● အစွန်းရောက်ခရစ်ယာန်များအကြောင်းသိမှတ်ဖွယ်ရာ”


မြန်မာနိုင်ငံသို့ ၂၀၁၂ခုနှစ်မှ စ၍ကမ္ဘာ အရပ်ရပ်မှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဖွဲ့အစည်း များ တစထက် တစ၀င် ရောက်လာ သလိုကမ္ဘာ အရပ်ရပ်မှ သွန်သင် ချက် အမျိုး မျိုးဖြင့် ဘာသာ ရေးအဖွဲ့ အ စည်း အမျိုးမျိုး လည်းဝင် ရောက် လာတော့ မည်ဖြစ်ပါ သည်။ ထို့သို့ဝင် ရောက်လာ မည့် ဘာသာ ရေးအဖွဲ့ အစည်း များ ထဲတွင် မှားယွင်း သောသွန် သင်ချက် များဖြင့် ငွေကြေး အမြောက် အများ အသုံးပြု ပြီးဝင် ရောက် လာမည့် အဖွဲ့အစည်း များ လည်းရှိ ပါသည်။ တစ်ဖက်တွင် လည်းကျွန်ုပ် တို့၏အခြေ အနေသည် ပင်ပန်း ကြပ် တည်း စွာဖြင့် လုပ်ကိုင် ရှာဖွေ စားသောက် နေကြရ ခြင်း၊ အပေါ် ယံ ယုံကြည် မှုများက အလေး သာနေခြင်း များကြောင့် ရေကန် အသင့် ကြာ အတင့် ဟုဆိုရ မလား၊ ဇရက် တောင်ပံ ကျိုးနှင့် ကြောင်ခံ တွင်း ပျက်ဟု ပြောရ မလားပင် မဆိုတတ် တော့ပါ။ ထို့ကြောင့် ဤသို့ကြောက် မက်ဖွယ်ရာ ကောင်းသော အ စွန်း ရောက် အယူအ ဆများကို ချိန်ဆ နိုင်ရန်၊ ခွဲခြားနိုင် ရန်နှင့် ရှောင် ကျဉ်နိုင်ရန် အ တွက် လက် လှမ်း မှီသမျှ စုစည်း ဖေါ်ပြ ပေးခြင်းဖြစ် ပါသည်။ ဤမှား ယွင်းသော သွန် သင်ချက် များအား အချိန်မှီ တားဆီး ရန် ခရစ်ယာန် အဖွဲ့အ စည်းရှိ ခေါင်း ဆောင်များ၊ အသင်းတော် ၏သင်းအုပ် ဆရာ/မများ၊ ဓမ္မ၀န် ဆောင်များ ၏ တာဝန် သာမက အသင်း သား/သူ တစ်ရပ် လုံး၏ တာဝန် လည်းဖြစ် ပါသည်။ ဤသို့ သောအဖြစ် အပျက်များ သည် ယနေ့ ခောတ်၌ ပင်မဟုတ်ပါ တမန် တော်ကြီး ရှင် ပေါလု လက် ထက်က တည်း ကပင် ရှိခဲ့ကြောင်း သမ္မာ ကျမ်းစာ ၌တွေ့ ရပါသည်။ (ဂလာတိ၊ ၁း၆-)တွင်ခရစ်တော် ၏ကျေး ဇူး တော်အားဖြင့် သင်တို့ ကိုခေါ် တော်မူ သောသူ နှင့်ဤ မျှလောက် မြန် မြန်ခွာ ၍ သင်တို့ သည် အခြား သော ဧ၀ံဂေလိ တရားကို