● ဓမ္မအမှုတော်ဆောင်နှင့်ဝိညာဉ်ရေး

ကမ္ဘာပေါ်ရှိ ကိုးကွယ်ရာ ဘာသာ အသီးသီးတွင် ၀ိညာဉ်ရေးသည် အဓိကကျသော နေရာ၌ပါဝင် နေပါသည်။ Pierre  Telhard က ၀ိညာဉ်ရေး (spirituality) သည် ကမ္ဘာလောကကြီးနှင့် လူသားများအား ပုံစံချပြောင်း လဲစေမည့် လေး နက်သော စွမ်းအားအရင်း အမြစ်ဖြစ်သည် ဟုဆိုပါသည်။

ခရစ်ယာန်တို့၏ ယုံကြည်ချက် အရ လူ၌ကိုယ်၊ စိတ်၊ ၀ိညာဉ်(၃)ပါး တစ်စုတည်းဖွဲ့ စည်းတည်ဆောက်လျက် ဖန်ဆင်းထားပေးရာ ၀ိညာဉ်ရေးသည် ခရုစ်ယာန် တစ်ဦးချင်းနှင့် ဆိုင်သော အသက်တာ တစ်လျောက်လုံး အတွေ့အကြုံ ကဏ္ဍတစ်ရပ် ဖြစ်သည်ဟု ဆိုရပါမည်။

ဘုရားသခင်သည် ဘူတစ်ဦးစီအား ပုံစံ/အနေအထား အရည်အသွေး အမျိုးမျိုးတို့ဖြင့် ဖန်ဆင်းထားပေးရာ တစ်ဦး၏ ၀ိညာဉ်ရေးသည် အခြားတစ်ဦး၏ ၀ိညာဉ်ရေးနှင့် ထပ်တူညီရန် ခက်လှသကဲ့သို့ ပုံတူကူချ ဖွယ်ရာအ ကောင်းဆုံးသော အမြင့်မြတ်ဆုံးဟု ဆိုရသော ၀ိညာဉ်ရေး အသက်ရှင်မှု ပုံစံလည်းသတ် မှတ်ရန် မဖြစ်နိုင်ပါ။

ဝိညာဉ်ရေးကို ပုံစံ(၅)မျိုး ခွဲခြား၍ Richard Niebuhr က တင်ပြရာ|
(၁) Christ Against Culture
(၂) Christ of Culture
(၃) Christ Above Culture
(၄) Christ and Culture in Paradox နှင့်
(၅) Christ the Transfomer of Culture တို့ ဖြစ်ပါသည်။

က။လေးနက် တည်ကြည်သော ၀ိညာဉ်ရေးကို တောင်းဆိုနေသော အချက်များ|
  (၁) ပြောင်းလဲမှု လျှင်မြန်လျက် ရှိသော ခေခတ်၌ ၀ိညာဉ်ရေးရာ သိုးထိန်းကောင်း လိုအပ်ခြင်း။
  (၂) ယုံကြည်ချက်နှင့် ကျင့်သုံးမှု ကွဲပြားသော ဓမ္မဆရာ/မ များနှင့် အဖွဲ့ငယ်များ ပေါ်ပေါက် လာခြင်း။
  (၃) လောကီ ဆန်သော အမှုတော် ဆောင်နှင့် အသင်းတော်များ တွေ့လာရခြင်း။
  (၄) ခက်ခဲကြမ်း တမ်းသော သဘာဝနှင့် ရောဂါဆိုးများ ရင်ဆိုင်လာရခြင်း။
  (၅) လောကီရေးရာ စွဲလမ်းမှုနှင့် ဘွဲ့ဒီဂရီ ရယူပိုင်ဆိုင် မှုများ လာခြင်း။
  (၆) ဘာသာရေး အကြောင်း သွန်သင် ခံရသော်လည်း ဘုရားကို ရင်းနှီးကျွမ်းဝင်မှု မရှိခြင်း။
  (၇) ခောတ်နှင့် အညီ ပြောင်းလဲနေ သော ဓမ္မအတွေး အခေါ် အမျိုးအမျိုး ပေါ်ပေါက်လာခြင်း။
  (၈) ဘာသာရေး လုပ်ငန်း များလွန်း သဖြင့် ဘုရားနှင့် မိတ်ဖွဲ့ရန် အချိန် မပေးနိုင်ခြင်း။
(၉) ဆွဲဆောင်မှု ကောင်းသော နှောင်ကြိုးပါသော ထောက်ပံ့မှုများ ၀င်ရောက် လာခြင်း (ပြည်တွင်း၊ပြည်ပ)။
(၁၀) စားသုံးခဲ့သော ၀ိညာဉ်ရေးရာ အဟာရ ကုန်ဆုံးကာ ၀ိညာဉ်ရေး ခမ်းခြောက် လာခြင်း။

