● အပြစ်ဆိုသည်မှာ ....

အဓိကကျမ်းချက်များ။-
(ရောမ၊၃း၂၃။ ရောမ၊၆း၂၃။ဟေရှာ၊၅၉း၂)
ဘုရားသခင် အလိုတော်မရှိသော အသက်ရှင်မှုကို ဆိုလိုပါသည်။ လူသား တိုင်းသည် အပြစ်သား များဖြစ်ကြသည်။ ချစ်စရာ့အရွယ်မွေး ကင်းစ ကလေးများပင်အပြစ်ကို မကျူးလွန်သေးသော်လည်း အပြစ်၏ သဘောတရားများ ရှိနှင့်ပြီးဖြစ် သည်(ဆာ လံ၊၅၁း၅)။ မိမိကိုယ်ကိုဗဟို ပြုလို သည့်သ ဘော ထား သည်မွေးကင်းစ ကလေးတိုင်း၌ အလို အလျှောက် ပါရှိပြီးသားဖြစ်သည်။ မည်သူ မှလွဲ ရှောင် ၍ မရပေ။ ထိုစိတ်သဘော ထားသည် ဘုရားသခင်အား ၀မ်းနဲစရာ ပင်ဖြစ်သည်။ အကျွန်ုပ် သည်မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ် ပင်အပြစ်စွဲ ပါ၏”(ဆာလံ၊ ၅၁း၅)။ ဘုရားသခင်အား ဗဟိုပြုခြင်းထက် မိမိကိုယ်ကိုသာဗဟိုပြု ပြီးအဓိက ထားတတ်သည်။ ဤ စိတ်သဘောထား ကို မွေးကင်းစ ခလေးအရွယ်မှ ပင် တွေ့နိုင်ပါသည်။ ထို့ကြောင့်အပြစ်၏လက္ခဏာ ကိုမွေးကင်းစခလေး အရွယ်မှစ၍ တွေ့ရပါသည်။ ဤသို့သောစိတ်မျိုးကို ကျွန်ုပ်တို့လွဲရှောင်၍မရသလို ဤစိတ်ဓါတ် များလူလူချင်း ကိုလည်းကောင်း၊ ဘုရားသခင်အားလည်းကောင်း ပြစ်မှားလျှက်ရှိ ပါသည် (ရောမ၊ ၃း၂၃)။ ထို့အတူ ဘုရားသခင်အား စိတ်ပျက်စေခြင်း၊ ဖန်ဆင်းတော်မူ သောရည်ချက်ဖြစ်သည့် ဘုန်းတော် ထင်ရှားရန် မဆောင် ရွက်ခြင်းသည် အဖြစ်ပင် ဖြစ်သည်။ မိမိအတွက်ရှေ့တန်းတင်ပြီး၊ တပါးသူအတွက်၊ ဘုရားအ တွက်နောက်ဆုံး ထား တတ်ကြပါသည်။ ဤသို့ဖြင့်အပြစ်သည် မိမိအားဖန်ဆင်းတော်မူသော ဘုရား ကိုပင်မေ့လျော့သွားအောင် ဘုရားနှင့်လူသားအားဝေးကွာ စေခဲ့ ပါသည်။ ထို့ကြောင့် အပြစ်သည်ဘု ရားနှင့် လူစပ်ကြားတွင်ရှိရမည့် မိတ်သဟာရဖွဲ့ခြင်းကို ပျက်စီးစေခြင်း ပင်သည်။ လောကကြီးထဲလူသား အဖြစ်မွေး ဖွားလာသည်နှင့် တပြိုင်နက် အပြစ်သား များအဖြစ် သာမွေးဖွားကြသော်လည်း ဘုရားရှိမှန်းတော့ လူသား တိုင်းကသိနေ ကြပါသည်။

