● ဘိ သိပ် မ င်္ဂ လာ (Ordination) အ ပိုင်း (၁)...

ဘိ သိပ် မင်္ဂ လာ (Ordination) အ ကြောင်း မ လေ့ လာ ခင်၊ က န ဦး နှစ် ခြင်း ခရစ် ယာန် တွေ အ ကြောင်း တ စေ့ တ စောင်း လေ့ လာ ကြည့် ရ အောင်။ က န ဦး ခ ရစ် ယာန် တွေ အ နေ နဲ့ ကျွန်ုပ် တို့ ကို ဓမ္မ သစ် ကျမ်း ကို ပေး ခဲ့ တယ် လို့ ပြော လို့ ရ ပါ တယ်။ ပြီး တော့ အော့ သ ဒေါ့ (စ်) ယုံ ချက် တွေ ကို ပြု စု တည် ထောင် ပေး ခဲ့ သေး တယ်၊ ဒါ တင် ဘယ် က မ လဲ၊ အ သင်း တော် နဲ့ ဆိုင် တဲ့ ကျင့် သုံး ရမဲ့ (Practices) တွေ ကို လည်း စ နစ် တ ကျ ပြု စု ပေး ခဲ့ ကြ သေး တယ်၊ အဲ ဒီ အ ထဲ မှာ ဘိ သိပ် ပေး ခြင်း (Ordination) လည်း အပါ အ၀င် ပေါ့။  

ဒါ နဲ့ ပတ် သက် ပြီး ဓမ္မ သစ် ကျမ်း ထဲ မှာ တော့၊ တစ် ဦး ချင်း စီ အ ပေါ် သန့် ရှင်း သော ၀ိညာဉ် တော် အား ဖြင့် ဆု ကျေး ဇူး အ မျိုး မျိုး ပေး ခဲ့ တယ်၊ ချီး မြှင့် ခဲ့ တယ် ဆို တဲ့ အ ကြောင်း တွေ ကို လည်း တွေ့ ရ ပါ တယ်။ ဘာ ကြောင့် ဒီ ဆု ကျေး ဇူး တွေ ကို ပေး အပ် ရ တာ လဲ၊  သေ ချာ တာ က တော့၊ အဲ ဒီ ဆု ကျေး ဇူး တွေ နဲ့ အ မှု တော် လုပ် ငန်း ထဲ မှာ ဆက် ကပ် အ စေ ခံ ဖို့၊ ခရစ် တော် ရဲ့ ခန္ဒာ ဖြစ် တဲ့ အ သင်း တော် ကို တည် ဆောက် ဖို့ အ တွက် ပေး ခဲ့၊ အပ် နှင်း ခဲ့ တယ် ဆို တာ က တော့ မြေ ကြီး လက် ခတ် မ လွဲ ပါ ( ဧ ဖက်၊ ၃း ၁၂)။ ဟို တုန်း က ဆို အသင်း တော် မှာ ပဲ ဖြစ် ဖြစ်၊ သန့် ရှင်း သော ၀ိညာဉ် တော် ထံ က ဆု ကျေး ဇူး ခံ ရ တဲ့ အ မှု တော် ဆောင် တွေ မှာ ပဲ ဖြစ် ဖြစ်၊  သန့် ရှင်း သော ၀ိညာဉ် တော် ရဲ့ ခေါ် ယူ ရွေး ကောက် ခြင်း ခံ ရ တဲ့ က မ္ဘာ ပေါ် ရှိ တဲ့ သူ တွေ ဟာ ခရစ် တော် အား ဖြင့် ဘု ရား သ ခင် လုပ် ဆောင်  ခဲ့ တဲ့ သာ သ နာ ပြု လုပ် ငန်း ကြီး ကို အ ဆက် မ ပြတ် ဆက် တိုက် အ ကောင် အ ထည် ဖေါ် ဆောင် ရွက် ဖို့ အတွက် ဘိ သိပ် ခံ ရ ခြင်း  ဖြစ် ပါ တယ်။
