● Integral Mission နှင့် မိတ် ဆက် ခြင်း (အ ပိုင်း - ၃)...

Integral mission ကို နား လည် သွား ပြီ ဆို ယင် တော့ ဒါ နည်း စ နစ် ဟာ သာ သ နာ ပြု ခြင်း အ တွက် အ သစ် မ ဟုတ် ကြောင်း သိ လာ ပါ လိမ့် မယ်။ သ မ္မာ ကျမ်း စာ က ဖေါ် ပြ ထား တဲ့ သာ သ နာ ပြု ခြင်း ရဲ့ အ နှစ် သာ ရ ကို ပြန် လည် ဖေါ် ထုပ် တွေ့ ရှိ ခြင်း သာ ဖြစ် ပါ တယ်။ ထိ ရောက် တဲ့ သာ သ နာ ပြု ခြင်း ဆို တာ ဘု ရား သ ခင် ရဲ့ နိုင် ငံ တော် နဲ့ တ ရား မျှ တ မှု တွေ စိုး မိုး  ဖို့ လုပ် ကိုင် ဆောင် ရွက် နေ ကြ တဲ့ နယ် ပယ် တွေ ကို ပို ပြီး ကျယ် ၀န်း စေ ရန် သ မ္မာ ကျမ်း စာ က သွန် သင် ထား တဲ့ အ ချက် တွေ အ တိုင်း သ စ္စာ ရှိ ရှိ လုပ် ဆောင် ခြင်း သာ ဖြစ် ပါ တယ်။
ဒါ ကြောင့် သာ သ နာ ပြု ခြင်း ကို လုပ် ဆောင် ကြ တဲ့ အ ခါ “ယုံ ကြည် ခြင်း ” နဲ့ “မ ယုံ ကြည် ခြင်း ” ဆို တဲ့ ၀ိ ညာဉ် ရေး ပိုင်း ဆိုင် ရာ ကယ် တင် ခြင်း လုပ် ငန်း ကို သာ မ က၊ ဘု ရား သ ခင် ရဲ့ မ ဟာ စီ မံ ကိန်း ကြီး အ ရ လူ့ ဘ ၀ အ သက် တာ အ လုံး စုံ ကို ပုံ စံ ပြောင်း လဲ ခြင်း နဲ့ ဆိုင် တဲ့ ယဉ် ကျေး မှု တွေ၊  မျိုး နွယ် စု တွေ၊  လူ မှု ရေး ကိ စ္စ တွေ၊  စီး ပွား ရေး ကိ စ္စ တွေ ၊ ပ ညာ ရေး ကိ စ္စ တွေ နဲ့ နိုင် ငံ ရေး ကိ စ္စ တွေ စ သည် ဖြင့် ရှု ထောင့် ပေါင်း စုံ ပါ ၀င် တဲ့ သာ သ နာ ပြု ခြင်း ကို လည်း လုပ် ဆောင် ရ မှာ ဖြစ် ပါ တယ်။ ဒါ မှ လည်း ခ ရစ် တော် သူ တို့ ကို ပေး တဲ့ ကြွယ် ၀ တဲ့ အ သက် တာ တွေ ကို ခံ စား ထိ တွေ့ စေ မှာ ဖြစ် ပါ တယ်။ ဒါ ကြောင့် Integral Mission ဆို တာ အ ထက် က ဖေါ် ပြ ခဲ့ တဲ့ နည်း လမ်း နှစ် လမ်း စ လုံး ကို တစ် ပြိုင် တည်း ထည့် သွင်း ဆောင် ရွက် တဲ့ သာ သ နာ ပြု ခြင်း ဖြစ် ပါ တယ်။

၁။       မူ လ အ ခြေ ခံ သ ဘော တ ရား အရ ဆို ယင် အ သင်း တော် အား ဟာ စေ လွှတ် သူ များ ဖြစ် သ လို၊ လက် ခံ သူ တွေ လည်း ဖြစ် ပါ တယ်။ တ နည်း အား ဖြင့် တော့ အ သင်း တော် တိုင်း ဟာ သင် ကြား ပေး တဲ့ အ လုပ် ကို လုပ် ရ သ လို ပဲ၊ တစ် ဖက် မှာ လည်း အ ခြား အ သင်း တော် တွေ ဆီ က နေ သင် ယူ ရ ပါ မယ် လို့ ဆို လို ခြင်း ပဲ ဖြစ် ပါ တယ်။ သာ သ နာ ပြု ခြင်း လမ်း ကြောင်း ဟာ အ လွန် ကျဉ်း မြောင်း တဲ့ တစ် လမ်း မောင်း ပုံ စံ ဖြစ် တဲ့ ခ ရစ် ယာန် နိုင် ငံ တွေ က နေ ခ ရစ် ယာန် မ ဟုတ် တဲ့ နိုင် ငံ တွေ ဆီ သွား ခြင်း မျိုး မ ဟုတ် ပဲ၊ အ ထက် က ဖေါ် ပြ ခဲ့ တဲ့ နှစ် လမ်း မောင်း ပုံ စံ နဲ့ ပြောင်း လဲ လုပ် ဆောင် ဖို့ ရန် ဖြစ် ပါ တယ်။ ဥ ပ မာ အ နေ နဲ့ က မ္ဘာ့ တောင် ဖက် မှာ ရှိ တဲ့ နိုင် ငံ တွေ မှာ သာ သ နာ ပြု လုပ် ငန်း တွေ သွား လုပ် ဖို့ သာ သ နာ ပြု ဆ ရာ ၊ ဆ ရာ မ တွေ မွေး ထုတ် တဲ့ လှုပ် ရှား မှု တွေ လုပ် ကြ ပြီး၊ မြောက် ဖက် ရှိ နိုင် ငံ တွေ ဆီ ယဉ် ကျေး  မှု ခြား သာ သ နာ ပြု လုပ် ငန်း တွေ လုပ် ဖို့ သာ သ နာ ပြု ဆ ရာ၊ ဆ ရာ မ တွေ အ မြောက် အ များ စေ လွှတ် မှု ဟာ ကြီး ထွား လျှက် ရှိ နေ ပါ ပြီ။

