ခရစ်တော်၏တပည့်တော်အစစ်အမှန်ဖြစ်ခြင်း

အဓိကကျမ်းချက်များ။
၁ပေ၊၂း၂၁။                         လုကာ၊၆း၄၀။                       ယောဟန်၊၈း၃၁-၃၂။
ကောလော၊၃း၁၇။                  ၂တိ၊၂း၂။                           ၁ယော၊၂း၆။
အနက်အဓိပ္ပါယ်။
သမ္မာကျမ်းစာ၌ ဂရိဝေါဟာရအားဖြင့် တပည့်တော်ကို “mathetes”ဟုဖေါ်ပြထားပါသည်။ ဂရိဝေါ ဟာရ “mathetes” ၏အနက်အဓိပ္ပါယ်မှာ-တပည့်(pupil)၊ ထောက်ခံသူ (adherent)၊ဆရာ၏ကိုယ်ပွား၊ အတုခိုးသူ (imitators)ဟုအဓိပ္ပါယ်ရှိပါသည်။ သမ္မာကျမ်းစာထဲ၌ဤသို့သုံးနှုံးထားခြင်းသည်ခရစ်တော်၏ တပည့်တော်ဖြစ် ခြင်း၏နက်နဲသောသဘောကို ဖေါ်ပြနေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုခေတ်ထိုအခါက တစ်ပါးသူများကခရစ် တော်၏နောက်တော်သို့လိုက်သောသူများကို
ဤသို့ခေါ်ဆိုခြင်းအားဖြင့် ခရစ်တော်၏ တပည့်တော်များ၏အ သက်ရှင်မှုများကိုကွင်းကွင်းကွက်ကွက်သိမြင်နိုင်ပါလိမ့်မည်။ ထို့ကြောင့်ခရစ်တော်၏ တပည့်တော်ဆိုသည်မှာ  ခရစ်တော်၏တပည့်၊ ခရစ်တော်အားထောက်ခံ သူ၊ခရစ်တော်၏ကိုယ်ပွားမျုားဖြစ် ကြပေသည်။ ထို့အပြင်ခရစ် တော်မှထိုသူတို့၏အသက်တာ၌တောင်းဆိုသမျှ ၊ညွှန်ကြားသမျှကို မိမိဘ၀ ထက် တန်ဖိုးထားကြပြီး အသက်တာ၏ပထမနေရာ၌ ထားကြသူများ၊ရှေ့တန်းတင် အသက်ရှင်ကြသူများ ပင်ဖြစ်သကဲ့သို့ ခရစ်တော်၏ နောက်တော်သို့လိုက်ရန် အကြွင်းမဲ့ဆုံးဖြတ်၊ သန္ဒိဌါန်ချထားသူများ လည်း ဖြစ်သည်။အချုပ်ဆိုရလျှင်- ခရစ် တော်သွန်သင်တော်မူသော သွန်သင်ချက်များအတိုင်းအသက် ရှင်ကြသူများဖြစ်သည်။
နည်းဥပဒေသ(၅)ရပ်။
၁။ခရစ်တော်၏နှုတ်ကပတ်တော်အတိုင်းစဉ်ဆက်မပြတ်အသက်ရှင်သည်။
ခရစ်တော်၏နှုတ်ကပတ်တော်ကို တစ်ခါတစ်ရံ၊စိတ်ကူးရသည့်အချိန်၊ စိတ်ခံစားမှု(emotion)ပေါ်မှ သာလိုက်လျှေက်သူများမဟုတ်၊ ခရစ်တော်ကို သာမိမိတို့၏အရှင်သခင် အဖြစ် ခံ ယူကာ ပညတ်တော်မူချက်အ တိုင်းနောက်တော်လိုက်ရန်စိတ်ဒုံးဒုံးချထားသူများဖြစ်သည်။ ဤသို့နောက်တော် လိုက်ရခြင်းကိုပင် လိုလိုလား လားနှစ်မျို့ကြသူများလည်းဖြစ်သည်။ ခရစ်တော်၏တပည့်တော်ဖြစ်ခြင်းသည် ခရစ်တော်၏ဥပမာတော်များ၊ သင်ကြားခြင်းများနှင့်ညွန်ကြားထားချက်များကို အသက်တာ၌ဖေါ်ထုတ်အ သက်ရှင်ရန်လိုအပ်လှသည်။ အရေးကြီးဆုံးသောအချက်မှာ- ခရစ်တော်သည်ကျွန်ုပ်တို့အားနောက် ကွယ်မှ လှုံ့ဆော်နေခြင်းမဟုတ်ပဲ၊ လမ်းပြ၊ သွန် သင်၊ ညွှန်ကြားနေခြင်းသာဖြစ်သည်။ ထို့ကြောင့်တပည့်တော် စစ်ဖြစ်ခြင်း၏  အခြေခံကျသောအရေးကြီးသည့်အချက်မှာ- ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရိုသေ လိုက်လျှောက်ခြင်းပင်ဖြစ်သည်
၂။ခရစ်တော်ထံပါး၌အသက်တာကိုလုံးလုံးဆက်ကပ်အပ်နှံထားသူဖြစ်သည်။
ဤသို့ဆက်ကပ်အပ်နှံရာတွင် သခင်အများ၌ဆက်ကပ်အပ်နှံထားခြင်းမျိုးမဟုတ်ပါ။ သခင်တစ်ဦး တည်းကိုသာချစ်ပြီး၊ သခင်တစ်ဦးတည်းကိုသာယုံကြည်ပြီး၊ သခင်တစ်ဦးတည်းကိုသာ စိတ်ဝင်စားပြီး ဆက်ကပ်အပ်နှံ ခြင်းမျိုးဖြစ်သည်။ ထူးခြားချက်မှာ-ခရစ်တော်သခင်သည် ဆက်ကပ်အပ်နှံသူအား ဘုရား သခင်၌ကြီးထွားလာစေရန်၊ အရာရာ၌သက်သက်သာသာဖြင့်ချောမွေ့လွယ်ကူစေရန် တာဝန်ယူနေခြင်း ပင်ဖြစ်သည်။ ခရစ်တော် ဘုရားတောင်းဆိုသောဆက်ကပ်မှုမှာ- ဘုန်းစည်းစိမ်ကိုစွန့်ပြီး လောကသူစေခံ ရန်ကြွလာသကဲ့သို့ဆက်ကပ်ကြ ရန် တောင်းဆိုနေပါသည်။ Totally ဆက်ကပ်ရန်အလိုတော်ရှိသကဲ့သို့ ခရစ်တော်ကိုယ်တိုင်ကပင် ကျွန်ုပ်တို့အတွက်Totally ဆက်ကပ်ခဲ့သည့်ဘုရားပင်ဖြစ်သည်။ ထို့အတူ ကျွန်ုပ် တို့၏ခြေလှမ်းတိုင်းတွင် သူ့အားယုံကြည်ကိုးစားပြီးဆက်ကပ်အသက် ရှင်ရန်အလွန်အလိုတော်ရှိပါသည် (မဿဲ၊၆း၂၄။ယောဟန်၊၁၀း၁-၁၈)။
၃။ခရစ်တော်နှင့်ဆက်နွယ်မှု စဉ်ဆက်မပြတ်ဆက်နွယ်ပြီး အသီးသီးသောသူများဖြစ်သည်။ (ယောဟန်၊၁၅း၎-၅)
Waylon Mioore ကခရစ်တော်နှင့်ကျွန်ုပ်တ့၏ို ဆက်သွယ်ပေါင်းစပ်ထားသောအသင်းအဖွဲ့ (union) အားဖြင့်တစ်ပါးသူများအတွက် အသက်တစ်ချောင်းကိုဖြစ်စေပါသည်။ အဖျင်းသီးများကိုသာ သီးတတ်သော အပင်ဖြစ်ပါက ထိုအပင်သည်ရေရှည် ရပ်တည်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် တပည့်တော်ဖြစ်ခြင်း၏ အရေးကြီး သောအချက်များထဲတွင် “အသီးသီးခြင်း” သည်လည်းတစ်ချက်အပါ အ၀င်ဖြစ်သည်။ တပါးသူရှေ့တွင် ခရစ် တော်၏အသက်တာကို ထင်ဟတ်ပေါ်လွင်အောင်အသက်ရှင်သူ များလည်းဖြစ်သည်။ ဥပမာကျွန်ုပ်တို့၏ပြောဆို ခြင်း၊ ကူညီမစခြင်း၊ ဆက်ဆံခြင်းအစရှိသောပြုမူ လုပ်ဆောင်ချက်တိုင်းသည် ခရစ်တော်၏မေတ္တာတော်တစ်ပါး