● ကျန်းမာကြံ့ခိုင်သောအသင်းတော် အပိုင်း(၂)

ကျန်းမာ ကြံ့ခိုင်သော အသင်း တော် ခေါင်းဆောင် များသည် ၀ိညာဉ်ရေး ပိုင်းဆိုင်ရာ ကျန်းမာ ရေး ကောင်းမွန် သော သူများ ဖြစ်စေ ရန်လို အပ် ပါသည်။ 

(၁)ဤအချက် ကိုထောက် ရှုခြင်း အားဖြင့် ခေါင်း ဆောင် တစ်ဦး ၏ အတွင်းပိုင်း စိတ် ကျန်းမာ ရေးအား ပြုစု စောင့် ရှောက် ရန်အရေး ကြီး ဆုံးဖြစ် ကြောင်း တွေ့မြင်ရ သည်။

(၂) ခေါင်း ဆောင် တစ်ဦးသည် ဖြောင့်မတ်သော သူ၊သန့်ရှင်း သော သူ၊ ဆုတောင်း ပဌနာပြု တတ် သောသူ၊ ဘုရားသခင် ကိုနှစ် သက်သော သူဖြစ်ရန် လိုကြောင်း သိရှိရ ပါသည်။ 

(၃)ခေါင်းဆောင် တစ်ဦး၏ အ တွင်းပိုင်း စိတ် သည်အပြင် ပန်း သဏ္ဍာန် ထက်ပို၍အ ရေးကြီးပါ သည်။

(၄) ထို့အပြင် ခေါင်းဆောင် တစ်ဦး၏ စရိုက် သည်သူ၏ ကျွမ်းကျင်မှု ထက်ပို၍ အရေး ကြီးပါ သည်။ အသင်း တော်များကို ဦးဆောင် ပေးခြင်း သည် အခြားသော ခေါင်း ဆောင်မှု ပုံစံနှင့် မတူညီသော ကြောင့် အထက် ပါအချက် များကို သိရှိနား လည်ရန် အရေးကြီး လှပါ သည်။

နိုင်ငံရေး၊ စီးပွားရေး၊ အား ကစားလောက တွင် အောင်မြင် မှု တစ်ခု ကိုသာ အာရုံစိုက် ပြီး ခေါင်း ဆောင် တစ်ဦး၏ အကျင့်စာ ရိတ္တကိုလူ အများစုက အလေးမ ထားကြပေ။ 

အသင်းတော် ခေါင်းဆောင် တစ်ဦး သည် သူ၏ စွမ်းဆောင် မှုအတွက် ခံယူ ထားရမည့် သဘောထား မှာမိမိ၏ အစွမ်း အစထက် ဘုရား သခင် သည် သူ၏ စိတ်နှလုံး အားပြင် ဆင် ပေးခြင်း ကိုနား လည်ရန် အရေးကြီး သည်။ 

ဤလော ကတွင် စီးပွားရေး ကဏ္ဍ၌သော် လည်းကောင်း၊ အားကစား အခန်း ကဏ္ဍတွင် လည်းကောင်း ၊နိုင်ငံရေး အခန်း ကဏ္ဍ တွင် လည်း ကောင်း၊ ရပ်ရွာ မြို့နယ်ရှိ စည်းရုံးမှု အခန်း ကဏ္ဍ၌ သော် လည်း ကောင်း ခေါင်း ဆောင်မှု အမျိုး မျိုးရှိကြသည်။ 

အခန်း ကဏ္ဍ အလိုက် ရှိသင့် သောအရည် အချင်းများရှိ သော်ငြား လည်း အထက် ဖော်ပြ ပါခေါင်း ဆောင် မှုနေရာ များမှာ ခေါင်းဆောင် တစ်ဦး၏ ကျွမ်း ကျင်မှုကို သူ၏ အတွင်း စရိုက် ထက်ပို၍ အလေး ထား သည်ကို တွေ့ရှိ ရသည်။ 

ထိုကျွမ်း ကျင်မှုနှင့် အရည် အချင်းများသည် အရေးကြီး သော် လည်း၊ အသင်းသူ/ သားများနှင့်အ သင်းတော် ခေါင်း ဆောင်များ အခြား သိရှိသင့် သော အချက်များ ရှိ ပါသည်။

က။အသင်း တော် ခေါင်းဆောင် တစ်ဦးသည်-

(၁)ဘုရားသခင်အား အဘယ်မျှ လောက်နှစ် သက်ပါသနည်း။
(၂)ဘုရားသခင်၏ လူများအား အဘယ်မျှ လောက်နှစ် သက်ပါသနည်း။
(၃)သန့်ရှင်း စင်ကြယ်သော အသက်တာ ရှိပါသလား။
(၄)အရာခပ် သိမ်း၌ ဆုတောင်း ပဌနာ ပြုသော သူ တစ်ဦး ဖြစ်ပါ သလား။

