● ဓမ္မသဘင်အလွန်မြန်မာခရစ်ယာန် ဘာသာ၏ပုံရိပ်

အနှစ်(၂၀၀)ပြည့် ယုဘိလဓမ္မသဘင်ကိုစည် ကားသိုက်မြိုက်စွာကျင်းပရန်အဆင်သင့်ဖြစ်
သောမြန်မာပြည်ရှိခရစ်ယာန်ဘာသာဝင်များ သည်ထိုဓမ္မသဘင်အလွန်တွင်မည်ကဲ့သို့
သောခရစ်ယာန်ဘာသာကိုယုံကြည်လျက်လက် တွေ့အကောင်အထည်ဖေါ်ရမည်နည်း။
ဤမေးခွန်းကားအချိန်ပြည့်ဓမ္မအမှုတော်ဆောင် များနှင့်ယုံကြည်သူခရစ်ယာန်တိုင်းလေး
လေးနက်နက်စဉ်စားရမည့်မေးခွန်းပင်ဖြစ် သည်။အကြောင်းမှာအနှစ်(၂၀၀)ကြာမြင့်
ပြီးသောခရစ်ဘာသာသည်ဟောင်းနွမ်းလာ ကာယုံကြည်သူများကခရစ်ယာန်ပီပီ
အသက်ရှင်ရန်နှင့်သက်သေခံ၍သာသနာပြုရန် လုံလောက်စွာတွန်းအားမပေးနိုင်ခဲ့ပါ၊
လှုံ့ဆော်မှုလည်းမပေးနိုင်ခဲ့ပါ။ထို့ကြောင့်လက် ရှိခရစ်ယာန်ဘာသာကိုအလုပ်ရုံသို့ပို့ကာ
စင်းလုံးကျွတ်ပြုပြင်သောခရစ်ယာန်ဘာသာ (Over hauled-Christianity)ကိုဖေါ်ထုတ်ရန်လို
အပ်လာပါသည်။အချိန်ကာလကလည်းတောင်း ဆိုသည်။သာသနာပြုခြင်းကလည်းထိုကဲ့
သို့စင်းလုံးကျွတ်ပြုပြင်သောခရစ်ယာန်ဘာသာ ကိုဆောလျင်စွာဖော်ထုတ်ရန်စိန်ခေါ်လျှက်
ရှိပါသည်။သို့ဖြစ်ရာ“ဓမ္မသဘင်အလွန်မြန်မာ ခရစ်ယာန်ဘာသာ၏ပုံရိပ်”ကိုဤဆောင်း
ပါးတွင်အကျဉ်းချုပ်လျက်တင်ပြသွားပါမည်။

၁။နိုင်ငံတော်နှင့်ယှဉ်သောခရစ်ယာန်ဘာ
သာ (kingdomized Christianity)
ဤနေရာတွင်နိုင်ငံတော်(Kingdom)ဟူသော ဝေါဟာရသည်သမ္မာကျမ်းစာကအသုံးပြု
သောဘုရားသခင်၏နိုင်ငံတော်ကိုရည်ညွှန်း ခြင်းဖြစ်သည်။(မသဲ၆း၉-၁၃)။ဘုရားသခင်
၏နိုင်ငံတော်ဆိုသည်မှာ-ဘုရားသခင်အလို တော်ပြည့်စုံသောနေရာပင်ဖြစ်ရာပထ၀ီ သဘောအားဖြင့်ဒီမှာဟိုမှာဆိုပြီးလက်ညိုးထိုး ၍မရပါ။ဘုရားရှင်၏အလိုတော်ကိုလိုက်
လျှောက်သူတိုင်းသည်ဘုရားသခင်၏နိုင်ငံ တော်သူ၊နိုင်ငံတော်သားများ(citizens of the Kingdom)ဖြစ်ကြလေသည်။ဘုရားသခင်၏ အလိုတော်ကိုအနှစ်သာရအားဖြင့်ဖေါ်ပြပါက
ပေးဆပ် သောချစ်ခြင်းမေတ္တာ(giving Love- agape)၊တရားမျှတခြင်း(justice)၊လူသားချင်း
စာနာမှု(Humanitarian)နှင့်စားဝတ်နေရေးဖူလုံမှု (Economic-development)(မိက္ခာ၊၄း၎)
