● ရေအားဖြင့် ခံယူသော ဗတ္တိဇံ (Water Baptism) ...

● ဝိညာဉ်တော် တစ်ပါးတည်း ထဲသို့ ခံယူသော ဗတ္တိဇံ ...

Baptism Into One Body by on Scribd

● ရေအားဖြင့် ခံယူသော ဗတ္တိဇံ (Water Baptism) ...



နိဒါန်း။
ရေနဲ့ ခံယူတဲ့ ဗတ္တိဇံ ဆိုတာ ကတော့၊ ယေရှု ခရစ်တော်ကို ကယ်တင် ပိုင်ရှင် အဖြစ် ယုံကြည် လက်ခံတဲ့ သူတွေကို ပေးတဲ့ ဗတ္တိဇံ ဖြစ်ပါတယ်။ တနည်း ပြောရယင်၊ ရေနဲ့ ဗတ္တိဇံ ခံပြီးမှ ခရစ်တော်ကို ယုံကြည်တာ မဟုတ်ဘဲ၊ ခရစ်တော်ကို ယုံကြည်လို့ ရေနဲ့ ဗတ္တိဇံ ခံယူတာ ဖြစ်ပါတယ်။ ခရစ်တော် ကို ကယ်တင် ပိုင်ရှင် အဖြစ် လက်ခံ ယုံကြည် ပါတယ် ဆိုတဲ့ ကိုယ့်ရဲ့ စိတ်နှ လုံးသား ထဲက အမှန် တရားကို ပြင်ပ လက္ခဏာ ဖြစ်တဲ့ ကိုယ်ကာယနဲ့ ထုပ်ဖော် ပြသတာ ဖြစ်ပါတယ်။ ရေထဲနှစ် လိုက်တဲ့ အဓိပ္ပါယ် ကတော့၊ (၁)ကျွန်ုပ်ဟာ အပြစ်သား တစ်ယောက် ဖြစ်လို့  အပြစ်ရဲ့ အဖိုးအခ အတိုင်း အသေ ခံရတဲ့ သူပါလို့ ဝန်ခံ လိုက်ခြင်း။

(ရောမ ၆၊ ၂၃)|-
အပြစ် တရား၏ အခကား သေခြင်း ပေတည်း။ ဘုရားသခင် ပေးတော် မူသော ဆုကျေးဇူး တော်ကား၊ ငါတို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရ အသက် ပေတည်း။

နောက် အဓိပ္ပါယ် တစ်ခုက (၂)ကျွန်ုပ် အပြစ် အတွက်  ခရစ်တော်ရဲ့ အသေခံ ခြင်း (အသွေး သွန်းခြင်း၊ အသက် စွန့်ခြင်း) နဲ့ ဆေးကြော ကြောင်း။

(၁ပေ ၃၊ ၂၁)|-
ယခုတွင် ဗတ္တိဇံ သည် ယေရှုခရစ် ထမြောက်တော် မူသော အားဖြင့်၊ ငါတို့ကို ကယ်တင် တတ်၏။ ဗတ္တိဇံ ဟုဆိုသော်၊ ကိုယ် ကာယ၏ အညစ် အကြေး ဆေးကြော ခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ် သိသောစိတ် ကြည်လင်၍၊ ဘုရားသခင့် ရှေ့၌ ဝန်ခံခြင်းကို ဆိုလို သတည်း။  စတဲ့ အဓိပ္ပါယ်တွေ ဖြစ်ပါတယ်။

ရေထဲက ပြန်ပြီး ထလာ တဲ့ အဓိပ္ပါယ် ကတော့၊ ခရစ်တော်ဟာ သေခြင်းကို အောင်မြင်တဲ့ ဘုရား ဖြစ်သလို လူသားတိုင်း မလွဲဧကန် ရင်ဆိုင်ရတဲ့ အဖြစ်ရဲ့ အဖိုးအခ ဆိုတဲ့ သေခြင်းကို ခရစ်တော် အားဖြင့် ခရစ်တော် နဲ့အတူ ထာဝရ အသက်တာ သစ်နဲ့ ပြန်လည် ထမြောက်ခြင်း၊ ပြန်လည် မွေးဖွား ရှင်သန်ခွင့် ရရှိခြင်း (ဒုတိယ မွေးဖွားခြင်း)

(၂ကော ၅၊ ၁၇)|-
လူမည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်ပြု ပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့ သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ် ဖြစ်ကြပြီ။


