● သင့်သြတပ္ပစိတ် ...

လော က ၌ သင် လိမ် ညာ ၍ မ ရ သော သူ နှစ် ဦး ရှိ သည် ၊ တစ် ဦး က ဘု ရား သ ခင် ဖြစ် ပြီး ၊ တစ် ဦး က တော့ သင် ကိုယ် တိုင် ပင် ဖြစ် သည်။ ထို့ ကြောင့် သင့် မှာ အ ပြစ် ရှိ မ ရှိ ဘု ရား သိ သည်။ ထို့ အ တူ မိ မိ ကိုယ် လည်း သိ သည်။ လူ ရှေ့ ၌ အ ပြစ် မဲ့ အောင် ဟန် ဆောင် ၍ နေ ခြင်း သည် လည်း အ ချဉ်း အ နှီး သာ ဖြစ် ပြီး ၊ သင့် အား ပင် ပန်း စေ သည်။ ဤ အ ပြစ် က သင့် စိတ် ကို အ နိုင် အ ထက် ပြု သည်။ လူ မှန် လျှင် အ ပြစ် သား ဖြစ် သည်။ အ ထူး သ ဖြင့် သင် လိမ် ၍ မ ရ သော သူ တစ် ဦး မှာ ဘု ရား ပင် ဖြစ် သည်။ ဘု ရား ရှေ့ တွင် သင် လိမ် ၍ မ ရ ပါ။ ဟန် ဆောင် ၍ လည်း မ ရ ပါ။ သင် မေ့ ပျောက် သွား သော သင့် အ ဖြစ် ကို ပင် သိ သည်။ တ မန် တော် ကြီး ရှင် ပေါ လု က၊- (တ မန် တော် ၀ တ္ထု ၂၃း ၁) တွင် ၊

“ပေါ လု သည် လွှတ် အ ရာရှိ တို့ ကို စေ့ စေ့ ကြည့် ရှု ၍ ၊ ညီ အစ် ကို တို့၊ အ ကျွန်ုပ် သည် ယ နေ့ တိုင် အောင် ဘု ရား ၀တ် ကို ပြု ခြင်း အ မှု မှာ ၊ ကိုယ် စိတ် နှ လုံး သည် ကိုယ် ၌ အ ပြစ် တင် ခွင့် နှင့် ကင်း လွတ် လျက် ပြု ပါ သည်” ဟု ဆို သည်။

ဤ ကျမ်း စ ကား ကို ဖတ် ရ သော အ ခါ သာ မန် ခ ရစ် ယာန် ယုံ ကြည် သူ များ သာ မ က ၊ ယ နေ့ ဘု ရား အ တွက် ၊ အ မှု တော် အ တွက် ဆက် ကပ် နေ ပါ သည် ဟု ဆို သော အ မှု တော် ဆောင် များ အား လုံး ၏ အ သက် တာ အား လည်း သွန် သင် နေ ကြောင်း ကျွန်ုပ် အ မှု တော် ဆောင် တစ် ဦး အ နေ ဖြင့် နား လည် ရ သည်။ ကျွန်ုပ် တို့ အား လုံး လိမ် ညာ ၍ မ ရ သော ဘု ရား ရှေ့ တော် ၌ အ မှု မဲ့ အ မှတ် မဲ့ လိမ် နေ ပြီ လား။ အ သင်း သား များ အား ခွဲ ခြား ဆက် ဆံ မိ ပါ သ လား။ ဟန် ဆောင် အ ဟော အ ပြော၊ ဘု ရား ဘုန်း ထင် ရှား စေ ခြင်း ထက်၊ မိ မိ အား လူ ကြိုက် များ အောင် ပင် ပန်း ဆင်း ရဲ ခံ ပြီး သင် ခန်း စာ များ ရေး ဆွဲ သင် ကြား ပို့ ချ၊ ဟန် ဆောင် အ ပြုံး၊ ဟန် ပြ ဆောင် ရွက် ပြီး ကိုယ့် ကိုယ် ကို အ မှု တော် ဆောင် စစ် ကွ ဟု အ လိမ် တ ကာ့ အ လိမ် များ ရစ် ပတ် ခံ ပြီး၊ အ တွင်း စိတ် ၌ ညစ် ညမ်း လျှက် အ မှု တော် ဆောင် နေ ပြီ လား ဟု ပြန် လည် ဆန်း စစ် ရန် လို ပါ သည်။