တို့ဖြစ်လေသည်။တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်သည်လူသားများ
တို့၏နာမ်ဝိညာဉ်၊စိတ်ဝိညာဉ်နှင့်ကိုယ်ကာယ အားလုံးခြုံငုံသောဖွံ့ဖြိုးခြင်းဖြစ်သည့်ဥသုံ
ဖွံ့ဖြိုးခြင်းကိုဦးတည်လျက်အနှစ်(၂၀၀)ဓမ္မသ ဘင်အလွန်ခရစ်ယာန်များသည်အသက်
ရှင်ရပါမည်။သက်သေခံလျှက်ဥဿုံသာသနာ (Integrated Mission)ကိုအသင်းတော်တိုင်းနှင့်
ယုံကြည်သူတိုင်းကပြုလုပ်ဆောင်ရွက်ရပါမည်။ အကြောင်းမှာ-ဥသုံဖွံ့ဖြိုးခြင်းသည်သမ္မာ
ကျမ်းစာကအတိအလင်းဖေါ်ညွှန်းလျက်ယေရှု ခရစ်တော်၏အမှုတော်ဆောင်ခြင်းတွင် တိတိပပထင်ရှားလျှက်ရှိပါသည်။ဓမ္မသဘင် အလွန်ခရစ်ယာန်ဘာသာသည်ဥသုံဖွံ့
ဖြိုးခြင်းကိုထင်ထင်ရှားရှားထုတ်ဖေါ်လျက်ဆောင် ရွက်သောခရစ်ယာန်ဘာသာဖြစ်ရန်လို
အပ်ပါသည်။ပလ္လင်ပေါ်မှဤအကြောင်းကိုတရား ဟောရပါမည်။အသင်းတော်များ၏အမှု
တော်ဆောင်ခြင်း(ministry)တွင်လည်းစီစဉ် ဆောင်ရွက်ရပါမည်။အသင်းတော်အပြင်
ကမ္ဘာလောက၌လည်းဥသုံသာသာနပြုရပါမည်။

၂။လောကဆန်သောခရစ်ယာန်ဘာသာ
(Secularized Christianity)
ဓမ္မသဘင်အလွန်မြန်မာခရစ်ယာန်ဘာသာ  ၏ဒုတိယပုံရိပ်မှာ-လောကဆန်သောခရစ်
ယာန်ဘာသာဖြစ်ပါသည်။ဤနေရာတွင် လောကီဆန်သောခရစ်ယာန်ဘာသာ
(Secularism)ကိုမဆိုလိုပါ။ဤနှစ်ခုသည်မတူ ညီကြပါ။လောကီဆန်သောခရစ်ယာန်ဘာ သာသည်ဝိညာဉ်တော်၏အုပ်စိုးခြင်းကိုမခံပဲ လူသားများ၏စိတ်ဆန္ဒကိုရှေ့တမ်းတင် 
၏လျက်အသက်ရှင်ခြင်းဖြစ်သည်။ထိုကဲ့သို့  အသက်ရှင်ဖို့ရန်သမ္မာကျမ်းစာတော်ကမသွန်
သင်ခဲ့ပါ။(ရောမ၊၁၂း၂)။လောကဆန်သော ခရစ်ယာန်ဘာသာဆိုသည်မှာ-ဘုရားသခင်
ဖန် ဆင်းလျှက်ချစ်တော်မူသောလောက (cosmos)ကိုအာရုံစိုက်ရန်ဆိုလိုခြင်းသာဖြစ်
သည်။ဘုရားသခင်ဖန်ဆင်းသောလောကတွင် လူသားများ၊သစ်ပင်ပန်းမန်များ၊သက်ရှိတိရစ္ဆာန်
များမှစ၍လေထု၊ရေအစရှိသောတောတောင် သဘာဝနှင့်အရာခပ်သိမ်းကိုယုံကြည်သူများက
စာင့်ရှောက်ကာထိန်းသိမ်းရပါမည်။ဘုရားရှင်က လူသားများကိုဖန်ဆင်းရခြင်း၏အန္တိမပန်းတိုင်မှာ
ထိုစောင့်ထိမ်းခြင်းတာဝန်ထမ်းဆောင်ရန်လေ သည်။(ကမ္ဘာ၊၁း၂၈)။ဧဒင်ဥယျာဉ်၌လူသားများ 