(ယောဟန် ၃၊ ၃-၇)|-
ယေရှုက၊ ဒုတိယ မွေးခြင်းကို မခံသောသူ မည်သည် ကား၊ ဘုရား သခင်၏ နိုင်ငံတော်ကို မမြင်ရ ဟု ငါအမှန် အကန် ဆိုသည် ဟု ပြန်၍ မိန့်တော် မူ၏။ နိကောဒင် ကလည်း၊ အသက် ကြီးသော သူသည် မွေးခြင်းကို အဘယ် သို့ခံနိုင် ပါမည်နည်း။ အမိ ဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကို ခံနိုင် ပါမည် လောဟု လျှောက်၏။ ယေရှု ကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသော သူမည် သည်ကား၊ ဘုရား သခင်၏ နိုင်ငံ တော်သို့ မဝင်ရဟု ငါအမှန် အကန် ဆို၏။ ဇာတိ ပကတိ မွေးသော အရာသည် ဇာတိ ပကတိ ဖြစ်၏။ ဝိညာဉ် တော် မွေးသော အရာသည် ဝိညာဉ် ဖြစ်၏။ ဒုတိယ မွေးခြင်းကို ခံရမည်ဟု ငါဟော ပြောသည်ကို အံ့သြခြင်း မရှိနှင့်။

(ဂလာတိ ၂၊ ၁၉)|-
ငါသည် ခရစ်တော်နှင့် အတူ လက်ဝါး ကပ်တိုင်မှာ အသေခံပြီ။ သို့သော် လည်း အသက် ရှင်သေး၏။ ထိုသို့ ဆိုသော် ငါသည် ကိုယ်တိုင် မရှင်၊ ခရစ်တော် သည် ငါ၌ ရှင်တော် မူ၏။ ကိုယ်ခန္ဓာ၌ ယခု ငါရှင်သော အသက် သည် ဘုရား သခင်၏ သားတော် ကို ယုံကြည်ခြင်း အားဖြင့် တည်၏။ သားတော် သည် ငါ့ကို ချစ်၍ ငါ့အဘို့ ကိုယ်ကို ကိုယ်စွန့် တော်မူ၏။ ဖြစ်ပါတယ်။

သိသာ တာကတော့ ၊ ဗတ္တိဇံ ခံယူတဲ့ သူတစ် ယောက်ဟာ ခရစ် တော် အသေခံ သလို မိမိ အပြစ် သားဖြစ် ကြောင်း၊ ထိုအပြစ် အားလုံး ခရစ်တော် နှင့်အတူ သေဆုံး သွားပြီ ဖြစ်ကြောင်း၊ ရေသင်္ချိုင်း၌ မြုတ်နှံ သင်္ဂြိုလ်ခြင်း ခံပြီး ဖြစ်ကြောင်း၊ ခရစ်တော် နှင့်အတူ ပြန်လည် မွေးဖွားခြင်း ခံယူကြောင်း၊ မိမိ ၏အပြစ် အတွက် ခရစ်တော် ကယ်တင် တော်မူ ကြောင်းကို လူအများ ရှေ့မှာ ထုတ်ဖော် ပြသ လိုက်တာ လည်း ဖြစ်ပါတယ်။

(က)ဘာကြောင့် ရေထဲ အားလုံး မြုပ်အောင် နှစ်ရ တာလဲ။
၁- ဗတ္တိဇံ (အင်္ဂလိပ်) Baptism ဆိုတဲ့ မူရင်း Greek ဝေါဟာရ ကတော့ baptizo ဖြစ် သလို၊ to dip ရေထဲသို့ (သို့) immerse နှစ်မြုပ်ခြင်း၊ နှစ်ခြင်း ဆိုတဲ့ အဓိပ္ပါယ် တွေရှိ ပါတယ်။ ဒီဝေါဟာရဟာ ပိတ်ကို အရောင် ဆိုးဖို့ ဆေးရောင် ထည့်ထားတဲ့ အင်တုံထဲ ပိတ်စ နေရာလွတ် မရှိအောင် အရောင် အားလုံး ပြောင်းသွားဖို့ လုံးလုံး နှစ်မြုပ် လိုက်တယ် ဆိုတဲ့ ဝေါဟာရ အဖြစ် အသုံးပြု ပါတယ်။

