● သန့် ရှင်း သော ၀ိညာဉ် တော် ၏ လုပ် ဆောင် ချက် များ ...

♦ နိဒါန်း။-
ကျွန်ုပ် တို့ ခရစ် ယာန် များ သည် ခ မည်း တော်၊ သား တော်၊ သန့် ရှင်း သော ၀ိ ညာဉ် တော် တည်း ဟူ သော သုံး ပါး တစ် ဆူ ထာ ၀ရ ဘုရား ကို ယုံ ကြည် ကိုး ကွယ် ကြ ပါ သည်။ ကျွန်ုပ် တို့ သည် ခ မည်း တော်၊ သား တော် ၏ လုပ် ဆောင် ချက် များ ကို သိ သ ကဲ့ သို့ သန့် ရှင်း သော ၀ိညာဉ် တော် ၏ လုပ် ဆောင် ချက် များ ကို လည်း သိ ရန် လို အပ် ပါ သည်။ လူ တစ် ဦး သည် သ ခင် ယေ ရှု ခရစ် တော် ကို မိမိ ၏ ကယ် တင် ရှင် နှင့် အရှင် သခင် ဖြစ် သည် ဟု ယုံကြည် ၀န် ခံ သော အ ချိန် မှ စ၍ သန့် ရှင်း သော ၀ိ ညာဉ် တော် သည် ထို သူ ၏ စိတ် နှ လုံး ထဲ တွင် ၀င် ရောက် ကျိန်း ၀ပ် တော် မူ ပါ သည်။ (ဂ လာ တိ ၃း ၁၄)။ ယုံ ကြည် သူ များ သည် ဘု ရား သ ခင် ၏ အ မွေ ခံ သား သမီး များ ဖြစ် ကြောင်း သက် သေ ထူ ရန် သန့် ရှင်း သော ၀ိညာဉ် တော် ကို စရံ အဖြစ် ပေး တော် မူ ခြင်း ဖြစ် သည် (၂ ကော ၁း ၂၊ ဧဖက် ၁း ၁၃ - ၁၄)။ သန့် ရှင်း သော ၀ိ ညာဉ် တော် သည် ဖန် ဆင်း ခံ ကမ္ဘာ နှင့် လူ သား များ အတွက် အလုပ် လုပ် နေ ကြောင်း သမ္မာ ကျမ်း စာ တွင် ဖေါ် ပြ ထား သည် ဖြစ် ၍ အကျဉ်း ချုပ် လျက် ဖေါ် ပြ အပ် ပါ သည်။

♦ ဖန်ဆင်းခြင်း။-
သုံး ပါး တစ် ဆူ ဖြစ် သော ထာ ၀ ရ ဘုရား သည် ကမ္ဘာ မြေ ကြီး နှင့် အရာ ခပ် သိမ်း ကို ဖန် ဆင်း ခဲ့ ပါ သည်။ ခရစ် တော် သည် ဖန် ဆင်း ခြင်း အမှု တော် တွင် အ တူ ပါ ၀င် လုပ် ဆောင် ခဲ့ ပါ သည် ( ကော လော သဲ ၁း ၁၆)။ ဤ သို့ ဖန် ဆင်း ခြင်း ပြု ရာ ၌ သန့် ရှင်း သော ၀ိညာဉ် တော် လည်း အတူ ပါ ၀င် လုပ် ဆောင် ကြောင်း ( ကမ္ဘာ ဦး ကျမ်း ၁း ၂) တွင်  တွေ့ရ ပါ သည်။ လူ ကို ဖန် ဆင်း သော အခါ ခမည်း တော်၊ သား တော် ၊ သန့် ရှင်း သော ၀ိ ညာဉ် တော် တို့  အချင်း ချင်း ပြော ဆို မိန့် မြွက် ကြောင်း ကျမ်း စာ တွင် ဖော် ပြ ထား ပါ သည်။

“တစ် ဖန် ဘုရား သခင် က၊ ငါ တို့ ပုံ သဏ္ဍန် နှင် တညီ တ သ ဏ္ဍာန် တည်း လူ ကို ဖန် ဆင်း ကြ စို့” (ကမ္ဘာ ဦး ကျမ်း ၁း ၂၆ က)