သူ၏နှလုံးသားထဲ၌ မြင်တွေ့၊ ခံစား၊နေရာယူရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်စားမည့် လူသစ်တစ်ဦး ပြောင်း လဲလာစေနိုင်ပါသည်။ ပြောင်းလဲလာသော လူသစ်တစ်ဦးသည်တစ်ပည့်တော်တစ်ဦး၏ အသီးတစ်လုံး ရရှိခြင်းပင်ဖြစ်သည်။ တပည့်တော်များအနေဖြင့်အသီးမသီးသောအသက်တာများဖြင့် အသက်ရှင် ပါကဘုရားသခင်၏နိုင်ငံတော်ကျယ်ပြန့်ရေးအတွက် တာဝန်မကျေပြွန်သူဖြစ်ပါလိမ့်မည်။ တနည်းအားဖြင့် ခရစ် တော်၏ခန္ဒာကြီးထွားလာရေးအတွက်ဆူးညှောင့်တစ်ခုသဖွယ်ဖြစ်ပါလိမ့်မည်။
၎။သူတပါးအား ကိုယ်ကျိုးစွန့်သောမေတ္တာဖြင့်ချစ်လျှက် ခရစ်တော်အဖို့ဆက်ကပ်သော သူဖြစ် သည်။ (ယောဟန်၊၁၃း၃၄-၃၅)
ဤမေတ္တာသည် သာမာန်လူသားများ၌ မတွေ့ရသောမေတ္တာဖြစ်ပြီးသခင်ယေရှုခရစ် တော်၏ ရှိသမျှကိုစွန့်ပြီးချစ်တော်မူသောမေတ္တာကိုဆိုလိုခြင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် မိမိစိတ်ချမ်း သာရေး၊မိမိပီတိဖြစ်ရေးအတွက် ရည်ရွယ်၍ဆောင်ခြင်းမျိုးမဟုတ်ပေ။ မိမိဘ၀၊ကိုယ်၊စိတ်၊မိမိနှင့် သက်ဆိုင် သော အရာမှန်သမျှအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ဘဲ တစ်ပါးသူအကျိုးသက်သက် ခံစားစေလို သည့်လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။ Greekဝေါဟာရအားဖြင့် “Agape” အဂ္ဂပေမေတ္တာ ဟုခေါ်ပါသည်။ အနက်အဓိပ္ပါယ်မှာ“Selfless-Love”ကိုယ်ကျိုးမငဲ့၊ မိမိအကျိုးကိုစွန့်ပြီး ချစ်သောမေတ္တာဖြစ် သည်။ တနည်းဆိုသော် ဘုရားရေးနှင့်တပါးသူအရေးသည်မိမိ၏အရေးထက်ပို၍ အရေးကြီးသည်ဟုခံယူ အသက်ရှင် ခြင်းဖြစ်သည်။ ခရစ်တော်ယေရှုစေစားသော မဟာစေစားခြင်းအားအားသွန်ခွန် စိုက် ဆောင်ရွက်သောသူဖြစ် သည်။(မဿဲ၊၂၈း၁၈-၂၀)တပည့်တော်ဆိုသည်မှာခရစ်တော်စေခိုင်းတော် မူသော လူမျိုးတကာအားခရစ်တော် ၏တပည့်ဖြစ်လာစေရေးအတွက်၊ မဟာစေစားချက်ပြည့်စုံလာရေးအ တွက် အဓိဌါန်ပြုထားသောသူဖြစ်သည်။
၅။တပည့်တော်တစ်ဦးသည်အခွင့်ထူးခံပုဂ္ဂိုလ်ဖြစ်သည်။
