● ကျန်းမာကြံ့ခိုင်သောအသင်းတော် (Healthy Church)



ကျန်းမာကြံ့ခိုင်သောအသင်းတော်ဆိုသည့် ခေါင်းစဉ်တွေ့လိုက်သည်နှင့်သိပ်မထူးဆန်းသ
လိုမျိုး၊အရေးမကြီးသလိုမျိုးငါနဲ့မဆိုင်ပါဘူး၊သင်း အုပ်ဆရာနဲ့ပဲဆိုင်တာပါဟု၊ကိုယ့်တာဝန်မဟုတ်
သလို၊ကိုယ့်ကိစ္စမဟုတ်သလိုထင်လျှင်မိတ်ဆွေ အကြီးအကျယ်မှားပါလိမ့်မည်။ကျန်းမာကြံ့ခိုင်
သောအသင်းတော်(Healthy Church)ဟုဆို ရာတွင်၊အောက်ပါပုဂ္ဂိုလ်များနှင့်လုံးဝတိုက်ရိုက်
အကျုံးဝင်လျှက်ရှိပါသည်။
၁။ကျန်းမာကြံ့ခိုင်သောအသင်းတော်များသည် ကျန်းမာသောအသင်းတော်ခေါင်းဆောင်များ
ကိုလိုအပ်ပါသည်။(Healthy Leaders)
၂။ကျန်းမာကြံ့ခိုင်သောအသင်းတော်များသည် ကျန်းမာသောအသင်းသူ/သားများကိုမွေးထုတ်
ရန်တပည့်တော်ဖြစ်ခြင်းအစီအစဉ်များကို ဆောင်ရွက်ကြပါသည်။(Healthy Members)
၃။ကျန်းမာကြံ့ခိုင်သောအသင်းတော်များသည် ကျန်းမာသောရည်မှန်းချက်(ပန်းတိုင်၊ရူပါရုံ)ရှိ
ကြပါသည်။(Healthy Mission/Vision) 

အသင်းတော်များသည်အဘယ်ကြောင့်ကျန်း မာကြံ့ခိုင်ရန်အရေးတကြီးလိုပါသနည်း။
(ဧ၊၁း၁၈-၃၂)ဘုရားသခင်ပြုတော်မူသော အရာခပ်သိမ်းသည်အသင်းတော်အတွက်ဖြစ်
သည်။“ခေါ်တော်မူသောကြောင့်၊မျော်လင့်ရ သောအရာကားအဘယ်အရာဖြစ်သည်ကို
သန့်ရှင်းသောသူတို့သည်ခံရသောအမွေ တော်၏ဘုန်းစည်းစိမ်ကားအဘယ်မျှလောက်
ကြီးသည်ကိုလည်းကောင်း၊ယုံကြည်သော ငါတို့၌ပြတော်မူသောအလွန်ကြီးလှစွာသော
တန်ခိုးတော်ကားအဘယ်မျှလောက်ကြီးသည် ကိုလည်းကောင်း၊သင်တို့သည်သိစေခြင်းငှာ
သင်တို့၏ဥာဏ်မျက်စိကိုလင်းပါစေမည့် အကြောင်း၊ဆုတောင်းပဌနာပြု၏။တန်ခိုး
တော်ကားခရစ်တော်ကိုသေခြင်းမှထမြောက် စေတော်မူ၍ခရစ်တော်၌ပြုပြင်သောမဟာ
တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။ခပ်သိမ်း သောအထွဋ်အမြတ်၊အာဏာစက်၊တန်ခိုး
အစိုးရခြင်းမှစ၍ယခုဘ၀၊နောင်ဘ၀ခေါ် ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့ထက်
ကောင်းကင်းအရပ်၌မိမိလက်ျာတော်ဖက်မှာ အလွန်မြင့်မြတ်သောနေရာကိုခရစ်တော်အား
ပေးတော်မူ၍ခြေဖ၀ါးအောက်တော်သို့အလုံးစုံ တို့ကိုချထားသဖြင့်ထိုအသင်းတော်ကားအလုံး
စုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံတော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသောခရစ်တော်၏ကိုယ်ဖြစ်
သတည်း။(ဧ၊၃း၁၀)ဘုရားသခင်သည်အသင်း တော်အားဖြင့်သူ၏အကြံအစည်တော်ကိုထင်
ရှားစေတော်မူ၏။အဘယ်ကြောင့်နည်းဟူမူ ကားငါတို့သခင်ယေရှုခရစ်ကိုအကြောင်းပြု၍၊
ထာဝရအကြံတော်ရှိသည်နှင့်အညီကောင်း ကင်အရပ်တို့၌အထွဋ်အမြတ်အာဏာစက်တို့
သည်ဘုရားသခင်၏ထူးဆန်းသောပညာတော် ကိုအသင်းတော်အားဖြင့်ယခုသိကြရမည့်အ
ကြောင်းတည်း။
(ဗျာ၊၁၉း၆-၉)သမိုင်းကြောင်း၏အထွဋ်အထိပ် သည်အသင်းတော်ရှိစေရန်ဖြစ်သည်။
ဆက်လက်စောင့်မျှော်ဖတ်ရှုရန်....
၁။ကျန်းမာကြံ့ခိုင်သောခေါင်းဆောင်များ
၂။ကျန်းမာကြံ့ခိုင်သောအသင်းသူ/သားများ
၃။ကျန်းမာကြံ့ခိုင်သောရှုပါရုံများကိုမကြာမမြင့်မှီ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...