နှစ် ခြင်း ဘိ သိပ် ခံ ယူ ခြင်း နဲ့ ပတ် သက် ပြီး ဓမ္မ သစ် ကျမ်း စာ မှာ ရော၊ က န ဦး အ သင်း တော် တွေ ရဲ့ ကျင့် သုံး မှု တွေ မှာ ရော ဒီ လို ဟို လို ဆို ပြီး တိ တိ ကျ ကျ သတ် မှတ် ပြ ဌာန်း ထား တာ တွေ တော့ မရှိ ပါ ဘူး။ ဓမ္မ သစ် ကျမ်း ထဲ မှာ လည်း ဘိ သိပ် ခံ ယူ ခြင်း နဲ့ ပတ် သက်ပြီး ညွန် ကြား ထား တာ လည်း များ များ စား စား မရှိ ပါ ဘူး။ ဒါ ပေ မဲ့ ဒီ မ င်္ဂ လာ ၀တ် နဲ့ ပတ် သက် တဲ့ ယုံ ကြည် မှု တွေ၊ ကျင့် သုံး မှု တွေ က တော့ နှစ် ရာ စု တွေ ပြောင်း လဲ လာ တာ နဲ့ အ မျှ ပုံ စံ အ မျိုး မျိုး၊ အ ဓိ ပ္ပါယ် ဖွင့် ဆို မှု တွေ လည်း အ ဖုံ ဖုံ နဲ့ ပြောင်း လဲ လာ လိုက် တာ ဒီ က နေ့ အ ထိ ပါ ပဲ။
ဓမ္မ သစ် ခေတ် က နေ အ လယ် ခေတ် နှောင်း ပိုင်း ကာ လ မှာ တော့ ဒီ မ င်္ဂ လာ ၀တ် နဲ့ ပတ် သက် ပြီး ခံ ယူ ချက် တွေ၊ အ ဓိ ပ္ပါယ် ဖွင့် ဆို ချက် တွေ ဟာ က န ဦး တုန်း က ခံ ယူ ကျင့် သုံး ခဲ့ ကြ တဲ့ ပုံ စံ ဖြစ် တဲ့ သက် ကြီး ၀ါ ကြီး တွေ က နေ ပေး တဲ့ ဘိ သိပ် ခံ ယူ ခြင်း ပုံ စံ က နေ ကျဉ်း မြောင်း တဲ့ သ ဘော ဆန် တဲ့ ခရစ် ယာန် ဘုန်း တော် ကြီး တွေ က နေ ၀တ် ကြောင် တွေ ကို ပေး တဲ့ စ နစ်(ဘိ သိပ် ပေး ဘုန်း တော် ကြီး များ က သာ ပေး ပိုင် သည့် စ နစ် ) ကို ထူ ထောင် လိုက် ကြ ပါ လေ ရော။ ခရစ် ယာန် ဂိုဏ်း ဂ ဃ တစ် ခု ရဲ့ ရှု ထောင့် က ဆို၊ ဘိ သိပ် ဆို တာ ဘု ရား သ ခင် က ပေး အပ် တဲ့ ခိုင် မြဲ တဲ့ အ မှတ် လက္ခာ ၊ ဘိ သိပ် ရ ဘုန်း တော် ကြီး ကနေ အ မှု တော် ဆောင် တော့ မဲ့ အ ဖွဲ့ (အ ထူးေ ရွး ချယ် ခံ ရ တဲ့ အ ဖွဲ့) အ ပေါ် ပေး အပ် ခြင်း ဖြစ် တယ် လို့ ဆို ပါ တယ်။
ဒီ စ နစ် အ ရ ဆို ယင် ဘိ သိပ် ပေး ခြင်း ဟာ ဘုန်း တော် ကြီး တွေ (သိ က္ခာ တော်ရ ဆရာ/ မ တွေ) က သာ၊ အ သိ အ မှတ် ပြု ပေး နိုင် တယ်၊ ထောက် ခံ ချက် ပေး နိုင် တယ် (Certification) ဆို တဲ့ အ ဓိ ပ္ပါယ် သက် ရောက် စေ ခဲ့ ပါ တယ်။ ဒါ ကြောင့် ဒီ ဘိ သိပ် နဲ့ ပတ် သက် ပြီး အဲ ဒီ ဘုန်း တော် ကြီး တွေ (သိ က္ခာ တော် ရ ဆရာ/ မ တွေ) က သာ ဘု ရား သ ခင် ထံ ပါး မှ လာ တဲ့ ဘိ သိပ် ဆု ကျေး ဇူး တွေ ကို ဘု ရား ကိုယ် စား ၀တ် ကြောင် လူ တန်း စား တွေ ကို တ ဆင့် ပေး လို့ ရ တယ် ဆို တဲ့ သ ဘော အဲ ဒီ ခေတ် ကာ လ က တုန်း က ခေတ် စား ခဲ့ ပါ တယ်။ ဒီ နေ့ ခေတ် မှာ လည်း ခ ရစ် ယာန် တော် တော် များ များ ဟာ ဘိ သိပ် နဲ့ ပတ် သက် ပြီး၊ ဘိ သိပ် ပေးခြင်း ဆို တာ ဘု ရား သ ခင် က နေ သီး သန့် ရွေး ချယ် ခန့် အပ် ထား တဲ့ ( သာ မန် ခ ရစ် ယာန် တွေ ထက် အ ဆင့် မြင့် တဲ့) ပု ဂ္ဂိုလ် တွေ က သာ ပေး ပိုင် တယ် လို့ တောင် သ ဘော ပေါက် နား လည် လက် ခံ ယုံ ကြည် နေ ကြ ကြောင်း တွေ့ မြင် ရ ပါ တယ်။
