● ချိုသာသောဒီဇင်ဘာဖြစ်ပါစေ

SweetDecemberချိုသာသောဒီဇင်ဘာ”ဟုတ်ပါ သည်။မငြိမ်းချမ်းသောလောကကြီး၊နိုင်ထက်စီး
နင်းပြုနေသည့်လောကကြီး၊တစ်ကိုယ်ကောင်း ဆန်တဲ့သူတွေပြည့်ဝနေတဲ့လောကကြီး၊ပူလောင်
မှုတွေပြည့်ဝနေတဲ့လောကကြီးစသည်ဖြင့်ပေါ့။ ရန်တွေချုပ်ငြိမ်းစေဖို့ဘုရားဇာတိကိုစွန့်လူလော
ကကြီးထဲလူသားဇာတိကိုခံ၊စုံစမ်းခြင်းအမျိုးမျိုးကို ကျော်လွှားပြီး၊လူတိုင်းလူတိုင်းရဲ့ယိုယွင်းပျက်စီး

နေသမျှအားလုံး၊ငါ့အပေါ်ကိုရောက်စေ၊ရှိသမျှ အပြစ်တွေအားလုံးအတွက်အသေခံဖို့ရန်ကြွလာ
တဲ့ခရစ်တော်ဖွားမြင်တော်မူသော၊လမြတ်ကို SweetDecemberလို့အမည်ပေးလိုက်ကြတာက
လူတွေလူတွေပါ။မှန်ပါတယ်ဟုတ်ပါတယ်။ ဒါပေမဲ့မမှန်တာကကျွန်ုပ်တို့ပါ။ဘာကြောင့်လဲ
ဆိုတော့ခရစ်တော်ယူဆောင်ပေးလာတဲ့ချိုသာ တဲ့ကောင်းမြတ်ခြင်းတွေကိုအချင်းချင်းမဝေမျှ၊ငါ့

အတွက်၊ငါ့ညီအစ်ကိုအတွက်၊ငါ့မိသားစုအတွက်၊ ငါ့အမျိုးအတွက်ဆိုပြီးစိတ်ထားထားသ၍တော့
အမည်ခံတဲ့SweetDecemberပဲဖြစ်မှာပေါ့။ ဒါကြောင့်ငါဘာလုပ်သင့်သလဲစဉ်းစား???????
ခရစ်တော်ဘာလုပ်ခဲ့သလဲပြန်ကြည့်???????? ငါ့ဘေးမှာဘယ်သူတွေငတ်မွတ်နေလဲ၊ဘယ်
သူတွေဒုက္ခရောက်နေလဲ၊ဘယ်သူတွေအကူ အညီလိုနေလဲ၊ဘယ်သူတွေဝမ်းနဲနေလဲ၊

စသည်ဖြင့်ပေါ့ဒီလိုကွက်လပ်လေးတွေကို ကျွန်ုပ်တို့ဖြည့်စွက်မှသာစစ်မှန်တဲ့Sweet
Decemberဆိုတာဖြစ်လာပါလိမ့်မယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...