● ခ ရစ် ယာန် သာ သ နာ ပြု ခြင်း ...

ခ ရစ် ယာန် သာ သ နာ ပြု ခြင်း ဆို သည် မှာ ကျ ဆုံး သွား သော လော က ကြီး အား ဘု ရား သ ခင် ထံ ပါး မှ ဥာဏ် ပ ညာ အား ဖြင့် လည်း ကောင်း၊ တန် ခိုး တော် အား ဖြင့် လည်း ကောင်း ဧ ၀ံ ဂေ လိ သ တင်း ကောင်း အား မျှ ဝေ ရန် ၊ ဘု ရား သ ခင် ၏ ခေါ် ယူ ခြင်း ပင် ဖြစ် ပေ သည်။ ခ ရစ် ယာန် သာ သ နာ ပြု ခြင်း ကို မည့် သို့ လုပ် ဆောင် မည် နည်း။

၁။ခ ရစ် ယာန် သာ သ နာ ပြု ခြင်း သည် ခ ရစ် တော် ၌ နာ ခံ လိုက် လျှောက် လျှက် လုပ် ဆောင် ခြင်း။
ခ ရစ် တော် ၏ အ သေ ခံ တော် မူ ခြင်း နှင့် ရှင် ပြန် ထ မြောက် ခြင်း နောက် ပိုင်း၊ သ ခင် ခ ရစ် တော် မှ သူ ၏ ကယ် တင် ခြင်း သ တင်း စ ကား “ ဧ ၀ံ ဂေ လိ သ တင်း ကောင်း” အား ဝေ ငှ ရန် တ ပည့် တော် များ အား ပ ညာတ် ခဲ့ သည်။

သင် တို့ သွား ၍ လူ မျိုး တ ကာ တို့ ကို ငါ့ တ ပည့် ဖြစ် စေ လျက် ၊ ခ မည်း တော် ၊ သား တော် ၊ သန့် ရှင်း သော ၀ိ ညာဉ် တော် ၏ နာ မ ၌ ဗတ္တိ ဇံ ကို ပေး ကြ လော့။ ငါ သည် သင် တို့ အား ပေး သ မျှ သော ပညာတ် တော် တို့ ကို စောင့် လျှောက် စေ ခြင်း ငှာ ဆုံး မ သြ ၀ါ ဒ ပေး ကြ လော့။ ငါ သည် လည်း ကပ် က မ္ဘာ ကုန် သည် တိုင် အောင် သင် တို့ နှင့် အ တူ အ စဉ် မ ပြတ် ရှိ သည် ဟု တ ပည့် တော် တို့ အား မိန့် တော် မူ ၏။ (မသဲ ၂၈း ၁၉- ၂၀)

ဤ ကျမ်း ပိုဒ် အား “ခ ရစ် တော် ၏ မ ဟာ စေ စား ခြင်း” ဟု ခေါ် ပြီး၊ ဤ မ ဟာ စေ စား ခြင်း သည် မျက် မှောက် ခေတ် ခ ရစ် ယာန် များ ဆောင် ရွက် ရန် ရည် ညွှန်း နေ ခြင်း လည်း ဖြစ် သည်။ ဤ ထာ ၀န် ကို လေး လံ သော ၀န် ထုပ် ၀န် ပိုး တစ် ခု အ ဖြစ် ခံ ယူ မည့် အ စား၊ ကောင်း ကင် နိုင် ငံ တော် အ တွက် ပျော် ရွှင် ခြင်း များ နှင့် ဆု လဒ် များ ကို သယ် ပိုး ရန် ဘု ရား သ ခင် မှ စေ ခိုင်း သည့် လုပ် ငန်း တစ် ရပ် အ ဖြစ် ဆက် ကပ် လုပ် ဆောင် ရန် နှင့် အ မိန့် ပေး တာ ၀န် တစ် ရပ် အား ထမ်း ဆောင် နေ ရ သည့် သ ဘော မ ဟုတ် ပဲ၊  ဘု ရား ကို ချစ် သော ၊ လူ ကို ချစ် သော  ချစ် ခြင်း မေတ္တာ နှင့် လုပ် ဆောင် ရန် ဖြစ် ပါ သည်။