ခ။ဝိညာဉ်ရေးဆိုင်ရာအဆိုအမိန့်များ|
ဝိညာဉ်ရေးရာ ဆိုသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှု၊ ကျင့်ကြံ ပြောဆိုမှု၊ အသက်ရှင်မှုနှင့် သူတစ်ပါး အပေါ်ထားရှိသည့် ခံယူမှု စသည့် အရာအားလုံး တို့ကို ဆုတောင်းခြင်းဖြင့် လွှမ်းမိုးထားသော လမ်းစဉ် ဖြစ်သည်။ (Gorden Wakefield)
ဝိညာဉ်ရေးရာ ဓမ္မအတွေး အခေါ်သည် အစဉ်အလာ အရ ကျွန်ုပ်တို့ သိရှိထားသော ဘာသာ အယူဝါဒ ဆိုင်ရာနှင့် ကိုယ်ကျင့်တရား ဆိုင်ရာ အထူးခြိုးခြံချွေတာ ကျင့်ဆောင်မှုနှင့် ဆိုင်သော လှို့ဝှက်နက်နဲမှု ဆိုင်ရာ ဓမ္မအတွေး အခေါ်ပင် ဖြစ်သည်။ (P.Pourrat)
ဘာဝနာ ဟူသည် စိတ်ကို သန့်ရှင်း စင်ကြယ်စေရန် လေ့ကျင့် တည်ဆောင်ခြင်းဟု အဓိပ္ပါယ် ရသည်။ ဘ၀နာ၏ အမှုသည် စိတ်ညစ်ညူးစေသော ကာမဂုဏ်ကို ခံစားလိုခြင်း၊ လေးလံ ထိုင်းမှိုင်းခြင်း၊ ပျံ့လွှင့်ခြင်း၊ ပုပ်နိုင်ခြင်း၊ ယုံမှားခြင်း တို့ကို ရှင်းလင်းပြီးနောက် သမ္မာသတိ၊ ပညာ၊ ဆန္ဒ၊ ၀ီရိယ၊ သဒ္ဒါ၊ ပီတိ၊ သုခစကေသာ ကောင်းမြတ် သည့် ဂုစ်ထူးများကို တိုးပွား ဖြစ်ထွန်း စေပါသည်။ (ဦးကိုလေး-ဇေယျာမောင်)