အပြစ်၏အကျိုးဆက်များ(some consequence of sin)
-ဘုရားကိုသောကရောက်စေသည်(ကမ္ဘာဦး၊ ၆း၅-၇)
-ဘုရားသခင်ထံတော်ပါးမှခွဲထွက်လာသည်(ဟေရှာ၊၅၉း၁-၂)
-အပြစ်၏ကျွန်ဖြစ်စေသည်(ရောမ၊၆း၁၇)
-၀ိညာဉ်ရေးရာကိုသေစေသည်(ဧဖက်၊ ၂း၁)
-အကထိလိုက်စားလာသည်(တိတု၊ ၁း၁၅)
-အပြစ်ကိုလက်ဆင့်ကမ်းယူဆောင်လာသည်(ဆာလံ၊ ၅၁း၃-၄)
-တရားစီရင်ခြင်း၊ ဒဏ်ခတ်ခြင်းကိုခံရသည်(မဿဲ၊ ၂၅း၄၆)
-၀ိညာဉ်ရေးရာကိုအမှောင်ကျစေသည်(၂ကော၊ ၄း၎)
-မျှော်လင့်ခြင်းကင်းမဲ့စေသည်(ဧဖက်၊၂း၁၂)
-အပြစ်ဒဏ်ချခံရသည်၊ ရှုပ်ချခြင်းခံရသည်(ယာကုပ်၊ ၅း၁၂)
အပြစ်အတွက်နှုတ်ကပတ်သမ္မာကျမ်းစာ(the Bible words for sin)
သမ္မာကျမ်းစာတွင် လူသားတို့မည်သို့ ဘုရားသခင်နှင့်ဝေးကွာခဲ့ရကြောင်း နှင့်မိတ်သဟာရပျက်စီးခဲ့ကြောင်း များ စွာဖေါ်ပြထားပါသည်။ ထိုဝေးကွာပုံ၊ ပျက်စီး ခဲ့ပုံတို့ကိုဝေါဟာရအမျိုးမျိုးဖြင့်အသုံးပြုထားကြောင်းတွေ့ ရပါသည်။ ယင်းတို့မှာ……
စံချိန်စံညွှန်းမှလွဲချော်ခြင်း(Deviation from a norm or standard)
*Chattah;ပစ်မှတ်ကိုလွဲချော်သွားခြင်း၊ မှားယွင်းသွားခြင်း(တရားသူ၂၀း၁၆၊ ဆာလံ၊ ၅၁း၎)
*Avon;ကွေးသည်အလွဲ အသုံးပြုသည် (ဥပမာ-ကောင်းသောအရာကို သိ သော်လည်း တမင်အမှား ကိုပြု 
လုပ်ခြင်း (ယောဘ၊ ၃၃း၂၇)
*Shagah;လမ်းလွဲချော်သွားသည်၊ မှားယွင်းသည် (ယောဘ၊ ၉း၎။ ၀တ်ပြု၊ ၄း၁၃)      
*Prabasis;(ဓမ္မသစ်) မျဉ်းဖြောင့်မှ ရုတ်တရက်ကွေ့သွားခြင်း၊ နယ်နမိတ်ကျူး ကျော်ခြင်း(ရောမ၊ ၄း၁၅။ ဂလာတိ၊ ၃း၁၉)
*Hamartia;(ဓမ္မသစ်)ပစ်မှတ်လွဲသည်(မဿဲ၊ ၁း၂၁။ ရောမ၊၆း၂၃)
*Paraptoma;(ဓမ္မသစ်) ကျူးလွန်သည်၊ စော်ကားသည်၊ မှန်သောလမ်းအစား မှားယွင်းသောလမ်းပေါ် တွင် ချေချမှားသွားသည် (ကောလော၊ ၂း ၁၃။ ဧဖက်၊ ၂း၅)  

အခြေအနေတစ်ခုကိုသရုပ်သဏ္ဍာန်ဖေါ်ပြခြင်း(Description of a state)                             *Rasha;အားနဲခဲ့ခြင်း(သို့) ဘုရားမဲ့တရားမဲ့နေထိုင်ခြင်း(ဆာလံ၊ ၁း၆။ ဆာ လံ၊ ၃၇း၂၈) 
*Asham;ပြစ်မှုကျူးလွန်ရန်၊ အပြစ်ဖြစ်စေရန် (ကမ္ဘာဦး၊ ၂၆း၁၀။ ၀တ်ပြု၊၅း၁၅-၁၆။ (အပြစ်ဖြစ်စေသော ပူဇော်သက္ကာ) 