ခံယူကြ သော ကြောင့် ငါသည် အံ့သြခြင်း ရှိ၏”“ထိုဧ၀ံ ဂေလိတ ရားသည် ဧ၀ံဂေ လိတ ရားမ ဟုတ် သင်တို့ ကို နှောင့် ယှက်၍ ခရစ် တော်၏ ဧ၀ံဂေလိ တရားကို မှောက် လှန်ချင် သောသူ အချို့ရှိ ကြ၏။ သို့သော် လည်း သင်တို့ အား ငါဟော ပြောသော ဧ၀ံဂေ လိတရား မှ တပါး အခြားသော ဧ၀ံဂေလိ တရားကို ငါဟော ပြောသော် လည်း ကောင်း၊ ကောင်းကင် ဘုံမှ လာသော ကောင်း ကင်တ မန်ဟော ပြောသော် လည်း ကောင်း၊ ဟော ပြောသော သူသည် ကျိန် တော်မူခြင်း ကိုခံစေ။ဟုဂလာ တိအသင်း တော်အား တမန် တော်ကြီး ရှင်ပေါလုက သတိပေး ထားကြောင်း တွေ့မြင် နိုင်သည်။ လောက တွင် အယုံ လွယ်သော သူများ သည် အလိမ် အများဆုံး ခံရသူ များဖြစ်သည်။ ထို့ကြောင့် ဘယ် အကြောင်း  အရာ မဆို ဘုရား ပေးထား သော ဆင်ခြင် ဥာဏ်ဖြင့် စဉ်းစား ဆင်ခြင် တတ်ဖို့ လိုပေ သည်။ ကျွန်ုပ်တို့ အားလုံး သည် လူသားဖြစ် သည့် အား လျှော် စွာ အမှား များမ ကြာ ခဏ ပြုတတ် ကြ ပါသည်။ သို့သော် အမှား အားလုံး သည် သေ စေနိုင် သောအရာ မဟုတ်ပါ။ ဓမ္မ ဆရာ၊ တရား ဟော ဆရာ/မများ၊ ခရစ်ယာန် ခေါင်း ဆောင် များပြု တတ်သော ဘာ သာရေး အယူ အဆ အမှား (အစွန်း ရောက် ဘာသာ ရေး အယူ အဆ) များ သည် လူ့ အသက်ကို သေစေ နိုင် သည်သာ မက လူ့ဝိညာဉ် ကို ပါ ထာဝရ ဆုံးရှုံး စေပါ သည်။ လွန်ခဲ့သော ဆယ် စုနှစ်() စုအတွင်း ကရာ ထောင်ချီ သောလူ များ တို့သည် ဘာ သာရေး လော ကထဲပါ ၀င်ပက်ပြီး အစွန်း ရောက်ခဲ့ သောကြောင့် အသက် ဆုံးရှုံးခဲ့ကြ ရသည်။ တနည်း အားဖြင့် ဆိုသော် မှားယွင်း သော ဘာသာရေး အယူ အဆများ ကိုသွန် သင်ကြ သောဘာ သာရေး ခေါင်းဆောင် များနောက် သို့လိုက်ခဲ့ သောကြောင့်၊ ယုံကြည် ခဲ့ကြ သောကြောင့် ပင်ဖြစ် သည်။ အဆိုး ဆုံးမှာ-ထိုမှား ယွင်းသော သွန်သင် ချက်များ ကို သွန်သင် ခဲ့သော ခေါင်းဆောင် များ ကို ကိုးကွယ် ကြခြင်း ပင်ဖြစ် သည်။