ခ။ဘု ရား သခင်၏ ဘုန်းတော် အား အထွဋ် အထိပ် တွင် ထား၍ နေထိုင် အသက် ရှင် သူဖြစ် ပါ သလား။

ကျင့်ဝတ်တို့ သည် အများမြင် တွေ့နိုင် သော အပြင်ပိုင်း လက္ခ ဏာများ ကိုဦး စားပေး ခြင်းဖြစ် ၍သန့်ရှင်း ဖြောင့် မှတ်သော အတွင်း ပိုင်းစိတ် နှလုံးရှိစေ ရန်မှာ ဘုရား သခင်ဦး စွာထားတော်မူသော အရည်အ ချင်းဖြစ် ပါသည်။ 

ဓမ္မရာဇ ၀င်ပထ မစောင်အခန်း ကြီး၁၆တွင် က္ကုသရေလ လူမျိုးတော်အ တွက်ခေါင်း ဆောင် တစ်ဦး ခန့်အပ် ထားရန် ယေ ရှဲ၏ သားတစ် ဦးအား ရွေးချယ် ရန်ရှ မွေလ ကိုပို့ ဆောင်တော် မူသည်။ 

“သူတို့သည် ရောက် လာကြ သောအခါ ဧလျာဘကိုကြည့် ရှု၍စင်စစ်ထာ ၀ရဘုရား ၏အ မိန့်နှင့် ဘိသိပ်ခံ ရသော သူသည် ငါ့ရှေ့မှာ ရှိ၏ဟု ဆိုလေ သော်ထာ ၀ရဘုရားက သူ၏ မျက်နှာ သူ၏ အရပ်ကို မကြည့် ရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရ ဘုရား သည် လူမြင်သ ကဲ့သို့မြင် တော်မူ သည်မ ဟုတ်၊လူ သည်အဆင်း သဏ္ဍန် ကိုကြည့် ရှုတတ်၏။ ထာဝရ ဘုရား မူကားနှ လုံးကို ကြည့်ရှု တတ် သည်ဟု ရှမွေ လအား မိန့်တော် မူ၏။”

အကြီးဆုံး သော သားဧ လျာဘ သည်ခေါင်း ဆောင် မှုအရည် အချင်း များရှိသော် လည်း ၊ခေါင်း ဆောင် တစ်ဦးတွင် ရှိသင့်သော သန့်ရှင်း ဖြောင့်မတ် သည့်စိတ် နှလုံးမ ရှိသော ကြောင့် ဘုရားသခင် ၏ရွေး ချယ်ခြင်းကိုမ ခံရပေ။ 

အခြားသော သူများမှ ဘုရား သခင်၏ စိတ်နှ လုံးရှိသော သူအဖြစ် အ ငယ်ဆုံးသော သားဒါဝိဒ် ကိုရွေး ချယ်တော် မူ၏။ သမ္မာ ကျမ်းစာ အစမှ အဆုံးအ ထိဤ ကဲ့သို့တွေ့ ရှိရသည်။ သမ္မာကျမ်းစာ ရှိအရေးကြီး ဆုံးသော ဒေ သနာ တော်များ တွင် ယေရှူခ ရစ်တော်သည် သူ၏ တပည့်များ အားတောင် ထိပ် တွင်ပြော ကြားသော ဒေ သနာ အဆုံး အမကို မ၊၇း၂၁၂၃ တွင်တွေ့ရှိရ ပါသည်။

“သခင်၊ သခင်ဟုငါ့ ကိုလျှောက်သူ တိုင်းကောင်း ကင်နိုင်ငံ တော်ကို ၀င်ရလိမ့်မည် မဟုတ်။ ကောင်း ကင်ဘုံ၌ ရှိတော် မူသော ငါ့ခမည်း တော်၏ အလိုကိုဆောင်သော သူသာ လျှင်ဝင်ရ လိမ့်မည်။ ထိုနေ့၌ ကားသခင်၊ သခင် ကျွန်ုပ်တို့ သည် ကိုယ်တော်၏ အခွင့်ဆုံး မသြ၀ါ ဒပေးတော် မူပါပြီ မဟုတ်လော့။ ကိုယ်တော် အခွင့်နှင့် နတ်ဆိုးတို့ကိုနှင် ထုတ်ပါပြီမ ဟုတ်လော့။ အများသော သူတို့သည် လျှောက်ကြ လိမ့်မည်။ ထို သို့လျှောက် ကြသော အ ခါသင် တို့ကိုငါ အလျင်းမသိ။ အဓမ္မအမှုကြို ပုသောသူတို့ငါ့ ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်”

လူများ အနေဖြင့် ကျွမ်းကျင် မှုများ ရှိကြ သော်လည်း ဘုရား သခင်ကို မသိသော ကြောင့် ဘုရား သခင်သည် ထိုသူတို့အား လက်ခံ တော်မ မူပေ။

