● ၀ိညာဉ်မီးအိမ်...

" ၀ိညာဉ် မီး အိမ် "

သန်း ခေါင် ထက် ညဥ့် မ နက် တော့ ပါ
ရှုပ် ယှက် ခတ် လွန်း တဲ့ လော က မှာ
ကမ်း ကို မ မြင် 
လမ်း ကို လည်း မ မြင် 
ဘယ် ဟာ က အ ဖြူ
ဘယ် ဟာ က အ မဲ
ဘာ တွေ က တော့ အ ကောင်း
ဘာ တွေ က တော့ အ ဆိုး
ဝေ ခွဲ မ  ရ နိုင် တော့ တဲ့ အ ဆုံး
ထင် ရာ ကို စိုင်း ပြီး
ဘ ၀ ကို အ ရှုံး နဲ့
နိ ဂုံး မ လှ တဲ့ အ ဖြစ် မျိုး တွေ
မိတ် ဆွေ ..
သင် မ ကြုံ ရ လေ အောင်
မေတ္တာ အ လင်း လေး နဲ့
ကူ ညီ ပါ ရ စေ။
အ ရှင် ပြန် အ လာ ကို
ဆီ အ ပြည့် မီး ခွက် နဲ့
ဝမ်း ပန်း တ သာ နဲ့ ခ ရီး ဦး ကြို
သာ ဓု သစ္စာ ရှိ လှ သော
သာ ဓု သစ္စာ ရှိ လှ သော
သာ ဓု သစ္စာ ရှိ လှ သော
သ တို့ သ မီး များ ဖြစ် ကြ စေ ...

(၀ိညာဉ်မီးအိမ်-ခရစ်ယာန်စာပေစုစည်းမှု)




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...