● မျက်မှောက်ခေတ်လူငယ်နှင့်အသင်းတော်(Modern Youth & Church))


မျက်မှောက် ခေတ်ဆိုသည်မှာ ကျွန်ုပ်တို့ရှင် သန်နေသော အချိန်ဖြစ်သည့် ၂၁ရာစုပင် ဖြစ်ပါသည်။ ၂၁ ရာစုတွင် ကမ္ဘာတစ် ၀ှမ်းလုံး၌ အပြောင်းအ လဲများစွာ ဖြစ်ပေါ် နေပါသည်။ မြန်မာနိုင်ငံ ပင်လျှင် ဤရာစု၏ ဒုတိယဆယ် စုနှစ်ထံသို့ ၀င်ရောက်လာ သောအခါ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဆက် ဆံရေးစနစ် များ ပြောင်းလဲ လာကြောင်း ခံစားတွေ့ ရှိနေရပါသည်။ နိုင်ငံရေး ပါတီများသည် ပိုမိုလွတ်လပ်စွာ စည်းရုံးလာ နိုင်ပြီဖြစ်၍ လူငယ်များကို အမာခံအင် အားအဖြစ် အသုံးပြုဖွယ်ရှိ သောကြောင့် မျက်မှောက်ခေတ် ခရစ်ယာန်လူ ငယ်များလည်း နိုင်ငံရေးပါဝင် ပတ်သက်နိုင်ပါသည်။ 

စီးပွားရေး ကဏ္ဍတွင်လည်း အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ လာမည်ဟု လူငယ်များ သာမကမိဘ များကပါ မျှော်လင့် နေကြပါသည်။ မြို့ပြများ တွင် ရွှေ့ပြောင်း အလုပ်သမား များစွာတိုးပွား လျက်ရှိရာ ခရစ်ယာန် လူငယ်များလည်း ပါဝင်ပတ် သက်နေပါ သည်။ ၀င်ငွေရ လုပ်ငန်းများ၌ အခွင့်သာ ဖို့ရန် ရည်မှန်းချက် များရှိသော လူငယ်များ သည် လိုအပ်သော ဘွဲ့၊ ဒီဂရီနှင့် အောင်လက် မှတ်များ ရရှိရန် အပြိုင် အဆိုင်ကြိုး စားနေကြပါသည်။ လူမှုရေးတွင် လည်း ငွေကြေး ဥစ္စာကြွယ် ၀ရေးကို ပဓာန ထားသော ရုပ်ဝါဒ သည် လူငယ်များ ကို ယခင်က ထက် ပိုမိုလွှမ်းမိုး လာပါသည်။ 

မျက်မှောက် ခေတ်လူငယ်များ မက်မောစရာ ကောင်းသော အ၀တ်အ ထည် အမျိုးမျိုး၊ အီလက်ထ ရောနစ် ပစ္စည်းအ မျိုးမျိုးနှင့် အသုံးအဆောင် အမျိုးမျိုးကို သုံးစွဲ တတ်စေရန် ရုပ်မြင် သံကြား၊ ရေဒီယို၊ စာနယ်ဇင်း စသော မီဒီယာများဖြင့် သွေးဆောင် လျက်ရှိပါသည်။ ခရစ်ယာန်လူ ငယ်များ အတွက် ခေတ်ပေါ် ပစ္စည်းများ သုံးစွဲနိုင်ရန် မိမိတို့၏ကိုယ် ကျင့်တရားကို အလျော့ အတင်း၊ အပေး အယူ လုပ်ရမည့် ခေတ်ကာလ သို့ရောက် ရှိနေပါသည်။ ထို့အပြင် နိုင်ငံအ၀ှမ်း တွင် သတင်းနှင့်ဆက် သွယ်ရေးနည်း ပညာ ပိုမိုကျယ်ပြန့် လာပြီး လူအများသည် အင်တာနက် (Internet)ကို အသုံးပြုလာတတ်သော ကြောင့် မျက်မှောက် ခေတ်လူငယ် များ သည် ယင်း၏ ကောင်းကျိုး၊ ဆိုးကျိုး များကို ခံစားနေကြ ရပါသည်။

မျက်မှောက် ခေတ်တွင် ခရစ်ယာန်လူ ငယ်များသည် အသင်း တော်များ၏ မည်သို့ ပါဝင်နေကြ သည်ကို သတိပြု ဆန်းစစ်ဖို့ လိုပါသည်။ အသင်းတော် ဆိုသည်မှာ ယေရှုခ ရစ်တော်ကို မိမိ၏ အရှင်သ ခင်နှင့် ကယ်တင် ရှင်အဖြစ် ယုံကြည်ကိုး စားသော သူများကို စုစည်း ထားသော လူ့အဖွဲ့ အစည်းဖြစ် ပါသည်။ ယုံကြည် သူများသည် အချင်းချင်း ချစ်ကြရန်၊ အချင်းချင်း ဝေမျှကြရန်နှင့် အချင်းချင်း တည်ဆောက် ကြရန် အသင်းတော်၌ စုဝေး ကြပါသည်။

