါ၎င်း၊ ကောင်းသော အကျင့်ကို ကျင့်စေ ခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော် ရ သော အခွင့်ကို ရှာ၍၊ အချင်းချင်း တ ယောက်ကို တ ယောက် ထောက်စာ ကြည့်ရှု ကြကုန်အံ့။ လူအချို့ တို့၏ ထုံးစံရှိသည် အတိုင်း၊ အချင်းချင်း စည်းဝေးခြင်း အမှုကို မ ရှောင်မလွှဲကြနှင့်။ အချင်းချင်း တို့ကို တိုက်တွန်း နှိုးဆော် ကြ လော့။ ကာလ အချိန် ရောက်လု နီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြ လော့။
နိဂုံး။
ဒါကြောင့် ခရစ်တော်ကို ယုံကြည်တဲ့ ယုံကြည်သူ မှန်ယင်၊ ဒေသန္တရ အသင်းတော် တပါးပါးရဲ့ အသင်း သူ/သား ဖြစ်ဖို့ လိုသလို၊မိမိ ရှိ နေတဲ့၊ ပါဝင် နေတဲ့၊ အသက်ရှင် နေတဲ့၊ ပထဝီ ဝင်နဲ့ ဆိုင်တဲ့ ဒေသမှာ မိမိ အားဖြင့် ဘုရား သခင့် အလိုတော် ပြည့်စုံဖို့ရန် သခင် ဘုရား အလိုတော် ရှိနေပါတယ်။ ဒေသန္တရ အသင်း တော်နဲ့ မပြတ် တမ်း ချိတ်ဆက် ပါဝင် နေခြင်း ဟာ၊ သမ္မာ တရား ရဲ့ အမှီ တကဲ ဖြစ်တဲ့ အသင်းတော် အားဖြင့် သင့်ရဲ့ ဝိညာဉ် ရေးရာကို ကြီးထ ွား ရှင်သန် စေသလို၊ သင့် အားဖြင့် အသီး များစွာ သီးဖို့ဘုရား သခင် အလို တော် ရှိပါကြောင်း မေတ္တာဖြင့် မျှ ဝေ လိုက်ရပါတယ်။
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)
(Zawgyi)
နိဒါန်း။
အချို့က အသင်း တော် တစ်ပါး ပါးထဲ သင်းပြောင်း တာကို သာရေး၊ နာရေး အတက်ွဆိုပြီး လွဲမှားစွာ ခံယူ နေကြ တာလည်း တွေ့ ရ ပါတယ်။ နှစ်ခြင်း မင်္ဂလာ ခံယူ ပြီးသူ တိုင်းဟာ အထက်က ဖေါ်ပြ သလို ဒေသန္တရ အသင်း တော် တပါး ပါးရဲ့ အသင်း သား/သူ ဖြစ်ခငွ့် ရသလို တဖက် မှာလည်း နှစ်ခြင်း မင်္ဂလာ ခံယူ ပြီးတာနဲ့ တစ်ပြိုင်နက်၊ ကမ္ဘာ တစ်ခု လုံးနဲ့ သက်ဆိုင်တဲ့၊ ခရစ် တော်ကို  ကယ်တင် ပိုင်ရှင် အဖြစ် လက်ခံ ယုံကြည်သူ အားလုံး ပါဝင်တဲ့၊ လိပ်စာမရှိ၊ ဧရိယာ အကျယ် အဝန်း တိုင်းတာ ပြလို့ မရနိုင်တဲ့၊ ဟောဒီမှာ.. ဟောဟိုမှာ ဆိုပြီး လက်ညိုး ထိုးပြလို့ မရတဲ့ တစ်ခု တည်းသော ကမ္ဘာ့ အသင်း တော်ကြီးရဲ့ အသင်း သူ/သား (membership of Universal Church or invisible Church) ဖြစ်ခငွ့်ရ ကြောင်း ကိုလည်း သမ္မာ ကျမ်းစာက သန်ွသင် ထားပါတယ်။
(၁တိ ၄း၂) နောင်ကာ လ၌ သြတ္တပ္ပ စိတ်တွင် သံပူနှင့် ခတ်ခြင်း ကို ခံပြီး လျှင်၊ မုသာ စကားကို ပြောတတ် သောသူ တို့၏ လျှို့ ဝှက်ခြင်း အားဖြင့်၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့် ပယ်၍၊ လှည့်ဖြား တတ်သော စိတ် ဝိညာဉ် တို့၌၎င်း၊ နတ် ဘုရား တို့နှင့် စပ်ဆိုင် သော သြဝါဒ တို့၌၎င်း မှီဝဲ ဆည်းကပ် ကြလိမ့် မည်။
အသင်းတော်ဆိုသည်မှာ|-