● ဝိညာဉ်တော် တစ်ပါးတည်း ထဲသို့ ခံယူသော ဗတ္တိဇံ ...



နိဒါန်း။
ခရစ်ယာန် ယုံကြည် သူတွေ အတွက် အဓိက ဗတ္တိဇံ (၃)ပါး ရှိသလို၊ ခရစ်ယာန် ယုံကြည်သူ တစ်ဦးရဲ့ အသက် တာနဲ့ ရှင်သန်ဖို့ နောက်ထပ် ဗတ္တိဇံ တစ်ပါး ရှိနေတယ် လို့ ပြောပါ ရစေ။ ဒါကြောင့်၊- 

၁။ ဝိညာဉ်တော် တစ်ပါးတည်း ထဲသို့ ခံယူသော ဗတ္တိဇံ (အ နေ အထား)
၂။ ရေအားဖြင့် ခံယူသော ဗတ္တိဇံ (နောင်တတရားနှင့် အသစ်သော အသက်တာ)
၃။ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ခံယူသော ဗတ္တိဇံ (တန်ခိုးပေးခြင်းနှင့် လမ်းပြခြင်း)
၄။ မီးအားဖြင့် ခံယူသော ဗတ္တိဇံ (ဆေးကြော သန့်စင်ခြင်းနှင့် တရားစီရင်ခြင်း)

ဝိညာဉ်တော် တစ်ပါးတည်း ထဲသို့ ခံယူသော ဗတ္တိဇံ (အနေ အထား)
(Baptism into One Body)

ဒီဗတ္တိဇံဟာ ခရစ်ယာန် ယုံကြည် သူတိုင်း သိကျွမ်း ရမယ့် ဗတ္တိဇံ ဖြစ်သလို၊ ခရစ်ယာန် မဟုတ်တဲ့ သူများလည်း သိရမယ့် ဗတ္တိဇံလည်း ဖြစ်ပါတယ်။

(၁ကော ၁၂၊ ၁၄။ ဧဖက် ၄၊ ၄-၅)|-
ဥပမာကား၊ ကိုယ်တခု တည်း၌ အင်္ဂါ အများ ရှိသည်ဖြစ်၍၊ ထိုတခု တည်သော ကိုယ်၏ အင်္ဂါ အပေါင်း တို့သည် များလျက်နှင့် ကိုယ်တခု တည်းဖြစ် သကဲ့သို့၊ ထိုနည်းတူ ခရစ်တော် ဖြစ်၏။ အကြောင်း မူကား၊ ယုဒလူ ဖြစ်စေ၊ ဟေလသ လူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ် ဖြစ်စေ၊ ငါတို့ ရှိသမျှသည် ဝိညာဉ်တော် တပါး တည်း အားဖြင့် တကိုယ်တည်း ထဲသို့ ဗတ္တိဇံကို ခံကြ၏။ ငါတို့ ရှိသမျှသည် တစိတ် တဝိညာဉ်တည်း ထဲသို့ လည်း သောက် ကြ၏။ ကိုယ်သည် အင်္ဂါ တခုတည်း ရှိသည် မဟုတ်၊ အများ ရှိသည် ဖြစ်၍”


ကျန် ဗတ္တိဇံ တွေကတော့၊ ကားတိုင် ပေါ်မှာ အသေ ခံတဲ့ ခရစ် တော်ရဲ့ အသွေး တော်နဲ့ ဝယ်ယူတဲ့ ခရစ်ယာန် ယုံကြည် သူများရဲ့ အမွေနဲ့ ဆိုင်တဲ့ ဗတ္တိဇံတွေ ဖြစ်ပါတယ်။ ဝိညာဉ်တော် တစ်ပါးတည်း အားဖြင့် တစ်ကိုယ်တည်း ဗတ္တိဇံ ဟာ အခြား ဗတ္တိဇံတွေ မပါတော့ဘဲ၊ ကောင်းကင် နိုင်ငံတော်မှာ ကျင့်သုံးမယ့် ဗတ္တိဇံမျိုး ဖြစ်ပေမဲ့ လောကမှာ ကတည်းက  ခံယူ ကျင့်သုံး လုပ်ဆောင် ရမယ့် အရာလည်း ဖြစ်ပါတယ်။


ဒီဗတ္တိဇံဟာ လူတစ်ဦး ဒုတိယ မွေးခြင်း ခံပြီး အသက်တာ ပြောင်းလဲပြီ ဆိုတာနဲ့ ဝိညာဉ်တော် တစ်ပါးတည်း အားဖြင့် တစ်ကိုယ် တည်း ထဲသို့ ဗတ္တိဇံ ခံခြင်း ဟာလည်း တပြိုင်နက် ထိုသူအပေါ် သက်ရောက် သွားစေ ပါတယ်။ ဘယ်အချိန် ဘယ်ကာလဘဲ ဖြစ်ဖြစ် လူတစ် ယောက်ဟာ ကိုယ်ကိုကိုယ် ငြင်းပယ် တယ်လို့ဘဲ ခေါ်ခေါ် လက်နက်ချ အညံ့ခံ တယ်လို့ဘဲ ဆိုဆို ခရစ်တော် ဘုရားထံ တိုးဝင် ချည်းကပ် လိုက်တာနဲ့ သန့်ရှင်း သော ဝိညာဉ်တော် ဟာ အဲဒီ လူရဲ့ အသက် တာထဲ ဝင်ရောက် လာပါတယ်။