နှစ်ခြင်း အသင်း တော်များတွင် ရွတ်ဆို လေ့ရှိသော ပဋိညာဉ် ဆယ်ပါးတွင် ပထမဆုံး အချက်မှာ ခရစ်ယာန် များသညိ တစ်သီး တစ်ခြားမ နေကြဘဲ အချင်းချင်း အပေါင်း အသင်းဖွဲ့ကြရန် ကတိပြုခြင်း ဖြစ်ပါသည်။ မျက်မှောက် ခေတ်အခြေ အနေများ သည် ခရစ်ယာန် မိဿဟာ ရဖွဲ့ခြင်းကို အတိုင်း အတာ တစ်ရပ်ထိ ထိခိုက်စေ နိုင်ပါ သည်။ ပဋိညာဉ် အမှတ် ‘‘သုံး’’ သည် တနင်္ဂနွေ နေ့တိုင်း အသင်း တော်တွင် လာရောက် ၀တ်ပြုကိုး ကွယ်ရန် ကတိပြုခြင်း ဖြစ်ပါသည်။ မျက်မှောက် ခေတ်ခရစ်ယာန် လူငယ် များသည် ဤပဋိညာဉ် နှစ်ပါးကို လိုက် လျှောက် ရန် လွယ်ကူမည် မဟုတ် တော့ပေ။

လူငယ်ဆို သည်မှာ အနာဂတ်၏ ခေါင်းဆောင် များဖြစ်ရာ၊ မျက်မှောက် ခေတ် အသင်း တော်တွင် ပါဝင်ဆက် ကပ်သော ခရစ်ယာန် လူငယ်ဦး ရေလျော့ပါး လာပါက အနာဂတ် အသင်းတော်များ မည်သို့ဖြစ် လာမည်ကို စဉ်းစားကြည့် ပါကပို၍ စိုးရိမ်စရာ ကောင်းပါ သည်။ ဤအခြေ အနေတွင် အသင်း တော်ခေါင်း ဆောင်များ သည် အသင်း တော်များ ရှင်သန်ကြီး ပွားရေးနှင့် လူငယ် တို့၏ ဘ၀ဖွံ့ဖြိုး ရေးကို ဟန်ချက် ညီညီ လုပ်ဆောင် တတ်ရန် လိုအပ် ပါသည်။ ဓမ္မ၀န်ဆောင် များနှင့် အသင်းတော် လူကြီးများ သည် မိမိတို့အသင်း တော်ရေရှည် ရှင်သန် ရန် ရည်မှန်း ချက်နှင့် စီမံချက် များပြင် ဆင်ချမှတ် ရပါမည်။ ဓမ္မ၀န် ဆောင်များက ယနေ့ လူငယ်များ မိမိအ သင်းတော် ကို ချစ်တတ် စေရန်၊ ခရစ် ယာန် မိဿ ဟာရကို တန်ဖိုးထား တတ်စေရန် သွန်သင် ရပါမည်။ လူငယ် များနှင့် ရင်းနှီးစွာ ပေါင်းဖော်ပြီး ဘက်စုံ ဖွံ့ဖြိုး သော လူငယ်များ ဖြစ်စေရန် တိုင်ပင်နှီး နှောအား ပေးဖို့ လိုအပ် ပါသည်။
 
ခရစ် ယာန်မိဘများ သည် မိမိတို့သားသမီး များအား အသင်း တော်သို့ ပို့ ဆောင်၍ မိဿဟာ ရဖွဲ့ခြင်း၊ ၀တ်ပြုကိုး ကွယ်ခြင်း တို့၌ ပျော်မွေ့ လာစေရန် လမ်းညွှန်ဖို့ လိုအပ် ပါသည်။ သားသမီး များသည် မိမိတို့ အ ချိန်ကို ၀ိညာဉ်ရေး နှင့်ပညာ ရေးအတွက် မျှတစွာ သုံးစွဲတတ်ရန် စီစဉ် ပေးရ ပါမည်။

ယနေ့ လူငယ်များ သည် ရူပါရုံ ရှိသော လူငယ်များ ဖြစ်ရပါမည်။ နှုတ်ကပတ် တော်အ တိုင်း အသက်ရှင် ၍ဘ၀ အောင်မြင် ရေးကို တည်ဆောက် ရပါမည်။ ကြိုးစား အားထုတ် ရာတွင် အစွန်းမ ရောက်စေ ဘဲ မျှတညီ ညွတ်ခြင်းကို ဦးစွာပေး ရပါမည်။

အချုပ်ဆို ရလျှင် အသင်းတော် သည် လူငယ်များကို စနစ်တ ကျပြုစုဖို့ လိုအပ်ပါ သည်။ လူငယ်များ သည်လ ည်း မိမိတို့အ သင်းတော် ကို မြတ်နိုး၍ ဆိုင်ရာ တာဝန်များကို ထမ်းဆောင် ရပါမည်။ ဓမ္မ၀န် ဆောင်၊ မိဘများနှင့် လူငယ်များ ၏ ပူးပေါင်း ဆောင်ရွက် မှုဖြင့် အသင်း တော်ကို တည်ဆောက် သော လူငယ် များ ပေါ် ထွက်လာ မည်ဟု တင်ပြ အပ်ပါသည်။

Dr.Saw Say Khu


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...