● မင်္ဂလာရှိသောဆုလာဘ် ...


သက်သေ ပေးပါ အဖ ဘုရား.., သက်သေ ပေးပါ.. ပေး ပါလို့  အကြိမ် ကြိမ် တောင်း ခံခဲ့ စဉ်က သတိ ရသေးတယ်။ သူများ တွေ ထက် ထူးခြား တဲ့ သက် သေကို လည်း လို ချင်သေး တာကိုး။ ထင် ထား တာ က တ ကယ်ပဲ ကြီး ကြီး မား မား ပြောင်း လဲ တိုး တက် တာမျိုး ၊ လူ များတွေ ဟာ ကနဲ ဟင်ကနဲ အံ့သြ သွား စေချင် တာမျိုး သက် သေဖြစ် ချင် တာလေ။ အဲ လို တောင်း နေရင်း က လိုချင် တဲ့ သက်သေ မရတဲ့ အဆုံး သတ်သေ ချင် စိတ် ပဲ တစ်နေ့ တခြား ဖြစ် လာတော့ တယ်။ တောင်း တာလဲ မပေး ဘူး ဆိုပြီး စိတ် ပါကောက် ချင်သ လို လို။ တ ကယ်တော့ ကျ မတို့  ဟာ ဘုရား သခင် ကို ကိုယ့် သဘော အတိုင်း လိုက် လုပ်ပေး ဖို့  ကိုယ့် ဆန္ဒ တစ် ခု ပဲ သိပြီး ဂျီ ကျ တောင်း ဆို နေ တဲ့ ကလေး ငယ်တွေ ပါပဲ။ အ သက် သာကြီး လာပြီး ဝိညာဉ် ရေးမှာ ကလေး ဖြစ်နေ တုန်း ၊ ပြော ရမယ် ဆို ဘု ရား ကို တစ် ဖက် သတ် စိတ် ကောက်နေ တတ် တုန်း ဆို တာ ကို ပြန် လည် စဉ်း စားမိ ပါ တယ်။
ဆိုနေတဲ့ သီချင်းစာသားလေးက ..
“ကိုယ်တော် ကို ကျွန်ုပ် ချစ် သည်.., ခပ် သိမ်းသော အ ရာ များ ထက်,, အ ဖ,, ကိုယ် တော် သာ တမ်း တနေ,, ခပ် သိမ်း ဆိုသည် မှာ အား လုံး ထက် ဟုဆို လိုခြင်းဖြစ် ပါ၏။ ထို အားလုံး ထဲ မှာ ကျွန်ုပ် တို့ မဖြတ် နိုင်သော အရာ များ ကို နာမ် မည် ထည့်ပြီး စဉ်း စား ကြည့် လိုက် ပါ။ ဥပ မာ ဆေး လိပ်၊ ကွမ်း၊ ဘီယာ၊ ခိုင် နီး၊ ထီ၊ စ သဖြင့် မိမိ တို့ စွဲ လန်းနေ သော မကောင်း မှု အရာ များ ကို အရင် ဆုံး ဖယ် ရှားပြီး မှ တ ကယ် ပဲ ကျွန်တော် ကျွန်မ တို့ ၏ စွဲ လန်း ရာက ကိုယ် တော် သာ ဖြစ် ကြောင်း ဆိုနေ တဲ့ သီချင်း လေး က အ သက် ဖြစ်ပြီး သက် သေဖြစ် လာ မှာဖြစ် ပါတယ်။ တ ကယ် ပဲ မိမိ ၏ စွဲ လန်း ရာကို စွန့် လွှတ် တိုင်း ကိုယ် တော့် ထံမှ ထိုက် တန် တဲ့ reward အမြဲ ရှိပါ သည်။ ထို အရာ ကို ကျမ ကတော့ ဇာ တိနဲ့  ဝိညာဉ် တိုက်ပွဲ ဟု သတ် မှတ်ပြီး ကစား ပွဲလို ပြိုင်လေ့ ရှိပါ တယ်။
ရှုံးခဲ့တာ ရှိသ လို နိုင်လာ တာတွေ လဲ ရှိပါ တယ်။ တစ် ဖြေးဖြေး နိုင်တာပို များလာ လေလေ၊ ကျမ တို့ ထဲက ဝိညာဉ် ခွန်အား က ပိုပြီး သန် စွမ်းလာ လေ လေပါပဲ။ ကျမ အတွက် တော့ ပျော်စ ရာ အကောင်း ဆုံး ကစား ပွဲဖြစ်ပါ တယ်။. လောက မှာ နေစဉ် ခဏ အတွက် နေ့ ရက် အစဉ် တိုင်းထို ကစား ပွဲ၏ အောင်မြင် ခြင်း ဆုလာဘ် များ စွာ ရှိ သလို ကောင်း ကင်ထက် မှာ လည်း သိုလှောင် ထား ပြီး သား လို့  ကျ မ အ လို လို သဘော ပေါက် မိ ပါ တယ်။ မိမိ အလို ကို ငြင်းပယ် တိုင်း ကိုယ်တော် အတွက် ဆိုတဲ့ ကိုယ် တော့် ကို တကယ် ချစ်ကြောင်း သက်သေပြ ဖို့  ကျမ တို့  နှလုံး သား ထဲ မှာ စွဲမြဲ စွာ ရှိနေ စေ ပါ။ ငြင်း ပယ်တိုင်း မှာ ပြန်ရ လာ မည့် မင်္ဂ လာရှိသော ဆုလာဘ် များ ကို လက်တွေ့ မြင်လာ ပါ လိမ့် မည်။ ထို အခါ ကျမ တို့  လို ချင်သော သက် သေ ၊ ကိုယ်တော် ကောင်းမြတ် ကြောင်း သက် သေများ စွာ ကို ရရှိပြီ ဖြစ်သည်။

ဆုတောင်းချက်........
အဖ, အရာ အားလုံး ထက် အလို ချင်ဆုံး က ကိုယ်တော် ပါ။ ကိုယ် တော် မှလွဲပြီး ကျွန်ုပ် မှာ ခိုလှုံစ ရာမ ရှိပါ။ ကိုယ်တော် ထက် ပိုပြီး အဘယ် အရာ ကိုမျှ မစွဲ လန်း မတပ် မက်တော့ ပါ။ ခပ် သိမ်းသော အရာ များ ထက် ကိုယ် တော် ကို သာ တမ်း တကြောင်း ယနေ့ ကျွန်ုပ် ကို သက်သေ ပြုတော် မူပါ အဖ။ သ ခင် ယေရှု နာမ တော် ၌ ဆုတောင်း ပါ၏။ အာ မင်း။ ( To God be the glory )

ရတနာဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...