● ခရစ် တော်အတွက် သစ္စာ ရှိသော တပည့် တော်စစ်


၁။ဝေါဟာရအနက်အဓိပ္ပါယ်။
အင်္ဂ လိပ်ဝေါ ဟာရ Disciple သည် Greek ဝေါ ဟာရ အားဖြင့် mathetes  ဟု ခေါ်ဆိုပါ သည်။ ယင်း Greek ဝေါ ဟာရ mathetes သည် student (ကျောင်း သား) pupil (တပည့်) apprentice (အလုပ်သင်) adherent (ထောက် ခံသူ/ နောက် လိုက်) learner (သင်ယူ သူ) Imitator (အတု ခိုးသူ) စသည့် အဓိ ပ္ပါယ် ရှိသည်။ ဂျူးလူ မျိုးများ များတွင် အသက် (၁၃) နှစ်ပြည့် ပြီးသူ တိုင်း Torah (Moses’ Law) မောရှေ ၏ပ ညာတ် တော် နှင့် ဂျူးထုံး စံဓလေ့ များကို လူတိုင်း သင်ယူ ကြရ ပါသည်။ ထိုသို့ သင်ယူ ကြရာ တွင် သာမန် သင်ယူ ခြင်းမျိုး မဟုတ် ပဲ သင်ယူ သူတိုင်း သည် မိမိ တို့၏ အချိန်၊ အလုပ်နှင့် ချန်ထား ပြီး၊ ဘ၀ကို နှစ်မြုတ် ကာ အာရုံ စူးစိုက် သင်ယူ လေ့ရှိ ကြပါ သည်။ ထို့ကြောင့် အချုပ် ဆိုရ လျှင် Disciple (တပည့် တော်) ဟူသော ဝေါဟာ ရသည် မိမိ အထင် ကြီးလေး စားရ သော ဘာသာ ရေးခေါင်း ဆောင် သို့တည်း မဟုတ် အတွေး အခေါ် ပညာရှင် သို့တည်း မဟုတ် မိမိအား သင်ကြား ပေးမည့် ဆရာ သမား ထံပါး၌ ဘ၀ကို မြုတ်နှံပြီး အရာရာ ကိုစွန့် ကာ သင်ကြား ပေးမည့် ဆရာ့ နောက် သို့ တစိုက် မတ်မတ် လိုက်ပါ သင်ယူ သောသူ၊ သင်ကြား ပေးသော ဆရာ ကဲ့သို့ တထပ် တည်းကျ အောင် လက်တွေ့ အသက် ရှင်သူ များဖြစ် ကြောင်း အကြမ်း အားဖြင့် နားလည် ရပါ သည်။
(တမန်၊၁၁း၂၆)တွင်………………
“တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသောခေါ်ဝေါ် သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။” ဟု ဖေါ်ပြ ထားကြောင်း တွေ့နိုင် ပါသည်။ ယင်း အမည် နာမ သည် ခရစ် တော်နောက် လိုက်သော သူများ ကို သရော် ပြောင် လှောင် သည့် သဘော ဖြင့်ပေး ထား သည့် အမည် လည်း ဖြစ်ပါ သည်။ နားလည် အောင် ပြောရ လျှင် ထိုတပည့် များသည် ခရစ် တော်၏ နောက် တော်သို့ လိုက်ရာ တွင် မျက်စိ နောက် လောက် အောင် ပင်ဖြစ် ရသည့် အတွက် တမင် ပြောင် လှောင် ပြီးပေး ထားသော အမည် ဟုဆို ရမည်ပင်။ ထိုသူ များ သည် ခရစ် တော်၏ နောက်သို့ လိုက်ကြ ရာ၌ အကြောင်း မဲ့သက် သက် လိုက်ခြင်း မျိုးမ ဟုတ်ပေ။
