● တပည့်တော်ဖြစ်ခြင်း၏အရေးပါမှုနှင့်ပေးဆပ်ရသည့်အဖိုးအခ...
အဓိကကျမ်းချက်၊-
( ယော ဟန် ၁၅း ၁၆  ၊ လု ၁၄း ၂၆ - ၃၅         ၊ မသဲ ၂၈း ၁၈ - ၂၀ ၊ မသဲ ၁၀း ၃၇ - ၃၉ ၊ လု ၉း ၂၃ )
ဆိုလိုချက်၊-
      ၁။    ခ ရစ် တော် ဘု ရား ၊ လော က လူ့ ဘောင် ထဲ အ မှု တော် ဆောင် ခဲ့ တဲ့ (၃) နှစ် ခွဲ ကာ လ မှာ သူ့ ရဲ့ တ ပည့် (၁၂) ယောက် ကို လက် ထပ် သင် ကြား ခဲ့ တာ တွေ ဟာ၊ တ ပည့် တော် ဖြစ် ခြင်း ရဲ့ အ ရေး ကြီး ပုံ ကို ကျွန်ုပ် တို့ သ ဘော ပေါက် နား လည် ဖို့ ပြ ခဲ့ တာ ဖြစ် ပါ တယ်။
၂။    နောက် တော် လိုက် တဲ့ သူ တိုင်း ကို တ ပည့် တော် ဖြစ် စေ လို တဲ့ နောက် ဆုံး ပန်း တိုင် က တော့ အ သီး သီး ဖို့ အ တွက် ပါ ပဲ။
၃။    တ ပည့် တော် ဖြစ် ခြင်း ဟာ ဘု ရား သ ခင် အ တွက် ကျွန်ုပ် တို့ နေ ထိုင် တဲ့ လော က က မ္ဘာ ကြီး နဲ့ ထိ တွေ့ ဖို့ အ ကောင်း ဆုံး နည်း စ နစ် တစ် ခု လည်း ဖြစ် ပါ တယ်။ တ မန် တော် (၁၂) ပါး နဲ့ တ မန် တော် ကြီး ရှင် ပေါ လု တို့ ရဲ့ အ သက် တာ တွေ ဟာ တန်း ဖိုး ကြီး လှ တဲ့ တ ပည့် တော် ဖြစ် ခြင်း ရဲ့ အ နှစ် သာ ရ ကို ကျွန်ုပ် တို့ သိ ဖို့ ချ ပြ ထား တာ လည်း ဖြစ် ပါ တယ်။
၎။    စ ပါယ် ရှယ် သင် ကြား ခံ ထား ရ တဲ့ တ ပည့် တော် အ ရေ အ တွက် က တော့ နည်း ပါး ပါ တယ်။ ဒါ ပေ မဲ့ ဆက် ကပ် ၀န် ခံ ခဲ့ တဲ့ အဲ ဒီ တ ပည့် တော် တွေ ဟာ ၊ ပြောင်း လဲ ပါ တယ် ဆို တဲ့  ၀ိညာဉ် ရေး ရာ ချို့ တဲ့ နေ တဲ့  အ မည် ခံ ခ ရစ် ယာန် တွေ ထက် ဘု ရား သ ခင် အ တွက် ရ လဒ် ပေါင်း များ စွာ ကို ရ ယူ ပေး ခဲ့ ကြ ပါ တယ်။ ဒါ ကြောင့် တ ပည့် တော် ဖြစ် ခြင်း ဟာ လော က ကြီး နဲ့ ဘု ရား သ ခင် တွေ့ ဆုံ ဖို့ ဘု ရား သ ခင် ကိုယ် တိုင် ရွေး ချယ် ထား တဲ့ နည်း ဗျူ ဟာ တစ် ခု ဖြစ် ပါ တယ်။ သ င်္ချာ နည်း အ ရ ပြော ရ ယင် ၊ တ ပည့် တော် တစ် ယောက် ဟာ လူ တစ် ယောက် ကို ခ ရစ် တော် ထံ ပို့ ဆောင် ပေး ပြီး တာ နဲ့ ၊ အဲ ဒီ လူ ကို ခ ရစ် တော် ရဲ့ တ ပည့် တော် စစ် ဖြစ် ရေး အ တွက်  တစ် နှစ် လောက် သင် ကြား ပေး လိုက် မယ် ဆို ယင်၊ ဒု တိ ယ နှစ် ရောက် တဲ့ အ ခါ တ ပည့် တော် (၂) ဦး ဖြစ် လာ စေ ပါ လိမ့် မယ်၊ ဒီ နည်း အ တိုင်း တ တိ ယ နှစ် ရောက် တဲ့ အ ခါ အဲ ဒီ တ ပည့် တော် (၂) ဦး က နေ ၊ တ ပည့် တော် (၄) ဦး တိုး လာ ပြီး၊ (၂၂) နှစ် လောက် ကြာ တဲ့ အ ခါ က မ္ဘာ့ လူ ဦး ရေ အား လုံး ခ ရစ် တော် ရဲ့ တ ပည့် တော် ဖြစ် သွား ပြီး၊ က မ္ဘာ ကြီး တစ် ခု လုံး ကယ် တင် ခြင်း ခံ စား ရ မှာ ဖြစ် ပါ တယ်။
