● တပည့်တော်တစ်ဦးရဲ့အဓိပ္ပါယ်၊အပိုင်း(၂)...

၃။တပည့်တော်တစ်ဦးတွင်တာဝန်ဝတ္တရားများရှိသည်။
“ခ ရစ် တော် ဘာ လုပ် မှာ လဲ” မေး ခွန်း က ၊ ကိုယ့် ရဲ့ တ ပည့် တော် ဖြစ် ခြင်း ကို ပီ ပြင် စေ လို သူ တွေ အ နေ နဲ့ ၊ ကိုယ့် ကိုယ် ကို ဒီ လို မေး ခွန်း မျိုး မေး ပါ လိမ့် မယ် ။ ရင် ဆိုင် တွေ့ ကြုံ ရ တဲ့ အ ခြေ အ နေ တိုင်း မှာ လည်း ဒီ လို မေး ခွန်း မျိုး ကို ပဲ မေး ကြ မေး ကြ မှာ သေ ချာ ပါ တယ် ။ ဒါ က တော့ ခ ရစ် တော် နဲ့ ခ ရစ် ယာန် ယုံ ကြည် သူ တစ် ယောက် ချင်း ရဲ့ ကြား မှာ ထား ရှိ ဖို့ လို အပ် တဲ့ ပ ဋိ ညာဉ် သ ဘော တူ ညီ ချက် တစ် ခု ပါ ပဲ ( ၁ ယော ၂း ၆) ။ အ ကယ် လို့ များ သင် ဟာ ဘာ လုပ် ရ မှန်း မ သိ၊ ဇ ဝေ ဇ ၀ါ ဖြစ် ရ တဲ့ အ ခြေ အ နေ မျိုး နဲ့ တွေ့ ကြုံ ရ ယင် လဲ ၊ ဒီ လို အ ခြေ အ နေ မျိုး မှာ ခ ရစ် တော် သာ ဆို ဘာ လုပ် မှာ လဲ ၊ ဘယ် လို တုန့် ပြန် မ လဲ ဆို ပြီး ၊ သန့် ရှင်း သော ၀ိညာဉ် တော် ထံ ပါး တောင်း ခံ နိုင် ပါ တယ် ၊ မေး မြန်း နိုင် ပါ တယ် ။ တ ကယ့် ကို သိ လို တဲ့ စိတ် နဲ့ သင် တောင်း ခံ ယင်၊ သန့် ရှင်း သော ၀ိ ညာဉ် တော် က သင့် မေး ခွန်း အ တွက် အ ဖြေ ကို မု ချ ပေး ပါ လိမ့် မယ် ။ ဒီ လို နဲ့ ၊ ခ ရစ် တော် ရဲ့ သွန် သင် မှု တွေ၊ လုပ် ဆောင် မှု တွေ နဲ့ ပတ် သက် တဲ့ ၊ သင့် ရဲ့ အ တွေး အ ခေါ် တွေ၊ အ သိ တ ရား တွေ ၊ နား လည် မှု တွေ ဟာ လည်း တ စ ထက် တ စ မြင့် မား လာ လေ လေ၊ သင် ရင် ဆိုင် တွေ့ ကြုံ ရ မဲ့ အ ခြေ အ နေ တိုင်း ကို လည်း ခ ရစ် တော် လို တုန့် ပြန် နိုင် တဲ့ ၊ သင့် ရဲ့ စွမ်း ဆောင် ရည် တွေ လည်း ပို ပြီး မြင့် မား လာ ပါ လိမ့် မယ်။

ခိုင်မာသောဆုံးဖြတ်ချက်ချခြင်း။
(၁)   တ ပည့် တော် တစ် ဦး ဟာ ခ ရစ် တော် လုပ် ဆောင် သ လို လုပ် ဆောင် ဖို့ ခိုင် မာ တဲ့ ဆုံး ဖြတ် ချက် တစ် ခု ချ ဖို့ လို ပါ တယ်။ ဒီ လို မ ဟုတ် ပဲ၊ သူ့ ကို ဘု ရား ပေး သ နား တဲ့ ကောင်း မြတ် ခြင်း တွေ ထက် အ ဖိုး နည်း တဲ့ ဆုံး ဖြတ် ချက် မျိုး ချ မိ မယ် ဆို ယင် တော့၊ သ ခင် ဘု ရား ကို ဆက် ပြီး ၀မ်း နည်း နေ စေ မှာ ပဲ။
      
