● သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ခံယူသော ဗတ္တိဇံ..



နိဒါန်း။

သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပတ်သက်ပြီး အမျိုး မျိုး တွေ့ရမြင်ရ ကြားသိရတော့၊ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ဗတ္တိဇံခံခြင်း အပေါ် စိတ်ရှုပ် ထွေး မသွားစေ ချင်လို့ ဒီဆောင်း ပါးနဲ့ သိရှိ သမျှ ဝေမျှခြင်း ဖြစ်ပါတယ်။ တကယ်တော့ သန့်ရှင်းသော ဝိညာဉ် တော်နဲ့ ပြည့်ဝခြင်း ဆိုတာ ကိုယ့် အသက် တာမှာ သန့်ရှင်း သော ဝိညာဉ် တော်က (၁)ဘယ် လို ခွန် အား (Empowers) ပေးသလဲ၊ (၂)လမ်းပြ သွန်သင် ညွှန်ကြား (Controls) နေလဲ ဆိုတဲ့ အကြောင်း အရာတွေဘဲ ဖြစ်ပါတယ်။ (ဖေါ်ပြထားတဲ့ ကျမ်းချက် တွေကို မဖြစ်မနေ ဖတ်ပေးပါ)

(တမန် ၄၊ ၃၁)
ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်း တို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ရဲရင့်စွာ ဟောပြော ကြ၏။

(ဧဖက် ၅၊ ၁၈)
လွန်ကျူး စေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့။

သန့်ရှင်းသော ဝိညာဉ်တော် စိတ်နှလုံး အတွင်း ကိန်းဝပ်ခြင်း|- ဆိုတာ ကျွန်ုပ်တို့ရဲ့ အသက် တာထဲ၊ သန့်ရှင်း သော ဝိညာဉ်တော် အစဉ်အမြဲ ဝင်ရောက် နေရာယူ နေထိုင်ခြင်း ဖြစ်ပါတယ်။

(ယောဟန် ၁၄၊ ၁၇)
ငါသည် ခမည်းတော်ကို တောင်း၍၊ ခမည်း တော်သည် သမ္မာ တရားကို ပြသော ဝိညာဉ်တော် တည်းဟူသော တပါးသော ဥပဇ္ဈယ် ဆရာကို သင်တို့နှင့် အတူ အစဉ်မပြတ် တည်နေစေ ခြင်းငှါ သင်တို့အား ပေးတော် မူမည်။ ထိုဝိညာဉ် တော်ကို လောကီသား တို့သည် မသိမမြင် သောကြောင့် မခံမ ယူနိုင်ကြ။ ထိုဝိညာဉ် တော်သည် သင်တို့နှင့် အတူတည် နေ၍၊ သင်တို့၌ ရှိတော်မူ သောကြောင့် သင်တို့ သိရ ကြ၏။

(ရောမ ၈၊ ၉-၁၁)
သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော် မူလျှင်၊ သင်တို့သည် ဇာတိပကတိ ဘက်၌ ရှိကြသည် မဟုတ်။ ဝိညာဉ်ပကတိ ဘက်၌ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကို မရသော သူမည်သည်ကား ခရစ်တော်နှင့် မဆိုင်။ ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့် အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတည် ခြင်းကြောင့် အသက်ရှင် လျက်ရှိ၏။ ထိုမျှမက၊ ယေရှုကို သေခြင်းမှ ထမြောက်စေ တော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော် မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော် အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယ ကိုပင် ရှင်စေတော် မူမည်။

ရေအားဖြင့် ဗတ္တိဇံခံယူခြင်း|- ဆိုတာ ခရစ်တော်နဲ့ အတူ၊ ကျွန်ုပ်တို့ရဲ့ ဇာတိ အသက် တာကို လက်ဝါး ကားတိုင် ပေါ်မှာ အသေသတ် ခြင်းကိုခံယူပြီး၊ ရေသချုႋင်းမှာ သင်္ဂြိုလ်ခြင်း၊ မြုတ်နှံခြင်း၊ ရေထဲက ပြန်ထခြင်းဆိုတဲ့ ခရစ်တော် အားဖြင့် ခရစ်တော် နှင့်အတူ ရှင်ပြန် ထမြောက်ခြင်း အသက် တာသစ်နဲ့ ပြန်လည် ရှင်သန်ခြင်းကို လူရှေ့ ဘုရားရှေ့မှာ ဝန်ခံခြင်း ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်း ကတော့ ခရစ်တော် အားဖြင့် ရရှိတဲ့ အသက်တာ သစ်ကို ယခင်မိမိရဲ့ ဇာတိသဘော၊ ဇာတိမနောရဲ့ ဦးဆောင် လမ်းညွှန်မှု အောက်မှာ  အသက် ရှင်တာမျိုး မဟုတ်တော့ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံ ခံခြင်းဆိုတဲ့ မိမိ အသက်တာထဲ သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ် နေရာယူပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးနဲ့ လမ်းပြမှု၊ ဦးဆောင်မှု၊ သွန်သင်မှု၊ ညွှန်ကြားမှု အစီအစဉ် အောက်မှာ အသက်ရှင် ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

(၁ကော ၃၊ ၁၆)
သင်တို့ သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြ သည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော် သည်သင်တို့ အထဲ၌ ကျိန်းဝပ်တော် မူသည်ကို၎င်း၊ မသိကြ သလော။

(၁ကော ၆၊ ၁၉)

အဘယ် သို့နည်း။ သင်တို့ကိုယ် ခန္ဓွာသည် ဘုရားသခင်ပေး သနားတော် မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန် ဖြစ်ကြောင်း ကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင် ကြောင်းကို၎င်း၊ မသိကြသလော။

(၁ယော ၄၊ ၄)
ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူ တို့ကိုလည်း အောင်ကြပြီ။ အကြောင် မူကား၊ သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ ရှိသော သူထက် သာ၍ ကြီးတော်မူ၏။

သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ကျွန်ုပ် တို့ကို တံဆိပ်ခတ်ခြင်း|- ဆိုတာ၊ ကျွန်ုပ်တို့ရဲ့ အသက်တာ သစ်ဟာ ဘုရား သခင်ပေးတဲ့ အသက်တာသစ် ဖြစ်လို့၊ ကျွန်ုပ်တို့ဟာ ဘုရားသခင် ပိုင်ဆိုင်တဲ့ သူတွေဖြစ်ကြောင်း အမှတ် အသား ဖြစ်ပါတယ်။

(ဧဖက် ၁၊ ၁၃-၁၄)
သင်တို့သည်လည်း ကယ်တင်တော် မူခြင်းအကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရား တည်းဟူသော သမ္မာ တရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ် တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။ ပိုင်ထိုက်တော် မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်း အကြောင်းနှင့် ရွေးနှုတ်တော် မူခြင်းသို့ မရောက်မှီ ကာလပတ်လုံး ထိုဝိညာဉ် တော်သည် ငါတို့အမွေ၏ စားရန် ဖြစ်တော်မူ၏။

သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်းဟာ အခြားသော လုပ်ဆောင်မှုတွေနဲ့ ဆက်စပ်မှု ရှိသလို၊ တစ်ချိန် တည်းမှာဘဲ သန့်ရှင်းသော ဝိညာဉ်တော် အနေနဲ့ သီးခြား လုပ်ဆောင် မှုတွေလည်း ရှိတတ်ပါတယ်။
သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်းနဲ့ ဆိုင်တဲ့ ရလဒ်များ|-
တမန်တော် ဝတ္ထုထဲမှာ၊ တစ်ခါတစ်လေ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံ ခံရတဲ့အခါမျိုးမှာ အခြားသော ဘာသာစကား ပြောတာကို တွေ့ရပါတယ်။
(တမန် ၂၊ ၄)
ထိုသူအပေါင်း တို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော် မူသည်အတိုင်း အမျိုးမျိုးသော ဘာသာစကား အားဖြင့် ဟောပြော ကြ၏။

(တမန် ၁၀၊ ၄၄-၄၆)
ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ် တရားတော်ကို ကြားနာရသော သူအပေါင်းတို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက် တော်မူ၏။ တပါးအမျိုးသား တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကို သွန်းလောင်း သောကြောင့်၊ အရေဖျား လှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမောတွေဝေ ခြင်းရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် အမျိုး မျိုးသော ဘာသာစကား အားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကို ကြားကြလေ၏။

(တမန် ၁၉၊ ၆)
ပေါလု သည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော်မူ သဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက် ပြုကြ၏။

ဒါပေမယ့်.. အခြားဖြစ်ရပ် တွေမှာတော့.. ဧဝံဂေလိ သတင်း စကားကို ကြားရတဲ့အခါ၊ အခြားသော ဘာသာ စကား မပြောဘဲ၊ နာယူသူတွေ ပြောင်းလဲ ကြတယ်လို့ ဖေါ်ပြ ထားပါတယ်။

(တမန် ၂၊ ၄၁)
ထိုစကားကို အသင့်နှလုံးသွင်း မိသော သူတို့သည် ဗတ္တိဇံ ကိုခံ၍၊ ထိုနေ့၌ အရေအတွက် အားဖြင့် သုံးထောင်မျှ လောက်သော သူတို့သည် ဝင်ကြ၏။(တမန် ၄၊ ၄။  ၅၊ ၁၄။  ၅၊ ၁၄။  ၈၊ ၁၇။  ၁၃၊ ၁၂။  ၊၄၈။  ၁၄၊ ၁။  ၁၇၊ ၁၂။  ၃၄၊ ၁၈။ ၈)။


သမ္မာကျမ်းစာ ကတော့၊ ယုံကြည် သူတိုင်းဟာ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံမင်္ဂလာ ခံယူကြ ရတယ်လို့ ရှင်းရှင်းလင်းလင်း အခိုင်အမာ ဖေါ်ပြထား ပါတယ်။

