● သန့် ရှင်း သော ၀ိညာဉ် တော် နှင့် ကယ် တင် ခြင်း...


♦ နိဒါန်း။-
ကယ် တင်ခြင်း အမှု တော်မြတ် တွင် ခမည်း တော် သား တော် သန့်ရှင်း သော ၀ိညာဉ် တော် တည်း ဟူ သော သုံးပါး တစ်ဆူ ဘုရား ၏ လုပ် ဆောင် ချက် အသီး သီး ပါဝင် ကြ ပါသည်။ လူ သား များ ကို ကယ် တင် ရန် အဖ ဘုရား သခင် သည် သား တော် ယေရှု ခရစ် တော် ကို လော က သို့ စေ လွှတ် ခဲ့ ပါ သည်။ ယေ ရှု ခရစ် သည် လူ သား များ ၏ အပြစ် ကို ဖြေ လွှတ် ရန် ကား တိုင် ပေါ် တွင် အသေ ခံ ၍ ရှင် ပြန် ထ မြောက် ခဲ့ ပါသည်။ ဤ ကယ် တင် ခြင်း သတင်း ကောင်း ကို ယုံ ကြည် လက် ခံ သော သူ သည် ကယ် တင် ခြင်း ရ ရှိ ပါသည်။ လူ တစ် ဦး ကယ် တင်ခြင်း ရ ရှိဖို့ ရန် သန့် ရှင်း သော ၀ိညာဉ် တော် မည် သို့ လုပ် ဆောင် ပေး သည် ကို ဤ သင် ခန်း စာ တွင် ဖေါ် ပြ ပါမည်။ 

♦ ဒုတိယမွေးခြင်း။-
လူ သား များ သည် ကာ ယ ကံ ၊ ၀ဇီ ကံ ၊ မနော ကံ ဖြင့် ဒု စရိုက် များ ကို ပြု နေ ကြသော အပြစ် သား များ ဖြစ် ပါ သည်။ အပြစ် ရှိ သော ကြောင့် လူ တို့ သည် သေ ကြ ရ ပါ သည်။ ခန္ဒာ ကိုယ် သေ ရသည့် အပြင် တမ လွန် တွင် လည်း ဒုတိ ယ သေ ခြင်း နှင့် ရင် ဆိုင် ရပါ သည် (ရောမ ၅း ၁၂ )။ လူ တိုင်း သည် ဤ အဖြစ် မှန် ကို သိပြီး အသက် တာ ပြောင်း လဲ ရန် လို အပ် ပါသည်။ လူ မည် သည် ကား ခရစ် တော် ၌ ရှိ လျှင် အသစ် ပြု ပြင် သော သတ္တ ၀ါ ဖြစ် ၏၊ ဟောင်း သော အရာ တို့ သည် ပြောင်း လဲ ၍ ခပ် သိမ်း သော အ ရာ တို့ သည် အသစ် ဖြစ် ကြ ၏ (၂ ကော ၅း ၁၇)။ ခရစ် တော် အား ဖြင့် အသက် တာ ပြောင်း လဲ ခြင်း ကို ဒု တိ ယ မွေး ခြင်း ဟု ခေါ် ပါ သည်။ ထို ဒု တိ ယ မွေး ဖွား ခြင်း သည် ဘုရား သခင် ၏ ချစ် ခြင်း မေတ္တာ နှင့် ကျေး ဇူး တော် ကြောင့် လည်း ကောင်း၊ ယေ ရှု ခရစ် တော် ၏ သေ ခြင်း နှင့် ထ မြောက် ခြင်း ကြောင့် လည်း ကောင်း၊ သန့် ရှင်း သော ၀ိ ညာဉ် တော် ၏ လှုပ် ရှား ခြင်း ကြောင့် လည်း ကောင်း ၊ အကျွန်ုပ် တို့ ထံ ရောက် ရှိ လာ သည်။ ဒု တိ ယ မွေးခြင်း မရ လျှင် ကောင်း ကင် နိုင် ငံ တော် သို့  မ၀င် ရဟု သခင် ယေ ရှု မိန့် တော် မူ ခဲ့ ပါ သည် (ယော ဟန်၊ ၃း ၃)။ လူ တစ် ဦး သည် ဒု တိ ယ မွေး ခြင်း ရ ရှိ ပါရန် သန့် ရှင်း သော ၀ိညာဉ် တော် ၏ မစ ကူညီ မှု ရ ရှိ ရန် လို အပ် ပါသည်။ သန့် ရှင်း သော ၀ိညာဉ် တော် ၏ လုပ် ဆောင် ချက် ဖြင့် သာ အသက် တာ အသစ် ကို ရ ရှိ ပါသည် (ယော ဟန် ၃း ၈)။ 