အစွန်းရောက်သူများ၌တွေ့ရှိရသောအချက်များ(သာမန်အားဖြင့်)
၁။သမ္မာကျမ်းစာမှဖေါ်ပြချက်များကိုတလွဲမှီငြမ်းခြင်း။

၂။နောက်ခံသမိုင်း၊ အခြေအနေအချိန်အခါ ဆက်စပ်မှုမရှိ သောသမ္မာကျမ်းစာမှ အကြောင်း အရာများနှင့်
ကျမ်း ပိုဒ် များ ကိုယှဉ် တွဲပေါင်း စပ်အ သုံးပြုခြင်း။

၃။သမ္မာကျမ်းစာလွဲမှားစွာ (ကျမ်းစာ အုပ်ကို လက်ဖွဲ့ အဆောင် သဖွယ်) အသုံးပြုခြင်း။

၎။ကျမ်းပိုဒ်၏ သွန်သင်ချက် များကို အစမှအ ဆုံးမခံယူ၊ အဆုံး သတ်ကျမ်း ချက်များ ကိုလည်း ဂရုမစိုက် မိမိလို ရာသို့  ဆွဲယူ ပြောဆို ခြင်း။

၅။လူနည်းစုမျှ သာနား လည်နိုင်သော ဘာသာစ ကားပြော ဆိုခြင်း၊ ဘာသာပြန် ဆိုခြင်းများ ပေးတတ်ခြင်း။

၆။သမ္မာကျမ်းစာ ကိုသေး သိမ်အောင် ပြုလုပ်ခြင်း။

၇။အခြားသော ဘာသာ တရားများ မှအချက် များနှင့် နှိုင်းယှဉ် ကာတူ ညီပါ သည်ဟု (ရောသ မမွှေ) ပြောခြင်း။

၈။သမ္မာကျမ်း စာထဲမှ ကျမ်းစ ကားများအား အသစ် သွင်းခြင်း၊ နှုတ် ပယ်ခြင်း။

၉။သမ္မာကျမ်းစာ ထဲတွင်အပိုဖြည့် စွက်မှုများပြု လုပ်ခြင်း၊သို့တည်း မဟုတ် ဗျာဒိတ် တော်များကို အလွန် ကောင်း မွန်ကြောင်း၊ အလွန်ထူးခြား သောထိုး ထွင်းသိနိုင် မှုများနှင့် သမ္မာကျမ်း စာကိုနားလည်နိုင် ပါကြောင်း ပြော ဆိုခြင်း။

၁၀။သမ္မာကျမ်း စာမှဆို လိုရင်း များကို အလွဲနားလည် စေခြင်း၊ မှားယွင်း သော သတင်းများ ပေးခြင်း တို့ဖြစ်ပါ သည်။

၁၁။ဘုရား သခင်အ ပေါ်ယုံကြည် ကိုးစာလာ တတ်ရန် သွန်သင်ခြင်း ထက် မိမိအပေါ် ယုံကြည် စိတ်ချ အားကိုး လာ စေရန် ရည်ရွယ် ချက်ဖြင့် သွန်သင်ခြင်း၊ စည်းရုံးခြင်း။


မိမိကိုယ် မိမိယေရှု ခရစ်တော်ဖြစ် သည်ဟု ပြောဆိုခဲ့ သူများ အောက်ဖေါ်ပြပါ စာရင်းတွင်ပါ ၀င်သောသူ များသည် ထင်ပေါ် ကျော်ကြား သူများဖြစ်ကြပြီး မိမိကိုယ် မိမိဖြစ်စေ၊ နောက်လိုက် များအား ဖြစ်စေယေရှုခ ရစ်တော်ဝင် စားခြင်း”“ယေရှု ခရစ် တော် ဒုတိယ အကြိမ်ကြွ လာခြင်းဖြစ်သည် ဟုပြောဆိုခဲ့ သောသူများ ဖြစ် ကြ သည်။ ထိုသူများ ကိုကြည့်ခြင်း ဖြင့်လွဲမှား သောသွန်သင် သူများ အား ခွဲခြား တတ်ရန် အတွက် အထောက် အကူ ဖြစ်စေ ပါလိမ့်မည်။