(၁ကော ၁၂၊ ၁၃)
အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ ရှိသမျှသည် ဝိညာဉ် တော်တပါးတည်း အားဖြင့် တကိုယ်တည်း ထဲသို့ ဗတ္တိဇံကို ခံကြ၏။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။
ယုံကြည် ပြောင်းလဲ လာသူတိုင်း အခြားသော ဘာသာစကား ပြောကြတယ် လို့တော့ ဖေါ်ပြ မထားပါဘူး။
(၁ကော ၁၂၊ ၂၇-၃၁)
သင်တို့သည် ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏။ အသီးသီး အင်္ဂါတော် ဖြစ်ကြ၏။ ဘုရား သခင်သည် ပဌမ အရာ၌ တမန်တော် တို့ကို၎င်း၊ ဒုတိယအရာ၌ ပရောဖက် တို့ကို၎င်း၊ တတိယအရာ၌ ဆရာတို့ကို၎င်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကို၎င်း၊ ထိုနောက် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသော သူတို့ကို၎င်း၊ သင်းထောက် တို့ကို၎င်း၊ စီရင်အုပ်စိုးသော သူတို့ကို၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော သူတို့ကို၎င်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။ သင်းဝင်သူ ရှိသမျှတို့သည် တမန်တော် ဖြစ်ကြသလော။ ရှိသမျှတို့သည် ပရောဖက် ဖြစ်ကြသလော။ ရှိသမျှတို့သည် ဆရာ ဖြစ်ကြသလော။ ရှိသမျှတို့သည် တန်ခိုးကို ပြနိုင်ကြသလော။ ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိကြသလော။ ရှိသမျှ တို့သည် အမျိုး မျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏ အနက်ကို ဘော်ပြ နိုင်ကြသလော။ သင်တို့သည် အမြတ်ဆုံးသော ဆုကျေး ဇူးတော် တို့ကို အလွန်အလိုရှိ ကြသည်တွင်၊ သာ၍ မြတ်သော လမ်းကို ငါပြဦးမည်။
ရလဒ်အနေနဲ့၊ တစ်စုံတစ်ယောက် ကယ်တင်ခြင်း ရရှိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံ ခံရတဲ့အခါ ဘယ်လိုမျိုး နမိတ် လက္ခဏာ ရမယ်ဆိုပြီး တထစ်ချ မျှော်လင့်လို့ မရပါဘူး။ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်းကို အနက်ဖွင့်ဆိုရယင်.. ကယ်တင်ခြင်း ခံရတာနဲ့ တပြိုင်နက်၊ သန့်ရှင်းသော ဝိညာဉ်တော် အနေနဲ့ အဲဒီလူ့အတွင်းမှာ ခရစ်တော် နေရာယူစေပြီး သူနဲ့ခရစ်တော် ပေါင်းစပ်မှု ခံရသလို၊ သူ့လိုအခြား ယုံကြည်တွေ နဲ့လည်း ခရစ်တော်ရဲ့ ခန္ဓာထဲမှာ အင်္ဂါ အစိတ်အပိုင်း အဖြစ် တစ်လုံးတစ်ဝတည်း ဖြစ်ခွင့် ရခြင်းဘဲ ဖြစ်ပါတယ်။
(၁ကော ၁၂၊ ၁၃)
အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ ရှိသမျှသည် ဝိညာဉ်တော် တပါးတည်း အားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကို ခံကြ၏။ ငါတို့ ရှိသမျှသည် တစိတ်တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။
(ရောမ ၆၊ ၁-၄)
ထိုသို့မှန်လျှင်၊ အဘယ်သို့ ပြောရမည်နည်း။ ကျေးဇူးတော် ပွါးများစေခြင်းငှါ အပြစ်တရားကို ကျင့်၍ နေရမည် လော့။ ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သော သူတို့သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦး မည်နည်း။ ယေရှုခရစ်၌ ဗတ္တိဇံ ကိုခံသောသူ ရှိသမျှတို့သည် အသေခံတော် မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော် မူခြင်း၌ ဗတ္တိဇံကိုခံသော အားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်း မူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုး အားဖြင့် သေခြင်းမှ ထမြောက်တော် မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြ သတည်း။

သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်းကို ဘယ်လိုလူ ရရှိတာလဲ|-
ခရစ်တော်ကို ယုံကြည်တဲ့ သူတိုင်းဟာ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံခံယူ ပြီးသူတွေ ဖြစ်ကြပါတယ်။ ဂျူးလူမျိုးမှ မဟုတ် ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်သူတိုင်း တလုံးတဝတည်း ဖြစ်ကြောင်းကို တမန်တော် ရှင်ပေါလုက သိသာ ထင်ရှားအောင် ပြန်ပြီး ဖေါ်ပြပေးထား ပါတယ်။

(၁ကော ၁၂၊ ၁၃)
အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူ ဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော် တပါးတည်း အားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကို ခံကြ၏။ ငါတို့ ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။
တမန်တော် ဝတ္ထု အခန်း(၂)ကို ဖတ်ကြည့်ယင် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံ ခံယူခြင်းဟာ ပင်တေ ကုတ္တေနေ့မှာ အစပြုခဲ့ ပါတယ်။ ဒါဟာ (တမန် ၁၊ ၅) မှာ ခရစ်တော် ကြိုတင် မိန့်မှာ ခဲ့တဲ့ “ဂတိတော်အချက် ဟူမူကား ယောဟန်သည် ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု” ဆိုတဲ့ စကားတော် ပြည့်စုံခြင်းဘဲ ဖြစ်ပါတယ်။

ပင်တေ ကုတ္တေပွဲနေ့မှာ တမန်တော်တွေ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဗတ္တိဇံကို ခံခဲ့ကြရပါတယ်။ ဒါ့ကြောင့် ဧဝံဂေလိ သတင်းကောင်း ဟောပြောဖို့ တန်ခိုးနဲ့ ပြည့်ဝလာပြီး၊ ထောင်နဲ့ချီတဲ့ သူတွေ ခရစ်တော်ထံ ယုံကြည်ပြီး ပြောင်းလဲ ခဲ့ကြပါတယ် (တမန် ၂း၄၁)။ အဲဒီဖြစ်ရပ်နှစ်ခု ဖြစ်ပြီးတဲ့ နောက်မှာ ရှမာရိမျိုးတွေနဲ့ တပါး အမျိုးသားတွေ အပေါ် သက်သေထူ ဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော် ခေတ္တဆိုင်းငံ သွားခဲ့ပါတယ်။
(တမန် ၈၊ ၁၄)
ရှမာရိ မြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော် တို့သည် သိတင်းကြားလျှင်၊ ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်ကြ၏။ ထိုမြို့သူ မြို့သားတို့သည် သခင်ယေရှု၏ နာမ၌ ဗတ္တိဇံကို ခံရုံမျှသာ ရှိသဖြင့်၊ တစုံတယောက်သော သူအပေါ်၌ သန့်ရှင်းသော ဝိညာဉ် တော်သည် သက်ရောက်တော် မမူသေးသည်ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော်ကို ခံရမည် အကြောင်း ထိုမြို့သူ မြို့သားတို့အဘို့ ဆုတောင်း၍၊ ထိုသူတို့အပေါ်၌ လက်ကို တင်သောအားဖြင့် သူတို့ သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံရကြ၏။

(တမန် ၁၀၊ ၂၇-၄၈)
ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက် ရှိကြသော လူများကို တွေ့လျှင်၊ ပေတရုက၊ ယုဒလူဖြစ်သော သူတို့သည် တပါးအမျိုးသားတို့နှင့် မပေါင်းဘော် မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ်ဟု အဘယ်သူကိုမျှ မခေါ်ရမည် အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အားဆုံးမ ပြသတော် မူပြီ။ ထိုကြောင့် ငါ့ကိုခေါ် ကြသောအခါ ငါသည် မငြင်းမခုန်ဘဲ လျက်လာ၏။ သို့ဖြစ်၍ အဘယ် အကြောင်းကြောင့် ငါ့ကိုခေါ် ကြသနည်း၊ ငါမေးလိုသည်ဟု ထိုသူတို့အား ပြောဆို၏။ ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခုအချိန်နာရီ တိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ်၌ ဆုတောင်းလျက် နေသည်၊ ယခုလေးရက် ရှိပါပြီ။ ထိုအချိန်၌ လူတယောက်သည် ထွန်းတောက်သော အဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက်၌ ရပ်၍၊ ကော်နေလိ၊ သင်ပြုသော ပဌနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲ ခြင်းကိုလည်း မှတ်တော်မူပြီ။ ထိုကြောင့်၊ ယုပ္ပေမြို့သို့ စေလွှတ်၍ ပေတရု အမည်သစ်ကို ရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ်သမား ရှိမုန်၏အိမ်၌ တည်းနေ၏။ ထိုသူသည် ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟု ပြောဆိုပါ၏။ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော် ထံသို့ အလျင်အမြန် စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသော အားဖြင့် ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရား သခင်သည် ကိုယ်တော်၌ မှာထားတော် မူသမျှကို နားထောင်ခြင်းငှါ၊ ယခုအကျွန်ုပ်တို့ ရှိသမျှသည် ဘုရားသခင် ရှေတော့်၌ အသင့် နေပါသည်ဟု ကော်နေလိ ပြောဆို၏။ ထိုအခါ ပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုး တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သော သူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။ အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု ခရစ်အားဖြင့် ရန်ငြိမ်းခြင်း တရားဟူသော ဧဝံဂေလိ တရားကို ဟောတော် မူလျှက်၊ ဣသရေလ အမျိုးသားတို့အား ပေးလိုက်တော် မူသော တရားတော် နှင့်အညီ၊ ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည်နောက် ဂါလိလဲပြည်မှစ၍ ယုဒပြည် အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်း အရာကို သင်တို့သည် သိကြ၏။ ထိုအကြောင်း အရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော် နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော် မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက် မာရ်နတ် ညှဉ်းဆဲသော သူအပေါင်း တို့အား ချမ်းသာကို ပေးလျက် လှည့်လည် တော်မူ၏။ ငါတို့သည်လည်း၊ ယေရုရှလင် မြို့မှစ၍ ယုဒပြည်တွင် ပြုတော်မူသော အမှုများတို့၏ သက်သေခံဖြစ်ကြ၏။ ထိုသူကို သစ်တိုင်၌ ဆွဲ၍ ကွပ်မျက် ကြလေ၏။ သုံးရက် မြောက်သော နေ့၌ ဘုရားသခင်သည် ထမြောက် စေတော်မူ၍၊ လူအပေါင်းတို့အား ထင်ရှားစွာ ပြတော်မမူ။ ဘုရားသခင် ခန့်ထားတော် မူနှင့်သော သက်သေခံ တည်းဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက် တော်မူ သည်နောက်၊ ထိုသခင်နှင့် အတူ ငါတို့သည် စားသောက် ရကြ၏။ ထိုသခင် သည်လည်း အသက်ရှင်သော သူတို့နှင့် သေသောသူတို့ကို တရားစီ ရင်သော သခင်ဖြစ် စေခြင်းငှါ၊ ဘုရားသခင် ခန့်ထားတော်မူ ကြောင်းကို လူအပေါင်းတို့အား ဟောပြော ကြလော့။ သက်သေ ခံကြ လော့ဟု ငါတို့အား ပညတ်ထား တော်မူ၏။ ထိုသခင်ကို ယုံကြည်သော သူရှိ သမျှ တို့သည် နာမတော် အားဖြင့် အပြစ်လွှတ် တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ ပရောဖက် အပေါင်း တို့သည် ထိုသခင်၏ သက်သေခံ ဖြစ်ကြသည်ဟု ပေတရု မြွက်ဆို၏။ ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ် တရားတော်ကို ကြားနာ ရသောသူ အပေါင်းတို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် သည် သက်ရောက် တော်မူ၏။ တပါးအမျိုးသား တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကို သွန်းလောင်း သောကြောင့်၊ အရေဖျား လှီးခြင်းကို ခံသောသူတည်း ဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့ သည် မိန်းမော တွေဝေခြင်း ရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကား အားဖြင့် ပြော၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကို ကြားကြလေ၏။ ထိုအခါ ပေတရုက ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင် သနည်းဟု ဆိုလျက်၊ ဘုရားသခင်၏ နာမ၌ ဗတ္တိဇံ ကိုခံစေမည် အကြောင်း စီရင်လေ ၏။ ထိုနောက်မှ ပေတရုသည် ကာလ အတန် အကြာ နေပါမည် အကြောင်းကို ထိုသူတို့သည် တောင်း ပန်ကြ၏။