တ လော က လုံး သည် ဘု ရား သ ခင် ၏ မျက် မှောက် တော် အောက် တွင် ရှိ သည်။ ဘု ရား သ ခင် သည် ၁။ အ လုံး စုံ တွင် ရှိ သော ဘု ရား (Omnipresent) ၊ ၂။ အ လုံး စုံ ကို သိ မြင် တော် မူ သော ဘု ရား (Omniscient)၊ ၃။ အနန္တတန် ခိုး နှင့် ပြည့် စုံ တော် မူ သော ဘု ရား (Omnipotent) ဖြစ် ပါ သည်။  (ဟေ ဗြဲ၊ ၄း၁၃) တွင် ….
“ငါ တို့ ကို စစ် ကြော စီ ရင် တော် မူ သော သူ ရှေ့ ၌ မထင် ရှား သော အ ရာ တ စုံ တ ခု မျှ မ ရှိ၊ ခမ် သိမ်း သော အ ရာ တို့ သည် အ ကွယ် အ ကာ မ ရှိ ဘဲ၊ မျက် မှောက် တော် ၌ လှန် ထား လျှက် ရှိ ကြ၏။”
ထို့ ကြောင့် တ မန် တော် ကြီး ရှင် ပေါ လု ကဲ့ သို့ မိ မိ ကိုယ် ကို ဘု ရား မျက် မှောက် တော် အောက် ၌ အ ပြစ် တင် ခွင့် နှင့် ကင်း လွတ် လျှက် စဉ် ဆက် မ ပြတ် ခံ ယူ အ သက် ရှင် နိုင် သော သူ ဖြစ် ရန် လို ပါ သည်။

သြ တ ပ္ပ စိတ် သည် မိ မိ ကိုယ် ကို သိ သော စိတ် ဟု ဆို ကြ ပါ သည်။ မည် သို့ ပင် ဆို လင့် က စား၊ သြ တ ပ္ပ စိတ် မိ မိ ကိုယ် ကို သိ သော စိတ် မ ကြည် လင် သော ၊ မ သန့် ရှင်း သော ၊ မ ကောင်း သော သူ များ သည်၊-
၁။  ဘု ရား သ ခင် အ တွက် သက် သေ ခံ ကောင်း တစ် ယောက် မ ဖြစ် နိုင် ပါ။
၂။  စာ တန် တည်း ဟူ သော ရန် သူ ရှေ့ မှောက် တွင် လည်း မိ မိ ကိုယ် ကို မ ကာ ကွယ် နိုင် ပါ။
၎။  ယုံ ကြည် ခြင်း တိုက် လှန် မှု များ ကြုံ တွေ့ ရ လျှင် လည်း ဆောင် ရွက် နိုင် မည် မ ဟုတ် ပါ။

ထို့ ကြောင့် တ မန် တော် ပေ တ ရု က (၁ပေ ၃း၁၆)တွင်၊- “ခ ရစ် တော် ၌ သင် တို့ ကျင့် သော အ ကျင့် ကောင်း ကို ရှုံ့ ချ သော သူ တို့ သည် ကဲ့ ရဲ့ ပြစ် တင် သော အ ခါ၊ ကိုယ် တိုင် ရှက် ကြောက် ခြင်း မ ရှိ မည့် အ ကြောင်း၊ သင် တို့ သည် ကိုယ် ကို ကိုယ် သိ သော စိတ် ကြည် လင် လျှက် နေ ကြ လော့” ဟု သွန် သင် ထား ပါ သည်။

