● ကောင်းသောလမ်းပြကြယ်........


လွန်ခဲ့သောနှစ်ပေါင်း၂၀၁၂ခုနှစ်က သခင်ယေရှုခရစ်တော်ဘုရား လူ့ဇာတိခံယူမွေးဖွားခဲ့ ပါသည်။ ယနေ့ခေတ်တွင် အများစုသောလူများ ခရစ်သက္ကရာဇ်(A.D)ကို(AfterDeath) “ခရစ်တော် သေဆုံးပြီးနောက်” ဟုသိနာလည်းသတ်မှတ်ထားကြပါသည်။ ဤအသုံးအနှုန်းသည် လွန်စွာမှား ယွင်သော တိုင်တာရေတွက်ပြမှု အသုံးအနှုန်းဖြစ်သည်။ A.D သည် After Death မဟုတ်ပါ A.D (Anno Domini Nostri Lesu Christi)ဟူသော လက်တင် စကားဖြစ်ပြီး သခင် ယေရှုခရစ်တော် လောကလူ့ကမ္ဘာကို အုပ်စိုးသောနှစ် ဟူသော အဓိပ္ပါယ်ဖြစ် ပါသည်။ ထိုကြောင့် A.D 2012သည် သခင်ယေရှုခရစ် တော်ဘုရား လောကလူ့ကမ္ဘာ ကိုအုပ်စိုး သောနှစ် ၂၀၁၂နှစ် ရှိနေပြီးကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဗက်လင်ကြယ်
ဗက်လင်ကြယ်သည် ခရစ်စမတ်နှင့် သက်ဆိုင် မှုများတွင် သိပ္ပံပညာဖြင့်မဖော်ပြနိုင်သော နိမိတ်လက္ခ ဏာတစ်ခုဖြစ် ပါသည်။ ထိုနိမိတ် လက္ခဏာသည် ခရစ်တော်ဘု ရားမွေးဖွားခြင်း အတွက် ပထမဆုံးပြ သသောနိမိတ် လက္ခဏာဖြစ်သည်။ ထိုနိမိတ် လက္ခဏာဖြစ်သော ဗက်လင် ကြယ်ကို အောက်ပါ အချက်(၂)ချက်ဖြင့် ရှင်းလင်းပြခြင်းပါသည်။

ပထမအချက် အနေဖြင့် သာမန်မျှ အလင်း ရောင်ရှိ သောကြယ် သည် သီးခြား ဖြစ်နေသော နွားတင်း ကုပ်သို့ လူများကိုပို့ ဆောင်ရန် မဖြစ်နိုင်ပါ။ ထိုကြောင့် ဗက်လင်ကြယ် သည် မွေးနေ့ တော် ကာလ တွင် သဘာဝ အလင်းရောင်ထက် ပိုသောတောက် ပမှု (Supernatural Light)ဖြင့် ပညာရှိများ နှင့်သိုး ထိန်းများကို သခင်ယေရှု ခရစ်တော်၏အုပ်စိုးခြင်း ထံသို့ ၀င်ရောက် ရန်ပို့ဆောင် ပေးခဲ့ပါသည်။

ဒုတိယ အချက် အနေဖြင့် ဗက်လင်ကြယ် သည် မာဂုပညာရှိများကို ယေရုရှ လင်မြို့မှ၆မိုင်း ခန်.အကွာ အဝေးရှိသော ဗက်လင်မြို့ သို့ပို့ဆောင် ပေးခဲ့ပါသည်။ ထိုကြောင့် ဗက်လင်ကြယ်၏ သွားရာလမ်းသည် မြောက်ဖက် တွင်ရှိ သော ယေရုရှ လင်မြို့မှ တောင်ဘက် တွင်ရှိသော ဗက်လင်မြို့ သို့သွားသော ခရီးဖြစ် သည်။ သဘာဝ တရား အရ “ကြယ်”သည် အရှေ့မှ အနောက်သို့ သာ သွားရောက် နိုင်ပါသည်။ အဘယ် ကြောင့်ဆို သော် ကမ္ဘာဂြိုလ်၏ လည်ပတ်မှုအရ “ကြယ်”၏ သဘောသ ဘာဝသည် အရှေ့မှ အနောက်သို့သာ သွားနိုင် ပါသည်။ ဤအချက် ကို ပညာတတ် များ ဖြစ်သော မာဂု ပညာ ရှိများလည် သိရှိ မည်မှာ အသေအ ချာပင်ဖြစ် သည်။