(ရောမ ၈၊ ၉)|-
သို့သော်လည်း ဘုရား သခင်၏ ဝိညာဉ် တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ် တော် မူလျှင်၊ သင်တို့သည် ဇာတိ ပကတိ ဘက်၌ ရှိကြသည် မဟုတ်။ ဝိညာဉ် ပကတိ ဘက်၌ ရှိကြ၏။ ခရစ်တော် ၏ ဝိညာဉ်ကို မရသော သူမည် သည်ကား ခရစ်တော် နှင့်မဆိုင်။


လူ့အထဲမှာ ရှိနှင့် ပြီးသား ဝိညာဉ် (သင့် အတွင်း ထဲမှာ ဘုရား သခင် ဖန်ဆင်း စက မှုတ်သွင်း ပေးထားတဲ့ ဝိညာဉ်၊ တနည်း အားဖြင့် မှောင် မိုက်ဖုံး လွှမ်းနေတဲ့ သင့်အထဲက ဝိညာဉ်၊ ဘုရားနဲ့ အဆက် အသွယ် ပြတ်တောက် သွားတဲ့  သင့် အတွင်း ထဲက ဝိညာဉ်၊ သေနေတဲ့ သင့်ရဲ့ ဝိညာဉ်) နဲ့ သန့်ရှင်း သော ဝိညာဉ်တော် အဆက် အသွယ် ပြန်ရပြီး၊ ခရစ်တော်ရဲ့ ဝိညာဉ် (သန့်ရှင်း သော ဝိညာဉ်တော်) ဝင်ရောက် နေရာယူ  လိုက်တာ ကြောင့် အဲဒီလူရဲ့ အတွင်းထဲမှာ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ဝိညာဉ် ရေးရာနဲ့ ဆိုင်တဲ့ ကလေး တစ်ယောက် အဖြစ် မွေးဖွား ခြင်းကို ဖြစ်စေ ပါတယ်။ တစ်ပြိုင် နက်ထဲ မှာဘဲ၊ ခရစ်တော်ရဲ့ ခန္ဓာထဲက အင်္ဂါ အစိပ် အပိုင်း တစ်ခု အနေနဲ့လည်း ဖြစ်ခွင့် ရသွား စေပါတယ်။


ဒီလို ဘုရား သခင်ရဲ့ အံ့ဖွယ် ကောင်းတဲ့ ကျေးဇူး မေတ္တာ ဏရုဏာနဲ့ ဆိုင်တဲ့ လုပ်ဆောင် ပေးမှုဟာ မပြီးမြောက် သေးတဲ့ ဆောက်လုပ်ဆဲ ဗိသုကာ မြောက်လှတဲ့ အဆောက် အဦတခု လိုပါဘဲ။ အဲဒီ ပြုပြင်ခြင်း ခံရတဲ့ ခရစ်ယာန် ယုံကြည်သူ လူသစ် တိုင်းဟာ ဘုရား သခင်ရဲ့ စေ့စပ် သေချာစွာ ရွေးချယ် အသုံးပြု ခံထားရတဲ့ ဗိသုကာ မြောက်လှတဲ့ အဆောက် အဦ ထဲက သူ့နေ ရာနဲ့သူ လိုက်ဖက် ညီညာစွာ ပါဝင်ခွင့် ရတဲ့ မတူညီတဲ့ တန်ဆာ ပလာ တွေလို ပါဘဲ။


ကရု စိုက်ရမယ့် ပြသနာ တွေကတော့၊ ခရစ်ယာန် ယုံကြည် သူတွေ အနေနဲ့ ကိုယ့်ကို အဆက် မပြတ် လုပ်ဆောင်ဖို့ ဘုရား သခင် ပေးအပ် ထားတဲ့ နေရာ ကနေ ကိုယ်ဟာကိုယ် နေရာ ပြောင်းဖို့ ကြိုးစား တာပါဘဲ။ ဒါနဲ့ ပတ်သက်ပြီး တမန်တော် ရှင်ပေါလုရဲ့ ဘာပြော ခဲ့လဲ ဖတ်ကြည့် ကြပါစို့|-


(ဖိလိပ္ပိ ၄၊ ၁၁)|-
ထိုသို့ ငါဆိုသော်၊ ကိုယ်တိုင် ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည် မဟုတ်။ အကြောင်း မူကား၊ ငါသည် တွေ့ကြုံ သမျှသော အခြင်း အရာ တို့၌ ရောင့်ရဲသော စိတ်ရှိအံ့ သောငှါ သင်မိပြီ။


ခရစ်တော်ဟာ ခန္ဓာ တစ်ခုလုံးရဲ့ ဦးခေါင်း ဖြစ်ပါတယ်။ လိုအပ်လို့ ခန္ဓာကိုယ် ထဲက အစိပ် အပိုင်း တစ်ကို ကိုဘဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အစိပ် အပိုင်း တွေကို ဘဲဖြစ်ဖြစ် ခရစ်တော် တပါးတည်း ကဘဲ လိုအပ် သလို ပြောင်းလဲ ပြင်ဆင် အစားထိုးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခရစ်တော် စကားပြော တဲ့အခါ နားထောင်ပါ၊ ခရစ်တော် သွားခိုင်းတဲ့ နေရာကို သွားပါ။ ခရစ်တော် ခိုင်းစေတဲ့ အလုပ်ကို လုပ်ပါ။


ခရစ်ယာန် ယုံကြည်သူ တစ်ယောက် အနေနဲ့ မျက်စိနဲ့ မြင်ရတဲ့ ဒေသန္တရ အသင်းတော် Local Church (visible Church)မှာ ဆက်ကပ် ပါဝင်ဖို့ တာဝန်ရှိ သလို၊ မျက်စိနဲ့ မမြင်ရတဲ့ စကြဝဠာ အသင်းတော် Universal Church (Invisible Church)မှာ လည်း ဆက်ကပ် ပါဝင်ဖို့ တာဝန် ရှိပါတယ်။


