● ဓမ္မ အ မှု တော် ဆောင် နှင် ၀ိ ညာဉ် ရေး ...

က္ဘမ္ဘာပေါ် ရှိကိုး ကွယ်ရာ ဘာ သာအ သီး သီး တွင် ၀ိညာဉ် ရေး သည် အဓိက ကျသောနေ ရာ၌ပါ ၀င်နေ ပါသည်။ Pierre  Telhard က ၀ိညာဉ် ရေး(spirituality) သည် ကမ္ဘာလော ကကြီးနှင့် လူ သား များ အား ပုံ စံ ချပြောင်း လဲစေ မည့်လေး နက်သော စွမ်းအား အရင်း အမြစ်ဖြစ် သည် ဟုဆို ပါသည်။ ခရစ် ယာန်တို့ ၏ယုံကြည် ချက် အ ရ လူ၌ ကိုယ် ၊စိတ်၊ ၀ိညာဉ်(၃)ပါး တစ်စု တည်းဖွဲ့ စည်း တည်ဆောက် လျက် ဖန်ဆင်း ထားပေး ရာ ၀ိညာဉ်ရေး သည် ခရုစ် ယာန်တစ် ဦးချင်းနှင့် ဆိုင်သော အသက်တာ တစ်လျောက်လုံး အတွေ့ အကြုံကဏ္ဍ တစ်ရပ်ဖြစ် သည်ဟု ဆိုရ ပါမည်။ ဘုရား သခင်သည် ဘူတစ်ဦးစီ အားပုံစံ/အနေ အထား အရည် အသွေး အမျိုးမျိုးတို့ဖြင့် ဖန်ဆင်း ထားပေး ရာ တစ်ဦး၏ ၀ိညာဉ်ရေး သည်အခြားတစ်ဦး ၏၀ိညာဉ်ရေးနှင့် ထပ်တူညီရန်ခက်လှသကဲ့သို့ပုံတူကူချ ဖွယ်ရာအ ကောင်းဆုံးသော အမြင့်မြတ်ဆုံးဟု ဆိုရသော ၀ိညာဉ်ရေး အသက်ရှင်မှုပုံစံလည်းသတ် မှတ်ရန် မဖြစ်နိုင်ပါ။
ဝိညာဉ်ရေးကိုပုံစံ(၅)မျိုးခွဲခြား၍ Richard Niebuhr က တင်ပြရာ(၁)Christ Against Culture(2)Christ of Culture(၃)Christ Above Culture(၄)Christ and Culture in Paradox နှင့် (၅)Christ the Transfomer of Culture တို့ဖြစ်ပါသည်။
(က)လေးနက်တည်ကြည်သောဝိညာဉ်ရေးကိုတောင်းဆိုနေသောအချက်များ။
၁။ပြောင်းလဲမှုလျှင်မြန်လျက်ရှိသောခေခတ်၌ ၀ိညာဉ်ရေးရာသိုးထိန်းကောင်းလိုအပ်ခြင်း။
၂။ယုံကြည်ချက်နှင့်ကျင့်သုံးမှုကွဲပြားသော ဓမ္မဆရာ/မများနှင့် အဖွဲ့ငယ်များပေါ်ပေါက်လာခြင်း။
၃။လောကီဆန်သောအမှုတော်ဆောင်နှင့် အသင်းတော်များတွေ့လာရခြင်း။
၎။ခက်ခဲကြမ်းတမ်းသောသဘာဝနှင့်ရောဂါဆိုးများရင်ဆိုင်လာရခြင်း။
၅။လောကီရေးရာစွဲလမ်းမှုနှင့် ဘွဲ့ဒီဂရီရယူပိုင်ဆိုင်မှုများလာခြင်း။
၆။ဘာသာရေးအကြောင်းသွန်သင်ခံရသော်လည်း ဘုရားကိုရင်းနှီးကျွမ်းဝင်မှုမရှိခြင်း။
၇။ခောတ်နှင့်အညီပြောင်းလဲနေသော ဓမ္မအတွေးအခေါ်အမျိုးအမျိုးပေါ်ပေါက်လာခြင်း။