ဘုရား သခင်ရဲ့ ကယ်တင်ခြင်း စီမံကိန်းဟာ ဂျူးလူမျိုး တွေအတွက်ရော၊ တစ်ပါး အမျိုးသား တွေအ တွက်ရော အတူတူဘဲ ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် တမန်တော် ရှင်ပေတရုက “သန့်ရှင်းသော ဝိညာဉ်တော် ခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေခြင်းငှာ အဘယ်သူသည် ရေကို မြစ်တား နိုင်သနည်း” လို ပြောထား ပါတယ်။ သူတို့ လည်းဘဲ ကျွန်ုပ်တို့လို သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိခံစား ကြရပါတယ်။ ဒီအချက်ကို ကြည့်ခြင်း အားဖြင့် လူသားတိုင်း ဘယ်သူမဆို ခရစ်တော်ကို ယုံကြည် လက်ခံ တဲ့အခါ သန့်ရှင်းသော ဝိညာဉ် တော်ရဲ့ ဗတ္တိဇံကို ခံစားရကြောင်း သိရှိနိုင် ပါတယ်။ 


သန့်ရှင်းသော ဝိညာ်တော်၌ ဗတ္တိဇံခံခြင်းက ကျွန်ုပ်တို့ကို ဘာပြော နေပါသလဲ|-
အချုပ်အားဖြင့်၊ သန့်ရှင်း သော ဝိညာဉ်တော် အားဖြင့် ဗတ္တိဇံဟာ အလုပ်နှစ်မျိုး လုပ်ပါတယ်။ (၁)ကျွန်ုပ်တို့ဟာ ဝိညာဉ်ရေးရာ အားဖြင့် ခရစ်တော်နဲ့အတူ သေပြီး ခရစ်တော်နဲ့အတူ ပြန်လည်ရှင်ပြန် ထမြောက်ခြင်း ခံရသူများ ဖြစ်ကြောင်း၊ (၂)သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံ ခံခြင်းအားဖြင့် ခရစ်တော်၏ ခန္ဓာနှင့် ဆက်သွယ်စေပြီး၊ အခြားသော ယုံကြည်သူ အားလုံးနှင့်လည်း တလုံးတဝတည်း ဖြစ်စေခြင်း ဖြစ်ပါသည်။  လက်တွေ့ ကျကျပြောရယင် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံ ခံခြင်းဆိုတာ၊ ကျွန်ုပ်တို့ဟာ အသက်တာ သစ်နဲ့ အသက်ရှင်တဲ့ ခရစ်တော်နဲ့ အတူ ထမြောက်ခဲ့သူများ ဖြစ်ပြီး၊ ခရစ်တော်ရဲ့ ခန္ဓာထဲမှာ တက်ညီ လက်ညီနဲ့ ရရှိ ဝိညာဉ်ရေးရာ ဆုကျေးဇူးများနဲ့ လက်တွေ့ ကျင့်ဆောင် အသက်ရှင်ဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။

(၁ကော ၁၂၊ ၁၃)
အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူ ဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော် တပါးတည်း အားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကို ခံကြ၏။ ငါတို့ ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။


တနည်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံ ခံခြင်းဟာ အသင်းတော်တွင်း စည်းလုံး ညီညွှတ် မျှတပြီး တလုံးတဝတည်း ဖြစ်ဖို့ အလေးပေး တိုက်တွန်း ထားချက် လည်းဖြစ် ပါတယ်။

(ရောမ ၆၊ ၄)
ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်းအသစ်သောအသက်၌ ကျင်လည်ရကြသတည်း။
(ဧဖက် ၄၊ ၅)
သင်တို့ကို ခေါ်တော်မူခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့ ခေါ်သွင်းတော် မူသည်နှင့် အညီ ကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ် တည်းရှိ၏။ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံ တပါး။
သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်း အားဖြင့် ခရစ်တော်နှင့်အတူ ခရစ်တော်ရဲ့ အသေခံ တော်မူခြင်း၊ သင်္ဂြိုလ်ခြင်း၊ ရှင်ပြန် ထမြောက် တော်မူခြင်းကို ထုပ်ဖေါ်ပြသခြင်းကို ဖြစ်စေပြီး၊ အသက်တာသစ်နဲ့ အသက်ရှင် ခွင့်ရတဲ့ ကျွန်ုပ်တို့ကို အပြစ်ရဲ့ မှောင်မိုက် တန်ခိုး အောက်ကနေ ရွေးနှုတ်ပြီး အသက်ရှင် နေထိုင် စေပါတယ်။
(ရောမ ၈၊ ၉)
သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော် မူလျှင်၊ သင်တို့သည် ဇာတိ ပကတိဘက်၌ ရှိကြသည် မဟုတ်။ ဝိညာဉ်ပကတိ ဘက်၌ ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကို မရသော သူမည် သည်ကား ခရစ်တော်နှင့် မဆိုင်။
(ရောမ ၆၊ ၁-၁၀)
သားသမီးတို့၊ သခင်ဘုရား၏ အလိုတော် နှင့်အညီ မိဘစကားကို နားထောင် ကြလော့။ မိဘ စကားကို နားထောင်ခြင်း အမှုသည် တရားသော အမှုဖြစ်၏။ အဘတို့၊ ကိုယ်သား သမီးကို စိတ်ဆိုး စေခြင်းငှါ မပြုကြနှင့်၊ သခင်ဘုရား၏ အလိုတော်နှင့် ညီသော ဆုံးမသွန် သင်ခြင်း ကို ပြုလျက် ကျွေးမွေး ကြလော့။ အစေခံ ကျွန်တို့၊ ခရစ်တော်၏ စကားကို နားထောင် သကဲ့သို့ ကြောက်ရွံ့ တုန်လှုပ်လျက်၊ စိတ်နှစ်ခွမရှိဘဲ လောကီ သခင်၏ စကားကို နားထောင် ကြလော့။ လူတို့၏ စိတ်ကို နူးညွတ် စေသော သူကဲ့သို့ မျက်မှောက် ၌သာ နားထောင်သည် မဟုတ်၊ ခရစ်တော်၏ ကျွန်ကဲ့သို့ စေတနာ စိတ်နှင့် ဘုရားသခင်၏ အလိုတော်ကို စောင့်၍၊ လူ၏ အစေကိုသာ ခံသကဲ့သို့ မဟုတ်၊ သခင်ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကို ခံကြလော့။ ကောင်းသော အကျင့်ကို ကျင့်သော သူမည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ် ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကို ခံရလိမ့်မည်ဟု သိမှတ် ကြလော့။ သခင်တို့၊ ခြိမ်းချောက်ခြင်း ကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြု ကြလော့။ သင်တို့၏ သခင်သည် ကောင်းကင် ဘုံ၌ ရှိတော် မူသည်ကို၎င်း၊ ထိုသခင်သည် အဘယ်သူ၏ မျက် နှာကို မှတ်တော် မမူသည်ကို၎င်း သိမှတ် ကြလော့။ ကြွင်းသေးသော စကား ဟူမူကား၊ ညီအစ်ကိုတို့၊ သခင် ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော် အရှိန် အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်း ရှိကြလော့။

(ကောလောသဲ ၂၊ ၁၂)
ဗတ္တိဇံ အားဖြင့် ထိုသခင်နှင့် အတူသင်္ဂြိုဟ် ခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်း မှထမြောက် စေတော် မူသော ဘုရားသခင်၏ ပြုပြင် အားထုတ်တော် မူခြင်းကို ယုံကြည်သော အားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့် အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။


သန့်ရှင်းသော ဝိညာဉ်တော် ဆိုတာ ဘုရား သခင်ပေးတဲ့ အံ့ဖွယ် ဆုကျေးဇူး တွေနဲ့ ဘုရားသခင် အလိုတော် ရှိတဲ့ အသက်တာနဲ့ ဖြောင့်ဖြောင့် တန်းတန်း အသက်ရှင် နိုင်ဖို့ လူသားတွေရဲ့ အသက်တာ လမ်းကြောင်းကို ပံ့ပိုးကူညီ ပေးနေတဲ့ ဘုရားသခင် ပေးတဲ့ အကြီးမြတ်ဆုံး ဆုလက်ဆောင် တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တမန်တော် ရှင်ပေါလုက ..
(၂တိ ၁၊ ၆)
“သင့်အထဲ၌ ဘုရား သခင်ပေးသော ဆုကို နှိုးဆော် မည်အကြောင်း” လို့ ဖေါ်ပြထား ပါတယ်။
သန့်ရှင်းသော ဝိညာဉ်တော်က ခရစ်ယာန် တစ်ဦးကို တစ်နေ့ထက် တစ်နေ့ ဘုရားသခင်နဲ့ တူညီလာဖို့၊ အဆုံးမှာ ထာဝရ အသက်တာနဲ့ အမွေခံဖို့၊ ဝိညာဉ်ရေးရာနဲ့ ဆိုင်တဲ့ တန်ခိုး၊ အလိုတော်ကို နားလည် စေခြင်းကို ပေးပါတယ်။

နိဂုံး။
ခရစ်တော် အားဖြင့် ရရှိသော အသက်တာ သစ်ကို ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီ အသက်ရှင်သန် နိုင်ဖို့၊ ကျွန်ုပ်တို့ အထဲ၌ ရှိသော သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ (၁)တန်ခိုးပေးခြင်း (၂)သွန်သင် လမ်းပြ ပဲ့ပြင် ခြင်းတွေကို ခံယူလိုက်နာပြီး ကျေးဇူးတော် ချီးမွမ်းတဲ့ အသက်တာနဲ့ အသက်ရှင် ကြပါစို့|-


ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)...