၂- (ယောဟန် ၃၊ ၂၃)မှာ၊ ယောဟန် သည်လည်း ရှာလိမ်မြို့ နှင့်အနီး အဲနုန် အရပ်၌ ရေများ သောကြောင့်၊ ဗတ္တိဇံကို ပေး၍ နေသဖြင့်၊ လူများ တို့သည် လာ၍ ဗတ္တိဇံကို ခံကြ၏။ ဒီကျမ်းချက် အရ ရေများ သောကြောင့် ဆိုတဲ့ အတွက် immerse ရေထဲ နှစ်ခြင်း တယ်လို့ မှတ်ယူ နိုင်ပါတယ်။

၃- နှစ်မြုပ် မှသာ မြုပ်နှံခြင်း သင်္ဂြိုလ်လိုခြင်းရဲ့ သဘောကို ပုံဆောင်မှာ ဖြစ်ပါတယ်။

(ရောမ ၆၊ ၄) ထိုကြောင့်၊ အသေခံ တော်မူ ခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့် အတူ သင်္ဂြိုဟ် ခြင်းကို ခံကြ၏။ အကြောင်း မူကား၊ ခရစ်တော် သည် ခမည်းတော်၏ ဘုန်းတန်ခိုး အားဖြင့် သေခြင်းမှ ထမြောက် တော်မူသည် နည်းတူ၊ ငါတို့သည် လည်း အသစ်သော အသက်၌ ကျင်လည် ရကြ သတည်း။

(ကောလောသဲ ၂၊ ၁၂) ဗတ္တိဇံ အားဖြင့် ထိုသခင် နှင့် အတူ သင်္ဂြိုဟ် ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူသော ဘုရား သခင်၏ ပြုပြင် အားထုတ် တော်မူခြင်း ကို ယုံကြည်သော အားဖြင့်၊ ဗတ္တိဇံကို ခံ၍ ထိုသခင်နှင့် အတူ ထမြောက် ခြင်းသို့ ရောက်ကြ ၏။

(ခ)ဘာကြောင့် နှစ်ခြင်း (ဗတ္တိဇံ) ခံယူဖို့ လိုတာလဲ။ (ကျမ်းပိုဒ် များနဲ့ ယှဉ်တွဲပြီး လေ့လာပါ)

၁- ခရစ်တော် ကိုယ်တိုင် မှာကြား ထားလို့ (မသဲ ၂၈၊ ၁၉)
၂- ဘုရား သခင်ထံ သြတ္တပ္ပစိတ် ရှင်းရှင်းနဲ့  အာမခံ (အပေါင်) ထားဖို့ (၁ပေ ၃၊ ၂၁)
၃- ခရစ်တော် ကိုယ်၌ ခံယူခဲ့လို့ (မသဲ ၃၊ ၁၃-၁၇)
၄- လိုက်လျှောက် ရမယ့် မင်္ဂလာဝတ် တစ်ပါး ဖြစ်လို့ (ကောလောသဲ ၂၊ ၁၁-၁၂)
၅- ရှေးကနဦး အသင်းတော် တွေအနေနဲ့ အလေးထား လုပ်ဆောင်ခဲ့လို့ (တမန် ၂၊ ၂၄။ ၁၀၊ ၄၇-၄၈)
၆- ရေအားဖြင့် ဗတ္တိဇံ ဟာ ဆေးကြောခြင်း၊ သန့်ရှင်း စင်ကြယ် စေခြင်းရဲ သင်္ကေတ (တမန် ၂၂၊ ၁၆)၊ ကျွန်ုပ်တို့ဟာ ခရစ်တော်ရဲ့ အသွေးတော်နဲ့ ဆေးကြော ခံရခြင်း (ဗျျာ ၁၊ ၅)၊ ကျွန်ုပ်တို့ဟာ ဘုရား သခင်ရဲ့ နှုတ်ကပတ် တော်နဲ့ ဆေးကြော ခံရခြင်း (ယော ၁၅၊ ၃)၊ အပြစ်မှ ကျွန်ုပ်တို့ကို ဆေးကြော ခြင်း၊ သန့်စင်ခြင်း ဆိုတဲ့ ရေ၌ဗတ္တိဇံ ခံခြင်းဟာ သင်္ကေတ ဖြစ်သလို စမ်းသပ် စစ်ဆေးမှု တစ်ခု ဖြစ်နေခြင်း။
၇- အတွင်းမှ နောင်တရ ခြင်းကို ပြင်ပ အားဖြင့် ထုပ်ဖော် ခြင်း။ ခရစ်တော် နှင့်အတူ ရှိနေပြီး ဖြစ်ကြောင်းကို ထုပ်ဖော် ပြသခြင်း စတဲ့ အချက် တွေကြောင့် နှစ်ခြင်း (ဗတ္တိဇံ)ကို ခံယူဖို့ လိုအပ် ပါတယ် (ရောမ ၆၊ ၁-၁၁) မဖြစ် မနေ ဖတ်ရန်။

