● ကျန်းမာကြံ့ခိုင်သောအသင်းတော် အပိုင်း(၃)

(က) တိမောသေအားညွှန်ကြားချက်များ။

(၁) အတွင်း ပိုင်း စိတ် ကို ဖွံ့ဖြိုး တိုး တက်စေ ရန် အ တွက် ဦး စား ပေး ရန်ဖြစ် သည်။ (၁တိ၊ ၄း ၇-၈)

ထိုအ ချိန် ကာ လ၌ဧ ဖက်မြို့ တွင် မိစ္ဆာဒိဌိ အယူ ၀ါဒ သင်ပေး သော ဆရာ များစွာ ရှိပြီး မှား ယွင်း သော သွန်သင် မှုများ ကို ယုံကြည် သူ များ အား ပေးနေ ခဲ့ ပါသည်။ ထိုအခြေ အနေ တွင်မိစ္ဆာ ဒိဌိနှင့် ကင်းစင်သော စိတ်သ ဘောကို ထိန်း သိမ်း ၍ဖြောင့် မတ်ဖြူ စင်သော အသက် တာကို တည် ဆောက် ထိန်း သိမ်းစေ ရန်စွမ်း ဆောင် မှုရှိသ မျှနှင့်အား ရုံစိုက်ပြီး ကြိုးစား အားထုတ် ရန် တိုက်တွန်း ခဲ့ပါ သည်။

ရှေးခေတ် အပြေးပြိုင်ပွဲ သမားများလေ့ ကျင့်သကဲ့ သို့ဖြောင့် မတ်သော အသက်တာ ရှိစေရန်မျိုးလေ့ ကျင့်ရန်ရှင်ပေါ လုညွှန်ကြားခဲ့ ပါသည်။ခန္ဓာ ကိုယ်ဆိုင်ရာလေ့ ကျင့်ခန်းများသည် တန်ဖိုးရှိသော် လည်းဝိညာဉ်ရေး ဆိုင်ရာလေ့ကျင့် ခန်းများသည် လက်ရှိ ဘ၀နှင့်နောင် တမလွန်ဘ၀ အတွက်အ ကျိုးကျေးဇူး ရှိကြောင်းဖော်ပြ ထားပါသည်။

ရှေးခေတ် အပြေးပြိုင် ပွဲသမား များလေ့ကျင့် သကဲ့သို့ဖြောင့် မတ်သောအ သက်တာရှိစေ ရန်မျိုးလေ့ကျင့် ရန်ရှင်ပေါလု ညွှန်ကြားခဲ့ပါ သည်။ခန္ဓာကိုယ် ဆိုင်ရာလေ့ ကျင့်ခန်းများ သည်တန်ဖိုး ရှိသော်လည်း ၀ိညာဉ်ရေးဆိုင် ရာလေ့ကျင့်ခန်း များသည်လက် ရှိဘ၀နှင့်နောင် တမလွန်ဘ၀ အတွက်အ ကျိုးကျေးဇူး ရှိကြောင်းဖော်ပြ ထားပါသည်။

(၂) အသက် ငယ်သော်ငြား လည်း မိမိ၏ အသက် တာကိုပုံသက်သြေ ပခြင်း အားဖြင့်ဦးဆောင် ရန်(၁တိ  ၄း၁၂)

ဧဖက်တွင် ရှိသောသူ များတို့သည် တိမောသေ ၏အသက် အရွယ်ငယ် သည့်အကြောင်းကြောင့် သူ၏ ဦးဆောင်မှု အားငြင်း ဆန်ခဲ့ကြ ပါသည်။ ထိုကဲ့သို့သော ငြင်းဆန်မှု အားလက် မခံရန် ရှင်ပေါလု သည်  တိမောသေ အားညွှန်ကြား ခဲ့ပါသည်။

သို့ရာတွင် တိမောသေ သည်မည်ကဲ့သို့ တုန့်ပြန်ခဲ့ သည်ကိုလေ့ လာလျှင် ကျွမ်းကျင်မှု ၊စွမ်းဆောင်နိုင် မှုပြခြင်းအားဖြင့် မဟုတ်ဘဲ ဖြောင့်မတ်သော အကျင့်စာရိတ္တ  အားဖြင့်ပြန် လည်တုန့် ပြန်စေရန် ရှင်ပေါလု သည်တိမောသေ အားပြောကြား ခဲ့ပါသည်။

အချို့သော သင်းအုပ် ဆရာများသည် မိမိစွမ်း ဆောင်မှု အားဖြင့် တုန့်ပြန်ကြ ပါသည်။ငါဘယ်လောက် တရားဟောကောင်း သူဖြစ်သည်။