၁၉-ရာစု၌ထင်ပေါ်ကျော်ကြားခဲ့သောအစွန်းရောက်သူများ

John Nichols Thom(1799-1838)
မိမိကိုယ် ကိုမိမိ ကမ္ဘာကြီး အား ကယ် တင် မည့်သူ၊ ယေရှု ခရစ် တော် ပြန်လည် ၀င်စားသူ၊ သန့် ရှင်း သော ၀ိညာဉ် တော် ၏ဗိ မာန်တော် သည် သူ၏ခန္ဓာ ကိုယ်ဖြစ် သည်ဟု (၁၈၃၄) ခုနှစ်တွင် ကြေငြာခဲ့ သူဖြစ်သည်။ အင်္ဂင်္ လန်နိုင်ငံ၊ ကန့်မြို့တွင် ၁၈၃၈ -ခုနှစ်၊ မေလ(၃၁)ရက် နေ့တွင်ဗြိတိ သျှစစ်သား များ၏အသေ သတ်ခြင်းကို ခံခဲ့ရသည်။

Arnold Potter(1804-1872)
သူ့ကိုယ် သူယေ ရှုခရစ်တော် ၏၀ိညာဉ် တော်သည်သူ၏ ခန္ဓာကိုယ်ထဲ သို့ဝင်ရောက်ပြီး၊ သူသည်အ သက်ရှင်တော် မူသော ဘုရားသခင်၏ သားတော် (Potter Christ) ဖြစ်လာ သည်ဟု ကြေငြာခဲ့သည်။ ထိုသူသည် တောင် ထိပ်ပေါ်မှ နေ၍ကောင်း ကင်သို့ပြန်တက် ရန်ကြိုးစား နေစဉ် တောင်ပေါ် မှပြုတ်ကျ ပြီးသေဆုံး သွားခဲ့ သည်။ ထိုသူ၏ ရုပ် အလောင်းကို သူ၏နောက် လိုက် တပည့် တပန်းများ ကကောက် ယူမြုတ် နှံခဲ့ သည်။

Baha’u’llah(1817-1892)
ကမ္ဘာပေါ် ရှိဘာ သာတ ရား များ ၏ အနာ ဂတ် တွင်ပေါ် ထွန်းလာ မည့် ကတိ တော် ပေးထား သော သူ တစ်ဦး
ဖြစ် ကြောင်း ကြော်ငြာ ခဲ့သည်။ သူသည် Baha ယုံကြည်မှု ကို(၁၈၆၆) ခုနှစ်တွင် တည်ထောင် ခဲ့သည်။ သူ၏ နောက်လိုက် တပည့် တပန်းများက သူ့အား ခရစ်တော် ဒုတိယ အကြိမ်ကြွ လာမည်ဟု ပရော ဖက်ပြု ချက် အားပြည့် စုံစေသော သူဟူ၍ လည်းကောင်း၊ ပဉ္စမ မြောက် အရိမေ တျယျမြတ် စွာဘုရား ကြွလာ မည်ဟု ပရော ဖက်ပြု ထားခြင်း အားပြည့်စုံ စေသော သူဖြစ်သည် ဟူ၍ လည်းကောင်း ယုံကြည်ကြ သည်။

William W.Davies(1833-1906)
ကောင်းကင် နိုင်ငံတော် သည်ဝါ လာဝါ အရပ်၊ (၀ါရှင် တန်မြို့၊ ၁၈၆၇မှ ၁၈၈၁ အထိ)တည်ရှိ သည်ဟယုံ ကြည် သော နောက် ဆုံးသော နေ့သူတော် စင်အုပ်စု အဖွဲ့၏ ခေါင်းဖြစ် သည်။ ထိုသူသည် တပည့်တ ပန်းများ အားသူ သည် ကောင်းကင် တမန်မင်း (Michael) ဖြစ်ပြီး ဟိုယခင် သမ္မာကျမ်း စာခောတ် အာဒံ၊ အဗြံဟံနှင့် ဒါဝိဒ်တို့ ခောတ် တွင်အသက် ရှင်နေထိုင်ခဲ့ သူဖြစ်သည် ဟုပြောခဲ့ သည်။ သူ၏ ပထမသား ဦးArthur (1868)ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်တွင် မွေးဖွားလာ သောအခါ ဤကလေး သည် ယေရှုခ ရစ်တော်ပြန် လည်ဝင် စားသော သူဖြစ်သည် ဟုကြော် ငြာခဲ့သည်။ ဒုတိယ သားဒါဝိဒ် (၁၈၆၉)ခုနှစ် တွင်မွေးဖွား လာသော အခါ ထိုသား သည်ခမည်း တော် ဘုရား ၀င်စား သည်ဟု ကြေငြာခဲ့ သူလည်း ဖြစ်သည်။