(ဂ) ဝန်ခံမှု အပေါင်းနှင့် ပြည့်ဝသော ရေနှင့် ခံယူသည့် ဗတ္တိဇံ။

- နိုင်ငံတော် နှင့်ဆိုင်သော ဝန်ခံမှု
(ခရစ်တော်၏ အသေခံခြင်း၊ ထမြောက်ခြင်း) (၁ကော ၁၅၊ ၃-၄)
- အသင်းတော် နှင့်ဆိုင်သော ဝန်ခံမှု
(ကျွန်ုပ်တို့သည် အသင်း တော်၏ အင်္ဂါ အစိပ် အပိုင်း ဖြစ်ခြင်း)
- လောက ကမ္ဘာနှင့် ဆိုင်သော ဝန်ခံမှု
(အလိုတော် ပြည့်စုံရန် ကျွန်ုပ်တို့ ပါဝင် နေခြင်း)

- စာတန်နှင့် မသက်ဆိုင် တော့ကြောင်း ဝန်ခံမှု
(စာတန်နှင့် ဆက်သွယ်မှု အားလုံး ချုပ်ငြိမ်းပြီး၊ ဘုရား ဘက်၌ ရှိခြင်း)
ရေအားဖြင့် ခံယူတဲ့ ဗတ္တိဇံရဲ့ အနှစ်ချုပ်က၊ အပြစ်သား ဘဝကနေ နောင်တရပြီး လူဟောင်း ဘဝကို ရေသင်္ချိုင်းမှာ သင်္ဂြိုလ် လိုက်ခြင်း (သေဆုံး သွားခြင်း)၊ အပြစ် ရှိသမျှကို ဆေးကြောခြင်း (ဒုတိယ မွေးဖွားခြင်း)၊ (ခရစ်တော်နဲ့ အတူ ၊ ခရစ်တော် ပေးတဲ့ ခရစ်တော် ပိုင်သတဲ့ အသက်တာ အသစ် ရရှိခြင်း)၊ အပြစ်နဲ့ ဆိုင်တဲ့ ကိုယ်ကာယ ပျက်စီး သွားတဲ့နောက်၊ ခရစ်တော် သေခြင်းကနေ ထမြောက် သလို၊ ထာဝရ အသက်နဲ့ ထမြောက် မယ်ဆိုတဲ့ ထုပ်ဖော် ပြသ အတည်ပြုတာ ဖြစ်ပါတယ်။


"သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ခံယူသော ဗတ္တိဇံ" အား ဆက်လက် ဖော်ပြ ပေးပါမည်|-

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)
 

(Zawgyi)
 

နိဒါန္း။
ေရနဲ႔ ခံယူတဲ့ ဗတၱိဇံ ဆိုတာ ကေတာ့၊ ေယ႐ႈ ခရစ္ေတာ္ကို ကယ္တင္ ပိုင္ရွင္ အျဖစ္ ယံုၾကည္ လက္ခံတဲ့ သူေတြကို ေပးတဲ့့ ဗတၱိဇံ ျဖစ္ပါတယ္။ တနည္း ေျပာရယင္၊ ေရနဲ႔ ဗတၱိဇံ ခံၿပီးမွ ခရစ္ေတာ္ကို ယံုၾကည္တာ မဟုတ္ဘဲ၊ ခရစ္ေတာ္ကို ယံုၾကည္လို႔ ေရနဲ႔ ဗတၱိဇံ ခံယူတာ ျဖစ္ပါတယ္။ ခရစ္ေတာ္ ကို ကယ္တင္ ပိုင္ရွင္ အျဖစ္ လက္ခံ ယံုၾကည္ ပါတယ္ ဆိုတဲ့ ကိုယ့္ရဲ႕ စိတ္ႏွ လံုးသား ထဲက အမွန္ တရားကို ျပင္ပ လကၡဏာ ျဖစ္တဲ့ ကိုယ္ကာယနဲ႔ ထုပ္ေဖာ္ ျပသတာ ျဖစ္ပါတယ္။

ေရထဲႏွစ္ လိုက္တဲ့ အဓိပၸါယ္ ကေတာ့၊ (၁)ကြၽႏ္ုပ္ဟာ အျပစ္သား တစ္ေယာက္ ျဖစ္လို႔  အျပစ္ရဲ႕ အဖိုးအခ အတိုင္း အေသ ခံရတဲ့ သူပါလို႔ ၀န္ခံ လိုက္ျခင္း။

(ေရာမ ၆း၂၃)|-
အျပစ္ တရား၏ အခကား ေသျခင္း ေပတည္း။ ဘုုရားသခင္ ေပးေတာ္ မူေသာ ဆုေက်းဇူး ေတာ္ကား၊ ငါတို႔ သခင္ ေယရႈ ခရစ္အားျဖင့္ ထာဝရ အသက္ ေပတည္း။

ေနာက္ အဓိပၸါယ္ တစ္ခုက (၂)ကြၽႏ္ုပ္ အျပစ္ အတြက္  ခရစ္ေတာ္ရဲ႕ အေသခံ ျခင္း (အေသြး သြန္းျခင္း၊ အသက္ စြန္႔ျခင္း) နဲ႔ ေဆးေၾကာ ေၾကာင္း။

(၁ေပ ၃း၂၁)|-
ယခုတြင္ ဗတၱိဇံ သည္ ေယရႈခရစ္ ထေျမာက္ေတာ္ မူေသာ အားျဖင့္၊ ငါတို႔ကို ကယ္တင္ တတ္၏။ ဗတၱိဇံ ဟုဆိုေသာ္၊ ကိုယ္ ကာယ၏ အညစ္ အေၾကး ေဆးေၾကာ ျခင္းကို မဆိုလို။ ကိုယ္ကိုကိုယ္ သိေသာစိတ္ ၾကည္လင္၍၊ ဘုရားသခင့္ ေရွ႔၌ ဝန္ခံျခင္းကို ဆိုလို သတည္း။  စတဲ့ အဓိပၸါယ္ေတြ ျဖစ္ပါတယ္။

ေရထဲက ျပန္ၿပီး ထလာ တဲ့ အဓိပၸါယ္ ကေတာ့၊ ခရစ္ေတာ္ဟာ ေသျခင္းကို ေအာင္ျမင္တဲ့ ဘုရား ျဖစ္သလို လူသားတိုင္း မလြဲဧကန္ ရင္ဆိုင္ရတဲ့ အျဖစ္ရဲ႕ အဖိုးအခ ဆိုတဲ့ ေသျခင္းကို ခရစ္ေတာ္ အားျဖင့္ ခရစ္ေတာ္ နဲ႔အတူ ထာ၀ရ အသက္တာ သစ္နဲ႔ ျပန္လည္ ထေျမာက္ျခင္း၊ ျပန္လည္ ေမြးဖြား ရွင္သန္ခြင့္ ရရွိျခင္း (ဒုတိယ ေမြးဖြားျခင္း)

(၂ေကာ ၅း၁၇)|-
လူမည္သည္ကား၊ ခရစ္ေတာ္၌ ရွိလွ်င္ အသစ္ျပဳ ျပင္ေသာ သတၱဝါျဖစ္၏။ ေဟာင္းေသာ အရာတို႔ သည္ ေျပာင္းလဲ၍ ခပ္သိမ္းေသာ အရာတို႔သည္ အသစ္ ျဖစ္ၾကၿပီ။