၈။ဘာသာရေးလုပ်ငန်းများလွန်းသဖြင့် ဘုရားနှင့်မိတ်ဖွဲ့ရန်အချိန်မပေးနိုင်ခြင်း။
၉။ဆွဲဆောင်မှုကောင်းသောနှောင်ကြိုးပါသောထောက်ပံ့မှုများဝင်ရောက်လာခြင်း(ပြည်တွင်း၊ပြည်ပ)။
၁၀။စားသုံးခဲ့သောဝိညာဉ်ရေးရာအဟာရကုန်ဆုံးကာ ၀ိညာဉ်ရေးခမ်းခြောက်လာခြင်း။
(ခ)၀ိညာဉ်ရေးဆိုင်ရာအဆိုအမိန့်များ။
ဝိညာဉ်ရေးရာ ဆိုသည်မှာ ကျွန်ုပ်တို့၏ လု ပ်ဆောင်မှု ၊ကျင့်ကြံပြောဆိုမှု၊ အသက် ရှင်မှုနှင့် သူတစ်ပါး အပေါ် ထားရှိ သည့် ခံယူမှုစသည့် အရာ အားလုံး တို့ကို ဆုတောင်းခြင်းဖြင့် လွှမ်းမိုး ထားသော လမ်းစဉ်ဖြစ် သည်။ (Gorden Wakefield) ၀ိညာဉ်ရေး ရာဓမ္မအတွေး အခေါ်သည် အစဉ်အလာအရ ကျွန်ုပ်တို့သိရှိထားသောဘာသာအယူဝါဒ ဆိုင်ရာနှင့် ကိုယ်ကျင့်တ ရားဆိုင်ရာ အထူးခြိုးခြံချွေတာ ကျင့်ဆောင်မှုနှင့် ဆိုင်သော လှို့ဝှက် နက် နဲမှုဆိုင်ရာ ဓမ္မအတွေး အ ခေါ်ပင်ဖြစ်သည်။ (P.Pourrat)
ဘာ ၀ နာ ဟူသည်စိတ်ကိုသန့်ရှင်း စင်ကြယ်စေရန် လေ့ကျင်တည်ဆောင်ခြင်းဟုအဓိပ္ပါယ်ရသည်။ ဘ၀နာ၏အမှု သည်စိတ်ညစ်ညူးစေသော ကာမဂုဏ်ကို ခံစားလိုခြင်း ၊လေးလံထိုင်း မှိုင်းခြင်း၊ပျံ့လွှင့်ခြင်း၊ ပုပ်နိုင်ခြင်း၊ ယုံမှားခြင်း တို့ကိုရှင်းလင်းပြီးနောက် သမ္မာသတိ၊ ပညာ၊ဆန္ဒ၊ ၀ီရိယ၊သဒ္ဒါ၊ပီတိ၊ သုခစကေသာကောင်းမြတ်သည့် ဂုစ်ထူးများ ကိုတိုးပွားဖြစ်ထွန်းစေပါသည်။ ဦးကိုလေး(ဇေယျာမောင်)
(ဂ)သမ္မာကျမ်းစာမှဖေါ်ပြချက်များ။
ဝိညာဉ်ရေးနှင့်ပတ်သက်၍ ဓမ္မဟောင်းကျမ်းစာ ကိုလေ့လာပါက ထာဝရဘုရားအားဝတ်ပြုခြင်း ၊ဘုန်းဂုဏ်ေ တာ် ကိုချီးမြှောက်ခြင်း ၊ချီးမွမ်းခြင်းနှင့် အပြစ်ဖြေလွတ်ခြင်းအတွက် ယဇ်ပူဇော်ခြင်း ၊ဒုက္ခရောက်သော အခါထာ ၀ရဘုရားကို တမ်းတခြင်း၊ ပညတ်တော်များေ စာင့်ရှောက်ခြင်းဖြင့် လေး နက်တည်ကြ ည်သောအသက်တာကိုရ ယူခြင်း၊ပြုခဲ့ေ ကြာင်းတွေ့ရသည်။ ထိုအချိန်ကဂျူးဘာရေးခေါင်းဆောင်များနှင့် ပရောဖက်များအစေခံရသည်ေ နရာသည် ခက်ခဲဆိုးရွားပြီး ထာဝရဘုရားအားဆန့်ကျင်ခြင်း၊မေ့ေ လျာ့ခြင်း၊ရာဇမာန်တက်ြ ခင်း၊ကိုယ်ကျင့် တရားဖေါက်ဖျက်ပြန်ခြင်းတို့ဖြင့် လွှမ်းမိုးနေချိန်ဖြစ်ပါသည်။ အမှုတော်မဆောင်မှီ ပရော ဖက်များသည် ထာဝ ရဘုရား၏ခေါ်သံကြားလျှက် မိတ်ဖွဲ့လျှက်ခြိုးခြံေ ချွတာစွာအသ က်ရှင်ပြီး ထာဝရဘုရားပြောစေလိုသော စကားကိုသာပြောရပါသည်။ ကိုယ်ပိုင်စကားမဟုတ်ပါ။ တုံ့ပြန်မှုများလည်းခက် ခဲရက်စက်လှပါသည်။ ၀ိညာဉ် ရေးခိုင် ခံ့မှုမရှိလျှင် မည်သို့မျှအမှုတော် ကိုဆောင်နိုင်မည်မဟုတ်ပါ။
ဆာလံ၊၁း၁-၃တွင် ထရားတော်ကိုနေ့ညဥ့်မပြတ်ဆင်ခြင်းအောက်မေ့သောသူသည်မင်္ဂလာရှိကြောင်း ပြုလေ သမျှတို့၌အောင်ြ မင်လိမ့်မည်ဖြ စ်ကြောင်းဖေါ်ပြထားရာ ၀ိညာဉ်ကြီးထွားရန်အတွက် နှုတ်ကပတ်တော်ကို မပျက် မကွက်ပုံမှန်စားသုံးရန်လို့မည်။ နှုတ်ကပတ်တော်ကိုကျက်မှတ်ကာ အလျှင်းသင့်သလို ဆင်ခြင်းအောက်မေ့ခြင်း ဖြင့် နူးညံ့သိမ်မွေ့သောနှလုံးသားကိုရလာကာ ၀ိညာဉ်ရေးရာအသီးအပွင့်များကိုဝေဆာစေပါမည်။ (ဆာလံ၊ ၁၉း၁၄)ထိုသို့ဖြစ်စေရန်(၁)လေးနက်ခိုင်မာသော ဆုံးဖြတ်ချက်(၂)ပီပြင်သောပေးဆပ်မှု(၃)လက်တွေ့နေ့စဉ်လေ့ ကျင့်မှုတို့လိုအပ်ပါသည်။
ယောဘသည်လည်းဆင်းရဲဒုက္ခကြုံရသောအခါ (၁)ဘုရားသခင်နှင့်မိမိလက်ရှိဆက်သွယ်နေမှုကိုပြန်လည်ဆင်ခြင်းခြင်း
(၂)ထာဝရဘုရားကိုမျှော်လင့်လျှက်ငြိမ်ဝပ်စွာနေခြင်း၊
(၃)အကန့်အသတ်ရှိသောမိမိ၏စွမ်းရည်များနှင့်အသက်တာကိုရိုကျိုးစွာလက်ခံခြင်း။
(၄)စိတ်နှိမ့်ချခြင်းလှေကားကိုတက်လှမ်းခြင်းတို့ဖြင့် ရင်ဆိုင်ကျော်လွှားခဲ့သည်။
(အေဒီ-၆ရာစု)တွင်Saint Benedict က နှိမ့်ချခြင်းကျေးဇူးတော်၌ ကြီးထွားရင့်သန်လာစေနိုင်မည့် ၁၂ဆင့်လှေ ကား(Ladders of Humitity)ကိုဖော်ထုတ်ခဲ့သည်။ )swald Sander က ဘုရားသခင်နှင့်ရင်နှီးကျွမ်းဝင်မှုအဆင့် ဆင့်ကို စက်ဝိုင်း(၄)ခုဖြင့်ဖေါ်ပြခဲ့သည်။ အပြင်စက်ဝိုင်း(ထွက်၊ ၁၉း၁၁-၁၂)၊ဒုတိယစက်ဝိုင်း(ထွကကက်၊၂၄း၉-၁၁)၊တတိယစက်ဝိုင်း(ထွက်၊၂၄း၁၃-၁၄)၊ အတွင်းစက်ဝိုင်း(ထွက်၊၂၄း၁၅-၁၇)တို့ဖြစ်ပါသည်။ဓမ္မသစ်ကျမ်းတွင် ၀ိညာဉ်ရေးရာတည်ဆောက်ခြင်းနှင့်ပတ်သက်၍ အဓိက(၃)ရပ်ကို Kenneth Lecch ကဖော်ပြခဲ့သည်။ (a social act rooted into Christian community, a process involving growth and progress towards maturity, and a putting on and sharing of Christ nature).