ကဘုရားသခင်၏စကားကိုနားမထောင်ပဲအပြစ် ကျူးလွန်သောအခါလူသားများနှင့်ဖန်ဆင်းခြင်းခံ
သောအရာအားလုံးတို့သည်ဘုရားရှင်၏ကျိန်ဆဲ ခြင်းကိုအတူတကွခံကြပါသည်။လူသားများက
ထိုကျိန်ဆဲခြင်းမှကယ်တင်ခြင်းကိုလိုအပ်သကဲ့ သို့ကမ္ဘာလောကရှိဖန်ဆင်းခြင်းခံသောအရာ
အားလုံးကလည်းထိုကယ်တင်ခြင်းကိုအထူးလို အပ်ပါသည်။မျှော်လင့်ကြသည်၊မြည်းတမ်းလျှက်
တောင့်တကြသည်။(ရောမ၊၈း၁၈-၂၅)။သို့ဖြစ် ရာဓမ္မသဘင်အလွန်မြန်မာခရစ်ယာန်ဘာသာ သည်ဘုရားရှင်ဖန်ဆင်းလျှက်အပြစ်တရား ကြောင့်ယိုယွင်းပျက်စီးနေသောကမ္ဘာလောက ကိုကယ်တင်ရန်အထူးလိုအပ်ပါသည်။ဥသုံသာ သနာပြုခြင်းတွင်အသင်းတော်များသည်ပတ် ၀န်းကျင်ထိန်းသိမ်းခြင်း၊ဘုရားရှင်ဖန်ဆင်း သောအရာခပ်သိမ်းကိုစောင့်ထိန်းခြင်းဖြင့်ဂေ ဟ၊ပဓါနစိတ်ထားသောသာသနာပြုခြင်း၊(eco -centric mission)ကိုထိထိမိဆောင်ရွက်ရပါ မည်။အကြောင်းမှာ-ဘုရားသခင်သည်သူ၏ သာသနာတော်(mission dei)ကိုအသင်းတော် ၏အပြင်ဖက်လောက၌ဆောင်ရွက်လျှက်ရှိခြင်း ကြောင့်ပင်၊ထို့ကြောင့်ဓမ္မသဘင်အလွန်မြန်မာ ခရစ်ယာန်ဘာသာသည်လောကကိုအာရုံစိုက် လျှက်သက်ရှင်ကာထိုကမ္ဘာလောကသို့သာသ နာပြုသောခရစ်ယာန်ဘာသာဖြစ်ရပါမည်။
၃။လူမှုရေးဆန်သောခရစ်ယာန်ဘာသာ ( Socialized Christianity)
ဓမ္မသဘင်အလွန်မြန်မာခရစ်ယာန်ဘာသာ၏ တတိယပုံရိပ်မှာလူမှုရေးဆန်သောခရစ်ယာန်
ဘာသာပင်ဖြစ်သည်။လွန်ခဲ့သောအနှစ်(၂၀၀) တွင်ခရစ်ယာန်အသင်းတော်များ၏အဓိကအာ
ရုံစိုက်ခြင်းမှာတစ်ကိုယ်တော်ကယ်တင်ခြင်း (Indi vidual Salvation)ပင်ဖြစ်သည်။ဤအမှုတော်
ဆောင်ခြင်းသည်မှားသည်ဟူ၍မဆိုလိုပါ။ထို့ အပြင်သာသနာဦးကာလမှစ၍သာသနာပြုများ
ကစာပေပရိယတ္တိပြန့်ပွားခြင်း၊ပညာရေး၊ကျန်း မာရေး၊စားဝတ်နေရေးတို့ကိုတပိုင်တနိုင်ကြိုး
စားဆောင်ရွက်ကြကြောင်း၊သာသနာ့သမိုင်း ကသက်သေထူလျှက်ရှိပါသည်။သို့ရာတွင်သာ
သနာပြုများ၏ခေတ်ကာလ၌ကမ္ဘာ့အသင်း တော်များကိုလွှမ်းမိုးလျှက်ရှိသော(Pietism)ခေါ်
တစ်ကိုယ်တော်ကယ်တင်ခြင်းအယူအဆနှင့် ပတ် ၀န်းကျင်ကိုလွှမ်းမိုးနေသောထေရ၀ါဒ
