● “ငါတို့သခင်လာပြီ” (MARANATHA)

နိဒါန်း။
ဓမ္မသစ်ကျမ်း (၁ကော ၁၆၊ ၂၂) တွင် အကြင်သူသည် သခင် ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာ ဖြစ်စေ သတည်း။ သခင် ဘုရားသည် ကြွလာ တော်မူ၏။ (အင်္ဂလိပ်-KJV) If any man love not the Lord Jesus Christ, let him be Anathema Maranatha. ကောရိန်သု အသင်း တော်သို့ တမန်တော် ရှင်ပေါလု၏ နှုတ်ဆက် စကား ဖြစ်ပါသည်။


၁။ Anathema (အနသေမာ) ဆိုသည်မှာ၊-
(က)ကျိန်ခြင်း၊ ဖျက်ဆီးခြင်း၊ မုန်းတည်းခြင်း၊ ရွံရှာခြင်း များကို ခံထိုက်သော လူပုဂ္ဂိုလ် (သို့) အရာ ဝတ္ထု။
(ခ)ကျိန်စာ (သို့) သတ်ဖြတ်ခြင်း။
(ဂ)ကျိန်စာခံထိုက် သူများ(သို့)အရာများ ဝတ္ထုများ၊ ကျိန်စာ ပေးထိုက်သော လူများ(သို့)အရာများ ဝတ္ထုများ။
(ဃ)ဘာသာရေး အထုံးအဖွဲ့ အရ အသင်းတော်မှ ထုပ်ပယ်ခြင်း၊ သာသနာပ လူအဖြစ် သတ်မှတ်ခြင်း။
စသည့် အဓိပ္ပါယ်များ ရှိပါသည်။

၂။ Maranatha ဆိုသည်မှာ၊-
(၁ကော ၁၆:၂၂)၌ “ငါတို့ သခင် လာပြီ” သို့မဟုတ် “လာ လိမ့်မည်”ဟု အဓိပ္ပာယ် ရှိပါသည်။ (ဖိ ၄၊ ၅) “သခင် ဘုရားသည် အနီး အပါး၌ ရှိတော် မူ၏”။ (ယာကုပ် ၅၊ ၈-၉) ၈-သင်တို့ သည်လည်း သည်းခံလျက် စောင့်နေ ကြလော့။ ကိုယ်စိတ် နှလုံးကို မြဲမြံ စေကြလော့။ သခင် ဘုရား ကြွလာ တော်မူသော အချိန် ရောက်လု နီးပြီ။ “၉-ညီအစ် ကိုတို့။ စစ်ကြော စီရင်ခြင်း နှင့် ကင်းလွတ် မည်အကြောင်း၊ အချင်းချင်း ငြင်းခုံ ပြစ်တင် ခြင်းကို မပြုကြနှင့်၊ တရား စီရင် ပိုင်သော သူသည် တံခါး နားမှာ ရှိတော် မူ၏။” maranatha သည် “သခင် ကြွလာ တော်မူ သည်” သို့မဟုတ်“အိုဘုရား သခင်၊ ကြွလာ တော်မူခြင်း”ဟု အဓိပ္ပါယ် ရှိသော အာရမိ ဝေါဟာရ ဖြစ်သည်။ အချုပ် အားဖြင့် “ငါတို့ သခင် ကြွလာ တော်မူ သည့် အခါ၊ ခရစ် တော်ကို မှားယွင်း သော သူတို့အား တရား စီရင် တော် မူလိမ့် မည်” ဟု ဆိုလို ခြင်း ဖြစ်ပါ သည်။