Mirza Ghulam Ahamd(1835-1908,India)
နောက်ဆုံး သော အချိန်၌ကြွလာ မည်ဟု စောင့်မျှော်ခြင်း ခံရသော မေရှိယဖြစ် ကြောင်း ကြေငြာခဲ့ သူဖြစ်သည်။ ထိုသူသည် ဘုရားသခင် စေလွှတ်သော သူဖြစ်ပြီး လူသား များ၏ပြု ပြင်ပြောင်း လဲရေးကို လုပ် ဆောင် ဖို့ရန် ဘုရား သခင် စေလွှတ်ခြင်း ခံခဲ့ရသော သူဖြစ်သည် ဟုဆို သည်။


၂၀-ရာစု၌ထင်ပေါ်ကျော်ကြားခဲ့သောအစွန်းရောက်သူများ

Haile Selassie I(1892-1975)
၁၉၃၀-ခုနှစ်တွင် အီသီယိုး ပီးယား၏ ပြည့်ရှင် ဖြစ်လာခဲ့ ပါသည်။ ဗျာဒိတ် ကျမ်း ၅း၅တွင် ဗျာဒိတ်ပြု ထား သောမေ ရှိယပြန် လာခြင်း ဖြစ်သည် ဟုပြော ဆိုသည်။ သူ့အား သူ့နောက် လိုက်များ ကဒုတိယ အကြိမ်ကြွလာ သောယေ ရှုခ ရစ်ဖြစ် သည်ဟု ယုံကြည် ကြသည်။

Laszlo Toth(1940-)
ဟန် ဂေရီလူ မျိုး၊သြစ တေး လျနိုင်ငံ သား၊ သူ့ကိုယ် သူယေရှု ခရစ် တော်ဟု ပြောခဲ့ သည်။

Wayne Bent(1941-)
သူ့ကိုယ် သူဘုရား သခင်ဝင် စားသော သူ၊ လူ့ဇာ တိနှင့်ဘုရား ဇာတိ အပြည့် အ၀ပါရှိ သောသူ ဖြစ်သည် ဟု ကြော်ငြာ ခဲ့ သည် သူသည် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက် နေ့ တွင် လိင်မှု ဆိုင်ရာ ရာဇ၀တ် မှုကျူး လွန်သူ ဟု တရားရုံး မှတရား စွဲဆိုခြင်း ခံရသော သူဖြစ် သည်။

Ariffin Mohammed(1943-)
သူသည် မလေးရှား နိုင်ငံ၌ ၁၉၇၅ ခုနှစ်တွင် (skykingdom) “ မိုးကောင်းကင် ကောင်းကင် နိုင်ငံတော်အဖွဲ့ကို တည် ထောင် ခဲ့သည်။ သူသည် ကောင်းကင် နိုင်ငံနှင့်တိုက် ရိုက်အဆက် အသွယ်ရှိ သူဟု ကြေငြာခဲ့ သ ည်။ သူ၏ နောက် လိုက်များက သူ့အား သခင်ယေ ရှုခရစ် ၀င်စားသူ၊ ကုလား ဘုရား shiva ဗုဒ္ဓနှင့် မိုဟာ မက်ဝင် စား သူဖြစ် သည်ဟ ယုံကြည် ကြ သည်။

