● ထာဝရဘုရားကိုချီးမွမ်းခြင်း ...

ဣ သ ရေ လ လူမျိုးများသည် ထာဝရဘုရားကို ချီးမွမ်း ပူဇော်ကြသည်။ ဟေဗြဲဝေါဟာ ရနှစ်လုံး ကို ပေါင်း စပ် ထားသော ဟာလေ လု ယ သည် ထာဝရဘုရားကို ချီးမွမ်းလော့ဟု အဓိပ္ပာယ်ရသည်။ ထာဝရဘုရားသည် ချီးမွမ်းခံထိုက်သောကြောင့် ချီးမွမ်းကြခြင်းဖြစ်သည်။ ( ဆာလံ ၁၈း၃း ၁၄၅း၃ ) ထာဝရဘုရားသည်တရားသောအမှုကိုပြုခြင်း (ဆာ လံ ၇း၁၇ )အလွန်ကြီးမြတ်တော်မူခြင်း ( ဆာလံ ၁၀၄း၁ ) ဂရုနာတော်နှင့်သစ္စာတော်ခိုင်မြဲခြင်း ( ဆာ လံ ၁၃၈း ၁-၂ ) အံ့သြဖွယ်ကောင်း၍ တန်ခိုးတော်ကြီးမားခြင်း( ဆာလံ ၆၆း ၃ ) တို့ကြောင့် ချီး မွမ်း ခံထိုက် ပါသည်။

သမ္မာကျမ်းတွင် အောက်ပါနည်းများဖြင့် ချီးမွမ်းကြကြောင်းတွေ့ရပါသည်။ 
(က) ရှေးအခါမှ စ၍ သီချင်းများ ဆို၍ ဘုရားသခင်ကို ချီးမွမ်းခဲ့ကြသည်။ (ဆာလံ ၉၅း၁-၃ ) ဗိမာန်တော်တည်
ဆောက်ပြီးသောအခါ တူရိယာများဖြင့် သီချင်းသည်များ ချီးမွမ်းသီဆိုကြပါသည်။ ( ၅ရာ ၁၅း၁၆၊၂၂၊ ၆ရာ ၂၉း၃၀ ၊ ဧဇရ ၃း၁၁ )။

(ခ) တူရိယာအမျိုးမျိုးဖြင့် ဘုရားသခင်ကို ချီးမွမ်းပါသည်။ ( ထွက် ၁၅း၂၀-၂၁ ၊ ဆာလံ ၉၂း၁-၃ ၊ ဆာလံ ၁၄၄း၉ )။

(ဂ) လက်ကိုချီခြင်း ( ဆာလံ ၆၃း၎ ) ၊ လက်ခုပ်တီးခြင်း၊ ကြွေးကြော်ခြင်း (ဆာလံ ၄၇း၁ ) အားဖြင့် ဘုရားသခင်ကို ချီးမွမ်းကြသည်။

(ဃ) ဣသရေလ လူမျိုးများသည် ကခုန်ခြင်းဖြင့်လည်း ဘုရားသခင်ကိုချီးမွမ်းကြသည်။ ( ၂ရာ ၆း၁၄-၁၅ ၊ ဆာလံ ၁၄၉း၃ ၊ ဆာလံ ၁၅၀း၎ )။

(င) ကနဦးအသင်းတော်တွင် ဓမ္မသီချင်းများ သီဆိုချီးမွမ်းရန် တိုက်တွန်းအားပေးပါသည်။
(ကောလောသဲ ၃း၁၆ ) တူရိယာများတီးမှုတ်၍ချီးမွမ်းရန်ညွှန်းကြားခြင်းမရှိပါရှေးဦးခရစ်ယာန်များသီဆို
သောဓမ္မသီချင်းအချို့ကို ဓမ္မသစ်ကျမ်းတွင်တွေ့ရပါသည်။ ( ဖိ၂း၅-၁၁ ၊ဗျာ၅း၉ ) ဂုဏ်တော်ချီးမွမ်းသော ခရစ်ယာန်များသည် ဘုရားသခင်၏တန်ခိုးတော်ကို ခံစားရပါသည်(တမန် ၁၆း၂၅-၂၆)။

အချူပ်အားဖြင့် ကျေးဇူးတော်ကိုသိသောစိတ်ဖြင့် ဘုရားသခင်ကိုချီးမွမ်းကြရပါသည်။ အချိန်မရွေး နေရာမရွေးချီးမွမ်းနိုင်ပါသည်။

တင်ပြသူ-ဒေါက်တာစောစေးခူ 
♦ ♦ ♦ ♦ ♦

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...