ဂ။သမ္မာကျမ်းစာမှဖေါ်ပြချက်များ|
ဝိညာဉ်ရေးနှင့် ပတ်သက်၍ ဓမ္မဟောင်း ကျမ်းစာကို လေ့လာပါက ထာဝရဘုရားအား ၀တ်ပြုခြင်း၊ ဘုန်းဂုဏ်တော် ကိုချီးမြှောက်ခြင်း၊ ချီးမွမ်းခြင်းနှင့် အပြစ်ဖြေလွတ်ခြင်း အတွက် ယဇ်ပူဇော်ခြင်း၊ ဒုက္ခရောက်သော အခါ ထာဝရဘုရားကို တမ်းတခြင်း၊ ပညတ်တော်များ စောင့်ရှောက် ခြင်းဖြင့် လေးနက် တည်ကြည်သော အသက်တာကို ရယူခြင်း ၊ပြုခဲ့ကြောင်း တွေ့ရသည်။ ထိုအချိန်က ဂျူးဘာရေး ခေါင်းဆောင်များနှင့် ပရောဖက်များ အစေခံရသည် နေရာသည် ခက်ခဲဆိုးရွားပြီး ထာဝရဘုရားအား ဆန့်ကျင်ခြင်း၊ မေ့လျော့ခြင်း၊ ရာဇမာန်တက်ခြင်း၊ ကိုယ်ကျင့် တရားဖေါက်ဖျက် ပြန်ခြင်းတို့ဖြင့် လွှမ်းမိုး နေချိန် ဖြစ်ပါသည်။ အမှုတော် မဆောင်မှီ ပရောဖက်များသည် ထာဝရဘုရား၏ ခေါ်သံကြားလျှက် မိတ်ဖွဲ့လျှက် ခြိုးခြံချွေတာစွာ အသက်ရှင်ပြီး ထာဝရဘုရား ပြောစေလိုသော စကားကိုသာ ပြောရပါသည်။ ကိုယ်ပိုင် စကားမဟုတ်ပါ။ တုံ့ပြန်မှုများလည်း ခက်ခဲရက်စက် လှပါသည်။ ၀ိညာဉ် ရေးခိုင်ခံ့မှု မရှိလျှင် မည်သို့မျှ အမှုတော်ကို ဆောင်နိုင်မည် မဟုတ်ပါ။
ဆာလံ၊၁း၁-၃တွင် ထရားတော်ကို နေ့ညဥ့်မပြတ် ဆင်ခြင်းအောက် မေ့သော သူသည်မင်္ဂလာ ရှိကြောင်း ပြုလေ သမျှတို့၌ အောင်မြင်လိမ့်မည် ဖြစ်ကြောင်း ဖေါ်ပြထားရာ ၀ိညာဉ်ကြီးထွားရန် အတွက် နှုတ်ကပတ် တော်ကို မပျက် မကွက် ပုံမှန်စားသုံးရန် လို့မည်။ နှုတ်ကပတ်တော်ကို ကျက်မှတ်ကာ အလျှင်းသင့် သလို ဆင်ခြင် အောက်မေ့ခြင်းဖြင့် နူးညံ့သိမ်မွေ့သော နှလုံးသားကို ရလာကာ ၀ိညာဉ်ရေးရာ အသီးအပွင့်များကို ဝေဆာ စေပါမည်။ (ဆာလံ၊ ၁၉း၁၄) ထိုသို့ဖြစ်စေရန်|-
  (၁) လေးနက် ခိုင်မာသော ဆုံးဖြတ်ချက်
  (၂) ပီပြင်သောပေးဆပ်မှု
  (၃) လက်တွေ့နေ့စဉ်လေ့ ကျင့်မှုတို့လိုအပ်ပါသည်။