၎။    တ ကယ် တော့ တ ပည့် တော် ဖြစ် ခြင်း ဟာ ၊ ၀ိညာဉ် ရေး ရာ ကြီး ထွား ရင့် ကျက် တဲ့ ခ ရစ် တော် နောက် လိုက် တွေ ဖြစ် ခြင်း ပါ ပဲ။ ဒီ ရင့် ကျက် မှု တွေ ကို ၊ အ သက် အ ပိုင်း အ ခြား နဲ့ ၊ ဗ ဟု သု တ ၊ ဘ ၀ အ တွေ့ အ ကြုံ တွေ ဆီ က နေ အ လို အ လျောက် မ ရ နိုင် ပါ ဘူး၊ ၀ိညာဉ် ရေး ရာ တ ဖြေး ဖြေး ကြီး ထွား ရင့် ကျက် လာ ဖို့ က ခ ရစ် တော် နဲ့ သူ့ ရဲ့ နှုတ် က ပတ် တော် အ ပေါ် ကျွန်ုပ် တို့ ရဲ့ ထိ တွေ့ ကျွမ်း ၀င် မှု နဲ့ ၊ နာ ခံ လိုက် လျှောက် မှု အ ပေါ် မှာ ပဲ အ ခြေ ခံ ပါ တယ်။  
ဝိညာဉ်ရေးရာရင့်ကျက်ကြောင်းလက္ခဏာ(၇)ရပ်၊-
၁။    သ ခင် ဘု ရား အ တွက် ကျွန်ုပ် တို့ အ မှု တော် ဆောင် ရာ မှာ အ သီး အ ပြည့် အ ၀ သီး ခြင်း (မသဲ ၂၅း ၁၄ - ၃၀ )။
၂။    စိတ် နှိမ့် ချ ပြီး၊ သူ တစ် ပါး အ တွက် အ ကျိုး ဆောင် ဖို့ ဆ န္ဒ ရှိ ခြင်း (ယော ၁၃း ၁၂ - ၁၇ )။
၃။    အ ဖက် ဖက် မှာ ကောင်း မြတ် တဲ့ အ သက် ရှင် မှု တွေ ကျွန်ုပ် တို့ မှာ ရှိ နေ ခြင်း ( ၂ ကော ၁၃း ၁၁ )။
၎။    ခ ရစ် တော် နဲ့ ရင်း နှီး ကျွမ်း ၀င် တဲ့ အ သက် တာ ရှိ ခြင်း ( ဂ လာ ၂း ၂၀ )။
၅။    ကျွန်ုပ် တို့ အ သက် တာ မှာ ၀ိညာဉ် အ သီး တွေ နဲ့ သာ ပေါ် လွင် ထင် ဟပ် နေ ခြင်း ( ဂ လာ ၅း ၂၂ - ၂၃ )။
၆။    လူ ရှေ့ ဘု ရား ရှေ့ ၌ တည် တည် ငြိမ် ငြိမ် ၊ သင့် တင့် လျောက် ပတ် ခြင်း၊ သန့် ရှင်း ခြင်း ( ဧ ဖက် ၄း ၁၁ - ၁၆ )
၇။    အ သက် တာ ဟာ ဘု ရား သ ခင် ရဲ့ နှုတ် က ပတ် တော် နဲ့ ညီ ညွတ် ပြီး၊ ကောင်း မြတ် ခြင်း ရ လဒ် တွေ ထွက် ပေါ် နေ ခြင်း၊ ခ ရစ် တော် ၏ အ သက် တာ နဲ့ တူ ညီ ခြင်း ( ဟေ ဗြဲ ၅း ၁၃ - ၆း ၂ ။ ၁ ယော ၂း ၆ )။
ဝိညာဉ်ရေးကြီးထွားရင့်ကျက်ဖို့ဘာကြောင့်လိုအပ်ရလဲ၊-
၁။    ခ ရစ် တော် အား ဖြင့် ရင့် ကျက် တဲ့ သူ အ ဖြစ် ကြီး ထွား ရှင် သန် နေ ဖို့ အ တွက်၊ ခ ရစ် ယာန် တိုင်း ဟာ သ မ္မာ ကျမ်း စာ က လမ်း ညွှန် ပေး ထား တဲ့ အ ရာ တွေ ကို အ မြဲ မျှော် လင့် တမ်း တ ပြီး အ သက် ရှင် နေ ဖို့ အ တွက် လို အပ် ပါ တယ် ( ဧ ဖက် ၄း ၁၁ - ၁၆ )။
၂။    ရင့် ကျက် မှု မ ရှိ သ ရွေ့ ခေါင်း ဆောင် မှု အ ပိုင်း လည်း မ ရှိ နိုင် ပါ ဘူး၊ အ သင်း တော် အ တွက် ခေါင်း ဆောင် ဆို တာ လို အပ် ပါ တယ်။ အဲ ဒီ ခေါင်း ဆောင် တွေ ဟာ ဘု ရား သ ခင် ရဲ့ သိုး စု တွေ ကို ထိန်း ကျောင်း ရ တဲ့ သိုး ထိန်း တွေ ဖြစ် လို့ ပါ ပဲ ( ၁ ပေ ၅း ၁ - ၃ )။