ဘာကြောင့် လဲဆိုတော့ ကျွန်ုပ် တို့အား လုံးဟာ ဝိညာဉ်တော် တစ်ပါးတည်း အားဖြင့် တစ်ကိုယ်တည်း ထဲသို့ ဗတ္တိဇံကို ခံယူတဲ့ သူတွေ ဖြစ်ကြ လို့ပါဘဲ။ ဒါ့အပြင် ခရစ်တော်ရဲ့ ဝိညာဉ်တော် တစ်ပါးတည်း အားဖြင့် တစ်ကိုယ် တည်းဖြစ်တဲ့ ကမ္ဘာနဲ့ ချီတဲ့ ညီအစ် ကိုမောင် နှမတွေ ဖြစ်လို့ သီးသန့် တစ်ယောက်ထဲ နေလို့ မရပါဘူး။


ကျွန်ုပ်တို့ ဟာ ခရစ် တော်ရဲ့ ခန္ဓာထဲ ပါဝင်ဖို့ လိုအပ် သလို၊ ခရစ်တော်ရဲ့ ခန္ဓာ ဘက်ကလည်း ကျွန်ုပ်တို့ကို ခွဲခန့် စီမံ နေရာ ချပေး ထားတဲ့ အစိတ် အပိုင်း အဖြစ် ပါဝင်ဖို့ သတိ ပေးနေ ပါတယ်။ ဘုရား သခင်ရဲ့ နိုင်ငံ တော်မှာ သီးခြား ရပ်တည် နေထိုင်ခြင်း ဆိုတာ မရှိပါ၊ ဘုရားကို ဗဟို ပြုပြီး ဘုရားရဲ့ အလို တော်နဲ့ အညီ အပြန် အလှန် အမှီ သဟဲ လုပ်ပြီး နေထိုင် တာဘဲ ရှိပါတယ်။


တနည်း ပြောရယင် ဘုရား သခင်ရဲ့ အလိုတော် ပြည့်စုံဖို့ ကျွန်ုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန် လိုအပ် သလို၊ ်မိမိ ကျရာ အခန်း ကဏ္ဍ မှာလည်း တာဝန် ကျေျပြွန်စွာ ကိုယ်စွမ်း ရှိသမျှ ဉာဏ်စွမ်း ရှိသမျှ စွမ်းစွမ်း တမံ ဆက်ကပ် ပါဝင်ဖို့ ဘုရား သခင် အလိုတော် ရှိပါတယ်။


ဒါကြောင့် ခရစ်ယာန် ယုံကြည်သူ တိုင်းဟာ ဘုရား သခင်ရဲ့ အလိုတော် ပြည့်စုံဖို့၊ အရေး ကြီးတဲ့ အခန်း ကဏ္ဍ အသီးသီး ကနေ ပါဝင် နေတဲ့ အရေး ကြီးပုဂ္ဂိုလ် အသီးသီး ဖြစ်ကြ ပါတယ်။ ကိုယ့်ကို နေရာနဲ့ တာဝန် ပေးထား ပေမယ့်၊ ကိုယ့်ဘက်က ပျက်ကွက် ခဲ့ယင်၊ ကိုယ်ဟာ ဘုရားရဲ့ အလိုတော်ကို ဟန့်တားတဲ့ စာတန် အသုံး ချခံ လူသား တစ်ယောက် ဖြစ်သွား နိုင်တယ် ဆိုတာလည်း သတိ ပြုစေ လိုပါတယ်။


ခရစ်တော်ရဲ့ ခန္ဓာ ဆိုတာ အင်မတန် လုံခြုံ စိတ်ချ ရတဲ့ နေရာ တစ်ခုပါ။ ခရစ်ယာန် ယုံကြည်သူ မှန်ယင် ကမ္ဘာပေါ်က စိတ်ချ လုံခြုံမှု ရှိတဲ့ လူသား တွေထက် ပိုပြီး လုံခြုံ စိတ်ချမှု စိတ်သဘော ရှိသင့် ပါတယ်။ ဘာလို့လဲ လို့မေးယင် ဦးခေါင်း ဖြစ်တဲ့၊ အင်္ဂါ အစိတ် အပိုင်း အားလုံးကို ကြီးမားတဲ့ ချစ်ခြင်း မေတ္တာနဲ့ ကရုစိုက် ကြည့်ရှု စောင့်ရှောက် နေတဲ့ ခရစ်တော်ရဲ့ ခန္ဓာထဲက အစိတ် အပိုင်း တွေဖြစ်လို့ ပါဘဲ။