ယောဘသည်လည်းဆင်းရဲဒုက္ခကြုံရသောအခါ|-
(၁)ဘုရားသခင်နှင့်မိမိလက်ရှိဆက်သွယ်နေမှုကိုပြန်လည်ဆင်ခြင်းခြင်း
(၂)ထာဝရဘုရားကိုမျှော်လင့်လျှက်ငြိမ်ဝပ်စွာနေခြင်း၊
(၃)အကန့်အသတ်ရှိသောမိမိ၏စွမ်းရည်များနှင့်အသက်တာကိုရိုကျိုးစွာလက်ခံခြင်း။
(၄)စိတ်နှိမ့်ချခြင်းလှေကားကိုတက်လှမ်းခြင်းတို့ဖြင့် ရင်ဆိုင်ကျော်လွှားခဲ့သည်။
(အေဒီ-၆ရာစု) တွင် Saint Benedict က နှိမ့်ချခြင်း ကျေးဇူးတော်၌ ကြီးထွား ရင့်သန်လာ စေနိုင်မည့် (၁၂)ဆင့် လှေကား (Ladders of Humitity) ကို ဖော်ထုတ်ခဲ့သည်။ swald Sander က ဘုရားသခင်နှင့် ရင်နှီးကျွမ်းဝင်မှု အဆင့်ဆင့်ကို စက်ဝိုင်း(၄)ခုဖြင့် ဖေါ်ပြခဲ့သည်။
-အပြင်စက်ဝိုင်း (ထွက်၊ ၁၉း၁၁-၁၂)၊
-ဒုတိယစက်ဝိုင်း(ထွက်၊၂၄း၉-၁၁)၊
-တတိယစက်ဝိုင်း(ထွက်၊၂၄း၁၃-၁၄)၊
-အတွင်းစက်ဝိုင်း(ထွက်၊၂၄း၁၅-၁၇) တို့ဖြစ်ပါသည်။
ဓမ္မသစ် ကျမ်းတွင် ၀ိညာဉ်ရေးရာ တည်ဆောက် ခြင်းနှင့်ပတ်သက်၍ အဓိက(၃)ရပ်ကို Kenneth Lecch ကဖော်ပြခဲ့ သည်။ (a social act rooted into Christian community, a process involving growth and progress towards maturity, and a putting on and sharing of Christ nature). ၀ိညာဉ်ရေးရာ ပုံစံအမျိုးမျိုး ရှိသော်လည်း ကျွန်ုပ်တို့ အနေဖြင့် သခင်ခရစ်တော်၏ ၀ိညာဉ်ရေးကို စံထားရမည် ဖြစ်ပါသည်။ (စိတ်နှိမ့်ချခြင်း၊ နာခံခြင်း၊ ဆို တာင်းခြင်း၌ အားကြီးခြင်း၊ စုံစမ်းနှောက်ယှက်ခြင်းကို တွန်းလှန်ခြင်း၊ တရားတော်၌မွေ့၍ သမ္မာတရား အတွက်ရဲ ၀ံ့စွာပြောဆိုခြင်း၊ ကြင်နာသနားခြင်း၊ ခွင့်လွတ်ခြင်း၊ စသည်ဖြင့် နေ့စဉ် ၀ိညာဉ်ရေး အားသစ်လောင်းရန်လည်း လိုအပ်ပါသည်။ ထိုသို့ဖြင့် ဘုရားသခင်နှင့် ပိုမိုနီးစပ်ပြီး ထာဝရဘုရား၏ အကြံအစည်တော်ကို သိနားလည် နိုင်ပါလိမ့်မည်။ သခင်ယေရှု ကိုယ်တော်တိုင် သာသနာမပြုမှီ ရက်(၄၀)မျှ တောထဲသွား၍ ထာဝရဘုရား၏ တရားတော် ကိုရှုမှတ်ကာ ဘုရားနှင့် စကားပြောဆို ခဲ့သလို သာသနာပြု နေစဉ်ရံဖန်ရံခါ တစ်ဦးတည်း ဆုတောင်းရန်လည်း ထွက် ခွာသွားခဲ့ပါသည်။