၁။ရောဂါ ဝေဒ နာပျောက် ကင်းလို ၍လိုက် ကြသည်။
၂။ခရစ် တော်ပြု တော်မူ သော တန်ခိုး နမိတ် လက္ခာ တို့အား မြင်လို၍ လိုက်ကြ သည်။
၃။ခရစ်တော် ၏ထူးခြား သည့်အတွေး အခေါ် အယူအဆ နှင့်သွန် သက်ချက် များကိုနား ထောင်လို၍ လည်းကောင်း။
၎။အချို့ တို့မှာ ခရစ်တော် ၏အမှား ကိုရှာ ဖို့ရန် လိုက်ကြ သည်။
၅။အချို့ တို့မှာ ခရစ် တော် အား မိမိ၏ လေးစား ရသော ဆရာ အဖြစ် ယုံကြည် လျှက် လိုက်ကြ သည်ကို တွေ့ ရပါ လိမ့်မည်။
Christian ဟူသော အမည် သည် ခရစ် တော်၏ နောက် တော်သို့ လိုက်သူ တိုင်း The followers of Christ ဟု အကြမ်း အားဖြင့် မှတ်ယူ နိုင်သော် လည်း အမှန် တကယ် ခရစ်တော် ထံပါး Mathetes များကဲ့ သို့သင် ယူသူ မှာ အလွန် နည်းလှ ကြောင်း တွေ့မြင် ရပါသည်။ ထို့ကြောင့် ခရစ်ယာန် တိုင်း Disciple (တပည့် တော်) မဖြစ် နိုင်ပါ။ တပည့် တော်ဟူ သည်မှာ အလွန် နက်နဲ သော အဓိ ပ္ပါယ် ရှိပါ သည်။ ထို့ကြောင့် ကျွန်ုပ် တို့လည်း မိမိ ကိုယ်ကို မိမိ “ငါဟာ လေးနက် တဲ့သဘော မပါတဲ့ ရိုးရိုး နောက် လိုက်လား၊ ဒါမှ မဟုတ် တကယ့် ကို mathetes ဝေါဟာရ အနက် အဓိပ္ပါယ် ဆောင် သော ခရစ် တော်၏ တပည့် တော် စစ်လား ဆိုသည် ကိုပြန် လည် ဆန်းစစ် ရန်လို ပါသည်။
ခရစ် တော်၏ တပည့်တော် စစ်တစ် ဦးဖြစ် ရန် ရောမ သြ၀ါဒ စာစောင် (၁၅း၁၄ မှ ၃၃)ရှိ တမန် တော်ကြီး ရှင်ပေါ လု၏ အကြောင်း အရာ ကိုလေ့ လာသွား မည်ဖြစ် ပါသည်။ ရောမမြို့ ၌ရှိ သန့်ရှင်းသူများအား မှာကြားပြီးနောက် ထိုသူတို့အား အားပေးသော စကားဟု ဆိုရသော် လည်း အလွန် နက်နဲ သော အနက် အဓိပ္ပါယ် များပါ လျှက်ရှိ ပေသည်။

(က) သမ္မာ တရားနှင့် ညီညွတ် စွာ အသက် ရှင်သော ယုံကြည် ခြင်း( Pursue a balanced FAITH) (အခန်းငယ် ၁၄)။
တမန် တော် ကြီးရှင် ပေါလုက ရောမ မြို့ရှိ သန့် ရှင်းသူ များအား၊-Healthy and Balanced in your Faith….