 
(Zawgyi)

နိဒါန္း။
သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္နဲ႔ ပတ္သက္ၿပီး အမ်ဳိး မ်ဳိး ေတြ႕ရျမင္ရ ၾကားသိရေတာ့၊ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ အားျဖင့္ ဗတၱိဇံခံျခင္း အေပၚ စိတ္႐ႈပ္ ေထြး မသြားေစ ခ်င္လုိ႔ ဒီေဆာင္း ပါးနဲ႔ သိရွိ သမွ် ေ၀မွ်ျခင္း ျဖစ္ပါတယ္။ တကယ္ေတာ့ သန္႔ရွင္းေသာ ၀ိညာဥ္ ေတာ္နဲ႔ ျပည့္၀ျခင္း ဆိုတာ ကိုယ့္ အသက္ တာမွာ သန္႔ရွင္း ေသာ ၀ိညာဥ္ ေတာ္က (၁)ဘယ္ လို ခြန္ အား (Empowers) ေပးသလဲ(၂)လမ္းျပ သြန္သင္ ​ၫႊန္ၾကား (Controls) ေနလဲ ဆိုတဲ့ အေၾကာင္း အရာေတြဘဲ ျဖစ္ပါတယ္။ (ေဖၚျပထားတဲ့ က်မ္းခ်က္ ေတြကို မျဖစ္မေန ဖတ္ေပးပါ)
(တမန္ ၄း၃၁)
ထိုသို႔ဆုေတာင္းပဌနာျပဳၿပီးမွ၊ စုေဝးေသာ အရပ္သည္ တုန္လႈပ္၍၊ ထိုသူအေပါင္း တို႔သည္ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္ႏွင့္ ျပည့္သျဖင့္၊ ဘုရားသခင္၏ ႏႈတ္ကပတ္ တရားေတာ္ကို ရဲရင့္စြာ ေဟာေျပာ ၾက၏။
(ဧဖက္ ၅း၁၈)
လြန္က်ဴး ေစတတ္ေသာ စပ်စ္ရည္ႏွင့္ ယစ္မူးျခင္းကို ေရွာင္၍ ဝိညာဥ္ေတာ္ႏွင့္ ျပည့္စံုလ်က္ ရွိၾကေလာ့။

သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ စိတ္ႏွလံုး အတြင္း ကိန္း၀ပ္ျခင္း|- ဆိုတာ ကြ်ႏ္ုပ္တို႔ရဲ႕ အသက္ တာထဲ၊ သန္႔ရွင္း ေသာ ၀ိညာဥ္ေတာ္ အစဥ္အၿမဲ ၀င္ေရာက္ ေနရာယူ ေနထိုင္ျခင္း ျဖစ္ပါတယ္။
(ေယာဟန္ ၁၄း၁၇)
ငါသည္ ခမည္းေတာ္ကို ေတာင္း၍၊ ခမည္း ေတာ္သည္ သမၼာ တရားကို ျပေသာ ဝိညာဥ္ေတာ္ တည္းဟူေသာ တပါးေသာ ဥပဇၥ်ယ္ ဆရာကို သင္တို႔ႏွင့္ အတူ အစဥ္မျပတ္ တည္ေနေစ ျခင္းငွါ သင္တို႔အား ေပးေတာ္ မူမည္။ ထုိဝိညာဥ္ ေတာ္ကို ေလာကီသား တို႔သည္ မသိမျမင္ ေသာေၾကာင့္ မခံမ ယူႏုိင္ၾက။ ထုိဝိညာဥ္ ေတာ္သည္ သင္တို႔ႏွင့္ အတူတည္ ေန၍၊ သင္တို႔၌ ရွိေတာ္မူ ေသာေၾကာင့္ သင္တို႔ သိရ ၾက၏။
(ေရာမ ၈း၉-၁၁)
သို႔ေသာ္လည္း ဘုရားသခင္၏ ဝိညာဥ္ေတာ္သည္ သင္တို႔အထဲ၌ က်ိန္းဝပ္ေတာ္ မူလွ်င္၊ သင္တို႔သည္ ဇာတိပကတိ ဘက္၌ ရွိၾကသည္ မဟုတ္။ ဝိညာဥ္ပကတိ ဘက္၌ရွိၾက၏။ ခရစ္ေတာ္၏ ဝိညာဥ္ကုိ မရေသာ သူမည္သည္ကား ခရစ္ေတာ္ႏွင့္ မဆုိင္။ ခရစ္ေတာ္သည္ သင္တို႔အထဲ၌ ရွိေတာ္မူလွ်င္၊ ကိုယ္ကာယသည္ အျပစ္ေၾကာင့္ အေသျဖစ္ေသာ္လည္း ဝိညာဥ္မူကား ေျဖာင့္မတည္ ျခင္းေၾကာင့္ အသက္ရွင္ လ်က္ရွိ၏။ ထုိမွ်မက၊ ေယရႈကို ေသျခင္းမွ ထေျမာက္ေစ ေတာ္မူေသာ ဘုရား၏ ဝိညာဥ္ေတာ္သည္ သင္တို႔အထဲ၌ က်ိန္းဝပ္ေတာ္ မူလွ်င္၊ ခရစ္ေတာ္ကို ေသျခင္းမွ ထေျမာက္ ေစေတာ္မူေသာ ဘုရားသည္ သင္တို႔အထဲ၌ က်ိန္းဝပ္ေသာ မိမိဝိညာဥ္ေတာ္ အားျဖင့္၊ ေသတတ္ေသာ သင္တို႔၏ ကိုယ္ကာယ ကိုပင္ ရွင္ေစေတာ္ မူမည္။

ေရအားျဖင့္ ဗတၱိဇံခံယူျခင္း|- ဆိုတာ ခရစ္ေတာ္နဲ႔ အတူ၊ ကြ်ႏ္ုပ္တို႔ရဲ႕ ဇာတိ အသက္ တာကို လက္၀ါး ကားတိုင္ ေပၚမွာ အေသသတ္ ျခင္းကိုခံယူၿပီး၊ ေရသခ်ဳႋင္းမွာ သၿဂႋဳလ္ျခင္း၊ ျမဳတ္ႏွံျခင္း၊ ေရထဲက ျပန္ထျခင္းဆိုတဲ့ ခရစ္ေတာ္ အားျဖင့္ ခရစ္ေတာ္ ႏွင့္အတူ ရွင္ျပန္ ထေျမာက္ျခင္း အသက္ တာသစ္နဲ႔ ျပန္လည္ ရွင္သန္ျခင္းကို လူေရွ႕ ဘုရားေရွ႕မွာ ၀န္ခံျခင္း ျဖစ္ၿပီး၊ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံခံျခင္း ကေတာ့ ခရစ္ေတာ္ အားျဖင့္ ရရွိတဲ့ အသက္တာ သစ္ကို ယခင္မိမိရဲ႕ ဇာတိသေဘာ၊ ဇာတိမေနာရဲ႕ ဦးေဆာင္ လမ္းၫႊန္မႈ ေအာက္မွာ  အသက္ ရွင္တာမ်ဳိး မဟုတ္ေတာ့ဘဲ၊ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတိၱဇံ ခံျခင္းဆိုတဲ့ မိမိ အသက္တာထဲ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ ကိန္း၀ပ္ ေနရာယူၿပီး၊ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ရဲ႕ တန္ခိုးနဲ႔ လမ္းျပမႈ၊ ဦးေဆာင္မႈ၊ သြန္သင္မႈ၊ ၫႊန္ၾကားမႈ အစီအစဥ္ ေအာက္မွာ အသက္ရွင္ ျခင္းကို ဆိုလိုတာ ျဖစ္ပါတယ္။
(၁ေကာ ၃း၁၆)
သင္တို႔ သည္ ဘုရားသခင္၏ ဗိမာန္ေတာ္ ျဖစ္ၾက သည္ကို၎၊ ဘုရားသခင္၏ ဝိညာဥ္ေတာ္ သည္သင္တို႔ အထဲ၌ က်ိန္းဝပ္ေတာ္ မူသည္ကို၎၊ မသိၾက သေလာ။
(၁ေကာ ၆း၁၉)
အဘယ္ သို႔နည္း။ သင္တို႔ကိုယ္ ခႏၶြာသည္ ဘုရားသခင္ေပး သနားေတာ္ မူေသာ ဝိညာဥ္ေတာ္ တည္းဟူေသာ၊ သင္တို႔အထဲ၌ က်ိန္းဝပ္၍ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္၏ ဗိမာန္ ျဖစ္ေၾကာင္း ကို၎၊ မိမိတို႔ကို မိမိတို႔မပိုင္ ေၾကာင္းကို၎၊ မသိၾကသေလာ။
(၁ေယာ ၄း၄)
ခ်စ္သားတို႔၊ သင္တို႔သည္ ဘုရားသခင္ႏွင့္ စပ္ဆုိင္ၾက၏။ ထုိသူ တို႔ကိုလည္း ေအာင္ၾကၿပီ။ အေၾကာင္ မူကား၊ သင္တုိ႔ဘက္၌ ရွိေသာသူသည္ ေလာကဘက္၌ ရွိေသာ သူထက္ သာ၍ ႀကီးေတာ္မူ၏။

သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္နဲ႔ ကြ်ႏ္ုပ္ တို႔ကို တံဆိပ္ခတ္ျခင္း|- ဆိုတာ၊ ကြ်ႏ္ုပ္တို႔ရဲ႕ အသက္တာ သစ္ဟာ ဘုရား သခင္ေပးတဲ့ အသက္တာသစ္ ျဖစ္လို႔၊ ကြ်ႏ္ုပ္တို႔ဟာ ဘုရားသခင္ ပိုင္ဆိုင္တဲ့ သူေတြျဖစ္ေၾကာင္း အမွတ္ အသား ျဖစ္ပါတယ္။
(ဧဖက္၁း၁၃-၁၄)
သင္တို႔သည္လည္း ကယ္တင္ေတာ္ မူျခင္းအေၾကာင္းႏွင့္ ယွဥ္ေသာ ဧဝံေဂလိတရား တည္းဟူေသာ သမၼာ တရားကို ၾကားနာရ၍ ထိုခရစ္ေတာ္ကို ယံုၾကည္ၿပီးမွ၊ ဂတိေတာ္ႏွင့္ ယွဥ္ေသာ သန္႔ရွင္းေသာ ဝိညာဥ္ ေတာ္၏ တံဆိပ္ခပ္ျခင္းကို ခံရၾကၿပီ။ ပိုင္ထိုက္ေတာ္ မူေသာသူတို႔သည္ ဘုန္းေတာ္ကို ခ်ီးမြမ္းျခင္း အေၾကာင္းႏွင့္ ေရြးႏႈတ္ေတာ္ မူျခင္းသို႔ မေရာက္မီွ ကာလပတ္လံုး ထိုဝိညာဥ္ ေတာ္သည္ ငါတို႔အေမြ၏ စားရန္ ျဖစ္ေတာ္မူ၏။

သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံခံျခင္းဟာ အျခားေသာ လုပ္ေဆာင္မႈေတြနဲ႔ ဆက္စပ္မႈ ရွိသလို၊ တစ္ခ်ိန္ တည္းမွာဘဲ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ အေနနဲ႔ သီးျခား လုပ္ေဆာင္ မႈေတြလည္း ရွိတတ္ပါတယ္။

သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံခံျခင္းနဲ႔ ဆိုင္တဲ့ ရလဒ္မ်ား|-
တမန္ေတာ္ ၀တၳဳထဲမွာ၊ တစ္ခါတစ္ေလ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတိၱဇံ ခံရတဲ့အခါမ်ဳိးမွာ အျခားေသာ ဘာသာစကား ေျပာတာကို ေတြ႕ရပါတယ္။
(တမန္ ၂း၄)
ထိုသူအေပါင္း တို႔သည္လည္း သန္႔ရွင္းေသာ ဝိညာဥ္ေတာ္ႏွင့္ ျပည့္၍၊ ဝိညာဥ္ေတာ္သည္ ေဟာေျပာေသာ အခြင့္ကို ေပးေတာ္ မူသည္အတိုင္း အမ်ိဳးမ်ိဳးေသာ ဘာသာစကား အားျဖင့္ ေဟာေျပာ ၾက၏။ 
(တမန္ ၁၀း၄၄-၄၆)
ထိုစကားကို ျမြက္ဆိုစဥ္၊ ႏႈတ္ကပတ္ တရားေတာ္ကို ၾကားနာရေသာ သူအေပါင္းတို႔ အေပၚသို႔ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္သည္ သက္ေရာက္ ေတာ္မူ၏။ တပါးအမ်ိဳးသား တို႔အေပၚသို႔ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္၏ ေက်းဇူးကို သြန္းေလာင္း ေသာေၾကာင့္၊ အေရဖ်ား လွီးျခင္းကို ခံေသာသူ တည္းဟူေသာ ေပတရုႏွင့္ ပါသမွ်ေသာ တပည့္ေတာ္တို႔သည္ မိန္းေမာေတြေဝ ျခင္းရွိၾက၏။ အေၾကာင္းမူကား ထိုသူတို႔သည္ အမ်ိဳး မ်ိဳးေသာ ဘာသာစကား အားျဖင့္ေျပာ၍၊ ဘုရားသခင္ကို ခ်ီးမြမ္းသည္ကို ၾကားၾကေလ၏။
(တမန္ ၁၉း၆)
ေပါလု သည္လည္း၊ သူတို႔အေပၚ၌ လက္ကိုတင္လွ်င္၊ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္သည္ ဆင္းသက္ေတာ္မူ သျဖင့္၊ ထိုသူတို႔သည္ အမ်ိဳးမ်ိဳးေသာ ဘာသာစကားကို ေျပာ၍ ပေရာဖက္ ျပဳၾက၏။

ဒါေပမယ့္.. အျခားျဖစ္ရပ္ ေတြမွာေတာ့.. ဧ၀ံေဂလိ သတင္း စကားကို ၾကားရတဲ့အခါ၊ အျခားေသာ ဘာသာ စကား မေျပာဘဲ၊ နာယူသူေတြ ေျပာင္းလဲ ၾကတယ္လို႔ ေဖၚျပ ထားပါတယ္။
(တမန္ ၂း၄၁)
ထိုစကားကို အသင့္ႏွလံုးသြင္း မိေသာ သူတို႔သည္ ဗတၱိဇံ ကိုခံ၍၊ ထိုေန႔၌ အေရအတြက္ အားျဖင့္ သံုးေထာင္မွ် ေလာက္ေသာ သူတို႔သည္ ဝင္ၾက၏။(တမန္ ၄း၄၊ ၅း၁၄၊ ၅း၁၄၊ ၈း၁၇၊ ၁၃း၁၂၊ ၄၈း၊ ၁၄း၁၊ ၁၇း၁၂၊ ၃၄၊ ၁၈း၈)။

သမၼာက်မ္းစာ ကေတာ့၊ ယံုၾကည္ သူတိုင္းဟာ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံမဂၤလာ ခံယူၾက ရတယ္လို႔ ရွင္းရွင္းလင္းလင္း အခိုင္အမာ ေဖၚျပထား ပါတယ္။
(၁ေကာ ၁၂း၁၃)
အေၾကာင္းမူကား၊ ယုဒလူျဖစ္ေစ၊ ေဟလသလူျဖစ္ေစ၊ ကြၽန္ျဖစ္ေစ၊ လူလြတ္ျဖစ္ေစ၊ ငါတို႔ ရွိသမွ်သည္ ဝိညာဥ္ ေတာ္တပါးတည္း အားျဖင့္ တကိုယ္တည္း ထဲသို႔ ဗတၱိဇံကို ခံၾက၏။ ငါတို႔ရွိသမွ်သည္ တစိတ္ တဝိညာဥ္ တည္းထဲသို႔လည္း ေသာက္ၾက၏။

ယံုၾကည္ ေျပာင္းလဲ လာသူတိုင္း အျခားေသာ ဘာသာစကား ေျပာၾကတယ္ လို႔ေတာ့ ေဖၚျပ မထားပါဘူး။
(၁ေကာ ၁၂း၂၇-၃၁)
သင္တို႔သည္ ခရစ္ေတာ္၏ ကိုယ္ျဖစ္ၾက၏။ အသီးသီး အဂၤါေတာ္ ျဖစ္ၾက၏။ ဘုရား သခင္သည္ ပဌမ အရာ၌ တမန္ေတာ္ တို႔ကို၎၊ ဒုတိယအရာ၌ ပေရာဖက္ တို႔ကို၎၊ တတိယအရာ၌ ဆရာတို႔ကို၎၊ ထိုေနာက္ တန္ခိုးျပေသာ သူတို႔ကို၎၊ ထိုေနာက္ အနာေရာဂါကို ၿငိမ္းေစႏိုင္ေသာ အခြင့္ရွိေသာ သူတို႔ကို၎၊ သင္းေထာက္ တို႔ကို၎၊ စီရင္အုပ္စိုးေသာ သူတို႔ကို၎၊ အမ်ိဳးမ်ိဳးေသာ ဘာသာစကားကို ေျပာႏိုင္ေသာ သူတို႔ကို၎၊ အသင္းေတာ္၌ ခန္႔ထားေတာ္မူ၏။ သင္းဝင္သူ ရွိသမွ်တို႔သည္ တမန္ေတာ္ ျဖစ္ၾကသေလာ။ ရွိသမွ်တို႔သည္ ပေရာဖက္ ျဖစ္ၾကသေလာ။ ရွိသမွ်တို႔သည္ ဆရာ ျဖစ္ၾကသေလာ။ ရွိသမွ်တို႔သည္ တန္ခိုးကို ျပႏိုင္ၾကသေလာ။ ရွိသမွ်တို႔သည္ အနာေရာဂါကို ၿငိမ္းေစႏိုင္ေသာ အခြင့္ ရွိၾကသေလာ။ ရွိသမွ် တို႔သည္ အမ်ိဳး မ်ိဳးေသာ ဘာသာစကားကို ေျပာႏိုင္ၾကသေလာ။ ရွိသမွ်တို႔သည္ ထိုဘာသာစကား၏ အနက္ကို ေဘာ္ျပ ႏိုင္ၾကသေလာ။ သင္တို႔သည္ အျမတ္ဆံုးေသာ ဆုေက်း ဇူးေတာ္ တို႔ကို အလြန္အလိုရွိ ၾကသည္တြင္၊ သာ၍ ျမတ္ေသာ လမ္းကို ငါျပဦးမည္။