(ဧဖက် ၅၊ ၂၃-၃၂)|-
အကြောင်း မူကား၊ ခရစ် တော်သည် အသင်း တော်၏ အပေါ်မှာ ခေါင်းဖြစ် တော်မူ သကဲ့သို့၊ ယောက်ျျားသည် မိမိခင်ပွန်း၏ အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော် သည်လည်း မိမိကိုယ်ကို ကယ်တင် သောသူ ဖြစ်တော် မူ၏။ အသင်း တော်သည် ခရစ် တော်၏ အုပ်စိုး တော်မူ ခြင်းကို ဝန်ခံ သကဲ့သို့၊ မိန်းမ တို့လည်း ကိုယ်ခင်ပွန်း ၏ အုပ်စိုး ခြင်းကို အရာရာ၌ ဝန်ခံ ရကြမည်။ အချင်း ယောက်ျားတို့၊ ခရစ် တော်သည် အသင်း တော်ကို ချစ်တော် မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ထိုအသင်း တော်သည် သန့်ရှင်းလျှက် ရှိသည် ဖြစ်၍၊ အညစ် အကြေး တင်ခြင်း၊ အရေ တွန့်ခြင်း မှ စသည် တို့နှင့် လွတ်လပ် သဖြင့်၊ အသရေ တင့်တယ် လျှက်ရှိသော အသင်း တော်ကို ခရစ် တော်သည် မိမိအား ဆက်သ အံ့သောငှါ၊ နှုတ်ကပတ် တော်ရေ၌ ဆေးကြော ခြင်း အားဖြင့် စင်ကြယ် သန့်ရှင်း စေမည် အကြောင်း၊ ထို အသင်း တော်အဘို့ အလိုငှါ ကိုယ်ကို ကိုယ် စွန့်တော် မူ၏။ ထိုနည်းတူ ယောက်ျား တို့သည် မိမိ ကိုယ်ကို ချစ်သကဲ့သို့ မိမိ ခင်ပွန်း တို့ကို ချစ်ရ ကြမည်။ ကိုယ်အသားကို မုန်းသော သူတ ယောက်မျှ မရှိ။ ခရစ် တော်သည် အသင်း တော်ကို ကျွေးမွေး ပြုစု တော်မူ သကဲ့သို့၊ ခပ်သိမ်း သော သူတို့သည် မိမိတို့ အသားကို ကျွေးမွေး ပြုစု တတ် ကြ၏။ အကယ် စင်စစ် ငါတို့သည် သခင်ဘုရား၏ အသားတော်၊ အရိုးတော် တို့အဝင် ဖြစ်၍၊ ကိုယ်တော် မြတ်၏ အင်္ဂါ ဖြစ်ကြ၏။ ထိုအကြောင်း ကြောင့် ယောက်ျားသည် ကိုယ်မိဘ ကိုစွန့်၍ ကိုယ်ခင် ပွန်း၌ မှီဝဲ သဖြင့်၊ ထိုသူ နှစ်ယောက် တို့သည် တသား တကိုယ်တည်း ဖြစ်ရ လိမ့်မည်။ ဤအရာ သည် အလွန် နက်နဲ သော အရာ ဖြစ်ပေ၏။ ထိုသိုပ ဆိုသော်၊ ခရစ် တော်နှင့် အသင်း တော်ကို ရည်မှတ်၍ ဆိုသတည်း။


ဒါ့အပြင် ခရစ်တော်ရဲ့ ခန္ဓာထဲက လူမှန် နေရာမှန် ပါဝင် နေတဲ့ အစိတ် အပိုင်း အသီးသီး ဖြစ်ကြတဲ့ အတွက် ကျွနု်ပ်တို့ အချင်း ချင်းလည်း တစ်ယောက်နဲ့ တစ်ယောက် စိတ်ချမှု လုံခြုံမှု ရှိပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဖက်က လည်း လုံခြုံ စိတ်ချမှု ရှိဖို့ ကောင်းတဲ့ အစိတ် အပိုင်း အနေနဲ့ ခရစ်တော်ရဲ့ ခန္ဓာ ထဲမှာ ပါဝင် နေဖို့ လိုပါတယ်။ ဒီလို မဟုတ်ဘူး ဆိုယင် တော့ ဘာ အကျိုး ရလဒ်မှ ရရှိ နိုင်မှာ မဟုတ်ပါဘူး။ ဝိညာဉ်တော် တစ်ပါးတည်း အားဖြင့် တစ်ကိုယ်တည်း ထဲသို့ ခံယူသော ဗတ္တိဇံ ဆိုတဲ့ ခရစ်ယာန် ယုံကြည် သူတိုင်း ဟာ ခရစ် တော်ရဲ့ ခန္ဓာမှာ အရေး ကြီးတဲ့ အင်္ဂါ အသီးသီး ကနေ ပါဝင် နေတဲ့ သူတွေ ဖြစ်ကြောင်း အစဉ် မှတ်ယူ စေချင် ပါတယ်။

"ရေအားဖြင့် ခံယူသော ဗတ္တိဇံ" ဆက်လက် ဖေါ်ပြ ပေးပါမည်|-

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)


(Zawgyi)



နိဒါန္း။
ခရစ္ယာန္ ယံုၾကည္ သူေတြ အတြက္ အဓိက ဗတၱိဇံ (၃)ပါး ရွိသလို၊ ခရစ္ယာန္ ယံုၾကည္သူ တစ္ဦးရဲ႕ အသက္ တာနဲ႔ ရွင္သန္ ဖို႔ ေနာက္ ထပ္ ဗတၱိဇံ တစ္ပါး ရွိေနတယ္ လို႔ ေျပာပါ ရေစ။ ဒါေၾကာင့္၊-

၁။ ၀ိညာဥ္ေတာ္ တစ္ပါးတည္း ထဲသုိ႔ ခံယူေသာ ဗတၱိဇံ (အ ေန အထား)
၂။ ေရအားျဖင့္ ခံယူေသာ ဗတၱိဇံ (ေနာင္တတရားႏွင့္ အသစ္ေသာ အသက္တာ)
၃။ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ အားျဖင့္ ခံယူေသာ ဗတၱိဇံ (တန္ခိုးေပးျခင္းႏွင့္ လမ္းျပျခင္း)
၄။ မီးအားျဖင့္ ခံယူေသာ ဗတၱိဇံ (ေဆးေၾကာ သန္႔စင္ျခင္းႏွင့္ တရားစီရင္ျခင္း)

၀ိညာဥ္ေတာ္ တစ္ပါးတည္း ထဲသုိ႔ ခံယူေသာ ဗတၱိဇံ (အေန အထား)
(Baptism into One Body)