ဗုဒ္ဒဘာသာ၏တစ်ကိုယ်တော်တရားထိုင်ခြင်း (ကမ္မဌါန်းနှင့်ဝိပသနာတရားကျင့်ခြင်း)
ထို့ကြောင့်တစ်ကိုယ်တော်ကယ်တင်ခြင်းသည် ရှင်းရှင်းလင်းလင်းဦးစားပေးခြင်းခံရခဲ့ပါသည်။ 
ဤအယူအဆသည်မှားယွင်းသောအယူအဆ မဟုတ်ပေ။ခရစ်ယာန်ဘာသာ၏အစမူလပင်
ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်ခရစ်ယာန် ဘာသာဆိုသည်မှာသေခြင်းမှရှင်ပြန်ထ
မြောက်တော်မူသောခရစ်ဘုရားနှင့်ကိုယ်တိုင် ကိုယ်ကျမိတ်သဟာရဖွဲ့ခြင်းပင်ဖြစ်ရာတစ်
ကိုယ်တော်ကယ်တင်ခြင်း(Personal and  Individual-Salvation)ဘယ်အချိန်မဆိုခရစ်ယာန်
ဘာသာ၏အစမူလပင်ဖြစ်ရပါလိမ့်မည်။အနှစ် (၂၀၀)ပြည့်ဓမ္မသဘင်အလွန်တွင်ပင်ထိုအ
ခြေခံဖြစ်သောတစ်ကိုယ်တော်ကယ်တင်ခြင်းမှ လူမှုတစ်ရပ်လုံးပြောင်းလဲခြင်း(Social 
Salvation)သို့တဆင့်တိုးတက်ဖို့ရန်လိုအပ်ပါ လိမ့်မည်။အကြောင်းမှာခရစ်တော်ကိုယ်တိုင်ဖေါ်
ထုတ်သောခရစ်ယာန်ဘာသာသည်လူမှုရေး ဆန်သောခရစ်ယာန်ဘာသာဖြစ်သည်။
(လုကာ၊၄း၁၈-၁၉)။ခရစ်ယာန်ယုံကြည်သူများ သည်ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်မှီ
တင်းနေထိုင်သောလူသားများပင်ဖြစ်ရာသူတို့၏ နေထိုင်ရာမြန်မာပြည်တစ်ခုလုံးတွင်ခရစ်
တော်သွန်သင်သည့်အတိုင်းဆင်းရဲနွမ်းပါးခြင်းမှ လွတ်မြောက် စေဖို့ရန်နှင့်မျက်စိကန်းသော
သူများမျက်စိပွင့်လျှက်အမြင်မှန်ကိုရရှိဖို့ရန် ဆောင်ရွက်ရပါမည်။အလားတူပင်တရားမျှတခြင်း
မရှိသောဖိစီးနှိပ်စက်ခြင်းမှန်သမျှကိုမေတ္တရား ကိုအခြေခံလျှက်လွတ်မြောက်စေရန်ကြိုးစား အားထုတ်ရပါမည်။အချုပ်ဆိုသော်ခရစ်ယာန် ဘာသာတရားသည်လူမှုရေးဆန်၍မတရား စနစ်မှန်သမျှကိုပပျောက်စေဖို့ရန်မေတ္တာတရား နှင့်တက်ကြွစွာဆောင်ရွက်ဖို့ရန်ပင်ဖြစ်
သည်။

၎။မြန်မာပြည်၏ခရစ်ယာန်ဘာသာ (Myanmarized Christianity)
ဓမ္မသဘင်အလွန်မြန်မာခရစ်ယာန်ဘာသာ၏ စတုတ္ထပုံရိပ်မှာမြန်မာပြည်၏ခရစ်ယာန်
ဘာသာပင်ဖြစ်သည်။ကုန်လွန်ခဲ့သောအနှစ် (၂၀၀)အတွင်းသာသနာပြုခြင်းကိုထဲထဲဝင်
ဝင်လေ့လာသောအခါဧ၀ံဂေလိတရားတော် သည်မြန်မာပြည်ကိုခရစ်ယာန်ဖြစ်ဖို့ရန် 