ထိုကြောင့် သခင်ယေရှု ခရစ်တော် မွေးဖွားခြင်း ရက်မြတ်သည် အသိပညာရှိ၊ အတတ် ပညာရှိ များကို သဘာဝ တရားကို ကျော်လွန်သော လုပ်ဆောင် မှုဖြင့် သခင်ယေရှု ခရစ်တော်၏ အုပ်စိုးခြင်း ထံဝင်ရောက် ရန် ပို့ဆောင် ပေးခြင်းဖြစ် သည်။

ကောင်းသောလမ်းပြကြယ်

ခရစ်စမတ်သည် လောက၏ ကယ်တင်ရှင်ကို မျှော်လင့်နေ သူများနှင့် ရှာဖွေနေ သူများကို သခင်ယေ ရှုထံသို့ပို့ဆောင် ရမည်ကာလ ဖြစ်သည်။ မာဂုပညာရှိ များသည် အရှေ့ပြည်(ပါရှား)မှ လာသော သူများဖြစ်ပြီး ထာဝရ ဘုရားကို မသိသော တပါးအမျိုး သားများဖြစ်သည်။ သိုးထိန်းများ သည် ဣသရေလ လူမျိုးများဖြစ်ပြီး အေး စက်သောဆောင်း ညတွင် အများသူများ အိပ် စက်ချိန်တွင် သိုးကျောင်း ရသော အခြေခံလူ တန်းစား များဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း၂၀၁၂ခုနှစ်က ပညာရှိလူ တန်းစားနှင့် အခြေခံလူ တန်းစားများသည် ခရစ်တော်၏ အုပ်စိုးခြင်း ကို ၀န်ခံနိုင် ရန် ဗက်လင်ကြယ် က လမ်းပြပို့ ဆောင်ပေးခဲ့ ပါသည်။

ယနေ့ခေတ် တွင်လည်း များစွာသော ပညာရှိ များနှင့်အခြေခံ လူတန်း စားများကို ခရစ်တော်၏ အုပ်စိုးခြင်း ၀န်ခံနိုင်ရန် ပို့ဆောင်ပေး ဖို့လိုအပ်နေ ပါသည်။ ထိုကဲ့သို့ ပို့ဆောင်ပေး ရန် လို အပ်နေ သည့် အရာမှာ “လမ်းပြ ကြယ်” ပင်ဖြစ် ပါသည်။ ထိုကြောင့် ၂၀၁၂ခုနှစ် ၏မွေးနေ့တော် ကာလတွင် သခင်ယေ ရှုခရစ်တော် ကို ယုံကြည်သော ညီအစ် ကိုမောင်နှမ များအနေဖြင့် “မိမိတို့၏ အလင်းကို ပို လင်းရန်” (Supernatural Light)ဖြစ် သည်။ ဤခရစ်စ မတ်ကာ လတွင် အလင်း၏ သားများဖြစ်ကြ သော ယုံကြည် သူခရစ်ယာန် ညီအစ် ကိုမောင်နှ မများ အနေဖြင့် “ကောင်းသော အကျင့်ကို ကျင့်ပြီး ကျွန်ုပ်တို့၏ အလင်းကို အစွမ်းကုန် လင်းရမည့် အချိန်” ဖြစ် ပါသည်။ သို့မှ သာ အခြားသော သူများ ကို ခရစ်တော် ထံသို့ ပို့ဆောင်ပေးရန် အသုံးပြုနိုင် မည်ဖြစ်သည်။

နိဂုံး
ဤနှစ်ခရစ် စမတ်တွင် ဘုရား သခင်သည် အခြားသောသူများကို သခင်ယေရှုခရစ်တော်၏ လောကလူ့ ကမ္ဘာကိုအုပ် စိုးခြင်းအား ၀န်ခံစေရန်အသုံးပြုမည် “ကောင်းသော လမ်းပြကြယ်”လိုအပ် နေပါသည်။ ခရစ်စမတ်သည် ပျော်ပွဲရွင်ပွဲ မဟုတ်ပါ ထာဝရဘုရားသည် ပွဲလုပ်ခြင်း၊ ယစ်မျိုးကိုလွန်း ကျူးခြင်းကို အင်မတန် မုန်းပါသည်။ သင့်ကို ထာဝရဘု ရားသခင်က “ကောင်းသော လမ်းပြကြယ်”အဖြစ် အသုံပြုရန်မျှော် လင့်နေ ပါသည်။
ဆရာစောသောဝါး


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...