(၁တိ၊ ၁း၅) တွင် လည်း ၊- “ ထို သို့ ပ ညတ် ထား ခြင်း ၏ အ ချုပ် အ ခြာ မူ ကား ၊ စင် ကြယ် သော စိတ် နှ လုံး နှင့် ၄င်း၊ ကိုယ် ကို ကိုယ် သိ သော စိတ် ကြည် လင် ခြင်း နှင့် ၄င်း၊ မှန် သော ယုံ ကြည် ခြင်း နှင့် ၄င်း၊ စပ် ဆိုင် သော ချစ် ခြင်း မေတ္တာ ဖြစ် သ တည်း” ဖေါ် ပြ ထား ပါသည်။

ထို့ အ တူ (၁ တိ၊ ၁း ၁၈-၁၉) ၌ လည်း ၊- “ငါ့ သား တိ မော သေ၊ သင် ကို ရည် မှတ် ၍ ဟော ပြော ခဲ့ ပြီး သော အ နာ ဂ တ္တိ စ ကား ကို  သင် သည် အ မှီ ပြု ၍ ၊ ယုံ ကြည် ခြင်း ကို ၄င်း၊ ကိုယ် ကို ကိုယ် သိ သော စိတ် ကြည် လင် ခြင်း ကို ၄င်း၊ စွဲ လမ်း ၍ ကောင်း သော စစ် တိုက် စေ ခြင်း ငှာ ၊ ထား ခဲ့ ပြီး သော ထို အ နာ ဂ တ္တိ စ ကား နှင့် အ ညီ၊ အ ထက် က ငါ ဆို ခဲ့ ပြီး သော ပ ညတ် ထား ခြင်း အ ခွင့် ကို သင် ၌ ငါ အပ် ပေး၏။ ထို ယုံ ကြည် ခြင်း မှ စ သည် တို့ ကို အ ချို့ သော သူ တို့ သည် ပယ် ပြီး လျှင် ၊ ယုံ ကြည် ခြင်း သ င်္ဘော ပျက် ၍ ဆုံး ရှုံး ကြ ပြီ။” ဟု လည်း တိ မော သေ အား သွန် သင် ထား ပါ သည်။

ဘု ရား သ ခင် ရှေ့ တော် ၌ သြ တ ပ္ပ စိတ် ကြည် လင် သူ သည် ရွေး နှုတ် ခြင်း ခံ ရ သည့် အ ပြင်၊ ခ ရစ် တော် ၏ အ သွေး တော် အား ဖြင့် လည်း သန့် ရှင်း ခြင်း လျှက် ရှိ ပါ သည်။ အ ဘယ့် ကြောင့် ဆို သော်  ထို သူ သည် ဘု ရား သ ခင် နှင့် ဘု ရား သ ခင် ၏ နှုတ် က ပတ် တော် အား အ စဉ် ၀န် ခံ အ သက် ရှင် သော ကြောင့် ဖြစ် ပြီး၊ တစ် ပါး သူ အ တွက် လည်း သက် သေ ခံ ကောင်း တစ် ဦး ဖြစ် သည်။
ထို့ ကြောင့် ခ ရစ် တော် ၏ အ သွေး တော် အား ဖြင့် သင် ၏ သြ တ ပ္ပ စိတ် အား ကြည် လင် စေ ပါ။ သန့် ရှင်း စေ ပါ။ သင့် သြ တ ပ္ပ စိတ် ကြည် လင် ပြီ ဆို ပါ က သင် ၏ ၀တ် ပြု ကိုး ကွယ် ခြင်း အား လည်း ဘု ရား သ ခင် လက် ခံ လာ ပါ လိမ့် မည်။ (ဥ ပ မာ၊- က မ္ဘာ ဦး ၄း ၁- ၇) အား ဖတ် ပါ။