အ ကြောင်း မူ ကား ၊ တစ် ယောက် သော  သူ သည် လူ အ ပေါင်း တို့ အ တွက် ကြောင့် အ သေ ခံ သည် မှန် လျှင် ၊ လူ အ ပေါင်း တို့ သည် သေ လျက် နေ ကြ သည် ဟူ ၍ ၄င်း၊ အ သက် ရှင် သော သူ တို့ သည် တ ဖန် ကိုယ် အ လို သို့ လိုက် ၍ မ ရှင်၊ သူ တို့ အ တွက် ကြောင့် အ သေ ခံ ပြီး မှ ထ မြောက် တော် မူ သော သူ တို့ ၏ အလို သို့ လိုက် ၍ ရှင် စေ မည် အ ကြောင်း၊ လူ အ ပေါင်း တို့ အ တွက် ကြောင့် အ သေ ခံ တော် မူ သည် ဟူ ၍ ၄င်း၊ ငါ တို့ သည် သ ဘော ထား လျက်၊ ခ ရစ် တော် ၏ ချစ် ခြင်း မေတ္တာ တော် သည် ငါ တို့ ကို အ နိုင် အ ထက် သွေး ဆောင် တော် မူ ၏။ သို့ ဖြစ် လျှင် ၊ ယ ခု မှ စ ၍ ငါ တို့ သည် ဇာ တိ အ မျိုး ကို ထောက် ၍ အ ဘယ် သူ ကို မျှ မ သိ မ မှတ်။ ဇာ တိ အ မျိုး ကို ထောက် ၍ ခ ရစ် တော် ကို အ ထက် က သိ မှတ် သော် လည်း၊ ယ ခု မှ စ ၍ ထို သို့ သော သိ မှတ် ခြင်း မ ရှိ။ လူမည်သည်ကား၊ ခရစ် တော် ၌ ရှိ လျှင် အ သစ် ပြု ပြင် သော သ တ္တ ဝါ ဖြစ် ၏။ ဟောင်း သော အ ရာ တို့ သည် ပြောင်း လဲ ၍ ခပ် သိမ်း သော အ ရာ တို့ သည် အ သစ် ဖြစ် ကြ ပြီ။ ထို သို့ ဖြစ် သော် ဘု ရား သ ခင် ၏ တန်ခိုး တော် အား ဖြင့် ဖြစ် ကြ ၏။ ဘု ရား သ ခင် သည် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ ၏ ရန် ကို ငြိမ်း စေ ၍ ကိုယ် တော် နှင့် မိ ဿ ဟာ ယ ဖွဲ့ စေ တော် မူ ၏။ ထို မိ ဿ ဟာ ယ တ ရား ကို ဟော ရ သော အ ခွင့် အရာ ကို ငါ တို့ ၌ အပ် ပေး တော် မူ ၏။ ထို တ ရား ဟူ မူ ကား၊ ဘု ရား သ ခင် သ ည် ခ ရစ် တော် အ ထဲ ၌ ရှိ နေ လျက်၊ လော ကီ သား တို့ ၏ အ ပြစ် များ ကို မှတ် တော် မ မူ၊ ရန် ကို ငြိမ်း စေ ၍ ကိုယ် တော နှင့် မိ ဿ ဟာ ယ ဖွဲ့ စေ တော် မူ ၏။ ထို မိ ဿ ဟာ ယ တ ရား ကို လည်း ငါ တို့ ၌ အပ် ပေး တော် မူ ၏။ ထို ကြောင့် ငါ တို့ သည် ခ ရစ် တော် ၏ သံ တ မန် ဖြစ် ကြ ၏။ သင် တို့ သည် ရန် ကို ငြိမ်း ၍ ဘု ရား သ ခင် နှင့် မိ ဿ ဟာ ယ ဖွဲ့ ကြ လော့ ဟု ဘု ရား သ ခင် သည် ငါ တို့ အား ဖြင့် နှိုး ဆော် သွေး ဆောင် တော် မူ သ ကဲ့ သို့၊ ငါ တို့ သည် ခ ရစ် တော် ၏ ကိုယ် စား ဖြစ် ၍ သင် တို့ ကို တောင်း ပန် သွေး ဆောင် ကြ ၏။ အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ ဘု ရား သ ခင် သည် အ ပြစ် နှင့် ကင်း စင် သော သူ ကို ငါ တို့ အ တွက် ကြောင့် အ ပြစ် ရှိ သော သူ ဖြစ် စေ တော် မူ ၏။ အ ကြောင်း မူ ကား၊ ငါ တို့ သည် ထို သူ အား ဖြင့် ဘု ရား သ ခင် ရှေ့တော် ၌ ဖြောင့် မတ် သော သူ ဖြစ် မည် အ ကြောင်း တည်း။ (၂ ကော၊ ၅း ၁၄- ၂၁)။