♦ ၀ိညာဉ် တော်၏ လုပ်ဆောင်ချက်။-
သခင် ယေရှု သည် အကျွန်ုပ် တို့ အပြစ် များ ကြောင့် အသေ ခံ ပြီး ရှင် ပြန် ထ မြောက် ခဲ့ သည်။ ယေ ရှု ခရစ် တော် ကို ယုံ ကြည် လျှင် အဖြစ် စီရင် ခြင်း မခံ ရ ပဲ ထာ ၀ ရ အသက် ကို ရ ရှိ ပါသည်။ ဤ သ တင်း ကောင်း သည် လော ကီ နိုင် ငံ အရပ် ရပ် ရှိ လူ သား များ ထံ သို့ နည်း လမ်း အ သွယ် သွယ် ဖြင့် ရောက် ရှိ လာ ပါသည်။ မယုံ ကြည် သူ တစ် ဦး သည် ကယ်  တင် ခြင်း သတင်း ကောင်း ကို ကြား ရ သော အခါ လက် ခံ မည် လော့ (သို့) ငြင်း ပယ် မည် လော့ ဟု ရွေး ခြယ် ဆုံး ဖြတ် ရပါ သည်။ အ ကျွန်ုပ် တို့ ကယ် တင် ခြင်းရ ရှိ ရန် သန့် ရှင်းသော ၀ိညာဉ် တော် မည် သို့ လုပ် ဆောင် သည် ကို သခင် ယေရှု က ( ယော ဟန် ၁၆း ၇- ၁၁ ) တွင် ဖေါ် ပြ ထား ပါ သည်။ သခင် ယေ ရှု က ဤ ကျမ်း ပိုဒ် တွင် မယုံ ကြည် သူ ကို လော ကီ သား ဟု ခေါ် ပါ သည်။ သန့် ရှင်း သော ၀ိညာဉ် တော် ကို ဥ ပဇ္ဈာယ် ဆရာ ဟု ခေါ် ဝေါ် သမုတ် ပါ သည်။ ကယ် တင် ခြင်း တရား ကို ကြား သိ သော မယုံ ကြည် သူ ၏ စိတ် နှ လုံး ထဲ တွင် သန့် ရှင်း သော ၀ိညာ ဉ်ေ တာ် ဘုရား သည် အောက် ပါ အတိုင်း လုပ် ဆောင် ပါ သည်။ 

၁)၀ိညာဉ် တော် က လူ တိုင်း သည် အပြစ် ရှိ သည် ဟု ဖေါ် ပြ ပါသည်(ယော ဟန် ၁၆း၉)။ လူ သည် ပင် ကိုယ် သဘာ ၀ အား ဖြင့် မိမိ အပြစ် ကို ၀န်ခံ လေ့ မရှိ ပါ။ မိမိ သည် လူ ကောင်း  တစ် ဦး သာ ဖြစ် သည် ဟု ထင် မှတ် လေ့ ရှိ ပါ သည်။ ထို့ ကြောင့် အပြစ် သား ဖြစ် ကြောင်း ၀န်ခံ ရန်လို အပ် ပါ သည်။

၂)ယေ ရှု ခရစ် တော် ကို ယုံ ကြည် ပါ က အပြစ် ကင်း မည်၊ အပြစ် လွှတ် ခြင်း ခံ ရ မည် ဟု ၀ိညာဉ် တော် က သက် သေ ခံ ပါ သည်။ ဧ ၀ံ ဂေလိ တရား ကို လက်ခံ ချင် လာ အောင် သန့် ရှင်း သော ၀ိညာဉ် တော် က နှိုး ဆော် ပါ သည် (ယော ဟန် ၁၆း ၁၀)။ 