ငါဘယ်လောက်ဒေ သနာသင်ပေးပို့ချ တတ်သောသူဖြစ် သည်။ငါ ဘယ်လောက် ကောင်းသောခေါင်း ဆောင်တစ်ဦး ဖြစ်သည်။ငါဘယ်လောက် ဧ၀ံဂေလိတ ရားဝေမျှ တတ်သော သူဖြစ်သည် ဟူသော စွမ်းဆောင် နိုင်ခြင်း အားဖြင့် တုန့်ပြန်ကြ ပါသည်။

ရှင်ပေါလုက ဘုရားသခင် အလေးထားတော် မူသောဖြောင့် မေတ္တာပြခြင်း အားဖြင့် တုန့်ပြန် ရန်ဖော်ပြခဲ့ ပါသည်။ ဖြောင့်မတ်ခြင်း ဟူသော (၅)ပါးသီ လအား ညွှန်ကြားခဲ့ ပါသည်။၎င်းတို့မှာ- မှန်ကန်သော အပြောအဆို တည်ကြည် မှုရှိသော အသက်တာ အသင်းတော် အားလေးနက် စွာချစ်မြတ်နိုးသော  စိတ်ဘုရား သခင်ကို ခိုင်မြဲစွာ ယုံကြည်မှု ရှိခြင်းဖြစ်သည်။ 

(၃)တရားဝါဒ အားမှန် ကန်စွာ ထိန်း သိမ်းခြင်း နှင့်ခရစ်ယာန် အသက်တာ ကို ဖြောင့်မတ်စွာ ကျင့်သုံး  ခြင်းကို အညီ အမျှ  အလေး ထား ၍ကြိုးစား အား ထုတ်ရန်။

၁တိ၊၄း၁၆ အသင်းတော်၏ ခေါင်းဆောင်များ သည်မှန်ကန် သောတရား ၀ါဒအား ထိန်းသိမ်းရန် အရေးကြီးသည် ဟုအားလုံး လက်ခံကြ ပါသည်။ သို့ရာတွင် ခေါင်းဆောင် တစ်ဦး၏ အကျင့်စာ ရိတ္တသည် သွန်သင်ထား သောဒေသ နာနှင့်အညီ အမျှ အရေးကြီး ပါသည်ဟု တမန်တော် ရှင်ပေါလုသည် တိမောသေအား  ပြောကြားခဲ့ ပါသည်။

တိမောသေ သြ၀ါဒစာ ဒုတိယစောင်တွင် ကျမ်းစာတရား ၀ါဒကိုသတိ ထား၍မှန် ကန်စွာသွန် သင်ပို့ချရန် ၊ကြိုးစားအား ထုတ်ရန် ရှင်ပေါလု ပြောကြား ခဲ့သည် ကိုတွေ့ရှိ ရပါသည်။ ထို  နည်းတူစွာ ခရစ်ယာန် အသက်တာကို ကောင်းမွန်စွာ ကျင့်သုံးရန်ကြိုး စားရမည်ကို ၁တိ၊၅း၁-၂တွင်ပါရှိ ပါသည်။

(၄) မည်သည့် အရွယ်မ ဆို ရိုသေစွာ လူမှုဆက် ဆံရေး။ ၁တိ၊၅း၁-၂

အသင်းတော် တွင်းရှိ အသက် အရွယ် အမျိုးမျိုးရှိသော လူအများနှင့် ဆက်ဆံသော အခါတွင် ဘုရား သခင်ရိုသေသော စိတ်နေသဘော ထားနှင့်ဆက် ဆံကြရန် တမန်တော် ရှင်ပေါလုပြော ကြားပါသည်။

အချို့သော သူများသည် တိမောသေ၏ ဦးဆောင်မှုကိုငြင်း ခုံသော်လည်း အသက်ကြီးသော အသင်း  သားအားလုံး ကိုလေးစား၍ ဆိုဆုံးမသော အခါတွင်မိမိ ဖခင်ကဲ့သို့ လေးစားစွာပြော ကြားပါမည်။

ထို နည်းတူ အသက်ကြီးသော အမျိုးသမီး များကို မိမိ၏ မိခင်ကဲ့သို့ အလေးထား၍ အသက် ငယ်သော ယောက်ျား များကို မိမိညီအစ်ကို များကဲ့သို့ ရာထူးအရာ အနိုင်ကျင့်သော စိတ်မရှိစေရန် နှိမ့်ချစွာဖြင့် ဆက်ဆံကြရန် တမန်တော်ကြီးရှင်ပေါလု ညွှန်ကြားခဲ့ ပါသည်။ အသက်ငယ်သော အမျိုးသမီးများ အား ဖြူစင်သော စိတ်ဖြင့် အသင့်အ တင့်ဆက် ဆံပါမည်။

ထိုအချိန် ကာလတွင် အချို့သော ဘာသာ ရေးဆရာ များသည် မိန်းခလေးများကို လိင်ဆက် ဆံရေးဆိုင်ရာ နိုင်ရာစားခြင်း ပြုလုပ်ကြ သည်ကို  တွေ့ရှိ၍ တိမောသေသို့ ထိုအပြုအမူကို လုံးဝငြင်းပယ်၍ အသက်ငယ် သောမိန်းမ တို့အား နှမရင်း  ကဲ့သို့ ဆက်ဆံရန် ရှင်ပေါလု တိုက်တွန်း ခဲ့ပါသည်။