၃။    ရင့် ကျက် တဲ့ ခ ရစ် ယာန် တွေ သာ စာ တန် နဲ့ သူ့ ရဲ့ မှောင် မိုက် တန် ခိုး တွေ ကို ၊ မား မား မတ် မတ် ကြံ့ ကြံ့ ခံ ပြီး ရင် ဆိုင် နိုင် ကြ ပါ တယ်။ ဒီ လို လုပ် နိုင် တဲ့ သူ တွေ ဖြစ် ဖို့ ကျွန်ုပ် တို့ အား လုံး ကို ဘု ရား သ ခင် အ လို တော် ရှိ နေ ပါ တယ်။
၎။    ဒီ နေ့ ခေတ် ၊ က မ္ဘာ ကြီး ထဲ မှာ ၊ ဘု ရား သ ခင် ရဲ့ ဘုန်း တော် ကို လူ သား တွေ ကွင်း ကွင်း ကွက် ကွက် တွေ့ မြင် ခံ စား နိုင် ဖို့ လည်း ၊ အဲ ဒီ ရင့် ကျက် တဲ့ ခ ရစ် ယာန် တွေ က ပဲ လုပ် ဆောင် ပေး နိုင် ပါ တယ်။
၅။    ဒါ တင် မ က ခ ရစ် တော် ရဲ့ ချစ် ချင်း မေ တ္တာ နဲ့ အ သက် ရှင် မှု ပုံ စံ တွေ ကို ၊ လော က ကြီး ထဲ စိမ့် ၀င် ပျံ့ နှံ့ သွား စေ ဖို့ စွမ်း ဆောင် ပေး မဲ့ သူ တွေ က လည်း ၊ အဲ ဒီ ရင့် ကျက် တဲ့ ခ ရစ် ယာန် တွေ ပါ ပဲ။
သတိပြုရန်၊-
       ပြောင်း လဲ လာ သူ တွေ ဟာ၊ ခ ရစ် တော် ကို လက် ခံ ယုံ ကြည် ပြီး ဒု တိ ယ မွေး ခြင်း ခံ တဲ့ သူ  များ သာ ဖြစ် ကြ ပါ တယ်။ အဲ ဒီ ပြောင်း လဲ လာ တဲ့ လူ တွေ ကို တ ပည့် တော် ဖြစ် စေ ခြင်း ဆို တာ က တော့ တ ပါး သူ ကို ခ ရစ် တော် ရဲ့ တ ပည့် တော် တွေ ဖြစ် အောင် လုပ် ပေး သူ များ ဖြစ် ကြ ပါ တယ်။ ရည် ရွယ် ချက်  က တော့ ဆင့် ကဲ ဆင့် ကဲ ပွား များ ဖို့ ပါ။  ဒါ ကြောင့် အဲ ဒီ လူ တွေ ကို ( Reproducers ) ပွား များ စေ သူ များ လို့ လည်း ခေါ် ပါ တယ်။ သူ တို့ တွေ ဟာ ပြောင်း လဲ လာ သူ များ ( Born Again Believers ) တွေ ပွား များ ဖို့ လုပ် ဆောင် တတ် ကြ သ လို ၊ အဲ ဒီ ပြောင်း လဲ လာ သူ တွေ ကို လည်း ၊ ခ ရစ် တော် ရဲ့ တ ပည့် တော် ( Disciples ) တွေ ဖြစ် ဖို့ ၊ ပြု စု ပျိုး ထောင် ပေး တဲ့ သူ တွေ လည်း ဖြစ် ကြ ပါ တယ်။ 
တပည့်တော်စစ်ဖြစ်ရန်ပေးဆပ်ရသည့်အဖိုးအခ၊-
       တ ပည့် တော် ဖြစ် ခြင်း ဆို တာ အ လွန့် အ လွန် အ လေး အ နက် ထား လုပ် ဆောင် ရ တဲ့ အ လုပ် တစ် ခု ပဲ မ ဟုတ် ပါ ဘူး ၊ အ ဖိုး အ ခ ကြီး ကြီး ပေး ရ တဲ့ အ လုပ် လည်း ဖြစ် ပါ တယ်။ ခ ရစ် တော် ဘု ရား ကိုယ် တိုင် ပေး ဆပ် ခဲ့ တာ တွေ ကို ကြည့် ပြီး သိ နိုင် ပါ တယ်။  တ ပည့် တော် တွေ ကို ပန်း ခင်း လမ်း လျောက် ပြီး သူ့ ရဲ့ နောက် တော် လိုက် ဖို့ ခ ရစ် တော် မ သွန် သင် ခဲ့ ပါ ဘူး၊ ဘယ် လို နောက် တော် လိုက် ရ မယ် ဆို တာ ကို ခ ရစ် တော် ကိုယ် တိုင် ရှင်း ရှင်း လင်း