ရလဒ္အေနနဲ႔၊ တစ္စံုတစ္ေယာက္္ ကယ္တင္ျခင္း ရရွိၿပီး၊ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံ ခံရတဲ့အခါ ဘယ္လိုမ်ဳိး နမိတ္ လကၡဏာ ရမယ္ဆိုၿပီး တထစ္ခ် ေမွ်ာ္လင့္လို႔ မရပါဘူး။ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံခံျခင္းကို အနက္ဖြင့္ဆိုရယင္.. ကယ္တင္ျခင္း ခံရတာနဲ႔ တၿပိဳင္နက္၊ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ အေနနဲ႔ အဲဒီလူ႔အတြင္းမွာ ခရစ္ေတာ္ ေနရာယူေစၿပီး သူနဲ႔ခရစ္ေတာ္ ေပါင္းစပ္မႈ ခံရသလို၊ သူ႔လိုအျခား ယံုၾကည္ေတြ နဲ႔လည္း ခရစ္ေတာ္ရဲ႕ ခႏၶာထဲမွာ အဂၤါ အစိတ္အပိုင္း အျဖစ္ တစ္လံုးတစ္၀တည္း ျဖစ္ခြင့္ ရျခင္းဘဲ ျဖစ္ပါတယ္။
(၁ေကာ ၁၂း၁၃)
အေၾကာင္းမူကား၊ ယုဒလူျဖစ္ေစ၊ ေဟလသလူျဖစ္ေစ၊ ကြၽန္ျဖစ္ေစ၊ လူလြတ္ျဖစ္ေစ၊ ငါတို႔ ရွိသမွ်သည္ ဝိညာဥ္ေတာ္ တပါးတည္း အားျဖင့္ တကိုယ္တည္းထဲသို႔ ဗတၱိဇံကို ခံၾက၏။ ငါတို႔ ရွိသမွ်သည္ တစိတ္တဝိညာဥ္ တည္းထဲသို႔လည္း ေသာက္ၾက၏။
(ေရာမ ၆း၁-၄)
ထုိသုိ႔မွန္လွ်င္၊ အဘယ္သို႔ ေျပာရမည္နည္း။ ေက်းဇူးေတာ္ ပြါးမ်ားေစျခင္းငွါ အျပစ္တရားကုိ က်င့္၍ ေနရမည္ ေလာ့။ ထုိသို႔မေနရ။ အျပစ္တရားမွ စုေတ့ေသာ သူတို႔သည္ ထုိတရား၌ အဘယ္သို႔ ရွင္ရဦး မည္နည္း။ ေယရႈခရစ္၌ ဗတၱိဇံ ကိုခံေသာသူ ရွိသမွ်တို႔သည္ အေသခံေတာ္ မူျခင္း၌ ဗတၱိဇံကို ခံၾကသည္ဟု သင္တို႔ မသိသေလာ။ ထုိေၾကာင့္၊ အေသခံေတာ္ မူျခင္း၌ ဗတၱိဇံကိုခံေသာ အားျဖင့္၊ ထုိသခင္ႏွင့္ အတူသၿဂႋဳဟ္ျခင္းကို ခံၾက၏။ အေၾကာင္း မူကား၊ ခရစ္ေတာ္သည္ ခမည္းေတာ္၏ ဘုန္းတန္ခုိး အားျဖင့္ ေသျခင္းမွ ထေျမာက္ေတာ္ မူသည္နည္းတူ၊ ငါတို႔သည္လည္း အသစ္ေသာ အသက္၌ က်င္လည္ရၾက သတည္း။

သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံခံျခင္းကို ဘယ္လိုလူ ရရွိတာလဲ|-
ခရစ္ေတာ္ကို ယံုၾကည္တဲ့ သူတိုင္းဟာ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတိၱဇံခံယူ ၿပီးသူေတြ ျဖစ္ၾကပါတယ္။ ဂ်ဴးလူမ်ဳိးမွ မဟုတ္ ခရစ္ေတာ္ကို ကယ္တင္ပိုင္ရွင္အျဖစ္ လက္ခံယံုၾကည္သူတိုင္း တလံုးတ၀တည္း ျဖစ္ေၾကာင္းကို တမန္ေတာ္ ရွင္ေပါလုက သိသာ ထင္ရွားေအာင္ ျပန္ၿပီး ေဖၚျပေပးထား ပါတယ္။
(၁ေကာ ၁၂း၁၃)
အေၾကာင္းမူကား၊ ယုဒလူျဖစ္ေစ၊ ေဟလသလူ ျဖစ္ေစ၊ ကြၽန္ျဖစ္ေစ၊ လူလြတ္ျဖစ္ေစ၊ ငါတို႔ရွိသမွ်သည္ ဝိညာဥ္ေတာ္ တပါးတည္း အားျဖင့္ တကိုယ္တည္းထဲသို႔ ဗတၱိဇံကို ခံၾက၏။ ငါတို႔ ရွိသမွ်သည္ တစိတ္ တဝိညာဥ္ တည္းထဲသို႔လည္း ေသာက္ၾက၏။

တမန္ေတာ္ ၀တၳဳ အခန္း(၂)ကို ဖတ္ၾကည့္ယင္ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံ ခံယူျခင္းဟာ ပင္ေတ ကုေတၱေန႔မွာ အစျပဳခဲ့ ပါတယ္။ ဒါဟာ (တမန္ ၁း၅) မွာ ခရစ္ေတာ္ ႀကိဳတင္ မိန္႔မွာ ခဲ့တဲ့ “ဂတိေတာ္အခ်က္ ဟူမူကား ေယာဟန္သည္ ေရ၌ ဗတၱိဇံကိုေပး၏။ သင္တို႔သည္ မၾကာမျမင့္မွီ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္၌ ဗတၱိဇံကို ခံရၾကလိမ့္မည္ဟု” ဆိုတဲ့ စကားေတာ္ ျပည့္စံုျခင္းဘဲ ျဖစ္ပါတယ္။