(၅) ငွေတပ်မက်ခြင်း ကိုရှောင်ရှား ၍ စိတ်ပရမတ် (၆)ပါးကို ကျင့်လော့။ ၁တိ၊၆း၁၁ 

၁တိ၊၆း၁၁ တွင်ငွေတပ် မက်ခြင်းကိုရှောင် ရှားရန် ဟူသည့် အကြောင်း အရာကိုတွေ့ ရှိရပါသည်။ ငွေတပ် မက်ခြင်း သည်ပြင်း ထန်စွာဆွဲဆောင် မှုဖြစ်သည့် အကြောင်းကြောင့် လျင်မြန်စွာ ငြင်းဆန် ၍ထွက်ပြေးနိုင် ရန်လိုအပ် ပါသည်။ ထိုကဲ့သို့ မကောင်းသော တပ်မက်ခြင်း မှထွက်ပြေး သည့်နည်း တူစွာ ကောင်းသည့် ပရမတ်များ ကို ကျင့်သုံးရန် အားထုတ် ၍ ပြုကြပါမည်။

ဤပရမတ် များသည် စိတ်သ ဘောထား (၆)မျိုး ဖြစ်ပါသည်။ ၄င်းတို့မှာဖြောင့် မတ်စွာကျင့်ခြင်း၊  ဘုရားဝတ် ၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်း ဟူသည့်အမူ အကျင့်များ သည် တိမောသေ ၏ စိတ်နှလုံးတွင် အကြွင်းမဲ့လိုက်နာရန်တိုက် တွန်းခဲ့ပါသည်။

စိတ်နှလုံးအခြေအနေကောင်းမွန်စွာထိန်း သိမ်းရန် ရှင်ပေါလု သည် တိမောသေ အားပြော ကြားသော အဆုံးအမသည် အသင်း တော်ခေါင်း ဆောင်အား လုံးအတွက် ဘုရားသခင်၏ ညွှန်ကြားချက် များအနေဖြင့် ကျွန်တော်တို့၏ စိတ်နှလုံး၌ သွန်သင်အသုံး ချရန်လိုအပ် ပါသည်။

ဘုရားသခင် သည် ကျွန်တော်တို့ စိတ်နှလုံးကို စမ်းစစ်သောအ ခါတွင် မည်ကဲ့သို့ အခြေ အနေတွေ့ မြင်တော်မူ မည်နည်း။ ရှင်ပေါလု သည် တိမောသေ အား ညွှန်ကြားသော ကျင့်သုံး မှုတွေ့မြင်တော် မူမည်လား။ ထို့ကြောင့် ဤသြ၀ါဒ စာတွင် တိမောသေ သည် အခြားသော အသင်းတော် ခေါင်းဆောင် များအားပို့ ချပေးသော ညွှန်ကြားချက် များကိုတွေ့ ရှိရပါသည်။ 

(၁) တမန်တော် ရှင်ပေါ လုထံမှ အသင်းတော် ခေါင်းဆောင် များအား ပို့ချပေး သော ညွှန်ကြား ချက်များ ၁တိ၊ ၃း၁-၇။ 

တိမောသေ ကိုပေးသ ကဲ့သို့ အခြားသော အသင်းတော် ခေါင်းဆောင်များ အားပေး သော ညွန်ကြားချက်များ သည် စိတ်နှ လုံးနှင့်ပတ် သက်သော အပိုင်းကို ဦးစားပေး ပါသည်။ 

(က) အသင်းတော် ခေါင်းဆောင် တစ်ဦးရှိ သင့်သော အရည်အချင်း (၁၄) ချက်တွင် ခေါင်းဆောင်မှု ဆိုင်ရာကျွမ်း ကျင်မှုအား အချက် (၁)ချက် အားဖြင့် သာဖော်ပြ ၍ ကျန်သော (၁၃) ချက်မှာ စိတ်သဘော ထားနှင့် ပတ် သက်သော အမူအ ကျင့်များဖြစ် သည်ကိုတွေ့ ရှိရပါသည်။

ဓမ္မဒေသနာ သင်ပေး တတ်စွမ်းခြင်း ဟူသည့် အရည်အ ချင်းမှလွဲ ၍အကျင့် စာရိတ္တနှင့် ပတ်သက်သော အချက်များ သာဖော်ပြ ထားသည်မှာ အံ့သြစရာ အချက်ဟု ထင်မြင်မိ ပါသည်။