ဆောင်ရွက်ခဲ့လေသည်။(the gospelhad  Christianzed Myanmar overthe years)
ဓမ္မသဘင်အလွန်တွင်ပင်အသင်းတော်များ သည်ဧ၀ံဂေလိတရားတော်ကိုမြန်မာမှုနှင့်
တင်ပြလျှက်ထိုဧ၀ံဂေလိတရားတော်အား မြန်မာမှုပြုဖို့ရန်ကြိုးစားရပါမည်။(In the post 
celebrationသည်Churches have to myanmarized  the gospel)ဤကဲ့သို့ဆိုရာတွင်ဧ၀ံဂေလိ
တရားတော်အားမြန်မာမှုနှင့်ဖေါ်ထုတ်ရန် (Burmanized)လုပ်ဖို့ရန်သာမဆိုလိုပါ။မြန်မာ
အသင်းတော်များသည်ဧ၀ံဂေလိတရားတော်ကို မြန်မာမှုနှင့်ဖေါ်ထုတ်ရန်လိုအပ်သကဲ့
သို့အခြားသောလူမျိုးနွယ်စုများကမိမိတို့၏လူမျိုး အလိုက်ဧ၀ံဂေလိတရားတော်ကိုဖေါ်
ထုတ်ရန်ဆိုလိုခြင်းဖြစ်ပါသည်။လူမျိုးတိုင်းလူ မျိုးတိုင်းသည်ဧ၀ံဂေလိတရားတော်ကိုမိမိတို့
၏ရိုးရာယဉ်ကျေးမှုဖြင့်ဖေါ်ထုတ်ရန်လိုအပ်ပါ သည်။ထိုမှသာဧ၀ံဂေလိတရားတော်သည်
မြန်မာဆန်စွာဖေါ်ထုတ်ခြင်းခံရ၍ မြန်မာ့မြေ ပေါ်တွင်အမြစ်တွယ်နိုင်မည်သာဖြစ်သည်။ 
လူမျိုးနွယ်စုပေါင်းများစွာနှင့်ဖွဲ့စည်းကာဘာသာ တရားမျိုးစုံနှင့်နေ့စဉ်လက်တွဲအသက်ရှင်
လျှက်ရှိသောမြန်မာပြည်ခရစ်ယာန်များသည် လွန်ခဲ့သောအနှစ်(၂၀၀)တွင်အခြားဘာသာ
တရားများနှင့်ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်အတူ တကွ လက်တွဲကာပြည်ထောင်စုမြန်မာနိုင်ငံ
တော်တွင်မှီတင်းနေထိုင်ကြပါသည်။အလွန် လှပတင့်တယ်သောအစဉ်အလာပင်(ဆာလံ၊
၁၃၃)။ဓမ္မသဘင်အလွန်တွင်မူခရစ်ယာန်များ၏ ကမကထပြုမှုကြောင့်ဘာသာတရားများ
အချင်းချင်းပိုမိုရင်းနှီးကာမိမိတို့၏ဘာသာတရား များအားဝေမျှဖယ်လှယ်ခြင်း(Dialogue)ကို
အင်တိုက်အားတိုက်ဆောင်ရွက်ရပါမည်။ အကြောင်းမှာသမ္မာတရားဖြစ်တော်မူထသော
ခရစ်တော်ဘုရားသည်ဘာသာတရားတစ်ခု တည်း၏မူပိုင်ခရစ်တော်ဘုရားမဟုတ်ပါ၊
စင်္ကြာဝဠာတစ်ခုလုံး၏ခရစ်တော်ဘုရား (Cosmic-Christ)ဖြစ်သော ကြောင့်ပင်။သို့ဖြစ်ရာ
ဓမ္မသဘင်အလွန်ခရစ်ယာန်များရုပ်လုံးဖေါ် ရမည့်ခရစ်ယာန်ဘာသာသည်ဘာသာပေါင်းစုံ ရင်းရင်းနှီးနှီးဆက်ဆံလျှက်နိုင်ငံတော်၏အကျိုး၊ လူသားများ၏အကျိုးကိုလက်တွဲမဖြုတ်တမ်း