♦ သမ္မာကျမ်းစာ။-
သန့် ရှင်း သော ၀ိညာဉ် တော် ၏ အ ရေး ကြီး သော လုပ် ဆောင် ချက် တစ် ရပ် မှာ ဓမ္မ ဟောင်း ကျမ်း နှင့် ဓမ္မ သစ် ကျမ်း ပေါ် ပေါက် လာ စေ ရန် ဆောင် ရွက် ခြင်း ဖြစ် သည်။ သန့် ရှင်း သော ၀ိညာဉ် တော် တိုက် တွန်း ခြင်း ခံရ သော သူ တို့ သည် ဘုရား သခင် ၏ နှုတ် က ပတ် တော် ကို ဟော ပြော ကြ ၏ (၂ ပေ ၁း ၂၁)။ ၀ိညာဉ် တော် လမ်း ပြ ခြင်း အတိုင်း နှုတ် ကပတ် တော် ကို မှတ် တမ်း တင်ခြင်း ဖြင့် သမ္မာ ကျမ်း စာ ဖြစ် ပေါ် ခဲ့ ပါ သည် (၂တိ ၃း ၁၆ -၁၇ )။ ကျွန်ုပ် တို့ ယုံ ကြည် သူများ သည် ဘုရား သခင် ၏ အလို တော် ကို သိ ရှိ ၍ နာ ခံ လိုက် လျောက် ရန် သမ္မာ ကျမ်း စာ ကို နေ့ စဉ် ဖတ် ရှု ဆင် ခြင် ရ ပါ သည်။ 

♦ သာသနာပြုခြင်း။-
လော ကီ နိုင် ငံ အရပ် ရပ် တွင် ယေ ရှု ခရစ် တော် ၏ ဧ ၀ံ ဂေ လိ တရား ပြန့် ပွား စေ ရန် သန့် ရှင်း သော ၀ိ ညာဉ် တော် လုပ် ဆောင် လျှက် ရှိ ပါ သည်။ သန့် ရှင်း သော ၀ိညာဉ် တော် သည် ခရစ် တော် အတွက် သက် သေ ခံ မည့် သူများ အပေါ် သို့ တန် ခိုး တော် ကို သွန်း လောင်း ၍ အသုံး ပြု ပါ သည်။ မည် သည့် အ ရပ် ဒေ သ သို့ သွား ရ မည် ကို ၀ိညာဉ် တော် က လမ်း ပြ ပို့ ဆောင် ပေး ပါသည် (က ၁၆း ၉ - ၁၀)။ သက် သေ ခံ မည့် ယုံ ကြည် သူ မည် သူ့ ထံ သို့ သွား ရမည် ကို သန့် ရှင်း သော ၀ိညာဉ် တော် က ဖော် ပြ ပါ သည် (တမန် ၈း ၂၉ )။ ကယ် တင် ခြင်း တရား ကို ကြား ရသော မယုံ ကြည် သေး သော သူ သည် ခရစ် တော် ကို လက် ခံ ရန် သန့် ရှင်း သော ၀ိညာဉ် တော် က တို့ ထိ ပြင် ဆင် ပေး ပါသည်။ သန့် ရှင်း သော ၀ိညာဉ် တော် ၏ အသုံး ပြု ခြင်း ခံ ရ သော ယုံ ကြည် သူများ အား ဖြင့် ကျွန်ုပ် တို့ သည် ခရစ် တော် ၏ တပည့် တော် များ ဖြစ် လာ ကြ ပါ သည်။ သန့် ရှင်း သော ၀ိညာဉ် တော် သည် အခြား သူ များ ကို သက် သေ ခံ ရန် ကျွန်ုပ် တို့ ကို စေ ခိုင်း သော အခါ နာ ခံ ၍ ခရစ် တော် ၏ ကယ်တင် ခြင်း တရား ကို ဝေ ငှ ကြ ရ ပါ မည်။