ဒီဗတၱိဇံဟာ ခရစ္ယာန္ ယံုၾကည္ သူတိုင္း သိကြ်မ္း ရမယ့္ ဗတိၱဇံ ျဖစ္သလို၊ ခရစ္ယာန္ မဟုတ္တဲ့ သူမ်ားလည္း သိရမယ့္ ဗတၱိဇံလည္း ျဖစ္ပါတယ္။

(၁ေကာ ၁၂း၁၄။ ဧဖက္ ၄း၄-၅)|-
ဥပမာကား၊ ကိုယ္တခု တည္း၌ အဂၤါ အမ်ား ရွိသည္ျဖစ္၍၊ ထိုတခု တည္ေသာ ကိုယ္၏ အဂၤါ အေပါင္း တို႔သည္ မ်ားလ်က္ႏွင့္ ကိုယ္တခု တည္းျဖစ္ သကဲ့သို႔၊ ထိုနည္းတူ ခရစ္ေတာ္ ျဖစ္၏။ အေၾကာင္း မူကား၊ ယုဒလူ ျဖစ္ေစ၊ ေဟလသ လူျဖစ္ေစ၊ ကြ်န္ျဖစ္ေစ၊ လူလြတ္ ျဖစ္ေစ၊ ငါတို႔ ရွိသမၽွသည္ ၀ိညာဥ္ေတာ္ တပါး တည္း အားျဖင့္ တကုိယ္တည္း ထဲသို႔ ဗတၱိဇံကို ခံၾက၏။ ငါတို႔ ရွိသမၽွသည္ တစိတ္ တ၀ိညာဥ္တည္း ထဲသို႔ လည္း ေသာက္ ၾက၏။ ကိုယ္သည္ အဂၤါ တခုတည္း ရွိသည္ မဟုတ္၊ အမ်ား ရွိသည္ ျဖစ္၍”


က်န္ ဗတၱိဇံ ေတြကေတာ့၊ ကားတိုင္ ေပၚမွာ အေသ ခံတဲ့ ခရစ္ ေတာ္ရဲ႕ အေသြး ေတာ္နဲ႔ ၀ယ္ယူတဲ့ ခရစ္ယာန္ ယံုၾကည္ သူမ်ားရဲ႕ အေမြနဲ႔ ဆိုင္တဲ့ ဗတၱိဇံေတြ ျဖစ္ပါတယ္။ ၀ိညာဥ္ေတာ္ တစ္ပါးတည္း အားျဖင့္ တစ္ကိုယ္တည္း ဗတၱိဇံ ဟာ အျခား ဗတၱိဇံေတြ မပါေတာ့ဘဲ၊ ေကာင္းကင္ ႏိုင္ငံေတာ္မွာ က်င့္သံုးမယ့္ ဗတၱိဇံမ်ဳိး ျဖစ္ေပမဲ့ ေလာကမွာ ကတည္းက  ခံယူ က်င့္သံုး လုပ္ေဆာင္ ရမယ့္ အရာလည္း ျဖစ္ပါတယ္။


ဒီဗတၱိဇံဟာ လူတစ္ဦး ဒုတိယ ေမြးျခင္း ခံၿပီး အသက္တာ ေျပာင္းလဲၿပီ ဆိုတာနဲ႔ ၀ိညာဥ္ေတာ္ တစ္ပါးတည္း အားျဖင့္ တစ္ကိုယ္ တည္း ထဲသို႔ ဗတၱိဇံ ခံျခင္း ဟာလည္း တၿပိဳင္နက္ ထိုသူအေပၚ သက္ေရာက္ သြားေစ ပါတယ္။ ဘယ္အခ်ိန္ ဘယ္ကာလဘဲ ျဖစ္ျဖစ္ လူတစ္ ေယာက္ဟာ ကိုယ္ကိုကိုယ္ ျငင္းပယ္ တယ္လို႔ဘဲ ေခၚေခၚ လက္နက္ခ် အညံ့ခံ တယ္လို႔ဘဲ ဆိုဆို ခရစ္ေတာ္ ဘုရားထံ တိုး၀င္ ခ်ည္းကပ္ လိုက္တာနဲ႔ သန္႔ရွင္း ေသာ ၀ိညာဥ္ေတာ္ ဟာ အဲဒီ လူရဲ႕ အသက္ တာထဲ ၀င္ေရာက္ လာပါတယ္။


(ေရာမ ၈း၉)|-
သို႔ေသာ္လည္း ဘုရား သခင္၏ ၀ိညာဥ္ ေတာ္သည္ သင္တို႔ အထဲ၌ က်ိန္း၀ပ္ ေတာ္ မူလွ်င္၊ သင္တို႔သည္ ဇာတိ ပကတိ ဘက္၌ ရွိၾကသည္ မဟုတ္။ ၀ိညာဥ္ ပကတိ ဘက္၌ ရွိၾက၏။ ခရစ္ေတာ္ ၏ ၀ိညာဥ္ကို မရေသာ သူမည္ သည္ကား ခရစ္ေတာ္ ႏွင့္မဆိုင္။