Mitsuo Matayoshi(1944-)
အယူသီး ဂျပန်နိုင် ငံရေး သမား တစ်ဦးဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် သူသည် ဘုရား သခင်နှင့် ယေရှု ခရစ် တော်ဖြစ် သည်ဟု ဆိုလျှက် World Economic Community Party ကိုတည် ထောင်ခဲ့ သည်။ သူ့နာမ် မည်အား ယေရှု မာတာ ယိုရှီဟု ပြောင်းခဲ့ သည်။ သူ့အစီအ စဉ်အရ ယေရှု ခရစ်တော် ကဲ့သို့နောက် ဆုံးသော တရားစီ ရင်ခြင်း ကိုပြု လုပ်မည် ဖြစ်ကြောင်း၊ သို့သော် လည်း လက်ရှိနိုင် ငံရေးစနစ် အတိုင်း ကျင့်သုံး မည်ဖြစ် သည်။

Jose Luis de Jesus Miranda(1946-)
သူသည် ဖလော် ရီဒါပြည် နယ်၊ မီယာ မီ၌ကျေးဇူး တော်၌ ကြီး ပွားခြင်းအဖွဲ့ အစည်း ကိုတည် ထောင်သူ ဖြစ် သည်။ သူ့ကိုယ် သူရှင်ပြန် ထမြောက် သော ခရစ် တော်ဟု ၂၀၀၇ ခုနှစ် တွင်ကြေ ငြာခဲ့ သည်။

Inri Cristo(1948-)
ဘရာဇီး လူမျိုး၊ နက္ခတ် တဗေဒ ပညာရှင် ဖြစ်ပြီး၊ သူ့ကိုယ် သူ ၁၉၆၉ ခုနှစ်၌ ဒုတိယ အကြိမ် ယေရှုခ ရစ်တော် ပြန် လည် ၀င် စားသော သူဖြစ်သည် ဟုပြော ဆိုခဲ့ သည်။

Thomas Harrison Provezano(1949-2000)
အမေရိ ကန်နိုင်ငံသား၊ စိတ္တဇလူ သတ်သ မားဖြစ်ပြီး သူအသတ် ခံရခြင်း သည်ယေ ရှုခရစ် တော်လက် ၀ါးကဒ် တိုင်၌ အ သေခံ ခဲ့ခြင်းကို ထပ်တူပြု ခဲ့သည်။

Shoko Asahara(1955-)
၁၉၈၄ ခုနှစ် တွင် Aum shinrikyo ဂျပန် ဘာသာ ရေးအဖွဲ့ ကိုတည် ထောင်ခဲ့ သည်။ သူ့ကိုယ် သူခရစ် တော်၊ ဂျပန် နိုင်ငံ အတွက် ပြည့်ဝစုံ လင်သော အလင်း တရားကို ပေးမည့် အရှင် သခင်နှင့် ဘုရား သခင်၏ သိုးသူ ငယ်ဖြစ် သည် ဟုကြေငြာ ခဲ့သည်။ ၁၉၉၅ ခုနှစ်၊ မတ်လ ၂၀)ရက် တွင် တိုကျိုမြို့ မြေအောက် ရထား လှိုင်ဂူ၌ အဆိပ် ငွေ့ဖြင့် တိုက်ခိုက် ခဲ့သော သူဖြစ် သည်။ သူ့အား သေဒဏ် ပေးခဲ့သည်။

David Koresh(1959-1993)
ခရစ်ယာန် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ် သည်။ သူ့ကိုယ် သူယေရှု ခရစ်တော်၊ နောက်ဆုံး သောပ ရောဖက်၊ ဘုရား သခင်၏ သားတော်၊ သိုးသူ ငယ်ဖြစ် သည်ဟု ၁၉၈၃ ခုနှစ်တွင် ကြေငြာ ခဲ့သည်။ ၁၉၉၃ ခုနှစ် တွင် FBI မှဝန်းရံ ထားကာ အပြန်အ လှန်ပစ် ခတ်ကြပြီး အဖွဲ့ ၀င်(၆၅) ဦးသေ ဆုံးပြီး ထိုအထဲ မှ(၂၁) ဦးသည် ကလေး ငယ် များဖြစ် သည်။

ဆရာသန်းဇော်မိုးသင်ခန်းစာအားကိုးကားဖေါ်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...