ဘုရားသခင်ကိုယ်တော်တိုင် ခေါ်ယူရွေးကောက်ခြင်းခံရသူ(ဧဖက်၊၁း၄၅)။ ခရစ်တော်၏အသေ ခံတော်မူခြင်းကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းခံရပြီး၊ ဘုရားသခင်၏ကျေကျေနပ်နက်လက်ခံခြင်းကို ခံရသောသူ (ရောမ၊၅း၈)။ ဘုရားသခင်၏သားဖြစ်ရခြင်း၊ ဘုရားသခင်နှင့် ဆက်သွယ်ပြုလုပ်ခြင်း၊ ဘုရားသခင်၏နိုင်ငံသားဖြစ်ရခြင်း (ဂလာတိ၊၄း၆-၇)။ ထာဝရအသက်ရခြင်း (ယောဟန်၊၃း၁၆)။ သန့်ရှင်းသော ၀ိညာဉ်တော်ကျိန်းဝပ် ခံရခြင်း၊ ခရစ်တော်၌ အသက်တာသစ်ဖြစ်ခြင်းအားသက်သေခံရန် တန်ခိုးခံရခြင်း (တမန်၊၁း၈)။ ဘုရားသခင်နှင့် အတူငြိမ်သက်ခြင်းရခြင်း (ရောမ၊၅း၁)။  မည်သည့်အရာကမှ  ဘုရားသခင်၏မေတ္တာနှင့် သူ့အားမခွဲမခွာ နိုင် ခြင်း(ရောမ၊၈း၃၈-၃၉)။

အထက်ဖေါ်ပြပါ အချက်များသည် ခရစ်တော်၏ တပည့်တော်များခံစားရသော အခွင့်ထူးများပင်ဖြစ်သည်။
တပည့်တော်များ၏တာဝန်ဝတ္တရား။
တပည့်တော်တစ်ဦးစီ၌ တာဝန်ဝတ္တရားများရှိပါသည်။ “ခရစ်တော်ဘာလုပ်ခဲ့သလ” တပည့်တော်ဖြစ် ခြင်းကိုမျှော်လင့်တောင့်တသောသူများအနေဖြင့် မိမိကိုယ်ကိုမိမိမေးရန်မေးခွန်းလည်းဖြစ် ပါသည်။ ဖြစ်ပေါ်လာသောအခြေအနေတိုင်းတွင် ထိုမေးခွန်းကိုအခြေခံ၍ လက်တွေ့အကောင်အ ထည်ဖေါ်ဆောင်ရွက်ရန်ဖြစ်ပါသည်။ (၁ယော၊၂း၆)သည် တပည့်တော်တစ်ဦးစီနှင့် ခရစ်တော်အကြား ထားရှိသော ပဋိညာဉ်ဖြစ်သည်။ တခါတရံ ဘာလုပ်ရမည်ကိုပင်မသိနိုင်အောင် စိတ်ရှုပ်ထွေးသည့်အချိန်မျိုး ကြုံကောင်းကြုံရလျှင်လည်း ဘာလုပ် ရမည်ကို ဘုရားသခင်ဖွင့်ပြပေးရန် သန့်ရှင်းသောဝိညာဉ်တော် အားတောင်းခံပါက မည်သို့ဆောင်ရွက် ရမည်ကို ဖွင့်ပြပါလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သင့်အသက် တာတွင် ဘုရားသခင်၏အလိုတော်ကို ပိုမိုသိရှိလာပါလိမ့်မည်။ထို့အတူ နှုတ်ကပတ်တော်ကိုလည်း အစဉ်အပြတ် ဖတ်ရှုလေ့လာရန်လိုပါသည်။ သို့မှ-အခြေအနေအရပ်ရပ်တိုင်းတွင် ခရစ်တော်သာဆိုလျှင် ဘာလုပ်မည်ကိုသင်တိုး၍သိနားလည်ပါလိမ့်မည်။ ထိုမျှမက -လူသားများ၊ငွေကြေး၊လုပ်ငန်းများ၊ လက်တွေ့ လုပ်ဆောင်မှုများ၊ လူမှုရေးလုပ်ငန်းများ၊ သင့်အတွေးအ ခေါ်၊သင်၏ရပ်တည်မှုများ၌ သင်ထားရှိသော သင်၏ သဘောထားများအကောင်းဖက်ဆီသို့ ပြောင်းလဲမှုရှိလာ ကြောင်းတွေ့မြင်ရပါလိမ့်မည်။

ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ထိုသခင်ကျင့်တော်မူသည်နည်းတူကျင့်ရမည်။”(၁ယော၊၂း၆)

By Prophetlay

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...