ဃ။ဝိညာဉ်ရေးရာမိတ်ဆွေထားခြင်း|
(အေဒီ-၃၂၁)တွင် ကွန်စတင်တိုင်း လက်ထက် ခရစ်ယာန်အချို့ မာတုရအဖြစ် အသက်ရှင်ပြ ခဲ့ကြသကဲ့သို့ အချို့မှာ အီဂျစ်နှင့် ဆီးရီးယား ကန္တာရသို့ ထွက်ပြေးကာ အသက်ရှင်ခဲ့ ကြသည်။ သူတို့သည် ပုံမှန် အစာရှောင်၍ အအိပ်နည်းကာ စာတန်နှင့် တိုက်ပွဲဝင်ခဲ့ ကြပါသည်။ သူတို့၏ သန့်ရှင်း စင်ကြယ်မှု သည် ပတ်ဝန်းကျင်၌ ကြော်စောသွားပေရာ အနီးအနားရှိ ခရစ်ယာန်များသည် ယုံကြည်ခြင်းနှင့် ပတ်သက်၍ ၀ိညာဉ်ရေးရာ မိတ်ဆွေ သဖွယ် မိတ်ဖွဲ့ ခွန်အားယူ ခဲ့ရသည်။ ၄င်းတို့၏ ဆက်ကပ်မှုသည် အလယ်ခေတ် ထိတိုင် အောင် ဆက်လက်ပျံ့ နှံ့ရောက်ရှိ သွားခဲ့ပါသည်။ ၁၄ရာစုနှင့် ၁၆ရာစု အသင်းတော် သမိုင်းကို လေ့လာပါက Ignatious Loyola, Francis de Sale , Martin Luther, Julian of Norwich, Margrey Kempe, Teresa of A vila, John of the Cross တို့၏လေးနက်တည်ကြည်သော ၀ိညာဉ်ရေး အဆိုအမိန့် များနှင့် လေ့ကျင့်မှုများ ကိုလည်း သိရှိ၍ ခွန်အားယူရန် ရှိပါသည်။ ထို့အတူ ကျွန်ုပ်တို့၏ မြန်မာခရစ်ယာန် သမိုင်းကြောင်း၌ ယုံကြည်ခြင်း ခိုင်ခန့်စွာဖြင့် ဆက်ကပ် အသက်ရှင် ခဲ့ကြသော ဘိုးဘေး များတို့၏ စံထားဖွယ်ရာ ၀ိညာဉ်ရေးရာ အလေ့အကျင့် များကိုလည်း ပြန်လည် လေ့လာ၍ အတုယူ လိုက်လျောက် အသက်ရှင်ရန် ရှိနေပါသည်။
ထိုသူတို့သည် အဆင့်မြင့် ဓမ္မပညာ တတ်ချင်မှ တတ်ပါလိမ့်မည်။ ၀ိညာဉ်ရေးရာ မိတ်ဆွေ ဆိုသည်မှာ Theology ကို ဆွေးနွေး ခြင်းထက် ထိုသူ၏ ၀ိညာဉ်ရေးရာ ကျင့်ဆောင်မှု အသက်တာကို မြင့်တင် ပေးခြင်းသာဖြစ် ပါသည်။ မိမိ အားပေးကူညီ နေရသောသူ၏ အသက်တာ အခြေအနေ အမျိုးမျိုး၌ ဘုရားသခင် အလုပ် လုပ်နေပုံ၊ ပါဝင် နေပုံနှင့် ထိုသူအတွက် ထားရှိသော ဘုရားသခင်၏ အလိုတော်ကို ၀ိုင်းဝန်းရှာဖွေရန် ဖြစ်ပါသည်။ မိမိ၏ ၀ိညာဉ် ရေးရာ အတွေ့အကြုံများကိုလည်း ဝေငှ နိုင်ပါသည်။

ဝိညာဉ်ရေးရာမိတ်ဆွေရွေးချယ်ရာတွင်ယေဘုယျအားဖြင့်-
၁)ရင့်ကျက်တည်ငြိမ်၍ဘုရားဝတ်၌မွေ့လျှော်ခြင်း။
   ၂) ၀ိညာဉ်ရေးရာ စိတ်ချယုံကြည်မှု အတွက် အားပေးခြင်း။
   ၃) ၀ိညာဉ်ရေးရာ တိုက်ပွဲအတွက် နှိုးဆော် တပ်လှန့်ခြင်း။
   ၄) လေးနက်စွာဖြင့် နားထောင်ပေးခြင်း၊ ၀ိညာဉ်သဘောဖြင့် သုံးသပ်ပေးခြင်း။
   ၅) နှုတ်ကပတ် တော်ကို တန်ဖိုးထားလျှက် ဆင်ခြင် အောက်မေ့ခြင်း။
   ၆) ရိုးသား ပွင့်လင်း၍ နားလည်မှုရှိကာ နှုတ်လုံ စိတ်ချမှု ပေးခြင်း။
  ၇) ထာဝရဘုရားကို ဦးထိပ်ထားလျှက် ဖြောင့်မတ်စွာ အသက်ရှင်ခြင်း စသည်တို့ လိုအပ်မည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ အားလုံးအတွက် အကောင်းဆုံး မိတ်ဆွေမှာ ယေရှုခရစ်တော် ပင်ဖြစ်သည်။ သခင်ယေရှု ခရစ်တော်ကို ယူတင်ဝတ် ဆောင်ခြင်းဖြင့် စိုးရိမ်ပူပန် နေသော၊ လမ်းပျောက် နေသော၊ အခက်အခဲ ကြုံနေရသော လူများအတွက် ၀ိညာဉ်ရေးရာ မိတ်ဆွေ အနေဖြင့် ယေရှုကလေးများ အဖြစ် အသက်ရှင် နိုင်ပါသည်။

