● Integral Mission နှင့် မိတ် ဆက် ခြင်း (နိ ဂုံး)...

၃။ ခ ရစ် ယာ န် ယုံ ကြည် သူ တိုင်း ဟာ ခ ရစ် တော် နောက် လိုက် (the  follower of Jesus Christ) တ ပည့် တော် စစ် များ ဖြစ် ဖို့ နှင့် က မ္ဘာ ကြီး ထဲ၊ ဘု ရား သ ခင် ရဲ့ စေ လွှတ် ခြင်း (Mission) သာ သ နာ ပြု လုပ် ငန်း ကို ဆက် ကပ် ၀န် ခံ ဆောင် ရွက် ဖို့ ခေါ် ယူ ခြင်း ခံ ရ တဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။ ဘု ရား သ ခင် က သူ့ ရဲ့ လူ မျိုး တော် ကို သန့် ရှင်း သော ၀ိညာဉ် တော် အား ဖြင့် ပေး တဲ့ ဆု ကျေး ဇူး နဲ့ အ မှု တော် တွေ အ ရ ကယ် တင် ခြင်း အ ကျိုး ရ လဒ် တွေ ဟာ သာ သ နာ ပြု ခြင်း သူ အ သက် တာ ပုံ စံ နဲ့ ခွဲ မ ရ နိုင် သ လို လူ သား များ နေ ထိုင် သက် ၀င် လှုပ် ရှား တဲ့ သ တ္တ လော က ကြီး တစ် ခု လုံး ထဲ မှာ ယုံ ကြည် သူ များ ရဲ့ တ လော က လုံး နဲ့ ဆိုင် တဲ့ ယဇ် ပု ရော ဟိတ် ဖြစ် ခြင်း ဟာ လည်း အ ပါ အ ၀င် ဖြစ် ပါ တယ်။ ဆို လို တာ က ယုံ ကြည် သူ တိုင်း ဟာ ဘု ရား ရဲ့ ၀ိညာဉ် တော် အား ဖြင့် သာ သ နာ ပြု လုပ် ငန်း လုပ် ရ မယ်၊ ဒါ့ အ ပြင် သာ သ နာ ပြု လုပ် ငန်း လုပ် ဖို့ ဆု ကျေး ဇူး တွေ ကို လည်း ယုံ ကြည် သူ ဖြစ် ပြီ ဆို တာ နက် ၀ိညာဉ် တော် အား ဖြင့် ရ ပြီး ဖြစ် တယ်။ ဒါ ကြောင့် တ လော က လုံး ကို သ တင်း ကောင်း ဝေ ငှ ရ မယ့် ယဇ် ပု ရော ဟိတ် အ ဖြစ် ရွေး ကောက် ခြင်း ခံ ရ တဲ့ သူ တွေ ဖြစ် သွား တယ်။ ဒါ ကြောင့် ယုံ ကြည် သူ ဖြစ် လာ ခြင်း၊ ကယ် တင် ခြင်း ဆု ကျေး ဇူး ခံ စား ရ ခြင်း၊ ၀ိညာဉ် ဆု ကျေး ဇူး ခံ စား ရ ခြင်း၊ ယဇ် ပု ရော ဟိတ် ဖြစ် ခြင်း တွေ ဟာ ခွဲ မ ရ တဲ့ အ ရာ တွေ ဖြစ် ကြောင်း နား လည် ရ ပါ တယ်။ ဒါ ကြောင့် သင်း အုပ် များ နဲ့ သွန် သင် သင် ကြား ပေး သူ တွေ ဟာ ဘု ရား ရွေး ကောက် ထား တဲ့ ယုံ ကြည် သူ တွေ အား လုံး ကို တ လော က လုံး ကို သာ သ နာ ပြု တတ် ဖို့ သွန် သင် ပေး ရ မဲ့ တာ ၀န် ရှိ သူ တွေ ပါ ပဲ။ ဒါ ပေ မဲ့ ဒီ နေ့ ခေတ် မှာ မြန် မာ ပြည် မှာ ရှိ တဲ့ သင်း အုပ် တော် တော် များ များ ဟာ အ သင်း တော် တွင်း အင် အား တောင့် တင်း ခိုင် မာ ဖို့ ကို သာ အ ကျိုး ဖြစ် စေ တဲ့ သွန် သင် မှု တွေ ကို သာ သွန် သင် နေ ကြ ပြီး၊ မိမိ တို့ ရဲ့ အသင်း သား တွေ ကို သာ သ နာ ပြု ဖို့၊ သက် သေ ခံ ကောင်း တွေ ဖြစ် ဖို့ သင် ကြား ပေး မှု တွေ  ဟာ အရမ်း အား နည်း နေ တယ် ဆို တာ တွေ့ ရ ပါ တယ်။ အသင်း တော် တ နည်း အား ဖြင့် ခ ရစ် တော် ရဲ့ ခန္ဒာ ဟာ ဒီ လို သွန် သင် မှု တွေ ပေး ဖို့ ၊ တတ် ဆင် ပေး ဖို့ ဘု ရား သ ခင် တည် ဆောက် ပေး ထား ခြင်း ဖြစ် ပါ တယ်။ ဒါ ကို သင်း အုပ် တွေ ၊ သွန် သင် သူ တွေ အနေ နဲ့ အ ရေး တ ကြီး နား လည် သ ဘော ပေါက် ကြ ဖို့ လို ပါ တယ် ( ဧ ဖက် ၄း ၁၂ )။