(ေယာဟန္ ၃း၃-၇)|-
ေယရႈက၊ ဒုတိယ ေမြးျခင္းကို မခံေသာသူ မည္သည္ ကား၊ ဘုရား သခင္၏ ႏိုင္ငံေတာ္ကို မျမင္ရ ဟု ငါအမွန္ အကန္ ဆိုသည္ ဟု ျပန္၍ မိန္႔ေတာ္ မူ၏။ နိေကာဒင္ ကလည္း၊ အသက္ ႀကီးေသာ သူသည္ ေမြးျခင္းကို အဘယ္ သို႔ခံႏိုင္ ပါမည္နည္း။ အမိ ဝမ္းထဲသို႔ တဖန္ဝင္၍ ေမြးျခင္းကို ခံႏိုင္ ပါမည္ ေလာဟု ေလွ်ာက္၏။ ေယရႈ ကလည္း၊ ေရႏွင့္ ဝိညာဥ္ေတာ္ မေမြးေသာ သူမည္ သည္ကား၊ ဘုရား သခင္၏ ႏိုင္ငံ ေတာ္သို႔ မဝင္ရဟု ငါအမွန္ အကန္ ဆို၏။ ဇာတိ ပကတိ ေမြးေသာ အရာသည္ ဇာတိ ပကတိ ျဖစ္၏။ ဝိညာဥ္ ေတာ္ ေမြးေသာ အရာသည္ ဝိညာဥ္ ျဖစ္၏။ ဒုတိယ ေမြးျခင္းကို ခံရမည္ဟု ငါေဟာ ေျပာသည္ကို အံ့ၾသျခင္း မရွိႏွင့္။

(ဂလာတိ ၂း၁၉)|-
ငါသည္ ခရစ္ေတာ္ႏွင့္ အတူ လက္ဝါး ကပ္တုိင္မွာ အေသခံၿပီ။ သို႔ေသာ္ လည္း အသက္ ရွင္ေသး၏။ ထုိသို႔ ဆိုေသာ္ ငါသည္ ကိုယ္တိုင္ မရွင္၊ ခရစ္ေတာ္ သည္ ငါ၌ ရွင္ေတာ္ မူ၏။ ကုိယ္ခႏၶာ၌ ယခု ငါရွင္ေသာ အသက္ သည္ ဘုရား သခင္၏ သားေတာ္ ကို ယံုၾကည္ျခင္း အားျဖင့္ တည္၏။ သားေတာ္ သည္ ငါ့ကို ခ်စ္၍ ငါ့အဘို႔ ကိုယ္ကို ကိုယ္စြန္႔ ေတာ္မူ၏။ ျဖစ္ပါတယ္။

သိသာ တာကေတာ့ ၊ ဗတၱိဇံ ခံယူတဲ့ သူတစ္ ေယာက္ဟာ ခရစ္ ေတာ္ အေသခံ သလို မိမိ အျပစ္ သားျဖစ္ ေၾကာင္း၊ ထိုအျပစ္ အားလံုး ခရစ္ေတာ္ ႏွင့္အတူ ေသဆံုး သြားၿပီ ျဖစ္ေၾကာင္း၊ ေရသခၤ်ဳိင္း၌ ျမဳတ္ႏွံ သၿဂႋဳလ္ျခင္း ခံၿပီး ျဖစ္ေၾကာင္း၊ ခရစ္ေတာ္ ႏွင့္အတူ ျပန္လည္ ေမြးဖြားျခင္း ခံယူေၾကာင္း၊ မိမိ ၏အျပစ္ အတြက္ ခရစ္ေတာ္ ကယ္တင္ ေတာ္မူ ေၾကာင္းကို လူအမ်ား ေရွ႕မွာ ထုတ္ေဖာ္ ျပသ လိုက္တာ လည္း ျဖစ္ပါတယ္။

(က)ဘာေၾကာင့္ ေရထဲ အားလံုး ျမဳပ္ေအာင္ ႏွစ္ရ တာလဲ။
၁-       ဗတၱိဇံ (အဂၤလိပ္) Baptism ဆိုတဲ့ မူရင္း Greek ေ၀ါဟာရ ကေတာ့ baptizo ျဖစ္ သလို၊ to dip ေရထဲသို႔ (သို႔) immerse ႏွစ္ျမဳပ္ျခင္း၊ ႏွစ္ျခင္း ဆိုတဲ့ အဓိပၸါယ္ ေတြရွိ ပါတယ္။ ဒီေ၀ါဟာရဟာ ပိတ္ကို အေရာင္ ဆိုးဖို႔ ေဆးေရာင္ ထည့္ထားတဲ့ အင္တံုထဲ ပိတ္စ ေနရာလြတ္ မရွိေအာင္ အေရာင္ အားလံုး ေျပာင္းသြားဖို႔ လံုးလံုး ႏွစ္ျမဳပ္ လိုက္တယ္ ဆိုတဲ့ ေ၀ါဟာရ အျဖစ္ အသံုးျပဳ ပါတယ္။
၂-       (ေယာဟန္ ၃း၂၃)မွာ၊ ေယာဟန္ သည္လည္း ရွာလိမ္ၿမိဳ႕ ႏွင့္အနီး အဲႏုန္ အရပ္၌ ေရမ်ား ေသာေၾကာင့္၊ ဗတၱိဇံကို ေပး၍ ေနသျဖင့္၊ လူမ်ား တို႔သည္ လာ၍ ဗတၱိဇံကို ခံၾက၏။ ဒီက်မ္းခ်က္ အရ ေရမ်ား ေသာေၾကာင့္ ဆိုတဲ့ အတြက္ immerse ေရထဲ ႏွစ္ျခင္း တယ္လို႔ မွတ္ယူ ႏိုင္ပါတယ္။