လူ႔အထဲမွာ ရွိႏွင့္ ၿပီးသား ၀ိညာဥ္ (သင့္ အတြင္း ထဲမွာ ဘုရား သခင္ ဖန္ဆင္း စက မႈတ္သြင္း ေပးထားတဲ့ ၀ိညာဥ္၊ တနည္း အားျဖင့္ ေမွာင္ မိုက္ဖုံး လႊမ္းေနတဲ့ သင့္အထဲက ၀ိညာဥ္၊ ဘုရားနဲ႔ အဆက္ အသြယ္ ျပတ္ေတာက္ သြားတဲ့  သင့္ အတြင္း ထဲက ၀ိညာဥ္၊ ေသေနတဲ့ သင့္ရဲ႕ ၀ိညာဥ္) နဲ႔ သန္႔ရွင္း ေသာ ၀ိညာဥ္ေတာ္ အဆက္ အသြယ္ ျပန္ရၿပီး၊ ခရစ္ေတာ္ရဲ႕ ၀ိညာဥ္ (သန္႔ရွင္း ေသာ ၀ိညာဥ္ေတာ္) ၀င္ေရာက္ ေနရာယူ  လိုက္တာ ေၾကာင့္ အဲဒီလူရဲ႕ အတြင္းထဲမွာ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ အားျဖင့္ ၀ိညာဥ္ ေရးရာနဲ႔ ဆိုင္တဲ့ ကေလး တစ္ေယာက္ အျဖစ္ ေမြးဖြား ျခင္းကို ျဖစ္ေစ ပါတယ္။ တစ္ၿပိဳင္ နက္ထဲ မွာဘဲ၊ ခရစ္ေတာ္ရဲ႕ ခႏၶာထဲက အဂၤါ အစိပ္ အပိုင္း တစ္ခု အေနနဲ႔လည္း ျဖစ္ခြင့္ ရသြား ေစပါတယ္။


ဒီလို ဘုရား သခင္ရဲ႕ အံ့ဖြယ္ ေကာင္းတဲ့ ေက်းဇူး ေမတၱာ ဏရုဏာနဲ႔ ဆိုင္တဲ့ လုပ္ေဆာင္ ေပးမႈဟာ မၿပီးေျမာက္ ေသးတဲ့ ေဆာက္လုပ္ဆဲ ဗိသုကာ ေျမာက္လွတဲ့ အေဆာက္ အဦတခု လိုပါဘဲ။ အဲဒီ ျပဳျပင္ျခင္း ခံရတဲ့ ခရစ္ယာန္ ယံုၾကည္သူ လူသစ္ တိုင္းဟာ ဘုရား သခင္ရဲ႕ ေစ့စပ္ ေသခ်ာစြာ ေ႐ြးခ်ယ္ အသံုးျပဳ ခံထားရတဲ့ ဗိသုကာ ေျမာက္လွတဲ့ အေဆာက္ အဦ ထဲက သူ႔ေန ရာနဲ႔သူ လိုက္ဖက္ ညီညာစြာ ပါ၀င္ခြင့္ ရတဲ့ မတူညီတဲ့ တန္ဆာ ပလာ ေတြလို ပါဘဲ။


ကရု စိုက္ရမယ့္ ျပသနာ ေတြကေတာ့၊ ခရစ္ယာန္ ယံုၾကည္ သူေတြ အေနနဲ႔ ကိုယ့္ကို အဆက္ မျပတ္ လုပ္ေဆာင္ဖို႔ ဘုရား သခင္ ေပးအပ္ ထားတဲ့ ေနရာ ကေန ကိုယ္ဟာကိုယ္ ေနရာ ေျပာင္းဖို႔ ႀကိဳးစား တာပါဘဲ။ ဒါနဲ႔ ပတ္သက္ၿပီး တမန္ေတာ္ ရွင္ေပါလုရဲ႕ ဘာေျပာ ခဲ့လဲ ဖတ္ၾကည့္ ၾကပါစို႔|-


(ဖိလိပၸိ ၄း၁၁)|-
ထိုသို႔ ငါဆိုေသာ္၊ ကိုယ္တိုင္ ဆင္းရဲျခင္းကို ရည္မွတ္၍ ဆိုသည္ မဟုတ္။ အေၾကာင္း မူကား၊ ငါသည္ ေတြ႕ႀကံဳ သမၽွေသာ အျခင္း အရာ တို႔၌ ေရာင့္ရဲေသာ စိတ္ရွိအံ့ ေသာငွါ သင္မိၿပီ။


ခရစ္ေတာ္ဟာ ခႏၶာ တစ္ခုလံုးရဲ႕ ဦးေခါင္း ျဖစ္ပါတယ္။ လိုအပ္လို႔ ခႏၶာကိုယ္ ထဲက အစိပ္ အပိုင္း တစ္ကို ကိုဘဲ ျဖစ္ျဖစ္၊ ခႏၶာကိုယ္ တစ္ခုလံုးရဲ႕ အစိပ္ အပိုင္း ေတြကို ဘဲျဖစ္ျဖစ္ ခရစ္ေတာ္ တပါးတည္း ကဘဲ လိုအပ္ သလို ေျပာင္းလဲ ျပင္ဆင္ အစားထိုးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခရစ္ေတာ္ စကားေျပာ တဲ့အခါ နားေထာင္ပါ၊ ခရစ္ေတာ္ သြားခိုင္းတဲ့ ေနရာကို သြားပါ။ ခရစ္ေတာ္ ခိုင္းေစတဲ့ အလုပ္ကို လုပ္ပါ။


ခရစ္ယာန္ ယံုၾကည္သူ တစ္ေယာက္ အေနနဲ႔ မ်က္စိနဲ႔ ျမင္ရတဲ့ ေဒသႏၱရ အသင္းေတာ္ Local Church (visible Church)မွာ ဆက္ကပ္ ပါ၀င္ဖို႔ တာ၀န္ရွိ သလို၊ မ်က္စိနဲ႔ မျမင္ရတဲ့ စၾက၀ဠာ အသင္းေတာ္ Universal Church (Invisible Church)မွာ လည္း ဆက္ကပ္ ပါ၀င္ဖို႔ တာ၀န္ ရွိပါတယ္။