(၂)   ခ ရစ် တော် ရဲ့ နောက် တော် ကို လိုက် ဖို့ ဆုံး ဖြတ် တဲ့ ကျွန်ုပ် တို့ ရဲ့ ဆုံး ဖြတ် ချက် တွေ ဟာ ၊ ကြား ရ တဲ့ ဧ ၀ံ ဂေ လိ သ တင်း ကောင်း ကြောင့် တ ဒင်္ဂ စိတ် လှုပ် ရှား ပြီး ဆုံး ဖြတ် တာ မျိုး မ ဟုတ် ပဲ၊ စိတ် ဆန္ဒ ရှိ စွာ လုပ် ဆောင် တဲ့ ဆုံး ဖြတ် ချက် မျိုး ဖြစ် ဖို့ အ ရေး ကြီး ပါ တယ်။ လက် တွေ့ မ ဆန် ၊ အ တွေ့ အ ကြုံ မ ပါ တဲ့ ဆုံး ဖြတ် ချက် တွေ ဟာ အ ဖိုး နည်း ပါ တယ်။

(၃)   သင် ဟာ သင့် ထက် ၀ိညာဉ် ရေး ရာ အ ရှိန် တန် ခိုး လွမ်း မိုး တဲ့ ပုဂ္ဂိုလ် တွေ ရှေ့ မှာ၊ လေး လေး နက် နက် ၀န် ခံ ပြီး ဆုံး ဖြတ် ချက် ချ ရ မဲ့ အ ချိန် မျိုး ရောက် လာ ပါ လိမ့် မယ်။ သင် ဟာ ၊ သင့် ဘ ၀ အ တွက် အ ကောင်း ဆုံး ပြု ပြင် ပေး မဲ့ ဘု ရား သ ခင် ကို အ မှန် တ ကယ် ဆာ ငတ် မယ် ဆို ယင် တော့ ၊ အဲ ဒီ ဆုံး ဖြတ် ချက် မျိုး ချ ဖို့ ၊ အဲ ဒီ ၀န် ခံ ချက် မျိုး ၀န် ခံ ဖို့၊ သင် ကြောက် ရွံ့ နေ မှာ မ ဟုတ် ပါ ဘူး။

(၄)   ခ ရစ် တော် ရဲ့ တ ပည့် တော် တွေ ဆို တာ ပြော ချင် သ လို ပြော၊ နေ ချင် သ လို နေ ၊ တွေး ချင် သ လို တွေး ပြီး ၊ စိတ် ကူး ပေါက် မှ ထ လုပ် တတ် တဲ့ မီ ခို ရာ မဲ့ ၊ ကိုယ် ထင် ရာ စိုင်း လို့ ရ တဲ့ သူ တွေ မ ဟုတ် ကြ ပါ ဘူး။ တ ပည့် တော် ဆို တာ သူ တို့ လုပ် ဆောင် နေ တဲ့ အ ရာ အား လုံး အ တွက် ၊ သူ တို့ သ ခင် (ခ ရစ် တော် ယေ ရှု ဘု ရား) ထံ မှာ တာ ၀န် ခံ ကြ ရ တဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။

အကျိုးအမြတ်အချို့(တပည့်တော်ဖြစ်ပြီဆိုလျှင်)
(၁)   လူ သား တွေ အ ပေါ်၊ ငွေ ကြေး အ ပေါ် ၊ စီး ပွား ရေး အ ပေါ် ၊ ကျင့် သုံး မှု နဲ့ လူ မှု ရေး နဲ့ ပတ် သက် တဲ့ တာ ၀န် ယူ ရ တဲ့ အ ရာ တွေ အ ပေါ် ၊ သင် ထား တဲ့ စိတ် ဓါတ် နဲ့ သ ဘော ထား တွေ ဟာ လည်း၊ ပို ပြီး ကောင်း မွန် တဲ့ အ နေ အ ထား ဆီ ပြောင်း လဲ လာ ပါ လိမ့် မယ်။