၃။ကနဦးအသင်းတော်နှင့် maranatha၊-
ကနဦး အသင်း တော်သည် ညှဉ်းပန်း နှိပ်စက်မှု များကြုံတွေ့ ခဲ့ကြ ရပါသည်။ ရောမ အုပ်စိုးမှု အောက်တွင် အသက်ရှင် နေထိုင် ရသော ခရစ်ယာန် တစ်ဦး၏ ဘ၀မှာ သာမန် အခက် အခဲ များထက် ပိုသော ဘ၀၊ အသက်ကို ဖက်နဲ့ ထုပ်ထား ရသည့် ဘ၀ဟု ဆိုလျှင်ပင် လုံး၀မမှား နိုင်ချေ။ အကြောင်းမှာ ကဲသာ ဘုရင်သည် ဘုရား ဖြစ်ကြောင်း ရောမတွင် နေထိုင်သော လူတိုင်းအား ကြေညာချက် ထုတ်ပြန် ထားခြင်း ကြောင့် ဖြစ်သည်။ အဘယ့် ကြောင့် ဆိုသော်၊ ကနဦး အသင်းတော်ရှိ ယုံကြည်သူ ခရစ်ယာန် အားလုံးသည် ဘုရားသခင် ဖြစ်တော် မူသော သခင် ယေရှု တပါးတည်း သာရှိ သည်ဟု ယုံကြည်ပြီး၊ သခင် ယေရှုမှ လွဲ၍ အခြား သခင် သူတို့၌ မရှိ၊ ကဲသာ ဘုရင် အားလည်း သခင်” အဖြစ် လက်မခံနိုင်၊ မသတ်မှတ်နိုင် သောကြောင့်၊ ရောမ တို့က ၎င်းတို့ကို သစ္စာ ဖောက်များ အဖြစ် သတ်မှတ်ပြီး နှိပ်စက်ခြင်း၊ ညှဉ်းပန်းခြင်း၊ သတ်ဖြတ် ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဤသို့သော အခြေ အနေတွင် ကနဦး ခရစ်ယာန်များ အနေဖြင့် နေ့စဉ် သခင်ယေရှု ကြွလာ တော်မူခြင်း ကိုသာ မျှော်လင့်လျက် အသက်ရှင်ခဲ့ ကြရသည်။ ဤသို့ အားဖြင့် maranatha ဝေါဟာရသည် ညှင်းဆဲ သတ်ဖြတ်ခံ ကနဦး ခရစ်ယာန် များကြား၌ နှင့်တစ်ဦး တွေ့ဆုံရာတွင် အားပေး သည့်အနေဖြင့် အသုံးပြုသည့် နှုတ်ဆက် စကား (Greeting) အဖြစ် ဘုံအသုံး ပြုသော ဝေါဟာရ ဖြစ်လာပြီး၊ ယင်းမှ တဆင့် ဂျူးလူမျိူးတို့ အကြား နှုတ်ခွန်းဆက် ဝေါဟာရ ဖြစ်သော maranatha မှ shalom (peace ငြိမ်ချမ်းခြင်း) ဝေါဟာရသို့ အစားထိုး အသုံး ပြုလာကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။

(မဿဲ ၁၀၊ ၃၄။ လုကာ ၁၂၊ ၅၁)တွင် “မြေပေါ်သို့ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သော ငှာ ငါလာ သည်ဟု မထင် ကြနှင့်။ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သောငှာ ငါလာသည် မဟုတ်၊ ထားကို စေလွှတ် အံ့သောငှာ ငါလာ သတည်း” ဟူ၍ လည်းကောင်း၊ “မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှာ ငါလာသည်ဟု ထင်ကြ သလော။ ထိုသို့သော အလို့ငှာ ငါလာသည် မဟုတ်။ အချင်းချင်း ကွဲပြားစေ ခြင်းငှာ ငါလာ သတည်းဟု ဆို၏”။ ခရစ်တော် မိန့်တော်မူ ခဲ့သော စကားကြောင့် ကနဦး ခရစ်ယာန် ယုံကြည် များသည်၊ သူတို့၏ အသက်တာ၌ ငြိမ်သက်ခြင်း ရှိလိမ့်မည် မဟုတ် ကြောင်းကို သိထားနှင့် ကြပြီး ဖြစ်သည်။ သို့ရာတွင် ခရစ်တော် တဖန် ပြန်လည် ကြွလာပြီး၊ ၎င်းတို့ အတွက် ငြိမ်းချမ်းမှု အပေါင်းနှင့် ပြည့်စုံသည့် ဘုရားသခင့် နိုင်ငံတော်ကို ထူထောင် မည်ဟူသော ခရစ်တော်၏ မိန့်မှာချက် အပေါ်သာ မျက်မှောက် ပြုကာ နေ့စဉ်နှင့်အမျှ အသက် ရှင်ကြ ရသည်။ ယင်းမိန့်တော် မူချက်သည် ၎င်းတို့ အတွက် အလွန် သက်သာခြင်းနှင့် နှစ်သိမ့်မှုကို ဖြစ်စေ ပါသည်။ (လုကာ ၂၁၊ ၂၈။ ဗျာဒိတ် ၂၂၊ ၁၂)တွင် ဖေါ်ပြ ထားသော “ထိုအမှု အရာ တို့သည် ဖြစ်စ ရှိသော အခါ သင်တို့ကို ရွေးနှုတ် သော အချိန် ကာလ ရောက်လုနီး သည်ကို ထောက် သဖြင့်၊ မြှော်ကြည့်၍ ခေါင်းကို ကြွကြ လော့ဟု မိန့်တော် မူ၏။” “ငါသည် အလျင် အမြန် လာမည်။ ငါသည် အကျိုး အပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူအသီး သီးတို့အား မိမိတို့ အကျင့် အတိုင်း ဆပ်ပေးမည်။” ထို့ကြောင့် သခင် ယေရှု ပြန်လည် ကြွလာမည် ဟူသော မိန့်တော် မူချက်သည် သူတို့အား အစဉ် နှိုးဆော် ပေးလျက် ရှိနေ ပါသည်။