ဘု ရား သ ခင် သည် လူ သား တိုင်း ကို ဒ မ သက် မြို့ တွင် တ မန် တော် ရှင် ပေါ လု အား လင်း ပြ ခဲ့ သော မျက် စိ ကွယ် လောက် အောင် ထွန်း လင်း သော အ လင်း blinding Light ၊ ပြော ခဲ့ သော အ သံ (တ မန် တော် ၉း ၁-၉) တို့ ဖြင့် ပြောင်း လဲ အောင် တတ် စွမ်း နိုင် သော ဘု ရား ဖြစ် ပါ သည်။ ယ ခု လည်း ထို အ လင်း ထို အ သံ (မှတ်ချက်။- အ မှန် တ ကယ် ခ ရစ် တော် ၌ နာ ခံ သော စိတ် နှင့် သာ သ နာ ပြု နေ သည့် ယုံ ကြည် သူ တစ် ဦး ဖြစ် ပါ က၊ သင် ၏ အ သက် ရှင် မှု နှင့် သင် ၏ စိတ် သ ဘော ထား နှင့် လုပ် ဆောင် မှု များ သည် ၊ ခ ရစ် တော် ၏ အ လင်း နှင့် ခ ရစ် တော် ၏ အ သံ ကဲ့ သို့ တစ် ပါး သူ ၌ ထင် ဟပ် စေ မည်) အ စား ကျွန်ုပ် တို့ အား ဖြင့် သူ ၏ မိ သ ဟာ ယ နှင့် ဆိုင် သော သာ သ နာ ပြု ခြင်း Mission of Reconciliation အား လုပ် ဆောင် ရန် ပေး နေ ပါ သည် (တ မန် တော် ၊ ၁း ၈-၉)။ အ ထူး သ ဖြင့် တစ် လော က လုံး ရှိ အ ပြစ် သား များ အား လုံး အ မှန် တ ကယ် နောင် တ ရ ကာ ၊ မိ မိ တို့ ၏ အ ပြစ် အ တွက် အ သေ ခံ တော် မူ သော ကယ် တင် ရှင် ခ ရစ် တော် ဘု ရား ကို ယုံ ကြည် လျှက် ခ ရစ် တော် ဘု ရား ထံ ပြန် လာ ဖို့ ရန် ခေါ် ယူ နေ သော လုပ် ငန်း (Mission) အား ကျွန်ုပ် တို့ အား ဖြင့် လုပ် ဆောင် လျှက် ရှိ ပါ သည်။