(၂)   သင့် ဘ ၀ ကို ပြန် ပြီး ဆန်း စစ် တာ မျိုး ၊ ဆေး ကြော သန့် စင် တာ မျိုး အ စ ရှိ တဲ့ အ တွေ့ အ ကြုံ တွေ၊ သင် ရ ရှိ လာ ပါ လိမ့် မယ်။ ဒီ အ တွေ့ အ ကြုံ တွေ ကြောင့် ၊ ခ ရစ် တော် ရဲ့ လမ်း စဉ် နဲ့ ဆန့် ကျင် ဖက် ဖြစ် တဲ့၊ သင့် ရဲ့ အ ကောင်း မ မြင် တတ် တဲ့ အ မြင် တွေ ၊ အ တွေး အ ခေါ် တွေ၊ လုပ် ရပ် တွေ လည်း သင့် ဘ ၀ က နေ တ ဖြေး ဖြေး ပျောက် ကွယ် သွား ပါ လိမ့် မယ်။
(၃)   ခ ရစ် တော် ဟာ ယုံ ကြည် မှု မ ရှိ ပဲ ဘာ မှ မ လုပ် ပါ ဘူး၊ သင် လည်း ခ ရစ် တော် လို လုပ် ချင် စိတ် ရှိ လာ တဲ့ အ ခါ ၊ သူ့ လို လုပ် ဆောင် နိုင် ဖို့ သင့် ကို ယုံ ကြည် ခြင်း တွေ ပေး ပါ လိမ့် မယ်။ လို အပ် ယင်၊ သင့် ရဲ့ သံ သ ယ တွေ အ တွက် ၀န် ချ တောင်း ပန် ပြီး၊ ခွင့် လွှတ် ပေး ဖို့ နဲ့ ၊ ယုံ ကြည် ခြင်း မ စ ဖို့ တောင်း ခံ လိုက် ပါ။
(၄)   သင့် ရဲ့ လုပ် ရပ် တွေ၊ စ ကား လုံး တွေ နဲ့ သ ဘော ထား တွေ ချစ် ခြင်း မေတ္တာ နဲ့ ပြည့် ၀ လာ ပါ လိမ့် မယ်။ သင့် အ သက် တာ ဟာ ၊ ပို ပြီး ခွင့် လွှတ် လို တဲ့ အ သက် တာ၊ အ မှန် တ ကယ် လို အပ် မှု တွေ အ တွက် ကြီး မား တဲ့ ကြင် နာ မှု တွေ ပေါက် ဖွား လာ တဲ့ အ သက် တာ၊ ဆုံး ရှုံး သူ တွေ အ တွက် ပို ပြီး အာ ရုံ စူး စိုက် တတ် လာ တဲ့ အ သက် တာ မျိုး သင် ပိုင် ဆိုင် ရ ရှိ လာ ပါ လိမ့် မယ်။
(၅)   ခ ရစ် တော် အ မွေ ဆက် ခံ သ လို မျိုး၊ ဘု ရား သ ခင် ထံ ပါး က အ မွေ အား လုံး ကို ကျွန်ုပ် တို့ ဆက် ခံ ရ မယ်။ ခ ရစ် တော် ဘု ရား လူ သား တ ရပ် လုံး အ တွက် ဝေ ဒ နာ တော် ခံ ခြင်း (မေတ္တာ) ကို ဝေ မျှ ဖို့ ကျွန်ုပ် တို့ ပြင် ဆင် ပြီး တာ နဲ့၊ ခ ရစ် တော် ဘု ရား ရဲ့ ဘုန်း တော် ထင် ရှားဖို့ ဝေ ငှ တဲ့ သူ တွေ ဖြစ် လာ ပါ လိမ့် မယ် (ရော မ ၈း ၁၇ )။ သင့် အ နေ နဲ့ တန် ဖိုး ကြီး ကြီး ပေး ဆပ် လိုက် ရ ယင် တောင်၊ သင် ဟာ ဆုံး ရှုံး တဲ့ သူ ဖြစ် မ သွား ပါ ဘူး၊ ဘာ ကြောင့် လဲ ဆို တော့ သင် ဘု ရား အ တွက် ပေး ဆပ် ခဲ့ တဲ့ အ ဖိုး အ ခ ထက် များ ပြား သာ လွန် တဲ့ ကောင်း ချီး တွေ ကို သင့် အ တွက်  ယ ခု ဘ ၀ အ တွက် ရော၊ နောင် ဘ ၀ (ထာ ၀ ရ အ သက် ဖြင့် ကောင်း ကင် နိုင် ငံ တော် ၌ အ သက် ရှင် ရ ခြင်း ) ဘု ရား က အ မြဲ ပေး နေ လို့ ပါ ပဲ (လု ကာ ၆း ၃၈။ ယော ၁၀း၁၀)။