မျက်မှောက်ခေတ် ခရစ်တော်ကို ယုံကြည်သော ခရစ်ယာန်များခရစ်ယာန်များ အနေဖြင့် မိမိတို့ အသက်တာ တွင် ရင်ဆိုင် ကြုံတွေ့ နေရသော စုံစမ်း နှောက်ယှက် ခြင်းများ၊ အခက် အခဲ ပြဿနာ များအား ဖြေရှင်း နိုင်ရန် ခရစ်တော် သည် ဉာဏ်ပညာ အလင်း အားဖြင့် အချိန်မရွေး ကျွန်ုပ်တို့ထံ ဝင်ရောက် နေရာ ယူပေးရန် အသင့်ရှိသော ဘုရားသခင် ဖြစ်ကြောင်း နားလည်ယုံကြည်ရန် လိုအပ်ပါသည်။ သို့မှသာ ကျွန်ုပ်တို့ အသက် တာတွင် ခရစ်တော် ကြွလာတော် မူခြင်းကို နေ့စဉ်နှင့် အမျှ မျှော်လင့် တောင့်တ အသက်ရှင် နိုင်မည် ဖြစ်ပါမည်။ ထိုနည်းတူ maranatha ဟူသော ဝေါဟာရ စကားလုံး သည် ကျွန်ုပ်တို့၏ အမြင်၊ အတွေး အခေါ်၊ အယူ အဆနှင့် သဘောထား များကို ဝိညာဉ် တော်နှင့် ဆိုင်သည့် ထာ၀ရ တည်မြဲသော အရာများ ဆီသို့ အာရုံပြုရန်၊ မျက်မှောက်ပြုရန် လမ်းပြ ထိမ်းကြောင်း ပဲ့ပြင် သွန်သင် နေကြောင်း တွေ့ရှိရ ပါသည်။ ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ များကို အာရုံစိုက် ခြင်းသည် လူတို့၏ စိတ်ပိုင်း ဆိုင်ရာအား နေ့စဉ်နှင့် အမျှ ပူပန်ခြင်း၊ မငြိမ်ချမ်း၊ မငြိမ် သက်ခြင်း များကိုသာ ပေါ်ပေါက် စေပါသည်။ သင့်အသက် တာကို ကြည့်ပါ၊ သင့်ပတ်ဝန်း ကျင်ကို ကြည့်ပါ၊ မြေကြီး တပြင်လုံး ကိုကြည့်ပါ၊ စိတ်ဓာတ် ကျနေ သူများ၊ စိတ်ပျက် နေသူများ၊ စိတ်ပူပန် နေသူများ၊ စိတ်သောက ရောက်နေ သူများ နှင့်သာ ပြည့်နှက် နေပါသည်။လောကီ ပူပန်မှုများကြား နစ်မွန်း နေသော လူသားတိုင်းအား လည်း maranatha “ငါတို့သခင် လာပြီ...” ယေရှု ကြွလာ ခြင်းကို မျှော်လင့် လျက် မတည် မြဲသော အရာများအား အာရုံပြု အသက်ရှင် နေခြင်းမှ ထာ၀ရ တည်မြဲသော အရာများ ရှိရာ ဖက်သို့ မျက်မှောက် ပြုရန် ဘုရား သခင် အလိုတော် ရှိနေ ပါသည်။