အတူတကွရွှင်ရွှင်လန်းလန်းနှင့်ဆောင်ရွက် သောမြန်မာပြည်၏ခရစ်ယာန်ဘာသာဖြစ်ရပါ
မည်။ဤတွင်ကမ္ဘာ့ဘာသာပေါင်းစုံပါလီမံဦးစီး ဦးဆောင်သောခရစ်ယာန်ဓမ္မအတွေးအခေါ်
ရှင်ဟန်စကုံ(Hanskung)၏အဆိုအမိန့်တစ်ခုနှင့် ဤစာပိုဒ်ကိုအဆုံးသတ်လိုပါသည်။သူမြွက်
ဆိုခဲ့သည်“ဘာသာတရားများအချင်း၊ငြိမ်သက ခြင်းမရှိလေသမျှကာလပတ်လုံးကမ္ဘာ့ငြိမ်း
ချမ်းရေးရရှိနိုင်မည်မဟုတ်ခြေ။ဘာသာတရား များအပြန်အလှန်ဝေမျှဖယ်လှယ်ခြင်းမရှိလေ
သမျှကာလပတ်လုံးဘာသာတရားများငြိမ်းချမ်း ရးရရှိနိုင်မည်မဟုတ်ပေ။Thy will be no 
world pace,without religious peace,There  will be no religious peace,without religious
dialogue.အမိမြန်မာပြည်နှင့်တကမ္ဘာလုံးငြိမ်  သက်ခြင်းရရှိဖို့ရန်ဘာသာတရားများ၏ရင်း
နှီး ချစ်ခင်မှုနှင့်ဝေမျှဖယ်လှယ်ခြင်းသည်။ လွန်စွာမှပင်အရေးကြီးလျှက်အခြေခံကြပါသည်။

၅။ခရစ်တော်၏ခရစ်ယာန်ဘာသာ (Christified Christianity)
ဤခရစ်တော်ဆန်ခြင်း(Christion)ဟူသော ဝေါဟာရကိုအစပြုသူမှာပြင်သစ်နိုင်ငံသားဖြစ်
ပြီးသီအော်လော်ဂျီပညာရှင်နှင့်ဘူမိဗေဒပညာ ရှင်ဖြစ်သူတေလ်ဟဒ်ဒီခါရ်ဒင်(Teihard de 
Chardin-1881-1955)ပင်ဖြစ်ပါသည်။သူသည် ဘုရားသခင်ကလူ့သမိုင်းနှင့်စကြာဝဠာတစ်ခု
လုံးကိုကုန်ဆုံးစေသောနောက်ဆုံး ကာ(The  endtime-eschaton)ကို(Omega-Point)ဟုခေါ်ကာ
ထိုနောက်ဆုံးသောကာလတွင်ယုံကြည်သူများ အားလုံးတို့သည်ခရစ်တော်၏ပုံဆောင်ရမည်
(Christification)ဟူ၍ဤခရစ်တော်၏ပုံဆောင် ခြင်းကိုစတင်အသုံးပြုခဲ့လေသည်။ဤဝေါဟာရ
ကိုယူလျှက်ဓမ္မသဘင်အလွန်ခရစ်ယာန်ဘာသာ သည်ခရစ်တော်ပုံဆောင်သောခရစ်ယာန်ဘာ
သာ(Christified Christinity)ဖြစ်ရန်လိုအပ်ပါသည်။ ခရစ်ယာန်ဘာသာ၏အစမူလသည်ခရစ်တော်
ပင်ဖြစ်သည်။(Iani)ဆိုသည်မှာ-ဖက်တော်သား ဟူသောအဓိပ္ပါယ်ရှိရာChrist+ iani(Christiani)
ဟူ၍ပေါင်းသည့်အခါမှာ-ခရစ်တော်၏ဖက် တော်သားများဟူသောမူလအဓိပ္ပါယ်ရှိပါသည်။
Christianityသည်အင်္ဂလိပ်သဒ္ဒါအရဖြစ်ခြင်း နာမ်(noun)ကိုဖေါ်ပြရာခရစ်တော်၏ဖက်တော်