လူသားပီ သစွာပြော  ဆိုရလျှင် အများအား ဦးဆောင်ပေး ရန်ဟူသည့် ကျွမ်းကျင်မှု၊ သူတစ်ပါးအား နှစ်သိမ့်ပေး ရန်ဟူသည့် ကျွမ်းကျင်မှု၊ သူတစ်ပါးအား စည်းရုံးရန် ဟူသည့် ကျွမ်းကျင်မှု၊ သူတစ်ပါး အားလှုံ့ဆော်နိုင်ခြင်းဟူ  သည့်ကျွမ်း ကျင်မှု တို့မှာ ခေါင်းဆောင် တစ်ဦး၌ ရှိသင့်သော အရည်အချင်း များဖြစ်သည် ဟုထင် မြင် ကြ ပါမည်။

သို့သော် လည်း ဓမ္မဒေသနာ သင်ကြားပေးခြင်း ဟူသည့် အရည်အ ချင်းမှလွဲ၍ အခြားရှိ သင့်သော အရည်အချင်း များသည် အကျင့်စာရိ တ္တနှင့်သာ ဆိုင်သော အရည်အချင်း များဖြစ်ကြောင်း တမန်တော် ရှင်ပေါလု ရေးသားခဲ့ ပါသည်။ 

(ခ) ခေါင်းဆောင် တစ်ဦးသည် ဘာသာဝင်လူ သစ်မဖြစ် ရပေ။ ၁တိ၊၃း၆ 
အချို့သော ဘာသာဝင် လူသစ်များ တို့သည် ခေါင်းဆောင်မှုနှင့်ဆိုင်သော ကျွမ်းကျင်မှုရှိ သော်လည်း  နှိမ့်ချသော စိတ်နေ သဘော ထားရှိစေရန် အချိန် လုံလောက်စွာ မရရှိသေး ဟူသည့် အကြောင်း ကြောင့် ဘာသာဝင် လူသစ်များ အနေဖြင့် အသင်းတော် ၏ခေါင်းဆောင် များ မဖြစ် သင့်ကြောင်း ကို   တမန်တော် ကြီးရှင်ပေါလု သည် ညွှန်ကြား ခဲ့ပါသည်။ 

(ဂ) ဘုရားဝတ် ၌မွေ့လျှော်ခြင်း ကို စစ်ဆေးရန် အချက်(၃)ချက်။
အသင်းတော် ခေါင်းဆောင်ဖြစ် စေချင်သော စိတ်ဆန္ဒ ရှိခြင်းမှာ ကောင်းပါ သည်ဟု ၁တိ၊၃း၁ တွင် တွေ့မြင် ရပါသည်။ အသင်းတော်များ  အနေဖြင့်  အသင်းတော် များကို ဦးဆောင် ချင်သော ခေါင်းဆောင် များလို အပ်ပါ သည်။

သို့ရာတွင် ထိုသို့သော ခေါင်းဆောင် များသည် အပြစ်တင် ခွင့်နှင့် ကင်း လွတ်သော သူများ ဖြစ်သင့်ကြ ပါသဖြင့် စစ်ဆေးသော အခါ အောင်မြင်သော သူများဖြစ် သင့်ကြ ပါသည်။ အသင်းတော် ခေါင်းဆောင်ဖြစ် သင့်သော  သူတစ်ဦး သည် သူ၏အကျင့် စာရိတ္တနှင့် သက် ဆိုင်သော အပိုင်း(၃) ပိုင်းတွင် သင့်လျှော်သော အမူအကျင့်ပြ ရန်လို အပ်ပေသည်။

(ဃ)အတွင်းပိုင်းစိတ်ကိုထိန်းသိမ်းနိုင်ရန်။
ခေါင်းဆောင်ဖြစ် သူတစ်ဦး သည် မိမိစိတ် ကိုမိမိကိုယ် တိုင်ထိန်း သိမ်းနိုင်ရန် စွမ်းဆောင် ရည်လိုအပ် သည်။ အပြစ် တင်ခွင့်နှင့် ကင်းလွတ်သော သူ၊ မယား တစ်ယောက် တည်းရှိသောသူ၊ သမ္မာသတိရှိသော သူ၊က္ကုနြေ္ဒစောင့် သောသူ၊လျှောက် ပတ်စွာ ကျင့်သော သူ၊ဧည့်သည် ၀တ်ကိုပြု တတ်သော သူ၊ဆုံးမသြ၀ါ ဒပေးတတ်သော သူဖြစ် သင့်သည် ဟု ၁တိ၊၃း၂ တွင်ဖော်ပြ ထားပါသည်။

လောကီ ဆိုင်  ရာတပ် မက်ခြင်းနှင့် ကာမဂုဏ် တို့ သူ့အားမ လွှမ်းမိုးနိုင်စေ ရန် ထို သို့သော တပ်မက်ခြင်းနှင့် ကာမဂုဏ် တို့ကို မိမိဘ၀ တွင် ထိန်းချုပ်နိုင်သော သူ ဖြစ်သင့် ပါသည်။ ဗြိတိန်နိုင် ငံတွင် အချို့သော သူများ တို့သည် သူတို့ ၏ခွေးအား လမ်းလျှောက် ရာ၌ ကြိုးဖြင့် ချည်နှောင် ကာခေါ် သွားကြပါ သည်။