နိဂုံး၊-
(၁)မျက်မှောက် ခေတ်ကာ လသည် ကနဦး အသင်းတော် များနှင့် ယုံကြည်သူ ခရစ်ယာန် များရင်ဆိုင် ခဲ့ရသော ညှင်းဆဲ သတ်ဖြတ် ခြင်းဘေး မရှိတော့ သော်လည်း၊ စာတန် မာန၏ နည်းဗျူဟာသစ် မျိုးစုံ၊ နည်း စနစ်သစ် မျိုးစုံ ပါဝင်သော အဆင့်မြင့် သတ်ဖြတ် ညှင်းဆဲခြင်း များဖြင့် တိုက်ခိုက် နေသော ကာလ ဖြစ်ကြောင်း နားလည် ဖို့ရန် အရေး ကြီးပါသည်။ ဝမ်းနည်း စရာ ကောင်း သည်မှာ၊ အများသော သူတို့သည် မိမိအား စာတန်မှ တိုက်ခိုက် နေမှန်း ကိုပင် မရိပ်မိချေ။ အချို့မှာ မိမိအား စာတန် တိုက်ခိုက် နေမှန်း သိလျက်နှင့် အလေး အနက် မထားဘဲ နေကြခြင်း ပင်ဖြစ်သည်။ လူနည်းစုမှာ ယင်းတိုက် ခိုက်မှုများကို ခရစ်တော် ပေးသော ခွန်အား များဖြင့် ဆိုင်ပြိုင် တိုက်လှန် အသက် ရှင်လျက် နေကြ ပါသည်။ (ဧဖက် ၆၊ ၁၀-၁၈)အား မဖြစ် မနေ ဖတ်ရန်။
(၂) မည်သည့် အခြေ အနေ မျိုး၌ပင် ဖြစ်စေ၊ ကွန်ုပ်တို့သည် ကနဦး အသင်းတော်ရှိ ဘိုးဘေး များကဲ့သို့ လောကီနှင့် ဆိုင်သော အရာများ အပေါ် မျက်မှောက် မပြုဘဲ၊ ထာ၀ရနှင့် ဆိုင်သော ကိစ္စ အလုံးစုံ တို့ကို သာ မျှော်လင့် တောင့်တလျက်၊ ကျွန်ုပ်တို့ သခင် ယေရှု ခရစ်တော် ကြွလာ တော်မူခြင်း maranatha အား ပန်းတိုင်ပြု အသက်ရှင် ကြပါစို့ဟု ဖေါ်ပြရင်း နိဂုံးချုပ် အပ်ပါသည်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

(Zawgyi)

နိဒါန္း။

ဓမၼသစ္က်မ္း (၁ေကာ ၁၆၊ ၂၂) တြင္ အၾကင္သူသည္ သခင္ ေယရႈခရစ္ကို မခ်စ္၊ ထိုသူသည္ အနေသမာ ျဖစ္ေစ သတည္း။ သခင္ ဘုရားသည္ ႂကြလာ ေတာ္မူ၏။ (အဂၤလိပ္-KJV) If any man love not the Lord Jesus Christ, let him be Anathema Maranatha. ေကာရိန္သု အသင္း ေတာ္သို႔ တမန္ေတာ္ ရွင္ေပါလု၏ ႏႈတ္ဆက္ စကား ျဖစ္ပါသည္။



၁။ Anathema (အနေသမာ) ဆိုသည္မွာ၊-


(က)က်ိန္ျခင္း၊ ဖ်က္ဆီးျခင္း၊ မုန္းတည္းျခင္း၊ ႐ြံရွာျခင္း မ်ားကို ခံထိုက္ေသာ လူပုဂၢိဳလ္ (သို႔) အရာ ဝတၳဳ။

(ခ)က်ိန္စာ (သို႔) သတ္ျဖတ္ျခင္း။

(ဂ)က်ိန္စာခံထိုက္ သူမ်ား(သို႔)အရာမ်ား ဝတၳဳမ်ား၊ က်ိန္စာ ေပးထိုက္ေသာ လူမ်ား(သို႔)အရာမ်ား ဝတၳဳမ်ား။