ထို့ ကြောင် ကျွန်ုပ် တို့ သည် မိ မိ ၏ သြ တ ပ္ပ စိတ် ကြည် လင် ပြီး၊ ကိုယ် ဘာ ကို ယုံ ကြည် တာ လဲ ဆို တာ ကို နက် နက် နဲ နဲ ခိုင် ခိုင် မာ မာ သိ ထား ရန် လို သည်။ တိ မော သေ ၏ အ သက် တာ အား ဤ သို့ ချီး မွမ်း ထား ပါ သေး သည်။

(၁တိ၊ ၃း၉) တွင်၊- “ ကိုယ် ကို ကိုယ် သိ သော စိတ်  စင် ကြယ် သည် နှင့်၊ ယုံ ကြည် ဖြင်း ၏ နက် နဲ သော အ ရာ ကို စွဲ လမ်း သော သူ ဖြစ် ရ ကြ မည်။” (၂တိ၊ ၁း၃) တွင်၊- “သင် ၏ မျက် ရည် ကို ငါ အောက် မေ့ သော အ ခါ၊ သမ်း မြောက် ခြင်း နှင့် ပြည့် စုံ မည် အ ကြောင်း၊ သင့် ကို တွေ့ မြင် ခြင်း ငှာ အလွန် လွမ်း သော စိတ် ရှိ သ ဖြင့် ၄င်း” ဟု ဆို ထား ပါ သည်။

ကျန်း မာ ရေး နှင့် မျှ တ သော နေ ရာ တွင်  နေ ထိုင် လေ့ ရှိ သော သူ အ ဖို့၊ အ နံ့ ဆိုး သည့် အ ခန်း သည် သူ့ အ တွက် အ ဆင် အ ပြေ နိုင် ပါ။ သို့ သော် ယင်း အ ခန်း အား သန့် ရှင်း ရေး မ လုပ် ဘဲ ၊ ဆက် လျက် နေ ထိုင် ပါ က၊ အ နံ့ ဆိုး နှင့် ယဉ် ပါး ပြီး ၊ နောက် ဆုံး အ နံ့ ဆိုး ကို ပင် အ နံ့ ဆိုး မှန်း မ သိ တော့ သည့် အ ခြေ အ နေ သို့ ဆိုဒ် ရောက် သွား တတ် ပါ သည်။ ( မှတ် ချက်၊- ထို အ နံ့ ဆိုး အား သင့် အ နေ ဖြင့် လက် ခံ ခွင့် ရှိ သ လို၊ ငြင်း ပယ် ခွင့် လည်း ရှိ ပါ တယ်)။

ကျွန်ုပ် တို့ ၏ အ တွင်း စိတ် ဟာ လည်း ထို့ အ တူ ပါ ပဲ။ နောင် တ မ ရ ဘဲ ၊ အ သက် ရှင် ခြင်း ဟာ ကျွန်ုပ် တို့ ရဲ့ သြ တ ပ္ပ စိတ် ကို ထုံ ထိုင်း စေ ပါ တယ်၊ ညစ် ညမ်း စေ ပါ တယ်၊ ဆိုး သွမ်း စေ ပါ တယ်၊ ပို ပြီး ခက် ထန် လာ စေ ပါ တယ်။