တစ် ခါ တစ်ရံခွေး သည် ထိန်းသော သူ၏ သွား လိုသော လမ်းကို သွားသော် လည်း၊တစ် ခါတစ်ရံ ခွေးသည်၎င်း  သွားလိုသော လမ်းကို သွားရန် ခွေးထိန်းသူ အားဆွဲခေါ် ပါသည်။

ကျွန်ုပ်တို့၏ ဘ၀တွင် တမ်မက်ခြင်းနှင့် ကာမဂုဏ် တို့ကို မထိန်းချုပ်နိုင်လျှင် ထိုအရာ များတို့က ကျင့်ဝတ်များ ကိုလွှမ်း မိုး၍  ထိန်းချုပ် သွားမည်ဖြစ် သည်။ ထို့ကြောင့် လည်း ခရစ်ယာန် ခေါင်းဆောင် တစ်ဦးသည် မိမိ၏စိတ်ကို ထိန်း သိမ်းနိုင်သော သူ ဖြစ်သင့်ပါ သည်။ မိမိစိတ်ကို ထိန်းချုပ် မှုသည် အပိုင်း(၅) ပိုင်းရှိပါသည်။ 

ပထမအပိုင်း၊- ဥစ္စာပိုင်ဆိုင် မှုပစ္စည်း ဥစ္စာပိုင်ဆိုင် မှုနှင့်ပတ် သက်သော တပ်မက်ခြင်း ကို ထိန်းချုပ် ရာတွင် မိမိပိုင် ဆိုင်သော အရာများ အား အများ အကျိုးအ တွက်စေတနာ စိတ်ဖြင့်ဝေ မျှပေးရန်ဖြစ် ပါ သည်။

ဒုတိယအပိုင်း၊- စပျစ် ရည်နှင့်ပျော်မွေ့ခြင်း ကို ရှောင် ရှားသော သူဖြစ်ခြင်း ဟူသည့် အချက်မှာ မိမိ၏စိတ်ကို လွတ်၍ ပျော်စေသော စားသုံးခြင်း ကိုရှောင် ရှားသော  သူဖြစ် သင့်ပါသည်။

တတိယအပိုင်း၊-အမျက်ဒေါ သထိန်း သိမ်းနိုင် သော သူဖြစ်သင့် ပါသည်။ အမြင် မတူသည့် အချိန်များ စွာရှိသော် လည်း ဒေါသ ထွက်၍ ပဋိပက္ခ ဖြစ်ပေါ်သော အခြေအ နေမရောက် ရှိစေရန် ချောမွေ့ စွာနူးညံ့သော စိတ်ဖြင့် ဆက်ဆံတတ် သောသူဖြစ် သင့် ပါသည်။

စတုတ္ထအပိုင်း၊- ရန်မတွေ့ တတ်သော သူဖြစ် သင့် ပါသည်။ မည် သည့်ကိစ္စ မဆို မိမိဘက်က အမြင်အား အမြဲတမ်း ဇောင်းပေးပြီး သူတစ်ပါး အမြင်အား  ငြင်းခုံသော သူမဖြစ်သင့် ပေ။

ပဉ္စမပိုင်း၊- ငွေကြေး တပ်မက်ခြင်း နှင့်ကင်းစင် သူဖြစ်သင့် ပါသည်။ ငွေကြေး ရှာဖွေခြင်း သည်  ခေါင်းဆောင် တစ်ဦး၏ စိတ်နှလုံးကို လွှမ်းမိုး ထိန်းချုပ်ခြင်း မျိုး မဖြစ် သင့်ပေ။

စိတ်နှလုံးအား စစ်ဆေးရန် အချက်(၅) ချက်ရှိသည်။ သို့ရာတွင် စိတ်နှလုံး စစ်ဆေးခြင်း မှလွဲ၍ အခြားစစ်ဆေး ရမည့် အခန်းကဏ္ဍ တစ် ရပ်ရှိ ပါသည်။

ခေါင်းဆောင် တစ်ဦးသည် မိမိ၏ အိမ်တွင် အကျင့်စာ ရိတ္တစစ် ဆေးရန် လိုအပ် ပါသည်။ မိမိ၏ အိမ်ကိုကောင်း မွန်စွာ အုပ်စိုး၍ သမ္မာသတိရှိခြင်း မယားတစ် ယောက် တည်းရှိသော သူဖြစ် သင့်ပါ သည်ဟူ သော ဆိုလို ချက်၏ ရည်မှန်း ချက်အား ရှင်းလင်း စွာဖော်ပြရန် မလွယ်ပေ။