လင်း စံ န မူ နာ ပြ လုပ် ဆောင် ခဲ့ ပြ ပြီး ပါ ပြီ။ ခ ရစ် တော် ရဲ့ တ ပည့် တော် တစ် ယောက် ဖြစ် ချင် ယင်၊ ကိုယ့် ကား တိုင် ကို ကိုယ် ကို ယ် တိုင် ထမ်း ပြီး နောက် တော် သို့ လိုက် ရ ပါ မယ် ( လု ၁၄း ၂၇)။ ဘု ရား သ ခင် အ လို တော် ရှိ တဲ့ အ တိုင်း ကျွန်ုပ် တို့ ကို အ သုံး ပြု ဖို့ ၊ ဘု ရား သ ခင် ထံ ကျွန်ုပ် တို့ ရဲ့ ဘ ၀ အ သက် တာ နဲ့ အ ရာ အား လုံး ကို ပေး အပ် ဖို့ လို အပ် လှ ပါ တယ်။
တပည့်တော်စစ်ဖြစ်ရန်ပေးဆပ်ရသည့်အဖိုးအခ၊-
       အ များ သော ခ ရစ် ယာန် တွေ ဟာ ခ ရစ် တော် သင် ကြား ပေး ထား တဲ့ သွန် သင် ချက်၊ ခ ရစ် တော် မျှော် လင့် နေ တဲ့ အ သက် တာ နဲ့ ဘောင် ၀င် ရုံ ၊ ဆင် တူ ယိုး မှား ဖြစ် ရုံ လေး သာ ၊ အ သီး အ နဲ နယ် သာ သီး တဲ့ တ ပည့် တော် ပုံ စံ နဲ့ ငါ အ ဖိုး အ ခ ပေး တယ် ဆို ပြီး အ သက် ရှင် နေ ကြ တာ လည်း တွေ့ ရ ပါ တယ်။ အ ဖိုး အ ခ ပေး ရ မဲ့ အ ခြေ အ နေ မျိုး ဆို ယင်၊ ရှောင် လွဲ တတ် ပြီး ၊ လုပ် သင့် လုပ် ထိုက် တာ တွေ ကို မ လုပ် ပဲ၊ နှုတ် က ပတ် တော် ကို တောင် ကိုယ့် ဖက် ကိုယ် ဆွဲ ၊ မှား ယွင်း စွာ အ နက် အ ဓိ ပ္ပါယ် ဖွင့် တတ် ကြ တာ လည်း ဒု နဲ့ ဒေး ပါ။ ဒါ ကြောင့် ၊ ဘု ရား သ ခင် အ လို တော် ရှိ တဲ့ သက် သေ ခံ သူ တွေ ဖြစ် မ လာ တော့ ပဲ ၊ ဆုံး ရှုံး တဲ့ ရ လဒ် တွေ ကို သာ ဖြစ် စေ ပါ တယ်။ တ နည်း ပြော ရ ယင် ၊ ဒီ လို ဆုံး ရှုံး မှု တွေ ၊ မ ထိ ရောက် မှု တွေ ၊ သ ဟ ဇာ တ မ ဖြစ် တာ တွေ ဟာ အ သင်း တော် နဲ့ တိုက် ရိုက် ပတ် သက် နေ ပါ တယ်။ ဘု ရား သ ခင် ရဲ့ သား သ မီး တွေ ဆို တာ ၊ လော က အ လယ် မှာ ခရစ် တော် အ သွေး တော် ကြောင့် ကိုယ့် အ သက် တာ ဘယ် လို ပြောင်း လဲ မှု တွေ ရှိ သွား တယ် ဆို တာ ကို သ ရုပ် ပြ အ သက် ရှင် ရ မဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။ အ သင်း တော် ထဲ ကို ၀င် ကြည့် လိုက် ယင် လည်း ၀ိညာဉ် ရေး ရာ တိုး တက် တာ တွေ ၊ ကြီး ထွား လာ တာ တွေ၊ ရင့် ကျက် လာ တာ တွေ မ ရှိ သ လောက် ဖြစ် ပြီး၊ သာ မန် မိ ရိုး ဖ လာ ခ ရစ် ယာန် အ သက် တာ တွေ နဲ့ ပဲ အ သက် ရှင် နေ ကြ တာ တွေ က များ ပါ တယ်။ တ နည်း ပြော ရ ယင် အဲ ဒီ ခ ရစ် ယာန် တွေ ဟာ မှား ယွင်း နေ တဲ့ ၊ ထိ ရောက် စွာ မ သွန် သင် နိုင် တဲ့ ၊ ဖေါ ရှော ခေါင်း ဆောင် တွေ နောက် ကို ကြည် ကြည် ဖြူ ဖြူ နဲ့ ကိုယ့် စိတ် တိုင်း ကျ အ သက် ရှင် ပြီး ၊ လိုက် နေ ကြ ကြ ပါ တယ်။ ဘု ရား က ခ ရစ် ယာန် အား လုံး ကို တင်း ပြည့် ကျပ် ပြည့် သူ ရဲ့ လူ မျိုး တော် ဖြစ် ဖို့၊ သူ့ ရဲ့ တ ပည့် တော် စစ် တွေ ဖြစ် ဖို့ ၊ ခ ရစ် တော် အ သက် တာ နဲ့ တ ထပ် တည်း အ သက် ရှင် ရပ် တည် တဲ့ သူ တွေ ဖြစ် ဖို့ အ လို တော် ရှိ နေ ပါ တယ်။