လက် ရှိ မြန် ပြည် နှစ် ခြင်း ခရစ် ယာန် ယုံ ကြည် သူ တွေ အ ကြား အမြစ် စွဲ ပြီး လွဲ မှား နေ တဲ့ ခံ ယူ ယုံ ကြည် ချက် တစ် ခု ကို အ သိ ပေး လို ပါ တယ်။ နှစ် ခြင်း အ သင်း တော် တော် များ များ မှာ သာ မန် ယုံ ကြည် သူ ခရစ် ယာန် နဲ့ အ မှု တော် ဆောင် ဆရာ / မ တွေ ကြား မှာ ပဲ ဖြစ် ဖြစ်၊ သိ က္ခာ မရ သေး တဲ့ အ မှု တော် ဆောင် ဆရာ /မ နဲ့ သိ က္ခာ တော် ရ အ မှု တော် ဆောင် ဆ ရာ/မ တွေ အ ကြား မှာ ပဲ ဖြစ် ဖြစ် အ ဆင့် အ တန်း ကွာ ခြား ချက် တွေ ရှိ နေ တယ် လို့ ခံ ယူ နေ ကြ ခြင်း ပါ ပဲ။ အဲ ဒီ လို ပြော ယင် မ ဟုတ် ပါ ဘူး၊ မ ခံ ယူ ကြ ပါ ဘူး လို့ ပြော ကြ ပေ မဲ့၊ မ သိ စိတ် ထဲ အ မြစ် စွဲ နေ တာ ကို တော့  ခရစ် ယာန် တော် တော် များ များ ငြင်း လို့ မ ရ နိုင် ပါ ဘူး။ ဥ ပ မာ ပြော ရ ယင်၊ ဘု ရား ကျောင်း သွား တက် ယင် တောင် ဂုဏ် တော် ချီး မွမ်း တာ ၊ ဆု တောင်း တာ ၊ တရား ဒေ သ နာ ခံ ယူ တာ၊ ပေး လှူ တာ တွေ ထက် ၊ ကောင်း ချီး မင်္ဂ လာ ပေး ခြင်း ကို တော် တော် လေး အ လေး ထား ခံ ယူ တတ် ကြ တာ ကိုယ့် ကိုယ် ကို အ သိ ဆုံး ပါ။ နောက် ဥ ပ မာ တစ် ခု ပြော ရ အုံး မယ် ဆို ယင်၊ မြန် မာ ပြည် မှာ ရှိ တဲ့ နှစ် ခြင်း ခရစ် ယာန် အ သင်း တော် တွေ မှာ အ ထူး နေ့ တွေ ကျင်း ပ တတ် ကြ ပါ တယ်။ အဲ ဒီ အထူး နေ့ တွေ ဆို ဓမ္မ ဆရာ/ မတွေ တရား ပ လ္လင် လဲ လှယ် တဲ့ အစီ အစဉ် တွေ လုပ် လေ့ ရှိ ပါ တယ်။ အဲ ဒီ အ စီ အ စဉ် မှာ ကိုယ့် အသင်း တော် ကို ဘယ် ဆရာ/ မ လာ မ လဲ၊ သိ က္ခာ တော် ရ လား/ သိ က္ခာ မ ရ သေး တဲ့ ဆရာ/ မ လား လို့ မေး တတ် ကြ သ လို၊ ဘု ရား ကျောင်း တက် တိုင်း၊ အ စီ အ စဉ် အ ဆုံး မှာ သိ က္ခာ တော် ရ သင်း အုပ် ရဲ့ ကောင်း ချီး ပေး ခြင်း ကို ခံ ယူ ရ မှ စိတ် ဆ န္ဒ ပြည့် ၀ တတ် တဲ့ ခ ရစ် ယာန် ယုံ ကြည် သူ တွေ က လည်း  “ ဒို့ အသင်း တော် ကို သိ က္ခာ ရ ဆရာ/ မ ပဲ ပို့ နှော်” လို့ တောင်း ဆို နေ တာ တွေ ကို ကြည့် လိုက် ယင် ဘိ သိပ် မင်္ဂ လာ နဲ့ ပတ် သက် ပြီး မ သိ မ သာ လွဲ နေ တာ တွေ့ ရ ပါ တယ်။