ဓမ္မဆ ရာ များသည် ဤအချက်ကို အဓိပ္ပါယ် အမျိုးမျိုးဖွင့် ဆိုသည်မှာ-အသင်း တော်ခေါင်းဆောင် များသည် အိမ်ထောင် ရှိသောသူများ သာဖြစ်သင့်ပါသည် ဟူ၍၎င်း၊ တစ်ချိန် တည်းမှာပင်   မယားတစ် ယောက်မ ကယူသော ဓလေ့ကို လုံးဝငြင်းဆိုပါ သည်ဟူ၍ ၎င်း၊ အိမ်ထောင် ကွဲခြင်း  (သို့)လက်ရှိ မယားဆုံးပါး သွား သည့်နောက် ပိုင်း အိမ်ထောင် သစ်တည် ရန် အခွင့်မရှိ ဟူ၍၎င်း၊ မိမိမ ယားနှင့် သစ္စာ ဖောက်ပြန်မှု မရှိခြင်းဟူ ၍၎င်း အမြင်အမျိုး မျိုးရှိကြပါ သည်။

မည်သို့ပင် အဓိပ္ပါယ်ဖွင့် ဆိုသည်ဖြစ် စေခေါင်းဆောင် တစ်ဦးသည် မိမိ၏ဇနီး အားဖြောင့် မတ်စွာ ဖြင့် ဆက်ဆံကြ ရန်ဖြစ်သည် ဟူ၍ ခြုံငုံပြီး ဆိုနိုင်ပါ သည်။

ခေါင်းဆောင် တစ်ဦးသည် မိမိ၏ဇနီး သည်အား သစ္စာရှိ စွာဖြင့်နှစ်သက် မှန်ကန်သော စိတ်နေသဘော ထားရှိသင့်ပါသည်။ သို့ဖြစ်ပါ၍ အိမ်ထောင်ရေး နှင့်ပတ် သက် သောဆက် ဆံရေးအား အသင်းတော် ခေါင်းဆောင်အတွင်း စစ်ဆေး ရန်ဖြစ်ပါသည်။  ထို့အပြင် ကလေးသူ ငယ်များအား အုပ်ထိန်းရာ တွင်လည်း မှန်ကန်စွာဖြစ် သင့်ပါသည်။

သူ၏ကလေး ငယ်များက သူ့အားလေး စားစွာ ဆက်ဆံ ရန်လို အပ်ပါသည်။ သို့သော် လည်း သူ၏ ကလေး များ သူ့အ ပေါ်လေး စားစေရန် အနိုင်အ ထက် ကျင့်ခြင်း မပြုဘဲ သူ၏အပြု အမူစံ နမူနာကို ကြည့်၍ ပြော သည့် အတိုင်း လုပ်ဆောင် တတ်သော သူဖြစ်ကြောင်း တွေ့မြင် ၍ လေးစားခြင်း မျိုးဖြစ်စေရန် ပင် ဖြစ်သည်။   

အသင်းတော် ၌ ဟောပြော သည့် အရာများ ကို မိမိ၏အိမ် တွင်မလိုက် နာပါက မလေး စားသောစိတ်  ထားများဖြစ် ပေါ်လာ နိုင်ပါသည်။ မိမိအိမ်တွင် ကျင့်သုံးမှု အခြေအနေ သည် အခြားနေ ရာတွင်ကျင့် သုံး ခြင်း ထက် မိမိ၏ စိတ်နှလုံး အခြေအနေကို ပို၍ ထုတ်ဖော် ပြပေ သည်။

မိမိ၏ပတ်ဝန်း ကျင်၌ စစ်ဆေးခြင်း။ အသင်းတော် ပြင်ပြမှ သူများတို့ သည် အသင်းတော် ခေါင်းဆောင်ကို မည်ကဲ့ သို့ထင်မြင် သနည်း။ သူ့အားတည် ကြည်မှုရှိ သူအဖြစ် ထင်မြင်ပါသ လား(သို့) အပြောနှင့် အလုပ်မ ကိုက်ညီ သူအဖြစ်မြင် ကြ ပါသလား။

ဤအချက် မှာ ခေါင်းဆောင် ၏စိတ်နှလုံးအခြေ အနေအပေါ်မူ တည်၍ဖြစ်ပေါ် လာသည်။ အသင်းတော် တွင်ဖြစ်စေ ၊ပြင်ပပတ်ဝန်း ကျင်၌ဖြစ်စေ ၊ဖြောင့်မတ်သော စိတ်နှလုံးရှိ လျှင်သူ၏ အပြင်ပိုင်း အသက်တာ သည် ထင်ရှား ပါမည်။

သို့မဟုတ် သူ၏အတွင်း စိတ်သည် မကောင်း ပါကပတ် ၀န်း ကျင်ရှိ သူများက ချက်ခြင်း သိမြင်ကြပါ မည်။အ တွင်းပိုင်း စိတ် အခြေအနေ မကောင်း သောခေါင်းဆောင် တစ်ဦးသည် အသင်းတော် အတွင်းရှိ လူအများရှေ့တွင် ဟန်ဆောင်၍ ဟိတ်ဟန်ထုတ် နေ တတ်ပါ သည်။ သို့သော် လည်း ဟန်ဆောင်ခြင်း ဆိုသည်မှာ  ကြာကြာ ဟန်ဆောင် ရန်မရနိုင် သဖြင့် ပတ်ဝန်းကျင် ရှိသူ များတို့သည် သူ ၏မူလ အကျင့် စရိုက်ကို သိမြင်ကြ ပါမည်။