(ဃ)ဘာသာေရး အထုံးအဖြဲ႕ အရ အသင္းေတာ္မွ ထုပ္ပယ္ျခင္း၊ သာသနာပ လူအျဖစ္ သတ္မွတ္ျခင္း။

စသည့္ အဓိပၸါယ္မ်ား ရွိပါသည္။


၂။ Maranatha ဆိုသည္မွာ၊-

(၁ေကာ ၁၆:၂၂)၌ “ငါတို႔ သခင္ လာၿပီ” သို႔မဟုတ္ “လာ လိမ့္မည္”ဟု အဓိပၸာယ္ ရွိပါသည္။ (ဖိ ၄၊ ၅) “သခင္ ဘုရားသည္ အနီး အပါး၌ ရွိေတာ္ မူ၏”။ (ယာကုပ္ ၅၊ ၈-၉) ၈-သင္တို႔ သည္လည္း သည္းခံလ်က္ ေစာင့္ေန ၾကေလာ့။ ကိုယ္စိတ္ ႏွလုံးကို ၿမဲၿမံ ေစၾကေလာ့။ သခင္ ဘုရား ႂကြလာ ေတာ္မူေသာ အခ်ိန္ ေရာက္လု နီးၿပီ။ “၉-ညီအစ္ ကိုတို႔။ စစ္ေၾကာ စီရင္ျခင္း ႏွင့္ ကင္းလြတ္ မည္အေၾကာင္း၊ အခ်င္းခ်င္း ျငင္းခုံ ျပစ္တင္ ျခင္းကို မျပဳၾကႏွင့္၊ တရား စီရင္ ပိုင္ေသာ သူသည္ တံခါး နားမွာ ရွိေတာ္ မူ၏။” maranatha သည္ “သခင္ ႂကြလာ ေတာ္မူ သည္” သို႔မဟုတ္“အိုဘုရား သခင္၊ ႂကြလာ ေတာ္မူျခင္း”ဟု အဓိပၸါယ္ ရွိေသာ အာရမိ ေဝါဟာရ ျဖစ္သည္။ အခ်ဳပ္ အားျဖင့္ “ငါတို႔ သခင္ ႂကြလာ ေတာ္မူ သည့္ အခါ၊ ခရစ္ ေတာ္ကို မွားယြင္း ေသာ သူတို႔အား တရား စီရင္ ေတာ္ မူလိမ့္ မည္” ဟု ဆိုလို ျခင္း ျဖစ္ပါ သည္။