အဖိုးအခအားရေတွက်ခြင်း၊-
       ဘု ရား သ ခင် က သူ့ ရဲ့ သား သ မီး တွေ ကို သ ခင့် စေ ရာ ကို နာ ခံ လိုက် လျှောက် တဲ့ ၊ သ စ္စာ ရှိ တဲ့ ၊ ပေး ရ မဲ့ အ ဖိုး အ ခ ကို ထည့် မ တွက် (ဂ ရု မ စိုက်) တတ် တဲ့ ထူး ချွန် ပြောင် မြောက် တဲ့ တ ပည့် တော် တွေ ဖြစ် ဖို့ ခေါ် ယူ နေ ပါ တယ်။ တ ပည့် တော် စစ် ဆို တာ ဘယ် လောက် ပဲ အ ဖိုး အ ခ တွေ ပေး ရ ပေး ရ၊ ခ ရစ် တော် ထံ က ဘာ ကို မှ မျှော် လင့် ချက် မ ထား ပဲ  ခ ရစ် တော် ရဲ့ အ သက် တာ လို သူ တို့ အ သက် တာ မှာ ထပ် ဟပ် အောင် အ သက် ရှင် ချင် တဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။ အ ဖိုး အ ခ မ ပေး ပဲ နဲ့ တော့ တ ပည့် တော် ဘယ် တော့ မှ မ ဖြစ် နိုင် ပါ ဘူး။ တ ပည့် တော် ဖြစ် ချင် ယင် အ ဖိုး အ ခ ကို ပေး ရ မှာ ပဲ။ ခ ရစ် ယာန် ဆို တာ ကိုယ့် ရဲ့ အ လို ဆ န္ဒ အား လုံး ကို ငြင်း ပယ် ၊ ကိုယ့် လက် ၀ါး ကား တိုင် ကို ကိုယ် ကိုယ် တိုင် ထမ်း ပြီး၊ နေ့ တိုင်း ခ ရစ် တော် နောက် သစ္စာ ရှိ စွာ လိုက် ကြ ရ မဲ့ သူ တွေ ပါ။  ထမ်း ရ မဲ့ လက် ၀ါး ကပ် တိုင် ကို လည်း အ တင်း အ ကျပ် ထမ်း ခိုင်း လို့ ထမ်း ရ တဲ့ ကါး တိုင် ၊ လေး လံ လွန်း လှ တဲ့ လက် ၀ါး ကား တိုင် လို့ သ ဘော မ ထား ရ ပါ ဘူး။ ဘု ရား သခင် ရဲ့ နိုင် ငံ တော် အ တွက်၊ ဘု ရား သ ခင် ရဲ့ အ မှု တော် ရဲ့ ကောင်း ကျိုး အ တွက် ကိုယ့် သ ဘော နဲ့ ကိုယ်  စိတ် စေ တ နာ ရှိ ရှိ နဲ့ နား လည် သ ဘော ပေါက် ပြီး ထမ်း တဲ့ ကါး တိုင် မျိုး ဖြစ် ပါ တယ်။ တ ပည့် တော် ဆို တာ၊ ကိုယ့် အ တွက် ဖြစ် ဖြစ်၊ တ ပါး သူ အ တွက် ပဲ ဖြစ် ဖြစ် မ စဉ်း စား ခင် ၊ ခ ရစ် တော် အ တွက် ပ ထ မ နေ ရာ ဖြစ် ရ မယ် လို့  ခံ ယူ ချက် ရှိ သူ ဖြစ် ရ ပါ မယ်။ တ နည်း ပြော ရ ယင် ၊ ဘု ရား ရဲ့ အ လို တော် ကို အ ရာ ခပ် သိမ်း  ရဲ့ အ ပေါ် ဆုံး ၊ ထိပ် ဆုံး မှာ ထား တတ် ခြင်း ကို ဆို လို တာ ဖြစ် ပါ တယ်။ ခ ရစ် ယာန် တွေ အား လုံး ဒီ လို တ ပည့် တော် မျိုး ဖြစ် ဖို့ ခ ရစ် တော် အ လို တော် ရှိ ပါ တယ်။ ကျွန်ုပ် တို့ အား လုံး ကို လည်း၊  ဒီ လို အ ဖိုး အ ခ ပေး ပြီး ပါ ၀င် ဆက် ကပ် ဖို့ ခ ရစ် တော် တောင်း ဆို နေ ပါ တယ် ( လု ၉း ၅၇ - ၆၂ ။ ယော ၆း ၆၀ - ၆၆ ။ မာ ၁၀း ၁၇ - ၃၁)။ ခ ရစ် တော် အ တွက် ဒီ လို မျိုး တ ပည့် တော် တွေ လို အပ် နေ တာ က တော့ အံ့ အား သင့် စ ရာ မ ရှိ ပါ ဘူး ၊ ဘာ ဖြစ် လို့ လဲ ဆို ယင် ၊ တ ပည့် တော် တွေ ဟာ အ ရေ အ တွက် အား ဖြင့် နဲ ပါး ပေ မဲ့ လည်း က မ္ဘာ ကြီး ကို ပြု ပြင် ပြောင်း လဲ ဖို့ လုံ လောက် တဲ့ သူ တွေ ဖြစ် ကြ လို့ ပါ ပဲ။ဒီ တ ပည့် တော် တွေ နဲ့ ခ ရစ် တော် က ၊ က မ္ဘာ ကြီး ဆုံး ခန်း တိုင် တဲ့ အ ထိ အ လုပ် လုပ် သွား မှာ ပါ။
တပည့်တော်စစ်မှန်ယင်အဖိုးအခအားလုံးပေးမည်၊-
၁။    တ ပည့် တော် တစ် ဦး အဖြစ် အ သက် ရှင် ခြင်း ဟာ ခ ရစ် ယာန် အ သက် ရှင် မှု ပုံ စံ အ မျိုး မျိုး ရှိ တဲ့ အ ထဲ က ရွေး ချယ် စ ရာ Life style တစ် ခု မ ဟုတ် ပါ ဘူး၊ ခ ရစ် ယာန် တိုင်း ၊ ခ ရစ် တော် နောက် တော် သို့ လိုက် သူ တိုင်း လုပ် ရ မဲ့ အ ရာ ပဲ ဖြစ် ပါ တယ်။ ( ရွေး ချယ် ဖို့ အ ခြား မ ရှိ ပါ )။
၂။    စစ် မှန် တဲ့ တ ပည့် တော် တိုင်း ဟာ ၊ ခရစ် တော် ဟာ ငါ တို့ ရဲ့ ဘ ၀ ၊ ငါ တို့ အ သက် တာ တစ် ခု လုံး ရဲ့ အ ရှင် သ ခင် လို့ ၊ လုံး လုံး လျား လျား လက် ခံ ကြ သူ တွေ ဖြစ် ကြ ပါ တယ်။ ( ယော ၁၃း ၁၃ )။
၃။    စစ် မှန် တဲ့ တစ် ပည့် တော် တစ် ဦး ဆို တာ၊ ခ ရစ် တော် ရဲ့ စ ကား ကို အ ကြွင်း မဲ့ ယုံ ကြည် ကိုး စား တဲ့ သူ၊ ကိုယ့် ဘ ၀ တစ် ခု လုံး ကို လည်း ခ ရစ် တော် ထံ အ ကြွင်း မဲ့ ဆက် ကပ် အပ် နှံ ထား တဲ့ သူ ဖြစ် ပါ တယ်။
၎။    စစ် မှန် တဲ့ တ ပည့် တော် ဟာ စိတ် နှ ခွ ရှိ တဲ့ သူ မ ဟုတ် ပါ၊ ရှဥ့် လည်း လျောက် သာ ပျား လည်း စွဲ သာ ၊ ဟို မ ရောက် ဒီ မ ရောက် ၊ အုပ် ရော ရော ကျောက် ရော ရော အ သက် မ ရှင် တတ် ပါ။ ဘု ရား သ ခင့် ရဲ့ နိုင် ငံ တော် နှင့် ဆိုင် တဲ့ နှုတ် က ပတ် တ ရား တော် အ တိုင်း အ သက် ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ ၊ ဘ ၀ အ သက် တာ တစ် လျှောက် လိုက် နာ ကျင့် သုံး အ သက် ရှင် သော သူ များ  ဖြစ် ကြ ပါ တယ်။
စစ်မှန်သောတပည့်တော်များအတွက်အခြေခံလိုအပ်ချက်(၅)ချက်၊-
၁။    သစ္စာရှိခြင်း။
       တ ပည့် တော် ဖြစ် ဖို့ အ တွက် ၊ သင် ကြား ခံ ယူ လို သူ တိုင်း ဟာ ခ ရစ် တော် အ ပေါ် အ ကြွင်း မဲ့ သ စ္စာ ရှိ တဲ့ သူ ၊ အား ကိုး ယုံ ကြည် တဲ့ သူ ဖြစ် ရ ပါ မယ်။
၂။    ခရစ်တော်အားချစ်မြတ်နှိုးပြီး၊ရှေ့တန်းတင်ခြင်း။