ပင္ေတ ကုေတၱပြဲေန႔မွာ တမန္ေတာ္ေတြ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္အားျဖင့္ ဗတၱိဇံကို ခံခဲ့ၾကရပါတယ္။ ဒါ့ေၾကာင့္ ဧ၀ံေဂလိ သတင္းေကာင္း ေဟာေျပာဖို႔ တန္ခိုးနဲ႔ ျပည့္၀လာၿပီး၊ ေထာင္နဲ႔ခ်ီတဲ့ သူေတြ ခရစ္ေတာ္ထံ ယံုၾကည္ၿပီး ေျပာင္းလဲ ခဲ့ၾကပါတယ္ (တမန္ ၂း၄၁)။ အဲဒီျဖစ္ရပ္ႏွစ္ခု ျဖစ္ၿပီးတဲ့ ေနာက္မွာ ရွမာရိမ်ဳိးေတြနဲ႔ တပါး အမ်ဳိးသားေတြ အေပၚ သက္ေသထူ ဖို႔အတြက္ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ ေခတၱဆိုင္းငံ သြားခဲ့ပါတယ္။
(တမန္ ၈း၁၄)
ရွမာရိ ၿမိဳ႔သားတို႔သည္ ဘုရားသခင္၏ ႏႈတ္ကပတ္ တရားေတာ္ကို ခံယူၾကၿပီဟု ေယရုရွလင္ၿမိဳ႔၌ ရွိေသာ တမန္ေတာ္ တို႔သည္ သိတင္းၾကားလွ်င္၊ ေပတရုႏွင့္ ေယာဟန္တို႔ကို ေစလႊတ္ၾက၏။ ထိုၿမိဳ႔သူ ၿမိဳ႔သားတို႔သည္ သခင္ေယရႈ၏ နာမ၌ ဗတၱိဇံကို ခံရံုမွ်သာ ရွိသျဖင့္၊ တစံုတေယာက္ေသာ သူအေပၚ၌ သန္႔ရွင္းေသာ ဝိညာဥ္ ေတာ္သည္ သက္ေရာက္ေတာ္ မမူေသးသည္ျဖစ္၍၊ တမန္ေတာ္တို႔သည္ ေရာက္ၾကလွ်င္၊ ဝိညာဥ္ေတာ္ကို ခံရမည္ အေၾကာင္း ထိုၿမိဳ႔သူ ၿမိဳ႔သားတို႔အဘို႔ ဆုေတာင္း၍၊ ထိုသူတို႔အေပၚ၌ လက္ကို တင္ေသာအားျဖင့္ သူတို႔ သည္ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္ကို ခံရၾက၏။
(တမန္ ၁၀း၂၇-၄၈)
ထိုသို႔ႏႈတ္ဆက္၍ ဝင္ေလေသာ္ စုေဝးလ်က္ ရွိၾကေသာ လူမ်ားကို ေတြ႔လွ်င္၊ ေပတရုက၊ ယုဒလူျဖစ္ေသာ သူတို႔သည္ တပါးအမ်ိဳးသားတို႔ႏွင့္ မေပါင္းေဘာ္ မခ်ဥ္းကပ္အပ္သည္ကို သင္တို႔သိၾက၏။ သို႔ေသာ္လည္း ညစ္ညဴးသည္ မစင္ၾကယ္ဟု အဘယ္သူကိုမွ် မေခၚရမည္ အေၾကာင္း၊ ဘုရားသခင္သည္၊ ငါ့အားဆံုးမ ျပသေတာ္ မူၿပီ။ ထိုေၾကာင့္ ငါ့ကိုေခၚ ၾကေသာအခါ ငါသည္ မျငင္းမခုန္ဘဲ လ်က္လာ၏။ သို႔ျဖစ္၍ အဘယ္ အေၾကာင္းေၾကာင့္ ငါ့ကိုေခၚ ၾကသနည္း၊ ငါေမးလိုသည္ဟု ထိုသူတို႔အား ေျပာဆို၏။ ေကာ္ေနလိကလည္း၊ အကြၽႏ္ုပ္သည္ ယခုအခ်ိန္နာရီ တိုင္ေအာင္ အစာေရွာင္၍ သံုးခ်က္တီး အခ်ိန္တြင္ အိမ္၌ ဆုေတာင္းလ်က္ ေနသည္၊ ယခုေလးရက္ ရွိပါၿပီ။ ထိုအခ်ိန္၌ လူတေယာက္သည္ ထြန္းေတာက္ေသာ အဝတ္ကို ဝတ္လ်က္ အကြၽႏ္ုပ္ ေရွ႔ေမွာက္၌ ရပ္၍၊ ေကာ္ေနလိ၊ သင္ျပဳေသာ ပဌနာကို ဘုရားသခင္သည္ ၾကား၍၊ သင္စြန္႔ႀကဲ ျခင္းကိုလည္း မွတ္ေတာ္မူၿပီ။ ထိုေၾကာင့္၊ ယုေပၸၿမိဳ႔သို႔ ေစလႊတ္၍ ေပတရု အမည္သစ္ကို ရေသာ ရွိမုန္ကို ေခၚပင့္ေလာ့။ ထုိသူသည္ ပင္လယ္နားမွာ သားေရလုပ္သမား ရွိမုန္၏အိမ္၌ တည္းေန၏။ ထိုသူသည္ ေရာက္လာလွ်င္ သင့္အား ေဟာေျပာလိမ့္မည္ဟု ေျပာဆိုပါ၏။ ထိုေၾကာင့္ အကြၽႏ္ုပ္သည္ ကိုယ္ေတာ္ ထံသို႔ အလ်င္အျမန္ ေစလႊတ္၍၊ ကိုယ္ေတာ္သည္ ၾကြလာေသာ အားျဖင့္ ေကာင္းမြန္စြာျပဳပါၿပီ။ သို႔ျဖစ္၍ ဘုရား သခင္သည္ ကိုယ္ေတာ္၌ မွာထားေတာ္ မူသမွ်ကို နားေထာင္ျခင္းငွါ၊ ယခုအကြၽႏ္ုပ္တို႔ ရွိသမွ်သည္ ဘုရားသခင္ ေရွေတာ္႔၌ အသင့္ ေနပါသည္ဟု ေကာ္ေနလိ ေျပာဆို၏။ ထိုအခါ ေပတရုသည္ ႏႈတ္ကိုဖြင့္၍၊ အကယ္စင္စစ္ ဘုရားသခင္သည္ လူမ်က္ႏွာကို မွတ္ေတာ္မမူ။ လူအမ်ိဳးမ်ိဳး တို႔တြင္ ဘုရားသခင္ကို ေၾကာက္ရြံ႔၍ တရားသျဖင့္ က်င့္ေဆာင္ေသာ သူသည္ အထံေတာ္၌ မ်က္ႏွာရသည္ကို ငါသိျမင္၏။ အလံုးစံုတို႔ကို အစိုးရေတာ္မူေသာ သခင္ေယရႈ ခရစ္အားျဖင့္ ရန္ၿငိမ္းျခင္း တရားဟူေသာ ဧဝံေဂလိ တရားကို ေဟာေတာ္ မူလွ်က္၊ ဣသေရလ အမ်ိဳးသားတို႔အား ေပးလိုက္ေတာ္ မူေသာ တရားေတာ္ ႏွင့္အညီ၊ ေယာဟန္သည္ ဗတၱိဇံတရားကို ေဟာသည္ေနာက္ ဂါလိလဲျပည္မွစ၍ ယုဒျပည္ အရပ္ရပ္တို႔၌ ႏွံ႔ျပားေသာ အေၾကာင္း အရာကို သင္တို႔သည္ သိၾက၏။ ထိုအေၾကာင္း အရာဟူမူကား၊ ဘုရားသခင္သည္ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္ ႏွင့္၎၊ တန္ခိုးေတာ္ႏွင့္၎၊ နာဇရက္ၿမိဳ႔သား ေယရႈကို ဘိသိက္ေပးေတာ္ မူသျဖင့္၊ ထိုသူသည္ ဘုရားသခင္၏ အခြင့္ေတာ္ႏွင့္ ေက်းဇူးျပဳလ်က္ မာရ္နတ္ ညွဥ္းဆဲေသာ သူအေပါင္း တို႔အား ခ်မ္းသာကို ေပးလ်က္ လွည့္လည္ ေတာ္မူ၏။ ငါတို႔သည္လည္း၊ ေယရုရွလင္ ၿမိဳ႔မွစ၍ ယုဒျပည္တြင္ ျပဳေတာ္မူေသာ အမႈမ်ားတို႔၏ သက္ေသခံျဖစ္ၾက၏။ ထိုသူကို သစ္တိုင္၌ ဆြဲ၍ ကြပ္မ်က္ ၾကေလ၏။ သံုးရက္ ေျမာက္ေသာ ေန႔၌ ဘုရားသခင္သည္ ထေျမာက္ ေစေတာ္မူ၍၊ လူအေပါင္းတို႔အား ထင္ရွားစြာ ျပေတာ္မမူ။ ဘုရားသခင္ ခန္႔ထားေတာ္ မူႏွင့္ေသာ သက္ေသခံ တည္းဟူေသာ ငါတို႔အား ထင္ရွားစြာ ျပေတာ္မူ၏။ ေသျခင္းမွ ထေျမာက္ ေတာ္မူ သည္ေနာက္၊ ထိုသခင္ႏွင့္ အတူ ငါတို႔သည္ စားေသာက္ ရၾက၏။ ထိုသခင္ သည္လည္း အသက္ရွင္ေသာ သူတို႔ႏွင့္ ေသေသာသူတို႔ကို တရားစီ ရင္ေသာ သခင္ျဖစ္ ေစျခင္းငွါ၊ ဘုရားသခင္ ခန္႔ထားေတာ္မူ ေၾကာင္းကို လူအေပါင္းတို႔အား ေဟာေျပာ ၾကေလာ့။ သက္ေသ ခံၾက ေလာ့ဟု ငါတို႔အား ပညတ္ထား ေတာ္မူ၏။ ထိုသခင္ကို ယံုၾကည္ေသာ သူရွိ သမွ် တို႔သည္ နာမေတာ္ အားျဖင့္ အျပစ္လႊတ္ ေတာ္မူျခင္း ေက်းဇူးကို ခံရၾကလတံ့ဟူ၍ ပေရာဖက္ အေပါင္း တို႔သည္ ထိုသခင္၏ သက္ေသခံ ျဖစ္ၾကသည္ဟု ေပတရု ျမြက္ဆို၏။ ထိုစကားကို ျမြက္ဆိုစဥ္၊ ႏႈတ္ကပတ္ တရားေတာ္ကို ၾကားနာ ရေသာသူ အေပါင္းတို႔ အေပၚသို႔ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္ သည္ သက္ေရာက္ ေတာ္မူ၏။ တပါးအမ်ိဳးသား တို႔အေပၚသို႔ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္၏ ေက်းဇူးကို သြန္းေလာင္း ေသာေၾကာင့္၊ အေရဖ်ား လွီးျခင္းကို ခံေသာသူတည္း ဟူေသာ ေပတရုႏွင့္ ပါသမွ်ေသာ တပည့္ေတာ္တို႔ သည္ မိန္းေမာ ေတြေဝျခင္း ရွိၾက၏။ အေၾကာင္းမူကား ထိုသူတို႔သည္ အမ်ိဳးမ်ိဳးေသာ ဘာသာစကား အားျဖင့္ ေျပာ၍၊ ဘုရားသခင္ကို ခ်ီးမြမ္းသည္ကို ၾကားၾကေလ၏။ ထိုအခါ ေပတရုက ငါတို႔ကဲ့သို႔ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္ကို ခံရေသာ ဤသူတို႔ကို ဗတၱိဇံ မေပးေစျခင္းငွါ အဘယ္သူသည္ ေရကို ျမစ္တားႏိုင္ သနည္းဟု ဆိုလ်က္၊ ဘုရားသခင္၏ နာမ၌ ဗတၱိဇံ ကိုခံေစမည္ အေၾကာင္း စီရင္ေလ ၏။ ထိုေနာက္မွ ေပတရုသည္ ကာလ အတန္ အၾကာ ေနပါမည္ အေၾကာင္းကို ထိုသူတို႔သည္ ေတာင္း ပန္ၾက၏။
ဘုရား သခင္ရဲ႕ ကယ္တင္ျခင္း စီမံကိန္းဟာ ဂ်ဴးလူမ်ဳိး ေတြအတြက္ေရာ၊ တစ္ပါး အမ်ဳိးသား ေတြအ တြက္ေရာ အတူတူဘဲ ျဖစ္တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ တမန္ေတာ္ ရွင္ေပတရုက “သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ ခံရေသာ ဤသူတို႔ကို ဗတၱိဇံ မေပးေစျခင္းငွာ အဘယ္သူသည္ ေရကို ျမစ္တား ႏိုင္သနည္း” လို ေျပာထား ပါတယ္။ သူတို႔ လည္းဘဲ ကြ်ႏ္ုပ္တို႔လို သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ကို ရရွိခံစား ၾကရပါတယ္။ ဒီအခ်က္ကို ၾကည့္ျခင္း အားျဖင့္ လူသားတိုင္း ဘယ္သူမဆို ခရစ္ေတာ္ကို ယံုၾကည္ လက္ခံ တဲ့အခါ သန္႔ရွင္းေသာ ၀ိညာဥ္ ေတာ္ရဲ႕ ဗတၱိဇံကို ခံစားရေၾကာင္း သိရွိႏိုင္ ပါတယ္။  

သန္႔ရွင္းေသာ ၀ိညာ္ေတာ္၌ ဗတိၱဇံခံျခင္းက ကြ်ႏ္ုပ္တို႔ကို ဘာေျပာ ေနပါသလဲ|-
အခ်ဳပ္အားျဖင့္၊ သန္႔ရွင္း ေသာ ၀ိညာဥ္ေတာ္ အားျဖင့္ ဗတိၱဇံဟာ အလုပ္ႏွစ္မ်ဳိး လုပ္ပါတယ္။ (၁)ကြ်ႏ္ုပ္တို႔ဟာ ၀ိညာဥ္ေရးရာ အားျဖင့္ ခရစ္ေတာ္နဲ႔အတူ ေသၿပီး ခရစ္ေတာ္နဲ႔အတူ ျပန္လည္ရွင္ျပန္ ထေျမာက္ျခင္း ခံရသူမ်ား ျဖစ္ေၾကာင္း၊ (၂)သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံ ခံျခင္းအားျဖင့္ ခရစ္ေတာ္၏ ခႏၶာႏွင့္ ဆက္သြယ္ေစၿပီး၊ အျခားေသာ ယံုၾကည္သူ အားလံုးႏွင့္လည္း တလံုးတ၀တည္း ျဖစ္ေစျခင္း ျဖစ္ပါသည္။  လက္ေတြ႕ က်က်ေျပာရယင္ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံ ခံျခင္းဆိုတာ၊ ကြ်ႏ္ုပ္တို႔ဟာ အသက္တာ သစ္နဲ႔ အသက္ရွင္တဲ့ ခရစ္ေတာ္နဲ႔ အတူ ထေျမာက္ခဲ့သူမ်ား ျဖစ္ၿပီး၊ ခရစ္ေတာ္ရဲ႕ ခႏၶာထဲမွာ တက္ညီ လက္ညီနဲ႔ ရရွိ ၀ိညာဥ္ေရးရာ ဆုေက်းဇူးမ်ားနဲ႔ လက္ေတြ႕ က်င့္ေဆာင္ အသက္ရွင္ဖို႔ကို ဆိုလိုတာ ျဖစ္ပါတယ္။
(၁ေကာ ၁၂း၁၃)
အေၾကာင္းမူကား၊ ယုဒလူျဖစ္ေစ၊ ေဟလသလူ ျဖစ္ေစ၊ ကြၽန္ျဖစ္ေစ၊ လူလြတ္ျဖစ္ေစ၊ ငါတို႔ရွိသမွ်သည္ ဝိညာဥ္ေတာ္ တပါးတည္း အားျဖင့္ တကိုယ္တည္းထဲသို႔ ဗတၱိဇံကို ခံၾက၏။ ငါတို႔ ရွိသမွ်သည္ တစိတ္ တဝိညာဥ္ တည္းထဲသို႔လည္း ေသာက္ၾက၏။