၃။ကနဦးအသင္းေတာ္ႏွင့္ maranatha၊-

ကနဦး အသင္း ေတာ္သည္ ညႇဥ္းပန္း ႏွိပ္စက္မႈ မ်ားႀကဳံေတြ႕ ခဲ့ၾက ရပါသည္။ ေရာမ အုပ္စိုးမႈ ေအာက္တြင္ အသက္ရွင္ ေနထိုင္ ရေသာ ခရစ္ယာန္ တစ္ဦး၏ ဘ၀မွာ သာမန္ အခက္ အခဲ မ်ားထက္ ပိုေသာ ဘ၀၊ အသက္ကို ဖက္နဲ႔ ထုပ္ထား ရသည့္ ဘ၀ဟု ဆိုလွ်င္ပင္ လုံး၀မမွား ႏိုင္ေခ်။ အေၾကာင္းမွာ ကဲသာ ဘုရင္သည္ ဘုရား ျဖစ္ေၾကာင္း ေရာမတြင္ ေနထိုင္ေသာ လူတိုင္းအား ေၾကညာခ်က္ ထုတ္ျပန္ ထားျခင္း ေၾကာင့္ ျဖစ္သည္။ အဘယ့္ ေၾကာင့္ ဆိုေသာ္၊ ကနဦး အသင္းေတာ္ရွိ ယုံၾကည္သူ ခရစ္ယာန္ အားလုံးသည္ ဘုရားသခင္ ျဖစ္ေတာ္ မူေသာ သခင္ ေယရႈ တပါးတည္း သာရွိ သည္ဟု ယုံၾကည္ၿပီး၊ သခင္ ေယရႈမွ လြဲ၍ အျခား သခင္ သူတို႔၌ မရွိ၊ ကဲသာ ဘုရင္ အားလည္း သခင္” အျဖစ္ လက္မခံႏိုင္၊ မသတ္မွတ္ႏိုင္ ေသာေၾကာင့္၊ ေရာမ တို႔က ၎တို႔ကို သစၥာ ေဖာက္မ်ား အျဖစ္ သတ္မွတ္ၿပီး ႏွိပ္စက္ျခင္း၊ ညႇဥ္းပန္းျခင္း၊ သတ္ျဖတ္ ျခင္းမ်ား ျပဳလုပ္ခဲ့ပါသည္။ ဤသို႔ေသာ အေျခ အေနတြင္ ကနဦး ခရစ္ယာန္မ်ား အေနျဖင့္ ေန႔စဥ္ သခင္ေယရႈ ႂကြလာ ေတာ္မူျခင္း ကိုသာ ေမွ်ာ္လင့္လ်က္ အသက္ရွင္ခဲ့ ၾကရသည္။ ဤသို႔ အားျဖင့္ maranatha ေဝါဟာရသည္ ညႇင္းဆဲ သတ္ျဖတ္ခံ ကနဦး ခရစ္ယာန္ မ်ားၾကား၌ ႏွင့္တစ္ဦး ေတြ႕ဆုံရာတြင္ အားေပး သည့္အေနျဖင့္ အသုံးျပဳသည့္ ႏႈတ္ဆက္ စကား (Greeting) အျဖစ္ ဘုံအသုံး ျပဳေသာ ေဝါဟာရ ျဖစ္လာၿပီး၊ ယင္းမွ တဆင့္ ဂ်ဴးလူမ်ိဴးတို႔ အၾကား ႏႈတ္ခြန္းဆက္ ေဝါဟာရ ျဖစ္ေသာ maranatha မွ shalom (peace ၿငိမ္ခ်မ္းျခင္း) ေဝါဟာရသို႔ အစားထိုး အသုံး ျပဳလာၾကျခင္း ျဖစ္သည္ဟု ဆိုၾကသည္။


(မႆဲ ၁၀၊ ၃၄။ လုကာ ၁၂၊ ၅၁)တြင္ “ေျမေပၚသို႔ ၿငိမ္သက္ ျခင္းကို ေစလႊတ္ အံ့ေသာ ငွာ ငါလာ သည္ဟု မထင္ ၾကႏွင့္။ ၿငိမ္သက္ ျခင္းကို ေစလႊတ္ အံ့ေသာငွာ ငါလာသည္ မဟုတ္၊ ထားကို ေစလႊတ္ အံ့ေသာငွာ ငါလာ သတည္း” ဟူ၍ လည္းေကာင္း၊ “ေျမေပၚ၌ ၿငိမ္သက္ျခင္းကို ေပးအံ့ေသာငွာ ငါလာသည္ဟု ထင္ၾက သေလာ။ ထိုသို႔ေသာ အလို႔ငွာ ငါလာသည္ မဟုတ္။ အခ်င္းခ်င္း ကြဲျပားေစ ျခင္းငွာ ငါလာ သတည္းဟု ဆို၏”။ ခရစ္ေတာ္ မိန႔္ေတာ္မူ ခဲ့ေသာ စကားေၾကာင့္ ကနဦး ခရစ္ယာန္ ယုံၾကည္ မ်ားသည္၊ သူတို႔၏ အသက္တာ၌ ၿငိမ္သက္ျခင္း ရွိလိမ့္မည္ မဟုတ္ ေၾကာင္းကို သိထားႏွင့္ ၾကၿပီး ျဖစ္သည္။ သို႔ရာတြင္ ခရစ္ေတာ္ တဖန္ ျပန္လည္ ႂကြလာၿပီး၊ ၎တို႔ အတြက္ ၿငိမ္းခ်မ္းမႈ အေပါင္းႏွင့္ ျပည့္စုံသည့္ ဘုရားသခင့္ ႏိုင္ငံေတာ္ကို ထူေထာင္ မည္ဟူေသာ ခရစ္ေတာ္၏ မိန႔္မွာခ်က္ အေပၚသာ မ်က္ေမွာက္ ျပဳကာ ေန႔စဥ္ႏွင့္အမွ် အသက္ ရွင္ၾက ရသည္။ ယင္းမိန႔္ေတာ္ မူခ်က္သည္ ၎တို႔ အတြက္ အလြန္ သက္သာျခင္းႏွင့္ ႏွစ္သိမ့္မႈကို ျဖစ္ေစ ပါသည္။ (လုကာ ၂၁၊ ၂၈။ ဗ်ာဒိတ္ ၂၂၊ ၁၂)တြင္ ေဖၚျပ ထားေသာ “ထိုအမႈ အရာ တို႔သည္ ျဖစ္စ ရွိေသာ အခါ သင္တို႔ကို ေ႐ြးႏႈတ္ ေသာ အခ်ိန္ ကာလ ေရာက္လုနီး သည္ကို ေထာက္ သျဖင့္၊ ေျမႇာ္ၾကည့္၍ ေခါင္းကို ႂကြၾက ေလာ့ဟု မိန႔္ေတာ္ မူ၏။” “ငါသည္ အလ်င္ အျမန္ လာမည္။ ငါသည္ အက်ိဳး အျပစ္ကို ေဆာင္ခဲ့သည္ ျဖစ္၍၊ လူအသီး သီးတို႔အား မိမိတို႔ အက်င့္ အတိုင္း ဆပ္ေပးမည္။” ထို႔ေၾကာင့္ သခင္ ေယရႈ ျပန္လည္ ႂကြလာမည္ ဟူေသာ မိန႔္ေတာ္ မူခ်က္သည္ သူတို႔အား အစဥ္ ႏႈိးေဆာ္ ေပးလ်က္ ရွိေန ပါသည္။


