● Facebook မှပေးသောသတင်းစကား...


ယနေ့ခေတ်ရေစီးကြောင်း တွင် face book ယဉ်ကျေးမှု သည် ရေပန်းစားလျက်ရှိရာ ထိုface book ယဉ်ကျေးမှုထဲတွင် ကျွန်ုပ်တို့ ယုံကြည် သူများ လည်းလိုက်ပါစီးမျောလျက် ရှိ ပါသည်။
ကျွန်ုပ် တို့နေ့စဉ်သုံးစွဲ နေသော face book မှ ကျွန်ုပ်တို့ ယုံကြည် သူများ အား သွန်သင်နေသည့် သတင်းစကား (၃)ခုအား ဖေါ်ပြချင်ပါသည်။

သတင်းစကား (1) ခရစ်တော်၌တလုံးတဝ တည်းဖြစ်သည့် အတွက် ခွဲခြားမှုများ မပြုလုပ် ရန်။

ကျွန်ုပ်တို့ သည် Face book ကိုအသုံးပြု ရန် အတွက် face book account ဖွင့်ရာတွင် face book က ကျွန်ုပ်တို့အတွက် friends ရှာ ခိုင်းပါသည်။ရှာပေးပါသည်။တပည့်lလူမျိုးတူ l ဘာသာတူl ဂုဏ်ရည်တူ l အဆင့်တန်းတူ သူ l လက်အောက်ငယ်သားများ မရှာခိုင်းပါ။ သင် သည် ပြင်ပ တွင် သမ္မတကြီးဖြစ်နေပါစေ l ပါမော က္ခl အထူးကု သမားတော်ကြီး l အင်္ဂ လန် ဘုရင် မကြီးဖြစ်နေ ပါစေ သင် မည်မျှပင် ဆင်းရဲနေ ပါစေ l ချမ်းသာနေပါစေlမည်သည့် လူမျိုး ဖြစ်နေပါစေ face book က ဂရုမ စိုက်ပါ ။ face book ကလူတန်းစားအား လုံးl လူမျိုး အား လုံးကို တပြေးညီတ တန်း တစား တည်း Friends ( သူငယ်ချင်း) ဟူ သော လူတန်းစား တစ်ခုတည်းသာ သတ်မှတ် ပေး ပါသည်။
face book ၏ထိုသဘောထားသည် ယေရှုခရစ်၌ ယုဒလူမရှိlဟေလသလူမရှိlကျွန် မရှိl လူလွတ်မရှိlယောက်ျားမရှိlမိန်းမမရှိ lထို သခင်၌ သင်တို့အပေါင်းသည် တလုံး တ ဝ တည်း ဖြစ်ကြ၏(ဂလာတိ၃း၂၈)။ဟူသော ကျမ်း စကားကိုလည်းကောင်းlထိုသူ ကို လက်ခံ သ မျှသောသူတည်းဟူသော ကိုယ် တော် ကိုယုံကြည်သော သူတို့အားဘုရား သခင် ၏သားဖြစ်ရသောအခွင့် ကိုပေးတော် မူ၏(ယော ၁း၁၂) ဟူသောကျမ်းစကား၏ အနှစ် သာရ ဖြစ် သည့် ဘုရားသခင် ၏သား သမီး များဟူသောတူညီသည့် လူတန်း စား တစ်ရပ် အကြောင်းကိုဖွင့်ပြ ထား ရာယနေ့ ယုံကြည် သူများ လူမျိုးအဆင့်အတန်း မ ခွဲခြား ဘဲခရစ် တော် ၌ တလုံးတဝ တည်း ရှိ ကြ ရန် face book ကကောင်း သော သတင်း စကားပေးနေသည်။

သတင်းစကား (2) သူတပါးဖတ် သော ခရစ် တော်၏စာ lခရစ်တော်၏အမွှေးအကြိုင် l ခရစ်တော်၏သက်သေအဖြစ် အသက်ရှင်ရန်