၃-       ႏွစ္ျမဳပ္ မွသာ ျမဳပ္ႏွံျခင္း သၿဂႋဳလ္လိုျခင္းရဲ႕့ သေဘာကို ပံုေဆာင္မွာ ျဖစ္ပါတယ္။

(ေရာမ ၆း၄) ထုိေၾကာင့္၊ အေသခံ ေတာ္မူ ျခင္း၌ ဗတၱိဇံကို ခံေသာ အားျဖင့္၊ ထုိသခင္ႏွင့္ အတူ သၿဂႋဳဟ္ ျခင္းကို ခံၾက၏။ အေၾကာင္း မူကား၊ ခရစ္ေတာ္ သည္ ခမည္းေတာ္၏ ဘုန္းတန္ခုိး အားျဖင့္ ေသျခင္းမွ ထေျမာက္ ေတာ္မူသည္ နည္းတူ၊ ငါတို႔သည္ လည္း အသစ္ေသာ အသက္၌ က်င္လည္ ရၾက သတည္း။

(ေကာေလာသဲ ၂း၁၂) ဗတၱိဇံ အားျဖင့္ ထုိသခင္ ႏွင့္ အတူ သၿဂႋဳဟ္ ျခင္းကို ခံၾက၏။ ခရစ္ေတာ္ကို ေသျခင္းမွ ထေျမာက္ ေစေတာ္မူေသာ ဘုရား သခင္၏ ျပဳျပင္ အားထုတ္ ေတာ္မူျခင္း ကို ယံုၾကည္ေသာ အားျဖင့္၊ ဗတၱိဇံကုိ ခံ၍ ထုိသခင္ႏွင့္ အတူ ထေျမာက္ ျခင္းသုိ႔ ေရာက္ၾက ၏။

(ခ)ဘာေၾကာင့္ ႏွစ္ျခင္း (ဗတၱိဇံ) ခံယူဖို႔ လိုတာလဲ။ (က်မ္းပိုဒ္ မ်ားနဲ႔ ယွဥ္တြဲၿပီး ေလ့လာပါ)
၁-       ခရစ္ေတာ္ ကိုယ္တိုင္ မွာၾကား ထားလို႔ (မသဲ ၂၈း၁၉)
၂-       ဘုရား သခင္ထံ ၾသတၱပၸစိတ္ ရွင္းရွင္းနဲ႔  အာမခံ (အေပါင္) ထားဖို႔ (၁ေပ ၃း၂၁)
၃-       ခရစ္ေတာ္ ကိုယ္၌ ခံယူခဲ့လို႔ (မသဲ ၃း၁၃-၁၇)
၄-       လိုက္ေလၽွာက္ ရမယ့္ မဂၤလာ၀တ္ တစ္ပါး ျဖစ္လို႔ (ေကာေလာသဲ ၂း၁၁-၁၂)
၅-       ေရွးကနဦး အသင္းေတာ္ ေတြအေနနဲ႔ အေလးထား လုပ္ေဆာင္ခဲ့လုိ႔ (တမန္ ၂း၂၄။ ၁၀း၄၇-၄၈)
၆-       ေရအားျဖင့္ ဗတၱိဇံ ဟာ ေဆးေၾကာျခင္း၊ သန္႔ရွင္း စင္ၾကယ္ ေစျခင္းရဲ သေကၤတ (တမန္ ၂၂း၁၆)၊ ကြၽႏ္ုပ္တို႔ဟာ ခရစ္ေတာ္ရဲ႕ အေသြးေတာ္နဲ႔ ေဆးေၾကာ ခံရျခင္း (ဗၽ်ာ ၁း၅)၊ ကြၽႏ္ုပ္တို႔ဟာ ဘုရား သခင္ရဲ႕ ႏႈတ္ကပတ္ ေတာ္နဲ႔ ေဆးေၾကာ ခံရျခင္း (ေယာ ၁၅း ၃)၊ အျပစ္မွ ကြၽႏ္ုပ္တို႔ကို ေဆးေၾကာ ျခင္း၊ သန္႔စင္ျခင္း ဆိုတဲ့ ေရ၌ဗတၱိဇံ ခံျခင္းဟာ သေကၤတ ျဖစ္သလို စမ္းသပ္ စစ္ေဆးမႈ တစ္ခု ျဖစ္ေနျခင္း။
၇-  အတြင္းမွ ေနာင္တရ ျခင္းကို ျပင္ပ အားျဖင့္ ထုပ္ေဖာ္ ျခင္း။ ခရစ္ေတာ္ ႏွင့္အတူ ရွိေနၿပီး ျဖစ္ေၾကာင္းကို ထုပ္ေဖာ္ ျပသျခင္း စတဲ့ အခ်က္ ေတြေၾကာင့္ ႏွစ္ျခင္း (ဗတၱိဇံ)ကို ခံယူဖို႔ လိုအပ္ ပါတယ္ (ေရာမ ၆း၁-၁၁) မျဖစ္ မေန ဖတ္ရန္။