င။အတွင်းစွမ်းအားကြီးထွားလာလေအပြင်သဏ္ဍာန်လှပစိုပြေ|
အသီးများ သီးပွင့် ဝေဆာနိုင်ရန် အတွင်းသဘောသည် အရေးကြီးကြောင်း သခင်ယေရှု မြွက်ဆို ခဲ့ပါသည်။ အတွင်း၌ ဆူးသဘောရှိက ဆူးအသီးသီး၍ လူတို့အား ဒုက္ခပေး လိမ့်မည်။ စပျစ် သဘော ရှိကာ စပျစ်အသီး သီးပြီး လူတို့အား အားဖြစ်စေမည်။ ၀ိညာဉ်သဘော ရှိပါက ၀ိညာဉ် အသီးသီးမည်ဟု ဆိုခဲ့ပါသည်။ (မဿဲ၊ ၇း၁၇-၂၀)။
အသင်းတော် သမိုင်းတစ်လျှောက်တွင် မာတုရများသည် ဘုရားသခင်အားဖြင့် လည်းကောင်း၊ တန်ခိုးတော် အရှိန်အားဖြင့် လည်းကောင်း ခိုင်ခန့်စွာ ရဲရဲရင့်ရင့် ဖြင့် ရက်စက်စွာ သတ်ဖြတ် ညှင်းဆဲခြင်း များကို ရင်ဆိုင် ခဲ့သောကြောင့် ဘုရင် ဂလားရီးယပ်စ်က ခရစ်ယာန် ဘာသာသည် သည်းခံခြင်း သဘောပါကြောင်း အမိန့်ကို ထုတ်ပြန် ခဲ့ပါသည်။ ဘာသာရေး ၀န်ထမ်းတိုင်း ၀ိညာဉ်ရေးရာ အစေခံကောင်းများ ဖြစ်ရန်အတွက် အတွင်းလူ အဖြစ်ခိုင်ခန့် ရန်လိုပါသည်။ အတွင်းစွမ်းအား ကြီးမာစေရန် ကယ်တင်ရှင် ခရစ်တော်ကို စိတ်နှလုံး၌ အမှန် လက်ခံကာ နောက်တော် လိုက်ရန်နှင့် ဆက်ကပ်သည့် အမှုတော်ဆောင် သည် အောက်ပါ ကဏ္ဍများအားဖြင့် ၀ိညာဉ်ရေးရာ ကြီးထွားလာ နိုင်ကြောင်း Richard Fosterက ဖေါ်ပြခဲ့ပါသည်။ ယင်းကဏ္ဍများ၌ မိမိ၏ ၀ိညာဉ်ရေး အခြေအနေ မည်သို့ရှိကြောင်း သုံးသပ် နိုင်ပါသည်။
ဝိညာဉ်ရေးအခြေအနေကိုသုံးသပ်ခြင်း။

စိတ်ပိုင်းဆိုင်ရာဖြည့်စီးမှု၊-
- ဆိပ်ငြိမ်စွာဖြင့် အာရုံပြုခြင်း (တစ်နေ့-၃၀မိနစ်)     ရမှတ်(   )
- ဆုတောင်းခြင်း (တစ်နေ့-၆၀မိနစ်)                   ရမှတ်(   )
- အစာရှောင်ခြင်း (တစ်လ-၁ကြိမ်)                    ရမှတ်(   )
- သင်ယူ လေ့လာခြင်း (တစ်လ-၄အုပ်)               ရမှတ်(   )