၃)ယေ ရှု ခရစ် တော် ကို လက် မခံ လျှင် အပြစ် စီ ရင်ခြင်း ခံ ရ မည် ဟု သန့် ရှင်း သော ၀ိညာဉ် တော် က သ တိ ပေး ပါ သည် (ယော ဟန် ၁၆း ၁၁)။ စာ တန် မာရ် နတ် ကလည်း ယေ ရှု ခရစ် တော် ကို ငြင်း ပယ် ရန် ကြား နာ သူ ၏ စိတ် ထဲ တွင် တိုက် တွန်း နေ ပါသည်။ ဧ၀ံ ဂေလိ သတင်း ကောင်း ကို ကြား ရ သော သူ သည် မှန် ကန် စွာ ဆုံး ဖြတ် ရန် လို အပ် ပါ သည်။ ကယ် တင် ခြင်း တ ရား တော် ကို သိ ရသော အချိန် တွင် ၀ိညာဉ် တော် သည် အ ထက် ပါ အတိုင်း လုပ် ဆောင် လျက် ရှိ ပါ သည်။ ၀ိညာဉ် တော် ဆုံး မ သည် ကို နာ ခံ ရန် ၊ ယေ ရှု ခရစ် တော် ကို ကယ် တင် ရှင် နှင့် အရှင် သခင် အဖြစ် လက်ခံ ပါက ဒု တိယ မွေး ခြင်း ရရှိ ပါ သည်။ ခရစ် တော် ၏ အုပ် စိုး မှု အောက် တွင် အသက် တာ သစ် ဖြင့် ရှင် သန် ပြီး ကိုယ် တော် ၏ တပည့် တော် ဖြစ် လာ ပါ သည်။

♦ အသက်တာအသစ်။-
ယုံ ကြည် သူ လူ သစ် တစ် ဦး သည် ဘ၀ နှစ် ခု ကို ပိုင် ဆိုင် ပါသည်။ ဘ၀ သစ် တည်း ဟူ သော ၀ိညာဉ် ပက တိ အ သက် တာ ရ ရှိ လာ သော အခါ ဘ၀ ဟောင်း တည်း ဟူ သော ဇာ တိ ပက တိ လည်း ဆက် လက် တည် ရှိ နေ ပါ သည်။ ကယ် တင် ခြင်း ရသော သူ ၏ စိတ် နှ လုံး ထဲ တွင် သန့် ရှင်း သော ၀ိညာဉ် တော် ၀င် ရောက် ကျိန်း ၀ပ် ပါ သည် (၁ ကော ၆း ၁၉ -၂၀ )။ ယုံ ကြည် သူ သည် ဇာ တိ ပက တိ ကို ငြင်း ပယ် နိုင် ရန် သန့် ရှင်း သော ၀ိညာဉ် တော် က တ ဖြေး ဖြေး ပြု ပြင် ပေး ပါ သည် (၂ ကော ၄း ၁၆)။ ၀ိညာဉ် တော် ပဲ့ ပြင် မှု ကို နာ ခံ ၍ ဇာ တိ ကို ငြင်း ပယ် ပြီး ၀ိညာဉ် ပကတိ ဖြင့် ရှင် သန် ကြ ရ ပါ မည် (ဂ လာ တိ ၅း ၂၄ - ၂၅)။ ဤ သို့ ဖြင့် အ ကျွန်ုပ် တို့ ယုံ ကြည် သူများ ၏ အ သက် တာ တွင် ၀ိညာဉ် အသီး သီး ပါ လိမ့် မည် (ဂလာ တိ ၅း ၂၂)။ ၀ိညာဉ် ပကတိ ၏ အကျိုး မူ ကား ချစ် ခြင်း ၊ ၀မ်း မြောက် ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ ကောင်း မြတ် ခြင်း၊ သစ္စာ စောင့် ခြင်း၊ နူး ညံ့ သိမ် မွေ့ ခြင်း နှင့် ကာ မ ကုန် ချုပ် တည်း ခြင်း ပေ တည်း။

♦ နိဂုံးချုပ်။-
ယေ ရှု ခရစ် တော် ၏ ကယ် တင် ခြင်း သည် စုံ လင် သော ကယ် တင်ခြင်း ဖြစ် သည်။ ကိုယ် တော် သည် အ ကျွန်ုပ် တို့ ကို အပြစ် ဒဏ် မှ လွှတ် မြောက် စေ သည် သာ မက ပဲ အပြစ် ဒု စရိုက် ၏ လွှမ်း မိုး အုပ် စိုးမှု အောက် မှ လည်း လွှတ် မြောက် အောင် ကယ် တင် ပါ သည်။ ခရစ် တော် စေ လွှတ် ခဲ့ပြီး အ ကျွန်ုပ် တို့ နှင့် အတူ ရှိ နေ သော သန့် ရှင်း သော ၀ိညာဉ် တော် သည် အ ကျွန်ုပ် တို့ ကို ဖြောင့် မတ် သန့် ရှင်း သော အသက်  တာ ၌ ရှင် သန် နိုင်ရန် ဆုံး မပဲ့ ပြင် လျှက် ရှိ ပါသည်။ ၀ိညာဉ် တော် လမ်း ပြ သည့် အတိုင်း အသက် ရှင် လျှောက် လှမ်း ကြရ ပေ မည်။

♦ ♦ ♦ ♦ ♦

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...