သို့ပါသောကြောင့် မိမိ ကိုယ်တိုင် စစ်ဆေးထား လျှင် မိမိနေ ထိုင်သော ပတ်ဝန်း ကျင်ရှိ သူများတို့ သည်  မိမိကို မည်ကဲ့သို့ ထင် မြင်မည်နည်း။ ဘာသာ ရေးဆိုင်ရာ ကိစ္စများကို လက်မခံ သော်လည်း သင်သည် ဖြောင့်မတ် သော  အတွင်း စိတ်ရှိသူ တစ်ဦး အနေဖြင့် ထင်မြင် ပါသလား။
တမန်တော် ရှင်ပေါ လုသည် တိမောသေ အား အသင်းတော် ခေါင်းဆောင် အားလုံး အတွက် စစ်ဆေးချက် များကို လေ့လာပြီး နောက်ပိုင်း၊ ထိုသို့သော ဖြောင့်မတ် သည့်အတွင်း ပိုင်း စိတ်နှလုံးကို မည်ကဲ့ သို့ ပြင်ဆင်ကြ မည် နည်းဟူ သည့်အရာ အားဖြေဆို ရလျှင် အဓိက အချက်(၂)ချက်ရှိပါသည်။

(၁) ကြိုးစားအား ထုတ်၍ ပြင်ဆင်ကြ ပါမည်။ ၁တိ၊၄း၇-၈ ကိုလေ့လာ လျှင် ဤကဲ့သို့ဖြောင့် မတ်သော စိတ်နှလုံး ကို ပြင်ဆင်နိုင် စေရန် သန့်ရှင်းသော ၀ိညာဉ်တော် ပေးတော် မူသော ဆုကျေး ဇူးနှင့်ခွန်အား တို့ကို အမှီပြု၍  မိမိတို့၏ စိတ်ကို ထိန်းချုပ် ရန် ကြိုးစားအား ထုတ်ကြ ပါမည် ။

သို့သော် လွယ်ကူ မည် မဟုတ်ပေ။ မိမိ၏ စိတ်ကို ပြုပြင်ခြင်း ထက် မိမိ၏ ကျွမ်း ကျင်မှုများ ကိုတိုး တက်စေရန် ပို၍လွယ် ကူစွာ လုပ်ဆောင်နိုင်ပါ သည်။ ထိုနည်းတူ ကျွန်တော်တို့၏ အသင်းတော် တွင်ရှိသော သင်းဝင် သူများသည် ကျွန်တော် တို့၏အတွင်း စိတ်သဘော ကို မတွေ့မြင်နိုင် သဖြင့် အပြင်ပိုင်း လက္ခဏာများ ကိုသာလျှင် အရည် အချင်းများ ဟု ထင်မှတ်ကြ ပါသည်။

သို့သော် လည်း ကျွန်တော် တို့သည် ဖြောင့်မတ်သော  အတွင်း စိတ်ဖြစ်စေရန် လေ့လာလေ့ ကျင့် ကြိုးစား အားထုတ် ရန်လိုအပ် ပါသည်။

(က) မိမိ၏အ သက်တာ ကိုထိန်းသိမ်း ရန် မိမိအတွင်း ပိုင်းရှိ အကြောင်းရင်း ခံစိတ်များ ကိုစစ်ဆေးရန် လိုအပ် ပါသည်။ ဤသို့ မိမိ၏စိတ် ကိုသေချာ စစ်ဆေးခြင်း သည် မလွယ် ကူသော် လည်း ခန္ဓာကိုယ်  ဆိုင်ရာလေ့ကျင့် ခန်းများပြု လုပ်ခြင်းကြောင့် နာကျင် ခံစားခြင်း များအားဖြင့် စွမ်းဆောင် ရည်မြှင့်တင် သည့် အကြောင်းအား လက်သင့် ခံကြ ရန်လိုအပ် ပါသည်။

(ခ) တစ်ဦးတည်း ၀တ်ပြုကိုး ကွယ်ခြင်းနှင့် ဆု တောင်းခြင်း တို့ကို လှစ်လျှူရှု ရန်မပြု ကြနှင့်။ ခေါင်းဆောင် များအနေဖြင့် အခြားသော သူများဝတ်ပြု ကိုးကွယ် ဆုတောင်းခြင်း အတွက် အချိန်များ စွာပေးရ သဖြင့် မိမိတို့ ကိုယ်တိုင် ၀တ်ပြုကိုး ကွယ်ဆု  တောင်းရန် အချိန်နည်း သွားတတ် သည်။