face book တွင် ကျွန်ုပ်တို့သည် ဘာ တွေ လုပ် နေသည်l ဘယ်တွေသွားနေသည်l ဘာ တွေစားနေသည်စသဖြင့် မိမိတို့ပုံများ ကိုတင် ကြသည်။ ထိုသို့ တင်ရာတွင် မိမိ ပုံများ ကို ကြည့် လို့ ကောင်းသည် ဟု ထင် သော ပုံများ ကိုသာ ရွေးပြီး တင်တတ် ကြ သည် ။ အချို့  လူများ သည် မိမိကိုယ်မိမိ selfile ရိုက် ပြီးအ လှဆုံးပုံကိုတင်ကြ သည် ။ မိမိတို့ပတ်ဝန်းကျင် တွင် သတင်းဦးသတင်း ထူးများရှိပါက တင်တတ် ကြသည်။ ထို့ နောက် like ဘယ်နှစ် ခုရသလဲဆိုတာ စိတ် ဝင် စားကြသည်စသဖြင့်face book ယဉ် ကျေးမှု ဖြစ်စဉ် ၌ယနေ့ယုံကြည် သူများ မွေ့လျော် လျက်ရှိကြလေသည်။
ထိုဖေါ်ပြပါFace book ယဉ်ကျေး မှု က သင်တို့သည် ငါတို့ပြုစုသော ခရစ်တော် ၏ စာထင်ရှားစွာ ဖြစ်ကြ၏ (၂ကော၃း၃- ၄)lခရစ်တော် ၏အမွှေးအကြိုင် ( ၂ကော၂း၁၅ - ၁၆) l သင်တို့သည် ယုဒပြည် ရှမာရိပြည့့်  ငါ၏သက်သေ ဖြစ်ကြ လိမ့် မည် (တ ၁း၈)ကျမ်းစကား ကို လည်း ကောင်းဖွင့် ပြနေ ပါသည်။
ထို့အတွက် ယနေ့ယုံကြည် သူများ မိမိတို့ ပုံများကို အကောင်း ဆုံး အလှဆုံး နှင့် မိမိတို့ ဘာတွေ လုပ်ဆောင်နေသည် ကို face book တွင်တင်သည့်နည်းတူ ကျွန်ုပ်တို့ အ သက် တာ အသက် ရှင် ခြင်းလက္ခဏာတွင် အကောင်ဆုံး အသက် ရှင်လျက်သူတပါးတို့ ရှေ့၌ ဘုန်း တော် ထင်ရှားသော သူတပါးတို့ ဖတ်ချင် သောခရစ်တော် ၏စာl သူတစ်ပါး နှစ်သက် သော ခရစ်တော်၏အမွှေးအကြိုင် l ခရစ်တော်၏သက် သေအဖြစ် အသက်ရှင်ရန် face book က သတင်းစကား ပေးနေပါ သည်။ (ဖိလိပ္ပိ ၂း၁၄-၁၆)။

သတင်းစကား (3)ဧဝံဂေလိ သတင်းကောင်း ဝေငှသော သူ များ ဖြစ်ရန်

ကျွန်ုပ်တို့သည် face book အသုံးပြု ရာတွင် သတင်းဦးသတင်းထူးများ l အကျိုးပြု သတင်း များ ( လူမှု ရေး l ကျန်းမာရေး)သ တင်း များ lကောင်းသော အရာများကို အချင်း ချင်း share ပေးကြသည်။ အချင်းချင်း ဆက် သွယ် ရာတွင် Messenger,Voice Message, Voice Call များ ဖြင့် ဆက်သွယ်အသုံးပြုကြ သည်။
ဖေါ်ပြပါ face book service များက "သိတင်း မကြားလျှင် အဘယ်သို့ ယုံကြည်နိုင် မည် နည်း ။ဟောပြောသောသူမရှိ လျှင် အ ဘယ် သို့ ကြားနိုင် မည် နည့်း့  သို့ဖြစ်၍ ယုံကြည်ခြင်းသည်ကြားနာခြင်း အားဖြင့် ဖြစ်၏။ကြားနာခြင်း သည် လည်း ဘုရားသခင် သခင်၏ စကားတော်အား ဖြင့် ဖ်ြစ်၏။"(ရောမ ၁၀း၁၄-၁၇) ဟူသောကျမ်းစ ကားအားမီးမောင်းထိုးပြနေပါသည် ။လူအ ပေါင်း တို့ သည် ကယ်တင် ခြင်း သို့ ရောက် ၍ သမ္မာ တရားကို သိရန် (၁တိ ၂း၎)အတွက် ယနေ့ ယုံကြည် သူများအာဧဝံဂေလိ သတင်း ကောင်း Share ရန် lေ ကြငြာရန် face book က သတင်းစ ကား ပေးနေကြောင်း သခင်ယေရှုနာ မ တော်မြတ် ၌ ဖေါ်ပြရေး သားအပ်ပါသည်။

တင်ပြသူ-ရွှေရည်သိက္ခာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...