မ်က္ေမွာက္ေခတ္ ခရစ္ေတာ္ကို ယုံၾကည္ေသာ ခရစ္ယာန္မ်ားခရစ္ယာန္မ်ား အေနျဖင့္ မိမိတို႔ အသက္တာ တြင္ ရင္ဆိုင္ ႀကဳံေတြ႕ ေနရေသာ စုံစမ္း ေႏွာက္ယွက္ ျခင္းမ်ား၊ အခက္ အခဲ ျပႆနာ မ်ားအား ေျဖရွင္း ႏိုင္ရန္ ခရစ္ေတာ္ သည္ ဉာဏ္ပညာ အလင္း အားျဖင့္ အခ်ိန္မေ႐ြး ကြၽႏ္ုပ္တို႔ထံ ဝင္ေရာက္ ေနရာ ယူေပးရန္ အသင့္ရွိေသာ ဘုရားသခင္ ျဖစ္ေၾကာင္း နားလည္ယုံၾကည္ရန္ လိုအပ္ပါသည္။ သို႔မွသာ ကြၽႏ္ုပ္တို႔ အသက္ တာတြင္ ခရစ္ေတာ္ ႂကြလာေတာ္ မူျခင္းကို ေန႔စဥ္ႏွင့္ အမွ် ေမွ်ာ္လင့္ ေတာင့္တ အသက္ရွင္ ႏိုင္မည္ ျဖစ္ပါမည္။ ထိုနည္းတူ maranatha ဟူေသာ ေဝါဟာရ စကားလုံး သည္ ကြၽႏ္ုပ္တို႔၏ အျမင္၊ အေတြး အေခၚ၊ အယူ အဆႏွင့္ သေဘာထား မ်ားကို ဝိညာဥ္ ေတာ္ႏွင့္ ဆိုင္သည့္ ထာ၀ရ တည္ၿမဲေသာ အရာမ်ား ဆီသို႔ အာ႐ုံျပဳရန္၊ မ်က္ေမွာက္ျပဳရန္ လမ္းျပ ထိမ္းေၾကာင္း ပဲ့ျပင္ သြန္သင္ ေနေၾကာင္း ေတြ႕ရွိရ ပါသည္။ ႐ုပ္ဝတၳဳ ပိုင္းဆိုင္ရာ မ်ားကို အာ႐ုံစိုက္ ျခင္းသည္ လူတို႔၏ စိတ္ပိုင္း ဆိုင္ရာအား ေန႔စဥ္ႏွင့္ အမွ် ပူပန္ျခင္း၊ မၿငိမ္ခ်မ္း၊ မၿငိမ္ သက္ျခင္း မ်ားကိုသာ ေပၚေပါက္ ေစပါသည္။ သင့္အသက္ တာကို ၾကည့္ပါ၊ သင့္ပတ္ဝန္း က်င္ကို ၾကည့္ပါ၊ ေျမႀကီး တျပင္လုံး ကိုၾကည့္ပါ၊ စိတ္ဓာတ္ က်ေန သူမ်ား၊ စိတ္ပ်က္ ေနသူမ်ား၊ စိတ္ပူပန္ ေနသူမ်ား၊ စိတ္ေသာက ေရာက္ေန သူမ်ား ႏွင့္သာ ျပည့္ႏွက္ ေနပါသည္။ေလာကီ ပူပန္မႈမ်ားၾကား နစ္မြန္း ေနေသာ လူသားတိုင္းအား လည္း maranatha “ငါတို႔သခင္ လာၿပီ...” ေယရႈ ႂကြလာ ျခင္းကို ေမွ်ာ္လင့္ လ်က္ မတည္ ၿမဲေသာ အရာမ်ားအား အာ႐ုံျပဳ အသက္ရွင္ ေနျခင္းမွ ထာ၀ရ တည္ၿမဲေသာ အရာမ်ား ရွိရာ ဖက္သို႔ မ်က္ေမွာက္ ျပဳရန္ ဘုရား သခင္ အလိုေတာ္ ရွိေန ပါသည္။