၂။ခ ရစ် ယာန် သာ သ နာ ပြု ခြင်း သည် ခ ရစ် တော် ၏ မေ တ္တာ အား တစ် ပါး သူ အ တွက် မျှ ဝေ ခြင်း။
ကျွန်ုပ် တို့ ၏ မစ် ရှင် သည်၊ ခ ရစ် တော် အား အ ပြစ် မှ ကယ် တင် ပေး တော် မူ သော တစ် ဆူ တည်း သော ကယ် တင် ရှင် ၊ တစ် ခု တည်း သော လွတ် မြောက် ရာ လမ်း ၊ ထာ ၀ ရ အ သက် ပေး သော အ ရှင် အ ဖြစ် ကြွေး ကြော် ခြင်း ဖြစ် သည်။ မည် သူ တို့ အား ပြော ကြား ရ မည် နည်း။ “ လူ မျိုး တ ကာ” တို့ ထံ သို့ သွား ရောက် ကြား ပြော ရန် ခ ရစ် ယာန် တို့ အား ခ ရစ် တော် မိန့် မှာ ခဲ့ ပါ သည် (မသဲ၊ ၂၈း ၁၉)။ ဧ ၀ံ ဂေ လိ သ တင်း ကောင်း မ ရောက် ရှိ သေး သော ၊လူ့ အ ဖွဲ့ အ စည်း အ မျိုး မျိုး ၊ လူ မျိုး စု လူ မျိုး နွယ် အား လုံး ထံ သို့ ခ ရစ် တော် စေ လွှတ် လျှက် ရှိ ပါ သည်။ ထို့ အ တူ ခ ရစ် ယာန် သာ သ နာ ပြု ခြင်း သည်  နိုင် ငံ ရပ် ခြား တိုင်း တစ် ပါး အ ထိ ပင် ကန့် သတ် ချက် မ ရှိ လုပ် ဆောင် ရန် ဖြစ် သည်။ ထို့ သို့ ဧ ၀ံ ဂေ လိ သ တင်း ကောင်း မ ရောက် ရှိ သေး သော တိုင်း တစ် ပါး သို့ သွား ရောက် သာ သ နာ ပြု သူ များ ၊ ပံ့ ပိုး ကူ ညီ သူ များ ရှိ သ ကဲ့ သို့ ၊ တစ် ဖက် တွင် လည်း ၊ မိ မိ ၏ မိ သား စု တွင်း၊ မိ မိ တို့ ၏ မိတ် ဆွေ များ၊ လုပ် ဖော် ကိုင် ဖက် ၊ မိ မိ တို့ နေ ထိုင် လျှက် ရှိ သော လူ့ မှု အ ဖွဲ့ အ စည်း ၌ သာ သ နာ ပြု ခြင်း များ လည်း ရှိ နေ မည် ဖြစ် ပါ သည်။

ခ ရစ် တော် အား တစ် ပါး သူ ထံ ဝေ မျှ သော ခ ရစ် ယာန် သာ သ နာ ပြု ခြင်း သည် အ ပြစ် သား များ အား ကယ် တင် ရုံ အ ဆင့် ၌ ပြီး ဆုံး သွား ခြင်း မ ဟုတ် ပဲ ၊ ထို သူ များ အား မ ဟာ စေ စား ချက် တွင် ဖေါ် ပြ ထား သည့် အ တိုင်း ရင့် ကျက် သော ခ ရစ် တော် ၏ တ ပည့် တော် များ ဖြစ် ရန် တိုင် အောင် ပါ ၀င် သည်။ ထို့ ကြောင့် ခ ရစ် ယာန် သာ သ နာ ပြု ခြင်း သည် ဧ ၀ံ ဂေ လိ သ တင်း ကောင်း ကြား ပြော ခြင်း သာ မ က၊ တ ပည့် တော် ဖြစ် စေ ခြင်း လည်း လုပ် ဆောင် ရန် ဖြစ် သည်။
၃။ ခ ရ စ် ယာန် သာ သ နာ ပြု ခြင်း သည် ခ ရစ် တော် အ ပေါ် စိတ် ချ ယုံ ကြည် လျက် လုပ် ဆောင် ခြင်း။
ဧ ၀ံ ဂေ လိ တ ရား အား နှိမ့် ချ စွာ၊ ရဲ ၀င့် စွာ၊ စိတ် ပြင်း ပြ စွာ ဖြင့် ဟော ပြော ခြင်း သည် ကျွန်ုပ် တို့ ၏ သာ သ နာ ပြု ခြင်း ပင် ဖြစ် ပေ သည်။ သို့ ရာ တွင် ဤ မစ် ရှင် အား ကျွန်ုပ် တို့ တစ် ဦး တည်း ဖြင့် လုပ် ဆောင် ၍ မ ရ နိုင် ပေ။ ခ ရစ် ယာန် သာ သ နာ ပြု ခြင်း ၏ တန် ခိုး နှင့် ရ လဒ် သည် ဘု ရား သ ခင် ထံ ပါး မှ လာ သော တန် ခိုး နှင့် ရ လဒ် ဖြစ် သည်။ ဘု ရား သ ခင် သည် ကျွန်ုပ် တို့ အား ပ ညာ၊ ခွန် အား နှင့် လို အင် ဆန္ဒ များ ကို သက် သေ ခံ လုပ် ငန်း ဆောင် ရွက် ရန် ပေး လျှက် ရှိ ပါ သည်။ ကျွန်ုပ် တို့ သက် သေ ခံ နေ စဉ် ပင် ယင်း အ ပြစ် သား ၏ နှ လုံး သား ၌ နောင် တ ရား ရ ရန် နှင့် ယုံ ကြည် သက် ၀င် လာ ရန် ဘု ရား သ ခင် က လုပ် ဆောင် ပေး လျှက် ရှိ ပါ သည်။