ဥ ပ မာ ပေး ရ ယင်၊- လွန် ခဲ့ သော နှစ် (၅၀) လောက် တုန်း က ၊ လိမ် တူ ဆက် ဆံ ခြင်း၊ လိင် တူ လက် ထပ် ခြင်း၊ ကိုယ် ၀န် ဖျက် ချ ခြင်း ကို လုံး ၀ လုံး ၀ မ ပြု အပ် တဲ့ အ ရာ လို့ အား လုံး က သတ် မှတ် လက် ခံ ထား ရာ က နေ၊ နောက် ပိုင်း ၀ိညာဉ် ရေး ရာ ကျ ဆင်း ခြင်း ယို ယွင်း လာ ရာ က နေ လူ တွေ ရဲ့ သြ တ ပ္ပ စိတ် မ ကြည် လင် မှု၊ ထုံ ထိုင်း လာ မှု ၊ ညစ် ညမ်း မှု တွေ များ ပြား လာ ပြီး စစ် မှန် တဲ့ နောင် တ ဆို တာ လည်း မ ရှိ တော့ ဘဲ ၊ လိမ် တူ ဆက် ဆံ ခြင်း၊ လိင် တူ လက် ထပ် ခြင်း၊ ကိုယ် ၀န် ဖျက် ချ ခြင်း ကို Life style ပဲ ၊ လူ ဟာ အ ဓိ က ပဲ (Human Right , Humanism) သာ မန် ရိုး ကျ လုပ် ဆောင် မှု တစ် ခု လို ခံ ယူ အ သက် ရှင် လာ ကြ တာ အား လုံး အ သိ ပါ ဘဲ။ ဒီ လို ပါ ပဲ ၊ လွန် ခဲ့ တဲ့ နှစ် (၅၀) လောက် က ဆို ယင် Charismatic Church တွေ မှာ Rock Music တွေ ကို မ တီး မ ဆို ဖို့ တား မြစ် ခဲ့ ပါ တယ်။ မျက် မှောက် ခေတ် မှာ တော့ Rock Music မ ပါ ယင် တောင် ဘု ရား ၀တ် မ ပြု တတ် သ လို ဖြစ် လာ ပါ ပြီ။ 

ဒါ ကြောင့် ၊ သန့် ရှင်း သော ၀ိ ညာဉ် တော် က ကျွန်ုပ် တို့ ကို စစ် ကြော တဲ့ အ ခါ ကျွန်ုပ် တို့ အ နေ နဲ့ ချက် ချင်း ဆို သ လို ၊ အ ပြစ် ၀န် ခံ ဖို့၊ နောင် တ ရ ဖို့၊ စွန့် လွှတ် ဖို့၊ အ ပြစ် တွေ ကို ခ ရစ် တော် ရဲ့ အ သွေး တော် နဲ့ ဆေး ကြော သန့် စင် ပေး ဖို့ ဆု တောင်း ရ မှာ ဖြစ် ပါ တယ်။ ဖတ် ရန် (ဆာလံ၊ ၅၀)
(၁ယော၊ ၁း၇) ၌ “ဘု ရား သခင် သည် အ လင်း ၌ ရှိ တော် မူ သ ကဲ့ သို့ ၊ ငါ တို့ သည် အ လင်း ၌ ကျင် လည် လျှင်၊ အ ချင်း ချင်း မိသ ဟာ ယ ဖွဲ့ ခြင်း ရှိ ကြ သည် ဖြစ် ၍ ၊ ဘု ရား သခင် ၏ သား တော် ယေ ရှု ခ ရစ် ၏ အ သွေး တော် သည်၊ ငါ တို့ အ ပြစ် ရှိ သ မျှ ကို ဆေး ကြော တော် မူ ၏။”

စာ တန် က ကျွန်ုပ် ပြု ခဲ့ တဲ့ အ ပြစ် တွေ နဲ့ ကျွန်ုပ် တို့ ကို စွဲ ချက် တင် အ ခါ မှာ တောင် ခ ရစ် တော် ရဲ့ အ သွေး တော် ဟာ ဒီ စွဲ ချက် တွေ ကို ကျော် လွှား နိုင် စေ ပါ တယ်။ မိ မိ အ ဖြစ် တွေ ကို မိမိ ဖာ သာ အ စွမ်း နဲ့ ဖြေ ဖျောက် ဖို့ မ ကြိုး စား ပါ နဲ့၊ ဘယ် တော့ မှ ရ မှ လည်း မ ရ နိုင် ပါ ဘူး။ သြ တ ပ္ပ စိတ် ကြည် လင် ဖို့ ရန် အ တွက်၊-