ဘာေၾကာင့္ လဲဆိုေတာ့ ကြၽႏ္ုပ္ တို႔အား လံုးဟာ ၀ိညာဥ္ေတာ္ တစ္ပါးတည္း အားျဖင့္ တစ္ကိုယ္တည္း ထဲသုိ႔ ဗတၱိဇံကို ခံယူတဲ့ သူေတြ ျဖစ္ၾက လို႔ပါဘဲ။ ဒါ့အျပင္ ခရစ္ေတာ္ရဲ႕ ၀ိညာဥ္ေတာ္ တစ္ပါးတည္း အားျဖင့္ တစ္ကိုယ္ တည္းျဖစ္တဲ့ ကမာၻနဲ႔ ခ်ီတဲ့ ညီအစ္ ကိုေမာင္ ႏွမေတြ ျဖစ္လို႔ သီးသန္႔ တစ္ေယာက္ထဲ ေနလို႔ မရပါဘူး။


ကြၽႏ္ုပ္တို႔ ဟာ ခရစ္ ေတာ္ရဲ႕ ခႏၶာထဲ ပါ၀င္ဖို႔ လိုအပ္ သလို၊ ခရစ္ေတာ္ရဲ႕ ခႏၶာ ဘက္ကလည္း ကြၽႏ္ုပ္တို႔ကို ခြဲခန္႔ စီမံ ေနရာ ခ်ေပး ထားတဲ့ အစိတ္ အပိုင္း အျဖစ္ ပါ၀င္ဖို႔ သတိ ေပးေန ပါတယ္။ ဘုရား သခင္ရဲ႕ ႏိုင္ငံ ေတာ္မွာ သီးျခား ရပ္တည္ ေနထိုင္ျခင္း ဆိုတာ မရွိပါ၊ ဘုရားကို ဗဟို ျပဳၿပီး ဘုရားရဲ႕ အလို ေတာ္နဲ႔ အညီ အျပန္ အလွန္ အမွီ သဟဲ လုပ္ၿပီး ေနထိုင္ တာဘဲ ရွိပါတယ္။


တနည္း ေျပာရယင္ ဘုရား သခင္ရဲ႕ အလိုေတာ္ ျပည့္စံုဖို႔ ကြၽႏ္ုပ္တို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္ အလွန္ လိုအပ္ သလို၊ ္မိမိ က်ရာ အခန္း က႑ မွာလည္း တာ၀န္ ေကၽ်ႁပြန္စြာ ကိုယ္စြမ္း ရွိသမၽွ ဥာဏ္စြမ္း ရွိသမၽွ စြမ္းစြမ္း တမံ ဆက္ကပ္ ပါ၀င္ဖို႔ ဘုရား သခင္ အလိုေတာ္ ရွိပါတယ္။


ဒါေၾကာင့္ ခရစ္ယာန္ ယံုၾကည္သူ တိုင္းဟာ ဘုရား သခင္ရဲ႕ အလိုေတာ္ ျပည့္စံုဖို႔၊ အေရး ႀကီးတဲ့ အခန္း က႑ အသီးသီး ကေန ပါ၀င္ ေနတဲ့ အေရး ႀကီးပုဂိၢဳလ္ အသီးသီး ျဖစ္ၾက ပါတယ္။ ကိုယ့္ကို ေနရာနဲ႔ တာ၀န္ ေပးထား ေပမယ့္၊ ကိုယ့္ဘက္က ပ်က္ကြက္ ခဲ့ယင္၊ ကိုယ္ဟာ ဘုရားရဲ႕ အလိုေတာ္ကို ဟန္႔တားတဲ့ စာတန္ အသံုး ခ်ခံ လူသား တစ္ေယာက္ ျဖစ္သြား ႏိုင္တယ္ ဆိုတာလည္း သတိ ျပဳေစ လိုပါတယ္။


ခရစ္ေတာ္ရဲ႕ ခႏၶာ ဆိုတာ အင္မတန္ လံုၿခံဳ စိတ္ခ် ရတဲ့ ေနရာ တစ္ခုပါ။ ခရစ္ယာန္ ယံုၾကည္သူ မွန္ယင္ ကမာၻေပၚက စိတ္ခ် လံုၿခံဳမႈ ရွိတဲ့ လူသား ေတြထက္ ပိုၿပီး လံုၿခံဳ စိတ္ခ်မႈ စိတ္သေဘာ ရွိသင့္ ပါတယ္။ ဘာလို႔လဲ လို႔ေမးယင္ ဦးေခါင္း ျဖစ္တဲ့၊ အဂၤါ အစိတ္ အပိုင္း အားလံုးကို ႀကီးမားတဲ့ ခ်စ္ျခင္း ေမတၱာနဲ႔ ကရုစိုက္ ၾကည့္႐ႈ ေစာင့္ေရွာက္ ေနတဲ့ ခရစ္ေတာ္ရဲ႕ ခႏၶာထဲက အစိတ္ အပိုင္း ေတြျဖစ္လို႔ ပါဘဲ။