တနည္းအားျဖင့္ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံ ခံျခင္းဟာ အသင္းေတာ္တြင္း စည္းလံုး ညီ​ၫႊတ္ မွ်တၿပီး တလံုးတ၀တည္း ျဖစ္ဖို႔ု အေလးေပး တိုက္တြန္း ထားခ်က္ လည္းျဖစ္ ပါတယ္။
(ေရာမ ၆း၄)
ထုိေၾကာင့္၊ အေသခံေတာ္မူျခင္း၌ ဗတၱိဇံကိုခံေသာအားျဖင့္၊ ထုိသခင္ႏွင့္ အတူသၿဂႋဳဟ္ျခင္းကိုခံၾက၏။ အေၾကာင္းမူကား၊ ခရစ္ေတာ္သည္ ခမည္းေတာ္၏ ဘုန္းတန္ခုိးအားျဖင့္ ေသျခင္းမွထေျမာက္ေတာ္မူသည္ နည္းတူ၊ ငါတို႔သည္လည္းအသစ္ေသာအသက္၌ က်င္လည္ရၾကသတည္း။
(ဧဖက္ ၄း၅)
သင္တို႔ကို ေခၚေတာ္မူျခင္းႏွင့္ စပ္ဆိုင္ေသာ ေျမာ္လင့္ျခင္း တပါးထဲသို႔ ေခၚသြင္းေတာ္ မူသည္ႏွင့္ အညီ ကိုယ္တကိုယ္၊ ဝိညာဥ္တဝိညာဥ္ တည္းရွိ၏။ သခင္တပါး၊ ယံုၾကည္ျခင္းတပါး၊ ဗတၱိဇံ တပါး။

သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္၌ ဗတၱိဇံခံျခင္း အားျဖင့္ ခရစ္ေတာ္ႏွင့္အတူ ခရစ္ေတာ္ရဲ႕ အေသခံ ေတာ္မူျခင္း၊ သၿဂႋဳလ္ျခင္း၊ ရွင္ျပန္ ထေျမာက္ ေတာ္မူျခင္းကို ထုပ္ေဖၚျပသျခင္းကို ျဖစ္ေစၿပီး၊ အသက္တာသစ္နဲ႔ အသက္ရွင္ ခြင့္ရတဲ့ ကြ်ႏ္ုပ္တို႔ကို အျပစ္ရဲ႕ ေမွာင္မိုက္ တန္ခိုး ေအာက္ကေန ေ႐ြးႏႈတ္ၿပီး အသက္ရွင္္ ေနထိုင္ ေစပါတယ္။
(ေရာမ ၈း၉)
သို႔ေသာ္လည္း ဘုရားသခင္၏ ဝိညာဥ္ေတာ္သည္ သင္တို႔ အထဲ၌ က်ိန္းဝပ္ေတာ္ မူလွ်င္၊ သင္တို႔သည္ ဇာတိ ပကတိဘက္၌ ရွိၾကသည္ မဟုတ္။ ဝိညာဥ္ပကတိ ဘက္၌ ရွိၾက၏။ ခရစ္ေတာ္၏ ဝိညာဥ္ကုိ မရေသာ သူမည္ သည္ကား ခရစ္ေတာ္ႏွင့္ မဆုိင္။
(ေရာမ ၆း၁-၁၀)
သားသမီးတို႔၊ သခင္ဘုရား၏ အလိုေတာ္ ႏွင့္အညီ မိဘစကားကို နားေထာင္ ၾကေလာ့။ မိဘ စကားကို နားေထာင္ျခင္း အမႈသည္ တရားေသာ အမႈျဖစ္၏။ အဘတို႔၊ ကိုယ္သား သမီးကို စိတ္ဆိုး ေစျခင္းငွါ မျပဳၾကႏွင့္၊ သခင္ဘုရား၏ အလိုေတာ္ႏွင့္ ညီေသာ ဆံုးမသြန္ သင္ျခင္း ကို ျပဳလ်က္ ေကြၽးေမြး ၾကေလာ့။ အေစခံ ကြၽန္တို႔၊ ခရစ္ေတာ္၏ စကားကို နားေထာင္ သကဲ့သို႔ ေၾကာက္ရြံ႔ တုန္လႈပ္လ်က္၊ စိတ္ႏွစ္ခြမရွိဘဲ ေလာကီ သခင္၏ စကားကို နားေထာင္ ၾကေလာ့။ လူတို႔၏ စိတ္ကို ႏူးညြတ္ ေစေသာ သူကဲ့သို႔ မ်က္ေမွာက္ ၌သာ နားေထာင္သည္ မဟုတ္၊ ခရစ္ေတာ္၏ ကြၽန္ကဲ့သို႔ ေစတနာ စိတ္ႏွင့္ ဘုရားသခင္၏ အလိုေတာ္ကို ေစာင့္၍၊ လူ၏ အေစကိုသာ ခံသကဲ့သို႔ မဟုတ္၊ သခင္ဘုရား၏ အေစကို ခံသကဲ့သို႔ ၾကည္ညိဳေသာ သေဘာႏွင့္ အေစကို ခံၾကေလာ့။ ေကာင္းေသာ အက်င့္ကို က်င့္ေသာ သူမည္သည္ကား၊ ကြၽန္ျဖစ္ေစ၊ လူလြတ္ ျဖစ္ေစ၊ သခင္ဘုရား၏ လက္ေတာ္မွ အက်ိဳးကို ခံရလိမ့္မည္ဟု သိမွတ္ ၾကေလာ့။ သခင္တို႔၊ ၿခိမ္းေခ်ာက္ျခင္း ကို ခ်ဳပ္တည္း၍၊ ကိုယ္ကြၽန္တို႔ကို ထိုနည္းတူျပဳ ၾကေလာ့။ သင္တို႔၏ သခင္သည္ ေကာင္းကင္ ဘံု၌ ရွိေတာ္ မူသည္ကို၎၊ ထိုသခင္သည္ အဘယ္သူ၏ မ်က္ ႏွာကို မွတ္ေတာ္ မမူသည္ကို၎ သိမွတ္ ၾကေလာ့။ ႂကြင္းေသးေသာ စကား ဟူမူကား၊ ညီအစ္ကိုတို႔၊ သခင္ ဘုရား အားျဖင့္၎၊ တန္ခိုးေတာ္ အရွိန္ အားျဖင့္၎၊ ခိုင္ခန္႔ျခင္း ရွိၾကေလာ့။
(ေကာေလာသဲ ၂း၁၂)
ဗတၱိဇံ အားျဖင့္ ထုိသခင္ႏွင့္ အတူသၿဂႋဳဟ္ ျခင္းကိုခံၾက၏။ ခရစ္ေတာ္ကို ေသျခင္း မွထေျမာက္ ေစေတာ္ မူေသာ ဘုရားသခင္၏ ျပဳျပင္ အားထုတ္ေတာ္ မူျခင္းကို ယံုၾကည္ေသာ အားျဖင့္၊ ဗတၱိဇံကုိခံ၍ ထုိသခင္ႏွင့္ အတူ ထေျမာက္ျခင္းသုိ႔ ေရာက္ၾက၏။

သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ ဆိုတာ ဘုရား သခင္ေပးတဲ့ အံ့ဖြယ္ ဆုေက်းဇူး ေတြနဲ႔ ဘုရားသခင္ အလိုေတာ္ ရွိတဲ့ အသက္တာနဲ႔ ေျဖာင့္ေျဖာင့္ တန္းတန္း အသက္ရွင္ ႏိုင္ဖို႔ လူသားေတြရဲ႕ အသက္တာ လမ္းေၾကာင္းကို ပံ့ပိုးကူညီ ေပးေနတဲ့ ဘုရားသခင္ ေပးတဲ့ အႀကီးျမတ္ဆံုး ဆုလက္ေဆာင္ တစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ တမန္ေတာ္ ရွင္ေပါလုက ..
(၂တိ ၁း၆)
“သင့္အထဲ၌ ဘုရား သခင္ေပးေသာ ဆုကို ႏႈိးေဆာ္ မည္အေၾကာင္း” လို႔ ေဖၚျပထား ပါတယ္။

သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္က ခရစ္ယာန္ တစ္ဦးကို တစ္ေန႔ထက္ တစ္ေန႔ ဘုရားသခင္နဲ႔ တူညီလာဖို႔၊ အဆံုးမွာ ထာ၀ရ အသက္တာနဲ႔ အေမြခံဖို႔၊ ၀ိညာဥ္ေရးရာနဲ႔ ဆိုင္တဲ့ တန္ခိုး၊ အလိုေတာ္ကို နားလည္ ေစျခင္းကို ေပးပါတယ္။

နိဂံုး။
ခရစ္ေတာ္ အားျဖင့္ ရရွိေသာ အသက္တာ သစ္ကို ဘုရားသခင္ရဲ႕ အလိုေတာ္နဲ႔ အညီ အသက္ရွင္သန္ ႏိုင္ဖို႔၊ ကြ်ႏ္ုပ္တို႔ အထဲ၌ ရွိေသာ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ရဲ႕ (၁)တန္ခိုးေပးျခင္း (၂)သြန္သင္ လမ္းျပ ပဲ့ျပင္ ျခင္းေတြကို ခံယူလိုက္နာၿပီး ေက်းဇူးေတာ္ ခ်ီးမြမ္းတဲ့ အသက္တာနဲ႔ အသက္ရွင္ ၾကပါစို႔|-

၀ိညာဥ္မီးအိမ္(ခရစ္ယာန္စာေပစုစည္းမႈ)...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...