       ဆို လို တာ က တော့၊ အ လို တော် အ တိုင်း အ သက် ရှင် တယ်၊ နာ ခံ တယ်၊ အ စ ရှိ သ ဖြင့်…။
၃။    မိမိကိုယ်ကိုအပ်နှံခြင်း၊ဆက်ကပ်ခြင်း။
၎။    ၀ိညာဉ်ရေးရာဆာလောင်သူ။
       ကိုယ့် အ သက် တာ ကို ၀ိညာဉ် ရေး ရာ ရင့် ကျက် ဖို့ စိတ် အား ထက် သန် သူ ၊ ဘု ရား ရဲ့ အ သုံး ပြု ခြင်း ကို ခံ လို တဲ့ သူ ဖြစ် ရ ပါ မယ်။
၅။    သင်ကြားမှုအားလက်ခံနိုင်သောနှလုံးသားရှိသူ။
       ဘု ရား သ ခင် ရဲ့ နှုတ် က ပတ် တော် တန် ခိုး အား ကြောင့် ပဲ ဖြစ် ဖြစ် ၊ ဘု ရား သ ခင် ပြင် ဆင် ပေး လို့  ၀ိညာဉ် ရေး ရာ ခေါင်း ဆောင် တစ် ဦး ရဲ့ သင် ကြား ပေး တာ ကို ပဲ ဖြစ် ဖြစ် ၊ ခံ ယူ တည် ဆောက် လို တဲ့ နှ လုံး သား မျိုး ရှိ ဖို့ လို အပ် ပါ တယ်။
မေးခွန်းများနှင့်ဆွေးနွေးရန်အချက်များ၊-
၁။    ခ ရစ် တော် ဟာ သူ့ ရဲ့ တ ပည့် တော် တွေ အား ဖြင့် လော က အ လယ် ပြ သ မှု တွေ လုပ် ခဲ့ ပါ သ လား၊ ဘာ ကြောင့် လုပ် ခဲ့ တာ လဲ။
၂။    ၀ိညာဉ် ရေး ရာ ရင့် ကျက် ကြီး ထွား ဖို့ ကျွန်ုပ် တို့ ဘာ ကြောင့် ပန်း တိုင် ထား ရ သ လဲ ( ကော ၁း ၂၈)။
၃။    ခ ရစ် တော် နဲ့ တူ ညီ တယ် ) Christ- Likeness ဆို တာ ဘာ ကို ပြော တာ လဲ (ရော ၈း ၂၉)။
၎။    ကိုယ့် လက် ၀ါး ကား တိုင် ကို ထမ်း ပါ ဆို တဲ့ အ ဓိ ပ္ပါယ် က ဘာ ကို ဆို လို တာ လဲ ( မသဲ ၁၆း ၂၄ - ၂၅ )။
၅။    ဘာ ကြောင့် အ သင်း တော် တွေ မှာ တ ပည့် တော် ဖြစ် ခြင်း နဲ့ ပတ် သက် ပြီး  အား နည်း နေ ရ တာ လဲ၊ ထိ ရောက် မှု မ ရှိ ရ တာ လဲ၊ သ ဟ ဇာ တ မ ဖြစ် ရ တာ လဲ (အ လွတ် သ ဘော ဆွေး နွေး ရန်)။
၆။    ခ ရစ် တော် ရဲ့ တ ပည့် တော် တစ် ဦး အ နေ နဲ့ အ ဖိုး အ ခ ပေး သင့် ပါ သ လား ( လု ၁၄း ၂၅ - ၃၅ )။
၇။    ခ ရစ် တော် ဟာ သင့် ဘ ၀ တစ် ခု လုံး ရဲ့ သ ခင် ဖြစ် ဖို့ ထိုက် တန် ပါ သ လား ၊ ဘာ ကြောင့် လဲ ( ကော ၁း ၁၅ - ၂၀ )။
၈။    ဘယ် လို လူ မျိုး ကို သူ့ အ တွက် အ စေ တော် ခံ ဖို့ ခရစ် တော် ရှာ ဖွေ နေ ပါ သ လဲ ( လု ၁၆း ၁၀ - ၁၂ ။ မ သဲ ၂၅း ၁၄ - ၃၀ )။
၉။    လူ တစ် ဦး ဟာ က မ္ဘာ ကြီး တစ် ခု လုံး ကို ပိုင် ဆိုင် ပေ မဲ့ သူ့ ရဲ့ ၀ိညာဉ် ပြစ် ဒဏ် စီ ရင် ခံ ရ ယင် ကောင်း ပါ သ လား ( မသဲ ၁၆း ၂၆ - ၂၇ ) (ဆွေး နွေး ရန်)။
၁၀။   ( မ သဲ ၁၆း ၂၄ - ၂၅ ။ ၁ ယော ၅း ၁၂ ) အ ရ ကျွန်ုပ် တို့ အ သက် ကို ကျွန်ုပ် တို့ ဘယ် လို ကယ် တင် မ လဲ။
၁၁။   သင့် ရဲ့ စိတ် နှ လုံး သား ကို ဘယ် နေ ရာ မှာ ရောက် စေ ချင် ပါ သ လဲ ( လု ၁၂း ၃၂ - ၃၄ )။