(၆)   ပြောင်း လဲ ခြင်း တွေ က သင့် ရဲ့ ဟောင်း နွမ်း သော အ သက် တာ ရဲ့ အ မူ အ ကျင့် တွေ နေ ရာ မှာ အ စား ထိုး နေ ရာ ယူ သွား ပါ လိမ့် မယ်။ ဘာ ကြောင့် လဲ ဆို တော့၊ ဘု ရား သ ခင် က သင့် အ သက် တာ ကို အဲ ဒီ လို မြင် ချင် လို့ ပါ ပဲ။ အဲ ဒီ ပြောင်း လဲ လာ မှု တွေ ကို စိတ် ဆ န္ဒ ရှိ ရှိ နဲ့ လက် ခံ ပါ၊ ၀န် ခံ ပါ၊ အ ကျင့် ဟောင်း တွေ ဆီ ပြန် လှည့် ဖို့ စုံ စမ်း သွေး ဆောင် ခြင်း တွေ ကို ခံ နိုင် ရည် ရှိ လာ ပြီး၊ သင့် ရဲ့ တ ပည့် တော် ဖြစ် ခြင်း လည်း ပို မို ပီ ပြင် လာ ပါ လိမ့် မယ်။

၎။မေးခွန်းနှင့်ဆွေးနွေးရန်အချက်များ

(၁)   အ ခြေ အ နေ ရပ် ရပ် တိုင်း မှာ ကိုယ့် သ ဘော ၊ ကိုယ့် ဘော အ တိုင်း အ သက် ရှင် သင့် ပါ သ လား (သို့) ဘု ရား သ ခင် ရဲ့ အ လို တော် အ တိုင်း အ သက် ရှင် သင့် ပါ သ လား။
       ဖတ်ရန်၊-(၂ ကော ၅း ၁၅ )
(၂)   ခ ရစ် တော် ရဲ့ အ မှု တော် ကို ဆောင် ရွက် တဲ့ အ ခါ ဘယ် သူ က ကျွန်ုပ် တို့ ရဲ့ လမ်း ပြ လဲ။ ဖတ်ရန်၊-(ယော ၁၆း ၁၃ - ၁၄ )
(၃)   ခ ရစ် တော် လုပ် ခဲ့ သ မျှ ကို ယုံ ကြည် တဲ့ သူ တိုင်း ဘာ အ လုပ် တွေ လုပ် ကြ မှာ လည်း။
       ဖတ်ရန်၊-(ယော ၁၄း ၁၂ - ၁၄)
(၄)   သား တော် ယေ ရှု ကို လူ သား တွေ အ တွက် ပေး သ နား တော် မူ တဲ့ ဘု ရား သ ခင် ရဲ့ မေ တ္တာ တော် အ ကြောင်း ကို ကျွန်ုပ် တို့ သင် ယူ နိုင် ပါ သ လား။
       ဖတ်ရန်၊-(၁ ယော ၄း ၁၀ - ၁၁)
(၅)   သ ခင့် မေတ္တာ ထင် ဟပ် နေ တဲ့ တ ပည့် တော် တွေ လို ကျွန်ုပ် တို့ မှာ လည်း ထင် ဟပ် ချင် စေ ချင် ပါ တယ်။ ဘယ် လို ရ နိုင် ပါ သ လဲ။
       ဖတ်ရန်၊-(ယော ၁၅း ၉ - ၁၄)
(၆)   ဘု ရား သ ခင် ချ မှတ် ထား တဲ့ အ ကြီး မြတ် ဆုံး ပညာတ် (၂) ပါး က ဘာ တွေ လဲ၊ ဘယ် လို နား လည် ပါ သ လဲ။
       ဖတ်ရန်၊-( မ ဿဲ ၂၂း ၃၇ - ၃၉ )
(၇)   တ ပည့် တော် တွေ လို ဘု ရား နဲ့ လူ သား တွေ အ တွက် ကျွန်ုပ် တို့ အ သက် တာ မှာ အ ဂ္ဂ ပေ မေ တ္တာ ကို ဘု ရား သ ခင် ရဲ့ အ လို တော် နဲ့ အ ညီ လက် တွေ့ လုပ် ဆောင် အ သက် ရှင် ဖို့ ဘယ် လို လုပ် ရ မ လဲ။
       ဖတ်ရန်၊-(ရော မ ၅း ၅ )
(၈)   ဘယ် အ ချိန် မှာ ခိုင် မြဲ တဲ့ တ ပည့် တော် စစ် ဖြစ် မှာ လဲ 
ဖတ်ရန်၊-(လု ၉း ၆၂)
(၉)   ဘာ ကြောင့် ခ ရစ် ယာန် တော် တော် များ များ ဒီ လို လုပ် ကြ တာ လဲ။