၀ိညာဉ်ရေးရာပုံစံအမျိုးမျိုးရှိသော်လည်း ကျွန်ုပ်တို့အနေဖြင့်သခင်ခရစ်တော်၏၀ိညာဉ်ရေးကို စံထားရမည်ဖြစ်ပါသည်။ (စိတ်နှိမ့်ချခြင်း၊နာခံခြင်း၊ဆို တာင်းခြင်း၌အားကြီးခြင်း၊စုံစမ်းနှောက်ယှက်ခြင်းကိုတွန်းလှန်ခြင်း၊တရားတော်၌မွေ့၍ သမ္မာတရားအတွက်ရဲ ၀ံ့စွာပြောဆိုခြင်း၊ကြင်နာသနားခြင်း၊ခွင့်လွတ်ခြင်း၊စသည်ဖြင့် နေ့စဉ်ဝိညာဉ်ရေးအားသစ်လောင်းရန် လည်းလို အပ်ပါသည်။ထိုသို့ဖြင့် ဘုရားသခင်နှင့်ပိုမိုနီးစပ်ပြီး ထာဝရဘုရား၏အကြံအစည်တော်ကိုသိနားလည်နိုင်ပါလိမ့် မည်။သခင်ယေရှုကိုယ်တော်တိုင် သာသနာမပြုမှီရက်(၄၀)မျှတောထဲသွား၍ ထာဝရဘုရား၏တရားတော် ကိုရှုမှတ်ကာ ဘုရားနှင့်စကားပြောဆိုခဲ့သလို သာသနာပြုနေစဉ် ရံဖန်ရံခါတစ်ဦးတည်းဆုတောင်း ရန်ထွက် ခွာသွားခဲ့ပါသည်။
(ဃ)၀ိညာဉ်ရေးရာမိတ်ဆွေထားခြင်း။
အေဒီ-၃၂၁တွင် ကွန်စတင်တိုင်းလက်ထက် ခရစ်ယာန်အချို့မာတုရအဖြစ် သက်ရှင်ပြခဲ့ကြသကဲ့သို့ အချို့မှာအီဂျစ်နှင့်ဆီးရီးယာကန္တာရသို့ ထွက်ပြေးကာအသက်ရှင်ခဲ့ကြသည်။ သူတို့သည်ပုံမှန်အစာရှောင်၍ အအိပ်နည်းကာ စာတန်နှင့်တိုက်ပွဲဝင်ခဲ့ကြပါသည်။ သူတို့၏သန့်ရှင်းစင်ကြယ်မှုသည် ပတ်ဝန်းကျင်၌ကြော် စောသွားပေရာ အနီးအနားရှိခရစ်ယာန်များသည် ယုံကြည်ခြင်းနှင့် ပတ်သက်၍ ၀ိညာဉ်ရေးရာမိတ်ဆွေ သဖွယ်မိတ်ဖွဲ့ခွန်အားယူခဲ့ရသည်။ ၄င်းတို့၏ဆက်ကပ်မှုသည်အလယ်ခေတ်ထိတိုင် အောင် ဆက်လက်ပျံ့ နှံ့ရောက်ရှိသွားခဲ့ပါသည်။ ၁၄ရာစုနှင့် ၁၆ရာစုအသင်းတော်သမိုင်းကိုလေ့လာပါက Ignatious Loyola, Francis de Sale , Martin Luther, Julian of Norwich, Margrey Kempe, Teresa of A vila, John of the Cross တို့၏လေးနက်တည်ကြည်သော ၀ိညာဉ်ရေးအဆိုအမိန့်မှားနှင့် လေ့ကျင့်မှုများကိုလည်း