♦ ခရစ်ယာန်ဖြစ်ခြင်း။-
သန့် ရှင်း သော ၀ိညာဉ် တော် သည် ဧ၀ံ ဂေလိ တရား ကို ကြား ရ သော သူ တို့ ၏ စိတ် နှ လုံး ကို တို့ ထိ ပြင် ဆင် ပေး ပါ သည်။ ထို သူ သည် ခရစ် တော် ကို စိတ် နှ လုံး အတွင်း ၌ လက် ခံ သော အခါ ဒု တိ ယ မွေး ခြင်း ရပြီး ခရစ် ယာန် တစ် ဦး ဖြစ် လာ ပါသည် (တိ တု ၃း ၅ )။ ထို ခရစ် ယာန် သည် ဘုရား သခင် ၏ အလို တော် အတိုင်း အသက် ရှင် တတ် စေ ရန် သန့် ရှင်း သော ၀ိညာဉ် တော် က လမ်း ပြ ပဲ့ ပြင် ပေး သည် ( ရော မ ၈း ၁၄)။ နာ ခံ လိုက် လျောက် သူ တို့ သည် ၀ိညာဉ် အသီး သီး သော ခရစ် ယာန် များ ဖြစ် လာ ပါ သည် (ဂလာ ၅း၂၂ -၂၅)။

♦ အသင်းတော်။-
အသင်း တော် သည် ခရစ် တော် ၏ ကိုယ် ခန္ဓာ ဖြစ် ပါသည်။ သန့် ရှင်း သော ၀ိညာဉ် တော် အား ဖြင့် အ သင်း တော် ပေါ် ပေါက် ခဲ့သည်။ ယုံ ကြည် သူ အချင်း ချင်း ပေါင်း သင်း မိတ် သ ဟာ ရ ဖွဲ့ စေ ရန် သန့် ရှင်း သော ၀ိညာဉ် တော် သည် ယုံ ကြည် သူ တိုင်း ကို အသင်း တော် သို့ ပို့ ဆောင် ပါသည် (၁ ကော ၁၂း ၁၃ - ၁၄)။ အ သင်း တော် သည် အဖွဲ့ အစည်း တစ် ခု ကဲ့ သို့ ရပ် တည် သော် လည်း သန့် ရှင်း သော ၀ိညာဉ် တော် ၏ တန် ခိုး နှင့် လမ်း ပြ ပဲ့ ပြင်မှု ကို ခံ ယူ ခြင်း ဖြင့် သာ သက် ၀င် လှုပ် ရှား လျက် ကြီး ပွား တိုး တက် ပါ သည် (တမန် ၄း ၃၁)။ ကန ဦး အသင်း တော် တွင် သန့် ရှင်း သော ၀ိညာဉ် တော် ၏ လမ်းပြ မှု ဖြင့် ဆုံး ဖြတ် ချက် များ ချ မှတ် ကြ ပါ သည်။ အသင်း တော် ၏ ၀တ် ပြု ကိုးကွယ် ခြင်း အစီ အစဉ် တိုင်း တွင် သန့် ရှင်း  သော ၀ိညာဉ် တော် ၏ ဦး ဆောင် ပဲ့ပြင် မှုကို ခံယူ ရ ပါ မည် (ဧဖက် ၅း ၁၈ -၁၉)။ ၀ိညာဉ် တော် အုပ် စိုး သော ၀တ် ပြု  စည်း ဝေး သည် တင့် တယ် လျှေက် ပတ် ၍ ယုံ ကြည် သူ တို့ အတွက် ကောင်း ချီး မင်္ဂ လာ ဖြစ် စေ ပါ သည် ( ၁ကော ၁၄း ၃၃ )။ အသင်း တော် ကို တည် ဆောက် ရန် သန့် ရှင်း သော ၀ိညာဉ် တော် သည် ယုံ ကြည် သူများ ကို ၀ိညာဉ် ဆု ကျေး ဇူး လည်း ပေး ထား ပါသည်။

♦ နိဂုံး။-
အချုပ် အား ဖြင့် ကျွန်ုပ် တို့ သည် ယေ ရှု ခရစ် တော် ကို ယုံ ကြည် ခြင်း အား ဖြင့် သာ ကယ် တင် ခြင်း ရ ရှိ ပါ သည်။ ထို မျှ မက ယေ ရှု ခရစ် တော် အား ဖြင့် သာ သန့် ရှင်း သော ၀ိညာဉ် တော် ကို ရ ရှိ ပါသည် (ယော ဟန် ၁၆း ၇ )။ မြေ ကြီး ပေါ် တွင် ဘုရား သခင် အလို တော် ပြည့် စုံစေ ရန် သန့် ရှင်း သော ၀ိညာဉ် တော် ၏ ပဲ့ပြင် မှုဖြင့် လုပ် ဆောင် ကြ ရ ပေ မည်။

♦ ♦ ♦ ♦ ♦

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...