၎။ ရှု ထောင့် ပေါင်း စုံ ထဲ မှာ နေ ကြ တဲ့ ခ ရစ် ယာန် ယုံ ကြည် သူ တိုင်း အ နေ နဲ့ မိ မိ တို့ ရှိ တဲ့ နေ ရာ တိုင်း က နေ ခရစ် တော် ဟာ စ င်္ကြာ ၀ ဌာ ရဲ့ အ ရှင် သခင် ဖြစ် ခြင်း ကို သက် သေခံ ဝေ ငှ ဖို့ အ လွန် အ ရေး ကြီး ပါ တယ်။ ဒီ လို ဝေ ငှ ခြင်း နဲ့ သန့် ရှင်း သော ၀ိ ညာဉ် တော် အား ဖြင့် ပြောင်း လဲ မှု တွေ ကို တစ် ဦး ချင်း ပဲ ဖြစ် ဖြစ်၊ လူ ထု တစ် ရပ် လုံး ပါ ၀င် တဲ့ အနေ အထား မျိုး ပဲ ဖြစ် ဖြစ် လုပ် ဆောင် ကြ ရ ပါ လိမ့် မယ်။ သာ သ နာ ပြု ခြင်း ဆို တာ အ ခု ကျွန်ုပ် တို့ ပြော နေ တဲ့ စ ကား လုံး တွေ ထက် များ စွာ နက် ရှိုင်း လှ ပါ တယ်၊ ကျယ် ၀ှမ်း လှ ပါ တယ်။ ဘု ရား သ ခင် ရဲ့ န ဂို မူ လ ရည် ရွယ် ချက် ဖြစ် တဲ့ လူ သား တွေ ရဲ့ ဖန် ဆင်း ရှင် အ ပေါ် ဆက် ဆံ မှု ဆက် သွယ် မှု၊ လူ သား အ ချင်း ချင်း ဆက် ဆံ မှု ၊ လူ သား နဲ့ ဖန် ဆင်း ထား တဲ့ အရာ တွေ ရဲ့ ဆက် ဆံ မှု အ စ ရှိ တဲ့ ရှု ထောင့် ပေါင်း စုံ က နေ  အ ရေ အ ချင်း ရှိ ရှိ  အ သက် ရှင် မှု ပုံ စံ များ နဲ့ လော က အ လယ် သာ သ နာ ပြု ရန် ဖြစ် ပါ တယ်။ ဒါ ဟာ Integral Mission ရဲ့ အ ဓိ ပ္ပါယ် ပဲ ဖြစ် ပါ တယ်။ ဒါ ကြောင့် Integral mission ထဲ မှာ- လူ နဲ့ ဖန် ဆင်း ရှင် ဆက် ဆံ မှု (ဧ ၀ံ ဂေ လိ သ တင်း ကောင်း)၊ လူ လူ ချင်း ( သ နား ကြင် နာ၊ မ စ ကူ ညီ ခြင်း၊ ကိုယ် ချင်း စာ နာ ခြင်း)၊ လူ နဲ့ ဖန် ဆင်း ခံ အ ရာ အား လုံး ( ရေ မြေ တော တောင် သ ဘာ ၀ ၀င်း ကျင်၊ ရာ သီ ဥ တု၊ ဖန် ဆင်း ခံ အ ရာ အား လုံး) ကို အ ပေး အ ယူ မျှ တ စေ ဖို့ ဆောင် ရွက် မှု တွေ အား လုံး ပါ ၀င် လျှက် ရှိ ပါ တယ်။ ဒါ ကြောင့် Integral Mission ကို “အ လုံး စုံ သာ သ နာ” လို့ မြန် မာ လို  အ မည် ပေး လို့ ရ ပါ တယ်။ မျက် မှောက် ခေတ် ယုံ ကြည် သူ ခ ရစ် ယာန် တွေ အား လုံး လည်း (၀ိညာဉ် ၊ ခန္ဒာ ၊ သ ဘာ ၀ ပတ် ၀န်း ကျင်) အား လုံး ပါ ၀င် တဲ့ အ လုံး စုံ သာ သနာ ဖြစ် တဲ့ Integral Missionaries များ အဖြစ် မိမိ တို့ အ သက် ရှင် နေ ထိုင် နေ ကြ ရ တဲ့ ရှု ထောင့် ပေါင်း စုံ က နေ ဘု ရား ခိုင်း စေ ထား၊ အပ် နှင်း ထား တဲ့ အ လုံး စုံ သာ သ နာ (Integral Mission) ကို သစ္စာ ရှိ ရှိ၊ ကိုယ် စွမ်း ရှိ သမျှ၊ ဥာဏ်စွမ်း ရှိ သ မျှ ပါ ၀င် ဆက် ကပ် လုပ် ဆောင် ကြ ရန် ဖေါ် ပြ ရင်း (Integral Mission) အလုံး စုံ သာသ နာ နှင့် မိတ် ဆက် ပေး လိုက် ပါ တယ်။ ယုံ ကြည် သူ တိုင်း ဘု ရား သ ခင် ရဲ့ မူ လ ရည် ရွယ် ချက် ဖြစ် သော (Integral Mission) ကို မ ပျက် မကွက် ပါ ၀င် ဆက် ကပ် နိုင် ကြ ပါ စေ၊- အာ မင်…

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...