-ကောင်း သော ပကတိ သဘော နှင့်ပြည် စုံ (Full of goodness- moral living)
-အရာ ရာတို့ ကို သိနား လည် သဖြင့် (Complete in their knowledge of the Truth)
-အချင်း ချင်းဆုံး မခြင်း ငှာတတ် နိုင်သည် (able to counsel each other) ဟု ဆိုထား ကြောင်း တွေ့နိုင် ပါသည်။(Healthy and Balanced in your Faith)
သို့ရာ တွင် ယင်းသန့် ရှင်းသူ များထဲ တွင် အတန်း အစား (၄) မျိုးရှိ နေပါ သည်။
၁)      ပထမ အုပ်စု၊- (Self- sufficient Saint)
မိမိတို့ ၀မ်းမိမိ တို့ဖါ သာ ကျောင်းရ သော သန့်ရှင်း သူများ အုပ်စု ကိုဆို လိုခြင်း ဖြစ်ပါ သည်။ (အချို့- စစ်မှန်
သော ယုံကြည် ခြင်းရှိ/ အချို့ ကမယုံ ကြည် တတ်သေး ပေ။ သို့သော်- ထိုသူ အားလုံး သည် ကြင်နာ ခြင်းရှိ
ကြသည်၊ သန့်ရှင်း သည့် အသက် တာနဲ့ အသက် ရှင်နိုင်ဖို့ ကြိုးစား ကြသည်၊ အထူး သဖြင့် ခရစ် တော်နှင့် တူလို သည့် ဆန္ဒရှိ နေကြ ခြင်းပင် ဖြစ်သည်။ သို့သော်- ထိုသူတို့၌ အခြေခံ ယုံကြည် ခြင်း မရှိပေ။ သမ္မာ ကျမ်းစာ ကိုနား မလည် ခြင်းနှင့် လွတ် မြောက် ဖို့- ကယ်တင် ခံရဖို့- ရှေးအစဉ် အလာ နည်း လမ်းများ အတိုင်း
ဆက် လက် လုပ် ဆောင် နေကြ ပါသည်။ ထို့ကြောင့် မိမိတို့ ကြိုးစား သမျှ မဖြစ်လာ သောအ ခါဝယ် ပင်ပန်း စွာ ခံစား ကြရပြီး၊ ၀မ်း မြောက် ခြင်း၊ ပျော်ရွှင် ခြင်း ဆိုသည် မှာ ဝေလာ ဝေးခဲ့ ရတော့ သည်။

၂) (ဒုတိယ အုပ်စု၊- Scholar Saint) – Self sufficient Saint တို့နှင့် လုံးဝ ကွဲလွဲ ပါသည်။ သမ္မာ တရား အား ဘာသာ ရပ်တစ် ခုအဖြစ် လေ့လာ ဆည်းပူး နေသော အုပ်စု လည်း ဖြစ်သည်။ သီသြ လော်ဂျီ များကို ထုတ် ဝေဖြန့် ဖြူးခြင်း နှင့် ငြင်းခုန် ခြင်းများ တွင်အ လွန် အားသန် သူများ လည်း ဖြစ်သည်။ သူတစ် ပါးအား သီသြ လော်ဂျီ များ၊ သီအို ရီများ သင်ကြား ပေးကြ သော်လည်း၊ မိမိထုတ် သော ထိုသီ အိုရီများ အား မိမိတို့ ကိုယ်၌ ကလက် တွေ့ကျကျ ကျင့်သုံး ခြင်းအ လွန်အား နည်းတတ် ကြပါ သည်။ ထိုသူတို့ ထုတ်ဖေါ် ထားသော သီသြ လော်ဂျီ ထဲမှ ခရစ် တော်နှင့် အသက် သခင်အဖြစ် လက်ခံ ကာ နောင်တ ရမည့် နေ့ရက် များကို မျှော်လင့် နေသော ခရစ် တော်တို့ သည် အဆက် အသွယ် မရပဲ ဧရိယာ ပြင်ပ ရောက် လျှက်ရှိ သည်။ ထို့ကြောင့် ခရစ် တော်က ထိုသူ များကို နောင်တ ရကြ ရန်နှင့် အသက် တာများ အား လာ ရောက် ဆက်ကပ် ပူဇော် ရန် အလို တော်ရှိ နေပါ သည်။