ဘုရား သခင်၏ အမြင်၌ ကျန်းမာကြံ့ ခိုင်သော ခေါင်းဆောင် တစ်ဦးသည် ကျန်းမာ သော အတွင်း စိတ်နှ လုံးရှိသော သူ တစ်ဦးဖြစ် သင့်ကြောင်းခြုံ ငုံပြောဆို ရန်ဖြစ်ပါသည်။ မိမိတို့၏ စိတ်အား မိမိကိုယ်တိုင်စမ်း စစ်လျှင်မည်ကဲ့သို့ တွေ့ရှိကြမည် နည်း။ 

အသင်းတော်၌ သင်တို့၏ ဦးဆောင်ခြင်း ကို ဘုရား သခင်မည် ကဲ့သို့မြင် သနည်း ဟုစဉ်း စားလျှင် သင်တို့မည်ကဲ့ သို့ဖြေကြား မည်နည်း။ အပြင်ပိုင်း ဆိုင်ရာများ (အဆောက်အဦး၊ ပရိသတ်အင်အား၊ အလှူ တော်ငွေ ထည့်ခြင်းစသဖြင့်) သက်သေ အထောက်အ ထားပြ ၍ဖြေ မည်လော။ 

မိမိ၏ စိတ်နှလုံး အခြေအနေ ပေါ် တွင်မူ တည်၍ ဖြေကြား မည်လား။ မိမိကိုယ် တိုင်ဘုရား ရှင်နှစ် သက်သန့် ရှင်းသော အသက်တာ ရှိစေရန် ဘုရားနှင့် နီးကပ် စွာနောက် တော် လိုက်ရန် ကြိုးစား အား ထုတ်ခြင်း အကြောင်း အားဖြေ ကြား မည်လား။ ယခု တွင်တမန် တော်ကြီး ရှင်ပေါလု သည် တိမောသေ အားရေး ထားသောသြ ၀ါဒစာများကိုပို မိုကာသေချာ စွာလေ့ လာကြ ပါမည်။ 

ကျန်းမာ ကြံ့ခိုင်သော အသင်းတော် ခေါင်း ဆောင်ဖြစ် ရန်အ ကြောင်း များပါရှိ သော(၁)+(၂)တိမော သေသြ ၀ါဒစာ များကို ယခုသင် တန်း၌ အဓိက လေ့လာ ကြပါမည်။ ဧဖက် အ သင်းတော် တွင်ဖြစ်ပေါ် လာသော ပြဿနာ များကို ဖြေရှင်း ရန်ရှင် ပေါလုသည် အသက်ငယ် ရွယ်သော တိမောသေ ကိုဧဖက် တွင်ကျန် နေခိုင်း ခဲ့ပါသည်။ 

ဧဖက် အသင်း တော် တွင် တွေ့ရှိသည့် အခက် အခဲများ ကိုဖြေရှင်းရန် မလွယ် ကူသဖြင့် တိမော သေမည် ကဲ့သို့ဦး ဆောင်ရ မည်ဆိုသည် ကိုရှင်ေ ပါလုသည် ဤသြ၀ါဒစာ အားဖြင့် အကြံပေး ခဲ့ပါသည်။ ဤသြ၀ါဒ စာတွင် အကြောင်း အမျိုးမျိုးတွေ့ ရှိရသော် လည်း တိမောသေ၏ စိတ်နှ လုံးသည် အရေး ပါပြီးမှန် ကန်သော စိတ် ထား၊ဖြောင့် မတ်သော အသက်တာ၊ သန့်ရှင်းသော အသက်တာရှိ သူဖြစ်၍၊ထိုကဲ့ သို့သောပါရမီ ရှိသောသူများ သာလျှင် ခေါင်းဆောင် အဖြစ် ခန့်ထား ရန်ရှင်ပေါလုအ ဓိကအလေးပေး ဖော်ပြခဲ့ပါသည်။ 

အခန်းကြီး (၃)တွင် အသင်းတော် ခေါင်းဆောင် အဖြစ် ခန့်အပ် ရန်ထိုက် တန်သူမျိုး နှင့်ပတ် သက်၍ရှင်ပေါလု သည်တိ မောသေ အားညွှန် ကြားချက် များပေးခဲ့ပါသည်။ ထိုညွှန်ကြား ချက်များ ကိုလေ့ လာပါ ကခေါင်း ဆောင် တစ်ဦး၏ အကျင့် စာရိတ္တနှင့် အကျင့် သိက္ခာ တို့ကိုသူတို့ ၏စွမ်းဆောင် ရည် များထက်ပိုမိုအလေး ထားကြောင်းတွေ့ရှိ ရပါသည်။ တမန် တော်ကြီး ရှင်ပေါ လုသည် တိမောသေ အား ညွှန်ကြား ခဲ့သော အချက် များကို သေချာ စွာလေ့ လာကြ မည်ဖြစ်သည်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)







No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...