သိရှိ၍ ခွန်အားယူရန် ရှိပါသည်။ ထို့အတူကျွန်ုပ်တို့၏ မြန်မာခရစ်ယာန်သမိုင်းကြောင်း၌ ယုံကြည်ခြင်းခိုင်ခန့်စွာဖြင့် ဆက်ကပ် အသက်ရှင်ခဲ့ကြသော ဘိုးဘေးများတို့၏ စံထားဖွယ်ရာဝိညာဉ်ရေးရာ အလေ့အကျင့်များကိုလည်း ပြန်လည် လေ့လာ၍ အတုယူလိုက်လျောက်အသက်ရှင်ရန်ရှိနေပါသည်။
          ထိုသူတို့သည်အဆင့်မြင့် ဓမ္မပညာတတ်ချင်မှတတ်ပါလိမ့်မည်။ ၀ိညာဉ်ရေးရာမိတ်ဆွေဆိုသည်မှာ Theology ကိုဆွေးနွေးခြင်းထက် ထိုသူ၏၀ိညာဉ်ရေးရာကျင့်ဆောင်မှုအသက်တာကို မြင့်တင်ပေးခြင်းသာဖြစ် ပါသည်။မိမိအားပေးကူညီနေရသောသူ၏ အသက်တာအခြေအနေအမျိုးမျိုး၌ ဘုရားသခင်အလုပ်လုပ်နေပုံ၊ ပါဝင်နေပုံနှင့် ထိုသူအတွက်ထားရှိသောဘုရားသခင်၏အလိုတော်ကိုဝိုင်းဝန်းရှာဖွေရန်ဖြစ်ပါသည်။ မိမိ၏၀ိညာဉ် ရေးရာအတွေ့အကြုံများကိုလည်းဝေငှနိုင်ပါသည်။
ဝိညာဉ်ရေးရာမိတ်ဆွေရွေးချယ်ရာတွင်ယေဘုယျအားဖြင့်-
၁။ရင့်ကျက်တည်ငြိမ်၍ဘုရားဝတ်၌မွေ့လျှော်ခြင်း။
၂။ဝိညာဉ်ရေးရာစိတ်ချယုံကြည်မှုအတွက်အားပေးခြင်း။
၃။ဝိညာဉ်ရေးရာတိုက်ပွဲအတွက်နှိုးဆော်တပ်လှန့်ခြင်း။
၎။လေးနက်စွာဖြင့်နားထောင်ပေးခြင်း၊၀ိညာဉ်သဘောဖြင့်သုံးသပ်ပေးခြင်း။
၅။နှုတ်ကပတ်တော်ကိုတန်ဖိုးထားလျှက်ဆင်ခြင်အောက်မေ့ခြင်း။
၆။ရိုးသားပွင့်လင်း၍နားလည်မှုရှိကာနှုတ်လုံစိတ်ချမှုပေးခြင်း။
၇။ထာဝရဘုရားကိုဦးထိပ်ထားလျှက်ဖြောင့်မတ်စွာအသက်ရှင်ခြင်းစသည်တို့လိုအပ်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့အားလုံးအတွက်အကောင်းဆုံးမိတ်ဆွေမှာယေရှုခရစ်တော်ပင်ဖြစ်သည်။ သခင်ယေရှုခရစ်တော်ကိုယူ တင်ဝတ်ဆောင်ခြင်းဖြင့် စိုးရိမ်ပူပန်နေသော၊ လမ်းပျောက်နေသော၊ အခက်အခဲကြုံနေရသောလူများအတွက် ၀ိညာဉ်ရေးရာမိတ်ဆွေအနေဖြင့် ယေရှုကလေးများအဖြစ်အသက်ရှင်နိုင်ပါသည်။
(င)အတွင်းစွမ်းအားကြီးထွားလာလေအပြင်သဏ္ဍာန်လှပစိုပြေ။