၁။  ခ ရစ် တော် ရဲ့ အ သွေး တော် နဲ့ ဆေး ကြော ပေး ဖို့ လို ပါ တယ်။
(ဟေ ဗြဲ ၊ ၉း၁၄) မှာ “ထို မျှ မ က ၊ အ ပြစ် ကင်း သော ကိုယ် တော် ကို၊ ထာ ၀ ရ ၀ိညာဉ် တော် အား ဖြင့်၊ ဘု ရား သ ခင့် ရှေ့ ၌   တင်   လှူ ပူ ဇော် သော ခ ရစ် တော် ၏ အ သွေး တော် သည် ၊ သေ ခြင်း နှင့် စပ် ဆိုင် သော အ ကျင့် ကို ပယ် ရှင်း ၍ ၊ သင် တို့ သည် အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ၀တ် ပြု မည် အ ကြောင်း၊ သင် တို့ ၌ ကိုယ် ကို ကိုယ် သိ သော စိတ် ကို စင် ကြယ် စေ ခြင်း ငှာ ၊သာ ၍ တတ် နိုင် တော် မူ သည် မ ဟုတ် လော။

၂။  မိ မိ အ ပြစ် များ အား ၀န် ခံ ပါ ၊ ၀န် ချ ပါ။
(၁ယော၊ ၁း၉) တွင် “ကိုယ် အ ပြစ် တို့ ကို ဖေါ် ပြ တောင်း ပန် လျှင် ၊ ငါ တို့ အ ပြစ် များ ကို လွှတ် ၍ ဒု စ ရိုက် ရှိ သ မျှ နှင့် ကင်း စင် စေ ခြင်း ငှာ ဘု ရား သ ခင် သည် သစ္စာ တ ရား နှင့် ၄င်း၊ ဖြောင့် မတ် ခြင်း တရား နှင့် ၄င်း ပြည့် စုံ တော် မူ ၏။”

၃။  စစ် မှန် စွာ နောင် တ ရ ပါ။
(ဟေ ဗြဲ ၊ ၁၀း ၂၂) တွင် “ငါ တို့ သည် သ စ္စာ နှင့် ပြည့် စုံ သော သ ဘော ရှိ ၍ ၊ ၀ိစိ ကိ စ္ဆာ နှင့် ကင်း သော ယုံ ကြည် ခြင်း ၌ တည် လျှက် ၊ စိတ် နှ လုံး ကို သံ ဝေ ဂ တ ရား နှင့် လွှတ် အောင် ဖြန်း ခြင်း ၊ ကိုယ် ကာ ယ ကို လည်း ကြည် သာ ရေ ဖြင့် ဆေး ကြော ခြင်း ရှိ ပြီး မှ ၊ အ ထံ တော် သို့ တိုး ၀င် ချဉ်း ကပ် ကြ ကုန် အံ့။ 

၎။  အ ပြစ် နှင့် မ ရော နှော ပါ နှင့်၊ အ ပြစ် ဖြစ် စေ သော အ ရာ များ နှင့် သီး ခြား နေ ပါ။
(၁သက်၊ ၅း၂၂) မကောင်း သော အ မှု အ မျိုး မျိုး ကို ရှောင် ကြ လော့။

၅။  လွဲ မှား သော အယူ အဆ၊ လော ကီ ဆန် ခြင်း၊ မ ကောင်း သော အမှု အ မျိုး မျိုး ကို ရှောင် ကြည် ပါ။
(ဧ ဖက်၊ ၅း ၁၁) အ ကျိုး မဲ့ သော မှောင် မိုက် အ မှု တို့ နှင့် မ ဆက် ဆံ သည် သာ မ က ၊ ထို အ မှု တို့ ၏ အ ပြစ် ကို ပြု ကြ လော့။


ဝိညာဉ်မီးအိမ် (ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...