ပြင်ပဆိုင်ရာလေ့ကျင့်လုပ်ဆောင်မှု၊-
- ရိုးသား ဖြောင့်မတ်စွာ အသက်ရှင်ခြင်း                                                             ရမှတ်( )
- ယုံကြည်ခြင်း ခိုင်ခန့်ခြင်း၊ ကယ်တင်ခြင်း စိတ်ချမှုနှင့် လက်တော်၌ အလုံးစုံ အပ်နှံခြင်း        ရမှတ်( )
- ပေးဆပ် အပ်နှံခြင်း                                                                                   ရမှတ်( )
- အစေခံ ၀န်ထမ်းခြင်း                                                                                 ရမှတ်( )

ပူးပေါင်းလုပ်ဆောင်မှုများ။
-အပြစ်များ ဆန်းစစ် ၀န်ချခြင်း (နေ့စဉ်)  ရမှတ်(   )
-၀တ်ပြု ကိုးကွယ်ခြင်း (နံနက်/ည၀တ်)  ရမှတ်(   )
-၀ိညာဉ်ရေးရာ လမ်းပြခြင်း (၁-ဦးဦး)     ရမှတ်(   )
-၀မ်းမြောက်စွာဖြင့် ချီးမွမ်းခြင်း (အစဉ်)  ရမှတ်(   )

အမှတ်ပေးရန်။
အထက်ပါ အချက်များထဲမှ အားနဲနေသော အရာ(၃)ခုကို ပြန်လည် သက်သေ ပြလိုပါက အောက်တွင် ရေးသားဖေါ် ပြပါ။ (၁၀၀% .၅၊ ၇၅% .၄၊ ၅၀% .၃၊ ၂၅% .၂၊ ၁၀% .၁) ကျွန်ုပ်ဆက် လက်တိုးမြင့် အားဖြည့်ရမည့် ရကဏ္ဍနှင့် တိကျသော နည်းလမ်းများ။
  က) အာရုံပြုခြင်း။
   ခ) သင်ယူလေ့လာခြင်း။
   ဂ) ဆုတောင်းခြင်း။

သတိပြုရန်အချက်များ။
   ၁) မိမိ၏ ၀ိညာဉ်ရေးရာ ရှင်သန်မှု အခြေအနေကို ဘုရားသခင်နှင့် အချိန်ယူ မိတ်ဖွဲ့ စကားပြောပြီးမှ မှန်ကန်စွာ ဆင်ခြင် သုံးသပ်ရန် လိုပါမည်။
   ၂) ထို့နောက် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ချ၍ ယင်းအတိုင်း လက်တွေ့ လုပ်ဆောင်ရန်။
   ၃) အစပိုင်းတွင် ခက်ခဲမှုရှိသော်လည်း ၀ိညာဉ်တော် လမ်းပြမှုဖြင့် ဆက်၍ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါ။
   ၄) ပြဿနာတိုင်း၊ လုပ်ဆောင်မှု များတိုင်း၌ ဆုတောင်းခြင်းဖြင့် ဗဟိုပြုပါ။ နှုတ်ကပတ်တော်ကို အလွတ် ကျက်မှတ်ပြီး အချိန်ရတိုင်း ဆင်ခြင် အောက်မေ့ပါ။
   ၅) ပြောင်းလဲမှုနှင့် ထူးခြားသော အဖြေများ အတွက် နေ့စဉ် မှတ်တမ်းရေးပါ။ ခရစ်တော်ကို ဦးထိပ်ထားပြီး ပြန်လည် ဝေမျှသက် သေခံနိုင်ပါသည်။
   ၆) သင်၌ အပ်ထားသော ၀ိညာဉ် ဆုကျေးဇူးများ နှင့် သူတစ်ပါး ခံစားရသော ကောင်းချီးများ အတွက်ချီးမွမ်းပါ။
   ၇) မိမိ၏ ၀ိညာဉ် နိုးထမှုအတွက် ဖြစ်ပေါ်လာ တတ်သော မာန်မာဏကို ချိုးနှိမ်ပြီး အားနည်း သူကို တွဲခေါ်ပါ။ သို့သော် အတင်းအကျပ် မဖြစ်စေဘဲ ဆုတောင်းလျှက် လုပ်ဆောင်ရန်။
   ၈) သူတစ်ပါးအား ၀ိညာဉ်အစာ ဝေမျှမည့် သူသည် ကိုယ် တိုင်းပြည့် ၀စွာ (သို့) တတ်နိုင် သမျှစားသုံး ထားရန်လို ကြောင်း လည်းဆင်ခြင်း ရန်ရှိပါသည်။
   ၉) ၀ိညာဉ်ရေးရာ မိတ်ဆွေ(Spiritual Friend) ထားရှိ လျှက် ၀ိညာဉ်ရေးရာ လမ်းပြသူ (Spiritual Guide) ဖြစ်ရန် ဆုတောင်းလျှက် လုပ်ဆောင်ပါ။