၁၂။   ခ ရစ် တော် ရဲ့ တ ပည့် တော် စစ် ဖြစ် ဖို့ သင့် ရဲ့ အ သက် တာ မှာ ဘာ တွေ များ ပြောင်း လဲ ဖို့ လို ပါ  သ လဲ (အ ကျယ် တ ပွင့် ဆွေး နွေး ရန်)။
သင်ခန်းစာအနှစ်ချုပ်နှင့်လက်တွေ့ကျင့်သုံးရန်၊-
၁။    ကျွန်ုပ် တို့ လုပ် သင့် တဲ့ တ ပည့် တော် ဖြစ် ခြင်း ကို ခ ရစ် တော် က ရှေ့ က နေ ဦး ဆောင် ပြီး လုပ် ပြ  ခဲ့ ပါ တယ်။
၂။    တ ပည့် တော် ဖြစ် စေ ခြင်း ဟာ လော က ကြီး နဲ့ ဘု ရား သ ခင် တွေ့ ဆုံ ဖို့ ဘု ရား သ ခင် ကိုယ် တိုင် ရွေး ချယ် ထား တဲ့ နည်း ဗျူ ဟာ တစ် ခု ဖြစ် ပါ တယ်။
၃။    ၀ိညာဉ် ရေး ရာ ကြီး ထွား ရင့် ကျက် တဲ့ တ ပည့် တော် တိုင်း ရဲ့ နောက် ဆုံး ရ လဒ် က တော့ တ ပည့် တော် ဖြစ် ခြင်း ပါ ပဲ။( ခ ရစ် ယာန် ဖြစ် ယင် ၊ တ ပည့် တော် စစ် ဖြစ် ရ မယ်)
၎။    ခ ရစ် တော် ရဲ့ နောက် တော် သို့ လိုက် ဖို့ ခိုင် မာ တဲ့ ဆုံး ဖြတ် ချက် ချ ပါ။ မ ဆို သ လောက် ၊ တာ ၀န် ကျေ ပုံ စံ မျိုး နဲ့ မ ပေး ဆပ် ပါ နဲ့။ ခ ရစ် တော် နောက် လိုက် တယ်  ဆို တာ၊ ခရစ် တော် ရဲ့ လမ်း စဉ် အ တိုင်း လုပ် ဆောင် ရ မှာ ဖြစ် ပြီး ၊ အ ဖိုး အ ခ ပေး ရ မယ် လို့ လည်း ခ ရစ် တော် သ တိ ပေး ထား ပါ တယ်။
၅။    ဘု ရား သ ခင် ရဲ့ သား သ မီး တိုင်း ဟာ ခ ရစ် တော် လို က မ္ဘာ ကြီး ထဲ ဘု ရား သ ခင် ရဲ့ သ ဏ္ဍန် တော် ကို ထင် ဟပ် ပေါ် လွင် အောင် အ သက် ရှင် ပြ သင့် ပါ တယ်။ ခ ရစ် တော် နဲ့ ထပ် တူ ဖြစ် တဲ့ လူ အ သိုင်း အ ၀ိုင်း ကြီး ဖြစ် လာ ဖို့ က မ္ဘာ ကြီး ကို ကျွန်ုပ် တို့ ပြောင်း လဲ ဖို့ သင့် ပါ တယ်။
၆။    တ ပည့် တော် ဆို တာ ခ ရစ် တော် ကို ချစ် တဲ့ သူ တွေ ဖြစ် လို့ ၊ ခရစ် တော် ထံ က သင် ကြား ခံ ယူ လို စိတ် အ ပြည့် အ ၀ ရှိ တဲ့ သူ ၊ ခ ရစ် တော် အ တွက် သစ္စာ ရှိ တဲ့ သူ၊ ၀ိညာဉ် ရေး ရာ ဆာ လောင် မွတ် သိပ် သူ ၊ ဘ ၀ အ သက် တာ တစ် ခု လုံး ကို ခ ရစ် တော် အ တွက် ဆက် ကပ် တဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။
၇။    ဇာ တိ သ ဘော က တော့ နာ ခံ မှု ကို မ လို လား ဘူး ၊ အ ဖိုး အခ လဲ မ ပေး ချင် ပါ ဘူး၊ ၀ိ ညာဉ် သ ဘော ရှိ တဲ့ တ ပည့် တော် တွေ အ တွက် က တော့ ဆက် ကပ် ဖို့ ၊ ပေး ဆပ် ဖို့ အ လွယ် လေး ပါ။ ဘု ရား အ တွက် ဆို ပေး ဆပ် ဖို့ စိတ် ထား နှ လုံး သား အ ပြည့် အ ၀ ၊ အ မြဲ တမ်း ရှိ နေ သူ တွေ ဖြစ် ကြ ပါ တယ်။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...