(ဂ) ၀န္ခံမႈ အေပါင္းႏွင့္ ျပည့္၀ေသာ ေရႏွင့္ ခံယူသည့္ ဗတၱိဇံ။
          - ႏိုင္ငံေတာ္ ႏွင့္ဆိုင္ေသာ ၀န္ခံမႈ
            (ခရစ္ေတာ္၏ အေသခံျခင္း၊ ထေျမာက္ျခင္း) (၁ေကာ ၁၅း ၃-၄)
          - အသင္းေတာ္ ႏွင့္ဆိုင္ေသာ ၀န္ခံမႈ
            (ကြၽႏ္ုပ္တို႔သည္ အသင္း ေတာ္၏ အဂၤါ အစိပ္ အပိုင္း ျဖစ္ျခင္း)
          - ေလာက ကမာၻႏွင့္ ဆိုင္ေသာ ၀န္ခံမႈ
            (အလိုေတာ္ ျပည့္စံုရန္ ကြၽႏ္ုပ္တို႔ ပါ၀င္ ေနျခင္း)
-   စာတန္ႏွင့္ မသက္ဆိုင္ ေတာ့ေၾကာင္း ၀န္ခံမႈ
  (စာတန္ႏွင့္ ဆက္သြယ္မႈ အားလံုး ခ်ဳပ္ၿငိမ္းၿပီး၊ ဘုရား ဘက္၌ ရွိျခင္း)



ေရအားျဖင့္ ခံယူတဲ့ ဗတၱိဇံရဲ႕ အႏွစ္ခ်ဳပ္က၊ အျပစ္သား ဘ၀ကေန ေနာင္တရၿပီး လူေဟာင္း ဘ၀ကို ေရသခၤ်ဳိင္းမွာ သၿဂႋဳလ္ လိုက္ျခင္း (ေသဆံုး သြားျခင္း)၊ အျပစ္ ရွိသမၽွကို ေဆးေၾကာျခင္း (ဒုတိယ ေမြးဖြားျခင္း)၊ (ခရစ္ေတာ္နဲ႔ အတူ ၊ ခရစ္ေတာ္ ေပးတဲ့ ခရစ္ေတာ္ ပိုင္သတဲ့ အသက္တာ အသစ္ ရရွိျခင္း)၊ အျပစ္နဲ႔ ဆိုင္တဲ့ ကိုယ္ကာယ ပ်က္စီး သြားတဲ့ေနာက္၊ ခရစ္ေတာ္ ေသျခင္းကေန ထေျမာက္ သလို၊ ထာ၀ရ အသက္နဲ႔ ထေျမာက္ မယ္ဆိုတဲ့ ထုပ္ေဖာ္ ျပသ အတည္ျပဳတာ ျဖစ္ပါတယ္။


"သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ အားျဖင့္ ခံယူေသာ ဗတၱိဇံ" အား ဆက္လက္ ေဖာ္ျပ ေပးပါမည္|-

၀ိညာဥ္မီးအိမ္(ခရစ္ယာန္စာေပစုစည္းမႈ)

Related Posts Plugin for WordPress, Blogger...