သားများပိုင်ဆိုင်သောဘာသာတရား (Christianity)ဟုအဓိပ္ပါယ်ရှိပါသည်။သို့ဖြစ်ရာ
ဓမ္မသဘင်အလွန်ခရစ်ယာန်ဘာသာသည် ခရစ်တော်ကိုယ်တိုင်ဦးစီးဦးဆောင်သောဘာ
သာတရားဖြစ်ရပါမည်။ခရစ်တော်၏ခရစ် ယာန်ဘာသာတရားမှာခရစ်တော်၌ရှိသော
ထိုစိတ်သဘော(The mind of Christ)ကိုခရစ် ယာန်ယုံကြည်သူတိုင်းလက်ဝယ်ပိုက်ထားရပါ
မည်။(ဖိလိပ္ပု၊၂း၅-၁၁)။အချုပ်အားဖြင့်ဆိုသော် ခရစ်တော်၌ရှိသောထိုစိတ်သဘောသည်မိမိ
အကျိုးကိုမငဲ့ပဲမိမိအသက်ကိုမြက်တစ်ပင် လောက်မျှပဓါနမထားကာသူတစ်ပါးအတွက်
စွန့်လွှတ်ခြင်းစတေးခြင်းပင်ဖြစ်သည်။ခရစ်ယာန် တိုင်းသည်မိမိ၏အတ္တကိုပဓါနမထားပဲခရစ်
တော်ကိုသာပဓါနထားပါကမြန်မာပြည်ခရစ် ယာန်ဘာသာ၏ပုံရိပ်သည်တမူထူးခြားလာပါ
လိမ့်မည်။ခောတ်ပေါ်သာသနာပြုလှုပ်ရှားမှုတွင်  အထင်ကရသာသနာပြုတစ်ပါးဖြစ်သောမက်
သဒစ်သာသနာပြုဆရာစတင်လေဂျုံး(စ်)Stanley Jones)ကခရစ်ယာန်ဘာသာသည်အတ္တပဓါန
စိတ်ထားမှခရစ်တော်ပဓါနစိတ်ထားသို့ပြောင်း ကူးခြင်းဖြစ်သည်ဟူ၍ဆိုခဲ့ပါသည်။ဓမ္မသဘင်
အလွန်တွင်မြန်မာပြည်ရှိခရစ်ယာန်ဘာသာသည် ခရစ် တော်ကိုပဓါနထားသောခရစ်ယာန်ဘာ 
သာဖြစ်ရပါမည်။ဖြစ်ခဲ့ပါသည်။ဖြစ်နေပါသည်။ ဖြစ်ပါ ဦးမည်။နောက်ဆုံးတွင်ခရစ်တော်၏အုပ်စိုး
ခြင်းသည်မြန်မာပြည်နှင့်တကွတစ်ကမ္ဘာလုံး ကိုလွှမ်းမိုးမည်သာဖြစ်သည်။(ဗျာဒိတ်ကျမ်း၊၁၁း
၁၅)။ အလိုတော်သည်မြန်မာပြည်၌ပြည့်စုံပါစေ သောဟူသည့်ဆောင်ပုဒ်ဖြင့်အနှစ်(၂၀၀)
ပြည့်ဓမ္မသဘင်ကိုဆင်နွဲကျင်းပသည့်အခါမှာ ကျွန်တော်တို့တစ်တွေစီးနင်းနေကြသောခရစ်
ယာန်ဘာသာယဉ်ကြီးကိုအလုပ်ရုံမှူးဖြစ်သော ခရစ်တော်ဘုရားထံပြန်လည်အပ်ထားလျှက်
သူ၏စင်းလုံးကျွတ်ပြုပြင်းခြင်း(Overhauling)ကို ခံယူကာဓမ္မသဘင်အလွန်တွင်အသစ်သော
ခရစ်ယာန်ဘာသာအပြစ်အနှစ်(၃၀၀)ပြည့် ဓမ္မသဘင်ဆီသို့လက်တွဲချီတက်ကြပါစို့။


မေတ္တာတမန်မဂ္ဂဇင်း၊အတွဲ(၅၁)၊အမှတ်(၄)နို ၀င်ဘာလ၊၂၀၁၃။”ဓမ္မသဘင်အလွန်မြန်မာ
ခရစ်ယာန်ဘာသာ၏ပုံရိပ်။ "Image of  Myanma CHristianity Beyond 
Celebration"(စာမျက်နှာ၊၁၇-၂၁)

 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...