● သန့်ရှင်းသော ၀ိညာဉ်တော်၏ ဘုရားဖြစ်ခြင်း


သုံး ပါး တစ် ဆူ ဘုရား ဟု ခရစ် ယာန် များ ယုံ ကြည် ကိုး ကွယ် ကြ ရာ တွင် ခ မည်း တော် ဘု ရား၊ သား တော် ဘု ရား ကို နား လည် ရန် လွယ် ကူ လှ ပြီး ဖေါ်ပြ သွန် သင် မှု လည်း များ စွာ ရှိ ပါ သည်။ သန့် ရှင်း သော ၀ိညာဉ် တော် နှင့် ပတ် သက် ၍ မူ သွန် သင် ပြော ဆို မှု နည်း ပါး လှ ပါ သည်။ ယင်း ကြောင့် လည်း သန့် ရှင်း သော ၀ိညာဉ် တော် နှင့် ၀ိညာဉ် ကျေး ဇူး များ အ ပေါ် နား လည် မှု လွဲ မှား သည် များ လည်း ရှိ လာ ကြ သည်။ အ သင်း တော် သ မိုင်း တစ် လျှောက် မှ စ ၍ ယနေ့ တိုင် အ ယူ ၀ါ ဒ အ မျိုး မျိုး၊ သွန် သင် မှု အ မျိုး မျိုး ရှိ နေ သဖြင့် မှန် ကန် စွာ နား လည်း ရန် လို အပ် ပါ သည်။ အ သင်း တော် သ မိုင်း ၌ ကြုံ တွေ့ ခဲ့ ရ သော အခြေ အနေ တစ်ရပ် မှာသန့် ရှင်းသော ၀ိညာဉ် တော်၏ ဘုရား ဖြစ်ခြင်း ကို အကာ အကွယ် ပေးခဲ့ ရခြင်း ဖြစ်သည်။ ထိုအချိန် က သန့်ရှင်း သောဝိ ညာဉ် တော် အား ဘုရား တစ်ပါး၊ ပုဂ္ဂိုလ် တစ်ပါး မဟုတ်ပဲ စွမ်းအင် (Energy)၊ တန်ခိုး စွမ်းအား (Power) တစ်ခု အဖြစ် ရှုမြင် သွန်သင် ခြင်းများ ရှိခဲ့ရာ အေဒီ ၃၂၅၊ နိုင်ဆီယာ ဓမ္မညီ လာခံတွင် ထိုသွန် သင်မှု များကို ရှုတ်ချ လျှက်၊ သန့် ရှင်းသော ၀ိညာဉ် တော်၏ ဘုရား ဖြစ်ခြင်း ကို ယုံကြည် ကြောင်း ၀န်ခံ ချက်တွင် ထည့်သွင်း ခဲ့ကြသည်။ ယနေ့ တိုင် အချို့ အသင်း အဖွဲ့ များက ဤ အယူ အဆ ကို စွဲကိုင် ထားကြ သေးသည်။ သန့်ရှင်း သော ၀ိညာဉ် တော် သည် အမှန် ပင် ဘုရား ဖြစ်တော် မူကြောင်း အောက် ပါ အချက်များ အရ သိနိုင် ပါသည်။

● ဘုရားသခင်နှင့်သန့်ရှင်းသောဝိညာဉ်တော်ဝေါဟာရအားအလဲအလှယ်ပြုသုံးစွဲခြင်း။
သန့်ရှင်း သော ၀ိညာဉ် တော် အား ဘုရား အဖြစ် ဖော်ပြ သော ကျမ်း ညွန်းများ စွာရှိ ပါသည်။ ထိုကျမ်း ချက် များ၌ သန့် ရှင်းသော ၀ိညာဉ် တော်နှင့် ဘုရား သခင် ဟူသော စကား လုံးကို အလဲ အလှယ် ပြု သုံး စွဲထား ကြောင်း သတိ ပြုနိုင် ပါသည်။ ဥပမာ တစ်ခု မှာ- တမန် တော် ၀တ္ထု ၅း ၃-၄ ပင်ဖြစ် သည်။ အာနနိ နှင့် ရှဖိရေ လင်မယား နှစ်ဦး သည် ၄င်းတို့ ဥစ္စာ တစ်စုံ တစ်ခုကို ရောင်း ပြီးနောက် ရသော အဘိုး ၏ တစ်ဘို့ကို ထိမ်ဝှက် လျှက် တမန် တော် တို့ ခြေရင်း ၌ ထား လေ၏။ အငယ် ၃ တွင် တမန် တော်ကြီး ပေတရု က အာနနိ အား “သင်သည် သန့်ရှင်း သော ၀ိညာဉ် တော်ကို လှည့်စား ၍မြေ ကိုရောင်း သော အဖိုး ၏တစ် ဘို့ကို ထိမ်ဝှက် မည့်အ ကြောင်း စာတန် သည် သင်၏ စိတ်နှ လုံးကို အဘယ် ကြောင့် ပြည့်စေ ရသနည်း” ဟုပြောပြီး၊ အငယ် (၄) တွင် “လူကို မုသာ ပြော ပြီမဟုတ်၊ ဘုရား သခင် ကိုလည်း မုသာ ပြောပြီ” ဟု ဆိုထား ရာ ဘုရာား သခင် အား လိမ် ညာ ခြင်းနှင့် သန့် ရှင်း သော ၀ိညာဉ် တော် အား လှည့် ဖြားခြင်း မှာ အတူ တူ ပင်ဖြစ် ကြောင်း ပေါ်လွင် ထင် ရှား နေပါ သည်။
တစ်ဖန်၊ ၁ကော ၃း ၁၆- ၁၇ တွင် ရှင်ပေါ လုက ယုံကြည် သူများ အား ၄င်း တို့သည် ဘုရား သခင် ၏ ဗိမာန် တော် ဖြစ်ကြောင်း သတိပေး ထားပြီး ဘုရား သခင်၏ ၀ိညာဉ် တော် သည် ၄င်းတို့ အထဲ ၌ ကျိန်း ၀ပ် ကြောင်း ဖေါ် ပြ ထားပါ သည်။ ၆း ၁၉- ၂၀ တွင် လည်း “သင်တို့ ကိုယ် ခန္ဓာ သည် ဘုရား သခင် ပေးသ နားသော ၀ိညာဉ် တော် တည်းဟူ သော သင်တို့ အထဲ ၌ ကျိန်း ၀ပ်၍ သန့် ရှင်း သော ၀ိညာဉ် တော်၏ ဗိမာန် တော်ဖြစ် ကြောင်း ကို၎င်း၊ မိမိ တို့ကို မိမိတို့ မပိုင် ကြောင်း ကို ၄င်း မသိ ကြသ လော” ဟု ပြော ထား ပြန်ရာ “ဘုရားသခင်” နှင့် “သန့် ရှင်း သော ၀ိညာဉ် တော်” ကို အလဲ အလှယ် ပြု သုံးစွဲ ခြင်းဖြင့်  ထပ်တူပင် ပင်ဖြစ် ကြောင်း နားလည် နိုင်ပါ သည်။ ထိုသို့ တူညီ စွာ အသုံးပြု ထားခြင်း ကို မသဲ ၂၈း ၁၉ တွင် “သင်တို့ သွား၍ လူမျိုး တကာ တို့ကို ငါ့တ ပည့် ဖြစ်စေ လျှက် ခမည်း တော်၊ သား တော်၊ သန့် ရှင်းသော ၀ိညာဉ် တော် ၏ နာမ၌ ဗတ္တိ ဇံ ကို ပေးကြ လော့” တွင် လည်း တွေ့ရ ပေ သည်။ ၂ကော ၁၃း၁၄ တွင် ရှင်ပေါ လု ကောင်း ချီးပေး ရာ၌ အသုံးပြု ခြင်းတွင် လည်း ကောင်း၊ ၁ပေ ၁း၂ ရှိ ရှင် ပေတ ရုမှ မိမိ စာဖတ် သူများ အား ညွန်းဆိုရာ တွင် လည်း ဤ ကဲ့သို့ ထပ်တူ အသုံးပြု ထားခြင်း မျိုးကို တွေ့နိုင် ပေသည်။ ယင်း အချက်များ က သန့်ရှင်း သော ၀ိညာဉ် တော် သည် ဘုရားပင် ဖြစ်ကြောင်း ထင်ရှား စွာဖေါ် ပြနေ သည်။

● သန့် ရှင်းသောဝိညာဉ်တော်ရှိဘုရားဆိုင်ရာအရည်အသွေးများ။
သန့်ရှင် သော ၀ိညာဉ် တော်၌ ဘုရား သခင် ၏အ ရည် အသွေး များရှိ ကြောင်း သိနိုင် ပါသည်။ ယင်းတို့ အထဲ မှ တစ်ခုမှာ အရာ ရာကို သိရှိခြင်း ပင်ဖြစ် သည်။ ၁ကော ၂း ၁၀-၁၁ တွင် “၀ိညာဉ် တော် သည် ဘုရား သခင် ၏ နက်နဲ သော အရာ တိုင် အောင် ခပ်သိမ်း သော အရာတို့ ကို စစ်တော် မူ၏။ လူ၏နက် နဲသော အရာ ကို လူ၌ရှိ သော မိမိ စိတ် ၀ိညာဉ်မှ တစ်ပါး အဘယ် သူ သိနိုင် သနည်း။ ထိုနည်း တူဘုရား သခင်၏ နက်နဲ သောအရာ ကို ဘုရား သခင်၏ ၀ိညာဉ် တော်မှ အဘယ် သူမျှ မသိ” ဟု ဆိုထား ရာ အရာခပ် သိမ်းကို ၀ိညာဉ် တော်က သိရှိ နားလည် နိုင်စွမ်း ရှိသည်ဟာ နားလည် ရပေ သည်။
တန်ခိုး တော်နှင့် ပြည့်စုံ ခြင်းမှာ လည်း အရည် အသွေး တစ်ရပ် ပင်ဖြစ် သည်။ ဓမ္မသစ် ကျမ်းတွင် ယင်းကို ထင်ရှား စွာဖေါ် ပြထား သည်။ လုကာ ၁း၃၅တွင် အပျိုစင် မှ ဖွားမြင် ခြင်း အကြောင်း ကို ဖေါ်ပြ ရာ၌ “သန့် ရှုင်း သော ၀ိညာဉ် တော် သည် သင်၏ အပေါ် မှာ သက်ရောက် တော်မူ ၍ အမြင့် ဆုံးသော ဘုရား ၏ တန် ခိုး တော် သည် သင့် ကို လွှမ်း မိုးလိမ့် မည်” ဟု ဆိုထား ရာ “သန့် ရှင်းသော ၀ိညာဉ် တော်” နှင့် “ဘုရား ၏ တန်ခိုး အာနု ဘော် တော်” ကို တူညီ စွာအ သုံးပြု ထားကြောင်း တွေ့ရ သည်။ ရှင်ပေါ လုသည် မိမိ၏ အ မှု တော် လုပ် ငန်း ၌ ပြီး မြောက် အောင် မြင် စွာ ဆောင် ရွက် နိုင် ခြင်းမှာ ၀ိညာဉ် တော် ၏ တန် ခိုး ကြောင့် ဖြစ်ကြောင်း ၀န် ခံ ခဲ့ သည် (ရောမ၊ ၁၅း ၁၉)။ နောက် ထပ် အရည် အသွေး တစ်ခုမှာ ထာ ၀ ရ ဖြစ်ခြင်း ပင်ဖြစ် သည်။ ဟေဗြဲ ၉း ၁၄တွင် “ထာ ၀ရ ၀ိညာဉ် တော်” ဟု သုံးနှုန်း ထားခြင်း ကို တွေ့ ရမည် ဖြစ်သည်။ ဘုရား သခင် တစ်ပါး တည်းသာ ထာဝ ရ ဖြစ်ပြီး ကျန်ဖန် ဆင်းခံ အရာ အားလုံး မှာ ယာယီ နှင့် သာဆိုင် သဖြင့် သန့်ရှင်း သော ၀ိညာဉ် တော် သည် ဘုရား အမှန် ပင်ဖြစ် ပါသည်။ အခြား အရည် အသွေး တစ်ခု မှာ သန့်ရှင်း ခြင်းဖြစ် သည်။ ဘုရား ဖြစ်ခြင်း ၌ အရေး အကြီး ဆုံး သော အချက် ဖြစ်ရာ ယင်းကို သန့် ရှင်းသော ၀ိညာဉ် တော်က ပိုင် ဆိုင် ထားပေ သည်။

● သန့်ရှင်းသောဝိညာဉ်တော်ရှိဘုရားဆိုင်ရာလုပ်ဆောင်ချက်များ။
ဘုရား သခင် သာ လုပ်ဆောင် သည် ဟူသော အမှု များကို သန့်ရှင်း သော ၀ိညာဉ် တော်က လုပ် ဆောင် လျက် ရှိကြောင်း မြင်ရခြင်း ကပင် ၀ိညာဉ် တော်၏ ဘုရား ဖြစ်ခြင်း ကို သက်သေ ပြနေ ပါသည်။ သန့်ရှင်း သော ၀ိညာဉ် တော်သည် ဖန်ဆင်း ခြင်းဖြစ် စဉ်၌ ပါဝင် လျှက် ရှိပေသည်။ မူလ အစ ဖန် ဆင်း ခြင်း ၌ ပါဝင် ခဲ့သလို ကမ္ဘာ ၁း၂ဆက် လက် ၍ ပံ့ကိုး ကူညီ လမ်းပြ ပေးလျက် ရှိသည် (ဆာလံ ၁၀၄း ၃၀)။ အ သစ် ပြုပြင် ခြင်း မှာ လည်း ၀ိ ညာဉ် တော် ၏ လုပ် ဆောင် မှုတစ် ခုဖြစ် သည်။ လူသား များအား အ သစ် ပြုပြင် ပြောင်း လဲ ရန် ၀ိညာဉ် တော် က စောင် မ ပေး ပါ သည်။ (ယော ၅း၂၁။ တိတု ၃း၅)။ သခင် ယေ ရှု ကိုယ် တော် တိုင် က ၀ိညာဉ် တော် သည် လူ တို့ အား နားလည် မှုပေး လျက် နှ လုံး သားနှင့် အ ရည် အသွေး များ ကို ပြောင်း လဲ တိုး တက် စေ ကြောင်း ဖေါ်ပြ ခဲ့ ပါ သည်။ (ယော ၁၆း ၈-၁၁)။ ယော ၃း ၅-၈ တွင် ၀ိညာဉ် တော် က အ သစ် တစ် ဖန် မွေး ဖွား စေနိုင် ကြောင်း ဖော် ပြထား သည် ကို တွေ့ ရပါ သည်။ ရှင်ပေါ လု က ယင်း ကို တိတု ၃း၅ တွင် “ဒုတိ ယမွေး ခြင်းနှင့် ဆိုင်သော ဆေးကြော ခြင်း အား ဖြင့် ၄င်း၊ သန့် ရှင်း သော ၀ိညာဉ် တော်၏ အ သစ် ပြုပြင် ခြင်း အားဖြင့် ၄င်း၊ ငါတို့ ကို ကယ် တင်တော် မူ၏” ဟု ဖော် ပြ ထား ပါ သည်။ ထိုသို့ အ သစ် ပြုပြင် ခြင်း မှာ၊ သွန် သင် ဘွန်ပြ ခြင်းနှင့် ဆက် နွယ်နေ ရာ၊ သန့် ရှင်း သော ၀ိညာဉ် တော်၏ သွန်သင် ညွန်ပြခြင်း လုပ်ဆောင် ချက်ကို တွေ့ ရ ပါ သည်။သွန် သင်ညွန် ပြခြင်း အားဖြင့် အပြစ်တရား ကို သိမြင် စေပြီး နှလုံး သားကို  ပြောင်းလဲ စေခြင်း ဖြစ်သည်။ ထို့ကြောင့် ၀ိညာဉ် တော် ကို “သမ္မာ တရားကို ပြ သော ၀ိညာဉ် တော်”ဟု ယော ၁၄း ၁၇ တွင် ဖေါ်ပြ ထားသည်။ ခရစ် တော် သည် သမ္မာ တရား ဖြစ်သ ကဲ့သို့  ၀ိညာဉ် တော်သည် လည်း လူသား များအား သမ္မာ ကျမ်း အားဖြင့် လမ်းပြ သွန်သင် မည့် သမ္မာ တရား ဖြစ်ပါ သည်။ ထို့ကြောင့် နှုတ်က ပတ်တော် အား ပေးသ နားခြင်း သည် သန့်ရှင်း သော ၀ိညာဉ် တော်၏ ဘုရား ဆိုင်ရာ လုပ်ဆောင် မှုတစ် ခု ဖြစ်သည်။ ၂တိ ၃း၁၆ တွင် ရှင်ပေါ လုက “ထိုကျမ်း စာရှိ သမျှ သည် ဘုရား သခင် မှုတ် သွင်း တော် မူသော အားဖြင့် ဖြစ်၍ ဘုရား သခင်၏ လူသည် စုံလင် သော သူ၊ ကောင်း သော အမျိုး မျိုး တို့ကို ပြုစု ခြင်းအလို့ ငှာ ပြင် ဆင် သော သူ ဖြစ် မည် အကြောင်း သြ၀ါ ဒ ပေးခြင်း၊ အပြစ် ကို ဘော်ပြ ခြင်း၊ ဖြောင့် မတ် စွာ ပြုပြင် ခြင်း၊ တ ရား ကို သွန် သင်ခြင်း ကျေး ဇူး များကို ပြုတတ် ၏”။ ရှင် ပေတရု ကလည်း “... အနာ ဂတ္တိ စကား သည် လူအ လို အားဖြင့် ဖြစ် ဘူး သည် မဟုတ်၊ ဘု ရား သခင်၏ သန့် ရှင်းသော သူတို့ သည် သန့်ရှင်း သော ၀ိညာဉ် တော် ၏ တိုက် တွန်း တော် မူ ခြင်း ကို ခံ ရ ၍ ဟော ပြော ကြ ၏” ဟု ၂ပေ၊ ၁း၂တွင် ဖော်ပြ ထား သည်။ ကယ် တင် ခြင်းဖြစ် စဉ်တွင် ခမည်း တော်၊ သားတော် နှင့် သန့်ရှင်း သောဝိညာဉ် တော်တို့၏ ကဏ္ဍ အသီး သီးကို ၁ပေ၊ ၁း၂ တွင် “နားထောင် ခြင်း ကျေး ဇူး၊ ယေရှု ခရစ် ၏ အ သွေးတော် နှင့် ဖြန်းခြင်း ကျေးဇူး ကို ခံ ရ မည်အ ကြောင်း ၀ိညာဉ် တော် အားဖြင့် သန့်ရှင်း ခြင်းသို့ ရောက်၍ ခမည်း တော် ဘုရား သခင်၏ အနာ ဂတံသ ဥာဏ်တော်အတိုင်း ရွေးကောက် တော်မူ သော သူတည်း ဟူသော ” ဟူ၍ ဖေါ်ပြ ထားသည်။ ကယ် တင်ခြင်း အမှုကို ပြုသော ၀ိညာဉ် တော် သည် သခင် ယေရှု ကို သေခြင်း မှ ထမြောက် စေ သကဲ့သို့ ဘုရား သခင် သည် ၀ိညာဉ် တော်အား ဖြင့် ကျွန်ုပ် တို့ကို ထမြောက် စေသည်။ (ရောမ ၈း၁၁) “ထိုမျှ မက ယေရှု ကို သေခြင်း မှ ထမြောက် စေတော် မူသော ဘုရား ၏ ၀ိညာဉ် တော် သည် သင်တို့ အထဲ၌ ကျိန်းဝပ် တော်မူ လျှင် ခရစ် တော်ကို သေခြင်း မှထမြောက် စေတော် မူသော ဘုရား သည်သင် တို့အထဲ ၌ ကျိန်းဝပ် သော မိမိ ၀ိညာဉ် တော် အားဖြင့် သေ တတ် သော သင်တို့ ၏ ကိုယ် ကာ ယကို ပင် ရှင်စေ တော် မူ မည်”။ ဤ အ ချက် များအား လုံးက သန့်ရှင်း သော ၀ိညာဉ် တော်၏ ဘုရားဖြစ် ခြင်းကို မီးမောင်း ထိုးပြလျှက် ရှိပါသည်။ သန့်ရှင်း သော ၀ိညာဉ် တော် ဘုရား သည် လူသားတို့ အထဲ ၌ ကျိန်းဝပ် လျက် နေ့စဉ် အသက် ရှင်ခြင်း ၌ သမ္မာ တရာ နှင့် အညီ အသက်ရှင် နေနိုင် ရန် လမ်းပြ ပို့ဆောင် လျှက် ရှိပေသည်။
(ဤ သင် ခန်း စာ သည်၊-မြန်မာနိုင် ငံနှစ်ခြင်း ခရစ် ယာန် အသင်းတော် များအဖွဲ့ ၊ဧ/သ ဌာ န မှ ထုပ် ဝေ ရောင်း ချသော “သန့်ရှင်း သော ၀ိညာဉ် တော် နှင့်ခ ရစ်ယာန် အသက် တာ်” တပည့် တော်ပြု စုရေး လက်စွဲစာ အုပ်မှ ကူးယူ ဖေါ်ပြ ခြင်းဖြစ် ပါသည်။ ဤစာ အုပ်တွင် ၀ိညာဉ် တော်နှင့် ဆိုင်သော သမ္မာကျမ်း စာ၊ သင်ခန်း စာ(၅) ခန်းပါ ၀င်ပါ သည်။ မိတ်ဆွေ များအ နေဖြင့် ၀ယ်ယူ လိုပါ က မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်း တော် များ အဖွဲ့ချုပ်၊ ဧ/သဌာန သို့ ၀ယ် ယူအား ပေးနိုင် ပါသည်။ တစ် အုပ် လျှင် ၅၀၀ ကျပ် ဖြစ်ပါ သည်။)
မှတ်ချက်။
ဖုန်း၊-၀၁-၂၁၁၂၇၈ သို့မှ ဆက်သွယ် စုံ စမ်းနိုင် ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...