၃) (တတိယ အုပ်စု၊- Sideline Saint)– ဘယ် Sideline Saint ကိုမေး မေး လက်တွေ့ ၀င်ရောက် ပါဝင်ခြင်း ထက် စည်းဝိုင်း အပြင်မှ ကြီးကြပ် ပေးခြင်း ကိုသာ လုပ်ကိုင် လိုကြသည်။ သင်အ လွဲလွဲ အချော် ချော်ဖြစ် ခဲ့လျှင် သင့်အား မတန်မ ဆဝေဖန် ပါလိမ့် မည်။ ၀န်ထမ်း ရေးရာ ကိစ္စနှင့် မေးခွန်း ထုတ်ရ ခြင်းတို့ သည် ၄င်းတို့၏ မဏ္ဍိုင် ပင်ဖြစ် သည်။ အချိန် ပြည့် စည်းဝိုင်း အပြင်ဖက် တွင်သာ နေတတ် ကြသည်။ ပေါက် ပေါက်ဆုပ် ကဲ့သို့ စကား ပြောတတ် ကြသည်၊ မိတ်ဆွေ အိမ်များ သို့ လည် ပတ်ရခြင်း ကိုလည်း အလွန် အားရ နှစ်သက် ကြသည်။ တနည်း အားဖြင့် အချိန်ပိုင်း ယုံကြည် သူများ အဖြစ် အသက် ရှင်ကြ သည်။ “ဒါတွေ လုပ်သင့် တယ်” ဟုဆိုပြီး၊ ဘေးထွက် ထိုင်နေ တတ်ကြ သည်။ ကောင်း ကောင်း ဝေဖန် တတ် သည်၊ တောင်း ဆိုချက် များများ တောင်း တတ် သည်။ ထပ်ပြီး အသိ တရား၊ ဗဟု သုတ တိုးပွား ရန်မ ကြိုး စား လိုပါ။ မသင် ယူ လိုပါ။ ငါအား လုံးကို သိသည် ဟု ဟစ်ကြွေး တတ် သည်။ ဘုရား ကျောင်း ဆင်းပြီး အပြင် လောက ရောက်သွား သည်နှင့် တပြိုင် နက် အပြင် လော ကကဲ့ သို့ အသက် ရှင်တတ် ကြသည်။

၎) (စတုတ္ထ အုပ်စု၊- Spititual Saint) – ဤအုပ်စု အနေဖြင့် တစ်လုံး တစ်ဝ တည်းစိတ် ဓါတ် ဖြင့် အသက် ရှင် တတ်ကြ ပါသည်။ ဘုရား တရား အားကြည် ညိုခြင်း၊ ကောင်း မြတ်စွာ အသက် ရှင်ခြင်း ဖြင့် သမ္မာ တရား လမ်း၌ ခိုင်ခန့် စွာ အသက် ရှင်တတ် ကြသည်။ ထို့ကြောင့် ခရစ်တော် သည် တပည့် တော်များ အား သမ္မာ တရား ကို နား လည်နိုင် ရန် သန့်ရှင်း သော ၀ိညာဉ် တော်မှ လမ်းပြ ပေးမည် ဟု မိန့်ကြား တော်မူ ခဲ့ပါ သည်။ ထို့အပြင် စစ်မှန် သော ယုံကြည် သူနှင့် မှားယွင်း သောသူ တို့ကို သန့်ရှင်း သော ၀ိညာဉ် တော်၏ လမ်းပြ ခြင်း အားဖြင့် သိရမည် ဟု ဆိုထား ပါသည်။ စစ်မှန် သောတ ပည့်တော် သည် သမ္မာ တရား ကို သိကျွမ်း ယုံ သာမ က သမ္မာ တရား အတိုင်း ၄င်းတို့၏ ဘ၀တွင် လက်တွေ့ အသက် ရှင်သူ များလည်း ဖြစ်ကြ ပါသည်။ ထို့ကြောင့် …..