သင် တို့ သည် ရန် ကို ငြိမ်း ၍ ဘု ရား သ ခင် နှင့် မိ ဿ ဟာ ယ ဖွဲ့ ကြ လော့ ဟု ဘု ရား သ ခင် သည် ငါ တို့ အား ဖြင့် နှိုး ဆော် သွေး ဆောင် တော် မူ သ ကဲ့ သို့၊ ငါ တို့ သည် ခ ရစ် တော် ၏ ကိုယ် စား ဖြစ် ၍ သင် တို့ ကို တောင်း ပန် သွေး ဆောင် ကြ ၏။ အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ ဘု ရား သ ခင် သည် အ ပြစ် နှင့် ကင်း စင် သော သူ ကို ငါ တို့ အ တွက် ကြောင့် အ ပြစ် ရှိ သော သူ ဖြစ် စေ တော် မူ ၏။ အ ကြောင်း မူ ကား၊ ငါ တို့ သည် ထို သူ အား ဖြင့် ဘု ရား သ ခင် ရှေ့တော် ၌ ဖြောင့် မတ် သော သူ ဖြစ် မည် အ ကြောင်း တည်း။ (၂ ကော၊ ၅း ၂၀- ၂၁)။ ဆက် ဖတ် ရန် (၂ကော၊ ၅း၅။ ၁ကော၊ ၃း၆။ ဖိလိပ္ပိ၊ ၂း ၁၃)။

သာ သ နာ ပြု ခြင်း သည် ဘု ရား သ ခင် ၏ အ ဓိ က လုပ် ဆောင် သော လုပ် ငန်း ဖြစ် ဟု ဆို သော် လည်း ၊ ခ ရစ် ယာန် များ အ နေ ဖြင့် ဧ ၀ံ ဂေ လိ သ တင်း ကောင်း ကို နား လည် ထား ရန် နှင့် ဝေ မျှ ရန် တာ ၀န် ရှိ သ ကဲ့ သို့ ၊ ဘု ရား သ ခင် နှင့် ခိုင် မာ သော ဆက် သွယ် မှု ရှိ နေ ရန် လည်း လို သည်။ ထို သို့ ခိုင် ခန့် သော ဆက် သွယ် မှု သည် ဟန် ဆောင် သ ဘော ထား လုပ် ဆောင် မှု များ (Hypocrisy) အား ဟန့် တား ပေး ပါ သည်။