နိဂုံး၊-

(၁)မ်က္ေမွာက္ ေခတ္ကာ လသည္ ကနဦး အသင္းေတာ္ မ်ားႏွင့္ ယုံၾကည္သူ ခရစ္ယာန္ မ်ားရင္ဆိုင္ ခဲ့ရေသာ ညႇင္းဆဲ သတ္ျဖတ္ ျခင္းေဘး မရွိေတာ့ ေသာ္လည္း၊ စာတန္ မာန၏ နည္းဗ်ဴဟာသစ္ မ်ိဳးစုံ၊ နည္း စနစ္သစ္ မ်ိဳးစုံ ပါဝင္ေသာ အဆင့္ျမင့္ သတ္ျဖတ္ ညႇင္းဆဲျခင္း မ်ားျဖင့္ တိုက္ခိုက္ ေနေသာ ကာလ ျဖစ္ေၾကာင္း နားလည္ ဖို႔ရန္ အေရး ႀကီးပါသည္။ ဝမ္းနည္း စရာ ေကာင္း သည္မွာ၊ အမ်ားေသာ သူတို႔သည္ မိမိအား စာတန္မွ တိုက္ခိုက္ ေနမွန္း ကိုပင္ မရိပ္မိေခ်။ အခ်ိဳ႕မွာ မိမိအား စာတန္ တိုက္ခိုက္ ေနမွန္း သိလ်က္ႏွင့္ အေလး အနက္ မထားဘဲ ေနၾကျခင္း ပင္ျဖစ္သည္။ လူနည္းစုမွာ ယင္းတိုက္ ခိုက္မႈမ်ားကို ခရစ္ေတာ္ ေပးေသာ ခြန္အား မ်ားျဖင့္ ဆိုင္ၿပိဳင္ တိုက္လွန္ အသက္ ရွင္လ်က္ ေနၾက ပါသည္။ (ဧဖက္ ၆၊ ၁၀-၁၈)အား မျဖစ္ မေန ဖတ္ရန္။

(၂) မည္သည့္ အေျခ အေန မ်ိဳး၌ပင္ ျဖစ္ေစ၊ ကြႏ္ုပ္တို႔သည္ ကနဦး အသင္းေတာ္ရွိ ဘိုးေဘး မ်ားကဲ့သို႔ ေလာကီႏွင့္ ဆိုင္ေသာ အရာမ်ား အေပၚ မ်က္ေမွာက္ မျပဳဘဲ၊ ထာ၀ရႏွင့္ ဆိုင္ေသာ ကိစၥ အလုံးစုံ တို႔ကို သာ ေမွ်ာ္လင့္ ေတာင့္တလ်က္၊ ကြၽႏ္ုပ္တို႔ သခင္ ေယရႈ ခရစ္ေတာ္ ႂကြလာ ေတာ္မူျခင္း maranatha အား ပန္းတိုင္ျပဳ အသက္ရွင္ ၾကပါစို႔ဟု ေဖၚျပရင္း နိဂုံးခ်ဳပ္ အပ္ပါသည္။


ဝိညာဥ္မီးအိမ္(ခရစ္ယာန္စာေပစုစည္းမႈ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...