၂။       က မ္ဘာ ကြီး တစ် ခု လုံး ဟာ သ နာ ကွင်း တစ် ခု ပါ။ လူ တိုင်း လူ တိုင်း လို အပ် ချက် ရှိ နေ တာ ကို က၊ သာ သ နာ ပြု လုပ် ငန်း လုပ် ဖို့ အ ခွင့် အ ရေး တစ် ခု ပါ။ အ သင်း တော် တိုင်း ဟာ ၊ က မ္ဘာ ကြီး အ လယ် ဘု ရား သ ခင့် နိုင် ငံ တော် ရဲ့ သ ဏ္ဍာန် ကို စစ် မှန် စွာ ပုံ စံ န မူ နာ ကောင်း အ ဖြစ် အ သက် ရှင် ရပ် တည် ပြ သ ရ ပါ မယ်။ ဒီ လို အ သက် ရှင် ရပ် တည် ပြ သ ရာ မှာ အ ပြော သက် သက် မ ဟုတ်၊ လူ သား တွေ ရဲ့ ဖက် ပေါင်း စုံ လို အပ် မှု တွေ ကို အ သင်း တော် အား လုံး က လက် တွေ့ ဆန် တုန့် ပြန် ဖြည့် ဆည်း အ သက် ရှင် ပြ ဖို့ ပဲ ဖြစ် ပါ တယ်။ Francis de Assisi က သူ့ ရဲ့ သာ သ  နာ ပြု ဆ ရာ၊ ဆ ရာ မ တွေ ကို ခင် ဗျား တို့ သွား ပြီး ဧ ၀ံ ဂေ လိ သ တင်း ကောင်း ဝေ ငှ ကြ တဲ့ အ ခါ တိုင်း ၊ ခင် ဗျား  တို့ ဝေ ငှ မဲ့ ဒေ သ ရဲ့၊ ရေ ခံ မြေ ခံ ၊ ယဉ် ကျေး မှု၊ လို အပ် ချက် တွေ အ ပေါ် အ ခြေ ခံ ပြီး၊ နည်း လမ်း ပေါင်း စုံ ၊ ဘက် ပေါင်း စုံ၊ ရှု ထောင့် ပေါင်း စုံ က နေ ဝေ ငှ ကြ ပါ လို့ မှာ ကြား ပါ တယ်။ ဧ ၀ံ ဂေ လိ တ ရား ကြွေး ကြော် ခြင်း ထဲ မှာ ခ ရစ် တော် ရဲ့ ၀ိညာဉ် တော် အား ဖြင့် လုပ် ဆောင် စေ တဲ့ လုပ် ဆောင် မှု အား လုံး ဟာ လဲ အ ပါ အ၀င် ဖြစ် ပါ တယ်။ ခ ရစ် တော် က လူ အုပ် ကြီး နဲ့ တွေ့ တဲ့ ခါ တိုင်း လူ အုပ် ကြီး ကို သ နား ကြင် နာ ခဲ့ တယ်။ ဘာ ကြောင့် လဲ ဆို တော့ အဲ ဒီ လူ တွေ ဟာ နေ့ တိုင်း ညှင်း ဆဲ ခြင်း တွေ ကြား ၊ အ ကူ အ ညီ မဲ့ နေ လို့ ပါ။ အဲ ဒီ လူ တွေ ဟာ အ ထိန်း မဲ့ တဲ့ သိုး တွေ နဲ့ တူ နေ လို့ ပါ ပဲ။
(မ သဲ ၉း ၃၆) “ အ ကြောင်း မူ ကား ထို သူ တို့ သည် ပင် ပန်း သည် ဖြစ် ၍ ထိန်း သူ မ ရှိ ပဲ ပစ် ထား သော သိုး စု ကဲ့ သို့ ဖြစ် ကြ ၏။”

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...