စိတ် နှ လုံး ထဲ ၌ ထာ ၀ ရ ဘု ရား သ ခင် ကို ရို သေ ခြင်း ရှိ ကြ လော့။ သင် တို့ မြော် လင့် ခြင်း ၏ အ ကြောင်း ကို မေး မြန်း သော သူ ရှိ သ မျှ တို့ အား နူး ညံ့ သော သ ဘော ၊ ကြောက် ရွံ့ သော သ ဘော နှင့် ပြန် ပြော ခြင်း ငှာ ကာ လ အ စဉ် မ ပြတ် အ သင့် ရှိ နေ ကြ လော့။ ခ ရစ် တော် ၌ သင် တို့ ကျင့် သော အ ကျင့် ကောင်း ကို ရှုံ့ ချ သော သူ တို့ သည် ကဲ့ ရဲ့ ပြစ် တင် သော အ ခါ ၊ ကိုယ် တိုင် ရှက် ကြောက် ခြင်း မ ရှိ မည် အ ကြောင်း ၊ သင် တို့ သည် ကိုယ် ကို ကိုယ် သိ သော စိတ် ကြည် လင် လျှက် နေ ကြ လော့ (၁ပေ၊ ၃း ၁၅-၁၆)။

ခ ရစ် ယာန် သာ သ နာ ပြု ခြင်း သည် နာ ကြင် မှု ဝေ ဒ နာ များ တွဲ ဖက် ပါ ၀င် နေ သော သာ သ နာ ပြု ခြင်း ဖြစ် ကြောင်း ခ ရစ် တော် ကိုယ် တိုင် အ ခိုင် အ မာ မိန့် တော် မူ သော် ငြား လည်း ၊ ဘု ရား သ ခင် ထို ဝေ ဒ နာ နာ ကြင် ဒု က္ခ များ အား ဖြင့် အ ကောင်း (ကောင်း မွန် ခြင်း) ဖြစ် လာ စေ ရန် အ တွက် အ သုံး ပြု ခြင်း ဖြစ် ပါ သည်။

ဘု ရား သ ခင် ကို ချစ် သော သူ တည်း ဟူ သော ကြံ စည် တော် မူ ခြင်း အ တိုင်း ခေါ် တော် မူ သော သူ တို့ ၏ အ ကျိုး ကို ခပ် သိမ်း သော အ ရာ တို့ သည် တ ညီ တ ညွတ် တည်း ပြု စု ကြ သည် ကို ငါ တို့ သိ ကြ ၏ (ရောမ၊ ၈း ၂၈)။ We know that all things work together for good for those who love God, for those who are called according to his purpose (Romans 8:28).

အ နှစ် ချုပ် အား ဖြင့် ၊ ခ ရစ် ယာန် သာ သ နာ ပြု ခြင်း သည် ခ ရစ် တော် ၌ နာ ခံ လိုက် လျှောက် ခြင်း၊ ခ ရစ် ယာန် သာ သ နာ ပြု ခြင်း သည် ခ ရစ် တော် အား တစ် ပါး သူ ထံ မျှ ဝေ ပေး ခြင်း၊ ခ ရစ် ယာန် သာသနာ ပြု ခြင်း သည် ခ ရစ် တော် အား စိတ် ချ ယုံ ကြည် ခြင်း ဖြစ် သည်။ အ သင်း တော် ၏ ပံ့ပိုး မှု ဖြင့် သာ သ နာ ပြု များ အား ဧ ၀ံ ဂေ လိ သ တင်း ကောင်း မ ရောက် သေး သည့် နေ ရာ များ သို့ ဘု ရား သ ခင် စေ လွှတ် နေ သည်။ ပြန် လည်  သင့် မြတ် ခြင်း မစ် ရှင် သည် ခ ရစ် အား လုံး တွင် ရှိ နေ ရ မည့် မစ်ရှင် ဖြစ် သည်။ ထို ခ ရစ် ယာန် များ အား ဖြင့် ပျောက် ဆုံး သွား သ မျှ အား ဘု ရား သ ခင် ပြန် လည် ကယ် တင် ခြင်း အ မှု တော် အား လုပ် ဆောင် နေ ပါ သည်။



ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...