( ၂တိ၊ ၂း၁၅)“ သင်မူကား ၀န်ခံ သောသူ၊ ရှက် ကြောက် စရာ အကြောင်း မရှိပဲ သမ္မာ တရား ကို မှန်ကန် စွာ ပိုင်းခြား တတ်သော ဆရာသ မားဖြစ် လျှက် ဘုရား သခင် ရှေ့၌ ကိုယ်ကို ဆက်သ ခြင်းငှာ ကြိုးစား အား ထုတ်လော့”  ထို့ကြောင့် ခရစ် တော်၏ တပည့် တော်သည် ခရစ် သွန်သင် တော် မူသော နှုတ်က ပတ် တော်မှ ဖေါ်ပြ သည့် အတိုင်း ညီညွတ် အောင် အသက် ရှင်ကြ ရပါမည်။

(ခ)ဧ၀ံဂေလိရှုဒေါင့်ဖြင့်အသက်ရှင်ခြင်း(Maintain an Evangelistic Focus)အခန်းငယ်.၁၅-၂၂
တမန် တော်ကြီး ရှင်ပေါ လုအ နေဖြင့် တပါး အမျိုး သားများ အတွက် ဘုရား သခင် သူ့အား ခေါ်ယူ အသုံး ပြု ကြောင်း အား သူကောင်း ကောင်း နားလည် ပါသည်။ အသင်း တော်မရှိ သေးသည် နေရာများ သို့ သူသွား ခဲ့ပါ သည်။ ဘုရားက လူတိုင်းကို သာသ နာပြုဆ ရာ၊ အသင်း တော်တည် ထောင်သူများ ဖြစ်ရ မယ်လို့ မပြော ထားပါ ဘူး။ သို့သော် လည်း ခရစ် ယာန်တိုင်း သက်သေ ခံဖို့တော့ သွန်သင် ထားပါ သည်။ တမန် တော်ရှင် ပေါလု သည် သူလုပ် ရမည် ကန့်သတ် ချက်ဘောင် အား သဘော ပေါက်သူ လည်း ဖြစ်ပါ သည်။ သို့ရာ တွင် ကျွန်ုပ် တို့ဘာ ကြောင့် ဒါကို သဘော မပေါက် ကြရ သနည်း။
ဆင်ခြေများ………..   
-I don’t know what to say…………..
-I’m not a good talker……….
-I don’t want to say anything stupid……………..
-I’m afraid………….
ယင်းနှင့် ပတ်သက် ၍ပြ သနာမှာ ဒီလူ ပြောင်းလဲ အောင် လုပ်တာ က ငါကွ ဟု ယုံကြည် နေခြင်း ပင် ဖြစ်သည် ယင်းသည် အမှားကြီး တစ်ခ လည်ုး ဖြစ်ပါ သည်။ စိုက်ပျိုး ရမည့် သူမှာ ကျွန်ုပ် တို့ဖြစ် ပြီး၊ ယင်း စိုက်ပျိုး ထားသော အပင် အားကြီး ထွားစေ သော သူမှာ ဘုရား သခင် သာဖြစ် သည်။ ရှင်ပေါ လုအ နေဖြင့် ဧ၀ံဂေ လိသ တင်းစ ကား အရောက် အပေါက် နည်းသော လူများ ထံသို့ သွားရောက် တတ်ပါ သည်။ အခန်း ငယ် ၂၀-၂၂ ယခု မျက်မှောက် ခေတ်တွင် အခြား အသင်း တော်မှ ပြောင်း လာ သော အသင်း သားများ နှင့် ကြီးပွား ရန် သာကြိုး စားတတ် ကြ သည်။ ခရစ် တော်၏ တပည့် တော်စစ် သည် ခရစ် တော် စေခိုင်း သော ခရစ် တော်၏ တပည့် များဖြစ် ရေးအ တွက် ဧ၀ံဂေ လိသတင်း ကောင်း အားဟော ပြောသက် သေခံ သူဖြစ် ရပါမည်။