အသီးများသီးပွင့်ဝေဆာနိုင်ရန် အတွင်းသဘောသည်အရေးကြီးကြောင်း သခင်ယေရှုမြွက်ဆိုခဲ့ပါသည်။ အတွင်း ၌ဆူးသဘောရှိကဆူးအသီးသီး၍ လူတို့အားဒုက္ခပေးလိမ့်မည်။ စပျစ်သဘောရှိက စပျစ်အသီးသီးပြီးလူတို့ အားအားဖြစ်စေမည်။ ၀ိညာဉ်သဘောရှိပါက ၀ိညာဉ်အသီးသီးမည်ဟုဆိုခဲ့ပါသည်။(မဿဲ၊ ၇း၁၇-၂၀)။
အသင်းတော်သမိုင်းတစ်လျှောက်တွင်မာတုရများသည် ဘုရားသခင်အားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန် အားဖြင့်လည်းကောင်း ခိုင်ခန့်စွာ ရဲရဲရင့်ရင့်ဖြင့် ရက်စက်စွာသတ်ဖြတ်ညှင်းဆဲခြင်းများကိုရင်ဆိုင်ခဲ့သောကြောင့် ဘုရင်ဂလားရီးယပ်စ်က ခရစ်ယာန်ဘာသာသည် သည်းခံခြင်းသဘောပါကြောင်းအမိန့်ကိုထုတ်ပြန်ခဲ့ပါသည်။ ဘာသာရေးဝန်ထမ်းတိုင်း ၀ိညာဉ်ရေးရာအစေခံကောင်းများဖြစ်ရန်အတွက် အတွင်းလူအဖြစ်ခိုင်ခန့်ရန်လို ပါသည်။ အတွင်းစွမ်းအားကြီးမာစေရန် ကယ်တင်ရှင်ခရစ်တော်ကိုစိတ်နှလုံး၌ အမှန်လက်ခံကာ နောက်တော်လိုက်ရန်နှင့် ဆက်ကပ်သည့်အမှုတော်ဆောင်သည် အောက်ပါကဏ္ဍများအားဖြင့်ဝိညာဉ်ရေး ရာကြီးထွားလာနိုင်ကြောင်း Richard Foster ကဖေါ်ပြခဲ့ပါသည်။ ယင်ကဏ္ဍများ၌ မိမိ၏၀ိညာဉ်ရေးအခြေအနေ မည်သို့ရှိကြောင်း သုံးသပ်နိုင်ပါသည်။
ဝိညာဉ်ရေးအခြေအနေကိုသုံးသပ်ခြင်း။
စိတ်ပိုင်းဆိုင်ရာဖြည့်စီးမှု။
-ဆိပ်ငြိမ်စွာဖြင့်အာရုံပြုခြင်း(တစ်နေ့-၃၀မိနစ်)                                                  ရမှတ်( )
-ဆုတောင်းခြင်း(တစ်နေ့-၆၀မိနစ်)                                                               ရမှတ်( )
-အစာရှောင်ခြင်း(တစ်လ-၁ကြိမ်)                                                                ရမှတ်( )
-သင်ယူလေ့လာခြင်း(တစ်လ-၄အုပ်)                                                            ရမှတ်( )
ပြင်ပဆိုင်ရာလေ့ကျင့်လုပ်ဆောင်မှု။
          -ရိုးသားဖြောင့်မတ်စွာအသက်ရှင်ခြင်း                                                            ရမှတ်( )
          -ယုံကြည်ခြင်းခိုင်ခန့်ခြင်း၊ကယ်တင်ခြင်းစိတ်ချမှုနှင့်လက်တော်၌အလုံးစုံအပ်နှံခြင်း          ရမှတ်( )
