● ခေါင်းဆောင်ကောင်းဗာနဗ


ခေါင်းဆောင် များကို မွေးထုတ်ပေး နိုင်သော ခေါင်းဆောင် သည် ခေါင်းဆောင် ကောင်းဖြစ် သည်။ (Good Leader is Leader of Leaders.) ဗာနဗသည် ယေရုရှလင် အသင်းတော် အစောပိုင်းတွင် လှုပ်ရှားခဲ့ သောခေါင်း ဆောင်ကောင်း တစ်ဦး ဖြစ်သည်။ ဗာနဗ၏ အဓိပ္ပါယ်မှာ သက်သာ စေခြင်း ၏သား ဖြစ်သည်။ (တမန် ၄း၃၆)

(၁)ဗာနဗသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် လည်းကောင်း၊ ယုံကြည်ခြင်း နှင့်လည်း ကောင်း ပြည့်စုံသောခေါင်း ဆောင်ဖြစ် သည်။ (တမန်တော်၁၁း၂၄)

(၂)ဗာနဗ သည် ကိုယ်ကျိုး ရှာသော သူမဟုတ် ဥစ္စာဝေမျှသော ခေါင်း ဆောင်ဖြစ် သည်။ (တမန်တော် ၄း၃၇)

(၃)ဗာနဗ သည် ယုံကြည် သူလူသစ် များကို အသင်း တော်သို့ ၀င်ရောက် နိုင်ရန် ကူညီသည်။ (တမန်တော်၉း၂၇)

(၄)ခေါင်းဆောင် ကောင်းသည် ၀ိညာဉ်ဆု ကျေးဇူးနှင့် စွမ်းရည်ရှိ သောသူ များကို လက်တွဲခေါ် ယူတတ်သည်။           သက်ဆိုင်ရာ ဆုကျေး ဇူးနှင့် ဆီလျော် သော တာဝန်ကို ပေး၍ မြေတောင် မြှောက်ပေး တတ်သည်။ သွန်သင် ပို့ချမှု စွမ်း ရည် ရှိသော ပေါလု ကို ဗာနဗ သည် သွား ရောက်ခေါ် ယူ၍ နေရာ ပေး ပါသည် (တမန် တော် ၁၁း ၂၅-၂၆)။ အန္တိ အုတ် အသင်း တော်သည် သာသနာပြု ဆရာများကို ရွေးချယ် သောအခါ ဗာနဗနှင့် ပေါလုတို့ ကို သန့်ရှင်း သော ၀ိညာဉ် တော က ဖော်ပြ ၍ စေ လွှတ်ခဲ့ သည် (တမန် တော် ၁၃း၁-၄)။

(၅)ခေါင်းဆောင် ကောင်းသည် အားနည်း သောသူများကို စိတ်ရှည် သည်းခံ၍ သူတို့နှင့် ဆီလျော် သော အလုပ် များက ညွှန်ပြ တတ်သည်။ မာကု သည် သာသနာ ပြုခရီးကို အဆုံးထိ မလိုက်ဘဲ လှည့်ပြန် ခဲ့သည် (တမန် ၁၃း၁၃)။ နောက် ခရီးတွင် မာကုကို ခေါ်ရန် ပြောသော အခါ ဗာနဗနှင့် ပေါလုတို့ သဘော ကွဲလွဲသည် (တမန် ၁၅း ၃၆-၄၀)။ ဗာနဗ သည် မာကုကို ဆက်လက် လက်တွဲသည်။ နောက်ပိုင်း တွင် မာကု သည် ပထမဆုံး ခရစ်ဝင် ကျမ်းကို ရေးသား သူဖြစ်လာ သည်။ ရှင်မဿဲနှင့် ရှင်လုကာ တို့သည် သူ၏ ကျမ်းကို ကိုးကား ခဲ့ရသည်။

(၆)ခေါင်းဆောင် ကောင်း သ ည် သဘော ကွဲလွဲသော သူများနှင့် မိဿဟာ ရဖွဲ့နိုင်ပါ သည်။ ဗာနဗသည် နောက် ပိုင်း တွင် ပေါလု နှင့်ပြန် လည် မိဿ ဟာရဖွဲ့ခဲ့ သည် (၁ကော ၉း၆)။

အချုပ် အားဖြင့် အသင်းတော်နှင့် သာသနာတွင် ၀ိညာဉ် သဘောပြည့် ၀သော ခေါင်းဆောင် များလိုအပ်ပါ သည်။ ခေါင်းဆောင် သစ်များကို မွေးထုတ် ပေးသော သူသာလျှင် ခေါင်းဆောင် ကောင်းဖြစ် သောကြောင့် ပြုစုခြင်း နှင့် ပူးပေါင်း ဆောင် ရွက်ခြင်း တို့ကို လုပ် ဆောင်ကြပါစို့။


ဒေါက်တာစောစေးခူ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...