တမင်တကာပုန်ကန်ခြင်း(Deliberate rebellion) 
ဘုရားသခင်မလိုအပ်ဘဲ မိမိဖါသာမိမိဖြေရှင်းနိုင်ပါ သည် ဆိုသည့်ခံယူချက်ရှိ သောအခြေအနေ ပင်ဖြစ် သည်။ ဘုရားသခင်၏ စိုးမိုးချုပ်ချယ် မှုအောက်မှကင်း လွတ်ပြီ၊ လွတ်လပ်မှုအခွင့် အရေးရသူ များဟု မိမိတို့ ကိုယ် ကို မိမိတို့ကြွားဝါနေသူ များကိုဆိုလိုပါသည်။
*Persha; ဘုရားသခင်အား လက်သီးလက်မောင်းထောင်ပြသူ (ဟေရှာယ၊ ၁း၂။ ၃ဓမ္မ၊၁၂း၁၉)
*Anomia; (ဓမ္မသစ်)ဥပဒေမဲ့ခြင်း၊ ပုန်ကန်ခြင်း (၂ကော၊ ၆း၁၄။ ၁ယော၊ ၃း၎) မဖြောင့်မတ်သော အပြုအ 
မူနှ င့် သဘောထားများ(Devious actions of attitudes)
*Marah;ရန်ပွားစေခြင်း၊ ပုန်ကန်ခြင်း၊ ခေါင်းမာခြင်း (ဆာလံ၊ ၇၈း ၈)
*Marad;ပုန်ကန်ရန်(တောလည်၊၁၄း၉)
*Raah; ဆိုးသွမ်းခြင်း၊ ဥပမာ-ဆိုးညစ်သောအပြုအမူ သီးသန့်(ကမ္ဘာဦး၊၁၉း၇) (ကျွန်ုပ်တို့အား ဘုရားသခင် ၏မေတ္တာအောက်မှသီးသန့်ခွဲ ထားခြင်းလိုက်ခြင်းပင်ဖြစ်သည်။)           
                                                                  
ကျွန်ုပ်တို့၏ပြည်လည်တုန့်ပြန်ခြင်း
လူသားတိုင်းမိမိတို့အပြစ်အတွက်တာဝန်ကိုယ်စီ ယူကြ ရ ပါ မည်  (ရောမ၊ ၁၄း၁၂)။ ကျွန်ုပ်တို့အား လုံးမှာ အပြစ်သားများဖြစ်သကဲ့သို့ ဘုရားသခင်အားရှေ့တန်း တင်ခြင်းထက်၊ မိမိတို့ကိုယ်ကို ရှေ့တန်းတင်ခြင်း ဆိုသည့် တစ်ကိုယ်ကောင်းဆန် ခြင်းအကျင့်ကိုပို၍ နှစ်သက်ကြပါသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့အား အပြစ်ပြု နေရာမှပြန်လှည့်ထွက်ခွာ လာရန် အလိုတော်ရှိသော ဘုရားဖြစ်ပါသည်(ယေဇကျေ၊ ၁၈း၂၀-၂၃)။ လူသည် ဘုရားသခင်၏ အကြံ အစည်တော်အား ဆန့်ကျင်ပြီးအပြစ် လုပ်ဆောင်ရန်ရွေးချယ်ခဲ့ပါသည်။ သို့သော် ဘုရားသခင်မှလူ သားတို့အား နောင်တရ ပြီးသူ့ထံပြန်လှည့်လာရန် မေတ္တာဖြင့်ခေါ်နေပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့ တွင်ရွေး ချယ်ရန်အခွင့်အရေးအပြည့်ရှိနေပါသေးသည်။ ကျွန်ုပ်တို့အနေဖြင့် အပြစ်နွံထဲ ၌ ဆက်နေ လိုပါသ လား၊ ဘုရားသခင်နှင့်ဝေးကွာသောဘ၀၌ ဆက်လက်နေလိုပါသလား ကျွန်ုပ်တို့ဖက် မှရွေးချယ်ရန်တာ ၀န်ဖြစ်ပါသည်။ ဘုရားသခင်ထံတော်ပါးသို့ ပြန်လှည့်လိုပါက ကျွန်ုပ်တို့အပြစ်အ တွက် အသက်ပေး ဆပ်တော်မူသောခရစ်တော် ယေရှုဘုရားအားမိမိ၏ကယ်တင်ရှင်အဖြစ် လက်ခံ ယုံကြည်ရန်၊ ထိုအရှင် သခင်အ လိုတော်ရှိသောအသက်တာဖြင့် အသက်ရှင်ရန်လိုအပ်ပါသည်။ မကြာခဏအပြစ်ပြု တတ် သောသူသည် ဘုရားသခင်နှင့်မိတ်ဖွဲ့၍မရနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင် သည်နှုတ် နှင့်ဖေါ်ပြ ၍မကုန်နိုင်အောင်သန့်ရှင်းသော ဘုရားဖြစ်ပါသည်။ ဘုရားသခင် အနေဖြင့် ကျွန်ုပ်တို့ ဖက်မှသူ့ကိုသိကျွမ်းရန် အလိုတော်ရှိပါသည်။ ကျွန်ုပ်တို့အပေါ်ထားတဲ့ အလိုတော်ပြည့်စုံရန် ကျွန်ုပ်တို့တာ ၀န်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏မေတ္တာနိုင်ငံထဲ၌ ကျွန်ုပ်တို့အား တစ်စိတ်တစ် ပိုင်း အဖြစ်ပါဝင်ရန် အလိုတော်ရှိနေပါသည်။

တင်ပြသူ-၀ိညာဉ်မီးအိမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...