          -ပေးဆပ်အပ်နှံခြင်း                                                                                ရမှတ်( )
          -အစေခံဝန်ထမ်းခြင်း                                                                              ရမှတ်( )
ပူးပေါင်းလုပ်ဆောင်မှုများ။
          -အပြစ်များဆန်းစစ်ဝန်ချခြင်း(နေ့စဉ်)                                                            ရမှတ်( )
          -၀တ်ပြုကိုးကွယ်ခြင်း(နံနက်/ည၀တ်)                                                            ရမှတ်( )
          -၀ိညာဉ်ရေးရာလမ်းပြခြင်း(၁-ဦးဦး)                                                              ရမှတ်( )
          -၀မ်းမြောက်စွာဖြင့်ချီးမွမ်းခြင်း(အစဉ်)                                                            ရမှတ်( )
အမှတ်ပေးရန်။
အထက်ပါအချက်များထဲမှ အားနဲနေသောအရာ(၃)ခုကိုပြန်လည် သက်သေပြလိုပါကအောက်တွင်ရေးသားဖေါ် ပြပါ။(၁၀၀% .၅၊ ၇၅% .၄၊ ၅၀% .၃၊ ၂၅% .၂၊ ၁၀% .၁) ကျွန်ုပ်ဆက်လက်တိုးမြင့်အားဖြည့်ရမည့်ရကဏ္ဍနှင့် တိကျသောနည်းလမ်းများ။
(က)အာရုံပြုခြင်း။
(ခ)သင်ယူလေ့လာခြင်း။
(ဂ)ဆုတောင်းခြင်း။
သတိပြုရန်အချက်များ။
(၁)မိမိ၏၀ိညာဉ်ရေးရာရှင်သန်မှုအခြေအနေကို ဘုရားသခင်နှင့် အချိန်ယူမိတ်ဖွဲ့စကားပြောပြီးမှ မှတ်ကန်စွာ ဆင်ခြင်းသုံးသပ်ရန်လိုပါမည်။
(၂)ထို့နောက်ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်ချ၍ ယင်းအတိုင်းလက်တွေ့လုပ်ဆောင်ရန်။
(၃)အစပိုင်းတွင်ခက်ခဲမှုရှိသော်လည်းဝိညာဉ်တော်လမ်းပြမှုဖြင့် ဆက်၍လုပ်ဆောင်နိုင်မည်ဟုယုံကြည်ပါ။
(၄)ပြဿနာတိုင်း၊လုပ်ဆောင်မှုများတိုင်း၌ဆုတောင်းခြင်းဖြင့်ဗဟိုပြုပါ။ နှုတ်ကပတ်တော်ကိုအလွတ်ကျက်မှတ် ပြီးအချိန်ရတိုင်းဆင်ခြင်အောက်မေ့ပါ။
(၅)ပြောင်းလဲမှုနှင့်ထူးခြားသောအဖြေများအတွက် နေ့စဉ်မှတ်တမ်းရေးပါ။ခရစ်တော်ကိုဦးထိပ်ထားပြီးပြန်လည် ဝေမျှသက်သေခံနိုင်ပါသည်။