နိဂုံး။
ဝိညာဉ်ရေးရာ စည်းကမ်းများကို တမန်တော်ခေတ် (တ၊၂း၄၂-၄၇) ကတည်းကပင် လက်တွေ့ လုပ်ဆောင် ခဲ့ကြသည်။ အသင်းတော် သမိုင်း တစ်လျောက်တွင်လည်း ဖိနှိပ်ညှင်းဆဲမှု အမျိုးမျိုး ရင်ဆိုင်ခဲ့ရသည့် စွမ်းအားနှင့် ၀ိညာဉ်ရေးကို မြှင့်တက်စေမည့် အလေ့အကျင့်များ လုပ်ရန် ရှိသကဲ့သို့ ယုံကြည်ခြင်း အားဖြင့် ကျေးဇူး တော်ကြောင့် ကယ်တင်ခြင်း အခွင့်ရသည် ကိုလည်း ချီးမွမ်း အသက်ရှင်ရန် ရှိပါသည်။ တရားတော်၌ မွေ့လျှော်၍ သန့်ရှင်း သော ၀ိညာဉ်တော် လမ်းပြမှုနှင့် အတူလိုက်လျှောက်ခြင်း အားဖြင့် ၀ိညာဉ်ရေးရာ လမ်းပြသော သိုးထိန်းများ ဖြစ်ရန် ဘုရားသခင် အလိုရှိ နေပါသည်။

ဆွေးနွေးရန်။
 ၁) ဤသင်ခန်းစာ အားဖြင့် ကျွန်ုပ်တို့အား ဘုရား သခင် မည်သို့ သွန်သင်  နေပါ သနည်း။
၂) ကျွန်ုပ်တို့၏ဘ၀တွင် ၀ိညာဉ်ရေးရာ မိတ်ဆွေ ရှိပါသလား။ မည်သို့ လမ်းပြ သနည်း။
၃) ၀ိညာဉ်ရေးရာ ဖွံ့ဖြိုးလာစေရန် အခြားခရစ်ယာန် ဂိုဏ်းဂဃများနှင့် အခြားသော ဘာသာများထံမှ ဓမ္မကြောင်း နှင့် ဆီလျှော်သော အတု ယူဖွယ်ရာ များရှိပါသလား။
၎) တစ်ဦးချင်း အနေဖြင့် လည်းကောင်း၊ အသင်းတော်၊ နယ်၊ အဖွဲ့ချုပ်၊ ကျမ်းစာ သင်ကျောင်းများ
    အနေဖြင့် လုပ်ဆောင် နိုင်သော ၀ိညာဉ်ရေး အားဖြည့်စရာ အစီအစဉ်များက ဆွေးနွေးပါ။

သိက္ခာတော်ရဆရာ ဦးထွန်းထွန်းအေး|-



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...