(ဂ)စီမံရေး ဆွဲထား သည့်အ တိုင်းဖြစ် မလာ သည့် အခါ စီမံကိန်း အား ပြန်လည် ညှိယူ ရန်ကိစ္စ။ အခန်းငယ် .၂၂-၂၃
တမန် တော် ကြီးရှင် ပေါလု သည် မိမိ စိတ်ကူး ထားသည့် ခရီးစဉ် အတိုင်း ဖြစ်မလာ သော်လည်း ရောမ ထောင် ထဲတွင် အကျဉ်း ချခြင်း ကိုခံခဲ့ ရခြင်းဖြင့် ယနေ့ ကျွန်ုပ် တို့ခွန် အားယူ ရန် စာများ ကို ရေးသား ပြုစု နိုင်ခဲ့ ခြင်းဖြစ် သည်။ ဘုရား သခင်၏ အလို တော် ကိုဝန်ခံ ရန်လို ပါသည်။ အဘယ့် ကြောင့် ဆိုသော် ကျွန်ုပ် တို့အ နေဖြင့် ဒါလောက် သာ မြင်နိုင် ၊ သို့သော် ဘုရားသည်  အားလုံး ကိုသိ သည်၊ ပိုင်ဆိုင် သည်၊ ပြောင်းလဲ ပိုင်သည်။ ထို့ ကြောင့် တပည့် တော်သည် မိမိရည် မှန်းထား ချက်များ ၊ရေးဆွဲ ထားသော စီမံကိန်း များနှင့် ဆုတောင်း ပြီးရေး ဆွဲထား သောပန်း တိုင်များ သည် တစ်ခါ တစ်ရံ ပျက်စီး သွား သော အခါ ဘုရား သခင် ဒီထက် ကောင်း သထက် ကောင်း အောင် ပြင်ဆင် နေကြောင်း အလို တော် အား ၀န်ခံ သော သူဖြစ် ရပါမည်။

မျက်မှောက် ခေတ် ကာလ တွင် ခရစ် တော်၏ တပည့် တော်စစ် အသက် တာဖြင့် အသက် ရှင်နိုင်ရန်  ကျွန်ုပ် တို့နေ့ စဉ် အသက် ရှင် နေသော နယ်ပယ် အသီးသီး တွင် စိန်ခေါ် ချက် များစွာ ၀န်းရံလျှက် ရှိသည်ကို အောက်ပါ အတိုင်း အကျဉ်း ချုပ် နားလည် နိုင်ပါ သည်။
(၁)ခရစ် အဖွဲ့ အစည်း၊ သိုမဟုတ် ခရစ် ယာန် အသိုင်း အ၀ိုင်း နယ်ပယ်။
(၂)ပညာ ရေးနယ် ပယ်။
(၃)Globalization ရိုက် ခေတ်နေ သော နယ်ပယ် များ။
(၄)နိုင်ငံ ရေး နယ် ပယ်။
(၅)စီးပွား ရေးနယ် ပယ်။
(၆)လူမှု ရေး နယ်ပယ်။
(၇)ရုပ် ၀တ္ထု ပိုင်း ဦးစား ပေးသော နယ်ပယ်။
အထက် ဖေါ်ပြ ပါနယ် ပယ်များ တွင် နေ့စဉ် ကျွန်ုပ် တို့ရင် ဆိုင်တွန်း လှန်နေ ရသော အကြောင်း ကိစ္စ များစွာ ရှိနေ ပါသည်။ ထိုစိန်ခေါ် ချက်များ အား ခရစ် တော် ပေးသော ခွန်အားဖြင့် ကျော်လွှား ကြရန် အလွန် အရေး ကြီး နေပြီး ဖြစ်ကြောင်း တင်ပြ လိုက်ပါ သည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...