(၆)သင်၌အပ်ထားသောဝိညာဉ်ဆုကျေးဇူးများနှင့် သူတစ်ပါးခံစားရသောကောင်းချီးများအတွက်ချီးမွမ်းပါ။
(၇)မိမိ၏၀ိညာဉ်နိုးထမှုအတွက်ဖြစ်ပေါ်လာတတ်သောမာန်မာဏကိုချိုးနှိမ်ပြီး အားနည်းသူကိုတွဲခေါ်ပါ။သို့သော် အတင်းအကျပ်မဖြစ်စေဘဲ ဆုတောင်းလျှက်လုပ်ဆောင်ရန်။
(၈)သူတစ်ပါးအားဝိညာဉ်အစာဝေမျှမည့်သူသည် ကိုယ်တိုင်ပြည့်ဝစွာ (သို့)တတ်နိုင်သမျှစားသုံးထားရန်လို ကြောင်းလည်းဆင်ခြင်းရန်ရှိပါသည်။
(၉)၀ိညာဉ်ရေးရာမိတ်ဆွေ(Spiritual Friend) ထားရှိလျှက် ၀ိညာဉ်ရေးရာလမ်းပြသူ(Spiritual Guide)ဖြစ်ရန် ဆုတောင်းလျှက်လုပ်ဆောင်ပါ။
နိဂုံး။
ဝိညာဉ်ရေးရာစည်းကမ်းများကိုတမန်တော်ခေတ်(တ၊၂း၄၂-၄၇)ကတည်းကပင် လက်တွေ့လုပ်ဆောင်ခဲ့ကြ သည်။အသင်းတော်သမိုင်းတစ်လျောက်တွင်လည်း ဖိနှိပ်ညှင်ဆဲမှု အမျိုးမျိုးရင်ဆိုင်ခဲ့ရသည့် စွမ်းအားနှင့် ၀ိညာဉ်ရေးကိုမြှင့်တက်စေမည့်အလေ့အကျင့်များ လုပ်ရန်ရှိသကဲ့သို့ ယုံကြည်ခြင်းအားဖြင့်ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းအခွင့်ရသည်ကိုလည်း ချီးမွမ်းအသက်ရှင်ရန်ရှိပါသည်။ တရားတော်၌မွေ့လျှော်၍သန့်ရှင်း သောဝိညာဉ်တော်လမ်းပြမှုနှင့်အတူလိုက်လျှောက်ခြင်းအားဖြင့် ၀ိညာဉ်ရေးရာလမ်းပြသောသိုးထိန်းများဖြစ်ရန် ဘုရားသခင်အလိုရှိနေပါသည်။
ဆွေးနွေးရန်
(၁)ဤသင်ခန်းစာအားဖြင့်ကျွန်ုပ်တို့အားဘုရားသခင်မည်သို့သွန်သင်နေပါသနည်း။
(၂)ကျွန်ုပ်တို့၏ဘ၀တွင်ဝိညာဉ်ရေးရာမိတ်ဆွေရှိပါသလား။မည်သို့လမ်းပြသနည်း။
(၃)၀ိညာဉ်ရေးရာဖွံ့ဖြိုးလာစေရန် အခြားခရစ်ယာန်ဂိုဏ်းဂဃများနှင့် အခြားသောဘာသာများထံမှ ဓမ္မကြောင်း နှင့်ဆီလျှော်သောအတုယူဖွယ်ရာများရှိပါသလား။
(၄)တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အသင်းတော်၊ နယ်၊ အဖွဲ့ချုပ်၊ ကျမ်းစာသင်ကျောင်းများအနေဖြင့် လုပ်ဆောင်နိုင်သောဝိညာဉ်ရေးအားဖြည့်စရာ အစီအစဉ်များကိုဆွေးနွေးပါ။

သိက္ခာတော်ရဆရာဦးထွန်းထွန်းအေး (MICT)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...