သို့ဖြစ်လျှင် မိမိစိတ်ကို ကျန်းမာစွာ ထိန်းသိမ်း ရန် သူများအ တွက်ပေးသော အချိန်နှင့် ကိုယ်တိုင် သာမန်ယုံကြည် သူတစ်ဦး အနေဖြင့် ၀တ်ပြုကိုး ကွယ် ဆုတောင်း ရန် ပေးသော အချိန်တို့ အား ညီမျှစွာ သတ်မှတ် ရန်လိုအပ် ပါသည်။

(ဂ) အသင်းတော် တွင် မဟောပြော မီ သမ္မာ ကျမ်းစာ ကို ကိုယ်တိုင် ဖတ်ရှုလေ့ လာ၍ မိမိအ သက်တာ၌ သွန်သင် အသုံးချ ရန်လို အပ်ပါသည်။ အသင်းဝင် များအား တရားဟောပြော ရန်ပြင် ဆင်ပါက အချိန် များစွာပေး ရသဖြင့် တစ်ခါတစ်ရံ သမ္မာ ကျမ်းစာ သည် ကျွန်ုပ်တို့ ၏ စိတ်နှ လုံးကို မတို့ထိဘဲ စာမျက်နှာ မှနှုတ်ထွက် လာ သော အဆင့်သာဖြစ် သွားတတ် သည်ကိုတွေ့ ရှိရပါ သည်။

သူတစ်ပါး အားတရား မဟောပြော မီ မိမိကိုယ် ကိုဟောပြော ရန်လို အပ်ပါ သည်။ ထို့ကြောင့် ဖြောင့်မ တ်သော စိတ်ကိုပြုပြင် ထိန်းသိမ်း ရန်သန့် ရှင်းသော ၀ိညာဉ်တော် ကို အမှီပြု၍ ကြိုးစားကြ ပါမည်။ ထို့အပြင် အထက်ဖော်ပြ ပါအချက် ထက်ပို ၍ အရေးကြီးသော အချက် တစ်ချက် ရှိပါသည်။

နိဂုံး-
          တိမောသေသြ ၀ါဒစာ ပထမစောင် သည် အံ့သြစ ရာကောင်း ကြောင်းတွေ့ရှိရ ပါသည်။ အခန်းကြီး ၁း၁-၁၁ တွင် တမန်တော် ရှင်ပေါလု သည် တိမောသေ အားညွှန်ကြား ချက်များ ကိုဖော်ပြ ခဲ့ပါသည်။

သို့ရာ တွင် အခန်းကြီး ၁း၁၂-၁၇ တွင် အခြားသော အကြောင်း အရာများ ကိုဖော်ပြခြင်း မှာ ဘုရား သခင်၏ ကျေးဇူးတော်အား ချီးမွမ်း ရန်ရေးသား ခဲ့ခြင်းဖြစ် ပါသည်။

တိမောသေ ကိုခွန် အားပေး ရန်ရှင်ပေါလု သည် အဆိုး ဆုံးသော အပြစ်သားဖြစ်သော် လည်း ဘုရားသ ခင်သည် သူ့အား မေတ္တာပြ တော်မူခြင်း အားဖြင့် သူ၏ အပြစ်များ ကို ခွင့်လွတ် ပယ်ရှား၍ ကယ် တင်တော် မူခဲ့ကြောင်း ကို ရေးသား ခဲ့ပါသည်။

ရှင်ပေါလု သည် တိမောသေ အား အသင်းတော် ခေါင်းဆောင် တစ်ဦး အနေနှင့်ရှိ သင့်သော ၀ိညာဉ်ရေး ဆိုင်ရာ အရည်အချင်း များကိုရရှိစေ ရန်အတွက် ကြိုးစားအား ထုတ်ရန် လိုအပ် ကြောင်း ညွှန်ပြပါသည်။

သို့ရာတွင် အဆိုးဆုံးသော အပြစ်သားအား ဘုရားသခင်သည် မည်မျှလောက် ကြီးစွာသော ကျေးဇူတော် ကိုပြုတော်မူ သည့် အကြောင်း ကို မမေ့စေရန် ရှင်ပေါလု သည် တိမောသေ အားပြန်၍ သတိပေးခဲ့ ပါသည်။

ထိုနည်း တူစွာ ထိုသို့ကြီး လှစွာသော ကျေးဇူးတော် သည်ကျွန်တော် တို့အားလုံး အတွက် ဖြစ် ကြောင်း ကို မမေ့စေ ဘဲလျှက် ပြန်လည် သတိရစေရန် ဘုရားသခင် ၏ ဧ၀ံဂေလိ တရား အကြောင်းကို အမြဲတမ်းစဉ်း စားတွေးတော လေ့လာ ရန်အရေးကြီး ပါသည်ဟု နိဂုံးချုပ်ပြောကြား လိုပါသည်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...