၅။သင်ခန်းစာအနှစ်ချုပ်နှင့်လက်တွေ့ကျင့်သုံးရန်။
(၁)   ကျွန်ုပ် တို့ အ နေ နဲ့ ခ ရစ် တော် ထံ ပါး ဘ ၀ အ သက် တာ အ လုံး စုံ ကို ဆက် ကပ် ၀န် ခံ ဖို့ ၊ ခ ရစ် တော် ယေ ရှု ကို ကျွန်ုပ် တို့ ဘ ၀ တစ် ခု လုံး ရဲ့ အ ရှင် သ ခင် အ ဖြစ် လက် ခံ ဖို့ လို အပ် ပါ တယ်။ ဆို လို တာ က တော့ ၊ သ ခင့် အ တွက် တစ် ခု ခု လုပ် ဆောင် ဖို့ စေ ခိုင်း တဲ့ အ ခါ NO လို့ မ တုန့် ပြန် တာ ဖြစ် ပါ တယ်။
(၂)   ခ ရစ် တော် ရဲ့ တ ပည့် တော် တိုင်း ဟာ ၊ တွေ့ ကြုံ ရင် ဆိုင် ရ မဲ့ အ ခြေ အ နေ အ ရပ် ရပ် တိုင်း မှာ “ခ ရစ် တော် သာ ဆို ယင် ဘာ လုပ် မ လဲ” လို့ မိ မိ ကိုယ် ကို ၊ မေး ရ ပါ လိမ့် မယ်။
(၃)   တ ပည့် တော် တွေ လို ဘု ရား သ ခင် ရဲ့ နှုတ် က ပတ် တော် နဲ့ အ ညီ စဉ် ဆက် မ ပြတ် အ သက် ရှင် ဖို့ လို ပါ တယ် ၊ ဒါ မှ သူ့ ကို ပို သိ လာ မယ်၊ ဒါ့ အ ပြင် ရင် ဆိုင် တွေ့ ကြုံ လာ သ မျှ အ ခြေ အ နေ တိုင်း မှာ ခ ရစ် တော် သာ ဆို ယင် ဘာ လုပ် မ လဲ ဆို တဲ့ စွမ်း ဆောင် ရည် မြင့် မား လာ မှာ ဖြစ် ပါ တယ်။
(၄)   ကျွန်ုပ် အ တွက် ဆို အ စဉ် အ မြဲ ကောင်း ကျိုး ကို ပဲ ပေး တဲ့ ဘု ရား လို့ သိ မြင် တတ် ဖို့ လို ပါ တယ်။
(၅)   ဘု ရား အ တွက် ပ ထ မ ၊ အ ခြား သူ တွေ အ တွက် ဒု တိ ယ၊ ကိုယ့် အ တွက် က နောက် ဆုံး မှ ဆို ပြီး မေ တ္တာ ရှေ့ ထား အ စေ ခံ ဖို့ လို ပါ တယ်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)...
 ♦ ♦ ♦ ♦ ♦

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...