(ဧဖက္ ၅း ၂၃-၃၂)|-
အေၾကာင္း မူကား၊ ခရစ္ ေတာ္သည္ အသင္း ေတာ္၏ အေပၚမွာ ေခါင္းျဖစ္ ေတာ္မူ သကဲ့သို႔၊ ေယာက္ၽ်ားသည္ မိမိခင္ပြန္း၏ အေပၚမွာ ေခါင္းျဖစ္၏။ ခရစ္ေတာ္ သည္လည္း မိမိကိုယ္ကို ကယ္တင္ ေသာသူ ျဖစ္ေတာ္ မူ၏။ အသင္း ေတာ္သည္ ခရစ္ ေတာ္၏ အုပ္စိုး ေတာ္မူ ျခင္းကို ၀န္ခံ သကဲ့သို႔၊ မိန္းမ တို႔လည္း ကိုယ္ခင္ပြန္း ၏ အုပ္စိုး ျခင္းကို အရာရာ၌ ၀န္ခံ ရၾကမည္။ အခ်င္း ေယာက္်ားတို႔၊ ခရစ္ ေတာ္သည္ အသင္း ေတာ္ကို ခ်စ္ေတာ္ မူသကဲ့သို႔၊ သင္တို႔လည္း ကိုယ္ခင္ပြန္းကို ခ်စ္ၾကေလာ့။ ထိုအသင္း ေတာ္သည္ သန္႔ရွင္းလၽွက္ ရွိသည္ ျဖစ္၍၊ အညစ္ အေၾကး တင္ျခင္း၊ အေရ တြန္႔ျခင္း မွ စသည္ တို႔ႏွင့္ လြတ္လပ္ သျဖင့္၊ အသေရ တင့္တယ္ လၽွက္ရွိေသာ အသင္း ေတာ္ကို ခရစ္ ေတာ္သည္ မိမိအား ဆက္သ အံ့ေသာငွါ၊ ႏႈတ္ကပတ္ ေတာ္ေရ၌ ေဆးေၾကာ ျခင္း အားျဖင့္ စင္ၾကယ္ သန္႔ရွင္း ေစမည္ အေၾကာင္း၊ ထို အသင္း ေတာ္အဘို႔ အလိုငွါ ကိုယ္ကို ကိုယ္ စြန္႔ေတာ္ မူ၏။ ထိုနည္းတူ ေယာက္်ား တို႔သည္ မိမိ ကိုယ္ကို ခ်စ္သကဲ့သို႔ မိမိ ခင္ပြန္း တို႔ကို ခ်စ္ရ ၾကမည္။ ကိုယ္အသားကို မုန္းေသာ သူတ ေယာက္မၽွ မရွိ။ ခရစ္ ေတာ္သည္ အသင္း ေတာ္ကို ေကြၽးေမြး ျပဳစု ေတာ္မူ သကဲ့သို႔၊ ခပ္သိမ္း ေသာ သူတို႔သည္ မိမိတို႔ အသားကို ေကြၽးေမြး ျပဳစု တတ္ ၾက၏။ အကယ္ စင္စစ္ ငါတို႔သည္ သခင္ဘုရား၏ အသားေတာ္၊ အရိုးေတာ္ တို႔အ၀င္ ျဖစ္၍၊ ကိုယ္ေတာ္ ျမတ္၏ အဂၤါ ျဖစ္ၾက၏။ ထိုအေၾကာင္း ေၾကာင့္ ေယာက္်ားသည္ ကိုယ္မိဘ ကိုစြန္႔၍ ကိုယ္ခင္ ပြန္း၌ မွီ၀ဲ သျဖင့္၊ ထိုသူ ႏွစ္ေယာက္ တို႔သည္ တသား တကိုယ္တည္း ျဖစ္ရ လိမ့္မည္။ ဤအရာ သည္ အလြန္ နက္နဲ ေသာ အရာ ျဖစ္ေပ၏။ ထိုသိုပ ဆိုေသာ္၊ ခရစ္ ေတာ္ႏွင့္ အသင္း ေတာ္ကို ရည္မွတ္၍ ဆိုသတည္း။


ဒါ့အျပင္ ခရစ္ေတာ္ရဲ႕ ခႏၶာထဲက လူမွန္ ေနရာမွန္ ပါ၀င္ ေနတဲ့ အစိတ္ အပိုင္း အသီးသီး ျဖစ္ၾကတဲ့ အတြက္ ကြၽႏု္ပ္တို႔ အခ်င္း ခ်င္းလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ခ်မႈ လံုၿခံဳမႈ ရွိပါတယ္။ ဒါေၾကာင့္ ကြၽႏ္ုပ္တို႔ ဖက္က လည္း လံုၿခံဳ စိတ္ခ်မႈ ရွိဖို႔ ေကာင္းတဲ့ အစိတ္ အပိုင္း အေနနဲ႔ ခရစ္ေတာ္ရဲ႕ ခႏၶာ ထဲမွာ ပါ၀င္ ေနဖို႔ လိုပါတယ္။ ဒီလို မဟုတ္ဘူး ဆိုယင္ ေတာ့ ဘာ အက်ဳိး ရလဒ္မွ ရရွိ ႏိုင္မွာ မဟုတ္ပါဘူး။ ၀ိညာဥ္ေတာ္ တစ္ပါးတည္း အားျဖင့္ တစ္ကိုယ္တည္း ထဲသုိ႔ ခံယူေသာ ဗတၱိဇံ ဆိုတဲ့ ခရစ္ယာန္ ယံုၾကည္ သူတိုင္း ဟာ ခရစ္ ေတာ္ရဲ႕ ခႏၶာမွာ အေရး ႀကီးတဲ့ အဂၤါ အသီးသီး ကေန ပါ၀င္ ေနတဲ့ သူေတြ ျဖစ္ေၾကာင္း အစဥ္ မွတ္ယူ ေစခ်င္ ပါတယ္။


"ေရအားျဖင့္ ခံယူေသာ ဗတၱိဇံ" ဆက္လက္ ေဖၚျပ ေပးပါမည္|-

၀ိညာဥ္မီးအိမ္(ခရစ္ယာန္စာေပစုစည္းမႈ)



 


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...