ဒါ ကြောင့် ပြန် လည် ပြု ပြင် တဲ့ ပရို တက် စ တန့် တွေ က ဒီ ခံ ယူ ချက် ဟာ လွဲ မှား တဲ့ ခံ ယူ ယုံ ကြည် ချက် ဖြစ် တယ် လို့ ထောက် ပြ ခဲ့ ပါ တယ်။ ယုံ ကြည် သူ တိုင်း ယဇ် ပု ရော ဟိတ် ဖြစ် တယ် လို့ ခံ ယူ တဲ့ ယုံ ကြည် သူ ခရစ် ယာန် တွေ က အ လယ် ခေတ် (အေ ဒီ ၁၁၀၀ -၁၄၀၀) မှာ ကျင့် သုံး တဲ့ (hierarchical) ဘုန်း ကြီး က သာ ၀တ် ကြောင် တွေ ကို ဘိ သိပ် ပေး ပိုင် တယ် ဆို တဲ့ ယုံ ကြည် ကျင့် သုံး မှု ကို ဆန့် ကျင် ခဲ့ ကြ တာ လည်း တွေ့ နိုင် ပါ တယ်။ မာ တင် လူ သာ က တော့ “ခရစ် ယာန် ယုံ ကြည် သူ အား လုံး ယဇ် ပု ရော ဟိတ် တွေ ဖြစ် ကြ ပါ တယ်၊ ဒါ ပေ မဲ့ အဲ ဒီ အ ထဲ မှာ အချို့ က တော့ လူ သိ ရှင် ကြား၊ လူ တွေ အသိ အ မှတ် ပြု ခံ ရ တဲ့ အ မှု တော် ဆောင် (Publicly Minister) တွေ ဖြစ် ကြ ပါ တယ်” လို့ ဆို ပါ တယ်။ သိ က္ခာ တော် ရ အ မှု တော် ဆောင် နဲ့ သာ မန် အ မှု တော် ဆောင်၊ ပန်း ပဲ သမား နဲ့ လယ် သ မား ဆို တဲ့ နှိုင်း ယှဉ် တာ တွေ နဲ့ ပတ် သက် ပြီး ယဇ် ပု ရော ဟိတ် ၊ Biships ၊ Popes တွေ ဆို တာ ဘု ရား သခင် ရဲ့ နှုတ် က ပတ် တော် နဲ့ ဓမ္မ ၀တ် တွေ ကို ထိန်း သိမ်း စောင့် ရှောက်၊ စီ မံ ခန့် ခွဲ ကြ ရ တာ က လွဲ လို့ ယုံ ကြည် သူ ခရစ် ယာန် တွေ နဲ့ ဘာ မှ ခြား နား မှု မ ရှိ ကြ ပါ ဘူး၊ သူ တို့ ထက် လည်း ထူး ခြား တဲ့ တန် ခိုး အာ နိ သင် ရှိ သူ တွေ လည်း မ ဟုတ် ကြ ပါ ဘူး” လို့ မာ တင် လူ သာ က ၁၅၂၀ ခုနှစ်၊ မှာ ရေး သား ဖေါ် ပြ ခဲ့ ပါ တယ်။ နှစ် ခြင်း ခ ရစ် ယာန် ယုံ ကြည် သူ တွေ က တော့၊ ဘိ သိပ် မင်္ဂ လာ နဲ့ ပတ် သက် ပြီး အဲ ဒီ ပုဂ္ဂိုလ် တွေ ဟာ သာ မန် ခ ရစ် ယာန် ယုံ ကြည် သူ တွေ ထက်  ၀ိ ညာဉ် ရေး ရာ မှာ မြင့် မား တဲ့ သူ တွေ ဖြစ် ကြ ပါ တယ် လို့ မ ပြော ပေ မဲ့၊ အ မှု တော် မြတ် အ တွက် သီး ခြား ခေါ် ယူ ခြင်း ခံ ရ ပုဂ္ဂိုလ် တွေ ဖြစ် တယ် လို့ တော့ ခံ ယူ ကြ ပါ တယ်။

♦ ♦ ♦ ♦ ♦

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...